အဖြူရောင်ကန္တာရ

ကန္တာရရယ်လို့ ပြောလိုက်ရင် အင်မတန်မှ ကြောက်စရာကောင်းပြီး သေမင်းတမန် နယ်မြေလို့တောင် တင်စား ကြတာကိုဘဲ ကြားဖူးကြမယ် ထင်တယ်နော်။ ကန္တာရကို စာတွေထဲမှာ ဖော်ပြကြရင်လည်း အင်မတန်မှ ခြောက်သွေ့ ကြမ်းတမ်းပြီး၊ နေအလွန့်အလွန်ပူပြင်းတဲ့ ဒေသ၊ မြွေတွေပေါပြီး အလွန် ထူထပ်တဲ့ သဲပြင်တွေချည်း ဖုံးလွှမ်းနေတဲ့ ဒေသ ၊ ရေတစ်စက်မှမရှိ၊ မိုးတစ်စက်မှ မရွာတဲ့ ဒေသ၊ အလွန် ကြောက်စရာ ကောင်းတဲ့ နေရာဒေသ တစ်ခုအဖြစ် ပုံဖော်ကြလေ့ရှိပါတယ်။ တကယ်တမ်းတော့ ခြောက်သွေ့ ပေမဲ့ သဲပြင်တွေနဲ့ လှပတဲ့ ဒေသဟာ ကန္တာရလည်း ရှိတယ်လို့ ဆိုရင်လည်း မမှားပါဘူး။ ဘရာဇီးနိုင်ငံရဲ့ Maranhenses အမျိုးသား  သဲကန္တာရဟာ အင်မတန်မှ လှပပြီး အဖြူရောင်သဲပြင်ကြီးတွေ ဖုံးလွှမ်းနေတဲ့ ကန္တာရ တစ်ခုဖြစ်ပါတယ်။ ပြီးတော့ အဲဒီကန္တာရထဲမှာ ကြည်လင်ပြီး အေးမြနေတဲ့ ရေကန်ငယ် တစ်ခုလည်း ရှိပါတယ်။



maranhenses 12

maranhenses 13

maranhenses 10


အဖြူရောင် ကန္တာရဟာ ကန္တာရထဲကို ခရီးသွားလာသူတို့အတွက် နိဗ္ဗာန်ဘုံလေးတစ်ခုလို့တောင် တင်စားလို့ ရလောက်အောင် လှပသာယာတဲ့ နေရာလေးတစ်ခု ဖြစ်ပါတယ်။ ဘရာဇီးနိုင်ငံရဲ့ မြောက်ဘက်မှာ တည်ရှိပြီး ကီလိုမီတာ တစ်ထောင်ခန့်ကျယ်ဝန်းပါတယ်။ သို့သော်လည်း ၄င်းအဖြူရောင် ကန္တာရထဲမှာ ရေကန်ငယ်လေး ရှိပြီး မိုးလည်း ပုံမှန်ရွာသွန်းတတ်သော်လည်း သစ်ပင် အလွန် နည်းပါးပါတယ်။

maranhenses 1


maranhenses 6

maranhenses 7
maranhenses 8
maranhenses 9


သဲပုံတွေကြားက ပုံသဏ္ဍာန် အမျိုးမျိုးနဲ့ ရေအိုင်တွေဟာ မိုးရွာပြီးတာနဲ့ ရေတွေ ပြည့်လာတတ်ပြီး အပြာရောင် ကနေ အစိမ်းရောင်အထိ မိမိကြည့်ရှုတဲ့နေရာ အနေအထားကိုလိုက်ပြီး အရောင် ပြောင်းနေတာ ကို တွေ့ရပါတယ်။အဖြူရောင်သဲပြင်တွေကြားက မြင်ရတဲ့ ရေအိုင်တွေဟာ ကျောက်မျက် ရတနာ တောက်ပနေသလိုမျိုး လှပစွာ တွေ့မြင်နိုင်တာ ဟာလည်း အဖြူရောင်ကန္တာရရဲ့ ထူးခြားစွာ လှပတဲ့ အချက်ဘဲဖြစ်ပါတယ်။ 

 e.
maranhenses 3
maranhenses 4
maranhenses 5
သာယာလှပတဲ့ အဖြူရောင်ကန္တာရကို ဘရာဇီးအစိုးရရဲ့ ကာကွယ်စောင့်ရှောက်တဲ့အစီအစဉ်အနေနဲ့ မည်သည့်ကိုယ်ပိုင်ကားတွေကိုမှ ဝင်ခွင့်မပြုပါဘူး။ ဥယျာဉ်က စီစဉ်ထားတဲ့ လေးဘီး ထရပ်ကားတွေနဲ့သာ အတွင်းထဲကို ဝင်ရောက်ခွင့်ရှိပါတယ်။ 


maranhenses 1


maranhenses 1


maranhenses 2


maranhenses 11

ကန္တာရထဲက ကြည်လင် သန့်စင်နေတဲ့ ရေအိုင်ထဲမှာ ငါးတွေကိုတောင် တွေ့နိုင်ပါတယ်။ ဒီလောက်တောင် လွင်တီးခေါင် သဲကန္တာရထဲ ငါးတွေကို ဘယ်က ဘယ်လို ဝင်ရောက်လာသလဲ စဉ်းစားစရာပါ။ သို့ပေမဲ့ ဖြစ်နိုင်တာက ပင်လယ်ပျော်ငှက်တွေဟာ ငါးတွေကို ပင်လယ်ကနေ စားသောက်ပြီး ငါးထဲမှာ ပါလာတတ်တဲ့ ငါးဥတွေဟာ ငှက်တွေရဲ့ ဝမ်းထဲကိုရောက်သွားပြီး မစင်မဖြစ် ရေကန်နား စွန့်ပစ်မိရာက ၄င်း ငါးဥကနေ ငါးတွေ ရှင်သန်ပေါက်ဖွား လာတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 

မျက်စိတဆုံး ကျယ်ပြောလှတဲ့ သဲပြင် ဖြူလွလွတွေကြားမှာ စိမ်းစိုစိုရေကန်တွေ တည်ရှိနေတာဟာ ရောက်လာသူတိုင်းရဲ့ စိတ်နှလုံးကို သိမ်းကျုံးဆွဲငင်နိုင်စွမ်း ရှိလှတဲ့အတွက် ဘရာဇီးက သဘာဝအလှအတိုင်း တည်ရှိဆဲ အဖြူရောင်ကန္တာရကို လာရောက်လည်ပတ်သူတွေ တစ်နေ့တစ်ခြား များပြားလို့လာပါတယ်။ လာရောက်လည်ပတ်သူတွေကြောင့် အဖြူရောင်ကန္တာရရဲ့ အလှအပတွေ ပျက်စီးမှာ၊ ရေကန်တွေ ညစ်နွမ်းမှာ၊ ခမ်းခြောက်မှာကိုတော့ တာဝန်ရှိသူများက ထိမ်းသိမ်း စောင့်ရှောက် ရမှာ ဖြစ်ပါတယ်။ အခါအခွင့် သင့်ရင်တော့ အဖြူရောင် သဲသောင်ပြင်တွေနဲ့ လှပနေတဲ့ ကန္တာရထဲကို ရောက်ဖူးချင်ပါသေးတယ်ရှင်... 

အားလုံးဘဲ ကြည်လင်ရွှင်လန်း ငြိမ်းချမ်းကြပါစေ.. 


Image Hosted by PicturePush - Photo Sharing 

20 Responses to “အဖြူရောင်ကန္တာရ”

mstint said...

ဘရာဇီးနိုင်ငံမှာရှိတဲ့ ထူးထူးခြားခြား Maranhenses သဲကန္တာရ အကြောင်းလေး စိတ်ဝင်စားစရာကောင်းတယ် ချောရေ။ တကယ့်ကို တန်ဘိုးရှိပြီး နိဗ္ဗာန်ဘုံလေးတစ်ခုလို့ တင်စားသင့်ပါတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

သွားလည်ချင်တယ်ချောရေ... လှလိုက်တာအရမ်းဘဲ..

လှလိုက်တာဗျာ ။သွားချင်လိုက်တာ ။

AH said...

အရမ်းလှတဲ့ နေရာလေးနော်.. မချော။ သွားချင်လိုက်တာ

Nyi Linn Thit said...

အရမ်းလှတယ် မချော..၊ အဲဒီကန်ဘေးနားမှာ တစ်ညအိပ်လောက် ဖြစ်ဖြစ် camp ထိုးပြီး စခန်းချ ချင်တယ်..၊ ညမှာ တိမ်ကင်းစင်ရင် ကြယ်တွေကို ကြည့်လို့ ကောင်းလိုက်မယ့် ဖြစ်ချင်း...။

တကယ့်ကို သာယာလှပပါတယ်။ ဘရာဇီးရောက်မှ သွားဦးမယ်။ ဟိ။

jr.lwinoo said...

ဟုတ်တယ်ချောရေ..
ကိုညီလင်းသစ်ပြောသလိုပဲ ညဘက် camping ထွက်ရမယ်။
ရာသီဥတုသာယာတဲ့ နေ့မျိုးမှာပေါ့။း)

Anonymous said...

ဟုတ်တယ် မချောရေ..
ကန္တာရ ဆိုရင်
ခြောက်ခြောက်သွေ့သွေ့ လွင်တီးခေါင်ပဲ မြင်မိတယ် ..း))

ခင်မင်လျှက်
ဆောင်းနှင်းရွက်

winzawzaw said...

သွားပါပြီ
ကျွန်တော်ကတော့ ဘယ်သူမရောက်တဲ့နေရာဆိုပြီး ငါးတွေသွားလွှတ်ထားတာ လူတွေသိကုန်ပြီ
သွားပြန်ဖမ်းဦးမှပဲ.....

PhyoPhyo said...

လှလိုက်တာ။ ရေစပ်စပ်မှာဆို သဲလေးတွေအိနေမှာပဲ။
သွားရအောင်။
ချစ်တဲ့
pp

အရမ်းကိုသာယာလှပ ပါတယ်
ပုံလေးတွေကြည့်ပြီးဘရာဇီးနိုင်ငံကိုအလည်သွားချင်
တဲ့စိတ်တွေဖြစ်ရပြီ
ရေကန်လေးက လူတွေလုပ်ထားသလိုပဲနော်
သဘာဝအလှတွေကလဲ တခါတရံ ဆန်းကြယ်လှတယ်

အဖြူရောင် ကန္တာရလေးထဲကို အလည်အပတ် လာသွားပါတယ်

Anonymous said...

ရောက်ဘူးချင်လိုက်တာချောရေ။
ကန်လေးဘေးမှာထိုင်ပြီးလေအေးလေးတိုးတာခံချင်လိုက်တာ။
အင်း..အစားစားနေတုန်းလေဝှေ့ လိုက်ရင်တော့သဲတွေဝင်ကုန်မှာ။ ကညလသ tent ထဲဝင်စားမှထင်တယ်။း)
အို်င်အိုရာ

san htun said...

ဒီကန္တာရလေးကတော့ လှလိုက်တာ မချောရေ..

johnmoeeain said...

စိတ်ဝင်စားစရာ တစ်စုံတစ်ခု...။
မချောမို့ ဒီလို ထူးထူးဆန်းဆန်းလေးတွေ သိတတ်တယ်.. :)

အဖြူရောင်ကန္တာရတဲ့လားမချော။ အဖြူရောင်လမ်းကလေးလိုလှတယ်ပေါ့။ :)
အံ့ဩစရာနော်။ သဘာဝမှာလူတွေထင်ထားတာထက်အံ့အားသင့်စရာတွေအများကြီးပဲ။ ငါးပေါက်နေတာလည်းထူးဆန်းတယ်။ ရေတွေကလည်းလှနေတာထူးဆန်းတယ်။ လမ်းပျောက်တဲ့လူအဲဒီလိုကန္တာရမျိုးနဲ့တွေ့ရင်တော့ကံကောင်းမှာဗျနော်။ကျွန်တော်တို့ကြားဖူးနေကျကန္တာရဆိုတာကကောင်းမှမကောင်းဘဲ။

အန်တီလေးမေခင် said...

ချောရေအဖြူရောင်ကန္တာရတဲ့လားကွယ်
ထူးဆန်းလှပသောပိုစ့်လေးတွေအားပေးသွားပါတယ်
ခင်တဲ့အန်တီလေးမေခင်

့မြတ်နိုးသူ(MUFL) said...

မချောရေလှပတဲ့သဲကန္တာရရှုခင်းလေးကို
မြင်ခွင့်ရလို့ကျေးဇူးပါနော်အားပေးသွားပါတယ်

စိမ်းလမ်းစိုပြေတဲ့ ရေကန်လေးနဲ့ သဲကန္တာရမျိုး ရှိနေတာ အံ့သြစရာ။ သဘာဝတရားက ဖန်တီးပေးထားတဲ့ ဒီလို နေရာမျိုး ပိုင်ဆိုင်ခွင့်ရတဲ့ ဘရာဇီးနိုင်ငံအတွက် တကယ့်ကို တိုးရစ်တွေကို စွဲဆောင်မှု အပြည့်အ၀ပေးမှာ သေချာတယ်။

အထူးဆန်းပဲနော် မိုက်လိုက်တာ .. လှလိုက်တား)