ငါးချဉ်စော်ခါးသီးပေါင်း

ဒီတစ်ပတ် အစားအသောက် ကဏ္ဍအတွက် ဟင်းချက်စရာဖော်ပြချင်တာက ငါးချဉ်စော်ခါးသီးပေါင်း ဖြစ်ပါတယ်။ ငါးကို ချဉ်စော်ခါးသီးနဲ့ ချဉ်ချဉ်စပ်စပ်လေး ဖြစ်အောင် ဘယ်လိုများ ပေါင်းမလဲ ဆိုရင်ဖြင့်

Image Hosted by PicturePush - Photo Sharing

မိမိအိမ်ရှိ စားမဲ့လူဦးရေအလိုက် ငါးအနေတော်ကို တစ်ကောင် (သို့မဟုတ်) တစ်ပိုင်းကို ဆား၊ အရသာမှုန့်တို့ဖြင့် နယ်ပြီး ထားထားလိုက်ပါတယ်။

Image Hosted by PicturePush - Photo Sharing

ငါးကို ချဉ်စော်ခါးသီးနဲ့ ပေါင်းဖို့အတွက် ချဉ်စော်ခါးသီး၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုပ်သီးတို့ကို လိုအပ်ပါတယ်။

Image Hosted by PicturePush - Photo Sharing
ချဉ်စော်ခါးသီး၊ သုံးပုံတစ်ပုံ၊ ငရုပ်သီး၊ ကြက်သွန်ဖြူ၊ ဂျင်း၊ နံနံတို့ကို ခုလို တောက်တောက် စင်းထားပါတယ်။ အစပ်ကြိုက်ရင် ငရုပ်သီးများများထည့်နိုင်ပါတယ်။

Image Hosted by PicturePush - Photo Sharing
အပေါ်ကချဉ်စော်ခါးသီး၊ ငရုပ်သီးတို့ဖြင့် ငါးကို နှံ့အောင် နယ်ထားပါတယ်။ အဆာပလာ များပါက ငါးဗိုက်ထဲသို့လည်း သွပ်ထည့်ပေးပါတယ်။ ဆား၊ ငံပြာရည် ၊ အရသာမှုန့်များ အသားထဲထိ ရောက်ဖို့ အရသာ ခပ်လေးလေးဖြစ်စေရန် သတိပြုပါ။
Image Hosted by PicturePush - Photo Sharing

အဆင်သင့်ဖြစ်နေသော ငါးကို ပေါင်းအိုး၊ ရေနွေးငွေ့ တို့ဖြင့် မိနစ် ၂၀ခန့် တစ်ဖက်စီ လှန်လှောက အကျက်ညီအောင် ပေါင်းပါတယ်။

Image Hosted by PicturePush - Photo Sharing




ထို့နောက်မှာတော့ အရသာအပြည့်နဲ့ ချဉ်ချဉ်စပ်စပ် ငါးချဉ်စော်ခါးသီးပေါင်းရပါပြီရှင်။


အားလုံးအတွက် ပျော်ရွှင်သော အားလပ်ရက်ဖြစ်ပါစေနော်။


Image Hosted by PicturePush - Photo Sharing

14 Responses to “ငါးချဉ်စော်ခါးသီးပေါင်း”

mstint said...

ချောနဲ့ဆုံပြီးမှ ချဉ်စောခါးသီးအကြောင်း သိလာတား) ငါးချဉ်စော်ခါးသီးပေါင်းလေး စားချင်စရာ နည်းပညာလေး ယူသွားပြီ။ ချက်ရမှာလွယ်သားး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

YL said...

မင်္ဂလာပါ...

သီချင်းတွေလာ နားထောင်ကြပါဦးခင်ဗျာ....

Myanmar Online Music: MyanmarOnlineMusic.Com

အားလုံးကိုဖိတ်ခေါ်ပါတယ်..

ကျေးဇူးပါ...

ငါးပေါင်းလေးက စားချင်စရာလေး ။ဗိုက်တောင်ဆာလာပြီ
ကျေးဇူးပါ ပို့စ်လေးအတွက်

အပေါ်ကတစ်ယောက်ရေ
စိတ်ချ လုပ်ကျွေးဦးမှာ ကြိုက်တယ် မလုပ်ဖူးလို့
ခုလိုလေးရေးပြ ချက်ပြတော့အတော်ပဲ
ကြက်သားနဲ့ချက်စားဖူးတယ်
ချဉ်စော်ခါးသီးကိုထောင်းစားလဲကြိုက်တယ် ဒီမှာဈေးကြီးတယ်
တစ်လုံး ၅ ကျပ်တောင်မှ kl မှာပဲဝယ်လို့ရတယ်
မချောရေ----ကျေးကျေး

khin yamone said...

ချဉ်စော်ခါးသီးနဲ့ ငါးပေါင်းကိုတစ်ခါမှမစားဘူးဘူး..
ချဉ်စော်ခါးသီးက သရက်သီးနဲ့ဆင်တယ်နော်..
ချဉ်စော်ခါးသီးကိုရှာဝယ်ကြည့်အုံးမယ်..
အခုတော့ ချောချက်ထားတာကိုပဲစားသွားပါပြီနော်..
ကျေးဇူး
:)

yuki said...

စားချင်စရာလေး..ချဉ်စော်ကားသီးက အခြောက်ပဲစားဖူးတယ်..အသီးကိုခုမှမြင်ဘူးတာ..ဒီမှာက ဝယ်မရဘူး..စောင်းခါးသီးတွေတော့ တွေ့တယ်.အဲ့ဒါနဲ့ချက်လို့ရမလားမသိဘူးနော်..ငါးပေါင်းစားချင်တယ်..

ချဉ်စောခါးသီးနဲ့ပေါင်းတာတော့မစားဘူးဘူး...စားကောင်းမဲ့ပုံဘဲ သရေတောင်ကျလာပြီ....မကြီးချောကတော့ မရိုးအောင်ကို ချက်ကျွေးနေတော့တာဘဲ......ကျေးဇူးပါ...

Anonymous said...

ဗိုက်ဆာတယ်ဗျို့ ..
သိပ်မနှိပ်စက်နဲ့ နော်။
ခရီးတိုလေးသွားနေလို့ စာတွေဖတ်ပြီးမမန့် နိုင်ခဲ့ဘူး။
အမြဲအားပေးနေတယ်နော်။
ချောကကိုယ့်ရဲ့ ဖေးဘရိတ် အသစ်ပေါ်တိုင်းအပြေးဖတ်ဖြစ်ပါတယ်။း))
အိုင်အိုရာ

အဲလိုပေါင်းစားဖို့ ရေချိုငါးတောင်မရှိတဲ့ဘ၀..း((.. အဝေးကပဲ ငမ်းရပါတယ်ဗျာ.. ဂလု..း))

ခင်မင်လျက်
နေ၀သန်

ငါးကြိုက်တယ် အစ်မချော။ (မရောက်ဖြစ်တာ ကြာလို့  မျက်စိတွေ မှောက်နေတယ်) :D

မချောက အခုလို ပြောပြတော့လည်း လွယ်လွယ်လေး လိုပဲ၊ ဒီလို ပို့စ်တွေ ဖတ်ပြီးရင် အိုခေ.. ငါလည်း လုပ်စားမယ် ဆိုတဲ့ စိတ်တွေ အမြဲဖြစ်တယ်ဗျ၊း) ကျေးဇူးပါ မချောရေ..။

တို့ အစ်မချော ဆိုင်ဖွင့်ဖြစ်ရင်
အကြောင်းကြားနော်...
ရှယ်ယာဝင်ချင်လို့ ...
ငါးချဉ်စော်ကလည်း မွှေးလိုက်တာ အရမ်းပဲ...
ထော်ဦး

Cameron said...

ဟင့် အမြဲပဲ သူ့ပို့စ်တက်တဲ့ချိန်နဲ့ ဗိုက်ဆာတဲ့ ချိန် ကွက်တိပဲ....။ ဒါနဲ့ချဉ်စော်ကားသီးထောင်းလေးစားချင်လို့ နက်ဖန် သံဈေးသွားရှာဦးမယ်...။

San Htun said...

စားချင်လိုက်တာ