မြင်ရတွေ့ရ ပြင်ဦးလွင်အလှ

ဒီရက်ပိုင်း စာလုံးလုံးမရေးအား ဖြစ်နေပါတယ်.. အချိန်မရတာရော၊ ရေးဖို့အခြေအနေမပေးတာရော အမျိုးမျိုးကြောင့်ပါဘဲ။ ဘလော့ဂ် လေးလည်း ခြောက်ကပ်နေတယ် ထင်ပါတယ်. ဒါကြောင့် နည်းနည်းတော့ စိုစိုပြေပြေဖြစ်ရလေအောင် စာမရေးအားသေးပေမဲ့ စိတ်ကြည်လင်စေမဲ့ ဓာတ်ပုံလေးတွေ ကို စာဖတ်သူများနှင့် မျှဝေချင်ပါတယ်။ စာမရေးအား စာမဖတ်အားသေးတာကို ချစ်ခင်ရပါသော စာဖတ်သူများနဲ့ မိတ်ဆွေ ဘလော်ဂါများအားလုံး နားလည် ခွင့်လွှတ်ပေးကြပါဦးလို့နော်။  ပြီးခဲ့တဲ့လက ပြင်ဦးလွင်ကို ရောက်ခဲ့ချိန်မှာ ရိုက်ခဲ့တဲ့ ဓာတ်ပုံတစ်ချို့ကို တင်ပါမယ်နော်.. စာမပါပေမဲ့ ပုံလေးတွေကြည့်ပြီး စိတ်ကြည်လင်အေးချမ်းကြစေဖို့ပါ။

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing


ပထမဦးစွာ ဘုရားဖူးကြပါစို့နော်.. 

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing
အားလုံးသိတဲ့ ပြင်ဦးလွင် အံ့ထူးကံသာ ရုပ်ပွားတော်စံပါယ်ရာ နေရာ

Image Hosted by PicturePush - Photo Sharing

ပြည်ချစ်ဘုရားခေါ် မဟာအံ့ထူးကံသာ ရုပ်ပွားတော်..

မဟာအံ့ထူးကံသာဘုရားကို အနီးကပ် ဖူးမျှော်ဖို့ချင်သူများ အတွက်ပါ... ဘုရားကြီးရဲ့ ရာဇဝင်ကိုတော့ အားလုံး သိပြီးသားဖြစ်မှာပါ။ဒါပေမဲ့ နည်းနည်းလောက် အစ ပြန်ဖော်ရမယ်ဆိုရင် မဟာအံ့ထူးကံသာ ရုပ်ပွားတော်ဟာ ဥာဏ်တော်အမြင့် ၁၅ပေရှိပြီး ဒူးခေါင်းတော်အကျယ် ၈-ပေနဲ့ ၆-လက်မကျယ်ဝန်းကာ တန်ချိန်အားဖြင့် ၁၇-တန် ရှိပါတယ်။ ၄င်းရုပ်ပွားတော်ကို ရွှေလီမြို့သို့ ပင့်ဆောင်ရန် ၁၉၉၇-ခုနှစ် ဧပြီလ ၆ရက်နေ့မှာ မော်တော်ကားဖြင့် မန္တလေးမှ တင်ဆောင်လာရာ ပြင်ဦးလွင်မြို့အထွက် ရေငယ်ကျေးရွာ အလွန်မှာ မော်တော်ကား တိမ်းမှောက်ပြီး ရုပ်ပွားတော်မြေခခဲ့ရပါတယ်။ ရုပ်ပွားတော်ကို ဝန်ချီစက်များဖြင့် ပင့်ဆောင်ရန် ကြိုးစားပေမဲ့ ဘယ်လိုမှ ပင့်ချီလို့ မရတာကြောင့် ၄င်းရုပ်ပွားတော်ကို ရွှေလီမြို့သို့ မပင့်ဆောင်တော့ဘဲ ရုပ်ပွားတော်လဲကျရာ အနီးရှိ ယခုလက်ရှိရုပ်ပွားတော်စံပါယ်ရာ ဓမ္မရတိကုန်မြေကို မြေနေရာရှင်းလင်းပြီး စံကျောင်းဆောက်လုပ်ကာ ပင့်ဆောင် ကိုးကွယ်လာခဲ့ကြာတာဖြစ်ပါတယ်။ ရုပ်ပွားတော်ကိုလည်း မဟာအံ့ထူးကံသာ ဆုတောင်းပြည့်မြတ်စွာဘုရားလို့အမည် ခေါ်တွင်သော်လည်း တရုတ်ပြည် ရွှေလီမြို့သို့ ရည်ရွယ်ပင့်ဆောင် သော်လည်း ထိုနေရာကို မရောက်ရှိဘဲ မြန်မာပြည်တွင်းရှိ ပြင်ဦးလွင်မြို့မှာသာ စံပါယ်တော်မူတာကြောင့် ပြည်ချစ်ဘုရားလို့လည်း လူအများက ခေါ်ဆို သိမှတ်ကြပါတယ်။ ကုန်းတော်ပေါ်မှာတည်ရှိတဲ့ စေတီပုရဝုဏ်ဟာ သစ်ပင်ပန်းမာန်များဖြင့် အေးချမ်းသာယာလှပြီး ကုန်းတော်ပေါ်မှာ ပတ်ဝန်းကျင် အရပ် ၈မျက်နှာကို မျှော်ကြည့်လိုက်ပြန်လျှင်လည်း ခပ်ဝေးဝေးမှ မှိုင်းပျပျပြာလွင်လွင် တောင်တန်းများ၊ လွင်ပြင်တစ်လျှောက်ဆီမှ စိမ်းစိမ်းစိုစို စိုက်ခင်းများကို ရှုမဆုံးနိုင်အောင် မြင်တွေ့နိုင်တာကို ရောက်ဖူးသူများ သတိပြုမိကြမယ် ထင်ပါတယ်။

Image Hosted by PicturePush - Photo Sharing

လည်လည်သွားမယ် ကန်တော်ကြီးကိုကွယ်.. နန်းမြင့်မျှော်စင်ရော စေတီပါ ပါအောင်ရိုက်ခဲ့တယ်.. 

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

ဓာတ်ပုံရိုက်ကြ အများသူငါ


Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

ဒီမြင်ကွင်းတွေကတော့ စိတ်ကိုရော လူကိုပါ ကြည်လင်လန်းဆန်းစေနိုင်ခဲ့ပါတယ်.. 

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

ကောင်းကင်ပြာပြာ ရေဇလာအောက်မှာ ဘဲကလေးတွေ ပျော်မြူးရှာ

ဘဲကလေးတွေကတော့ တန်းကိုစီလို့....း)

Image Hosted by PicturePush - Photo Sharing

လမ်းဘေးနှစ်ဖက်က ပန်းပင်တွေကလည်း တောက်ပ ဝံ့ကြွားလှပ ခမ်းနားစွာ

Image Hosted by PicturePush - Photo Sharing

ဒီလိုအေးချမ်းလှပတဲ့နေရာတွေ အများကြီးရှိရင် ကမ္ဘာကြီးက တကယ်ကို သယာပျော်ရွှင်ဖွယ် 

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing


မေမြို့သို့မဟုတ် ပြင်ဦးလွင်..

Image Hosted by PicturePush - Photo Sharing


အများတကာ အားကျစရာ မင်္ဂလာဓာတ်ပုံရိုက်နေတဲ့ ချစ်စရာစုံတွဲတွေလည်းရှိရဲ့ :P




Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

တစ်သက်တာ နေချင်စရာ ပြင်ဦးလွင်.

Image Hosted by PicturePush - Photo Sharing

သစ်ခွဥယျဉ်နဲ့ လိပ်ပြာပြတိုက်အဝင်.

Image Hosted by PicturePush - Photo Sharing

သစ်ခွ စင်တွေဘက်

သစ်ခွပန်းတွေတော့ များလွန်းလို့မတင်တော့ပါဘူး.. ကန်တော်ကြီးထဲမှာ ခြေတိုအောင် လျှောက်ပြီးရိုက်ခဲ့သမျှ ဓာတ်ပုံတွေအားလုံးထဲက အဆင်ပြေမယ့်၊ ဘလော့ဂ်ကြွလာ မိတ်သဟာများအတွက် စိတ်နှလုံးငြိမ်းချမ်းစေမယ့်၊ မျက်စိအေးစေမယ့် ပုံလေးတွေကိုပဲ ရွေးတင်လိုက်တာပါ။ 

အားလုံးလည်း စိတ်နှလုံးကြည်လင်ရွှင်လန်းပါစေလို့ ...