သုံးရောင်ခြယ်ရေကန်


အင်ဒိုနီးရှားနိုင်ငံဟာ ထူးခြားဆန်းပြားတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ မြေမျက်နှာ သွင်ပြင်များစွာ ရှိတဲ့နိုင်ငံ တစ်နိုင်ငံ ဖြစ်ပါတယ် ။ အဲဒီထဲကမှ စိတ်ဝင်စားမိတဲ့ သဘာဝ ပတ်ဝန်းကျင်ကတော့ လူတွေရဲ့ ဖန်တီးမှုမပါဘဲ အရောင် သုံးမျိုးဖြစ်ပေါ်နေတဲ့  ရေကန်ကြီးများ အကြောင်းပါ။ မီးတောင်တွေ များစွာရှိတဲ့ နိုင်ငံဖြစ်တာကြောင့် အဲဒီ မီးတောင်တွေကြောင့်ပင် ထူးဆန်းတဲ့ မြေပြင်နဲ့ အံ့သြဖွယ် ပတ်ဝန်းကျင်တွေကို ဖြစ်ပေါ်စေနိုင်ခဲ့ပါတယ်။ ထူးထူးဆန်းဆန်း ဥပမာတစ်ခုကို ပြရမယ်ဆိုရင် Flores ကျွန်းပေါ်က သုံးရောင်ခြယ် ရေကန်ကြီးကို ပြချင်ပါတယ်။ KELIMUTU တောင်ပေါ်က မီးတောင်ထိပ်ဝဟောင်း တစ်ခုပေါ်မှာ ဖြစ်ပေါ်နေတဲ့ ရေကန်သုံးခုဟာ အံ့သြဖို့ကောင်းလောက်အောင် ရေရဲ့အရောင်ဟာ တစ်ကန်နဲ့တစ်ကန် မတူညီဘဲ တစ်မျိုးစီသော အရောင်အဆင်းဖြင့် ထူးခြားစွာ ဖြစ်ပေါ်နေခဲ့ပါတယ်။ တောင်ထိပ်ပေါ်က အရောင်သုံးမျိုးရေကန်ဟာ နိုင်ငံခြားခရီးသွား ဧည့်သည်တွေ အထူး စိတ်ဝင်စားကြပြီး လာရောက်လည်ပတ်ကြတာကြောင့် ကမ္ဘာကျော်နေရာတစ်ခု ဖြစ်လာပါတယ်။

Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

မြို့ငယ်လေးဖြစ်တဲ့ Moni ကနေ ကီလိုမီတာ ၅၀ ခန့်ဝေးတဲ့နေရာမှာ တည်ရှိပြီး အရောင်သုံးမျိုးစီ ဖြစ်နေတဲ့ ရေကန်များဟာ နာမည်ကိုယ်စီ ရှိနေပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ဒေသခံ လူမျိုးတွေဟာ ရေကန်ကြီးမှာ ရှေးခေတ် အဆက်ဆက်က သေဆုံးသွားသူ ဘိုးဘွားလူကြီးတွေ၊ လူငယ်လူရွယ်တွေရဲ့ ဝိဥာဉ်တွေ နားခိုနေကြတယ်လို့ ယုံကြည်ကြပါတယ်။ ရေကန်ကြီးရဲ့ အရောင်တွေဟာလည်း သေဆုံးသူ ဝိဥာဏ်တွေရဲ့ စိတ်နေ စိတ်ထားပေါ်မူတည်ပြီး ဖြစ်ပေါ်နေတယ်လို့ဆိုပါတယ်။ တောင်ထိပ်ရေကန်ထဲက ရေတွေဟာလည်း မကြာခဏ အရောင်အမျိုးမျိုးပြောင်းလဲနေတတ်တယ်လို့ သိရပါတယ်။ 

Image Hosted by PicturePush - Photo Sharing
အပြာရောင်ရေကန်
Image Hosted by PicturePush - Photo Sharing

ရေကန်သုံးခုမှာ အရှေ့ဘက်နားကျတဲ့ ရေကန်ကြီးကတော့ အင်ဒိုနီးရှားဘာသာနဲ့ Tiwu Ata Mbupu ဖြစ်ပြီး သက်ကြီးရွယ်အို ရေကန်လို့ အမည်ရပါတယ်။ ၄င်းရေကန်ရဲ့ ရေတွေကတော့ အပြာရောင်ဖြစ်ပြီးတော့ အသက်ကြီးသူတွေ သေဆုံးသွားတဲ့အခါ သူတို့ဝိဥာဉ်တွေက အဲဒီရေကန်မှာ နေထိုင်ကြတယ်လို့ ယုံကြည်ကြတာကြောင့် အသက်ကြီးရွယ်အို ရေကန်လို့ အမည်တွင်ပါတယ်။  

Image Hosted by PicturePush - Photo Sharing

အစိမ်းရောင်ရေကန်

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing


နောက်ထပ် ရေကန်တစ်ခုကတော့ Tiwu Nuwa Muri Koo Fai လို့ အမည်ရပြီး လူငယ်လူရွယ်ရေကန်လို့ အမည်ပေးထားကြပါတယ်။ သေဆုံးသွားတဲ့ လူငယ်လူရွယ်တွေရဲ့ ဝိဥာဉ်တွေကတော့ အဲဒီ ရေကန်မှာ နားခိုနေထိုင်ကြတယ်လို့ ဆိုပါတယ်။ ရေကန်ရဲ့ အရောင်ကတော့ အစိမ်းရောင်ဖြစ်ပါတယ်။ 



Image Hosted by PicturePush - Photo Sharing

နီညိုရောင် ရေကန်

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

သူနဲ့ကပ်လျှပ်မှာ ရှိနေတဲ့ နီညိုရောင် ရေကန်ကတော့ Tiwu Ata Polo  ဖြစ်ပြီး သက်ကြီးရွယ်အိုဖြစ်စေ၊ ယောက်ျားမိန်းမ ၊ လူငယ်မရွေး မသေခင်မှာ ဆိုးမိုက် ရမ်းကားတဲ့ သူတွေ၊ မကောင်းတဲ့သူတွေ သေဆုံးသွားတဲ့အခါ သူတို့တွေရဲ့ ဝိဥာဉ်တွေက အဲဒီ နီညိုရောင် ရေကန်မှာ နေထိုင်ကြရတယ်လို့ ဆိုပါတယ်။ အဲဒီရေကန်က ရေတွေဟာ တစ်ခါတစ်ရံမှာ အငွေ့တလူလူနဲ့ ဆူပွက်နေတာမျိုးကိုလည်း မြင်တွေ့ရတတ်ပါတယ်။


Image Hosted by PicturePush - Photo Sharing


တောင်ထိပ်တစ်ခုတည်းမှာ ဖြစ်ပေမဲ့ ရေကန်သုံးခုပေမဲ့ ရေရဲ့အရောင်တွေဟာ မတူညီ ကွဲပြားစွာ ဖြစ်ပေါ်နေတာ ဟာလည်း ဘူမိဗေဒပညာရှင်တွေအတွက် စိတ်ဝင်တစား စူးစမ်းလေ့လာစရာ ဖြစ်နေခဲ့ပါတယ်။ ရေကန်ကြီးရဲ့ အရောင်တွေ မတူညီရခြင်းကို သိပ္ပံနည်းကျ စူးစမ်းကြည့်ရမယ်ဆိုရင်တော့ ရေပြင်အောက်ခြေက မြေအောက်ထဲမှာရှိနေတဲ့ ဓာတ်ငွေ့တွေနဲ့ ဓာတ်သတ္တုတွေ ပါဝင်မှု ကွဲပြားနေတာကြောင့် ခုလို အရောင်စုံ ဖြစ်ပေါ်ရတယ်လို့ ဆိုပါတယ်။ တောင်ပေါ်ကနေ ရေကန်ရဲ့ အလှအပကိုသာမက တောင်ပေါ်ဒေသရဲ့ လှပတဲ့ အာရုဏ်ဦးရှုခင်းကိုလည်း ရှုစားနိုင်တာကြောင့် ခရီးသွားဧည့်သည်များဟာ မနက်စောစော တောင်ထိပ်ပေါ်ကို တက်ရောက်ပြီး အလွန်လှပတဲ့ ဆည်းဆာမနက်ခင်းကို ကြည့်ရှုလေ့ရှိကြပါတယ်။ 

အင်ဒိုနီးရှားနိုင်ငံက အရောင်စုံ ရေကန်ကြီးများအကြောင်းကို ဗဟုသုတဖြစ်ဖွယ်ရှာဖွေ တင်ပြလိုက်ရပါတယ်..


အားလုံးသော မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ရှိကြပါစေရှင်… 


Image Hosted by PicturePush - Photo Sharing

18 Responses to “သုံးရောင်ခြယ်ရေကန်”

ရေကန်လေးတွေ ထူးဆန်းလိုက်တာ

သဘာဝအလှတရားတွေက နေရာတိုင်းမှာ ရှိနေကြတယ်နော်။

သူတို့အယူနဲ့ သူတို့တော့ ဟုတ်နေကြတာဘဲ။ ဘာဘဲ ဖြစ်ဖြစ် ခရီးသွားလုပ်ငန်းအတွက်တော့ အကျိုးရှိစေတာ အမှန်ပါဘဲ။

mstint said...

သဘာဝဖြစ်နေတဲ့ သုံးရောင်ခြယ် ထူးခြားရေကန်နဲ့ အယူအဆလေးတွေကို ဗဟုသုတအဖြစ် မှတ်သွားတယ် ချောရေ။ ကမ္ဘာလှည့် ခရီးသည်တွေအတွက် စိတ်ဝင်စားစရာ sight-seen တစ်ခုပေါ့နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

သွားမယ်ကွယ် တစ်နေ့တော့ :)

seng Li kham said...

Amazing ! Thanks for sharing,sis !

သဘာဝအလျှောက် လှပနေတဲ့ သုံးရောင်ခြယ်ရေကန်
မြင်ခွင့်ရလို့-သိခွင့်ရလို့ ကျေးဇူးပါချောရေ
ခင်တဲ့ sis jasmine

သဘာဝအလျှောက် လှပနေတဲ့ သုံးရောင်ခြယ်ရေကန်
မြင်ခွင့်ရလို့-သိခွင့်ရလို့ ကျေးဇူးပါချောရေ
ခင်တဲ့ sis jasmine

ရေကန်တစ်ကန်စီရဲ့ ဓါတ်သတ္တု အမျိုးအစားနဲ့ ပါဝင်နှုန်းက အတော်လေး စိတ်ဝင်စားဖို့ကောင်းမှာ သေချာတယ်၊ အနီးလေးမှာ ကပ်နေကြပြီး အရောင်တွေ ကွဲနေတာကိုက လှနေတာ...၊ ထူးထူးဆန်းဆန်းတွေ စိတ်ဝင်စားတတ်တဲ့ မချောရဲ့ ကျေးဇူးကြောင့် သိတာတစ်ခု တိုးသွားပြန်ပြီ...၊ ကျေးဇူး...။း)

May Khin said...

သဘာဝအလှတွေနဲ.သုံးရောင်ခြယ်ရေကန်လေးတွေ
အကြောင်းဗဟုသုတအဖြစ်ဖတ်ရှု.သွားပါတယ်ကွယ်။
ပုံလေးတွနှင်တကွဖေါ်ပြပေးလို.ကျေးဇူးပါချောရေ
ခင်တဲ.အန်တီလေးမေခင်

မမချောရေ...ဗဟုသုတလေးတွေမျှဝေပေးလို့
ကျေုးဇူးပါနော်...ဟုတ်တယ်..
ကိုကြီးညီလင်းပြောသလို ထူးထူးဆန်းဆန်းလေးတွေ
စိတ်ဝင်စားတတ်တဲ့ မမချောကြောင့် မိုးနတ်တို့တွေ
ဗဟုသုတတိုးနေရတာပါ...
ခင်တဲ့...မိုးနတ်ကြယ်စင်

blackroze said...

သဘာဝတရားကြီးကအ၇မ်းစိတ်ဝင်စားဖို့
ကောင်းတယ်မကြီးချော..

san htun said...

အဆန်းတကြယ်လေးတွေကို မိတ်ဆက်ပေးတယ့် မချောကြောင့် ဗဟုသုတ တိုးပေတယ်..

ထူးဆန်းတယ်နော် .... ထူးဆန်းတဲ့သဘာဝ ဖြစ်ရပ်တွေ ရဲ့နောက်မှာ စိတ်ဝင်စားဖွယ် ရိုးရာယုံကြည်မှု တစ်ခုလည်း ရှိနေတက်တယ်နော် ... အစ်မ ... ကျေးဇူးပါဗျာ ... အခုလို သိခွင့်ရလို့ ပါ .... ။

ထူးဆန်းလိုက်တာ...

ထူးထူးဆန်းဆန်းရေကန်ကို စူးစမ်းသွားပါတယ်အမရေ.. :)

မနီးမဝေးမှာ အရောင်ကွဲရေကန်(၃)ခုရှိ အတူတည်ရှိနေကြတာ အံ့သြစရာနော်။ သူတို့ရဲ့ အဓိပ္ပါယ်သတ်မှတ်ချက်တွေကလည်း စိတ်ဝင်စားစရာ။ အရောင်တွေ သိသိသာသာကွဲပြားနေမှ စိတ်ဝင်စားစရာ ကောင်းနေပြီပေါ့။ ရှာရှာဖွေဖွေဖော်ပြပေးတဲ့ ချောကို ကျေးဇူးတင်ပါတယ်။

aungkokozaw said...

ကျေးဇူးတင်ပါတယ်
မမချေိာ

ရှာရှာဖွေဖွေတင်ပြပေးတဲ့ အတွက် မမရေ..ကျေးဇူးပါ...လို့..:)