ကြက်ဟင်းခါးသီး ကြက်ဥကြော်၊ အာလူးသုပ်

ဒီတစ်ပတ်အတွက် အစားအသောက် ကဏ္ဍမှာ ဖော်ပြချင်တဲ့ ဟင်းလျာကတော့ ကြက်ဟင်းခါးသီး ကြိုက်သူများ အတွက် ဟင်းတစ်ခွက်နဲ့ အာလူးသုပ်တို့ ဖြစ်ပါတယ်။ ကြက်ဟင်းခါးသီးကို အခါးဓာတ် လျော့ပြီး အဆိမ့်အရသာ ဖြစ်အောင် ကြော်တဲ့နည်းကို ဖော်ပြပါမယ်ရှင်။ 


ကြက်ဟင်းခါးသီးအလုံးအကြီးကို မိမိ စားမည့် လူဦးရေအလိုက် တစ်လုံး (သို့) နှစ်လုံးကို ကြက်ဥ၃လုံး ခန့်နဲ့ ပြင်ဆင်ပါတယ်
Image Hosted by PicturePush - Photo Sharing

ကြက်ဟင်းခါးသီးကို ရေစင်အောင်ဆေးပြီး ခပ်ပါးပါးနဲ့ အနေတော်လှီးပါတယ်။ သို့သော် ကြက်ဟင်းခါးသီး ထူထဲပြီး အတုံးကြီးကြီး မဖြစ်အောင် သတိထားပြီး လှီးရပါတယ်။

Image Hosted by PicturePush - Photo Sharing

ကြက်ဥကို ဆား၊ အရသာမှုန့်၊ ငရုပ်ကောင်းမှုန့်တို့ထည့်ထားပြီး ဇွန်းဖြင့် ခေါက်ထားပါမယ် ။

Image Hosted by PicturePush - Photo Sharing
ကြက်ဟင်းခါးသီးကို ရေနွေးဆူဆူမှာ မိနစ်အနည်းငယ်ခန့် ဆားထည့်ကာ ပြုတ်ပါတယ်။ ကြက်ဟင်းခါးသီး များ ပျော့ပြဲမသွားအောင် သတိထားပြီး ခဏတာ ပြုတ်ဖို့လိုပါတယ်
Image Hosted by PicturePush - Photo Sharing

ပြုတ်ပြီး ကြက်ဟင်းခါးသီးကို ရေအေးတွင် ခေတ္တစိမ်ကာ အေးသွာလျှင် ပန်းကန်တစ်ခုထဲ ထည့်ထားလိုက် ပါတယ်။ ငရုပ်ပွ အနီကိုလည်း ကြက်ဟင်းခါးသီး အရွယ်လောက် လှီးဖြတ်ထားပါတယ်။
Image Hosted by PicturePush - Photo Sharing

ထို့နောက် ၄င်း ကြက်ဟင်းခါးသီး၊ ငရုပ်သီးတို့ကို ကြက်ဥဖြင့်ရောမွှေလိုက်ပါတယ်။
Image Hosted by PicturePush - Photo Sharing
ဆား၊ အရသာ အနေတော်ဖြစ်မဖြစ် မြည်းကြည့်ပြီး လိုအပ်တာ ထပ်ထည့်ပါ။
Image Hosted by PicturePush - Photo Sharing

ထို့နောက် ကြက်ဥ ၊ ကြက်ဟင်းခါးသီးတို့ကို ဆီပူဖြင့် အပြားလိုက် ခပ်ထူထူ ရအောင် ကြော်ပါတယ်။

Image Hosted by PicturePush - Photo Sharing

နှစ်ဖက်လုံး ညီညီမျှမျှ ကျက်အောင် ကြော်ပါတယ်။
Image Hosted by PicturePush - Photo Sharing
ရလာတဲ့ ကြက်ဥ အချပ်လိုက်ကို ကျောက်ကျောလှီးသလို အစောင်းကလေးများ လှီးပြီး ပန်းကန်ပြားထဲ ထည့်လိုက်ရင် ဧည့်သည်ကို ဧည့်ခံဖို့ လှပတဲ့ ဟင်းတစ်ခွက် ရပါပြီ။


ကြက်ဟင်းခါးသီး ကြက်ဥကြော်ပါ။


အာလူးသုပ်

နောက်ထပ်ဖော်ပြချင်တာက အာလူးသုပ်ဖြစ်ပါတယ်။

Image Hosted by PicturePush - Photo Sharing

အာလူးကို ပါးပါးရှည်ရှည်သွယ်သွယ်ဖြစ်အောင် လှီးပါတယ်

Image Hosted by PicturePush - Photo Sharing

ရလာတဲ့ အာလူးချောင်းများကို ရေနွေးဆူဆူမှာ ခဏပြုတ်ပါတယ်။ အချိန်အကြာကြီးပြုတ်ရန် မလိုပါ အာလူးများ မပျော့ခင် ၃မိနစ်ခန့် ပြုတ်ရင် လုံလောက်ပါပြီ။ 

Image Hosted by PicturePush - Photo Sharing
 
ပြုတ်ပြီးအာလူးကို ရေအေးတွင်ဆေးပြီး ပန်းကန်တစ်ခုတွင် ထည့်ထားပါ။ 
 
 
Image Hosted by PicturePush - Photo Sharing
 
 ကြက်သွန်နီ၊ ငရုပ်သီးစိမ်း၊ နံနံ၊ မြေပဲဆန်၊

Image Hosted by PicturePush - Photo Sharing

နှမ်းဆီ (သို့) ဆီကျက်၊ ဆား၊ အရသာမှုန့်၊ ပုဇွန်ခြောက် ၊ သံပုရာသီး စသည်တို့ထည့်ပြီး နှံ့အောင် နယ်လိုက်ပါတယ်။

Image Hosted by PicturePush - Photo Sharing

ဒါဆိုရင် အာလူးသုပ်ရပါပြီ။


Image Hosted by PicturePush - Photo Sharing

ရန်ကုန် ဆူးလေဘုရားနားက ဒေါ်ရိတ်ကြီးရဲ့ အာလူးသုပ်ကို လွမ်းနေသူများ ဒီနည်းနဲ့ လုပ်စားနိုင်ပါပြီနော်။ 
 
 
အားလုံးအတွက် ပျော်ရွှင်သော တင်္နနွေနေ့ ဖြစ်ကြပါစေရှင်။ 
 
 
 

25 Responses to “ကြက်ဟင်းခါးသီး ကြက်ဥကြော်၊ အာလူးသုပ်”

Anonymous said...

ထမင်းလည်းကျက်ပြီ
အတော်ပဲအစ်မး)
ဒီနေ့မနက်စာဖူလှုံပြီ :P
ကြက်ဟင်းခါးသီးကို ဘဥနဲ့..
အဲသလိုကြော်စားလို့ရတယ်
တကယ်မသိဘူးတော့်း)

ပျော်ရွှင်ဖွယ် တနင်္ဂနွေလေးဖြစ်ပါစေရှင်

ချစ်ခင်လျှက်

မကြီးချောရေ......ကြက်ဟင်းသားသီးမကြိုက်တဲ့ကျွန်တော်တောင် စာချင်စိတ်ပေါက်လာပြီ........အာလူးသုပ်တော့ ကြိုက်တယ် ရှယ်ဘဲ .....နောက်မှ လုပ်စာတော့မယ်.......အခုတော့ မကြိးချောဟာဘဲ ပါဆယ်ဆွဲသွားလိုက်ပြီ အစ်မရေ.........ကျေးကျေး

san htun said...

ကြက်ဟင်းခါးသီးကို ကြက်ဥနဲ့  ချက်စားဖူးဘူး..အာလူးသုပ်လေးကလည်း လွယ်သားနော်..ကျေးဇူး မချော

Anonymous said...

ကြက်ဟင်းခါးသီးကို အဲလိုမစားဖူးဘူးဗျ။ အာလူးသုတ်လေးကလဲ ကောင်းမယ့်ပုံပဲ။
(ကင်မရာတအားကောင်းတယ်နော်။ ဒယ်အိုးထဲက ကြက်ဟင်းခါးသီးပြုတ်ထားတာလေးက လှနေလိုက်တာ။)
လီယို

mstint said...

အချိန်ကိုက်ပဲချောရေ။ အားလုံးကြိုက်တယ်။
ဗိုက်လည်းဆာနေပြီစိတ်နဲ့မှန်းပြီး
ရှုမှတ်စားလိုက်အုံးမယ်း))
ညနေကျရင် ချောရဲ့ နည်းပညာလေးအတိုင်း
ချက်စားမယ်။ ကျေးဇူးနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

တခါမှအဲဒီလို ကြော်တာမစားဖူးသေးဘူး
ပုဇွန်ခြောက်နဲ့ ကြော်တာ-ချက်တာပဲစားဖူးတာ
စမ်းကြည့်လိုက်မယ်ချောရေ
ချောကြော်ပုံကြည့်ရတာတော့စားချင်
စရာပဲကိုယ်တိုင်လုပ်ရင်တော့ ?????
အားလူးသုပ်တော့စားဖူးတယ်
ပြန်လုပ်စားဦးမယ်
ချစ်တဲ့ sis jasmine

Evy said...

ကြက်ဟင်းခါးသီးကို ကြိုက်ရဲ့သားနဲ့ ခါးမှာစိုးလို့ မလုပ်စားဖြစ်တာ။ ခုတော့ အတော်ပဲ။ ချောရဲ့နည်းနဲ့လုပ်စားရမယ်

m said...

အရောင်တွေ စုံနေတာ စားချင်စရာလေး..
camera ကောင်းတာတခုထဲ မဟုတ်ပါဘူး.. ရိုက်တဲ့လူ အယူအဆတော်တာပါ..

ကြက်ဟင်းခါးသီးနဲ့ ကြက်ဥနဲ့ ကြော်တာ တစ်ခါမှ မကြားဖူးဘူး.. ကောင်းမယ့်ပုံလေး..
အာလူးတော့ သုပ်စားဖြစ်တယ်.. ဒီလို ကောင်းကောင်းမွန်မွန် တော့ မဟုတ်ပါဘူး..

Anonymous said...

ကြက်ဟင်းခါးသီးနဲ့ကြက်ဥကိုမတည့်ဘူးထင်နေတာ ခုမှ အဲလိုလုပ်စားလို့ရမှန်းသိတော့တယ် အာလူးသုပ်လဲအရမ်းကြိုက် နှစ်မျိုးလုံးလုပ်စားအုံးမယ် ကျေးဇူးတင်ပါတယ်...

စားချင်လိုက်တာဗျာ..လုပ်စားဦးမယ်. အစ်မ..

ကြက်ဟင်းခါးသီးကို အဲလို တစ်ခါမှ မစားဖူးဘူးချောရဲ့...
လွယ်လည်း လွယ်တော့ လုပ်စားကြည့်ဦးမယ်း))))

Anonymous said...

မမရေ... အကြိုက်လေးတွေနဲ့ တန်းတိုးနေပါရောလား..
ချစ်ခင်တဲ့ ညမ camomilla

SHWE ZIN U said...

ညီမချောရေ

ကြက်ဟင်းခါး သီး သိပ်ကြိုက်တယ် အဲလိုလေး ကြော်စားမယ်

ချစ်အမကြီး
ရွှေစင်ဦး

မဒမ်လွင်ပြင်က လုပ်ကျွေးမယ်တဲ့ နည်းတွေကြည့်ပြီးတော့လေ မချောလုပ်သလို ကောင်းမလားတော့ စားကြည့်ရအုံးမယ်

ဟန်ကြည် said...

ကြက်ဟင်းခါးသီးတော့ ဘယ်လိုချက်ချက် မကြိုက်ပေါင်...အာလူးတော့ ကြိုက်သပ...သုပ်စားဖြစ်ပေမယ့် ဒေါ်ချောလိုတော့ လှတပတ မလုပ်ဖြစ်ဘူး...အာလူးကို ပြုတ်ပြီးချေ၊ ဆီချက်ဘာညာထည့်ပြီး သုပ်ထည့်လိုက်တာပဲ...ဗိုက်ထဲရောက်သွားတော့လဲ ပုံစံချင်း အတူတူဖြစ်သွားမယ် မဟုတ်လားး)

အာလူးသုပ်ကို စိတ်ဝင်စားလို့ လာကြည့်တယ်။ ဒီလို သုပ်မစားဖူးဘူး။ ကြက်သွန်နီ၊ဆီ၊ဆား၊အချိုမှုန့်၊မဆလာလေးနဲ့ အချိုသုပ်ပြီးတော့ပဲ စားဖူးတယ်။ အခုလို သုပ်စားကြည့်ဦးမယ်။

အဟဲ.. ကြက်ဟင်းခါးသီးတော့ နည်းရသွားပြီ... :P.. လုပ်စားဦးမှ...

ခင်မင်လျက်
နေ၀သန်

ချောရေ...
နှစ်ခုလုံးကြိုက်တယ်...
ချက်စားကြည့်မယ်...
အာလူးက အိမ်မှတော့ အလုံးလိုက်ပြုတ်ပြီးမှာ ခွာသုတ်တာ..။ ကြက်ဟင်းခါးသီးကြက်ဥကြော် မတရားစိတ်ဝင်စားတယ်။

( ဟုတ်မဟုတ်တော့မသိ၊ ကြက်ဟင်းခါးနဲ့ အာလူးတွဲစားရင် မူးဝေအော့အန်လို့ ဖတ်ထားဘူးတယ်၊ တွဲ မစားနဲ့ဦး)

PhyoPhyo said...

အာလူးသုတ်စားချင်၊ ကြက်ဟင်းခါးသီးလည်းကြိုက်၊
ခါးခါးလေးဆိုပိုတောင်ကြိုက်သေးတာ။
အမေက အခါးကြိုက်တော့ ကြော်ရင် မပြုတ်ပဲဒီအတိုင်းကျွေးနေကြမို့။
ကြက်ဥနဲ့ကြော်တာလေးလည်းစားချင်တယ်။
မချောက ဒေါ်ရိတ်ကြီးလည်း သိတာပဲ :)
ချစ်တဲ့
pp
(သတိရပါသည်)

ညီရဲ said...

ကြက်ဟင်းခါးသီးတော့ မကြိုက်ပေမယ့် အာလူးသုပ်ကလေးတော့ စားကြည့်ချင်သား... စားချင်စဖွယ်လေး... ရှလွတ်...

ကြက်ဟင်းခါးသီးက နှင်း အကြိုက်ပဲ... အာလူးသုတ်လည်း စားတာပဲ...
အခု ဖတ်နေရင်းနဲ့ ဗိုက်ထဲက အော်နေပြီ .း)))

ထိုင်းမှာ အဲ့လို ကြော်တာ မြင်ဖူးတယ် အစ်မ။ စားမကြည့်ဖူးသေးဘူး။ စမ်းစားကြည့်ဦးမယ်

Tun Tun said...

ချက် စားကြည့် ဦးမယ် ကြက်ဟင်းခါး သီး ဆို သိပ်ကြိုက်း) ဟိုနေ.ကလဲ ငါးသံပု၇ာ ပေါင်း စမ်းကြည့်သေးတယ် ငါးကို မပြုပ် ပဲ ကြော်လိုက်တာ။ တမျိုးစားလို.ကောင်းတယ်။

Sai said...

ပုံလေးကြည့်တာနဲ့တင်စားချင်လာပြီ။ချက်စားကြည့်လိုက်
ဦးမယ်နော်.............