ချစ်စွာသော မိတ်ဆွေများအားလုံး မင်္ဂလာပါနော်..
ဘာတွေကပ်ပြီး ပြောနေတယ် မသိ။ ကြည့်ရတာ တိုးတိုးလေး ပြောနေပုံရတယ်။း)
နှင်းဆီပွင့်ပေါ်မှာ ရေစက်လေးတွေ တင်နေတာကို လိုချင်တာကြောင့် spray ဖြန်းပြီး ရိုက်ထားတာပါ။ တစ်ပွင့်လုံးမပါဘဲ သုံးပုံတစ်ပုံဘဲပါတော့ နှင်းဆီက အပြည်အစုံ မပါရကောင်းလားလို့ အသည်းတွေ ကွဲနေပါတယ်။

ကျွန်မ ဒေါ်ရွှေချော တစ်ယောက် မနက်ဖြန်ကစပြီး ခရီးတွေ ထွက်ပါဦးမယ်ရှင်.. ဘယ်ကိုသွားလို့ ဘယ်ကိုရောက်မယ် မသိအောင် ခရီးစဉ်တွေ များမှာမို့ လကုန်ပြီး ရက်အနည်းငယ်မှ ပြန်ရောက် မှာ ဖြစ်ပါတယ်။ ခရီးထွက်မဲ့ အကြောင်းအရာက ရှာဖွေလေ တွေ့ရှိလေ ဆိုတဲ့အတိုင်း မြန်မာပြည်ပတ်ပြီး ရှာဖွေမှာ ဖြစ်ပါတယ်။း) ဘာရှာမလို့လဲ လို့ စိတ်ဝင်စားသူများ တလွှဲမတွေးပါနဲ့ ဒေသန္တရ ဗဟုသုတ ရှာဖို့ပါ။ ကျွန်မတစ်သက် ခုချိန်ထိ မရောက်ဖူးသေးတဲ့ ကျွန်မတို့ မြန်မာပြည်ရဲ့ အထင်ကရ နေရာလေး တစ်ခုကို ဦးစားပေးအဖြစ် မရောက်ရောက်အောင် သွားဖို့ ရည်ရွယ် ထားပါတယ်။ အချိန် ရရင် ရသလို အခြားသော မြို့တွေကိုလည်း ရှာဖွေ မွှေနောက်ချင်သေးတာမို့ပါ။ ( ဘာတွေများ တွေ့မလဲ လို့ပေါ့နော်။း) ဒါကြောင့်မို့ ရက်အတော်ကြာ အွန်လိုင်းကနေ ပျောက်နေပါ ဦးမယ်နော်။
ကျွန်မအနေနဲ့ ရောက်ရာ အရပ်မှာ အင်တာနက် သုံးဖြစ်ခဲ့ ရင်တောင် ကျန်းမာရေး သိပ်မကောင်းတဲ့ အင်တာနက် ကော်နက်ရှင်ကို အံတုဖို့ မလွယ်တာမို့ ကျွန်မရဲ့ ခင်မင် လှစွာသော မိတ်ဆွေ ဘလောဂ့်များဆီ အလည် ရောက်ဖြစ်မယ် မထင်ပါရှင်။ ဒီအတွက် စာလာဖတ်ဖို့ ပျက်ကွက်မဲ့ ရက် ၂၀ နီးပါး အတွက် နားလည် ခွင့်လွှတ်ပေးကြပါလို့ တောင်းပန်ခဲ့ပါတယ်နော်။ ခရီးက ပြန်လာခဲ့ရင် ရောက်ဖြစ် ခဲ့တဲ့ ဒေသများ အကြောင်း ဓာတ်ပုံများနဲ့အတူ စာတွေ ပြန်ရေးပါ့မယ်ရှင်။ ဓာတ်ပုံတွေလည်း အများကြီး ရိုက်ခဲ့ပါမယ်။ ( ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေပြပြီး လူကို မျက်စိ ညောင်းအောင် နှိပ်စက်ဦးမယ် ထင်တယ်လို့တော့ မပြောဘူး မဟုတ်လားနော် :) )
ကျွန်မရဲ့ ခရီးသွားမဲ့ ရက်အတွင်း ဘလောဂ့်မှာ အိမ်ရှင်မရှိလို့ ဖတ်စရာ စာအသစ် မရှိဘဲ ပျင်းရိ စဖွယ် ခြောက် ကပ်ကပ် ဖြစ်နေတာမျိုး မရှိရလေအောင် ပိုစ့်တွေကို Schedule နဲ့ တင်ပေးခဲ့ပါတယ်။ ပိုစ့်တွေကတော့ စာတွေ အများကြီးပါတာမျိုး ရေးဖို့အချိန် သိပ်မရတာကြောင့် ဟင်းချက်နည်း ခပ်များများ တင်ပေးခဲ့ပါမယ်ရှင်။ ဒီအတွက်လည်း အခြားသော သုတ၊ ရသပါတဲ့စာများ များများ မတင်ပေးနိုင် ခဲ့တဲ့ အတွက်လည်း ခွင့်လွှတ်ပေး ကြပါလို့နော်။ ဟင်းချက်နည်းများနဲ့အတူ အခြားစာများကိုလည်း အိမ်ရှင် မရှိပေမဲ့ ပိုစ့်တွေ ၃ရက်တစ်ခါလောက် ပုံမှန် တက်သွားဖို့ စီစဉ်ခဲ့တာမို့ အရင်အတိုင်း စာ လာဖတ်လို့ ရပါကြောင်း ပြောချင်ပါတယ်။ ကျွန်မရဲ့ အိမ် ( ဘလောဂ့်လေး ကိုလည်း) အလည်လာရင်း ကြည့်ရှု စောင့်ရှောက်ပေးကြပါလို့ အားလုံးကို အပ်နှံခဲ့ပါတယ်နော်။ (သူ့ဘလောဂ့်က ဘာတွေများ အဖိုးတန် ပစ္စည်းတွေ ရှိတာကျလို့ :P )
ဒီပိုစ့်လေးမှာတော့ တစ်ခြားစာတွေ မပါတော့ဘဲ ခရီးမသွားခင်မှာ ရိုက်ဖြစ်ခဲ့တဲ့ ဓာတ်ပုံလေး တစ်ချို့ကို တင်ချင်ပါတယ်။ ကျွန်မက ဓာတ်ပုံတွေကို ရိုက်ရာမှာ သဘာဝ ပတ်ဝန်းကျင် ရှုခင်းတွေ၊ ကျေးငှက် တိရိစ္ဆာန်တွေ၊ သစ်ပင် ပန်းမာန်တွေကို ရိုက်ရတာ ပိုသဘောကျပါတယ်။ အဲဒီပုံလေးတွေက စိတ်ကို ကြည်နူးစေတယ်။ ရွှင်လန်းစေတယ်လို့ ယူဆမိပါတယ်။ တစ်ချို့ပုံတွေကတော့ ဖေ့ဘွတ်မှာ တင်ခဲ့ပြီးပါပြီ။ ဒါပေမဲ့ ဒီအထဲမှာလည်း ပြန်ထည့်ထားပါတယ်။ ဓာတ်ပုံပညာကို နကန်းတစ်လုံးတောင် နားမလည်သူ ကျွန်မရဲ့ မဖြစ်ညစ်ကျယ် ပုံလေးများကို ကြည့်ရှုအားပေးတဲ့ အတွက်လည်း ကျေးဇူးအထူး တင်ပါတယ်နော်။
ကံကောင်းတဲ့နေ့
အဲဒီနေ့ လူတိုင်းရဲ့ ပါးစပ်ဖျားမှာ နာမည်ကြီးသွားတဲ့ ဇန်နဝါရီလ ၁၃ရက်နေ့မှာပေါ့။ ရာသီဥတု သာယာတာကြောင့်ရော၊ သတင်းကောင်းတွေကြောင့်ရော စိတ်လက် ကြည်လင်တာနဲ့ ဓာတ်ပုံရိုက် ထွက်သွားတဲ့ နေ့လည်မှာ ထူးထူးခြားခြား သစ်ပင်တစ်ပင်တည်းမှာ ခုလိုငှက်တွေ အများကြီး နားနေတာကို တွေ့လိုက်ရလို့ အားရဝမ်းသာနဲ့ ရိုက်ဖြစ်ခဲ့တာပါ။ အခါတိုင်းဆိုရင် ငှက်ကလေး တစ်ကောင်တောင် မိဖို့ ခက်ခဲပါတယ်။ ခုတော့ ငါးကောင်တောင်မို့ ဒီပုံလေးကို ကံကောင်းတဲ့နေ့လို့ အမည်ပေးလိုက်ပါတယ်နော်။
ဝိဝါဒ ကွဲပြားခြင်း
ဒီပုံမှာတော့ တစ်ကောင်က စိတ်ဆိုးပြီး ဟိုဘက်လှည့်နေတာကို ဒီ တစ်ကောင်က ပြေလည် ချင်လို့ ပြန်ချော့နေပုံ ရပါတယ်။ တိုးတိုးလေးကပ်ပြီး ဘာတွေ ပြောနေတယ် မသိ။ တစ်ယောက်နဲ့ တစ်ယောက် စိတ်ဆိုး စိတ်ကောက်တယ် ဆိုကတည်းက မတူညီတဲ့ စိတ်သဘောထားတွေကြောင့် ဖြစ်မှာ ပါနော်။ ဒါကြောင့် ဒီပုံကိုတော့ ဝိဝါဒ ကွဲပြားခြင်း လို့ အမည်ပေး လိုက်တာ ဖြစ်ပါတယ်။း)
တိုးတိုးလေး လာပြီး ချွဲမနေနဲ့
သမင်လည်ပြန်
ပြောမရတော့ စိတ်ဆိုးပြီး ကျောခိုင်းလိုက်တော့ ဟိုတစ်ကောင်က ပြန်လှည့်ကြည့်နေပြန်တယ်။
ဒေါသထွက်ခြင်း
ဒီပုံမှာတော့ ခေါင်းပေါ်က အမွှေးပါထောင်နေတော့ ဒေါသထွက်နေဟန် တူပါတယ်။
အလိုမကျခြင်း
အထီးကျန်ခြင်း
နောက်ဆုံးတော့ တစ်ယောက်တည်း အထီးကျန်ပြီး ကျန်ခဲ့ရှာတယ် ထင်ပါတယ်
သူနဲ့သာဆိုရင်..
အခြားသစ်ကိုင်းတစ်ခုမှာတော့ ခုလို နှစ်ကောင်တွဲမြင်ရပြန်တယ်
ဗွတ်ဖင်နီ (Red-vented Bulbul)
သူတို့နာမည်က ဗွတ်ဖင်နီငှက်တဲ့ ။ နာမည်အတွက် မအိုင်အိုရာကို ကျေးဇူးပါ. သူမပြောပြရင်တော့ ကျွန်မအနေနဲ့ ဘာကောင်မှန်း သိမှာ မဟုတ်ပါ။
နေရာသစ်မှာ
ဒီအပင်ပေါ်က ပုံတွေကတော့ ဘာပင်မှန်းမသိတဲ့ အပင်အကြီးကြီးပေါ်မှာ အဲဒီက အပွင့်တွေကို ထိုးဆွ စားသောက်နေတဲ့ ပုံတွေကို ရိုက်ထားတာပါ။ အပွင့်တွေက ချစ်စရာကောင်းလို့ ငှက်တွေနဲ့ တွဲပြီးပါတဲ့ပုံကို လိုချင်လွန်းလို့ အချိန် တော်တော်လေးကို စောင့်ပြီး ရိုက်ရပါတယ်။ ဒီပုံတွေ ရိုက်နေရင်း ခေါင်းတွေ ဆို စောင်းနေရာက ပြန်တည့်လို့ မရတော့ဘူးတောင် ထင်မိပါတယ်။း)
စဉ်းစားကာ နေရဦးမယ်
တရွေ့ရွေ့
တရွေ့ရွေ့နဲ့ အပွင့်တွေနားကို တိုးတိုးလာတဲ့သူ
စူးစမ်းခြင်း
တို့တော့မယ်တဲ့ ဆိတ်တော့မယ်
အပွင့်တွေကြားမှာ
ဘာကိုရှာတယ်။
ချယ်ရီပင်ကြားက ငှက်တွေကိုလည်း ကြည့်ပါဦးနော်။ အဲဒီ ၁၃ရက်နေ့မှာဘဲ တောင်ပေါ်ကိုထပ်သွားပြီး ရိုက်ဖြစ်ခဲ့တဲ့ ပုံတွေပါ။
သံသယအကြည့်
ငါ့ကို ဘယ်သူချောင်းနေသလဲ ဆိုတဲ့ မယုံသင်္ကာအကြည့်တွေနဲ့ တူတာကြောင့် ဒီနာမည်လေး ပေးလိုက် ပါတယ်။
သတိဆိုတာ ပိုတယ်မရှိ
မျက်ထောင့်နီကြီးနဲ့ သတိထားပြီး စောင့်ကြည့်နေတာများလို့လေ
သူတို့က နှစ်ကောင် ဒါပေမဲ့ တစ်နေရာစီ
သူကတော့ ခပ်ဆွေးဆွေးလေးပေါ့နော်။
မဲလို့သာ မှောင်ရော့ မသိရင် ကျီးကန်းလိုလို ဘာလိုလို.. ဒါပေမဲ့ သူက ငှက်တော်ဆိုတာ ဖြစ်မယ် ထင်ပါ တယ်။ မအိုင်အိုရာက အမြီးနှစ်ခွနဲ့ ငှက်တော်လို့ ပြောတယ်။
မက်မွန်
ချယ်ရီပန်း မဟုတ်ပါ။ ချယ်ရီပန်းနဲ့ အလွန်တူတဲ့ မက်မွန်ပွင့်ပါ။ ချယ်ရီနဲ့ မက်မွန်ရဲ့ကွာခြားချက်က မွက်မွန်က ပွင့်ချပ်လေးတွေ အတွင်းကို ကုတ်လာပြီး ချယ်ရီကတော့ အပြန့်ဘဲဖြစ်ပါတယ်။ ပြီးတော့ မက်မွန်က အပွင့်ပိုကြီးပြီး အရောင် နည်းနည်းပိုရင့်ပါတယ်။
စုစည်းခြင်း
တစ်ပွင့်တည်းပန်
ပျားနှစ်ကောင် ဖင်ချင်းပေါက်ပြီး တစ်ပွင့်တည်းကနေ လုနေကြတယ်
အိုး.. ဒီမှာတော့ နောက်တစ်ကောင်တိုးလာတယ် စုစုပေါင်း သုံးကောင်တောင် ။ ဒီအပွင့် သိပ်ချိုတယ် ထင်တယ်း)
တောင်ပြာတန်းနဲ့ ချယ်ရီပန်း
တောင်တွေလဲပြာ၊ ချယ်ရီတွေလဲ ပွင့်ပါပြီ။
ချယ်ရီပင်တွေ အများကြီးပွင့်နေတဲ့ တောင်ပေါ်ကနေ ရိုက်လားတဲ့ တောင်တန်းပြာနောက်ခံနဲ့ ပင်လုံးကျွတ် ညွတ်ဝေနေတဲ့ ချယ်ရီပင် တို့ရဲ့ အလှပါ။
အသည်းကွဲနှင်းဆီ
နှင်းဆီပွင့်ပေါ်မှာ ရေစက်လေးတွေ တင်နေတာကို လိုချင်တာကြောင့် spray ဖြန်းပြီး ရိုက်ထားတာပါ။ တစ်ပွင့်လုံးမပါဘဲ သုံးပုံတစ်ပုံဘဲပါတော့ နှင်းဆီက အပြည်အစုံ မပါရကောင်းလားလို့ အသည်းတွေ ကွဲနေပါတယ်။
ပန်ချင်ပါတယ် ပန်းနီနီ
သူများတွေက ပန်းနီနီမပန်ချင်ဘူး ဆိုကြတယ် ။ ကျွန်မကတော့ ဒီလောက်လှတဲ့ နှင်းဆီနီလေးကို ပန်ချင်မိပါတယ်။း)
နှင်းဆီပေါ်က ရေစက်များ
နာရီပေါ်က မျက်ရည်စက်များဆိုတဲ့ ကိုထူးသီချင်းကို အတုခိုးပြီး သကာလ နှင်းဆီပေါ်က ရေစက်များ လို့ အမည်ပေးလိုက်ပါတယ်း)
ဖူးငုံဆဲ
ဒီပန်းလေးမြင်တော့ မမြသွေးနီလစဉ် စာတွေရေးနေတဲ့ Teen Magazine (ဖူးငုံမဂ္ဂဇင်း)ကို မြင်ယောင်မိသေး..း)
ချစ်ပြုံးနှင်းဆီ
နှင်းဆီပန်းကို စပရေးနဲ့ ရေဖြန်းနေတဲ့အချိန် ရေစက်လေးတွေပါအောင် ရိုက်ထားတာပါ။ ကျွန်မက ဒီပုံထဲက ရေစက်လေးတွေ ဖြာနေတာကို သဘောကျမိတယ်။ ရေထိတော့ လန်းနေတဲ့ နှင်းဆီပန်းက ပြုံးနေသယောင်မို့ ချစ်ပြုံးနှင်းဆီ...
ဝေဒနာနှင်းဆီ
ဒီပုံမှာတော့ ရေစက်လေးတွေက ပုံစံတစ်မျိုးလေးပါ။ အပေါ်မှာလို ရေလည်း အများကြီးမပါတော့ သူရတဲ့ရေက နည်းနည်းလေးဆိုပြီး စိတ်မကောင်းဖြစ်နေရှာပါတယ်။ ဒီကြောင့် ဝေဒနာဖြစ်နေတဲ့ နှင်းဆီး)
ရွှန်းလဲ့နှင်းဆီ
ရေစက်ရေမှုန်လေးတွေနဲ့ သိပ်ချစ်စရာကောင်းပြီး ရွှန်းလဲ့နေတာမို့ “ ရွှန်းလဲ့နှင်းဆီ”
ဒီပုံမှာတော့ ရေစက်လေးတွေက ပုံစံတစ်မျိုးလေးပါ။ အပေါ်မှာလို ရေလည်း အများကြီးမပါတော့ သူရတဲ့ရေက နည်းနည်းလေးဆိုပြီး စိတ်မကောင်းဖြစ်နေရှာပါတယ်။ ဒီကြောင့် ဝေဒနာဖြစ်နေတဲ့ နှင်းဆီး)
ရွှန်းလဲ့နှင်းဆီ
ရေစက်ရေမှုန်လေးတွေနဲ့ သိပ်ချစ်စရာကောင်းပြီး ရွှန်းလဲ့နေတာမို့ “ ရွှန်းလဲ့နှင်းဆီ”
ဝင်းဝါနုထွေး
ဝါဝါမြင်တိုင်း ရွှေအစစ်လို့ မထင်လိုက်ပါနဲ့ဆိုတဲ့ စကားက တကယ်မှန်ပါတယ်။ ဒီမှာလေ ဝါနေပေမဲ့ ရွှေမှမဟုတ်တာနော်. နှင်းဆီပန်းကြီး
ဝါဝါမြင်တိုင်း ရွှေအစစ်လို့ မထင်လိုက်ပါနဲ့ဆိုတဲ့ စကားက တကယ်မှန်ပါတယ်။ ဒီမှာလေ ဝါနေပေမဲ့ ရွှေမှမဟုတ်တာနော်. နှင်းဆီပန်းကြီး
ပန်းတွေဟာ တစ်ပွင့်ချင်းစီဆိုရင်လည်း လှပေမဲ့ ခုလို စုစည်းလိုက်တော့ အလှပိုစုံသွားတယ် ပိုပြည့်စုံသွားတယ်လို့ ထင်ပါတယ်။ ပေါင်းစည်း ညီညွှတ်ခြင်းရဲ့ အင်အားကို ကောင်းကောင်းကြီး မြင်တွေ့ခံစားရတယ်လို့ ယူဆမိပါတယ်။
အောက်မှာတော့ ပန်းရောင်စုံတွေကို ဖော်ပြပါမယ်နော်
အစိမ်းရောင်နှင်းဆီ
ခရမ်းရောင်နှင်းဆီ
အပြာရောင်နှင်းဆီ
မချောတစ်ယောက် အစိမ်း၊ အပြာ၊ ခရမ်း ထူးထူးခြားခြား အရောင်တွေ ဘယ်ကများ ရလို့ ဓာတ်ပုံ ရိုက်ထားတာ ပါလိမ့်လို့မတွေးကြပါနဲ့။ အဲဒါလည်း ရှာဖွေလေ တွေ့ရှိလေပါ။ တကယ်တော့ အစိမ်း၊ ခရမ်း၊ အပြာ ဒီသုံးမျိုးဟာ ဖိုတိုရှော့နဲ့ အရောင် ပြင်ထားတာ ဖြစ်ပါကြောင်းရှင် :) ဒီသုံးပုံကလွဲလို့ ကျန်တာ အားလုံးတော့ဖြင့် ကျွန်မ ကိုယ်တိုင် ရိုက်ထားတဲ့ နှင်းဆီပန်း အစစ်ရဲ့ မူလ သဘာဝ အတိုင်း ဖြစ်ပါတယ်လို့နော်။ ဒီပုံတွေ အားလုံးဟာ လူတိုင်း ပျော်ရွှင်ကြည်နူးကြတဲ့ ဇန်နဝါရီ ၁၃ရက်မှာ ရိုက်ထားတဲ့ ပုံတွေဖြစ်ပါတယ်။ ကျွန်မအတွက်တော့ မှတ်မှတ်ရရလည်း ဖြစ်နေမှာပါ။ ဓာတ်ပုံတွေ ကြည့်ရတာ မျက်စိလည်း ညောင်းလောက်ပြီ ထင်ပါတယ်။ မျက်စိညောင်းခံပြီး ကြည့်ပေးတာ ကျေးဇူး တင်ပါတယ်ရှင် :) မိမိနှစ်သက် သဘောကျတဲ့ ပုံများရှိရင်လည်း ဘယ်ပုံမဆို ယူသွားနိုင်ပါတယ်နော်။ ဓာတ်ပုံလေးတွေကြည့်ပြီး စိတ်ကြည်လင် ရွှင်လန်းကြဖို့ မျှော်လင့်ပါတယ်ရှင်။
ချစ်သော မိတ်ဆွေများအားလုံး ကိုယ်စိတ်နှလုံး ရွှင်ပြုံးကြည်သာ ရှိကြပါစေလို့ ဆုမွန်တောင်း ပါကြောင်း ပြောကြားရင်းဖြင့် ၂လပိုင်းမှာ ကျွန်မ ပြန်လာပါ့မယ်လို့။