စိမ်းစားဥ ချိုချဉ်ကြော်

စိမ်းစားဥလို့ ခေါ်တဲ့ အရည်ရွှမ်းရွှမ်း အသားချိုချို ဥတစ်မျိုးကို စားဖူးကြမယ် ထင်ပါတယ်နော်။ ice potato လို့ ခေါ်တဲ့ စိမ်းစားဥဟာလည်း ဆောင်းရာသီမှာ အများဆုံး တွေ့ရပြီး အာလူးကဲ့သို့ မြေကြီးထဲမှာ ဥတဲ့ စားစရာဖြစ်ပါတယ်။ အများအားဖြင့်တော့ သွားရေစာအဖြစ် အစိမ်းစားကြပေမဲ့ ကျွန်မတို့ဆီမှာတော့ မုန်ညင်းချဉ်နဲ့ ရောပြီးတော့ ချိုချဉ်ကြော်စားပါတယ်။ အသားနဲ့ ကြိုက်ရင် အသားထည့်ကြော်ပါတယ်။ အသားမထည့်ဘဲ စိမ်းစားဥနဲ့ မုန်ညင်းချဉ်သာ ကြော်မယ်ဆိုရင်လည်း ကြော်လို့ရပါတယ်။

Image Hosted by PicturePush - Photo Sharing
စိမ်းစားဥ

စိမ်းစားဥရဲ့ ချိုချို အရသာဟာ မုန်ညင်းချဉ်ရဲ့ အချဉ်အရသာနဲ့ ပေါင်းသပ်ပြီးချိန်မှာတော့ ချိုချို ချဉ်ချဉ်နဲ့မို့ တကယ်စားလို့ကောင်းပါတယ်။ စိမ်းစားဥ ချိုချဉ်ကြော်နည်းကို မျှဝေရမယ်ဆိုရင်..


Image Hosted by PicturePush - Photo Sharing
စိမ်းစားဥကို အခွံခွာ


Image Hosted by PicturePush - Photo Sharing
ပါးပါးလှီးပါတယ်

Image Hosted by PicturePush - Photo Sharing
ပါးပါးလှီးထားတဲ့ ဝက်သားကို အရင်ကြော်ပါတယ်. ထို့နောက် ကြက်သွန်နီ၊ ဖြူတို့နဲ့ ခရမ်းချဉ်သီး၊ ငရုပ်သီးထည့်ပါတယ်


Image Hosted by PicturePush - Photo Sharing

ထို့နောက် စိမ်းစားဥကို ထည့်ပါတယ်

Image Hosted by PicturePush - Photo Sharing

ထို့နောက် အနေတော် လှီးဖြတ်ထားတဲ့ မုန်ညင်းချဉ်ကိုထည့်ပါတယ်။ ဆား၊ အရသာမှုန့် ငံပြာရည်ထည့်လိုက်ရင် ချုလို့ရပါပြီ။

Image Hosted by PicturePush - Photo Sharing
စိမ်းစားဥ ဝက်သားမုန်ညင်းချဉ်ကြော်


အရသာချိုချိုချဉ်ချဉ်နဲ့ စိမ်းစားဥကြောပါနော်။


ကျွန်မသည်လည်း ခရီးကနေ နောက်ရက်လောက်ဆို ပြန်ရောက်လောက်ပြီ ထင်ပါတယ်။ ပျော်ပျော် ပါးပါး ပြန်ဆုံကြပါစို့နော်။ ချစ်သော မိတ်ဆွေများအားလုံး ပျော်ရွှင်သော အားလပ်ရက်ကို ပိုင်ဆိုင်ကြပါစေရှင်။



Image Hosted by PicturePush - Photo Sharing

18 Responses to “စိမ်းစားဥ ချိုချဉ်ကြော်”

ညီမလေး said...

မိုက်တယ်ကွာ ... အိမ်ပြန်ရင်တော့ ချက်စားပြီပဲး)))

ကြိုက်တယ်။ ကြိုက်တယ်။ :)

စိမ်းစားဥ ကို ချက်စားရမှန်း အခုမှ သိတယ် ဗျာ ...

ဟုတ် .... မှတ်သား သွားပါ၏ ... ။

ခင်မင်စွာဖြင့်

မောင်ဘုန်း

mstint said...

စိမ်းစားဥကို မုန်ညင်းချဉ်နဲ့ရောပြီး ချိုချဉ်ကြော်
စားလို့ရတာအခုမှသိတယ် ချောရေ။ စမ်းကြည့်အုံးမယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

rose of sharon said...

စိမ်းစားဥဟင်းလေးက စားချင်စရာလေး... တခါမှမစားဖူးတဲ့ ကိုယ့်အတွက် အဆန်းဘဲ

Anonymous said...

အတော်ပဲအစ်မ စိမ်းစားဥတွေပေါတုန်း
စမ်းသပ်ကြည့်အုံးမှး)
ပြီးရင် ရေခဲချောင်းစားပြီးအချိုတည်းမယ် :P

ချစ်ခင်လျှက်
မိစံ

Aung Htut said...

ဗိုက်ဆာလိုက်တာနော်... စိမ်းစားဥကို ဒီလိုချက်လို့ရမှန်း ခုမှသိတော့တယ်..... ရှလွတ် ရှလွတ် :)

san htun said...

စိမ်းစားဥကို ဒီအတိုင်း တီးနေတာ..ချက်စားလို့ ရမှန်း ခုမှ သိတော့တယ်..ဒီမှာတော့ စိမ်းစားဥ တွေ့ ဘူး..

PhyoPhyo said...

စိမ်းစားဥ စားဖူးတယ်။
တစ်ခါမှ အဲလိုချက်မစားဖူးဘူး။
စားလို့ကောင်းမှာပဲ ရှလွတ်တယ် မချောရာ

ညီရဲ said...

မချောကတော့ လုပ်ချလိုက်ပြန်ပြီ... ရှာရှာဖွေဖွေ စိမ်းစားဥများ ချက်စားရတယ်လို့ ... နာမည်ကိုက စိမ်းစားဥပါဆို...

စိမ်းစားဥအကြီးကြီးတွေဒီမှာတွေ့ပေမယ့် အချဉ်နဲ့မတည့်ဘူးပြော နို့နဲ့မတည့်ဘူးပြောလို့မစာရဲဘူး ငယ်ငယ်ကတော့မေမေကျွေးလို့စားတယ်
သိပ်တော့မကြိုက်ဖူး
ခုလိုချက်ရတာတော့ခုမှသိတယ်မမရေ
မြန်မြန်ပြန်လာတော့း)

ချစ်တဲ့

မဒိုးကန်

Anonymous said...

စိမ်းစားဥ ကိုအဲလိုချက်စားရမှန်းမသိဘူး ချက်စားကြည့်အုံးမယ်..

aungnyc said...

စားချင်စရာ ကောင်းတယ် ကွာ... မြင်တာနဲ့ သရေ ယို တယ်။

အရမ်းစားကောင်းမယ့်ပုံပါပဲ
ဝက်သားမစားလို့ ချက်နည်းလေးယူသွားပါတယ် မမြည်းခဲ့ရဘူးလေ ကြက်နဲ့ချက်စားမယ်

ထူးဆန်းပါပေ့ အမချောရယ်။ စိမ်းစားဥကို ဟင်းချက်စားရတယ်လို့ မစဉ်းစားမိဖူးဘူး.. လုပ်စားကြည့်ရဦးမယ် =)

subuueain said...

စိမ်းစားဥ ကို ချက်စားရမှန်းကို မသိခဲ့ဘူး။ စိတ်ဝင်စားစရာပါဘဲ အမချောရယ်

Anonymous said...

စိမ်းစာဥလည်း ကြိုက်ဘူး ..
ဝက်သားလည်း ကြိုက်ဘူး ..(မစားဘူး) :D

ခင်မင်လျှက်
ဆောင်းနှင်းရွက်

စိမ်းစားဥ ကို အစိမ်းစားရလောက်ပဲ သိတာ ...
စားချင်စဖွယ်လေးပါလား မမရေ..