ပြီးခဲ့တဲ့လ ခရီးသွားခဲ့တုန်းက တောင်ကြီး၊ အင်းလေးကို ရောက်ခဲ့စဉ်က အင်းလေးထဲက ချည်ထည်ဆိုင် များကို ကျွန်မအနေနဲ့ တော်တော်လေး သဘောကျခဲ့မိပါတယ်။ ဆိုင်တွေမှာလည်း ခင်းကျင်းထားတဲ့ ချည်ထည်တွေဟာ အားလုံးလိုလိုက လိုချင်မက်မောချင်စရာ ကောင်းနေခဲ့ပါတယ်။ ချည်ထည်တွေကို ကျွန်မတို့ ပြည်တွင်းက လူတွေပါမက နိုင်ငံခြားများပါ နှစ်နှစ်ချိုက်ချိုက် ဝယ်ယူကြပြီး တစ်ချို့များဆို ချက်ခြင်းကို ဝတ်ဆင်ကြတာကိုပါ တွေ့ရပါတယ်။ အဲလို တွေ့ရပြန်တော့ ကိုယ့်ပြည်တွင်းက ရိုးရာ ချည်ထည်များအတွက် ဂုဏ်ယူရပြန်ပါတယ်။
ချည်ထည်လေးတွေဟာ မြန်မာ့ရာသီဥတုနဲ့ ကိုက်ညီလှပြီး ပေါ့ပေါ့ပါးပါးနဲ့ အရောင်အသွေးများလည်း အလွန် လှပါတယ်။ ကျွန်မအနေနဲ့ အင်းလေးရောက်ချိန်မှာ ညနေ ၄နာရီလောက် ရှိနေပြီမို့ မကြာခင် မှာ မှောင်တော့မှာ ဖြစ်တဲ့အတွက် ယက်ကန်းစင်များကိုတော့ ဓာတ်ပုံရိုက်ဖို့ အချိန်မရခဲ့တော့ဘဲ ဆိုင်အတွင်းမှာ ခင်းကျင်း ရောင်းချနေတဲ့ ချည်ထည်များကိုသာ ဓာတ်ပုံရိုက်ဖြစ်ခဲ့ပါတယ်။ လှပပြီး ဝတ်ချင် စရာ အရောင်အဆင်းတွေနဲ့ ချည်ထည်လေးတွေကို အောက်က ပုံတွေမှာ ကြည့်ရှုကြပါစို့လားနော်။
ဆိုင်အဝင်ဝက အိတ်တွေလဲ လိုချင်စရာ
စက်လှေသမားက လိုက်ပို့တဲ့ အင်းလေးရိုးရာချည်ထည်ဆိုင်ပါ။ ဆိုင်နာမည် မမှတ်ခဲ့ရပေမဲ့ Facebook မှာ ညီမလေးတစ်ယောက်က ဆိုင်နာမည် ရွှေဟင်္သာ လို့ ပြောပြပါတယ်။ ဆိုင်ကလေးထဲ ဝင်လိုက်တာနဲ့ အားလုံးက လိုချင်စရာတွေချည်း ဖြစ်နေတာကို တွေ့ရပါတယ်။
ချစ်စရာ အိတ်ကလေးများ
လက်ဆောင်ပေးချင်စရာ
နံရံမှာ ချိတ်ထားတာတွေက အင်္ကျီနဲ့ ဝမ်းဆက် တစ်ခါတည်း ဝတ်နိုင်တဲ့ ပတ်ထမိန်တွေပါ။
ချက်ခြင်းကို ကောက်ဝတ်ချင်စရာ ကောင်းလောက်အောင် လှပနေပါတယ်။
ချုပ်ပြီသား အင်္ကျီလေးတွေ အရောင်စုံပါ။ တစ်ထည်မှ ၂၀၀၀ / ၁၅၀၀ လောက်သာ ရှိပါတယ်။ ဈေးလဲ သက်သာပြီး ဒီဇိုင်းလေးတွေကလည်း ချစ်စရာကောင်းပါတယ်။
ဒီလိုပုံစံလေးတွေပါ။ ဒီဇိုင်းအစုံအရောင်စုံ ရှိပါတယ်။ အင်္ကျီတစ်ထည် ချုပ်ခ လေးထောင် ငါးထောင်ထက် မက ပေးရတဲ့ ဒီခေတ်ကြီးထဲမှာ အင်းထဲက ချည်ထည်လေးတွေဟာ ဘယ်လောက် များ ဈေးသက်သာပြီး လှပ ချစ်စရာကောင်းတယ်ဆိုတာ မြင်နိုင်ပါတယ်။
ယောက်ျားလေးဝတ်များကိုလည်း ဒီလို ချိတ်ဆွဲထားတာ တွေ့မြင်နိုင်ပါတယ်။
ဒီထဲကချည်ထည်လေးတွေများဆို အားလုံးလိုလို လိုချင်စရာတွေပါဘဲ။ မဝယ်မနေနိုင်အောင် ဆွဲဆောင်နေ တာမို့ ကျွန်မလည်း ဟိုမေးဒီမေး အဆင်လေးတွေ ရွေးမိပါသေးတယ်။
ချစ်ရာ ဝမ်းဆက် ချည်ထည်များ
ဒီလို တစ်စုံကိုတော့ ၇၀၀၀ / ၈၀၀၀
ဒီအဆင်မျိုးလေးတွေက တစ်စုံကို အင်္ကျီနဲ့ ဝမ်းဆက်စာကို တစ်သောင်းရှစ်ထောင်လို့ ဆိုပါတယ်။
သဘောကျမိတဲ့ အဆင်လေးတွေပါ။ ဘယ်ဟာ ယူလာတယ်ဆိုတာတော့ မပြောပြောတော့ဘူးနော်။ ခန့်မှန်းကြည့်ရင် သိမှာပါ။ :P :P
ဓာတ်ပုံတွေလည်း ရိုက်ပြီးပြီ၊ တစ်မေ့တစ်မောလည်း ငေးပြီးပြီ၊ လိုချင်တာတွေလည်း ဝယ်ပြီးပြီမို့ ဆိုင်ထဲက ပြန်ထွက်လာခဲ့ကြပါတယ်။
ဖော်တော်ဦး ကျောင်းအောက်နားက အထည်ဆိုင်
ဖောင်တော်ဦးဘုရားကို ဖူးပြီးတာနဲ့ ကျောင်းအောက်ဘက်က ဈေးထဲကို ဝင်ကြည့်ပြန်ပါတယ်။ ကြည်ညို ဖွယ်ရာ ဖောင်တော်ဦး ဘုရားအကြောင်းနဲ့ ဓာတ်ပုံများကိုတော့ နောက်တော့မှ ပိုစ့်တင်ပါဦး မယ်။ ခုတော့ အထည်လေးတွေ အရင် ငမ်းပါဦးမယ်နော်. :P
အင်းလေးထွက် ဓားနဲ့ အခြားသော အသုံးအဆောင်များ အရောင်းဆိုင်
ဒီမှာတော့ ယောက်ျားလေးဝတ်အင်္ကျီတွေ ရှမ်းဘောင်းဘီတွေကို တွေ့နိုင်ပါတယ်။ အရောင်အသွေးကလည်း လှပစုံလင်လွန်းတာမို့ ဒီမှာလည်း ဝင်ကြည့်ကြပြန်ပါတယ်။
အနက်ရောင် အင်္ကျီလေးလည်း သဘောကျလို့ ဝယ်လာသေး
ဟိုကြည့်ဒီကြည့်
အင်းလေးအမှတ်တရ တဲ့
အဖြူရောင် ပတ်ထမီနဲ့ အင်္ကျီ (ဒါလေးလည်း သဘောကျ) :P
လှလှပပ ချစ်စရာ ချည်ထည်များ(ဒါလေးတွေလည်း ဝယ်ဖို့ စာရင်းတို့ထားတယ်) :P
အတူသွားတဲ့ ညီမတော်ကတော့ ချက်ခြင်းဘဲ ဆင်မြန်းပါတော့တယ်။
အင်းလေးထဲမှာ ဝယ်ရတာ သိပ်အားမရတဲ့ ကျွန်မတို့ဟာ နောက်တစ်နေ့မနက်မှာ တောင်ကြီးဈေးထဲကို ပတ်ပြန်ပါတယ်။ ဈေးထဲမှာလည်း အင်းထဲက ချည်ထည်များကို ရောင်းချနေတာ တွေ့ရပြန်ပါတယ်။
တောင်ကြီးဈေးထဲက ချည်ထည်များ
ယောက်ျားဝတ်တွေ ထင်ပါရဲ့(ဆိုင်ရှင်လေးကလည်း အသားဖြူဖြူ ချောချော ချစ်စရာ ရှမ်းမလေးရယ်) :P
ဆိုင်လိပ်စာ တွေ့တယ်နော်း)
ဒီချည်ထမိန်လေးတွေများဆို အသားလည်း ကောင်းတယ်။ အဆင်လည်းမဆိုးဘူး ။ ဖောက်သည်ဈေးကိုမှ တစ်ထည်ကို ထောင့်ငါးရာလောက်နဲ့ ရပါတယ်တဲ့။
ကြည့်လေ.. အဆင်လေးကလည်း လှတယ်။
ယဉ်လဲယဉ်တယ်။
သူက ပတ်ထမီ.. ခြူလေးတွေပါတော့ လှမ်းလျှောက်တိုင်း အသံလေးတွေ လွင်လွင်မြည်နေတတ်တယ်။ ပျော်စရာကြီး :P
အပြင်ဘက် ဆိုင်တစ်ချို့ကတော့ ရိုးရာချည်ထည်ရော ဟိုဘက်က လာတဲ့ အထည်တွေရော။
လှလည်းလှပြီး အရောင်အသွေးလည်းစုံ၊ အဆင်ဒီဇိုင်းများလည်း ဆန်းသစ်လှပခေတ်မှီတဲ့ ပြည်တွင်းဖြစ် ချည်ထည်လေး များဟာ ရာသီဥတုနဲ့လည်း ကိုက်ညီပြီး ဈေးလည်း ချိုသာတာကြောင့် လူတိုင်း နှစ်သက်စွာ ဝတ်ဆင်သင်တဲ့ အဝတ်အထည်များ ဖြစ်ပါတယ်လို့ ပြောကြားရင်း ဒီပိုစ့်လေးကို ဒီမှာရပ်ပါတယ်ရှင်။ ဒီရက်ပိုင်း စာအများကြီး မရေးဖြစ်သေးတာနဲ့ ပုံတွေများများပါတဲ့ ဒီပိုစ့်ကို ရေးဖြစ်ပါတယ်။
အားလုံးသော မိတ်ဆွေများ ကြည်လင်အေးချမ်းသော နေ့ရက်များဖြစ်ကြပါစေရှင်။