ရွှန်းရွှန်းမြမြသာမဲ့ ကဆုန်လပြည့်ည

အားလုံးသိတဲ့အတိုင်း ဒီနေ့ဟာ ကဆုန်လပြည့် - ဗုဒ္ဓနေ့ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်များ အနေနဲ့ အလွန် ထူးခြားတဲ့ နေ့လို့လည်း  ပြောလို့ရပါတယ်။

ဘာဖြစ်လို့ ထူးခြားတာလဲဆိုရင် ကျွန်မတို့ ဗုဒ္ဓဘာသာအနေနဲ့လည်း ကဆုန်လပြည့်နေ့ဟာ ဘုရားရှင် သဗ္ဗညုတဉာဏ်တော် ရခဲ့တဲ့နေ့ ဖြစ်ပြီး ဒီနှစ်မှာ ဗုဒ္ဓဘာသာဟာ သာသနာသက္ကရာဇ် နှစ်ပေါင်း ၂၆၀၀ ပြည့်တဲ့နှစ်လည်း ဖြစ်ပါတယ်။ ကဆုန်လပြည့်နေ့ဟာ ဒီပင်္ကရာ ဘုရားရှင်ထံသုမေဓာ ရသေ့ဘဝနဲ့  ဂေါတမဘုရားစင်စစ်ဧကန်ဖြစ်မည်ဟု ဗျာဒိတ် ခံယူသောနေ့၊ ဂေါတမမြတ်စွာဘုရား ဖွားတော်မူသောနေ့၊ ဗောဓိပင် နဲ့ ရွှေပလ္လင်ကို အောင်မြင်ပြီး ဘုရားဖြစ်တော်မူသောနေ့၊ ပရိနိဗ္ဗာန် စံဝင်သောနေ့ စသည့် ထူးမြတ်သောဗုဒ္ဓနေ့ ဖြစ်ပါတယ်။ 

ဒါ့အပြင် နောက်ထပ် ထူးခြားတာ တစ်ခုကတော့ ဒီည ကဆုန်လပြည့်နေ့မှာ မြင်ရမဲ့ လမင်းကြီးဟာ ပုံမှန်လပြည့်နေ့ထက် ၁၄ရာခိုင်နှုန်းပိုကြီးမှာဖြစ်ပြီး ပုံမှန်ထက် ၃၀ ရာခိုင်နှုန်း အလင်းရောင် ပိုမိုတောက်ပမဲ့ Super Mon ဖြစ်မဲ့နေ့လည်း ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လဟာ ပုံမှန်လှည့်ပတ်ချိန်များထက် ကမ္ဘာမြေကြီးရဲ့ အနီးကို  ကီလိုမီတာ ၅၀၀၀ခန့် အနီးဆုံး အခြေအနေထိ ပိုမို နီးကပ်လာတာကြောင့် ဖြစ် ပါတယ်။ 




Image Hosted by PicturePush - Photo Sharing

Super Moon ဖြစ်မဲ့ လပတ်လမ်းကြောင်း


ဘာကြောင့် အဲဒီလို အနီးဆုံးအခြေအနေကို ရောက်ရှိရသလဲ ဆိုရင် လဟာ ကမ္ဘာကြီးကို ဘဲဥပုံသဏ္ဍာန် ပတ်လမ်းကြောင်း အတိုင်း လှည့်ပတ်ပါတယ်။ အဲဒီလို လှည့်ပတ်တဲ့ အခြေ အနေမှာ အပေါ်မှာ ဖော်ပြ ထားတဲ့ ပုံအတိုင်း Perigee moon ဆိုတဲ့ နေရာဟာ လပတ်လမ်းကြောင်းမှာ ကမ္ဘာနဲ့ အနီးဆုံး ရောက်တဲ့ လမ်းကြောင်းနေရာကို ရောက်လာတဲ့ အတွက်ကြောင့်ပါပဲ။ (ကမ္ဘာနဲ့ ဝေးရာ ဘက် ရောက်တဲ့ လပတ် လမ်းကြောင်းကိုတော့ Apogee Moon လို့ ခေါ်ပါတယ်) ဒါကြောင့်လည်း ယနေ့ညမှာ ပြည့်ဝတဲ့ လမင်းကြီးဟာ Perigee moon နေရာ အနေအထားကို ရောက်ရှိမှာဖြစ်တဲ့ အတွက် ကမ္ဘာနဲ့ အနီးဆုံး ဖြစ်နေတာကြောင့် ခါတိုင်းထက် ရွှန်းရွှန်းမြမြ သာနေမဲ့ လမင်းကြီး ကို မြင်တွေ့နိုင်မှာပါ။


Image Hosted by PicturePush - Photo Sharing
 ဒီပုံကတော့ ၂၀၁၀ မတ်လ၁၉ရက်နေ့ Super Moon လပြည့်ညနဲ့ ၂၀၁၀ခု ဒီဇင်ဘာ ၂၀ရက်နေ့က သာမန်လပြည့်ည တို့ကို နှိုင်းယှဉ်ပြထားတာပါ။ 

Image Hosted by PicturePush - Photo Sharing
 
ပုံမှန်လပြည့်အရွယ်အစားနဲ့ Super Moon ဖြစ်မဲ့ လအရွယ်အစားတို့ နှိုင်းယှဉ်ပြထားပုံ

အပေါ်ပုံမှာတော့ အရှေ့က လဟာ ပုံမှန် လပြည့်ညတွေမှာ မြင်ရတဲ့ လဖြစ်ပြီး အနောက်က လကတော့ မနက်ဖြန်မှာ သာမဲ့ လမင်းကြီးရဲ့ အရွယ်အစား ဖြစ်တယ်လို့ နှိုင်းယှဉ်ပြထားတာ ဖြစ်ပါတယ်။ မနက်ဖြန်မှာ ထူးထူးခြားခြား ကြီးမားနေတဲ့ လမင်းကြီးကို အကောင်းဆုံးနဲ့ အကြီးဆုံး၊ အရှင်းလင်းဆုံး မြင်ခွင့်ရမယ့် အချိန်ဟာ မိုးကုတ်စက်ဝိုင်း အနီးမှာ လမင်းကြီး ရောက်ရှိနေတဲ့အချိန်ပါပဲလို့ နာဆာ(NASA)က သိပ္ပံပညာရှင်များကလည်း အကြံပြုထားပါတယ်။

Image Hosted by PicturePush - Photo Sharing



                            မိုးကုတ်စက်ဝိုင်းမှ ထွက်ပေါ်လာသော လပြည့်ညများ


Super Moon ဖြစ်စဉ်နဲ့ပတ်သက်ပြီး ရှင်းလင်းချက် အသေးစိတ်ကို သိလိုရင်လည်း အောက်က YouTube လေးမှာ ကြည့်နိုင်ပါတယ်နော်။ 

ဘယ်လိုပင်ဖြစ်စေ လပြည့်နေ့ကတော့ သဘာဝတရားကို စိတ်ဝင်စားသူအတွက်ဖြစ်စေ၊ ဘာသာရေးနဲ့ ပတ်သက်၍ ဖြစ်စေ ထူးခြားတဲ့နေ့တစ်နေ့ဖြစ်မှာ သေချာပါတယ်နော်။ သာသနာ သက္ကရာဇ် ၂၆၀၀-ပြည့်နှစ် နှင့်လည်း တိုက်တိုက်ဆိုင်ဆိုင်၊ Super Moon ဖြစ်စဉ်နဲ့လည်း တိုက်ဆိုင်နေတဲ့ ထူးခြားလှတဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ ချစ်ခင်ရတဲ့ မိတ်ဆွေ သူငယ်ချင်းများအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနှင့် မိမိကောင်းကျိုး၊ အများကောင်းကျိုး ကိစ္စများ ပြီးမြောက် အောင်မြင်စွာ ဆောင်ရွက်နိုင် သူများ ဖြစ်ကြပါစေကြောင်း ဆုတောင်းပေးလိုက်ရပါတယ်ရှင်။



18 Responses to “ရွှန်းရွှန်းမြမြသာမဲ့ ကဆုန်လပြည့်ည”

Thank you ama Chaw.. :) I will probably watch it tomorrow.

AH said...

လပြည့်ဝန်းကြီးကို ထွက်ပြီး ကြည့်ရမယ် မချောရေ.. ကျေးဇူးပါခင်ဗျာ

san htun said...

ဟုတ်ပါ့ မချော သတိပေးမှပဲ လပြည့်နေ့ ဆိုတာ သတိရတယ်..လကို ကြည့်ဦးမှ...

ကျေးဇူးပါဗျာ ... ဒီ post လေးက ဗဟုသုတ တော်တော် ရလိုက်ပါတယ် ....။ ကဆုန် လပြည့် နေ့  အကြောင်းတွေ မှတ်သားဘူးပင်မဲ့ Super Moon အကြောင်းကိုတော့ အခု မှ သိရလို့ ပါ ..... ။


ခင်မင်စွာဖြင့်

မောင်ဘုန်း

ကျေးဇူးအထူးတင်ပါတယ်။ စောင့်ဖတ်နေပါတယ်။

SHWE ZIN U said...

ကျေးဇူးချောရေ ညကြ ထကြည့်ရမယ် ကဆုန်လပြည့် က မမေ့တဲ့ နိုင်လေ

ချစ်အမကြီး
ရွှေစင်ဦး

Iora said...

ညတောင်တော်တော်နက်နေပြီ။ ထွက်ကြည့်ဦးမှဘဲ။
လပြည့်လကွယ်တွေလည်းမသိတော့ပါဘူးချောရယ်။
အိုင်အိုရာ

Aunty Oo said...

ညမှသေသေချာချာထွက်ကြည့်ရမယ်။ကျေးဇူးဘဲချောရေ။

khin yamone said...

ကျေးဇူးပါညီမချောစုရေ..
super moon အကြောင်းကိုအခုမှသေချာသိရတယ်..
ညကျရင်ထွက်ကြည့်မယ်..
ထူးထူးခြားခြား အစ်မတို့ဆီမှာလည်းနွေဦးရာသီကြီးကို
ညထဲက နှင်းတွေအဖတ်လိုက်ကျနေတယ်..နှင်းရောမိုးရောပဲ..ဆောင်းတွင်းပြန်ရောက်သွားသလိုပဲ..
ကဆုန်လပြည့်နေ့ကြီးရက်ကြီးမှာ ထူးခြားတာတွေဖြစ်နေလို့..
ကျေးဇူးနော်ညီမ

ဒီပိုစ့်လေးကိုဖတ်ရတာ ဗဟုသုတတွေအများကြီးရလိုက်တယ်
ညကတော့လကိုထွက်ကြည့်မိသေးတယ်
မြန်မာပြည်ကိုလွမ်းတာလဲပါတယ်လေ
ကြယ်လေးတွေလဲအများကြီးတွေ့ရတယ်

အစ်မချောရေ...
ကဆုန်လပြည့်မှစပြီး
ကဆုန်ပေါက် စာရေးနိုင်ပါစေကြောင်း
ဆုမွန်ကောင်း တောင်းပေးရင်း...
lookမှာပါမယ့် ငရဲ့ပန်းရဲ့ အလယ်
ဆောင်းပါးကို မျှော်နေမိပါကြောင်း...
ထော်ဦး

Anonymous said...

thnx 4 sharing about ** sup3r moon..
all the best...!
:)
Anne

ရှာဖွေတင်ပြပေးထားတာကျေးဇူးပါမချော။ ဗဟုသုတရပါတယ်။ ပုံတွေကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ ကျွန်တော်တို့ရဲ့ဘာသာတရားနဲ့လည်း ကိုက်ညီတဲ့နေ့လေးဖြစ်နေတော့ အမှတ်တရပိုဖြစ်တာပေါ့ဗျာ။ စင်ကာပူမှာတော့ လကိုမခံစားနိုင်တာကြာပါပြီ။ ကြံကြံဖန်ဖန်ပြောရရင် မီးခဏခဏပျက်တဲ့ကျွန်တော်တို့တိုင်းပြည်ကိုပဲ ကျေးဇူးတင်ရမလိုပါပဲ။ လရောင်ကိုကောင်းကောင်းခံစားနိုင်လို့လေ။

myanmarchit said...

မချောရေးသမျှ တခုမကျန် အားလုံး ဖတ်ဖြစ်တယ်။ ပြန်ရေး ချင်၊ ပြောချင် တာတွေ...အများကြီး၊ အများကြီး ဘဲ ။ တခါတလေ ၊ တွေး မိ တယ်၊ ဟယ်........သြော် ......တကယ် လွတ်လပ် တဲ့ နေရာ ဆိုတာ ကမ္ဘာ ပေါ်မှာ....တကယ်ဘဲ ရှိမှ ၊ ရှိပါ ရဲ့လား လို့ ၊ ကိုယ့် ကိုယ် ကို ခဏ ၊ခဏ မေးမိတယ်။
ရပ်ဝေးက မြန်မာချစ်

မနေ့ညက တိမ်ဖုံးနေလို့ စူပါမမွန်းလိုက်ရဘူး မချောရေ.. :P

ခင်မင်လျက်
နေ၀သန်

အာကာ said...

ကျေးဇူးပဲနော်

YL said...

မင်္ဂလာပါ...

သီချင်းတွေလာ နားထောင်ကြပါဦးခင်ဗျာ....

Myanmar Online Music: MyanmarOnlineMusic.Com

အားလုံးကိုဖိတ်ခေါ်ပါတယ်..

ကျေးဇူးပါ...

အဲဒီ လပြည့်ညတုန်းကတော့ သေသေချာချာကို အကြာကြီး ကြည့်ဖြစ်တယ်။ နောက်နေ့ တင်ကြတဲ့ နိင်ငံတကာ ဓါတ်ပုံတွေဆို ရင်သပ်ရှုမောဖွယ်ပဲ။ နောက် ဘယ်နှစ် နှစ်မှ ပြန်ကြုံရမလဲ မသိဘူး။