ဆားနဲ့ ဆောက်တဲ့ဟိုတယ်

ရုတ်တရက်ကြည့်မယ်ဆိုရင် မျက်စိတစ်ဆုံးရှိ ပြာပြာလွင်လွင် ပင်လယ်ကမ်းစပ်မှာ နှင်းဖြူဖြူတွေ ဝိုင်းရံနေသလို ထင်ရပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာတော့ အဖြူရောင်တွေဟာ ဆားတွေဖြစ်ပြီး ဘိုလီးဗီးယားနိုင်ငံက ဆားအကြီးအကျယ်ထုတ်လုပ်တဲ့ ဒေသ တစ်ခုဖြစ်ပါတယ်။ ဆားတန်ချိန်ပေါင်း သန်းပေါင်းများစွာ ထွက်ရှိတာကြောင့် နာမည်ကျော်ဒေသတစ်ခုလည်း ဖြစ်ပါတယ်။ အဲဒီSalar de Uyuni ဒေသရဲ့ ထူးဆန်းပုံကတော့ ဟိုတယ်ကိုတောင် ဆားတွေနဲ့ ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။


Image Hosted by PicturePush - Photo Sharing



ဘယ်လိုများ ဆားတွေနဲ့ ဆောက်ထားတာလဲ ဆိုတော့ ဟိုတယ်ရဲ့ အမိုး၊ နံရံ၊ ကြမ်းပြင်၊ စားပွဲ ၊ ဘား၊ ကုလားထိုင် များသာမက အိပ်ရာကုတင်ကိုတောင် ဆားကို ဘလောက်တုံးလို အတုံးတွေပြုလုပ်ပြီး ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။ ဟိုတယ် ပတ်ဝန်းကျင် ဆားတွင်းအနီးနားမှာရှိတဲ့ ရေပူစမ်းများ၊ မီးတောင်များ၊ လှပကြီးမားတဲ့ ကန္တာရ ရှားစောင်းပင်များ၊ ကြိုးကြာနီများဟာ ဘိုလီးဗီးယား နိုင်ငံရဲ့ ထင်ရှားတဲ့နေရာတစ်ခုအဖြစ် ခရီးသွားဧည့်သည်များကို ဆွဲဆောင်လို့ နေပါတယ်။ ဒါကြောင့်လည်း ဆားတွင်းအနီး လာရောက်လည်ပတ်ကြတဲ့ ဧည့်သည်တွေ တည်းခိုဖို့အတွက် ဆားပင်လယ်ကြီးရဲ့အလယ်မှာ ဟိုတယ်ကို ဆားတွေနဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ အဆုံးစွန် အိမ်သာကိုတောင် ဆားနဲ့လုပ်ထားပါသတဲ့လေ :)

Image


Image Hosted by PicturePush - Photo Sharing





Image Hosted by PicturePush - Photo Sharing
ဆားပင်လယ်ကြီးအနီးက ကြိုးကြာနီများ
Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

ကြီးမားတဲ့ ရှားစောင်းပင်ကြီးများ



ဟိုတယ်ရှေ့က ရေကန်



Image Hosted by PicturePush - Photo Sharing


Image


Image

Image

Image


Image

Image Hosted by PicturePush - Photo Sharing



ဆားနဲ့လုပ်တဲ့ စားပွဲ၊ ကုထားထိုင် ( အဝတ်တစ်ခုခု ခုပြီးတော့ မထိုင်ရင်တော့ အဝတ်တွေ ဆားပေါက်မှာ သေချာတယ်) :P

 







ဆားနဲ့လုပ်တဲ့ နာရီစင်
ဆားတွေနဲ့ ဆောက်ထားတဲ့ ဟိုတယ်ကို ၁၉၉၃ခုနှစ်မှာ စတင်ဆောက်လုပ်ခဲ့တာဖြစ်ပြီး ကမ္ဘာပေါ်က တစ်ခုတည်းသော ဆားတုံးတွေနဲ့ ဆောက်တဲ့ဟိုတယ်လည်း ဖြစ်ပါတယ်။ ဟိုတယ်မှာ အိပ်ခန်းပေါင်း ၁၅ခန်းပါဝင်ပြီး ဧည့်ခန်း၊ စားသောက်ခန်း၊ ဘား၊ စသည်တို့ ပါဝင်ပါတယ်။ ဟိုတယ်နံရံဟာ ဆားတုံးကြီးတွေတစ်ခုနဲ့ တစ်ခုကြားမှာတော့ ဆားကို ရေနဲ့ ရောစပ်ပြီး အုတ်တစ်ချပ်နဲ့ တစ်ချပ်ကြားက ကွန်ကရိနဲ့ ဆက်စပ်ထားသည့်သဖွယ် ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။



Image Hosted by PicturePush - Photo Sharing

 ဆားနဲ့လုပ်တဲ့ ကုတင်

မိုးရာသီအချိန်မှာတော့ ဆားနံရံတွေ အရည်ပျော်မှာစိုးတဲ့အတွက် နောက်ထပ် ဆားဘလောက်တုံး အသစ်တွေ လဲလှယ်တယ်လို့ ဆိုပါတယ်။ ဟိုတယ် ကြံ့ခိုင်မှု ရှိဖို့အတွက် ဟိုတယ်ထဲ လာရောက် တည်းခိုသူများကို အထူး ချမှတ်ထားတဲ့ စည်းကမ်းချက်ကတော့ ဟိုတယ် နံရံတွေ ၊ စားပွဲတွေကို လျှာနဲ့ မလျှက်ဖို့လို့ ဆိုပါတယ်။ ဘယ်သူကများ လျှာနဲ့ လျှက်ပါ့မလဲ လို့ တွေးစရာပါ။




ဟော.  ဒီမှာ ပြောရင်းဆိုရင်း လျှက်ကုန်ပြီ :P
ဒီလို လူမျိုးတွေရှိလို့လည်း လျှာနဲ့ မလျှက်ဖို့ သတ်မှတ်ထားတာ ဖြစ်ပါလိမ့်မယ်။ :)

ဆားတွေကြားထဲမှာ နေရထိုင်ရ၊ အိပ်ရတာကို သဘောကျသူများ ဘိုလီးဗီးယားနိုင်ငံက ဆားဟိုတယ်ကို အလည် သွားနိုင်ကြပါပြီနော်။

အားလုံးသော စာဖတ်သူများ စိတ်နှလုံး ရွှင်လန်းကြပါစေရှင်...

Image Hosted by PicturePush - Photo Sharing
 

23 Responses to “ဆားနဲ့ ဆောက်တဲ့ဟိုတယ် ”

ဒို့လဲ အားကျမခံ မြန်မာပြည်ပြန်ပြီး ဟိုတယ်ဆောက်အုံးမှ (ငပိနဲ့) :P

မမေကော်မန့်ဖတ်ပြီး ရီချင်လိုက်တာ..
မအောင့်နိုင်လို့ ပြန်ရေးဦးမှ
မမေရဲ့ ငပိနဲ့ ဆောက်တဲ့ ဟိုတယ်ကို လာတည်းရင် နှာခေါင်းစည်းတော့ပါမှ ဖြစ်မယ်ထင်တယ်နော်
မဟုတ်ရင် နံလွန်းလို့ အိပ်လို့ ရမှာ မဟုတ်ဘူးး)))

johnmoeeain said...

ဒီတစ်ခုတော့ ဘယ်လိုခံစားပေးရမယ် မသိဖူး..။ ဆားကို material တစ်ခုလို မမြင်တတ်ခဲ့ဖူး..။ အသစ်အဆန်းအတွေးတောင် ရသွားတယ် မချောရယ်.. :)

May Khin said...

ချောရေဆားနဲ့ဆောက်ထားတဲ့ဟိုတယ်လေးကို
ခေတ္တခဏလာရောက်တည်းခိုသွားပါတယ်ကွယ်
ခင်တဲ့အန်တီလေးမေခင်

အမချောအံ့ဖွယ်ဆားဟိုတယ်လေးကို
လာရောက်လေ့လာသွားပါတယ်

မေဓာဝီက ဟာသကော်မန့်တွေ အရမ်းပေးတတ်တာ။ သူ့ကော်မန့်ကို ဖတ်ပြီးတော့ ရယ်လိုက်ရသေးတယ်။

အဲဒါကြောင့် စားပွဲပေါ်မှာ ဆားဗူးမတွေ့တာ။ နို့မို့ရင် ဆားဗူးလေးတော့ တင်ထားလောက်တယ်။

ချမ်းမြေ့ပါစေ
ခင်မင်တဲ့

PhyoPhyo said...

ဖြူဖြူဖွေးဖွေး နဲ့ လှထှာ။
ဟိုတယ်ကစားဖိုမှုးတွေ ဟင်းချက်တိုင်း ဖဲ့ဖဲ့ပြီး ထည့်ချက်နေမှဖြင့်

ချစ်တဲ့
pp

ကျောင်းဖွင့်တော့ရုန်းရင်း ကန်ရင်းနဲ့ ဘလော့ထဲ မလည်တာတောင် အတော်ကြာသွားပြီအစ်မရေ..
ကြံကြံဖန်ဖန် ဆားဟိုတယ်ကို ကြည့်ပြီး သဘောကျသွားတယ်အစ်မ.။

အိုင်ဒီယာကတော့ မိုက်တယ်နော် ..
ဒါမယ့် ဖတ်ပြီး ယားကျိကျိဖြစ်လာသလိုပဲ .. :D

:P... ပွေးဝဲယားနာကတော့ ချက်ချင်းပျောက်မှာပဲနော်... :P


ခင်မင်လျက်
နေ၀သန်

အိမ်ကလူနဲ့ အတူ ဆားဟိုတယ်ကိုသွားလည်လိုက်တာ
တကိုယ်လုံး ယားကျိကျိဖြစ်လာလို့
ချစ်တဲ့ jasmine

sosegado said...

သွေးတိုးရှိရင် မလွယ်ဘူး ဆားဟော်တယ်မှာ

သွားလည်ချင်တယ်။ပုံလေးတွေလဲလှတယ်နော်

mstint said...

ဟိုတယ်ကိုဆားနဲ့ဆောက်ထားတာ စစ်မစစ် သေချာအောင် လက်တွေ့စမ်းသပ်တာဖြစ်မယ်း))
ထက်မြက်တဲ့ ဗိသုကာ ပညာရှင်တွေကို ချီးကျူးမိတယ် ချောရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

rose of sharon said...

ထူးခြားဆန်းကျယ်တာလေးတွေ ချောဆီလာလည်တိုင်း တွေ့ရတာ ကျေးဇူး....

Nyi Linn Thit said...

တကယ့်ကို ကြံကြံဖန်ဖန်ပါပဲဗျာ...၊ အဲဒီဟိုတယ်မှာ နံရံတွေ၊ စားပွဲတွေ လျှောက်ကိုင်ပြီး မျက်လုံးကို ပြန်ပွတ်မိရင်တော့ ဒုက္ခနော်...၊း)

သွားပွတ်တံ မေ့လာခဲ့ရင်လည်း ပူစရာ မရှိဘူး၊ ရေချိုးခန်း နံရံကို နည်းနည်းခြစ်လိုက် ရုံပဲ...။း)

အစ်မရေ.. အားနာပါးနာနဲ့ အလုပ်ပေးရဦးမယ်.။
ကျွန်တော့် ဘလော့လိပ်စာလေးပြောင်းသွားပြီမို့ လင့်ခ်ထပ်ချိတ်ပေးပါဦး.။
ယခင်က မေမြို့မိုး ယခု နွေမိုး ပါ.။

အဲဒီဒေသကလူတွေ လည်ပင်းကြီးရောဂါမဖြစ်ကြမှာတော့ အသေအချာပဲ... တွေးမိတာက ဒီလောက်ဆားတွေချည်းရှိတဲ့နေရာမှာ သောက်ဖို့သုံးဖို့ ရေချိုကတော့ တော်တော်ခက်ခက်ခဲခဲကြိုးစားရမယ်ထင်တယ်နော်...... ;)

ခင်မင်စွာဖြင့်
ကိုကိုးအိမ်

blackroze said...

အဲဒီဟိုတယ်မျာသာတည်းရရင်တော့
ငန်ကျိကျိ နေမှာ မကြီးချော

Charmingboy said...

Pls may i share on my fb.

Charmingboy said...

Hote tal . Out tow ma out naing woo. Yi chin lon lo. Nga pi Hotel so dar lay

san htun said...

ဆန်းသား..ဆားနဲ့ ဆောက်ထားတာ ဟုတ်မဟုတ် လျက်ကြည့်ကြတာ ဖြစ်မယ်..:P