ပုဇွန်မရမ်းသီးငပိချက်

ဒီနေ့အတွက် ချက်စားဖြစ်တဲ့ ဟင်းတစ်မျိုးကို ပြောပြရမယ်ဆိုရင် ပုဇွန်ဆိတ်သေးသေးလေးတွေကို မရမ်းသီးလေးနဲ့ ငပိချက် ချက်ထားတာ ဖြစ်ပါတယ်။ ပုဇွန်ကြိုက်တဲ့ မချောဟာ ပုဇွန်အကောင်ကြီးကြီးတွေ မဝယ်နိုင်တဲ့အတွက် လယ်ထဲက ရေအိုင်မှာ ကိုယ်တိုင်ဖမ်းပြီး ရလာတဲ့ ပုဇွန်အသေးလေးတွေကို ပုဇွန်အကြီးကြီးတွေအစား စားရတာဖြစ်ပါတယ်။ ဒါကြောင့် ဒီပုဇွန်တွေဟာ ကိုယ်တိုင် ဖမ်းလာတဲ့ ပုဇွန်တွေပါ ( ယုံပေးကြပါ) :P
ချက်နည်းကတော့ ထူးထူးဆန်းဆန်းလဲ မဟုတ်ပါဘူး။ အများသူငှာ ချက်ကြတဲ့ နည်းအတိုင်း ချက်ထားတာပါ။ ဒါပေမဲ့လည်း Facebook ပေါ်မှာလည်း ညီမတစ်ယောက်က မေးထားတာမို့ မထူးဆန်းတဲ့ ချက်နည်းကိုဘဲ အားနာနာနဲ့ ဖော်ပြပါမယ်နော်။


ဒါကတော့ မချောကိုယ်တိုင် ဝယ်ထား အဲလေ ဖမ်းထားတဲ့ ပုဇွန်ဆိတ်လေးတွေပါ။

Image Hosted by PicturePush - Photo Sharing
ဒါကတော့ မရမ်းသီး၊ ကြက်သွန်နီ၊ ဖြူ၊ ငရုပ်သီးစိမ်းတို့ပါ။

Image Hosted by PicturePush - Photo Sharing


ခရမ်းချဉ်သီး ၂လုံးလောက်ကို တောက်တောက်စင်းပါတယ်။

Image Hosted by PicturePush - Photo Sharing
ကြက်သွန်တို့ကို ဆီသတ်ပါတယ်။


Image Hosted by PicturePush - Photo Sharing
ဆနွင်း၊ အရောင်တင်မှုန့်ထည့်ပြီး ခရမ်းချဉ်သီးထည့်လိုက်ပါတယ်။


Image Hosted by PicturePush - Photo Sharing

ထို့နောက် ဆား၊ အရသာမှုန့် ၊ ငံပြာရည်နဲ့ ငပိကို သင့်တော်သလောက်ထည့်ပြီး ပုဇွန်ဆိတ်လေးတွေထည့်ပါတယ်။ ရေအနည်းငယ်ထည့်ပြီး ပုဇွန်ကျက်အောင်ထားလိုက်ပါတယ်

Image Hosted by PicturePush - Photo Sharing
ပုဇွန်ကျက်ခါနီးမှာ မရမ်းသီးများကိုထည့်လိုက်ပါတယ်။ ပုဇွန်ရော မရမ်းသီးရော ကျက်ရင် ဆား၊ အရသာမြည်း လိုတာထပ်ထည့်ပြီး ချလို့ရပါပြီ။

Image Hosted by PicturePush - Photo Sharing

ဟောဒီမှာ ပုဇွန် မရမ်းသီး ငပိချက်ရပါပြီ။



ချဉ်ဖြုံးဖြုံးလေးနဲ့ ထမင်းမြိန်တဲ့ ပုဇွန်မရမ်းသီးငပိချက်ပါ။

အားလုံးအတွက် ပျော်ရွှင်ဖွယ် အားလပ်ရက်ဖြစ်ကြပါစေရှင် ..

Image Hosted by PicturePush - Photo Sharing