ဝက်နံရိုးမြေအိုးချက်

ဒီတစ်ပတ် အစားအသောက် အကြောင်းမှာတော့ ဝက်နံရိုး မြေအိုးချက်ဟင်းနဲ့ မိတ်ဆက်ပေးပါဦးမယ်ရှင်။ ဝက်နံရိုးတွေကို မြေအိုးထဲမှာ နူးအိနေအောင်ချက်ထားတဲ့ ဟင်းတစ်ခွက်ဟာ အလွန်ကို အရသာ ရှိလှပါ တယ်။ ဝက်နံရိုးကိုချက်ဖို့ ပထမဦးစွာ ရေစင်အောင် ဆေးပြီး ဆား၊ အရသာမှုန့်၊ ပဲငံပြာရည်အကြည်၊ ဟင်းချက်ဝိုင် အနည်းငယ် တို့ဖြင့် နယ်ပြီး၁၅မိနစ်ခန့် ထားထားလိုက်ပါ။ 

Image Hosted by PicturePush - Photo Sharing

ရေဆေး၊ ဆားနယ်၊ အရသာမှုန့်၊ ငံပြာရည်၊ ဟင်းချက်ဝိုင်ထည့်ကာနယ်


Image Hosted by PicturePush - Photo Sharing

ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ နာနတ်ပွင့်၊ ဖာလာစေ့

Image Hosted by PicturePush - Photo Sharing

ကြက်သွန်၊ နာနတ်ပွင့်၊ ဖာလာစေ့တို့ကို ဆီထဲထည့်

Image Hosted by PicturePush - Photo Sharing
အရသာများနယ်ထားတဲ့ နံရိုးကို ထည့်ပါတယ်

Image Hosted by PicturePush - Photo Sharing

ထို့နောက် ပုလင်းနဲ့လာတဲ့  ပဲငပိကို တစ်စွန်းစာ ထည့်ပါတယ်။ ခရမ်းချဉ်သီး ၂လုံးလောက်ကို တောက်တောက်စင်းထည့်ပါတယ်။ ငံပြာရည်အနည်းငယ်ထည့်ပြီး ရေသင့်တင့်သလို ထည့်မွှေပါတယ်။ 


Image Hosted by PicturePush - Photo Sharing

နိုင်ငံခြားရောက်နေသူများ ပဲငပိကိုရှာလိုပါက Chilli bean sauce ဆိုပြီးရှာနိုင်ပါတယ်။

Image Hosted by PicturePush - Photo Sharing

ထို့နောက် နံရိုးများကို မြေအိုးထဲ ပြောင်းထည့်ပါတယ်။ ဆား၊ အရသာမှုန့် လိုသလိုထည့်ပါ၊


Image Hosted by PicturePush - Photo Sharing

ရေများများထည့်ကာ အဖုံးအုပ်ပြီး နံရိုးများ နူးအိလာအောင် တည်ထားလိုက်ပါတယ်

Image Hosted by PicturePush - Photo Sharing

နံရိုးနူးလာရင်ထည့်ဖို့ ဥနီ၊ ဂျူးမြစ်၊ ကြက်သွန်မြိတ် အကြီးမျိုးတို့ကို အသင့်ပြင်ဆင်ထားပါတယ်

Image Hosted by PicturePush - Photo Sharing

နံရိုးနူးလျှင် ဥနီ၊ ကြက်သွန်မြိတ်၊ ဂျုးမြစ်တို့ကို ထည့်လိုက်ပြီး ၅မိနစ်ခန့်ကြာလျှင် အရသာ အပေါ့အငံ လိုအပ်သလိုထည့်ပြီး ချနိုင်ပါပြီ။

Image Hosted by PicturePush - Photo Sharing

မြေအိုးဝက်နံရိုးချက် ရပါပြီ။



အသားထဲထိ အရသာဝင်ကာနူးအိပြီး စားကောင်းလှတဲ့ ဝက်နံရိုး မြေအိုးချက်ဟင်း တစ်ခွက်ပါ။ 



အားလုံးအတွက် ပျော်ရွှင်သော၊ အေးချမ်းသော Weekend ဖြစ်ပါစေရှင်.. 


Image Hosted by PicturePush - Photo Sharing

18 Responses to “ဝက်နံရိုးမြေအိုးချက်”

တစ်ရက်ကျရင် အားတဲ့အခါ ချက်စားရမယ် ... :)

ကြည့်ရတာနဲ့တင် သွားရည်ကျချင်နေပြီ မမချောရေး)) ချက်ကြည့်လို့အဆင်ပြေရင် ပို့စ်တင်ပြစ်မှာ.. :D

mstint said...

ဝက်မစားပေမယ့် အိမ်ကအဖွဲ့အတွက် ဝက်နံရိုးမြေအိုးချက် နည်းနိဿယလေးယူသွားတယ် ချောရေ။
တစ်နှပ်စာအတွက်ခေါင်းစားသက်သာသွားပြီး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

တစ်ရက်လောက်တော့ အချိန်ပေးပြီး ချက်ကြည့်ဦးမယ်... မြေအိုးနဲကမချက်ပဲ ဒန်အိုးနဲ့ချက်ရင် ဝက်နံရိုးဒန်အိုးချက်လို့ ပြောင်းခေါ်ရမယ်ထင်တယ်နော်...:P
ဘာပဲပြောပြော သူငယ်ချင်းတစ်ယောက်ပြောသလို ရိုဟင်ဂျာဆန့်ကျင်ကြောင်း ဝက်သားများများစားပြီး အသိပေးရမယ်..:D

Unknown said...

Oh my godness...
မချောဓာတ်ပုံတွေက ကောင်းလွန်းတော. ချက်ချင်းကိုနည်းယူပီးချက်စားချင်စိတ်ပေါက်သွားတယ်။Thank you,ma ma chaw...

ချစ်တဲ.ညီမ
မွန်မွန်ယိုကို

ဒီပစ္စည်းတွေအကုန်ဝယ်လို့ရမယ်ထင်တယ်..။
စမ်းချက်ကြည့်ဦးမယ်.မမချောရေ.။

ဘုဉ်းပေးချင်စရာ ၀က်နံရိုးမြေအိုးချက်...

Cameron said...

အိမ်မှာမြေအိုးတစ်လုံးရှိတယ် သေးနေလို့ လုပ်စားကြည့်ဦးမှပါ စားချင်စရာ အနံ့လေးတောင်ရနေသလိုပဲ..အဲပဲငပိကိုသိပ်ကြိုက်တယ် မြေအိုးမြီးရှည်ထဲထည့်တဲ့ဟာနဲ့အတူတူပဲထင်တယ်..။

Anonymous said...

မြေအိုးမရှိဘူးချောရေ။
ဒီနေ့ ဝက်သားနဲ့ ဒညင်းသီးချက်ဖို့ ခုထိမချက်ရသေးဘူးဘလော့ဂင်းနေလို့ လေ။း)
ဟင်းသွားချက်လိုက်အုန်းမယ်နော်။
အိုင်အိုရာ

Anonymous said...

ဝက်နံရိုး မြေအိုးချက်လေး အားရပါးရ စားသွားတယ် မမ
:)

~Kk~

Latt Latt said...

ချောက ဓာတ်ပုံရိုက်ကောင်းတော့ အစားတွေက ပိုစားချင်စရာကောင်းလာတယ်

မမရဲ့ ချက်နည်းလေးကို စိတ်ဝင်တစားမှတ်သားပြီး ပြန်ချက်စားကြည့်ရမယ် ... ဖတ်ရင်းနဲ့ သွားရေကျမှာစိုးလို့ မနည်းထိန်းနေရတယ် ... :P

မချောရဲ့ ဝက်နံရိုး မြေအိုးချက်ကို သွားရည်ကျသွား တယ်ဗျို့...၊ ငါးပိထောင်းလေးနဲ့ တွဲပြီး စားလိုက်လို့ ကတော့...ဟင်း..၊း)

Btw.. တတိယပုံက ဒယ်အိုးထဲမှာ ပန်းပွင့်လေးတွေ ပေါ်နေတာ ချစ်စရာ...။း)

ပုံတွေကောင်းတော့ တကယ်စားချင်စရာဖြစ်တယ်မချောရေ။ ဗိုက်တောင်ဆာတယ်ဗျာ။ ကျွန်တော်က အပြင်မှာ အဲဒါမျိုးကို စားခဲတယ်။ ကျွန်တော့်ဇနီးပါရမီဖြည့်ဖက်လေးကို ချက်ခိုင်းကြည့်ရဦးမယ်ဗျ။ ကျေးဇူး.....

မစားဖူးသေးဘူး။
မြေအိုးနဲ့ ချက်ထားတာဆိုတော့ မြေသင်းနံ့လေး သင်းသင်းလေး ဖြစ်နေမှာ သေချာတယ်။

Anonymous said...

အဲဒီ ဟင်းကို စားချင်လိုက်တာနော်
အလုပ်အားတဲ့နေ့ကျမှ ချက်စားအုံးမယ်

San Htun said...

မြေအိုးကို ဘယ်ဆိုင်မှာ ဝယ်ရပါ့..စားကောင်းမှာ သေချာတယ်..

Anonymous said...

အရမ်းစားလို့ကောင်းမှာပါ။