ရေခဲတောင်ပေါ်က ထူးဆန်းသော ပိုးကောင်တစ်ဖြစ်လဲ အပင်ငယ်ကလေးများ

ဒီတစ်ပတ် စိတ်ဝင်စားမိတဲ့ အကြောင်းအရာလေးတစ်ခုကို ရေးချင်ပါတယ်။ အဲဒါကတော့ ကျွန်မတို့ ကချင်ပြည်နယ်ရဲ့ ရေခဲတောင်ပေါ်မှာ ပေါက်ဖွားပြီး ဆေးဘက်ဝင် တန်ဖိုးကြီးလှတဲ့ ရှီးပဒီးလို့ခေါ်ကြသော အကောင်တစ်ပိုင်း၊ နွယ်ပင်တစ်ပိုင်း အကြောင်းကို လက်လှမ်းမီသလောက် ရှာဖွေကြည့်ထားတာလေး ဖော်ပြချင်ပါတယ်။ ရေခဲတွေ ဖုံးလွမ်းနေတဲ့ တောင်တန်းကြီးတွေမှာ ဆေးဘက်ဝင်တဲ့ ရှားပါးသစ်ပင်များနဲ့ တိရိစ္ဆာန်များကို တွေ့ရှိရပါတယ်။ ဆောင်းမှာ ပိုးကောင်၊ နွေမှာ သစ်ပင် လို့ ခေါ်ကြတဲ့ ထူးထူးဆန်းဆန်း ဖြစ်ပေါ်လာတဲ့ ဒီ ရှီးပဒီးဟာ အလွန်မြင့်မားတဲ့ ရေခဲတောင်တွေမှာသာ တွေ့ရှိရပါတယ်။ ပေပေါင်း များစွာ မြင့်မားတဲ့  ရေခဲတောင်တွေ ရှိရာ ဒေသဖြစ်တဲ့ ဟိမဝန္တာ တောင်တန်း ဖြာဆင်းရာ တရုတ်၊ တိဘက်၊ နီပေါ၊ ဘူတန်နဲ့ မြန်မာပြည်မြောက်ဖျား ရေခဲတောင်တန်းတွေမှာ တွေ့ရှိနိုင်ပါတယ်။ တရုတ် တိုင်းရင်း ဆေးဝါးတွေမှာ ထည့်သွင်းဖော်စပ်ကြပြီး ဈေးလည်း အလွန်ကြီးတဲ့ ဆေးဘက်ဝင် အမျိုးအစား ဖြစ်ပါတယ်။


Image Hosted by PicturePush - Photo Sharing



 
Image Hosted by PicturePush - Photo Sharing




ပိုးနွယ်ရှင်ခေါ် ရှီးပဒီးဖြစ်ပေါ်လာပုံက ထူးထူးဆန်းဆန်းလို့ ပြောရမှာပါဘဲ။ အကောင်မဖြစ်ခင် သန္ဓေ သားလောင်း ဖြစ်တဲ့ ပိုးဥကောင်လေးတွေဟာ ဆောင်းရာသီအချိန်မှာ အလွန် အေးလွန်းတာကြောင့် မြေကြီးထဲမှာ ဆေးဘက်ဝင် မဂျစ်ဥ၊ ခန်းတောက်မြစ် တို့ကိုစားသုံးပြီး ဆောင်းခိုနေခဲ့ပါတယ်။ အဲဒီလို ဆောင်းခိုနေတဲ့အချိန်မှာ ပိုးလောင်းကောင်လေးတွေဟာ မြေကြီးအောက်မှာ ငြိမ်သက်နေသော်လည်း    ကပ်ပါမှိုတစ်မျိုးရဲ့ တွယ်ကပ်ငြိတွယ်ခြင်းခံရပြီး ၄င်း  ကပ်ပါးမှိုဟာ ပိုးလောင်းကောင်လေးတွေကို ဖုံးလွှမ်း သွားခဲ့ပြီး နွေရာသီရောက်ချိန်မှာ ပိုးလောင်းကောင်လေးများရဲ့ ဦးခေါင်းပေါ်ကနေ မြက်ပင်နဲ့ ဆင်တဲ့ ဦးချိုသဖွယ် အညှောင့်ကလေး ထွက်လာခဲ့ပါတယ်။ အဲဒီ အညှောင့်ကလေးတွေဟာ ၅စင်တီမီတာကနေ ၁၅စင်တီမီတာအထိ ရှည်လျားစွာ ထွက်ပေါ်လာတတ်ပါတယ်။  ဒေသခံတွေရဲ့ အဆိုအရတော့ အဲဒီအချိန်ဟာ ပိုးကောင်ဘဝကနေ  နွယ်ပင်အဖြစ် ရှင်သန်ချိန်ဖြစ်တယ်လို့ ပြောဆိုကြပါတယ်။ ဒါကြောင့်လည်း ရေခဲချိန်မှာ ပိုးကောင်၊ ရေခဲတွေ အရည်ပျော်ပြီး မြေကြီးတွေ မြင်ရချိန်မှာတော့ အပင် ဖြစ်လာတယ်လို့ ဆိုပါတယ်။

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

၎င်းရေခဲများ အရည်ပျော်ချိန်မှာ မြေအောက်က ပိုးလောင်းကောင်လေးတွေရဲ့ ဦးခေါင်းကနေ အပင်လေး ထွက်လာတဲ့အခါ ဒေသခံ တောင်ပေါ်သားများက ရှာဖွေ စုဆောင်း ကောက်ယူ ကြပါတယ်။ တောင်ပေါ်ဒေသတွေမှာ ရှေးယခင်ကတည်းက ဆေးဘက်ဝင်တယ်လို့  သိခဲ့ကြတာကြောင့်လည်း ၄င်း ပိုးကောင်လေးများကို ရှာဖွေ စုဆောင်းသူများပြားလှပါတယ်။ ကျန်းမာရေး အတွက် အလွန် အကျိုးပြုပြီး ဆေးဘက်ဝင်လှတဲ့ ရှီးပဒီး ပိုးကောင်လေးတွေဟာ ဈေးကောင်းလည်း အလွန် ရပါတယ်လို့ သိရပါတယ် ။ ကျွန်မဖတ်မိတဲ့ စာလေးတစ်ခုမှာဆိုရင် အဲဒီ အကောင်လေး တစ်ကောင်ကို မြန်မာငွေ တစ်သောင်းခွဲခန့် ပေးရပြီး တစ်ပိသာကို အမေရိကန် ဒေါ်လာ ၃ဝဝဝဝ လောက် တန်ဖိုး ရှိတယ်လို့ ဆိုပါတယ်။ ပေ တစ်သောင်းကျော်မှာတွေ့ရတဲ့ ပိုးကောင်လေးတွေက ပိုပြီး ဈေးကောင်းရတယ်လို့သိရပါတယ်။ 

Image Hosted by PicturePush - Photo Sharing
တိဘက်တောင်တန်းပေါ်က ရှီးပဒီးပိုးနွယ် ရှာဖွေသူနှစ်ဦး

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing
ရေခဲတွေ အရည်ပျော်ပြီး မြေကြီးတွေ ပေါ်လာချိန်မှာ လူစုလူဝေးတွေ ရောက်လာပြီး ရှီးပဒီးပိုးနွယ်လေးများကို ရှာဖွေကြစဉ်


ရှီးပဒီးခေါ် ပိုးနွယ်လေးရဲ့ အစွမ်းထက် ဆေးဘက်ဝင်မှုတွေက တော်တော်ကိုများပြားပါတယ်။ အရသာမှာ ချိုပြီးဆိမ့်တဲ့အရသာရှိတယ် ဆိုပါတယ်။ ၄င်းရှီးပဒီး ပိုးကောင်လေးတွေကို အခြောက်လှမ်းပြီး အမှုန့်ပြုလုပ်ကာ ရောင်းချတတ်ကြပါတယ်။
  • အဟာရဓာတ် ပါဝင်မှု များပြားတဲ့အတွက် ဖျားနာပြီး နလံထစလူနာတွေ အမြန်ဆုံး ကျန်းမာရေး ကောင်းမွန်လာစေခြင်း
  • ကျောက်ကပ်ကို ကောင်းမွန်စေခြင်း၊ ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာများ ချောမွေ့စေခြင်း
  • ဓာတ်မတည့်ခြင်းကို သက်သာစေခြင်း၊
  • ချောင်းဆိုး၊ ရင်ကြပ်ရောဂါများကို သက်သာစေခြင်း
  • ကင်ဆာဖြစ်ပွားခြင်းကို လျော့နည်းစေခြင်း
  • သွေးဥများကို တိုးပွားစေခြင်း သွေးရည်ကြည်အတွက် ပရိုတိန်းများ ဖြစ်ပေါ်စေခြင်း၊ သွေးဖိအား များခြင်း၊ နည်းခြင်းကို ပုံမှန်အတိုင်း ဖြစ်စေနိုင်ခြင်း
  • အမျိုးသားများအတွက် ခွန်အားတိုးပွားစေခြင်း
  • ကိုယ်ခံအားကို မြင့်မားစေခြင်း၊ အဆုပ်ရဲ့လုပ်ငန်းဆောင်တာများကို ကောင်းမွန်စေခြင်း
  • အမျိုးသမီးများ ဓမ္မတာကောင်းမွန်စေခြင်း ၊ နုပျိုစေခြင်း၊ အရေးအကြောင်းများကို ပျောက်ကင်း သက်သာစေခြင်း 
စသဖြင့် အကျိုးများလှတယ်လို့ သိရပါတယ်။

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing
ရှားပါးတာကြောင့်ရော ၊ ဆေးဘက်ဝင်တာကြောင့်အတွက်ပါ တန်ဖိုးကြီးလှပါတယ်။ နေ့စဉ်ပုံမှန် အားဆေး အဖြစ် သောက်သုံး ကြသူများလည်း ရှိကြပါတယ်။ ၄င်း ပိုးဆေးနွယ်( ရှီးပဒီး) များကို တရုတ်၊ ဂျပန်၊ ကိုးရီးယားစသည့်နိုင်ငံများက ဝယ်ယူကြကြောင်း သိရပါတယ်။ အချို့သော အားကစား သမားတွေ ဟာလည်း ကိုယ်ခံစွမ်းအားမြင့်မားပြီး အမောအပန်း ခံနိုင်ဖို့ရန်အတွက်  ပိုးနွယ်ပင်ကို အမြဲတမ်း မှီဝဲ စားသုံးကြတယ်လို့ ဆိုပါတယ်။ အချို့သောသူတွေက စွပ်ပြုတ်ထဲ ထည့်ချက်ခြင်း၊ ၄င်း ရှီးပဒီး သက်သက်ကိုလည်း စားသုံးခြင်းများ ပြုလုပ်တတ်ကြပါတယ်။  တိဘက်ဒေသတွေမှာ ၄င်းဆေးပိုးနွယ်ကို အမြောက်အမြား ရှာဖွေရရှိပြီး ငွေကြေးစီးပွား တိုးတက်လာကြသူတွေ အများအပြား ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။ 

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing


ကြက်သား၊ ရှီးပဒီးစွပ်ပြုတ်

Image Hosted by PicturePush - Photo Sharing

ရှီးပဒီးစွပ်ပြုတ်


မန်မာပြည် မြောက်ဖျား ကချင်ပြည်နယ်ရဲ့ မြင့်မားလှတဲ့ ရေခဲတောင်တွေထက်မှာ ရှာဖွေတွေ့ရှိနိုင်တဲ့ အကောင် တစ်ပိုင်း နွယ်ပင်တစ်ပိုင်း ရှီးပဒီး ကို စနစ်တကျလေ့လာခြင်း၊ သုတေသနပြုလုပ်ခြင်းများ လုပ်ဆောင်ပြီး ယနေ့ ခေတ်စားလှတဲ့ ကိုရီးယားဂျင်ဆင်းတို့လို စီးပွားဖြစ် မွေးမြူစိုက်ပျိုးထုတ်လုပ်နိုင်မယ် ဆိုရင်တော့ ဒေသခံတွေအတွက် သဘာဝ ပတ်ဝန်းကျင်လည်း ထိခိုက်ပျက်စီးမှု ကြီးကြီးမားမား မရှိတဲ့အပြင် ဝင်ငွေတိုးရုံသာမက၊ အလုပ်အကိုင် အခွင့်အလမ်း အသစ်တွေပါ ရရှိတိုးပွားလာစရာ ရှိကြောင်း စိတ်ကူးယဉ် အိပ်မက်မိပါတော့တယ်ရှင်။



Image Hosted by PicturePush - Photo Sharing 

33 Responses to “ရေခဲတောင်ပေါ်က ထူးဆန်းသော ပိုးကောင်တစ်ဖြစ်လဲ အပင်ငယ်ကလေးများ”

ချောရေ။... တော်တော်စိတ်ဝင်စားစရာကောင်းတယ်.. ပိုးကောင်တွေကအနေအပင်လေးဖြစ်လာတာ အံ့သြဖို့လဲကောင်းတယ်.. ရှာရှာဖွေဖွေလေး စုစောင်းရေးထားပေးလို့ကျေးဇူးဘဲ....ပုံတွေကြည့်ရတာ တော့အသည်းယားစရာ...
အကောင်မှန်းသိတော့ စွပ်ပြုပ်တော့စားရဲမယ်မထင်ဘူး..း)))

mstint said...

ဆောင်းမှာပိုးကောင် နွေမှာသစ်ပင် အဖြစ် ထူးထူးဆန်းဆန်း တန်ဘိုးကြီးလှတဲ့ ပိုးနွယ်ရှင်ခေါ် ရှီးပဒီးအကြောင်း ဗဟုသုတ ရသွားတယ် ချောရေ။ ဆေးအာနိသင်စုံလင်တဲ့ ရှီးပဒီကို ချောပြောသလို စနစ်တကျ မွေးမြူစိုက်ပျိုးပြီး ဈေးကွက်တစ်ခုအဖြစ် ဖန်တီးနိုင်ရင် အတိုင်းထက်အလွန်ပေါ့နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

sosegado said...

ဗယုသုတတွေရရှိပါတယ် ကျေးဇူးပါပဲ မချောရေ၊
မျိုးရိုးဗီဇနည်းတွေသုံးပြီး မွေးမြူရေးလုပ်ပြီး ထုတ်လိုက်ရရင်တော့ ကောင်းမှာပါ၊

သိချင် နေတာကြာပြီ။ ဖုန်ကန် တက်တဲ့သူငယ်ချင်းတွေက ယူလာတယ် သိမ်းထားတယ် ပြောတယ်။ အခုအထိတော့မရသေးဘူး။ နောက်တစ်ခေါက် ရန်ကုန်ပြန်မှ ရမယ်ထင်တယ်။ ဘာကောင်းတယ် ညာကောင်းတယ် ဆိုလား။ အသေးစိပ် ရှာဖွေတင်ပြပေး တဲ့ အတွက်ကျေးဇူးပါ အစ်မချော။

ဗဟုသုတတွေရရှိလို့ အများကြီးကျေးဇူးပါနော်

ပုံတွေမြင်တော့ အူထဲအသည်းထဲ တယားယားနဲ့..
စားဖို့ကတော့ ဘယ်လိုမှမဖြစ်နိုင်...
ထူးဆန်းရှားပါးတဲ့ ဇီဝဖြစ်စဉ်တွေက အံ့သြစရာနော်...
တန်ဘိုးလည်း မသေးဘူးပဲ..
အရင်ကတစ်ခါမှ မကြားဖူးဘူး။ အခုမှ သိရတာ..။
ကျေးဇူးပါချောရေ..။

အဲလိုပိုးကောင်လေးဆို သိပ်အသဲယားတာ..တန်ဖိုးကြီးလှတဲ့ ပို့်စ်လေးတစ်ခုပါပဲ ချောရေ...။

ထူးဆန်းလှချည်လားနော်။ ပုံကြည့်ရတာတော့ ရင်ဘတ်ထဲမှာ ယားကျိယားကျိ ဖြစ်မိတယ်။

san san said...

စိတ်ဝင်စားဘို့ ကောင်းတဲ့ အတွက် ရှယ်ခွင့်ပြုပါ။

ထူးဆန်းလိုက်တာနော် .. သူတို့ဘ၀ကျ သူများတကာ သတ်စရာမလိုပဲ အလိုအလျောက် သေဆုံးပြီး လူတွေကို အကျိုးပြုသေးတယ် .. အသက်ရှင်နေတဲ့ ပိုးကောင်ပုံလေးတောင် မြင်ဘူးချင်တယ် .. :D

Su said...

အသဲယားစရာနော် မရေ စားကြည့်ချင်တယ်

‌ဇေယျ said...

အမရဲ့ ဒီပို့စ်ကို ကျွန်တော် https://www.facebook.com/wonderful.case မှာ တင်ထားပါတယ်..

Nyi Linn Thit said...

ဒီအကောင်လေးတွေက အပင်ဘဝ ပြောင်းပြီးတာနဲ့ အကောင်ပြန်မဖြစ် တော့ဘူး ထင်တယ်နော် မချော၊ ဒါဆိုရင် သူတို့သက်တမ်းက တစ်ဆောင်းပဲခံပြီး နွေမှာ အပင်အဖြစ်နဲ့ သေသွားတဲ့ သဘောပဲလား? ဒါမှမဟုတ် အကောင်ငယ်တုန်းက အပင်မဖြစ်ဘဲ ကြီးလာလို့ ‘အို’ သွားမှ ဆောင်းမှာ မလှုပ်မရှားနိုင် ဖြစ်ပြီး အပင်ဖြစ်သွား တာလား?

သူတို့ရဲ့ ဇီဝနာမည်၊ အင်္ဂလိပ်နာမည်၊ ဒါမှမဟုတ် တရုတ်နာမည်ကို သိရရင် ကောင်းမယ်၊ စိတ်ဝင်စားစရာ ကောင်းလွန်းတဲ့ ဒီပို့စ်လေးအတွက် ကျေးဇူးပါ မချောရေ...။

ပုံမြင်ရတာနဲ့ အသည်းယားနေတာ
ကျန်းမာရေးအတွက်ကောင်းတယ်ဆိုလို့စိတ်ဝင်စားမိတယ်
ဈေးကြီးတယ်နော်
တရုတ်လိုဘယ်လိုခေါ်လဲမချောသိရင်ပြောပြပေးပါ
ဒီမှာမေးပြီးစပ်စုကြည့်မယ်
ဂျက်ကရောဂါစုံလို့ပါ ခုလဲအစာအိမ်မပျောက်သေးဘူး
ဆေးစားနေရတယ်
ကျေးဇူးပဲမချောရေ

SHWE ZIN U said...

ညီမ ချောရေ

ဒီအကောင်အပင် လေး တွေ အကြောင်းတခါ မှ မကြားဖူးဘူး စိတ်ဝင်စားတယ် တကောင်တသောင်းခွဲ ဆိုတော့ အကောင်တရာလောက်တော့ ဝယ်စားအုန်းမှ ဟဲ..ဟဲ

ချစ်အမကြီး
ရွှေစင်ဦး

AH said...

မချောပြောမှပဲ ရှီပဒီလို့ ခေါ်မှန်းသိတော့တယ်ဗျာ.... ဒီမှာတော့ ကောင်းတယ် သောက်သောက်ဆိုလို့ ၀ယ်ပြီးတော့ တစ်တောင့်ကို ရေနွေးနဲ့စိမ်သောက်၊ ၁၀ ခါလောက် စိမ်ပြီးရင် ၀ါးစားနဲ့..... လူတော့ တော်တော် လန်းဆန်းတယ်ဗျ......

ဒီဟောင်ကောင်က တရုတ်ဆေးဆိုင်တွေမှာရောင်းနေကြတာ တွေ့တယ်.
ထင်တော့ ထင်သား ပိုးကောင်နဲ့ တူတယ်လို့ တော့
ခုလို မချော က ပို့(စ်)လေးတင်လိုက်တော့ မှပဲ
သိသွားတော့တယ်။

PhyoPhyo said...

ရှီးပဒီးကို နာမည်ကြားဖူးတယ်။ ဂျာနယ်တစ်စောင်မှာလားပဲ။ ဟိုးတုန်းက ဘာမှန်းသေချာမသိဘူး။ ရှီးပဒီး ရှီးပဒီးနဲ့ အလကားနေရင်း နှုတ်ထဲစွဲသွားပြီး အော်ခဲ့တာ သတိရမိတယ်။ နွယ်ပင်လေးစပေါက်လာတဲ့ပုံလေးမှာ အသည်းယားဖို့ကောင်းလိုက်တာ၊ မြွေဟောက်ပါးပြင်းလေးထောင်နေသလိုလေး။ သနားပါတယ်နော်။ သူ့ခေါင်းမှာနွယ်ပင်က ကပ်ပေါက်လာတာပေါ့။
မသိသေးတာ သိလိုက်ရလို့ ကျေးဇူး အကြီးကြီး တင်သွာပါတယ်။ လေးရင် ဖယ်လိုက်နော်။
ချစ်တဲ့
pp

Iora said...

ကိုယ်ပူတာအိုမှာပရောဂျက်တစ်ခုသွားလုပ်တုန်းကဆို
အဲဒါလေးတွေကိုစိတ်ဝင်စားအံ့သြလွန်းလို့ ဓါတ်ပုံတွေ ရိုက်ဟိုမေးဒီမေးနဲ့ ပေါ့။ တိဗက်တွေလာလာရောင်းတာလေ။ ကိုယ့်မှာအနုကြည့်မှန်ဘီလူးလေးလည်းပါတော့သေချာ ကြည့်တာပေါ့။ ကိုယ်ကသိပံ္ဗသမားဆိုတော့အပင်ကနေအကောင်ဖြစ် တယ်ဆိုတာဘယ်လိုလုပ်ယုံနိုင်မှာတုန်း။ ဒါပေမဲ့လည်းမှန်ဘီလူးအောက်မှာမျက်စိလေးတွေပါးစပ်လေးတွေနဲ့ တထပ်တည်းတူတာတွေ့ ရပြန်တော့မယုံနိုင်စရာတွေးရခက်ခဲ့တာ ယူအက်စ်ရောက်တဲ့ထိဘဲ။ မျက်စိလေးတွေကအင်းဆက်မျက်စိဆိုတော့မဲပြီးလက်နေတယ်လေ။ တစ်နေ့ တော့ကိုယ်နဲ့ ကိုယ့်ပရောဖက်ဆာကိုယ့်စာတမ်းကိုဆွေးနွေးနေတုန်းသူ့ သူငယ်ချင်း မှိုတွေဘဲလေ့လာတဲ့ ပါရဂူတစ်ယောက်ကအီးမေးလ်နဲ့ ဓါတ်ပုံတွေပို့ လာတယ်။ ကိုယ့်ပရောဖက်ဆာကသဘောတွေကျပြီးကိုယ့်ကိုပြတော့မှကိုယ်သိချင်နေခဲ့တဲ့ အဲဒီ ရှိပဒီးလိုအကောင်နဲ့ သူတို့ ခေါင်းကနေ fungusတွေထွက်နေတာပါလားဆိုတာသိခဲ့ရတော့အံ့
သြ၀မ်းသာလိုက်တာ။

စိတ်ဝင်စားရင် သူ့ ကိုတူးတဲ့ဗီဒီယိုလင့်လေးအောက်မှာ။
http://www.guardian.co.uk/environment/video/2010/sep/03/tibet-caterpillar-fungus

ရှည်သွားလို့ တောင်းပန်ပါတယ်နော်။ ကိုယ်စိတ်ဝင်စားတဲ့အရာလေးမို့ လို့ ကျေးဇူးလည်းတင်ရင်းမျှဝေတာပါ။

အိုင်အိုရာ

ကချင်ပြည်နယ်ရောက်ခဲ့တုန်းက သိတ်ငယ်သေးလို့လားမသိဘူး.. မဂျစ်ဥလောက်ပဲသိခဲ့တာ.. ခုမှ ရှီးပဒီးကိုသိခွင့်ရတာ.. ချောကို ကျေးဇူးတင်လို့မဆုံးပါဘူး...

မချောရေ...အဲဒီ ရှီးပဒီးအကြောင်းကို လွန်ခဲ့တဲ့ သုံးလေးနှစ်တုန်းက သူရဇ္ဇမဂ္ဂဇင်းလား၊ နက္ခတ္တရောင်ခြည်မဂ္ဂဇင်းထဲမှာလား မသိဘူး ဖတ်မိဖူးတယ်။ သူကတော့ ၀တ္ထုပုံစံမျိုး ရေးထား တာပေါ့။ မချောရေးထားသလိုပဲ ဆေးဖက်ဝင်ပြီး ရှားပါးတဲ့ ပစ္စည်းဖြစ်တဲ့အပြင် တန်ဖိုးကြီးတာမို့ အလွယ်တကူ တွေ့ဖို့ ခဲယဉ်းတယ်တဲ့။ အဲဒီ ဆောင်းပါးရှင်က ကမ္ဘာကျော်တဲ့ မြန်မာ့ဂျင်စင်း ဆိုပြီးတောင် တင်စားပြီး ရေးထားသေးတာ မှတ်မိနေသေးတယ်။ အခု နောက်တစ်ခါ မချောရေး ထားတာ ဖတ်လိုက်မှ ရှီးပဒီးအကြောင်း ပိုပြီး ပြည့်ပြည့်စုံစုံ သိသွားရတယ်။ တန်ဖိုးရှိတဲ့ ပို့စ်လေးအတွက် ကျေးဇူးပါ မချောရေ။

ဒီလိုအကောင်လေးတွေအပင်တွေအဖြစ်ရှိတယ်ဆိုတာကို
ထူးထူးဆန်းဆန်း အခုမှကြားဖူးဖတ်ဖူးတာဗျာ့
ထူးဆန်းတယ် ဆေးဖက်ဝင်နိုင်တယ် ထူးဆန်းရှားပါးတဲ့ အပင်လည်းဖြစ် အကောင်လည်းဖြစ် ဆေးကလည်းကြီးတယ်နော်
ကွန်လေးကောင်းတုန်း မောင်ဘကြိုင်လည်းကံကောင်းတုန်း အပြေးလွှားမန့်ခဲ့တယ်ဗျို့း)

ီဒီရှီးပဒီးကောင်ကိုရေခဲတောင်က ပြန်လာတဲ့ သူတွေဆီကတော့တွေ့ဖူးတယ်...အခုမှ ရှီးပဒီးအကြောင်း ပြည့်ပြည့်စုံစုံ သိရလို့ကျေးဇူးတင်ပါတယ်..။

MM Free said...

ဗဟုသုတရတယ် ကျေးဇူးပဲ
သင်ကာ

km said...

ပူတာအိုမှာတွေ့လို့ဝယ်ခဲ့တယ် ခုမှသိရလို့ကျေးဇူးတင်ပါတယ် ရှယ်ခွင့်ပြုပါ။

km said...
This comment has been removed by the author.
hkawng naw said...

Caterpillar Fungus or Cordyceps Sinensis ( Dong Chong Cao )

hkawng naw said...

Caterpillar Fungus or Cordyceps Sinensis ( Dong Chong Cao )

san htun said...

မဟေသီမဂ္ဂဇင်းမှာ ခါကာဘိုရာဇီခရီးသည် အခန်းဆက် ဆောင်းပါးမှာ ဖတ်လိုက်ရကတည်းက စိတ်ဝင်းစားတာ..ခုမှပဲ သေချာသိရတော့တယ်..ကျေးဇူးဗျား..

Tomsoe said...

ခုလိုစနစ်တကျရှင်းပြထားတဲ့ မချော ကိုကျေူးးဇူးတင်ပါတယ် ရေခဲတောင်ပေါ်သွားချင်တယ်ရောက်ခဲ့ရင်

Anonymous said...

Thanks Ma chaw for your info. I found this one at Chinese medicine shop in Singapore. Very expensive and small pack (about 5 kyat thar) is nearly S$ 3000.Where can we buy in myanmar?

Yan said...

Sis ရေ...
မင်္ဂလာပါ. ဒီပို့စ်လေးကို သဘောကျလို့ Myanmar Blogs Digest Page လေးမှာ ဝေမျှဖို့ ယူသွားတယ်နော်.
အခုလိုမျိုး ပို့စ်ကောင်းကောင်းလေးတွေကို ဆက်လက်ရေးသားနိုင်ပါစေဗျာ...

ခင်မင်စွာဖြင့်

Yan.

Samuel said...

အင်္ဂလိပ် ဗားရှင်းနဲ့တင်ပြပေးပါလား?