ဝက်သားနာနတ်သီးချက်

ဒီတစ်ပတ် အားလပ်ရက်မှာ ချက်စားဖို့ လွယ်လွယ်ကူကူ အရသာရှိရှိ ဟင်းတစ်မျိုးကတော့ မိုးလေး ခပ်အးအေးနဲ့ နာနတ်သီးတွေ ပေါစပြုပြီဖြစ်တဲ့ ဒီရာသီမှာချက်ဖို့အဆင်ပြေလှတဲ့ နာနတ်သီး ဝက်သားချက် ပါ။ ထူးထူး ဆန်းဆန်း မဟုတ်ဘဲ ဝက်သားကို ချက်နေကျ နည်းအတိုင်းချက်ပြီး နာနတ်သီးကို ထည့်လိုက်တာဖြစ်ပါတယ်။ 

မထူးဆန်းတဲ့ ဝက်သားနာနတ်သီးချက်နည်းကိုဘဲ ပြောပြရမယ်ဆိုရင် 

Image Hosted by PicturePush - Photo Sharing

နာနတ်သီးများကို မိမိထည့်လို့တဲ့ ပမာဏအတိုင်း အတုံးလေးများ တုံးထားလိုက်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing

ဝက်သားကို အဆီအခေါက် အသားပါတဲ့ သုံးထပ်သားကို အရွယ်တော်အတုံးလေးများ တုံးပါတယ်။ ထို့နောက် ဆား၊ အရသာမှုန့်၊ ဝိုင်ဖြူအနည်းငယ်၊ ငံပြာရည်၊ ကြာညှို့အနည်းငယ်တို့နဲ့နယ်ပြီး နာရီဝက်ခန့်ထားလိုက်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing

ဟင်းထဲထည့်ရင် မွှေးအောင် နံနံစေ့ကို ရေဆေးပြီး ထောင်းထားတာပါ။ (ဒါကတော့ ရှိလို့ထည့်တာပါ ။ မရှိရင် မထည့်ဘဲနေလို့ရပါတယ်) 

Image Hosted by PicturePush - Photo Sharing

ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ စောစောက ထောင်းထားတဲ့ နံနံစေ့တို့ကို ဆနွင်း၊ အရောင်တင်မှုန့်၊ ငရုပ်သီးကြမ်းမှုန့် တို့ဖြင့် ဆီသတ်ပါတယ်။ အနှစ်များများရဖို့အတွက် ကြက်သွန်ဖြူနီကို များများထည့်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing

ဆီသတ်ထားတာ မွှေးလာပြီဆိုရင် ဝက်သားကိုထည့်ပြီး မွှေလိုက်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing

ရေထည့်ပြီး ဆား၊ ငံပြာရည်၊ အရသာမှုန့်တို့ကို လိုအပ်သလိုထည့်ကာ အဖုံးအုပ်ပြီး ဝက်သားများ နူးအောင် နပ်ထားလိုက်ပါတယ်။

Image Hosted by PicturePush - Photo Sharing

 ရေခန်းပါက ဝက်သားမနူးသေးရင် ရေထပ်ထည့်ပြီး နူးအောင်ချက်ပါ။


Image Hosted by PicturePush - Photo Sharing

ဝက်သားနူးတဲ့အခါ စောစောက နာနတ်သီးအတုံးများကို ထည့်လိုက်ပါတယ်။ ရေထပ်ထည့်ပြီး တစ်ရေခန့် ခန်းသွားအောင် မီးပေါ် ဆက်တည်ထားလိုက်ပါ။

Image Hosted by PicturePush - Photo Sharing

ရေခမ်းသွားပြီး ဝက်သားလည်းနူး၊ နာနတ်သီးလည်း အိလာပါပြီ။ အရသာမြည်းပြီး စိတ်ကြိုက်ဖြစ်ရင် ချလို့ရပါပြီ။ ဝက်သားရဲ့ အရသာက နာနတ်သီးထဲဝင်၊ နာနတ်သီးအရသာက ဝက်သားထဲကိုဝင်သွားပြီး အရသာဟာ ထူးခြားကာင်းမွန်လှပါတယ်။ 

Image Hosted by PicturePush - Photo Sharing

ချဉ်ချိုချို အရသာလေးနဲ့ အရသာ အမူထူးတဲ့ ဝက်သားနာနတ်သီးချက်ပါ။ 


သူ့အနှစ်ကိုလည်း ထမင်းဖြူလေးနဲ့ နယ်စားမယ်ဆိုရင် ကောင်းမှကောင်းပါဘဲလို့.. :P


အားလုံးဘဲ ပျော်ရွှင်သော အားလပ်ရက်များကို ပိုင်ဆိုင်ကြပါစေရှင်..


Image Hosted by PicturePush - Photo Sharing

13 Responses to “ဝက်သားနာနတ်သီးချက်”

သများ ကြက်သားနဲ့ချက်စားမယ်နော်

AH said...

ဗိုက်ဆာလိုက်တာနော်... အမချော လက်ရာကိုကြည့်ပြီးတော့... :P

mstint said...

တီတင့်က ဝက်သားမစားပေမယ့် သားတွေအတွက် နည်းပညာလေးဆည်းပူးသွားတယ် ချောရေး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ဟန်ကြည် said...

ဒေါ်ချောရဲ့ ၀က်သားချက်က ဓာတ်ပုံကြည့်ရတာ အတော်လှသဗျ...ပန်းချီခပ်ဆန်ဆန်ရယ်...အသီးမှာ သရက်၊ အသားမှာဝက်ဆိုတော့ အနှီဟင်းကလေးနဲ့ ဗိုက်ကားအောင်တီးပြီး သရက်သီးမှည့်ကလေးနဲ့များ အချိုတည်းလိုက်ရလို့ကတော့ ဗိုက်ခွေးနမ်းမယ့်ကိန်းး)

ဗိုက်တောင် ဆာလာတယ်မမရယ်...:)))

khin yamone said...

ချက်စားမယ်ညီမချောရေ..
အရသာတော်တော်ရှိမှာပဲ..
ကျေးဇူး..
:)

မချော ရှိသေးရင် နဲနဲကျွေးပါ။ညဘက်ကြီးလာလည်တာ ဗိုက်ချာလို.။ ......:)

ပုံတွေက သက်ဝင်လိုက်တာ။ ဟင်းနံ့တွေတောင် နှာဝလာ ကလူနေသလိုခံစားရတယ်။ မိုးအေးအေးနဲ့ ဒီဟင်းစားလိုက်ရရင် အဆီတွေတက်ပြီး မျက်လုံးတွေ စဉ်းလာမှာ မြင်မိပါရဲ့ ချောရယ်..။

Latt Latt said...

စားချင်လိုက်တာ

ဟင်းတွေ တွေ့ပြီး ဗိုက်အရမ်းဆာလာပြီ မချော :D

ဟိ.. စားချင်စဖွယ်လေး... :D


ခင်မင်လျက်
နေ၀သန်

အကောင်လိုက်စားချင်စိတ်ပေါက်လာပြီနော် မချော

Anonymous said...

တော်လိုက်တာ ကချင်ပြည်နယ်ကို လွမ်းရင်းစားခြင်လာပြီ ဒီမှာတော့ နာနတ်သီးဈေးကြီးတယ် ဒေညင်းသီးက တောင်ငူ သံတောင်ကလာတာ ကချင်ကိုမမှီပေမဲ့ ကရင်ဒညင်းလည်းမဆိုးပါဘူး