တိုဖူးပေါင်း ဝက်သားအနှစ်ဆမ်း


ဒီတစ်ပတ် စားသောက်ဖွယ်ရာကဏ္ဍအတွက် လွယ်ကူလျင်မြန်ပြီး အရသာရှိစေမယ့် ဟင်းချက်နည်းတစ်မျိုးကို ဖော်ပြချင်ပါတယ်။ တိုဖူးဖြူ ခေါ် ပဲပြားကို ဝက်သားအနှစ်ဆမ်းထားတဲ့ ဟင်းတစ်ခွက်ပါ။ လိုအပ်တဲ့ အဆာပလာတွေနဲ့ ချက်နည်း အဆင့်ဆင့်ကို အောက်မှာ ဖော်ပြပါမယ်နော်။

Image Hosted by PicturePush - Photo Sharing

ပဲပြားခေါ် တိုဖူးဖြူ အရွယ်တော် အတုံးကို ခပ်ပါးပါးလှီးပါတယ်။ 

Image Hosted by PicturePush - Photo Sharing

၎င်းတိုဖူးအချပ်များကို ပန်းကန်ပြားပေါ် စီထည့်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing

ဝက်သားကို တောက်တောက်စင်းပြီး ဆား၊ အရသာမှုန့်၊ ပဲငံပြာရည်အကြည်တို့နဲ့ နယ်ထားပါတယ်။

Image Hosted by PicturePush - Photo Sharing

ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုပ်သီး၊ ကြက်သွန်မြိတ်တို့ကို ပြင်ဆင်ထားပါတယ်။


Image Hosted by PicturePush - Photo Sharing

အဆာပလာများ အဆင်သင့်ဖြစ်ပါပြီ။ 

Image Hosted by PicturePush - Photo Sharing

ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ဆီသတ်ပါတယ်။

Image Hosted by PicturePush - Photo Sharing

ကြက်သွန်နွမ်းရင် ဝက်သားကို ထည့်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

တရုတ်ပဲငပိခေါ် တိုကျန် ဖြစ်ပါတယ်။ အဲဒါကို တစ်ဇွန်းခန့်ထည့်ပါတယ်။ နိုင်ငံခြားမှာနေသူများ ပဲငပိ ရှာလိုပါက Chilli Bean Sauce လို့ ရှာဝယ်နိုင်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing

 ပဲငပိထည့်ပြီး ရေအနည်းငယ်ထည့်ကာ ဝက်သားကျက်အောင်ချက်ပါ။ အသားကျက်ရင် ဆား၊ အရသာမှုန့် လိုအပ်သလိုထည့်ပါ။ 

Image Hosted by PicturePush - Photo Sharing

ထို့နောက် ငရုပ်သီး၊ ကြက်သွန်မြိတ်များထည့်ပြီး ချနိုင်ပါပြီ။ 



Image Hosted by PicturePush - Photo Sharing

ပါးပါးလှီးထားတဲ့ ပဲပြား (တိုဖူး)များကို ရေနွေးငွေ့ဖြင့် ၁၀မိနစ်ခန့် ပေါင်းပေးပါ။

Image Hosted by PicturePush - Photo Sharing

ထို့နောက် ဝက်သားအနှစ်ကို တိုဖူးပန်းကန်ပေါ် ဆမ်းပြီး ပူပူနွေးနွေး အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။ 

Image Hosted by PicturePush - Photo Sharing

တိုဖူးမှာ ပရိုတိန်းဓာတ် များစွာပါဝင်ပြီး သံဓာတ်၊ ကယ်လ်စီယမ်နဲ့ မဂ္ဂနီစီယမ်တို့ ကြွယ်ဝလှပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအသောက်လို့ ဆိုကြပါပြီး ကယ်လိုရီပါဝင်မှု နည်းပါးပါတယ်။ တိုဖူးကြိုက်သူများအတွက် အမျိုးမျိုး ချက်ပြုတ်စားနိုင်ဖို့ ဟင်းတစ်မည်အဖြစ် တိုးဖို့ တိုဖူးပေါင်းဝက်သားအနှစ်ဆမ်း ဟင်းလျာလေးကို ဖော်ပြလိုက်ပါတယ်နော်။  မိမိတို့အိမ်မှာ ဧည့်သည်လာမယ်ဆိုရင်လည်း ပဲပြားဟင်း တစ်ခွက်ကို လှလှပပ တည်ခင်းဧည့်ခံနိုင်တဲ့အတွက် အဆင်ပြေပြီးလုပ်ရတာလည်း လွယ်ကူမယ်လို့ မျှော်လင့်ပါတယ်။ 


အားလုံးအတွက်  ပျော်ရွှင်သောနေ့ရက်များကို ပိုင်ဆိုင်ကြပါစေရှင်... 




13 Responses to “တိုဖူးပေါင်း ဝက်သားအနှစ်ဆမ်း”

ချက်နည်းလေးလာရောက်စပ်စုခဲ့ပါပြီ
ဝက်ဝက်မစားလို့ သူ့နေရာကြက်ကြက်ကိုအစားထိုးပြီး
ချက်စားပါမည်
ကျေးကျေးပါချောရေ

Ma Tint said...

ဝက်သားနေရာမှာ ကြက်သားတောက်တောက်နဲ့ အစားထိုးချက်စားကြည့်မယ် ချောရေး)
ချက်နည်းလေးအတွက် ကျေးဇူးပါနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

တစ်ရက်လောက်လုပ်စားဦးမယ် မချောရေ :)
ဒီဟာတွေအကုန်ဒီမှာရှိတယ်.။

လွယ်လွယ်လေးလုပ်ရသလိုဘဲနော် မချော။ ဒါပေမဲ့ အချိန်တော့ ပေးရမယ်ထင်တယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာမို့ လုပ်စားဖို့ သင့်ပါတယ်။
တစ်နေ့နေ့ပေါ့။ လုပ်ပေးတဲ့ သူရှိရင်တော့ စားဖူးပါလိမ့်မယ်။း)

အိုးးးးးးးး
မမချောရေ...အဲဒါ မီးမီးကြိုက်ကြိုက်
မေ့ကိုလုပ်ခိုင်းရမယ် ခိခိ :)
ကျေးကျေးပါနော် မ အာဘွားးးးးးးးးးး

seng Li kham said...

စားချင်စရာကောင်းလိုက်တာ...လုပ်နည်းလေးအတွက်ကျေးဇူးတင်ပါတယ်...လုပ်စားဦးမယ်..မချောရေ

thadarhline said...

ဝက်သားဆိုကြိုက်တော့ အတော်ပဲ.
ပုံစံတစ်မျိုးလေး စားရတယ်.ကျန်းမာရေးနဲ့လည်း ညီညွတ်တော့ စားသင့်တဲ့ဟင်းကောင်းတစ်မျိုးပဲ.
ချစ်တဲ့သဒ္ဓါ

Han Kyi said...

ဝက်သားကြီးလားး(

ဦးဟန်ကြည်က ၀က်သားဆို မြင်တောင် မြင်လို့ရတာ မဟုတ်ဘူးရယ်... မြင်ရင် စားချင်လွန်းလို့း)

လောလောဆယ်တော့ မမြည်းအားသေးဘူး ဒေါ်ချော...မဒမ်ဟန်ကြည်ကိုတော့ ဒေါ်ချောလင့်ခ်ပေးထားတယ် သူသဒ္ဓါပေါက်တဲ့နေ့ကျမှ ချက်ကျွေးတာကို ထိုင်စောင့်ရမယ်း)

အဲ့ဒါ သူများချက်ကျွေးတာ စားဖူးတယ်.အရမ်းစားကောင်းတယ်..ကိုယ်တိုင်တော့ မချက်ဖူးသေးဘူး...

ပဲပြားကို အဲလိုပေါင်းတာ ငယ်ငယ်ကတည်းကကြိုက်တယ် ..။ အိမ်မှာ အဖွားတို့ အမေတို့က ပဲပြားဆို အဲလိုချက်စားဖြစ်တာများတယ်..။ခုတောင်ကြည့်ပြီး ဗိုက်ဆာလာဘီ...။

ပဲပြားရော၊ ၀က်သားရော ကြိုက်တယ်၊ လုပ်စားဦးမယ်..
ပုံလေးတွေက လှလွန်းတော့ ဟင်းအနံ့လေးတောင် ရလာသလို ခံစားရတယ်...။ သားပြည့်က ပဲပြားအရမ်းကြိုက်တယ်။ ခဏခဏ ပဲပြားပေါင်းပေးရတယ်။ ဒီလိုလေး ချက်ကျွေးရင် သဘောတော်တော်ကျမှာ..။

အမယ်စုံ ရှာလို့ရတယ်ဆိုတော့... ချက်ကို ချက်စားပစ်ဦးမယ်... :)

blackroze said...

ပစ်လည်း ပဲပြားကြိုက်တယ်မကြီးချော
အလုပ်မှာထမင်းစားတိုင်း ပဲပြားပါတယ်...
ပဲနို့တော့မ ကြိုက်ဘူး...
ပဲပြားတော့ ကြော်တာဘဲဖြစ်ဖြစ် ချက်တာဘဲဖြစ်ဖြစ်
ကြိုက်တယ်..
ငယ်ငယ်ကဆို အမေ ကပုဇွန်နဲ့ပဲပြား
ချက်ကျွေးရင် ထမင်းအရမ်းစားတာ..။။