အင်းလေးရိုးရာ ချည်ထည်များ

ပြီးခဲ့တဲ့လ ခရီးသွားခဲ့တုန်းက တောင်ကြီး၊ အင်းလေးကို ရောက်ခဲ့စဉ်က အင်းလေးထဲက ချည်ထည်ဆိုင် များကို ကျွန်မအနေနဲ့ တော်တော်လေး သဘောကျခဲ့မိပါတယ်။ ဆိုင်တွေမှာလည်း ခင်းကျင်းထားတဲ့ ချည်ထည်တွေဟာ အားလုံးလိုလိုက လိုချင်မက်မောချင်စရာ ကောင်းနေခဲ့ပါတယ်။ ချည်ထည်တွေကို ကျွန်မတို့ ပြည်တွင်းက လူတွေပါမက နိုင်ငံခြားများပါ နှစ်နှစ်ချိုက်ချိုက် ဝယ်ယူကြပြီး တစ်ချို့များဆို ချက်ခြင်းကို ဝတ်ဆင်ကြတာကိုပါ တွေ့ရပါတယ်။ အဲလို တွေ့ရပြန်တော့ ကိုယ့်ပြည်တွင်းက ရိုးရာ ချည်ထည်များအတွက် ဂုဏ်ယူရပြန်ပါတယ်။ 

ချည်ထည်လေးတွေဟာ မြန်မာ့ရာသီဥတုနဲ့ ကိုက်ညီလှပြီး ပေါ့ပေါ့ပါးပါးနဲ့ အရောင်အသွေးများလည်း အလွန် လှပါတယ်။ ကျွန်မအနေနဲ့ အင်းလေးရောက်ချိန်မှာ ညနေ ၄နာရီလောက် ရှိနေပြီမို့ မကြာခင် မှာ မှောင်တော့မှာ ဖြစ်တဲ့အတွက် ယက်ကန်းစင်များကိုတော့ ဓာတ်ပုံရိုက်ဖို့ အချိန်မရခဲ့တော့ဘဲ ဆိုင်အတွင်းမှာ ခင်းကျင်း ရောင်းချနေတဲ့  ချည်ထည်များကိုသာ ဓာတ်ပုံရိုက်ဖြစ်ခဲ့ပါတယ်။ လှပပြီး ဝတ်ချင် စရာ အရောင်အဆင်းတွေနဲ့ ချည်ထည်လေးတွေကို အောက်က ပုံတွေမှာ ကြည့်ရှုကြပါစို့လားနော်။
Image Hosted by PicturePush - Photo Sharing
ဆိုင်အဝင်ဝက အိတ်တွေလဲ လိုချင်စရာ 

စက်လှေသမားက လိုက်ပို့တဲ့ အင်းလေးရိုးရာချည်ထည်ဆိုင်ပါ။ ဆိုင်နာမည် မမှတ်ခဲ့ရပေမဲ့ Facebook မှာ ညီမလေးတစ်ယောက်က ဆိုင်နာမည် ရွှေဟင်္သာ လို့ ပြောပြပါတယ်။ ဆိုင်ကလေးထဲ ဝင်လိုက်တာနဲ့ အားလုံးက လိုချင်စရာတွေချည်း ဖြစ်နေတာကို တွေ့ရပါတယ်။ 

Image Hosted by PicturePush - Photo Sharing
 ချစ်စရာ အိတ်ကလေးများ 


Image Hosted by PicturePush - Photo Sharing
 လက်ဆောင်ပေးချင်စရာ


Image Hosted by PicturePush - Photo Sharing
 နံရံမှာ ချိတ်ထားတာတွေက အင်္ကျီနဲ့ ဝမ်းဆက် တစ်ခါတည်း ဝတ်နိုင်တဲ့ ပတ်ထမိန်တွေပါ။ 

Image Hosted by PicturePush - Photo Sharing
 ချက်ခြင်းကို ကောက်ဝတ်ချင်စရာ ကောင်းလောက်အောင် လှပနေပါတယ်။



Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing


ချုပ်ပြီသား အင်္ကျီလေးတွေ အရောင်စုံပါ။ တစ်ထည်မှ ၂၀၀၀ / ၁၅၀၀ လောက်သာ ရှိပါတယ်။ ဈေးလဲ သက်သာပြီး ဒီဇိုင်းလေးတွေကလည်း ချစ်စရာကောင်းပါတယ်။

Image Hosted by PicturePush - Photo Sharing

ဒီလိုပုံစံလေးတွေပါ။ ဒီဇိုင်းအစုံအရောင်စုံ ရှိပါတယ်။ အင်္ကျီတစ်ထည် ချုပ်ခ လေးထောင် ငါးထောင်ထက် မက ပေးရတဲ့ ဒီခေတ်ကြီးထဲမှာ အင်းထဲက ချည်ထည်လေးတွေဟာ ဘယ်လောက် များ ဈေးသက်သာပြီး လှပ ချစ်စရာကောင်းတယ်ဆိုတာ မြင်နိုင်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing
 ယောက်ျားလေးဝတ်များကိုလည်း ဒီလို ချိတ်ဆွဲထားတာ တွေ့မြင်နိုင်ပါတယ်။

Image Hosted by PicturePush - Photo Sharing


 ဒီထဲကချည်ထည်လေးတွေများဆို အားလုံးလိုလို လိုချင်စရာတွေပါဘဲ။ မဝယ်မနေနိုင်အောင် ဆွဲဆောင်နေ တာမို့ ကျွန်မလည်း ဟိုမေးဒီမေး အဆင်လေးတွေ ရွေးမိပါသေးတယ်။ 


Image Hosted by PicturePush - Photo Sharing
 ချစ်ရာ ဝမ်းဆက် ချည်ထည်များ

Image Hosted by PicturePush - Photo Sharing
ဒီလို တစ်စုံကိုတော့ ၇၀၀၀ / ၈၀၀၀


Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing
ဒီအဆင်မျိုးလေးတွေက တစ်စုံကို အင်္ကျီနဲ့ ဝမ်းဆက်စာကို တစ်သောင်းရှစ်ထောင်လို့ ဆိုပါတယ်။ 


Image Hosted by PicturePush - Photo Sharing

သဘောကျမိတဲ့ အဆင်လေးတွေပါ။ ဘယ်ဟာ ယူလာတယ်ဆိုတာတော့ မပြောပြောတော့ဘူးနော်။ ခန့်မှန်းကြည့်ရင် သိမှာပါ။  :P :P

Image Hosted by PicturePush - Photo Sharing
ဓာတ်ပုံတွေလည်း ရိုက်ပြီးပြီ၊ တစ်မေ့တစ်မောလည်း ငေးပြီးပြီ၊ လိုချင်တာတွေလည်း ဝယ်ပြီးပြီမို့ ဆိုင်ထဲက ပြန်ထွက်လာခဲ့ကြပါတယ်။ 


Image Hosted by PicturePush - Photo Sharing
 ဖော်တော်ဦး ကျောင်းအောက်နားက အထည်ဆိုင်

ဖောင်တော်ဦးဘုရားကို ဖူးပြီးတာနဲ့ ကျောင်းအောက်ဘက်က ဈေးထဲကို ဝင်ကြည့်ပြန်ပါတယ်။ ကြည်ညို ဖွယ်ရာ ဖောင်တော်ဦး ဘုရားအကြောင်းနဲ့ ဓာတ်ပုံများကိုတော့ နောက်တော့မှ ပိုစ့်တင်ပါဦး မယ်။ ခုတော့ အထည်လေးတွေ အရင် ငမ်းပါဦးမယ်နော်. :P

Image Hosted by PicturePush - Photo Sharing
 အင်းလေးထွက် ဓားနဲ့ အခြားသော အသုံးအဆောင်များ အရောင်းဆိုင်


Image Hosted by PicturePush - Photo Sharing

ဒီမှာတော့ ယောက်ျားလေးဝတ်အင်္ကျီတွေ ရှမ်းဘောင်းဘီတွေကို တွေ့နိုင်ပါတယ်။ အရောင်အသွေးကလည်း လှပစုံလင်လွန်းတာမို့ ဒီမှာလည်း ဝင်ကြည့်ကြပြန်ပါတယ်။

Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

 အနက်ရောင် အင်္ကျီလေးလည်း သဘောကျလို့ ဝယ်လာသေး

Image Hosted by PicturePush - Photo Sharing

ဟိုကြည့်ဒီကြည့်

Image Hosted by PicturePush - Photo Sharing
 အင်းလေးအမှတ်တရ တဲ့


Image Hosted by PicturePush - Photo Sharing
အဖြူရောင် ပတ်ထမီနဲ့ အင်္ကျီ (ဒါလေးလည်း သဘောကျ) :P

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

လှလှပပ ချစ်စရာ ချည်ထည်များ(ဒါလေးတွေလည်း ဝယ်ဖို့ စာရင်းတို့ထားတယ်) :P

အတူသွားတဲ့ ညီမတော်ကတော့ ချက်ခြင်းဘဲ ဆင်မြန်းပါတော့တယ်။ 



Image Hosted by PicturePush - Photo Sharing
အင်းလေးထဲမှာ ဝယ်ရတာ သိပ်အားမရတဲ့ ကျွန်မတို့ဟာ နောက်တစ်နေ့မနက်မှာ တောင်ကြီးဈေးထဲကို ပတ်ပြန်ပါတယ်။ ဈေးထဲမှာလည်း အင်းထဲက ချည်ထည်များကို ရောင်းချနေတာ တွေ့ရပြန်ပါတယ်။ 


Image Hosted by PicturePush - Photo Sharing
တောင်ကြီးဈေးထဲက ချည်ထည်များ

Image Hosted by PicturePush - Photo Sharing
ယောက်ျားဝတ်တွေ ထင်ပါရဲ့(ဆိုင်ရှင်လေးကလည်း အသားဖြူဖြူ ချောချော ချစ်စရာ ရှမ်းမလေးရယ်) :P
ဆိုင်လိပ်စာ တွေ့တယ်နော်း)


Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing
ဒီချည်ထမိန်လေးတွေများဆို အသားလည်း ကောင်းတယ်။ အဆင်လည်းမဆိုးဘူး ။ ဖောက်သည်ဈေးကိုမှ တစ်ထည်ကို ထောင့်ငါးရာလောက်နဲ့ ရပါတယ်တဲ့။ 


Image Hosted by PicturePush - Photo Sharing

ကြည့်လေ.. အဆင်လေးကလည်း လှတယ်။ 

Image Hosted by PicturePush - Photo Sharing
 ယဉ်လဲယဉ်တယ်။


Image Hosted by PicturePush - Photo Sharing
သူက ပတ်ထမီ.. ခြူလေးတွေပါတော့ လှမ်းလျှောက်တိုင်း အသံလေးတွေ လွင်လွင်မြည်နေတတ်တယ်။ ပျော်စရာကြီး :P
 

Image Hosted by PicturePush - Photo Sharing

အပြင်ဘက် ဆိုင်တစ်ချို့ကတော့ ရိုးရာချည်ထည်ရော ဟိုဘက်က လာတဲ့ အထည်တွေရော။ 

လှလည်းလှပြီး အရောင်အသွေးလည်းစုံ၊ အဆင်ဒီဇိုင်းများလည်း ဆန်းသစ်လှပခေတ်မှီတဲ့ ပြည်တွင်းဖြစ်  ချည်ထည်လေး များဟာ ရာသီဥတုနဲ့လည်း ကိုက်ညီပြီး ဈေးလည်း ချိုသာတာကြောင့် လူတိုင်း နှစ်သက်စွာ ဝတ်ဆင်သင်တဲ့ အဝတ်အထည်များ ဖြစ်ပါတယ်လို့ ပြောကြားရင်း ဒီပိုစ့်လေးကို ဒီမှာရပ်ပါတယ်ရှင်။ ဒီရက်ပိုင်း စာအများကြီး မရေးဖြစ်သေးတာနဲ့ ပုံတွေများများပါတဲ့ ဒီပိုစ့်ကို ရေးဖြစ်ပါတယ်။ 


အားလုံးသော မိတ်ဆွေများ ကြည်လင်အေးချမ်းသော နေ့ရက်များဖြစ်ကြပါစေရှင်။ 



21 Responses to “အင်းလေးရိုးရာ ချည်ထည်များ”

aungnyc said...

ရောင်စုံ ရှမ်း အင်္ကျီ တွေ ထမိန်တွေ တော် တော် လှ တယ်..ဒီဇိုင်း လည်း စုံ တော့ တော် တော် လေး ကြည့် ကောင်းတယ်.. ။ ရှမ်း မလေး တွေ ၀တ် ရင် ပို ကြည့် ကောင်း တယ်။
အင်း ထဲက ဆိုင် ရှင် တွေ က အမှတ် တရ ဆိုင် ဖွင့် ပြီး ကမ္ဘာ လှည့် ခရီး သွား တွေ ဆီ ဒေါ် လာ ရ ကြ တာ။
ဓါတ်ပုံ တွေ ကောင်း တာ အထူး ပြော စရာ မလိုတော့ ဘူး။ ရိုက် လည်း ရိုက် နိုင်တယ်။ ကြည့် တဲ့ လူ တနေ့ တမျိုး မရိုး ရ ဘူး။
အား ပေး လျှက် ပါ။

လှတယ်နော်အစ်မ.. ။ အင်းလေးကို လွမ်းတယ်.။ တောင်ကြီးကိုလည်းလွမ်းတယ်. ။ တစ်ချိန်တုန်းကတောင်ကြီးသူကိုလည်း ( ပေါက်စ မသိအောင် တိတ်တိတ်လေး) ရုတ်တရတ်သတိရတယ်.။

Anonymous said...

ပို့စ်ဖတ်ပြီး ဝတ်ချင်စိတ်ဖြစ်လာပီနော်
း)
အင်းလေးမရောက်ဖူးသေးဝူး

မောင်ဘကြိုင်

Anonymous said...

Thanks for the photos. I love all the clothing. It makes me want to go back.
WD

ချောရေ...
အစ်မ အင်းလေးရောက်တုန်းကလည်း အဲလိုပဲ။ ချည်လုံချည်လေးတွေ သဘောကျလိုက်တာလေ။
ဟိုဟာလည်း ၀ယ်ချင် ဒီဟာလည်း ၀ယ်ချင်နဲ့....။ နောက်ဆုံးတော့ ၅ထည်လောက်နဲ့ သံယောဇဉ် မနည်းဖြတ်ခဲ့ရတယ်း))) အနီဝမ်းဆက်လေးနဲ့ မော်ဒယ်ကလည်း ချစ်စရာလေးး)

မျက်စိရှော့ပင်းလုပ်သွားတယ်.. မချောရေ..း))... ဒီအတွက် လက်ဆောင်ကောဝယ်လာလား.. :P

ခင်မင်လျက်
နေ၀သန်

သတိုး said...

ချည်ထည်ဆို ပင်နီပဲ ထင်ထားတာ။ အရောင်စုံ၊ ဒီဇိုင်းစုံပဲဗျ..။ လှမှလှ...။ အင်းလေးကို ရောက်ဖူးချင်သွားပြီ။
ခင်မင်သော သတိုး

အင်းလေးကို မရောက်တာနှစ်ပေါင်းမနည်းတော့
ဒီပို့လေးကို ကြည့်ရင်း တော်တော်လွမ်းမိသား
ပို့စ်လေးအတွက် ကျေးကျေးပါ

ဘလော့ဂ်ဂါပီပီ ဓါတ်ပုံတွေ ရိုက်လည်းရိုက်နိုင်တယ်.. အစ်မ စိတ်ရှည်လက်ရှည် ရိုက်ခဲ့လို့လဲ ညီမတို့တွေ ငမ်းရတာ.. :D ဓါတ်ပုံရိုက်လိုက်.. ချည်ထည်ရွေးလိုက်နဲ့ မချောတစ်ယောက် ဘယ်လောက်တောင် အလုပ်ရှုပ်သွားမလဲနော်.. :)

Anonymous said...

လှလိုက်တာနော်။
ကိုယ်လည်းရှမ်းပြည်သွားရင်ဈေးတွေအကုန်သွားတာဘဲ။
အင်းထဲမှာတော်တော်ပိုက်ဆံကုန်တယ်။မ၀ယ်ဘဲကိုမနေနိုင်ဘူး။
အမဲရောင်လေးလှတယ်။ ချောနဲ့ တော့အကုန်လိုက်ပါတယ်။
အိုင်အိရာ

maylay said...

ချည်ထည်တွေ ဝင်ငေးသွားတယ်ချောရေ။ ချည်ထည်ဆို ကြိုက်လွန်းလို့လေ။ ဒီဘက်ကလူတွေကို မှာရတာ ခဏခဏပဲ။ ဈေးကြီးလို့ မှာ,မရဘူး။ ဆိုင်တွေမှာလည်း သိပ်မတွေ့ဘူးလေ။ ခု ချောကျေးဇူးနဲ့ ချည်ထည်တွေကို အလွမ်းပြေ ငမ်းသွားတယ်။ ချည်ထည်တွေက ခုလိုရာသီနဲ့ရော တခြားရာသီအတွက်ပါ ထိန်းညှိပေးတဲ့ အဝတ်အစားလေ။ သိပ်ကောင်းတာ။ ငေးခွင့်ရအောင် တင်ပေးထားလို့ ကျေးဇူးတင်ပါတယ်ဗျို့

ချစ်တဲ့ မေလေး

Anonymous said...

အဲ့လိုချည်ထည်လေးတွေအရမ်းသဘောကျတာဘဲ
အရောင်အသွေး ဒီဇိုင်းတွေကလဲစုံလို့
ဈေးလဲတန်တယ်နော်
အင်း... အင်းလေးကိုသွားလည်အုံးမှ..း)
ပုံလေးတွေဝေဝေဆာဆာတင်ပေးတဲ့အတွက်ကျေးဇူးနော်မမ

Anonymous said...

နီနီလေးက ဘယ်တူလည်း
...ဘယ်ကလည်းး)
ချစ်စရာလေးပါ့လား အမတော်နဲ့
သူလားကိုယ်လားဘဲ :D
ချည်ထည်ဆို ကြိုက်တယ်အစ်မ
အသားလည်းအေးတယ်
ချည်ထဘီဆိုလည်း ၀တ်ရတာမြဲတယ်လေ
ညီမ သွားမိရင်တော့ ပါသမျှကုန်မှား)


ချစ်ခင်လျှက်
မိစံ

Nyi Linn Thit said...

ဒီဖက် နှစ်ပိုင်းတွေမှာ အင်းထဲက ချည်ထည်ဆိုင်တွေ တော်တော့်ကို ခေတ်မီလာတာ တွေ့ရတယ်၊ ဒီဇိုင်း၊ အရောင်၊ ပိတ်စ အဖက်ဖက်ကနေ တိုးတက်လာတယ်၊ ချည်ထည်ဆိုရင် အဲဒီ ရွှေဟင်္သာနဲ့ ရွှေခြင်္သေ့ နှစ်ဆိုင်က နာမည်ကြီး ပါတယ်၊ အခုကော ဒီလိုပဲလားတော့ မသိဘူး၊ အင်းပေါခုံ မနန်းမြဦး ဆိုင်က ပိုးထည်တွေ ဖက်ကော.. မချော ရောက်ခဲ့သေးလား?

2004 ကနောက်ဆုံရောက်ဖြစ်တယ် အင်းလေးကို အင်းပေါ့ခုန်က အဖွားရဲ့ရွာလေ
အရင်ကတော့ကျောင်းပိတ်တိုင်းသွားတယ်
ခုတော့လွမ်းမိပါတယ်

blackroze said...

မကြီးချောရေ
ချည်ထည်လေးတွေအကုန်ကြိုက်တယ်..
ပစ်ပစ်သာသွားလို့ကတော့
အကုန်ဝယ်မိမှာဘဲ..

လှလိုက်တဲ့ အင်းထည်တွေ
အနီလေး..အနက်လေး..အစိမ်းလေး.. ခရမ်းလေး အားလုံးလှမှလှ...။
မော်ဒယ်ညီမလေးက အလှဆုံးပါလို့...။

မမရေ
အရမ်းလှတာပဲ
ချည်ထည်တွေက
လိုချင်လိုက်တာ............။

jr.lwinoo said...

ချောရေ..
အကုန်လုံးကြိုက်တယ် ..

ဒီပို့စ်လေးနဲ့ ပုံလေးတွေကြည့်ပြီး ဘာမဆိုင် ညာမဆိုင် ငယ်ငယ်က ရောင်စုံပြီလား ဆော့တာ သွားသတိရတယ်။ အရောင်ကိုစုံလို့ ...း)))

khin yamone said...

အရမ်းကိုလိုချင်စရာကောင်းလိုက်တာ..
ခုလိုမြင်ရတွေ့ရတာ ချောကိုကျေးဇူးတင်လိုက်တာ..

san htun said...

လှလိုက်တာ မချောရေ..မဝယ်ဘဲ နေမှာ မဟုတ်ဘူး..သေချာတယ်...