နှစ် ၂၆၀၀ ပြည့် ရွှေတိဂုံစေတီတော်




ရန်ကုန်မြို့ရောက်တုန်း ကုသိုလ်ကောင်းမှုလေးတစ်ခု လုပ်ချင်တာနဲ့ ဒီပိုစ့်ကို တင်ချင်ပါတယ်ရှင်။ ကျွန်မတို့ ဗုဒ္ဓဘာသာဝင်များအတွက် ကြုံတောင့် ကြုံခဲ ရွှေတိဂုံ စေတီတော်မြတ်ကြီးရဲ့ နှစ် ၂၆၀၀ ပြည့် ဗုဒ္ဓပူဇနိယ ပွဲတော်ကြီးဟာ  ၂လပိုင်း ၂၂ရက်နေ့မှ ၃လပိုင်း ရ၇က်နေ့ထိ  ကျင်းပတော့မှာ ဖြစ်ပါတယ်။ ကျွန်မ ရန်ကုန်ရောက်လာတုန်း ရွှေတိဂုံဘုရားကို တက်ရောက်ဖူးမျှော်စဉ်မှာ သိလိုက်ရဲ့တဲ့ ရွှေတိဂုံစေတီတော်ကြီး အနှစ် ၂၆၀၀ ပြည့် ပူဇော်ပွဲသဘင်အတွက် ၀မ်းသာအားရဖြင့် ကျွန်မ တတ်အားသ၍ အလှူအတန်းပြုခဲ့ပါတယ်။ အခြားသော နိုင်ငံရပ်ခြားရောက်နေကြတဲ့ ဗုဒ္ဓဘာသာဝင် မိတ်ဆွေများ၊ ရပ်ဝေးမြေက မိတ်ဆွေများ  အတွက် တိုက်တိုက်ဆိုင်ဆိုင် မိမိတို့ အသက်ရှင်စဉ်မှာ တွေ့ကြုံရတဲ့ အနှစ် ၂၆၀၀ ပြည့် ဒီပူဇနိယ ပွဲတော်ကြီးကို ကြုံကြိုက်တုန်းမှာ အလှူအတန်း ပါဝင်လိုကြရင်ဖြင့် မိမိတို့ အိမ်မှတဆင့်လည်းကောင်း၊ မိတ်ဆွေ သူငယ်ချင်းများမှ တဆင့်လည်းကောင်း ပါဝင်လှူတန်း နိုင်အောင် နှိုးဆော်အသိပေးရင်း ဒီပိုစ့်လေး ရေးဖြစ်ပါတယ်ရှင်။ 

Image Hosted by PicturePush - Photo Sharing



ကျွန်မရောက်သွားတဲ့ တစ်လပိုင်း ၂၄ရက်နေ့ညမှာတင် ရွှေတိဂုံစေတီတော်ကြီးရဲ့ ရင်ပြင်တော်ပေါ်မှာ လှလှပပ ဖူးပွင့်နေတဲ့ ပန်းအိုးများကို မြင်တွေ့ခဲ့ရပါတယ်. အဲဒီပန်းအိုးတွေဟာ ရွှေတိဂုံစေတီတော်ကြီး နှစ် ၂၆၀၀ ပြည့်မှာ ပန်းပင်ပေါင်း ၅၄၀၀၀၀ ပြည့်အောင် ပူဇော်မဲ့ ပန်းအိုးများထဲက စေတနာရှင် အချို့ရဲ့ ပန်းအိုးများ ဖြစ်ပါတယ်။ ပန်းအိုးတွေကို မိမိနှစ်သစ်ရာ ပန်းတွေကို အောက်က ဆိုင်းဘုဒ်ပါ နှုန်းထားများနဲ့ လှူဒါန်း ကုသိုလ်ယူနိုင်ပါကြောင်း တွေ့ခဲ့ရပါတယ်။ 

Image Hosted by PicturePush - Photo Sharing


အောက်မှာတော့ မိမိနှစ်သက်ရာ အလှူဒါန အမျိုးအစားကို ရွေးချယ်ပြုလုပ်နိုင်ပါတယ်ရှင်။ 


Image Hosted by PicturePush - Photo Sharing




Image Hosted by PicturePush - Photo Sharing

အခြားသော လှူတန်းမှုများကိုလည်း မိမိစေတနာ သဒ္ဓါထက်သန်သလို ပါဝင် လှူဒါန်း နှိုင်ကြောင်းလည်း တွေ့ရပါတယ်။ ကျွန်မရောက်သွားတဲ့ ရွှေတိဂုံစေတီရဲ့ ရင်ပြင်ပေါ်မှာ တစ်နှစ်ထက် တစ်နှစ်၊ တစ်ချိန်ထက် တစ်ချိန်၊ နိုင်ငံခြားသားများ ရောက်ရှိမှုဟာ ပိုမို များပြားလှတာကို တွေ့ရပါတယ်။ ဒါဟာ ရှေးနှစ်ပေါင်း များစွာကတည်းက တည်ရှိခဲ့တဲ့ ရွှေတိဂုံစေတီကြီးရဲ့ အံ့မခန်း ကြည်ညိုဖွယ် ကောင်းမှုနဲ့၊ အနုလက်ရာများရဲ့ ဆွဲဆောင်မှုတို့ကြောင့် ဖြစ်ပါတယ်။ ပြီးတော့လည်း ကျွန်မတို့ မြန်မာပြည်ကြီးရဲ့ ဂုဏ်ယူဖွယ် ကိုးကွယ်မှု၊ ယဉ်ကျေးမှု လက်ရာတို့ရဲ့ ပြယုဒ် လည်း ဖြစ်ပါ တယ်နော်။ 

Image Hosted by PicturePush - Photo Sharing

ပြီးတော့လည်း ရွှေတိဂုံဘုရားရဲ့ ဘယ်နေရာ ဘယ်ရှုထောင့်ကနေဖြစ်ဖြစ် ဓာတ်ပုံရိုက်တဲ့အခါ အလွန် သပ္ပါယ် ကြည်ညိုဖို့ ကောင်းလှတာကို တွေ့မြင်ရပါတယ်။ အရံစေတီများနဲ့ စောင်းတန်း၊ ပြသာဒ်များကအစ ရှုမငြီးနိုင်အောင် လှပဆန်းကျယ်လှပါတယ်။ သပ္ပါယ်လွန်းလို့၊ ဖူးမျှော်လို့ မဝနိုင်သလို ဓာတ်ပုံရိုက်လို့လည်း အားမရနိုင် ဖြစ်ရပါတယ်။ အချို့သော နိုင်ငံခြားသားများဟာလည်း ရင်ပြင်ပေါ်နဲ့ တန်ဆောင်းများမှာ ထိုင်ပြီး ရွှေတိဂုံစေတီတော်ကို ရှုထောင့် အစုံစုံကနေ ဖူးမျှော်လေ့လာနေတာကို ကြည်နူးဖွယ် တွေ့မြင်ရပြီး အချို့မှာ ပန်းဆီမီးများပင် ကိုယ်တိုင်ကိုယ်ကျ လှူတန်းနေတာကို တွေ့မြင်ခဲ့ရပါတယ်။ 



Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing
စတင် ဖူးပွင့်နေပြီဖြစ်တဲ့ ပန်းပင်များ

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

အရံစေတီများ


Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

ကြည်ညိုဖွယ်ရာ ပုံရိပ်များ


Image Hosted by PicturePush - Photo Sharing

ကန်တော်ကြီးထဲကနေ ရိုက်ထားတဲ့ ရွှေတိဂုံစေတီတော်ရဲ့ ညပုံရိပ်

Image Hosted by PicturePush - Photo Sharing

ကရဝိတ်ကိုပါ မြင်ရအောင် ရိုက်ယူထားတဲ့ မြင်ကွင်း

ကျွန်မ ရိုက်ဖြစ်ခဲ့တဲ့ ရွှေတိဂုံစေတီတော်ကြီးနဲ့ ရင်ပြင်တစ်ဝိုက်က ဓာတ်ပုံအချို့ကို အဝေးက မိတ်ဆွေများ ဖူးမျှော်ကုသိုလ် ယူနိုင်ကြဖို့ ရန်ကုန်မြို့ရဲ့ connection ကို အံတုကာ မျှဝေလိုက်ပါတယ်ရှင်။ ခရီး တစ်ထောက်ဖြစ်တဲ့ ရန်ကုန်မြို့ကို ရောက်တုန်း ဒီပိုစ့်လေး ကြားဖြတ် တင်လိုက်ပါတယ်နော်။ ကျွန်မဟာ လေ့လာရေးခရီးစဉ်ကို ဖြစ်တဲ့  ရခိုင်ပြည်နယ်ရဲ့ ရှေးဟောင်းမြို့တော် မြောက်ဦးမြို့ ကနေ ပြန်ရောက်ပါပြီ။ ချစ်ခင်ရပါသော မိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေလို့ ဆုမွန်တောင်း နှုတ်ဆက် လိုက်ရင်း နောက် ၂ရက်လောက်မှာ ပုံမှန်အတိုင်း အင်တာနက် ပြန် သုံးဖြစ်မှာ ဖြစ်ပါတယ် လို့နော်။ 






Image Hosted by PicturePush - Photo Sharing


22 Responses to “နှစ် ၂၆၀၀ ပြည့် ရွှေတိဂုံစေတီတော်”

Nyi Linn Thit said...

ရန်ကုန်ရဲ့ နာမည်ကြီး connection ကို အံတုပြီး ဆန္ဒရှိသူတွေ မသိလိုက် မရှိရဘဲ ကုသိုလ်ယူနိုင်အောင် စာရော၊ ပုံတွေပါ တင်ပေးလို့ ကျေးဇူးပါ မချောရေ..၊ မြန်မာပြည် ခရီးစဉ်ကနေ ရလာတဲ့ အတွေ့အကြုံတွေ၊ ရိုက်လာတဲ့ ပုံတွေကိုလည်း စောင့်နေပါကြောင်း...၊ Welcome back..!!

Aunty Oo said...

ဖူးလို.ကိုမဝနှိုင်ပါဘူး။မျှဝေပေးတာကျေးဇူးပါ။ရခိုင်ခရီးစဉ်လေးတွေကိုလဲ ဖတ်ဖို.စောင့်မျှော်နေပါတယ်။

SHWE ZIN U said...

ချော ရိုက်ထားတာ ကောင်းလွန်းလို့ ရွှေတောင်ကြီး ပေါက်နေသလို ပါဘဲ

ချစ်အမကြီး
ရွှေစင်ဦး

ဒီနေ့တော့ ညီမ နဲ့ တွေ့တာနဲ့ မြီးရှည် ကိုသတိရသွားပြီး သွားစားလိုက်တယ်
ကောင်းစ်
(မန္တလေး မဝင်၍ ဂျီတိုက်ခြင်း)

မမချောပြန်ရောက်လာပြီဟေး ရွှေတိဂုံဘုရားကြီးကိုလဲဖူးချင်လိုက်တာ

လွမ်းတယ်ဗျိုး ဘလော့ပေါ် မြန်မြန်ပြန်လာတော

့း)

ချစ်တဲ့

မဒိုးကန်

MG THANT said...

ရွှေတိဂုံတေီတော်မြတ်ကြီးအား ဖူးမြော်လိုက်ပါ၏...
ပြန်လာပါတော့ :P

Junemoe said...

အယ်..အမ
နော် နဲ့ မတွေ့လိုက်ရဘူး... နော်က ၂၅ ညက တက်တာ.. ပုံတွေရိုက်ခဲ့တယ်..ဖုန်းနဲ့မို့ မလှလို့ မတင်တော့တာ..

ပုံတွေ ကောင်းလိုက်တာ.. ချော ရေ..
ကြည်ညိုသွားပါတယ်..

PhyoPhyo said...

မချောရေ ရွှေတိဂုံဘုရားဖူးသွားပြီနော်။
ခရီးမှာ အစစနဲ့ အရာရာ အဆင်ပြေပါရဲ့လား။
စောင့်မျှော်နေပါတယ်။
ချစ်တဲ့
pp

Anonymous said...

ဘုရားပေါ်တောင်.မတက်ဖြစ်တာ
ကြာပြီအစ်မး)
ဓာတ်ပုံတွေက.တကယ်အသက်ဝင်ပြီး
တော်တော်သပ္ပာယ်ပါတယ်..
ကြည်ညိုဖွယ်.အတိပါပဲ။

ဓာတ်ပုံဆရာကိုတော့.ပွဲလုပ်ဖြစ်ရင်
အကူအညီတောင်းမှနဲ့တူတယ်နော်း)

ချစ်ခင်လျှက်
မိစံ

အစ်မချောရေ၊ မလာတာကြာလို့ လာလည်တယ်။ နှစ်၂၆၀၀ပြည့် အတွက် ရည်ရွယ်ပြီး မနှစ်က ရန်ကုန်ရောက်တုန်း မိသားစုနဲ့ အတူသွားလှူဖြစ်တယ်။

san htun said...

ဓာတ်ပုံတွေ ကြည်တောက်နေတာပဲ မချောရေ..ရွှေတိဂုံဘုရား ဖူးရတာ ဝမ်းမြောက်ပါဘိ..ပြန်ရောက်ရင် မြောက်ဦးအကြောင်းတွေ ဖတ်ဖို့  စောင့်နေတယ်နော့..

aungnyc said...

မချော ...
ဓါတ် ပုံ တွေ ကောင်း လိုက် တာ။ ဒါကြောင့် မို့ canon က နံ မည် ကြီး ဈေးကြီးတာ ကိုး၊ ရိုက် တတ် တာ လဲ ပါ တယ်။ တော် တယ်... အားပေး နေ တယ်..

ရွှေတိဂုံဘုရားကို ဒီတစ်ခေါက်ပြန်တုန်းက ဖူးတာ.. ဖူးလေ ဖူးလေ ဖူးလို့ကို မ၀လေပါပဲဗျာ... နှစ် ၂၆၀၀ ပြည့်တော့ မမီလိုက်ပေမယ့် အမှတ်တရပစ္စည်းတွေတော့ ၀ယ်ဖြစ်ခဲ့တယ်..

ခင်မင်လျက်
နေ၀သန်

Anonymous said...

ခုလိုပို့စ်လေးတစ်ခုအနေနဲ့တင်လိုက်တော့ ရပ်ဝေးရပ်နီးကနီးစပ်ရာလူတွေပါ ကြည်ညိုကုသိုလ်ပွားနိုင်တာပေါ့နော် မချောလဲအရမ်းကုသိုလ်ရမှာပါ တို့လဲပန်းပင်လေးတွေလှူခဲ့တယ်...

ညီရဲ said...

ရွှေတိဂုံဘုရားကြီးကို ဖူးမျှော်ခွင့်ရလို့ ကျေးဇူးတင်ပါတယ် မချော... ခုလို မျှဝေပေးးတော့ မချောလဲ ကုသိုလ်ရ၊ တခြားလူတွေ လှူတော့လဲ ကုသိုလ်ရကြတာပေါ့...

အိမ်ရှင်မရှိတဲ့အိမ်မှာ တစ်ခုခု အလစ်သုတ်မယ်ကြံခါမှ shwedagon pagoda နဲ့  ကြုံရတယ်လို့  ကမန်းကတန်း
ဦးသုံးကြိမ်ချပြီး အိမ်ပေါ်က ပြေးဆင်းသွားပါတယ်လို့ ...
ထော်ဦး

စာရေးသူ မယ်ချောကို ဘေးမှာထားလို့ ကွန်မန့်ပေးခဲ့ပါတယ်..။ အဟမ်းးးးးးး......
ပုံတွေ မတရားကောင်း၊ ပြက္ခဒိန်ထုတ်ဖို့ ကင်မလာမင်းဆီက ဓာတ်ပုံလာဝယ်ဦးမှပဲ။ ရန်ကုန်ကိုးနတ်ရှင်နဲ့ မရမက ပို့စ်တင်တဲ့ ဘလော့ဂါတစ်ယောက်ရဲ့ စိတ်ကိုတော့ မတရားလေးစားသွားပြီ... :)

flowerpoem said...

သပ္ပယ်လှတဲ့ ရွှေတိဂုံစေတီတော်ကြီးကို ဖူးမျှော်သွားပါတယ် မချောရေ

Anonymous said...

အရမ်းသပ္ပယ်တာပဲ ..
အဲ့လို ကြုံတောင့် ကြုံခဲ အခွင့်အရေး ကို
ရဖို့ မလွယ်ဖူးနော် ...
မချော ဒီပို့စ် လေး တင်ပေးတာ
ကျေးဇူး အရမ်းတင်တယ် ..း))

ခင်မင်လျှက်
ဆောင်းနှင်းရွက်

ကြည်ညိုဖွယ်ရာပါပဲ။ ရွှေတိဂုံစေတီရင်ပြင်ပေါ်မှာ ထိုင်ပြီး တစိမ့်စိမ့်ဖူးမျှော်ချင်နေမိတယ်။

mstint said...

လူတိုးရတာမနှစ်သက်ပေမယ့် ကြုံတောင့်ကြုံခဲ
၂၆၀၀ပြည့်ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို မရောက်
ရောက်အောင်ကြိုးစားပြီးသွားလိုက်အုံးမယ် ချောရေ။
ချောကတော့ရန်ကုန်မြေခနလေးရောက်တာတောင်
ကုသိုလ်တွေရအောင်ယူတတ်ပါပေတယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

aungnyc said...

ဓါတ်ပုံတွေ အရမ်းကောင်းတယ်။ တော်တော် ကောင်းတယ်..သွားရကျိုးနပ်တယ်..