မက်မွန်သီးထမင်းပေါင်း

ဒီတစ်ပတ် တနင်္ဂနွေအတွက် စားသောက်စရာ အကြောင်းအရာအဖြစ် မက်မွန်သီး ထမင်းပေါင်း ချက်နည်းကို ဖော်ပြချင်ပါတယ်ရှင်။ ကျွန်မနေတဲ့မြို့မှာ မက်မွန်သီး အလွန်ပေါတဲ့ ရာသီတုန်းက လုပ်စားဖြစ်တဲ့ မက်မွန်သီး ထမင်းပေါင်းပါ။ မက်မွန်သီးထမင်းပေါင်းဆိုလို့ ထူးထူးခြားခြားတော့ မဟုတ်ပါဘူး.. အခြားသော ထမင်းပေါင်း လုပ်နည်း အတိုင်းသာ ဖြစ်ပါတယ်. အသီးအနှံတွေမှာ မက်မွန်သီး ထည့်တာသာ ကွဲပြားတာဖြစ် ပါတယ်။

မက်မွန်သီးအစား အခြားသော အသီးကိုထည့်သွင်းပြီး ထမင်းပေါင်းကို လုပ်စားနိုင်ပါတယ်နော်။ ပထမဦးဆုံး ထမင်းပေါင်းအတွက် လိုအပ်သော အရာများမှာ-

Image Hosted by PicturePush - Photo Sharing
ကြက်သား (သို့) ဝက်သားကို အသားချည်း ပါးပါးလှီးပြီး ဆား၊ အရသာမှုန့်၊ ငံပြာရည်အကြည်တို့ဖြင့် နယ်ထားပါတယ်။ 

Image Hosted by PicturePush - Photo Sharing

 မက်မွန်သီး တစ်လုံးကို အခွံနွာပါတယ် 

Image Hosted by PicturePush - Photo Sharing

 ဒါကတော့ ထမင်းပေါင်းထဲထည့်မဲ့ အသီးအနှံတွေ ဖြစ်ပါတယ်။ ဥနီ၊ ဆလပ်ရိုး၊ ငရုပ်ပွ အနီ၊ အစိမ်း၊ ပြောင်းဖူး၊ မုန်လာထုပ်၊ မက်မွန်သီးတို့ ဖြစ်ပါတယ်။

Image Hosted by PicturePush - Photo Sharing
 ပါးပါးလှီး နှပ်ထားတဲ့ အသားကို ကြော်ပါတယ်။ 


Image Hosted by PicturePush - Photo Sharing
ဂျင်း၊ ကြက်သွန်ဖြူထည့်ပါတယ်.
                     
Image Hosted by PicturePush - Photo Sharing
ဥနီ၊ ဆလပ်ရိုးတို့ကိုထည့်ပါတယ်

Image Hosted by PicturePush - Photo Sharing
ငရုပ်ပွ၊ မုန်လာထုပ်၊ ပြောင်းဖူး၊ မက်မွန်သီးတို့ကို ထည့်ပါတယ်။

ထို့နောက် ဆား၊ အရသာမှုန့်၊ ငံပြာရည်အကြည်တို့ကိုထည့်ပြီး ရောမွှေလိုက်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing
ကော်မှုန့်ကို အရည်ဖျော်


Image Hosted by PicturePush - Photo Sharing
ကော်ရည်များကို အိုးထဲ လောင်းချပြီး မွှေပေးပါတယ်

ကော်ရည်များဖြင့် ခပ်ပျစ်ပျစ် ဖြစ်လာတဲ့အခါ  အပေါ့အငံ လိုအပ်တာ ထည့်ပြီးလို့ အရသာ စိတ်ကြိုက်ဖြစ်ရင် အရည်ကို ခပ်ရွှဲရွှဲလေး ချန်ထားပြီးရင် ထမင်းပေါင်းထဲထည့်ဖို့ အဆင်သင့်ဖြစ်ပါပြီ။ 


Image Hosted by PicturePush - Photo Sharing
ထမင်းကို ပန်းကန်ပြားထဲထည့်ပါတယ်



Image Hosted by PicturePush - Photo Sharing
 ချက်ထားပြီး ဟင်းထဲမှ သင့်တော်သလောက်ကို ထမင်းပေါ် လောင်းချလိုက်ရင် စားချင်စဖွယ် ထမင်းပေါင်းတစ်ပွဲရပါပြီ။


မက်မွန်သီးထည့်ပြီး ချက်ထားတာမို့ ကျွန်မရဲ့ ထမင်းပေါင်းကို မက်မွန်သီး ထမင်းပေါင်းလို့ ပေးလိုက်တာ ဖြစ်ပါတယ်။ အသီးအနှံများကိုတော့ မိမိမှာရှိတဲ့ အသီးအနှံတွေနဲ့ အဆင်ပြေသလို ချက်ထားနိုင်ပါတယ်။ 


မက်မွန်သီးထမင်းပေါင်းက ဒီတစ်ပတ် Sunday Special အဖြစ် တင်လိုက်ပါတယ်နော်။ ချစ်သော မိတ်ဆွေများ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာပါစေလို့ ဆုမွန်တောင်းလိုက်ပါတယ်ရှင်...



Image Hosted by PicturePush - Photo Sharing

19 Responses to “မက်မွန်သီးထမင်းပေါင်း”

rose said...

Look very yummy Chit Ma. I'll try for sure. Thanks for sharing <3

စားချင်စရာလေး..

အစ်မချောနဲ့  ခရီးသွားရတာမောလိုက်တာ။
အခုမှပဲ ချက်ကျွေးတော့တယ်တယ်။
ဟင်း...ပင်ပင်ပန်းပန်းနဲ့  စားပစ်လိုက်ပါတယ်။
မကျေနပ်သေးလို့  ပါဆယ်အများကြီးထုတ်လိုက်ပါတယ်လို့ ...
(ခွင့်တော့ မတောင်းတော့ပါဘူး။
အလစ်သုတ်နေကျလေ...)
ထော်ဦး

စားမယ်ဝါးမယ်... ထမင်းပေါင်းကိုပြောပါတယ်.. :D

ခင်မင်လျက်
နေ၀သန်

Anonymous said...

ထမင်းပေါင်းလား..
ကြိုက်တာပေါ့း)
မျှစ်ချဉ်နဲ့ပဲစားဖူးတာအစ်မ
မက်မွန်သီးနဲ့လည်းကောင်းမှာပါး)
sunday special စားစရာအတွက်
ကျေးဇူးပါအစ်မရေ

ချစ်ခင်လျှက်
မိစံ

San San Htun said...

မက်မွန်သီး ထမင်းပေါင်း လာစားတယ် မချောရေ..

ချားချင်စရာလေး ဗိုက်တောင်ဆာလာပြီ

မက်မွန်သီးတွေ ဒီမှာပေါတယ်။ ထမင်းပေါင်းလုပ်စားကြည့်အုံးမယ် ... ကော်ရည်ထည့်ရင် တအားပျစ်ပြီး ခဲခဲကြီး ဖြစ်ဖြစ်သွားလို့ ဘယ်အနေထည့်ရမယ်ဆိုတာ ပြောပြပါအုံးချောရေ ... ။

ထမင်းစားပြီးမှ လာဖတ်တာတောင် သွားရည်ကျတယ်..ချစ်မး))

ဗိုက်ဆာနေတာနဲ့ အတော်ပဲ...မမ :):)

သေသေချာချာဖတ်မှတ်သွားတယ် အားတဲ့ရက် အိမ်ကလူကိုလုပ်ကျွေးမလို့မေ့သွားရင်လဲပြန်လာမယ်
ချစ်တဲ့ sis jasmine

Aungnyc said...

ဒီနေ့ ဘာမှ မချက် ဘူး။ ခေါက်ဆွဲ ပြူတ် စားတယ်.မချော ရဲ့ မက်မွန်သီးပေါင်း နဲ့ ရှမ်းထမင်းစီးစီး နဲ့ စားချင် နေတယ်..အရမ်းပဲစားချင်တယ်.. ဗိုက်ဆာ နေတဲ့ လူကို ဒုက္ခပေးတဲ့ ပိုစ် လေး..
ခင်မင်စွာဖြင့်

Anonymous said...

ဗိုက်ဆာနေတာပေပြီးထမစားဘဲဖတ်နေတာ။
ခုတော့မရတော့ဘူး။ စားမှဖြစ်တော့မယ်။ တော်ကြာအစာအိမ်ရည်တွေထွက်လို့ ဗိုက်အောင့်တော့မယ်ချောလေးရေ။
မက်မွန်သီးကိုနံမယ်နဲ့ ပုံနဲ့ မတွဲမိဘူးဖြစ်နေတာ။ သိုင်းကျူး သိုင်းကျူး တွဲမိသွားပြီ။
အိုင်အိုရာ

Cameron said...

မက်မွန်သီးဆိုအမှည့်ကိုဒီတိုင်းစားရတာကြိုက်တယ်..။ ဟင်းမချက်စားဖူးသေးဘူး ..။ချောထမင်းပေါင်းက စားချင်စရာ လုပ်စားကြည့်ဦးမယ်...။ ကျေးဇူး ချက်နည်းလေးအတွက်..။

ဒေါ်ချော...
နည်းလမ်းရှာပေး...
ဘယ်လိုစားလို့ရမလဲဆိုတာ....
လာစားချည်လို့ မပြောနဲ့...
ချက်စားလေလို့လဲ မပြောနဲ့...

မှ/-
စားချင်နေသူ

လက်ဝဲ said...

အဟင့်...
စားချင်တယ်...

Anonymous said...

စားချင်လိုက်တာ မက်မွန်သီးထမင်းပေါင်းလေ...

Unknown said...

ညီမလေးရေ
အန်တီအတွက် လျန်ဖွင်း ၀မ်တိုဖူး ခေါက်လျောက် လုပ်တာလေး တင်ပေးပါဦး ဒီမှာလုပ်တာ အမျိုးမျိုးစမ်း ပြီးပြီမခဲလို့ပါ ဗန်းမော်က လိုလဲ စားမကောင်း မခဲတော့ ရှိတို့ဖွင်း(တိုဖူးနွေး)တော့ရတာပေါ့။ ပြီးရင် ကချင်ပြည်နယ် မီးရှေလုပ်တာလေးရယ် ပဒဲကော မုန့်ဟင်းခါးလေးးလည်းတင်ပေးပါဦးနော်
အထူးကျေးဇူးတင်စောင့်မျှော်နေပါတယ်
အန်တီသက် ရေဆင်း နေပြည်တော်

မကြီးချောရေ မှတ်သားသွားပါတယ်နော်.......နောက်မှ လုပ်စားဦးမယ်..........ကျေးဇူး