ဝက်သားသရက်သီးကြော်

ဒီတစ်ပတ်အတွက် ဖော်ပြချင်တဲ့ ဟင်းလျာက ခုလို သရက်သီးပေါတဲ့ ရာသီမှာ သရက်သီးကို ဟင်းတစ်မည်အဖြစ် လုပ်စားလို့ရနိုင်မဲ့ ဝက်သားသရက်သီးကြော် ဖြစ်ပါတယ်။ ခက်ခက်ခဲခဲ မဟုတ်တဲ့ ဝက်သားသရက်သီးကြော်ဖို့အတွက် လိုအပ်တာတွေကို အောက်မှာ ဖော်ပြပါမယ်နော်။ 

Image Hosted by PicturePush - Photo Sharing 


ဝက်သားများကို အနေတော်အရွယ် ခပ်ပါးပါးလှီးပြီး ဆား၊ အရသာမှုန့်၊ ဟင်းချက်ဝိုင် အနည်းငယ်တို့နဲ့ နယ်ထား လိုက်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing
သရက်သီးအစိမ်းကို အခွံနွာပြီး ပါးပါးလှီးထားပါတယ်


Image Hosted by PicturePush - Photo Sharing 
ကြက်သွန်ဖြူ၊နီ၊ ဂျင်း၊ ငရုပ်သီးတို့ကို ပြင်ထားပါတယ်။ 

Image Hosted by PicturePush - Photo Sharing

 ကြော်ဖို့လိုအပ်တဲ့ အဆာပလာများ 

Image Hosted by PicturePush - Photo Sharing

ဝက်သားကို အရင်ကြော်ပြီး အသားကျက်ပါက ကြက်သွန်၊ ဂျင်းများထည့်ပြီး သရက်သီးကိုထည့်ကြော်လိုက်ပါတယ်။ ဆား၊ အရသာမှုန့်၊ ငံပြာရည်တို့ကို သင့်တင့်သလို ထည့်ပါတယ်။ 



Image Hosted by PicturePush - Photo Sharing
အချိန် ခဏကြာရင် သရက်သီးများ ပျော့အိမသွားခင်မှာ ချလိုက်ပါတယ်။ 



Image Hosted by PicturePush - Photo Sharing
ဝက်သားသရက်သီးကြော်


Image Hosted by PicturePush - Photo Sharing 
 ငရုပ်သီးစိမ်းနဲ့ ကြော်တဲ့ ဝက်သားသရက်သီးကြော်

 အချဉ်အရသာလေးနဲ့ ဝက်သားကို မအီအောင်ကြော်ဖို့အတွက် ဝက်သားသရက်သီးကြော် ရပါပြီနော်။


အားလုံးဘဲ ပျော်ရွှင်အဆင်ပြေသော နေ့ရက်များကို ကျော်ဖြတ်နိုင်ကြပါစေရှင်။ 




7 Responses to “ဝက်သားသရက်သီးကြော်”

ဟီးမမရေ ၀က်သားဆိုအကုန်ကြိုက်တာ..

သများက၀က်မစားတော့ ကြက်နဲ့ကြော်မယ်
တခါမှ မစားဖူးသေးဘူး
ကြည့်ရတာအရမ်းကိုကောင်းတဲ့ပုံတွေပဲ

Anonymous said...

looks delicious.
iora

Anonymous said...

း))))))×-

khin yamone said...

သရက်သီးစိမ်းလေးနဲ့ဆိုတော့ အရသာထူးပြီး စားလို့အရမ်းကောင်းမှာ..
လုပ်စားမယ်နော်..
ကျေးဇူးပါညီမချောရေ..

san htun said...

ကောင်းမှာ အသေအချာပဲ မချောရေ..

အဲ့လို ကြော်တော့ မစားဘူးဘူး။
ငရုပ်သီး ဆီသပ်ပြိး ချက်စား ဖြစ်တယ်။
ပသို့ဆိုစေကာမူ ပုံလေးတွေက အရမ်းဆ၊ွဲ အားကောင်းနေတော့ သရက်သီးသိမ်းတွေ ပေါ်ချိန် ချက်စားကြည့်ဦးမှ..။