ချဉ်ချဉ်စပ်စပ် ဆန်တိုဖူး

ဒီတစ်ပတ် အားလပ်ရက်မှာ လုပ်စားဖို့ ကျွန်မတို့ ကချင်ပြည်နယ်မှာ စားတတ်ကြတဲ့ ဆန်တိုဖူးလုပ်နည်းလေးကို မျှဝေချင်ပါတယ်ရှင်။ ဆန်နဲ့လုပ်ထားတဲ့ တိုဖူးဟာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က လူတွေ နှစ်သက်စွာ စားသုံးကြတဲ့ အစားအစာဖြစ်ပေမဲ့ အခြား ပြည်နယ်တွေမှာ မတွေ့ရသလောက်ပါဘဲ။ ဆန်တိုဖူးကို ကချင်ပြည်နယ်ကလူတွေတော့ သိပြီးသားဖြစ်မှာပါနော်။  ပြီးခဲ့တဲ့ တစ်ပတ်က လုပ်စားဖြစ်တဲ့အတွက် အဲဒီ ဆန်တိုဖူးလုပ်နည်းကို အားလုံးလည်း သိအောင် ပြောပြချင်ပါတယ်။ ဆန်တိုဖူးလုပ်နည်းဟာ မုန့်လက်ဆောင်းလုပ်နည်းနဲ့ အတူတူဘဲဖြစ်တာမို့ မုန့်လက်ဆောင်းလုပ်စားစဉ်က လုပ်နည်းကို ပြန်ကူးယူပြီး ဖော်ပြမယ်နော်။

ဆန်တိုဖူး လုပ်ဖို့အတွက် အရေးအကြီးဆုံးအချက်က လုပ်မဲ့ဆန်ဟာ ဆန်မာ ဖြစ်ဖို့လိုပါတယ်။ ဆန်ပျော့ဖြစ်ရင် ဘယ်လိုနည်းနဲ့မှ ဆန်တိုဖူးလုပ်လို့ မရပါဘူး။ မနော်ဟရီလို ဆန်အမာစားမျိုးမှ လုပ်လို့ရတယ်လို့ သိရပါတယ်။ မြန်မာပြည်မှာ ရှိရင်တော့ ဆန်ကို အမှုန့်ကြိတ်စက်ကို ပို့ပြီး ကြိတ်ခိုင်းလို့ ရပေမဲ့ ပြည်ပက လူတွေအတွက်တော့ အမှုန့်ကြိတ်ဖို့ ခက်မယ် ထင်ပါတယ်။ ဒီအတွက် မိမိအိမ်မှာရှိတဲ့ Blender လေးနဲ့ဘဲ အဆင်ပြေအောင် လုပ်နိုင်ပါတယ်။ အဓိကက ဆန်မာရနိုင်အောင် ရှာရမှာဖြစ်ပါတယ်။



Image Hosted by PicturePush - Photo Sharing


ပထမဦးဆုံး မုန့်လက်ဆောင်းဖတ် လုပ်မဲ့ဆန်မာကို ရေစိမ်ထားပါတယ်။ မနက်လုပ်မယ်ဆိုရင် ညကတည်းက စိမ်ထားပြီး မနက်ကျ ဆန်ကို ရေစစ်ထားပါတယ်။ ရေစစ်လို့ ခြောက်ပြီဆိုရင် ဆန်ကို Blender ထဲ နည်းနည်းစီထည့်ပြီး ကြိတ်နိုင်ပါပြီ။ ဆန်ချည်းသက်သက် မကြိတ်ဘဲ ရေနည်းနည်းစီ ရောထည့်ပြီးလည်း ကြိတ်နိုင်ပါတယ်။ ဆန်မှုန့်တွေ ရလာရင် အိုးတစ်လုံးထဲမှာ အရည်ဖျော်ပါတယ်။

Image Hosted by PicturePush - Photo Sharing

ကြိတ်ပြီးဆန်မှုန့်များ 


Image Hosted by PicturePush - Photo Sharing
အရည်ဖျော်ထားသည့်ဆန်မှုန့်

Image Hosted by PicturePush - Photo Sharing

ဆန်မှုန့်ဖျော်ထားတာကို ပိတ်ပါးစ၊ ရေစစ်တစ်ခုခုဖြင့် စစ်ပါတယ်.. ရေစစ်ပေါ်တင်ကျန်နေတဲ့ အဖတ်တွေကို Blender ထဲပြန်ထည့်ပြီး ပြန်ကြိတ်ပါမယ်။
 
Image Hosted by PicturePush - Photo Sharing


ဆန်မှုန့်ကို ရေနဲ့ ဖျော်ပြီးနောက် မီးဖိုပေါ်တင်ပြီး ကျိုပေးပါမယ်။ ဆန်မှုန့်နှစ်ရည်ကို ဆန်တိုဖူးဖြစ်အောင် ခဲသွားဖို့အတွက် ထုံးကိုမဖြစ်မနေ ထည့်ဖို့လိုအပ်ပါတယ် မဟုတ်ရင်  ခဲမှာ မဟုတ်လို့ပါ။ ထုံး လက်တစ်ဆစ်လောက်ကို ရေစိမ်ထားပြီး ဆန်မှုန့်ကျိုတဲ့အခါ တစ်ခါတည်း ထည့်လိုက်ပါတယ်။ မီးဖိုပေါ် တင်ထားတုန်းမှာလည်း အောက်မှာ အနည်ထိုင်ပြီး ခဲမသွားအောင် အဆက်မပြတ် မွှေပေးရပါမယ်။ 


Image Hosted by PicturePush - Photo Sharing


ရေခမ်းစပြုလာရင် မီးနည်းနည်းနဲ့ပျစ်လာအောင် ဆက်တိုက်မွှေပေးရပါမယ်

Image Hosted by PicturePush - Photo Sharing

ရေခမ်းသွားပြီး စေးပျစ်နေတဲ့ အနှစ်များရပါပြီ။
Image Hosted by PicturePush - Photo Sharing

ပျစ်နေတဲ့ ဆန်နှစ်ကို ပန်းကန်ပြား(သို့) လင်ဗန်းတစ်ခုခုထဲထည့်ပြီး အအေးခံထားလိုက်ပါတယ်

Image Hosted by PicturePush - Photo Sharing


အချိန် အနည်းငယ်ကြာရင် ကျောက်ကျောကဲ့သို့ ခဲသွားတဲ့ ဆန်တိုဖူးကို ရပါပြီ။ ဒီဆန်တိုဖူးကို လုပ်စားရမဲ့ အဆာပလာတွေကို အောက်မှာ ဖော်ပြပါမယ်ရှင်..

Image Hosted by PicturePush - Photo Sharing


လိုအပ်တဲ့ အဆာပလာတွေက ကြက်သွန်ဖြူ ဆီချက်၊ ငရုပ်သီးမှုန့်ကြော်၊ ဆီတိုဖူးကို ဆီသတ်ပြီး အရည်လေးနဲ့ ချက်ထားပါတယ်။ ကြက်သွန်ဖြူကို ဓားနဲ့ ရိုက်ပြား၊ တောက်တောက်စင်း၊ နံနံပင်ကို စင်းပြီး ၄င်း ကြက်သွန်ဖြူနဲ့ နံနံပင်ကို ရေနဲ့ ဖျော်ထားပါတယ်။ နောက်ထပ် လိုအပ်တာကတော့ အချဉ်ရည်ဖြစ်ပါတယ်။ ကျွန်မတို့ ကချင်ပြည်နယ်မှာတော့ အချဉ်ရည်ကို မက်လင်သီး (သို့) ချဉ်စော်ခါးသီးအခြောက် ၊ မျှစ်တို့ခြောက် ( မျှစ်အချဉ်ခြောက် ) တို့နဲ့ ပြုလုပ်တတ်ကြပြီး အဲဒါတွေ မရှိရင်တော့ ရှာလကာရည်ကို သုံးနိုင်ပါတယ်။




Image Hosted by PicturePush - Photo Sharing
ခဲနေတဲ့ ဆန်တိုဖူးကို လက်သန်းအရွယ် အချောင်းရှည်လေးတွေ လှီးဖြတ်ပါတယ်။

Image Hosted by PicturePush - Photo Sharing

တစ်ပွဲစာ ပြင်ဆင်ထားတဲ့ ဆန်တိုဖူး

Image Hosted by PicturePush - Photo Sharing
အဆာပလာတွေအားလုံး အဆင်သင့်ပြင်ထားပါပြီ

Image Hosted by PicturePush - Photo Sharing
ဆန်တိုဖူးထဲကို ဆား၊ အရသာမှုန့်၊ ဆီတိုဖူးအရည်၊ ကြက်သွန်ဖြူ နံနံပင်အရည်၊ ဆီချက်၊ ချဉ်ချဉ်စပ်စပ်ကြိုက်ရင် ငရုပ်သီးများများ၊ အချဉ်ရည်များများ ထည့်ပြီးရင် စားသုံးရန် အဆင်သင့်ဖြစ်တဲ့ ဆန်တိုဖူးကို ရပါပြီ။

Image Hosted by PicturePush - Photo Sharing
ချဉ်ချဉ်စပ်စပ် ကြိုက်သူများ အကြိုက်တွေ့မဲ့ ဆန်တိုဖူးဖြစ်ပါတယ်။ အချဉ်အစပ်မကြိုက်ရင် သင့်တင့်တဲ့ ပမာဏသာ ထည့်ပြီး စားသုံးနိုင်ပါတယ်




နယ်ပြီး စားသုံးရန် အသင့် ဆန်တိုဖူး


နိုင်ငံခြားမှာနေထိုင်သူများ ဆီတိုဖူးရှာချင်တယ်ဆိုရင် အင်္ဂလိပ်လို Fermented Bean Curd (သို့မဟုတ်) Preserved Bean Curd (သို့မဟုတ် ) Fermented Tofu လို့ရှာရင် တရုတ်ကလာတဲ့ ဆီတိုဖူးပုလင်းကို ရနိုင်မှာဖြစ်ပါတယ်။

အားလုံးအတွက် ပျော်ရွှင်ဖွယ်အားလပ်ရက်ဖြစ်ပြီး အဆင်ပြေစွာ ချက်ပြုတ်စားသောက်နိုင်ကြပါစေရှင်..




14 Responses to “ချဉ်ချဉ်စပ်စပ် ဆန်တိုဖူး”

ဆန်တိုဖူးတော့ ဘယ်လိုမှ မကြိုက်ဘူး မချောရေ.. လုပ်နည်းအတွက်တော့ ကျေးဇူးပါ..း).. အိမ်မှာ အိမ်ကလူတွေစားရင် ကျွန်တော်က ငတ်နေကျ... အေးအေးကြီးနဲ့ ပေါ့ပေါ့ကြီးကို မကြိုက်တာ.. :D.. တိုဖူးကျတော့ အသေကြိုက်..း)..

ခင်မင်လျက်
နေ၀သန်

မချော... အဲဒီဆန်တိုဖူးက.. ပြင်ဦးလွင်နဲ့ မိုးကုတ်မှာလည်းစားကြတယ်.ခင်ဗျ.။ ကျွန်တော်လည်းကြိုက်တယ်.။ အမေ့ကိုတောင်သတိရလာပြီ.း)

Nyan said...

ဆန်တို့ဟူးကအကြိုက်ဆုံးပဲမချောရေ...မေမေလုပ်ရင်စွန်ထန်ခြောက်ပါရေနွေးစိမ်ထည့်တယ်..ဆန်မာဝယ်လို့ရတယ်..ဆီတို့ဟူးလည်းရှိသေးတယ်..blenderတော့မရှိဘူး

တောင်ကြီးမြို့မဈေးထဲမှာရှိတယ် အရမ်းကိုစားကောင်းတာပဲ
လုပ်စားကြည့်တယ် မဖြစ်ဘူး ဆန်ကလဲ ဆန်မာဆိုတာမသိဘူးလေ
ခုတစ်ခါလောက်ပြန်လုပ်စားဦးမယ် တိုဟူးဝါထက်ပိုပြီး ဆန်တိုဟူးကိုကြိုက်တယ် ချဉ်စော်ခါးသီးဝယ်ထားပြီ
လွင်ပြင်အားတဲ့နေ့လေးမှ ငါးပေါင်းလုပ်စားမယ်
သူလုပ်မယ်ဆိုလို့စောင့်နေတာ
မချောရေ---ကျေးကျေးကမ္ဘာနော်

အောင်မလေး အကြိုက်ဆုံးအစားစာထဲမှာ သူပါတယ်...။ မချောတို့က ဆီတိုဖူးနဲ့စားတာ မီးမီးတို့ ရှမ်းပြည်မှာကျတော့ ပဲပုပ်အနှစ်ရည်နဲ့ထည့်စားတာ...ပြောရင် သရေတောင်ကျချင်လာပီ ရှလွှတ်...။

စားချင်စရာလေး။ ရွှေချောရေ တစ်ခါမှတော့ မစားဘူးဖူး။ တိုဟူးအ၀ါတော့ ကြိုက်တယ်....း)
ဆန်မာရှာဖို့ ခက်တယ် ချောရဲ့...

khin yamone said...

ချောရေ..
တို့ဟူးဆိုသိပ်ကြိုက်တာ..လုပ်စားမယ်..
ထုံး ကိုအရင်ရှာအုံးမယ်..ဆန်မာရှာရလွယ်ပါတယ်..
အခုတော့ ချောချက်ထားတာလေးကိုပဲ အကုန်စားသွားပြီနော်..
ကျေးဇူး
:)

chocomie said...

ကြည့်ရင်းနဲ့ ဗိုက်တောင်ဆာလာပြီ... ဒီတစ်ခေါက် အချိန်ရရင်လုပ်စားကြည့်ဦးမယ် မချော..

မိုက်တယ် မကြီးချောရေ ..... ဆန်တိုဖူးကိုလည်းကြိုက်တယ်...မြေပဲတိုဖူးကိုပိုကြိုက်တယ်...မကြီးချောနည်းသိရင် ပြောပါဦးနော်......

မကြီးရေ အိမ်ပြောင်းပီးတာနဲ့ ဒါကိုလုပ်စားဖြစ်အောင်လုပ်စားမယ် ဟဲဟဲ ဘလန်ဒါရှိတယ်း))

ဂျာရစ်

san htun said...

စားချင်စရာလေးဗျ

စားချင်နေတာ အခုမှ လုပ်နည်းသိတယ် ကျေးဇူး

seng Li kham said...

ဆန်ထိုဖူးလုပ်နည်းလေးယူသွားတယ်..မချောရေ...ကျေးဇူးတင်ပါတယ်...

Anonymous said...

ဆန်မုန့် ၅၀၀ ဂရမ်ဆို ရေဘယ်လောက် ထည့်ရပါသလဲရှင့်?thank you!