၂၀၁၂ မယ်စင်္ကြဝဠာ


၂၀၁၂ ရဲ့ မယ်စင်္ကြာဝဠာပြိုင်ပွဲ ပြီးဆုံးသွားပြန်ပါပြီ။ မယ်စင်္ကြာဝဠာပြိုင်ပွဲ တွေကို စိတ်ဝင်စားတဲ့ မချောတစ်ယောက် ခုလည်း ဘယ်သူတွေ ဆုရရှိသလဲဆိုတာ စပ်စုမိပြန်ပါပြီ။ ပြီးခဲ့တဲ့ ၂၀၁၁ တုန်းကတော့ အသားညိုညို ချစ်စရာအင်ဂိုလာမယ်လေးက သရဖူဆောင်းခဲ့တာပါ။ အဲဒီအကြောင်းကိုတော့ ဒီနေရာမှာ ရေးခဲ့ပြီးပါပြီ။ ဒီနှစ်၂၀၁၂  ရဲ့ ၆၁ကြိမ်မြောက် မယ်စင်္ကြာဝဠာပြိုင်ပွဲရဲ့ သရဖူပေးပွဲကို ဒီဇင်ဘာ ၁၉ရက်နေ့က အမေရိကန်နိုင်ငံ လာဗေးဂတ်စ်  Planet Hollywood Resort and Casino မှာ ကျင်းပခဲ့ပြီး နိုင်ငံပေါင်း ၈၉နိုင်ငံက အလှမယ်တွေ ပါဝင် ယှဉ်ပြိုင်ကြပါတယ်။ ပြိုင်ပွဲဝင်မယ်များဟာ အသက် ၁၉နှစ်ကနေ ၂၆နှစ်အထိ ပါဝင်ကြပါတယ်။ ပြိုင်ပွဲကို အကဲဖြတ်ဒိုင်သူကြီး ၈ဦးက အကဲဖြတ် အမှတ်ပေးခဲ့ကြရာမှာ ယခင်က Miss Universe ပြိုင်ပွဲဝင်ဟောင်း တစ်ဦးဖြစ်တဲ့ Miss USA  Crystle Stewart လည်း ပါဝင်ပါတယ်။ မှတ်မှတ်ရရ ပြောရရင် သူပြိုင်ပွဲဝင်ခဲ့တဲ့နှစ်မှာ စင်ပေါ်မှာ ချော်လဲခဲ့တဲ့ Miss Universe ပြိုင်ပွဲဝင် တစ်ဦးပါ။ မနှစ်က Miss Universe သရဖူဆောင်းခွင့်ရခဲ့တဲ့ အန်ဂိုလာမယ် Leila Lopes တို့ကလည်း အစီအစဉ် တင်ဆက်သူအဖြစ် ပါဝင်ခဲ့ပါတယ်။



မယ်စင်္ကြာဝဠာပြိုင်ပွဲကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၄ရက်နေ့ကတည်းက စတင်ယှဉ်ပြိုင်ကြရာမှာ ထုံးစံအတိုင်း ဝတ်စုံသုံးမျိုးနဲ့ ယှဉ်ပြိုင်ကြရပါတယ်. မိမိတိုင်းပြည်ကို ကိုယ်စားပြုတဲ့ အမျိုးသားဝတ်စုံ၊ ညနေခင်းဝတ်စုံနဲ့ ရေကူးဝတ်စုံ စသည်တို့ဖြင့် ပြိုင်ပွဲဝင်ကြရတာဖြစ်ပြီး အမျိုးသားဝတ်စုံနဲ့ ပြိုင်ကြရာမှာလည်း နိုင်ငံအသီးသီးက မယ်တွေဟာ ထူးထွေဆန်းပြား အရောင်အသွေး စုံလင်လှတဲ့ ဝတ်စုံတွေနဲ့ ပြိုင်ပွဲဝင် ကြပါတယ်။ ပြိုင်ပွဲ ဝင်ကြတဲ့ အမျိုးသားဝတ်စုံ တစ်ချို့ကို လက်လှမ်းမီသလောက် ဖော်ပြရရင်



Miss Bolivia ရဲ့ အမျိုးသားဝတ်စုံ 



Miss Cyprus ရဲ့ ဝတ်စုံ 




Miss Ecuador ရဲ့ ဝတ်စုံ

Image Hosted by PicturePush - Photo Sharing

Miss Venezuela ရဲ့ ဝတ်စုံ



Miss India ရဲ့ ဝတ်စုံကတော့ ခပ်ရိုးရိုး ဆာရီတစ်စုံပါဘဲ


Miss Indonesia  ရဲ့ စိတ်ဝင်စားဖွယ် ဝတ်စုံ




Miss Philippines  ရဲ့ အမျိုးသား ဝတ်စုံ 

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

Miss Philippines ကတော့ ပြိုင်ပွဲဝင်တွေ တစ်ဦးချင်း မိတ်ဆက်စကားပြောစဉ်ကတည်းက ပရိတ်သတ်ရဲ့ အားပေးသံ လက်ခုတ်သံတို့ကို အများဆုံး ရရှိခဲ့သူ ဖြစ်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing








အကောင်းဆုံး အမျိုးသားဝတ်စုံဆုကို ရရှိသွားတဲ့ ပြိုင်ပွဲဝင် Miss China ( Jidan Xu) ရဲ့ ဝတ်စုံပါ။ ဆုရမယ်ဆိုလည်း ရချင်စရာပါ တော်တော်လက်ဝင်ပြီး ရှုပ်ရှက်ခတ်မဲ့ ဝတ်စုံပါဘဲ။ 


ညနေခင်းဝတ်စုံလို့ခေါ်တဲ့ ဂါဝန်ရှည်လေးတွေ ဝတ်ဆင်ပြီး ပြိုင်ပွဲဝင်တဲ့အခါမှာ သိပ်ရှည်လွန်းတဲ့ ညနေခင်းဝတ်စုံတွေကြောင့် ဝတ်စုံကိုနင်းမိပြီး စင်ပေါ်မှာ ချော်လဲကြတဲ့ မယ်တွေ မကြာခဏ တွေ့ရတတ်ပါတယ်။ အခုပွဲမှာလည်း Miss China နဲ့ အနီရောင်ဝတ်စုံက စင်ပေါ်မှာ အတော်လေး အနှောက်အယှက်ဖြစ်ဟန် ရှိပြီး ဂါဝန်စ တက်နင်းပြီး ချော်လဲခါနီး ၂ခါ လောက်ဖြစ်တာ တွေ့ရပါတယ်။ နောက်တော့ သူလည်း ဝါဝန်လေး မကာ မကာနဲ့ လျှောက်ရပါတော့တယ်။ နောက်ပိုင်းမှာ ပါးနပ်သူများကတော့ လှေခါးထစ်တွေကို ဆင်းတော့မယ်ဆိုကတည်းက ဂါဝန်လေးကို ကြိုတင်မပြီးမှသာ ဆင်းကြပါတော့တယ်။ အင်ဒိုနီးရှားမယ်ကလေးကနည်း ပြန်ထွက်ခါနီးမှ ဝတ်စုံဖျားကို ခလုတ်တိုက် လိုက်ပါသေးတယ် 

Image Hosted by PicturePush - Photo Sharing

အပြာရောင်ဝတ်စုံနဲ့ Miss Guyana ကတော့ လုံးဝကို ချော်လဲပါတော့တယ်။ သို့သော်လည်း ဟန်မပျက် ပြန်ထပြီး ခပ်ပြုံးပြုံးနဲ့ဘဲ ဆက်လျှောက်သွားခဲ့ပါတယ်။ 

Image Hosted by PicturePush - Photo Sharing

Miss China ရဲ့ ညနေခင်းဝတ်စုံ

Image Hosted by PicturePush - Photo Sharing
Albania (Adrola Dushi), Angola (Marcelina Vahekeni) and Aruba (Liza Helder) တို့ရဲ့ ညနေခင်းဝတ်စုံများ

Image Hosted by PicturePush - Photo Sharing

Croatia (Elizabeta Burg), Curacao (Monifa Joanne Marie Jansen) and Ecuador (Carolina Andrea Aguirre Perez) တို့ရဲ့ညနေခင်းဝတ်စုံ

Image Hosted by PicturePush - Photo Sharing

Georgia (Tamar Shedania), Guyana (Ruqayyah Boyer), Jamaica (Chantal Jaky) တို့ရဲ့ညနေခင်းဝတ်စုံ


Image Hosted by PicturePush - Photo Sharing

Kosovo (Diana Avdiu), Malaysia (Kimberly Leggett), Mexico (Karina Gonzalez) တို့ရဲ့ညနေခင်းဝတ်စုံ

Image Hosted by PicturePush - Photo Sharing

Paraguay (Egni Eckert), Philippines (Janine Tugonon), Puerto Rico (Bodine Koehler) တို့ရဲ့ညနေခင်းဝတ်စုံ

Image Hosted by PicturePush - Photo Sharing

Tanzania (Winfrida Dominic), Thailand (Nutpimon Farida Waller), USA (Olivia Culpo) and Venezuela (Irene Sofia Esser Quintero) တို့ရဲ့ညနေခင်းဝတ်စုံ

Image Hosted by PicturePush - Photo Sharing


Miss Ethiopia ကတော့ နာမည်လိုက်အောင် ခပ်ပိန်ပိန်တစ်ဖြောင့်တည်းနီးပါး ဖြစ်တာကို တွေ့ရပါတယ်။ သူမကတော့ ပိုစ့်ပေးတာတွေ ဘာတွေ သိပ်မတွေ့ရဘဲ ခပ်မြန်မြန်လျှောက်သွားခဲ့ပါတယ်။ ပြိုင်ပွဲဝင်တဲ့ တစ်ချို့မယ်တွေဟာ အပြုံးအလွန်နည်းပါတယ်။ သူတို့ကိုကြည့်ပြီး သူတို့ကိုယ်စားပြုံးမိရတဲ့အထိ ဖြစ်ရပါသေးတယ်။ 

ညနေခင်းဝတ်စုံများနဲ့ ယှဉ်ပြိုင်ပြီးနောက်မှာ ဆန်ကာတင် ၁၆ဦးကို ရွေးချယ်ပါတယ်။ ဆန်ကာတင် ၁၆ဦးမှာ ပါဝင်သူတွေကတော့ 
  1. Venezuela
  2. Turkey
  3. France
  4. Peru
  5. Russia
  6. Mexico
  7. Poland
  8. Hungary
  9. South Africa
  10. Philippines
  11. Croatia
  12. Brazil
  13. Kosovo
  14. Australia
  15. India
  16. USA 

တို့ဖြစ်ပါတယ်။ 





Miss Univers 2012 Top 5 Miss Universe 2012   Winner Results Video

ဆက်လက်ပြီး ဆန်ကာတင် ၅ဦးကို ရွေးချယ်ရာမှာ
Miss Venezuela – Irene Sofia Esser Quintero
Miss Philippines – Janine Tugonon
Miss Australia – Renae Ayris
Miss USA – Olivia Culpo
Miss Brazil – Gabriela Markus တို့ သာ ဆန်ကာတင် ကျန်ရစ်ခဲ့ပါတယ်။  

Miss Australia ကို 4th Runner up  အဖြစ် ကြေငြာလိုက်ပြန်တော့ ကျန်ရစ်သူ ၄ဦးက စိတ်လှုပ်ရှား စွာ စောင့်မျှော်ကြရပါတယ်။ Miss Brazil က 3rd Runner up  အဖြစ် ပန်းစည်းကို လက်ခံရယူပြီးပြန်တော့ စင်ပေါ်မှာ သုံးဦးသာ ကျန်ရစ်ခဲ့ပါတယ်။ Miss Venezuela က 2nd Runner up  ရရှိသွားပြန်တော့ စင်ပေါ်မှာ Miss Philippines နဲ့ Miss USA တို့နှစ်ဦးသာ ကျန်ရစ်ခဲ့ပါပြီ။ 

Image Hosted by PicturePush - Photo Sharing
Miss Philippines နဲ့ Miss USA

Image Hosted by PicturePush - Photo Sharing

Miss USA

Miss USA 2012, Olivia Culpo, is introduced during the 2012 Miss Universe Pageant at PH Live at Planet Hollywood Resort & Casino on December 19, 2012 in Las Vegas, Nevada.

Image Hosted by PicturePush - Photo Sharing

Miss USA ရဲ့ ညနေခင်းဝတ်စုံပါ .. ကျွန်မကတော့ သူ့ဝတ်စုံကို ဖော်လွန်းနေတာကလွဲလို့ ထူးထူးခြားခြားလှပတယ်လို့ကို မထင်မိပါဘူး။ 



Image Hosted by PicturePush - Photo Sharing

Miss Philippines

Miss Philippines


Image Hosted by PicturePush - Photo Sharing

ရုပ်ရည်ရော ဝတ်စုံပါ လှပတဲ့ Miss Philippines ပါ။



 ပြီးတော့လည်း သူမဟာ အင်္ဂလိပ်စကား ပြောတာလည်း အလွန်ကောင်းပါတယ်။ ဆန်ကာတင် ၅ဦးကို ဒိုင်လူကြီးများက မေးခွန်းများ မေးရာမှာ  မေးခွန်းတွေကို စကားပြန်မလိုဘဲ ဖြေဆိုတဲ့သူ ဖြစ်ပါတယ်။ အသက် ၂၃နှစ်အရွယ်  Miss Philippines (Janine Tugonon ) ဟာ ဒီပွဲမှာ ရေပန်းအစားဆုံး၊ ပရိတ်သတ် အကြိုက်ဆုံး ဖြစ်ပါတယ်။ တော်တော် များများကလည်း သူမကို Miss Universe ရမယ်လို့ ခန့်မှန်းကြပါတယ်။ သူမတို့နှစ်ဦး တစ်ယောက်လက် ကို တစ်ယောက်က ဆုပ်ကိုင်ကြရင်း Miss Universe ကြော်ငြာမဲ့ အသံကို ရင်ခုန်စိတ်လှုပ်ရှားစွာ နားစွင့်နေကြရာ နောက်ဆုံးမှာတော့  အသက် ၂၀အရွယ်ရှိ Miss USA  ဖြစ်သူ Olivia Culpoက ရရှိသွားခဲ့ပါတယ်။ နာမည်ကြီးနေတဲ့ Miss Philippines ကတော့ First Runner up နဲ့သာ ကျေနပ် လိုက်ရပြီး ဒီတစ်ပွဲမှာလည်း နာမည်ကြီးပြီး Philippines လွဲခဲ့ရ ပြန်ပါတယ်။ 


Image Hosted by PicturePush - Photo Sharing

မနှစ်က မယ်စင်္ကြာဝဠာ  Leila Lopes က ဒီနှစ် မယ်စင်္ကြာဝဠာကို သရဖူ လွဲပြောင်းပေးအပ်လိုက်ပါတယ်

Image Hosted by PicturePush - Photo Sharing

အောင်နိုင်သူရဲ့ အလှဆုံးပြုံးချိန် (ပြုံးလိုက်ရင်တော့ သူ့အပြုံးလေးက အတော်လှသား) 





ပရိတ်သတ်များကို နှုတ်ဆက်နေတဲ့ မယ်စင်္ကြာဝဠာ

Image Hosted by PicturePush - Photo Sharing

အမေရိကမယ်တို့ဟာ ပြိုင်ပွဲဝင်တဲ့  နှစ်ပေါင်း ၆၀အတွင်းမှာ ရှစ်ကြိမ်မြောက် မယ်စင်္ကြာဝဠာသရဖူကို ရရှိသွားခဲ့ပါပြီ။ နောက်ဆုံးအကြိမ် ရရှိခဲ့တာဟာ ၁၉၉၇ခုနှစ် ဖြစ်ပါတယ်။ 

ပြိုင်ပွဲပြီးဆုံးသွားပေမဲ့ "Miss Universe ပြိုင်ပွဲဟာ မျှတမှုမရှိဘူး။ အမေရိကန်မှာလုပ်လို့ Miss USA က သရဖူဆောင်းခွင့်ရတယ်။ တကယ်တမ်းတော့ Miss Philippines ကသာ ပိုရထိုက်တယ်" စသဖြင့် အငြင်းပွားမှုတွေ၊ ဝဘ်ဆိုဒ်တွေပေါ်မှာ ကော်မန့်တွေများစွာနဲ့ complaints တွေကတော့ ထွက်ပေါ်လို့ နေပါတယ်။ ဘယ်သူတွေ ဘယ်လို ပြောကြပါစေ။ အမေရိကတို့ကတော့ ဒီနှစ်အတွက် သရဖူကို ဆောင်းသွားခဲ့ပြီဖြစ်ပါတယ်။  






ကျေးဇူးစကားမယ်စင်္ကြာဝဠာပြိုင်ပွဲ နီးတိုင်း အဲဒီအကြောင်းရေးဖို့ သတိတရ သတိပေးတတ်တဲ့ အစ်မ မြသွေးနီ ကို ကျေးဇူး အထူးတင်ရပါတယ်။ သူတိုက်တွန်းလို့လည်း ဒီလို ပိုစ့်တွေကို အခုလို သတိတရနဲ့ ရေးဖြစ်တာ ဖြစ်ပါတယ်။ 




Ref and photo: