ငါးပဲငပိကြော်


ဟင်းချက်နည်းတွေ မတင်ဖြစ်တာ နည်းနည်းကြာသွားပြီလို့ထင်ပါတယ်.. ဒီတစ်ပတ်တော့ ငါးကို ပဲငပိလေးနဲ့ စားချင်စဖွယ် အရသာရှိအောင် ကြော်တဲ့နည်းလေး ဖော်ပြချင်ပါတယ်။ ပထမဦးစွာ ကြေးခွံပါတဲ့ ငါးကြင်းလို ငါးတစ်မျိုးမျိုးကို အကြေးထိုး၊ ရေစင်အောင်ဆေးပြီး အောက်ကပုံအတိုင်း အတုံးလေးတွေ တုံးပါတယ်.။

Image Hosted by PicturePush - Photo Sharing




Image Hosted by PicturePush - Photo Sharing


 ပြီးရင် ဆား၊ အရသာမှုန့်၊ ငရုပ်ကောင်း၊ ကြက်ဥအကာအကြည်၊ ဂျုံမှုန့်တို့နဲ့ နယ်ပြီး ၁၅မိနစ်ခန့် ထားထားလိုက်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing

ဒါကတော့ ကြက်ပြုတ်ရည် (သို့မဟုတ်) ရိုးရိုးရေကို သကြားအနည်းငယ်၊ ဆား၊ ပဲငံပြာရည်အကြည်၊ နှမ်းဆီ၊ ဂျုံမှုန့်တို့နဲ့ ဖျော်စပ်ထားတဲ့ ဆောစ့်တစ်မျိုးပါ။ 

Image Hosted by PicturePush - Photo Sharing


ကြက်သွန်ဖြူ၊ ငရုပ်သီးစိမ်းတို့ကို တောက်တောက်စင်းထားပါတယ်။ ခွက်ထဲမှာတော့ ပဲငပိတစ်ဇွန်းပါ။ ပုလင်းနဲ့ လာတဲ့ ပဲငပိကို သုံးနိုင်ပါတယ်။ 


Image Hosted by PicturePush - Photo Sharing


ငါးများကို ဆီပူပူမှာ ကြော်ပြီး ဆီစစ်ထားလိုက်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing

ကြက်သွန်ဖြူ၊ ငရုပ်သီးတို့ကို ဆီသတ်ပြီး ပဲငပိကိုထည့်လိုက်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing

ထို့နောက် စောစောက အဆင်သင့် ဖျော်စပ်ထားတဲ့ ဆော့စ်အရည်ကို ထည့်ပြီး မွှေလိုက်ပါတယ်။
Image Hosted by PicturePush - Photo Sharing

ရေ အနည်းငယ် ခမ်းသွားရင် ငါးကြော်များကို ထည့်ပြီး မွှေလိုက်ပါတယ်။ ဂျုံမှုန့်ပါတဲ့အတွက် စေးပျစ်ပျစ်လေး ဖြစ်နေတဲ့ ငါးဟင်းအပေါ် နံနံ ၊ ကြက်သွန်မြိတ် မိမိ နှစ်သက်ရာကို ထည့်နိုင်ပါတယ်။
Image Hosted by PicturePush - Photo Sharing

အရသာရှိပြီး စားလို့ကောင်းတဲ့ ငါးပဲငပိကြော်ဟင်းတစ်ခွက်ရပါပြီ။

ဒီဟင်းအတွက် အထူး Credit ပေးလိုတာကတော့ ခင်မင်ရပါသော မောင်ငယ်တစ်ယောက်ဖြစ်တဲ့ ဒေါက်တာ ဥာဏ်အောင်က ကျွန်မကို လက်ဆောင်အဖြစ် ပို့ပေးတဲ့ Betty Saw ရဲ့ The Asian Fish cook book စာအုပ်ထဲက ချက်နည်းလေးဖြစ်ပါတယ်။ စာအုပ်လေးအတွက် အထူးကျေးဇူးတင်ပါတယ်လို့ ဒီနေရာကနေ ကျေးဇူးစကား ပြောချင်ပါတယ်ရှင်..


အားလုံးသော မိတ်ဆွေများအတွက် ပျော်ရွှင်ဖွယ် အားလပ်ရက်များကို ပိုင်ဆိုင်ပါစေရှင်.. 

Image Hosted by PicturePush - Photo Sharing

17 Responses to “ငါးပဲငပိကြော်”

ဟင်းချက်နည်းအသစ်တမျိုးတိုးလာပါသည်
နေကောင်းတာနဲ့ လက်စွမ်းလေးပြပါတော့မည်
ခုတော့ အစညအိမ်နာနေပါသဖြင့်
ခဏတာလိမ်မာစွာနေထိုင်ရပါသည်
ခုတော့အိမ်ကလူအတွက်ပါဆယ်နဲနဲဆွဲခဲ့ပါတယ်ရှင်
ချစ်တဲ့ jasmine

မနေ့ကပဲ ဆိုင်မှာ ငါးပဲငပိဟင်းနဲ့ စားဖြစ်ခဲ့သေးတယ်။ စားလို့ကောင်းလို့ ဘယ်လိုချက်လဲ မသိဘူး တွေးနေမိသေးတယ်။ ပုံစံကတော့ ချောချက်တဲ့ပုံစံမျိုးလေးအတိုင်းပဲ။ အားတဲ့တရက် စမ်းချက်ကြည့်အုံးမှပဲ။ ကြော်ရပြုရနဲ့ လက်တော့အ၀င်သားနော်။

အခုလေးတင် အလုပ်က ပြန်ရောက်တယ်၊ မကြုံစဖူး အထူးကို ဗိုက်ဆာလာတယ်၊ ဘာရယ်မဟုတ် မချောရဲ့ ပို့စ်အသစ်တွေ့လို့ ဝင်ကြည့်တယ်...၊

ဟူး... တကယ်ဆို ခေါင်းစဉ်မှာ ကတည်းက ဟင်းတစ်ခွက်အကြောင်း ဆိုတာ မချောက ပြောထားပြီးသားပါ..၊ ဒါကိုမှ ညစာ မစားရသေးဘဲ ဖတ်မိတာ ဖတ်မိတဲ့လူ အပြစ်ပါပဲဗျာ...။း(

မြန်မာ ပြန်ရောက်မှ အညွှန်းပါသေချာရေးထုတ်ပြီး တခုတ်တရ ချက်စားဦးမယ်... :P
အခုကတော့ ကိုယ်တတ်သလိုချက်တဲ့ လက်တစ်ကမ်းဟင်းနဲ့ပဲ နှစ်ပါးသွားနေရတာ... သိပ်စိတ်ပျက်ဖို့ ကောင်းတယ်.... :D

ချက်ပြီးတော့လဲ စားချင့်စဖွယ်လေးနော်။
ဒါပေမဲ့
ကိုယ်တိုင် ချက်ရမှာတော့ နဲနဲ ပျင်းတယ်။
မချောဆီဘဲ လာစားတာ ကောင်းမယ်။း)))

ငါးဟင်းသိပ်မကြိုက်ပေမယ့်ငါးထဲမှာ ငါးကြင်းတော့စားဖြစ်တယ်...ချောရဲ့ချက်နည်းလေးကိုသေချာမှတ်သွားပါတယ် ပြန်ချက်စားကြည့်မလို့ ကျေးကျေး

May Khin said...

ချောရေ
ငါးငပိချက်လေးကြိုက်လွန်းလို.အားပေးရင်း
ချက်နည်းလေးမှတ်သွားပါတယ်ကွယ်။
ခင်တဲ.အန်တီလေးမေခင်

အမေ ပြန်ကတည်းက ဖွယ်၂ရာ၂ မစားရတာကြာလို့ စိတ်ညစ်နေတာ ခုဟင်းတွေ့ပြီ ဂလု ခနဲဖြစ်သွားတယ် လည်ချောင်းထဲမှာား)

ဟိ...တော်တော်အရသာရှိမဲ့ပုံပဲ.....ရှလွတ်..
ကောင်းထှာ...ပဲငပိကတော့ မိုးနတ်ကြိုက်ကြိုက်..
ငါးနဲ့ကတော့စားဘူးသေးဘူး...အတော်ပဲ..
မေ့ကိုလုပ်ခိုင်းရမယ်....

မိစံ said...

ဆော့(စ်)ကတော့ မလွယ်လောက်ဘူးအစ်မ
ကျန်တာတော့ဒီမှာရတယ်း)
အစ်မနားနီးရင်တော့တစ်နေ့တစ်မျိုးနဲ့
၀၀လှလှလေးဖြစ်ရချည်သေးရဲ့..
ဝိုင်းကူပေးရမယ်ဆိုရင်တော့
မစားသာဘူးအမတော်..း))

ငါးပဲငါးပိ လာစားတယ်နော်..

seng Li kham said...

သိပ်ကြိုက်တဲ့ဟင်းလေး..ဗိုက်ကိုတော်တော်ဆာသွားတယ်...မချောရေ..:)

ညလယ်ရောက်နေတာတောင် ဗိုက်ပြန်ဆာလာသလိုပဲ မမရေ...:)

စားချင်စဖွယ်။
အသေအချာကို ကူးမှတ်သွားပါတယ်။ အိမ်ရောက်ရင် အိမ်ကလူကြီးအတွက် လက်စွမ်းပြချင်လို့ ချောရေ..။ ပဲငပိနဲ့ဆိုတော့ စားပြီး မျကလုံးတွေများ စင်းလာမလားမသိ.. :)

mstint said...

ငါးပဲငပိကြော်လေး ဘယ်လိုလုပ်လွတ်သွားပါလိမ့်။ ကြည့်ရတာ ကွန်ပျက်တုန်း ဒါမှမဟုတ် ခရီးထွက်တုန်းကဖြစ်မယ်း)
နည်းလေးယူသွားတယ် ချောရေ။ ကျေးဇူးနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

san htun said...

ငါးတွေ ချက်တိုင်း ညှီနံ့ ရလို့ ..ဒီနည်းလေးကတော့ တကယ်ကောင်းတယ်..ချက်စားဦးမယ် တနေ့ တော့..

Layeik said...

ချက်စားမယ် :))