ပုဇွန်တိုဖူးပေါင်း



ဒီတစ်ပတ်အတွက် ဖော်ပြချင်တဲ့ ဟင်းချက်နည်း တစ်မျိုးကတော့ ပဲပြားလို့ခေါ်ကြတဲ့ တိုဖူးကို ပုဇွန်အသားလေးတွေနဲ့ ပေါင်းမှာ ဖြစ်ပါတယ်။ ဒီဟင်းအတွက် အဓိက လိုအပ်တဲ့ ပဲပြားနဲ့ ပုဇွန်ကို ပြင်ဆင်ပါမယ်နော်..

Image Hosted by PicturePush - Photo Sharing

ပုဇွန်ကို ရေစင်အောင်ဆေး ကျောကအကြောင်းကို ခွာပြီး တောက်တောက်စင်းပါတယ်.. ကြက်သွန်ဖြူ ၂ မွှာလောက်ကိုလည်း တောက်တောက်စင်းပြီး ပုဇွန်အသား၊ ဆား၊ အရသာမှုန့် တို့နဲ့  ရောနယ်ထားပါတယ်။ 




Image Hosted by PicturePush - Photo Sharing

တိုဖူးများကို ခုလို အနေတော်အရွယ် တုံးပြီး အလယ်က အသားတစ်ချို့ကို ဖယ်ထုတ်ပြီး အခွက်လေးတွေ လုပ်ထားလိုက်ပါတယ်။ 


Image Hosted by PicturePush - Photo Sharing

ဖယ်ထုတ်လိုက်တဲ့ တိုဖူးအချို့ကို ပုဇွန်အသားနဲ့ ရောလိုက်ပါတယ်။ ထို့နောက် ကြက်ဥ၊ ဂျုံမှုန့် အနည်းငယ်၊ ငရုပ်ကောင်းမှုန့် အနည်းငယ်ထည့်ပြီး နယ်ထားလိုက်ပါတယ်။ ပုဇွန်အစား ငါး၊ ကြက်သား၊ ဝက်သား စသည့်အသားများနဲ့လည်း လုပ်စားနိုင်ပါတယ်။ 


Image Hosted by PicturePush - Photo Sharing 


ပုဇွန်အသားတွေကို တိုဖူးအခွက်လေးတွေထဲ လိုက်ဖြည့်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing

ဒါကတော့ နှမ်းဆီ၊ ပဲငံပြာရည်၊ အသားမှုန့်၊ ဆား တို့ကို ရောမွှေထားတာပါ။ ပဲပြားရဲ့ အနေအထားပေါ်မူတည်ပြီး အပေါ့အငံအတွက် ချင့်ပြီး ထည့်နိုင်ပါတယ်။ 


Image Hosted by PicturePush - Photo Sharing

၎င်း နှမ်းဆီအရောအနှောကို ပဲပြားများအပေါ် လောင်းချလိုက်ပါတယ်။ သို့မှသာ ပဲပြားထဲ အရသာဝင်ပြီး စားကောင်းမှာဖြစ်ပါတယ်။ 


Image Hosted by PicturePush - Photo Sharing

ရေနွေးနဲ့ ပေါင်းဖို့အတွက် အိုးတစ်လုံးထဲ ရေထည့်ပြီး တိုဖူးပန်ကန်ကို ရေမထိအောင် တင်လိုက်ပြီး အဖုံးအုပ်က စပြီးပေါင်းပါပြီ။ မိနစ် ၂၀ခန့်ပေါင်းလိုက်ရင် အသားလည်း ကျက်ပြီး အရသာလည်း ကောင်းတဲ့ ပုဇွန်တိုဖူးပေါင်း ရပါပြီ။ 


Image Hosted by PicturePush - Photo Sharing

ကျက်သွားတဲ့ ပုဇွန်ပဲပြားပေါင်းကို အမြင်လည်း လှအောင် ခုလို ငရုပ်သီးနံနံပင်များ ထည့်လိုက်ပါတယ် 


Image Hosted by PicturePush - Photo Sharing

ဆား၊ အသားမှုန့်အရသာတွေ ပဲပြားထဲ ဝင်သွားပြီး နှမ်းဆီနံ့လေး မွှေးနေတဲ့ ပုဇွန်ပဲပြားပေါင်း ရပါပြီ။ လုပ်ရတာ လွယ်ကူမယ်လို့ ထင်ပါတယ်နော်။ 



အားလုံးအတွက် စိတ်ကြည်လင်အဆင်ပြေသော နေ့ရက်များကို ပိုင်ဆိုင်ကြပါစေရှင်.. 







22 Responses to “ပုဇွန်တိုဖူးပေါင်း”

အားတဲ့အခါ လုပ်စားကြည့်ဦးမယ်။ လွယ်မဲ့ပုံဘဲ။

Aunty Tint said...

ပုဇွန်တိုဖူးပေါင်းလေး မစားဖူးသေးဘူး ချောရေ လုပ်စားကြည့်မယ် စားချင်စရာလေး တို့ဖူးလည်းကြိုက် ပုဇွန်လည်းကြိုက်ဆိုတော့ အိုကေပဲး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

လှပတဲ့ မနက်ခင်းလေးပါ ချောရေ။

သည်မှာ ပဲပြားမရှိလို့ ကိုယ့်ဘာသာကိုယ် လုပ်စားဖို့ အဆင်မပြေလေတော့ ချော လုပ်ပေးထားတဲ့ ပုဇွန်တို့ဟူးပေါင်းကိုပဲ ဘုဉ်းပေးလိုက်တယ်။ ပဲပြားကို ချစ်စရွယ်တုန်းကတည်း ကြိုက်နှစ်သက်တဲ့ အစာတွေထဲက တစ်မျိုးပါဝင်တယ်။

ကျန်းမာပျော်ရွှင် ကြည်လင်ဝင်းပ အေးမြပါစေ...

ဆောရီး ချစ်စရာအရွယ်တုန်းက ပြောတာ...

Evy said...

စားချင်စရာလေးချောရေ။ အဲလိုမျိုးလေးတွေကြိုက်တယ်

မချောရေ လှလဲလှတယ် စားချင်စရာပုဇွန်တိုဟူးပေါင်းလေး အိမ်က ဘုစုဒီပို့မတွေ့ခင် အရင်ဆုံးလုပ်ကျွေးလိုက်အုံးမယ်
ကျေးဇူးအများကြီးပါ ။

ဗိုက်ဆာတဲ့အချိန်ဆိုတော့ ပိုဆိုးတာပေါ့.။
စားချင်စဖွယ်လေး. ဂလုဂလုနဲ့ အသာမျိုချလိုက်ရတယ်.။
ချစ်တဲ့
သဒ္ဓါ

San San Htun said...

လွယ်လည်းလွယ်တယ်..အရသာလည်း ရှိမယ့်ပုံပဲ..ချက်စားဦးမယ်..

စားကောင်းမဲ့ပုံပဲမကြီး လုပ်စားကြည့်မယ် ဒါပေမယ့်ခက်တာကပဲပြားမကြိုက်တာဘိုလုပ်ရမဲ

ချစ်တဲ့

ဒိုးကန်

sosegado said...

ကျနော်လည်း တိုဟူးမကြိုက်ဘူး၊ စားဖြစ်ရင်တောင် တိုဟူးတွေဖယ်ပြီး ပုဇွန်ပဲ ရွေးစားမိမယ်။ D:

တခါမှ မစားဖူးသေးဘူး ဒါနည်းသစ်ထင်တယ်နော်
လုပ်စားဖြစ်အောင်ကိုလုပ်စားအုန်းမယ်
ပုံလေးတွေကြည့်ပြီးစားချင်လိုက်တာနော်

Cameron said...

စားချင်းစရာလေး တိုဖူးဆိုသိပ်ကြိုက်တာ လုပ်စားဦးမယ်..။

ဘိုလုပ်ရမလဲကွယ်..စိတ်မကောင်းစရာတွေတော့
ဖြစ်ကုန်ပြီ...ပဲပြားနဲ့ ပုဇွန်က မိုးနတ်အကြိုက်ဆုံးရှင့်
ခုပဲ မတင်ထားတာတွေ စိတ်မထိန်းနိုင်လို့ ယူစားလိုက်ပြီ
နောက်လာလည်တဲ့သူတွေ ဟင်းပွဲမတွေ့ရင် အဲဒါ
ညလေးလက်ချက်သာ မှတ်လိုက်ပေတော့ မရယ်..:)
ခင်တဲ့...မိုးနတ်

SHWE ZIN U said...

လုပ်စားမယ် ကြိုက်တယ် ကျေးကျေး ချောရေ

ချောဆီက ဟင်းနည်းလေးတွေရတိုင်း လုပ်စားကြည့်ချင်စိတ် ဖြစ်ပေမယ့် မလုပ်ဖြစ်ဘူး ချောရေ ... ။ ပုစွန်တို့ဖူးပေါင်းလေးကတော့ ကြိုက်လဲကြိုက် လွယ်မယ့်ပုံလေးမို့ လုပ်စားကြည့်အုံးမယ် ချောရေ ... ။
ကျေးဇူးပါပဲ။

Anonymous said...

တို့ဖူးလေးတွေက ပျော့တော့
နည်းနည်းချင်းယူစားရင်
ပဲ့ကုန်ရှာမှာလေ..
အဲ့ဒီ့တော့ တစ်ခုကိုတစ်လုတ်ပေါ့နော်အစ်မး)
အစကတော့ ပုဇွန်ကြီးတွေကို
စင်းပလိုက်လို့နှမြောနေတာ.. :D

အခွက်လေးတွေလုပ်ရတာတော့ ညီမအနေနဲ့
အဆင်မပြေလောက်ဘူး။
စိတ်မရှည်တတ်လို့လေး)

Anonymous said...

တို့ဖူး နဲ့ ပတ်သက်လို့ အသစ်အဆန်း လုပ်စားစရာ တစ်ခုရပြီ ..
တိုဖူးဆို ဘယ်လိုလုပ် လုပ် ကြိုက်တယ် .. :))

ခင်မင်လျှက်
ဆောင်းနှင်းရွက်

က said...

အစ်မ.....

ပဲပြားကို အတုံးလိုက်ကြော်ပြီးမှ.. ရင်ဖွင့်ပြီး.. စောနက ပုစွန်အစာကို သွပ်ပြီး ပြန်ပေါင်းရင်ကော အစ်မ။ ကျနော် စမ်းကြည့်မယ်.. အဆင်ပြေရင် အစ်မကို ပြန်လာ သတင်းပို့ ကြည့်မယ်။

ဘလော့ မဖတ်ဖြစ်ဘူး အစ်မ။ မရောက်လာဖြစ်ရင် ခွေး အကောင် ၂ ရာလောက် လွှတ်ပေးပါ။ :(

က said...

ကကလ ပါ

Unknown said...

ပုဇွန်တိုဖူးပေါင်းလေးအားပေးရင်း
ကုန်အောင်စားသွားမလားလို.ကြိုက်တယ်။
အိမ်မှာလုပ်စားမယ်။အော်ချောတင်ပေးထားတဲ.
ကြက်သားလုံးခေါက်ဆွဲအိမ်မှာသားတို.ကိုလုပ်ကြွေးတာ
ကောင်းလွန်းလို.ဒီ၁ပတ်ထပ်လုပ်ကြွေးခိုင်းနေတယ်လေ
အဲဒါချောရေကျေးဇူးပါလို.။အားပေးလျှက်
ခင်တဲ.အန်တီလေးမေခင်

Anonymous said...

စားချင်လိုက်တာ..အထူးအဆန်းလေးပဲနော်...မချောလက်ရာကို များများအားပေးသွားတယ်

k myint said...
This comment has been removed by the author.