ပြည်ကြီးငါး ရောင်စုံကြော်

ဒီနေ့အတွက် ဖော်ပြချင်တဲ့ဟင်းလျှာက ပြည်ကြီးငါး ရောင်စုံကြော်ဖြစ်ပါတယ်။ ထူးထူးဆန်းဆန်းတော့ မဟုတ်ပါဘူး ရှင်။ ပြည်ကြီးငါးတွေ ကို ရောင်စုံ အသီးအနှံတွေနဲ့ ကြော်တာဖြစ်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing

 ပြည်ကြီးငါးတွေကို ရေစင်အောင်ဆေးပြီး အရွယ်တော်အတုံးများတုံးက အပေါ်မှာ ဓါးနဲ့ မွှန်းပါတယ်။

Image Hosted by PicturePush - Photo Sharing

ကြက်သွန်ဖြူ၊နီ၊ ဂျင်း၊ ငရုပ်သီးတို့ကို ပြင်ထားပါတယ်။

Image Hosted by PicturePush - Photo Sharing
 
ပြည်ကြီးငါးနဲ့ ကြော်ဖို့ အဝါရောင်ပြောင်းဖူးကို အစေ့လေးတွေခြွေပြီး အနီရောင် အစိမ်းရောင် ငရုပ်ပွတို့ကို အရွယ်တော် လှီးဖြတ်ထားပါတယ်။
Image Hosted by PicturePush - Photo Sharing 

ပြည်ကြီးငါးကို ကြက်သွန်ဖြူ၊ ဂျင်းတို့ဖြင့် ကြော်လိုက်ပါတယ်။

Image Hosted by PicturePush - Photo Sharing

ပြည်ကြီးငါးကျက်ခါနီးမှာ ပြောင်းဖူး၊ ငရုပ်ပွတို့ကိုထည့်ပြီး ဆား၊ အရသာမှုန့်၊ ပဲငံပြာရည်တို့ကို ထည့်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing 

သီးပျော့မသွားစေဘဲ ကျက်ရုံသာ ကြော်ဖို့လိုပါတယ်။ ခုဆိုရင် ဖြူနီစိမ်းဝါ အရောင်စုံတဲ့ ပြည်ကြီးငါး ရောင်စုံကြော် ကို ရပါပြီ။ 


 ပြည်ကြီးငါး ရောင်စုံကြော်


ချစ်ခင်ရပါသော မိတ်ဆွေများအားလုံးအတွက် ပျော်ရွှင်သော အားလပ်ရက်များဖြစ်ကြပါစေရှင်..


13 Responses to “ပြည်ကြီးငါး ရောင်စုံကြော်”

စားချင်စရာလေးပဲ လုပ်ပြထားတာ ကလှမှလှ
တခါလောက်တော့စားကြည့်မယ် အဲတာလေးမစားဖူးသေးဘူး

AH said...

ရှယ်ပဲ.. ရှယ်ပဲ.... စားချင်လိုက်တာနော်....

ခင်မင်စွာဖြင့်
AH

ဆွေလေးမွန် said...

စားချင်တယ် ပြည်ကြီးငါး..ကြော်..
ပြည်ကြီးငါး ဆို ဘယ်လိုပဲ ဖြစ်ဖြစ် ကြိုက်ကို ကြိုက်တာ...
ဘယ်လောက်ကြိုက်လဲဆို ကြော်လဲပြီးရော..
ပြည်ကြီးငါးကြော်လဲ ကုန်ရော..ကြော်ရင်း မြည်ရင်း မြည်ရင်း ကြော်ရင်း.. ပျောက်ပျောက်ကုန်တာ

ပြထားတာကိုက စားချင်စရာပါဗျာ။ ဓာတ်ပုံဘယ်လောက်ကောင်းကောင်းလက်စွမ်းလည်းကောင်းမယ်ထင်ပါတယ်။ ကျွန်တော်တော့မစားဖူးသေးဘူး။ ပါရမီဖြည့်ဖက်လေးကို လုပ်ခိုင်းဦးမှပဲနော်။

khin yamone said...

စားချင်စရာလေး..လုပ်စားမယ် ညီမချော..
အစ်မမေးထဲကိုမရောက်လို့ ဘယ်လိုထပ်လုပ်ရမလဲပြောပေးပါအုံး..
ကျေးဇူးညီမ

Anonymous said...

(ဇွန်းခွက်ကြီးနဲ့)
ဟောတစ်ဇွန်း..
ဟောတစ်ဇွန်း..
မြည်းရင်းမြည်းရင်း..
ကုန်ပီအစ်မ။
လိုက်ပွဲပေးပါအုံး :))

ချစ်ခင်လျှက်
မိစံ

အ၀တီးသွားပါတယ်.. မချော.. :P

ခင်မင်လျက်
နေ၀သန်

YL said...

မင်္ဂလာပါ...

သီချင်းတွေလာ နားထောင်ကြပါဦးခင်ဗျာ....

Myanmar Online Music: MyanmarOnlineMusic.Com

အားလုံးကိုဖိတ်ခေါ်ပါတယ်..

ကျေးဇူးပါ...

Iora said...

တစ်ခွက်ထဲနဲ့ အရသာရော အဟာရရောအစုံဘဲ။
မိုက်တယ်။
အိုင်အိုရာ

ဟန်ကြည် said...

ဒေါ်ချောဟင်းက မစားဘဲ အလှထိုင်ကြည့်ဖို့တောင် ပိုကောင်းတယ်...ပန်းချီဆန်နေလို့...

ဒီမှာတော့ ပြည်ကြီးငါးအကောင်ကြီးတွေက ဈေးကြီးတယ်ကွယ်။ ဟိုတခါကတော့ ဝယ်ပြီး ဆီပြန်အိုးကပ်လေး ချက်စားဖြစ်တယ်။ ဒီလိုလှလှပပဟင်းမျိုးမြင်တော့ ဧည့်သည်လာလုပ်ချင်စိတ်ပဲ ဖြစ်မိတယ် :)

san htun said...

လှလည်းလှတယ်..စားလို့ ကောင်းမှာလည်း အသေအချာပဲ...

Anonymous said...

သမီးကပြည်ကြီးငါးဟင်းဆိုအရမ်းကြိုက်တယ်။