စွယ်တော်ပန်းသုပ် စားရအောင်...

နှစ်လွှာပေါင်းမှ တစ်ရွက်ဆိုပြီး ငယ်ငယ်တုန်းက စွယ်တော်ရွက်လေးတွေကို လက်ဆောင်လေးတွေရပြီး စာအုပ်ကြားထဲ အလှသိမ်းထားတာတွေ လုပ်ခဲ့ကြဖူးမယ် ထင်ပါတယ်နော်။  :P စွယ်တော်ရွက်လေးတွေဟာ အသည်းနှလုံးရဲ့ သင်္ကေတမို့ ချစ်စရာကောင်းသလို၊ စွယ်တော်ရွက်နုလေးတွေနဲ့ ပန်းကလေးတွေကလည်း စားလို့ကောင်းပါတယ်။  တစ်ချို့တော့ ကြားဖူးကောင်းကြားဖူးပါလိမ့်မယ်။ တစ်ချို့သော အရပ်တွေမှာတော့ စွယ်တော်ရွက်နုလေးတွေနဲ့ အပွင့်ကို ဟင်းလုပ်စားလို့ ရတယ်ဆိုတာကိုပါ။ ဒါကြောင့် ဒီတစ်ပတ် စားသောက်ဖွယ်ရာ အကြောင်းမှာ စွယ်တော်ပန်းပွင့်သုပ်နည်းကို ဖော်ပြချင်ပါတယ်။ စွယ်တော်ပန်းကို ထူးထူးဆန်းဆန်းလုပ်ပြီး သုပ်စားတာ မဟုတ်ရပါ။ ရှမ်းပြည် မြောက်ပိုင်းဖက်မှာတော့ စွယ်တော်ပန်းတွေ ပွင့်တဲ့ ခုလို ရာသီမျိုးမှာ တောတောင်တွေမှာ ပွင့်ဝေနေတဲ့ စွယ်တော်ပန်းတွေ ကို ပြုတ်ပြီး ဈေးတွေ မှာ ရောင်းချတတ်ပါတယ်။ အဲဒီပြုတ်ပြီးသားကို သုပ်စားကြတာ၊ သုပ်ရောင်းကြ ပါတယ်။ ဒါကြောင့်လည်း ရှမ်းပြည်နယ်မှာ စားခဲ့ရတဲ့ စွယ်တော်ပွင့် သုပ်နည်းကလေး ကို ဖော်ပြ ပါမယ်နော်။ 

Image Hosted by PicturePush - Photo Sharing

စွယ်တော်ပန်းသုပ်


ပြုတ်ထားတဲ့ စွယ်တော်ပန်းတွေပါ။ စွယ်တော်ပွင့်တွေဟာ ပြုတ်လိုက်ရင် အရောင်တွေ ကျွတ်ကုန်ပါတယ်။

Image Hosted by PicturePush - Photo Sharing
တကယ်လို့များ ဈေးက ဝယ်လာတဲ့ စွယ်တော်ပွင့်တော်ဆိုရင် မိမိအိမ်မှာ တစ်ခါထပ်ပြီး ရေနွေးဆူဆူနဲ့ ခဏလောက် ပြန်ပြုတ်ပြီး ရေအေးမှာ စိမ်ထားလိုက်ပါတယ်။

Image Hosted by PicturePush - Photo Sharing

ပြုတ်ထားတဲ့ အပွင့်တွေကို ဓါးလေးနဲ့ သင့်သင့်သလို လှီးဖြတ်ပြီး မြေပဲဆန်၊ ပုဇွန်ခြောက်မှုန့်၊ ဆီကျက်၊ ဆား၊ အရသာမှုန့် စသည်တို့ထည့်ပြီး သုပ်ရုံပါဘဲ။ 

Image Hosted by PicturePush - Photo Sharing
 အဆာပလာ စုံရင် နယ်လိုက်လို့ရပါပြီ။

Image Hosted by PicturePush - Photo Sharing
အပေါ်ကနေ ကြက်သွန်ကြော်လည်း ဖြူးလိုက်ရင် စားချင်စဖွယ် စွယ်တော်ပန်းသုပ် အဆိမ့်သုပ်ရပါပြီ။ 

Image Hosted by PicturePush - Photo Sharing
 စွယ်တော်ပန်းသုပ် ဆိမ့်ဆိမ့်လေး

စွယ်တော်ပန်းကိုဘဲ နောက်ထပ် နည်းတစ်မျိုးနဲ့ သုပ်တာကို ဖော်ပြချင်ပါသေးတယ်။ အဲဒီနည်းကတော့ ငယ်ငယ်ကတည်းက အိမ်မှာ ကျွန်မတို့အမေက သုပ်ကျွေးလေ့ရှိခဲ့တဲ့ နည်းဖြစ်ပါတယ်။ အလွယ်ကတော့ ရှမ်းသုပ်လို့ ခေါ်နိုင်ပါတယ်။ အဲဒါက ငပိကိုချက်ပြီး သုပ်တာ ဖြစ်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing

 စွယ်တော်ပန်းတွေကို သုပ်ဖို့ ကြက်သွန်နီ ငရုပ်သီးစိမ်းတို့ထည့်ထားပါတယ်။ 

Image Hosted by PicturePush - Photo Sharing
ခရမ်းချဉ်သီး ၂လုံးလောက်ကို အနေတော်လှီးထားပါတယ်။ 

Image Hosted by PicturePush - Photo Sharing

ဒါက ငပိချက် အလွယ်ချက်နည်းပါ။ အိုးထဲကို ရေအနည်းငယ်ထည့်၊ ဆီအနည်းငယ်( ပါလေကာ)ထည့်၊ ပုဇွန်ခြောက်ထည့်၊ ငပိနည်းနည်း ထည့်ပါတယ်။

Image Hosted by PicturePush - Photo Sharing

အိုးဆူရင် ခရမ်းချဉ်သီးများကို ထည့်လိုက်ပါတယ်။ ဒီနေရာမှာ အိမ်မှာတော့ ခရမ်းချဉ်သီးအစား ကျွန်မတို့ ကချင်ပြည်နယ်မှာ သုံးလေ့ရှိတဲ့ မျှစ်တို့ခြောက် (မျှစ်ချဉ်ကို သေးသေးပါးပါးရှည်ရှည်လှီးပြီး အခြောက်လှမ်းထားတာ) ကို ထည့်ပါတယ်။  သို့ပေမဲ့ မျှစ်တို့ခြောက်ကို လူတော်တော်များများက သိပ် မသိကြတာကြောင့် ခရမ်းချဉ်သီးကို သုံးထားတာပါ။

Image Hosted by PicturePush - Photo Sharing
ရေခမ်းပြီး အရည်နည်းနည်းသာ ကျန်ရင် ချလို့ရပါပြီ

Image Hosted by PicturePush - Photo Sharing
ခရမ်းချဉ်သီး ငပိချက် ထားတာကို စွယ်တော်ပန်းပွင့်ထဲ ထည့်လိုက်ပါတယ်။ ထို့နောက် ဆား၊ အရသာမှုန့် စသည်တို့ထည့်ပြီး နယ်လို့ရပါပြီ

Image Hosted by PicturePush - Photo Sharing


ခရမ်းချဉ်သီးနဲ့ ငရုပ်သီးတို့ကြောင့် အချဉ်နဲ့ အစပ်အရသာ ဖြစ်တဲ့ စွယ်တော်ပန်းသုပ်ပါ





နံနံပင် နှစ်သက်ရင် နံနံပင်ထည့်ပြီး စားလို့ရပါတယ်။ 


စွယ်တော်ရွက်ဟင်းချို 


စွယ်တော်ရွက်ကို ဟင်းချိုချက်ကြသလို တစ်ချို့ကလည်း ကြော်စားတတ်ကြပါတယ်။ တစ်လက်စတည်းမှာ စွယ်တော်ရွက်နုကို ဟင်းချိုချက်စားတဲ့နည်းကို ဖော်ပြချင်ပါသေးတယ်နော်။ အဲဒီဟင်းချိုချက်နည်းကလည်း ရှမ်းပြည်မှာ စားခဲ့ရတဲ့ချက်နည်းဖြစ်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing

စွယ်တော်ရွက်နုများ

Image Hosted by PicturePush - Photo Sharing
စွယ်တော်ရွက် ဟင်းချို ချက်ဖို့ လိုအပ်တာတွေပါ။ ပဲပုတ် အနည်းငယ်၊ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ၊ ငရုပ်သီး

Image Hosted by PicturePush - Photo Sharing
 ဟင်းအိုးတည်ပါတယ်။ ရေထည့်ပြီး ဆား၊ ကြက်သွန်ဖြူ၊နီ၊ ပဲပုတ်ကို ခြေထည့်ပါတယ်။ ဆီအနည်းငယ်ထည့်ပါတယ်။


Image Hosted by PicturePush - Photo Sharing
 ဟင်းအိုးဆူရင် စွယ်တော်ရွက်နဲ့ အခြား မိမိနှစ်သက်ရာ အရွက်များကို ခပ်လိုက်ပါတယ်။ ငရုပ်သီးထည့်လိုက်ပါတယ်။ ဆား၊ အရသာမှုန့်များ သင့်တော်သလို ထည့်နိုင်ပါတယ်။


Image Hosted by PicturePush - Photo Sharing
ဟင်းချို ပူပူလေးနဲ့ ထမင်းစားနိုင်ပါပြီ။ 

နောက်တစ်ကြိမ်မှာတော့ စွယ်တော်ရွက်၊ ဆူးပုတ်၊ ရွှေဖရုံရွက်၊ မှိုထည့်ပြီး ချက်စားဖြစ်တဲ့ ဟင်းချိုပါ။ 
ဒီဟင်းချိုလေး သောက်မိတိုင်း ရှူးရှူးရှဲရှဲနဲ့ ထမင်းအလွန်မြိန်တာမို့ ချိုပေစွ ဟင်းချို ဆိုတဲ့ကဗျာလေးကို အမြဲအမှတ်ရမိပါတယ်။ 


မိမိပတ်ဝန်းကျင်မှာ ရှိတဲ့ အရွက်၊ အသီးအပွင့်တို့ကိုလည်း လုပ်စားတတ်မယ်ဆိုရင် မြိန်ရာဟင်းကောင်း တစ်ခွက် ဖြစ်နိုင်ပါကြောင်း ပြောကြားရင် စွယ်တော်ပန်း ဋီကာကို နိဂုံးချုပ်ပါပြီနော်။ ဒီရက်ပိုင်း အလုပ် အလွန်များတာကြောင့် စာတွေ အများကြီးရေးဖို့နဲ့၊ ချစ်သော မိတ်ဆွေများရဲ့ ဘလောဂ့်အိမ်တွေကို အလည်ရောက်ဖို့ ပျက်ကွက်နေပါတယ်။ ခွင့်လွှတ်ပေးကြပါလို့နော်။ 


အားလုံး အတွက် ပျော်ရွှင်ဖွယ် အားလပ်ရက် ဖြစ်ကြပါစေရှင်..




26 Responses to “စွယ်တော်ပန်းသုပ် စားရအောင်...”

စွယ်တော်ရွက်နုဟင်းချိုတော့သောက်ဖူးတယ်အစ်မ..။ အဲဒီလို အပွင့်လေး သုတ်ထားတာတော့မစားဖူးဘူး.။ အောက်က အစပ်သုတ်လေး စားချင်တယ်.။း).။မြန်မာပြည်ပြန်ရောက်မှ သုပ်ကျွေးခိုင်းဦးမယ်.။

ကိုကိုမောင်(ပန်းရနံ့) said...

အခုမှ စွယ်တော်ရွက်၊ စွယ်တော်ပွင့်တွေ ဟင်းလုပ်စားလို့ရမှန်း သိတယ်။ ဒီလိုမှန်းသိရင် မြန်မာမှာ ရှိစဉ်က ခြံဝင်းထဲ အများကြီးဘဲ စွယ်တော်ပင်တွေ။ ဟင်းလုပ်စားရကောင်းမှန်း မသိခဲ့ဘူး။ မြန်မာပြည် ပြန်ရောက်ရင်တော့ အမချော နည်းလေးတွေသုံးပြီး ဟင်းလုပ်စားကြည့်ဦးမှဘဲ။

shwesin said...

စွယ်တော်ပန်းကိုစားရလို့ရမှန်းအခုမှသိတာ
အားပေးသွားတယ်အမရေ

စွယ်တော်ပန်းသုပ်လေးစားသွားပါတယ်

မမချော......

အဲ့လို စားလို့ရမယ်မှန်း အသိဘူး။
စားလို့ကောင်းလိုက်မယ့်ဖြစ်ချင်း
မြင်ရုံနဲ့တင်
ဂလု...
......ဂလု..း))))

မမချော......

အဲ့လို စားလို့ရမယ်မှန်း အသိဘူး။
စားလို့ကောင်းလိုက်မယ့်ဖြစ်ချင်း
မြင်ရုံနဲ့တင်
ဂလု...
......ဂလု..း))))

စွယ်တော်ရွက်ဆိုရင် စာအုပ်ကြားထဲပဲ ညှပ်သိမ်းထားဘူးတာ..။
အဲ့လို စားလို့ရမှန်း အခုမှ သိတယ်ချောရေ...
တစ်ရက်လောက် လုပ်ကျွေးပါလားဟင်... :)

Anonymous said...

စွယ်တော်ရွက်ဟင်းချိုကကိုယ့်အသည်းစွဲဘဲ။
အပွင့်သုပ်တော့မစားဘူးဘူးထင်တယ်။
အပွင့်သုပ်မှန်သမျှအကုန်ကြိုက်ပြီးသားဆိုတော့ကြိုက်မှာသေချာတယ်။
ချောသုပ်ထားတာလေးကစွဲဆောင်မှုရှိလိုက်တာ။
အိုင်အိုရာ

YL said...

မင်္ဂလာပါ...

သီချင်းတွေလာ နားထောင်ကြပါဦးခင်ဗျာ....

Myanmar Online Music: MyanmarOnlineMusic.Com

အားလုံးကိုဖိတ်ခေါ်ပါတယ်..

ကျေးဇူးပါ...

ဆွေလေးမွန် said...

တစ်ခါမှ စွယ်တော်ရွက် ဟင်းချိုနဲ့ စွယ်တော်ပန်းသုပ် မစားဖူး ခရမ်ချဉ်သီးနဲ့ သုပ်တဲ့ ချဉ်ချဉ်စပ်စပ်လေးကို ပိုသဘောကျတယ်..

အပွင့်ကိုသုပ်တာ မစားဖူးသေးဘူး
အရွက်ကိုတော့တောင်ကြီးမှာအမြဲဟင်းချိုချက်သောက်ဖြစ်တယ်ဒါကြောင့် အုပ်လေးစားသွားပါတယ်ချောရေ

Anonymous said...

စွယ်တော်ရွက်နဲ့ အပွင့်က စားလို့ရမှန်း ခုမှဘဲသိတယ်
လုပ်ထားတာစားချင်စရာလေးတွေ

johnmoeeain said...

i wanna eat :D

မှတ်မိသေးတယ်....။
ငယ်ငယ်တုန်းက ကျွန်တော်တို့မြို့လေးကို ကျွန်းတောအုပ်နဲ့ဖြစ်ရမယ်တဲ့...။ နောက်တော့....
စွယ်တော် မြို့တော်ဆိုပြီး စွယ်တော်တွေ စိုက်လိုက်တာ...။
နောက်ဆုံးတော့ စွယ်တော်တွေကို ခုတ်ပြီး.. ဆီထွက်တယ်ဆိုတဲ့ အပင်တွေ စိုက်ပါရောလား..။
စွယ်တော်ပင်ဆိုတာနဲ့ ဒီအတွေးက ၀င်ဝင်လာတယ်.. မချောရာ.. :P

သြော်.. စွယ်တော်နဲ့သူများတွေ romantic ဆန်ဆန်လေးပြောချိန်မှာ ကျွန်တော်တို့မချောက စားဖို့ချောင်းနေတာကိုး.. :P.. အခုမှ ကြားဖူးတယ်.. စားလို့ရမှန်း..း))

ခင်မင်လျက်
နေ၀သန်

Z@! said...

အဲ့ဒီလို တောစာတောင်စာတွေကို အရမ်းကြိုက်တယ်ဗျာ.. အခုလို အမှတ်တရ တင်ပေးတဲ့ မချောကို ကျေးဇူးတင်ပါတယ်..
ပုံလေးနဲ့ပဲ ဖြေသိမ့်သွားပါတယ်.. :)

Z@! said...

ဟန်ဂါဂိမ်းကို ကြည့်ချင်နေတာ.. တေလာဆွဖ်ရဲ့ အမ်တီဗီ ထွက်ကတည်းက ဘာကားဖြစ်မလဲဆိုပြီး စိတ်ဝင်စားနေတာ.. မြန်မာပြည်မှာတင်မှ သွားကြည့်ဦးမယ်..

ဟို အ နှစ်လုံးနဲ့ အဆိုတော်က ပါချီပါချဲ့ပါ.. ကေပေါ့ပ်လိုလို တရုတ်လိုလိုနဲ့ သူ့သီချင်းတွေကို နားကို မထောင်ဖူးဘူး.. ကန်ဒီပြောလိုက်တော့ ပိုပြီး နားမထောင်ချင်တော့ဘူး.. အနုပညာအရည်အသွေး တက်အောင်တော့ မကြိုးစားကြဘူး.. မဟုတ်တာတွေတော့ လိုက်တု နေကြတယ်.. ဒီလိုလူမျိုးတွေ များလာရင် မြန်မာအဆိုတော်စစ်စစ်ဆိုတာ ပြတိုက်ထဲမှာ သွားကြည့်ရမယ်

မကြီးချောရေ
စွယ်တော်ရွက်နဲ့စွယ်တော်ပွင့်တွေကို
ဟင်းချက်စားလို့ရမှန်းခုမှသိတော့တယ်..
တခါမှလည်းမစားဖူးဘူး

တစ်ခါမှမစားဘူးဘူး ပြန်ရောက်မှ လုပ်စားကြည့်တော့မယ် မကြီးချောရေ......ကောင်းမဲ့ပုံဘဲ.....ကျေးဇူးပါ

Nyi Linn Thit said...

မချောဆီမှာ ဒီလိုမျိုး ထူးထူးဆန်းဆန်း ဟင်းတွေလည်း တွေ့ရတာ မိုက်တယ်..၊ အမေသုပ်လေ့ ရှိတယ်ဆိုတဲ့ စွယ်တော်ပွင့် အချဉ်၊ အစပ်သုပ်ကို သွားရည် ကျသွားတယ်ဗျ..၊

စွယ်တော်ရွက်ကို ဟင်းချိုချက်သောက်လို့ ရတာ အခုတော့ သိသွားပြီ၊ ဆယ်တန်းတုန်းက စာအုပ်တွေ ကြားထဲမှာ ညှပ်ထားခဲ့တဲ့ စွယ်တော်ရွက်တွေ ပြန်လိုက် ရှာဦးမှပါ...။း)

ဟင်းချို ကြိုက်တဲ.သူဆိုတော. ဟင်းချိုနှစ်ခွက်ကိုကြည်.ပီး ဂလုသွားတယ်။
ခုညစာမစားရသေးခင် ကြည်.မိလိုက်တာ ပိုဆာသွားပီ။
တစ်ခါမှမစားဖူးဘူး။ အဲလိုစားရမှန်းခုမှသိရတာ။
မချော ကျေးဇူးပါနော်။

Anonymous said...

စွယ်တော်ပန်းနဲ့ အရွက်ကို
အဲ့လို လုပ်စားလို့ ၇တယ်ဆိုတာ
ခုမှ ကြားဖူးတယ် ..
ပုံတွေ ကြည့်ပြီး အသုပ်တွေ စားချင်တယ် ..း))
ဟင်းချိုကလည်း ဆောင်းတွင်းမှာ
ရာသီဥတု အေးအေးနဲ့ သောက်မယ်ဆိုရင် ရှယ်ပဲ ..း))

ခင်မင်လျှက်
ဆောင်းနှင်းရွက်

မချောရေ..
ထူးဆန်းတာာ စားချင်ရင် မချောဆီသွားလို့ ညွန်ရမလိုး) ဟိ
အိမ်မက်တော့ တခါမှ မစားဖူးဘူး..ရယ်
စားကောင်းမယ့် ပုံပဲနော်..

jr.lwinoo said...

စွယ်တော်ဆို အဖြူရောင်ပဲသိတာ။
သုတ်စားလို့ရမှန်းလဲ ခုမှသိတယ်ရော ..း)

MMM said...

i miss these food. Mom used Swai taw phu (flower bud) in stead of flowers. For the soup, she made more sort for main-land style, with dried shrimp and some garlic in there..

ဟန်ကြည် said...

ဒေါ်ချောပြောမှပဲ အနှီဟာတွေ စားလို့ရမှန်း သိတော့တာပဲ...ဦးဟန်ကြည်တို့ အညာသားတွေကျတော့လည်း စားဖူးနေကျလေးတွေပဲ လှည့်ပတ်ချက်စား သုပ်စားဖြစ်တာကလား...ထူးထူးဆန်းဆန်းများဆိုရင် လျှာပေါ်တင်ရမှာကိုက ခပ်ရွံ့ရွံ့ရယ်...

တစ်ခါလောက်မှ ဒေါ်ချောရဲ့ ထူးခြားဆန်းပြား စားဖွယ်များကို အိမ်ရှင်မကို ပြပြီး ချက်ကြွေးခိုင်းရမယ်...

san htun said...

စွယ်တော်ပန်းသုပ်၊ ဟင်းချို ခုမှ ကြားဖူးတယ်..စားကောင်းမယ့်ပုံ...