ပုဇွန်ငရုပ်ကောင်း အစပ်ချက်


အစားအသောက်အကြောင်း ဘလောဂ့်ပေါ်မှာ မတင်ဖြစ်တာ ကြာပါပြီ။ ဒီနေ့တော့ ရိုးရိုးရှင်းရှင်းနဲ့ လွယ်လွယ်ကူကူ ချက်စားနိုင်တဲ့ ပုဇွန်ငရုပ်ကောင်း အစပ်ချက်နည်းလေး တင်ချင်ပါတယ်။ ဒီချက်နည်းဟာ အဆာပလာလည်း အများကြီး ရှိဖို့မလိုဘဲ လွယ်ကူစွာ ချက်စားနိုင်ပြီး အရသာလည်း ရှိပါတယ်။ ချက်နည်းကို အောက်မှာ ဖော်ပြပါမယ်နော်။ 



ပထမဦးစွာ ပုဇွန်အရွယ်တော်များကို အခွံခွာ၊ ရေစင်စင်ဆေးပြီး ဆား၊ အရသာမှုန့်၊ ပဲငံပြာရည်၊ သကြား အနည်းငယ်တို့ဖြင့် နယ်ထားလိုက်ပါတယ်။


ထို့နောက် ပုံပါအတိုင်း ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုပ်သီးစိမ်း (မိမိစားနိုင်သလောက်) ကို ပါးပါးလှီး၊ တောက်တောက်စင်းထားလိုက်ပါတယ်။

 
ဒယ်အိုးတစ်လုံးကို အပူပေးပြီးနောက် ဆီ ၂ကျပ်သားခန့် ထည့်ပါတယ်။ ဆီကျက်ရင် ကြက်သွန်ဖြူ၊ နီ တို့ကို ထည့်မွှေပါတယ်။ 
ကြက်သွန်များထည့်ပြီး မကြာခင်မှာ ငရုပ်သီးများကို ထည့်ကြော်ပါတယ်။ 

ပြီးလျှင်တော့ ပုဇွန်များကို ထည့်မွှေလိုက်ပါတယ်။ ဆား၊ အရသာမှုန့် တို့ကို လိုအပ်မယ်သလောက် ထည့်ပါတယ်။ ပုဇွန်များကို မချက်ခင်မှာလည်း အရသာဝင်အောင် နယ်ထားပြီဖြစ်လို့ အများကြီးထပ်ထည့်ဖို့ မလိုတော့ပါ။ 


ပုဇွန်များထည့်ပြီး မကြာမီ ငရုပ်ကောင်း ဇွန်းသေး တစ်ဇွန်းခန့် ထည့်ပါတယ်။ ပုဇွန်ဟာ ကျက်လွယ်သော ဟင်းဖြစ်သောကြောင့် မီးဖိုပေါ် အချိန်ကြာကြာထားရန် မလိုပါ။ ၃မိနစ် (သို့) ၅မိနစ်ခန့် ကြာလျှင် နံနံပင်များထည့်မွှေကာ ချနိုင်ပါပြီ။ 


ဆီပြန်ဟင်းစားရတာ ငြီးငွေ့နေသူများအတွက် ဆီနည်းနည်း ၊ ငရုပ်ကောင်းနံ့မွှေးမွှေး၊ အရသာစပ်စပ်လေးဖြင့် စားနိုင်သော အရသာရှိလှသည့် ပုဇွန်ငရုပ်ကောင်း အစပ်ချက် ရပါပြီ။ 

 

လျှာရင်းမြက်စေမဲ့ ပုဇွန်ငရုပ်ကောင်းချက်ပါ။

မိတ်ဆွေများအားလုံး စားကောင်းသောက်ဖွယ်များ စားရင်း ပျော်ရွှင်အေးချမ်းသော တနင်္ဂနွေနေ့ ဖြစ်ပါစေရှင်..

 

10 Responses to “ပုဇွန်ငရုပ်ကောင်း အစပ်ချက်”

Han Kyi said...

ဒေါ်ချောပြန်လာပြီ !!!

ဒီလိုဟာလေးတွေ ဖတ်ပြီး သွားရည်မချူရတာ အတော်ကြာပေါ့...တို့အပြိုကြီး အစစ အဆင်ပြေပါစေဗျား...

Aungnyc said...

ဒီ မှာ တော့ ကြုံ သ လို စား နေ ရ တော့ အခု လို ကျ ကျ ဏဏ ချက် ထား တဲ့ ဟင်း တွေ တွေ့ တော့ အ ပြင် မှာ သာ တကယ် တွေ့ ရင် ဟန် မဆောင် နိုင် ပဲ စား မိ မယ် ထင် တယ်။ ငြုပ်ကောင်း နံ့ လေး တောင် မွှေး နေ သေး တယ်။

ပုဇွန်၁ပေါင်ဝယ်ထားပြီးသားရှိနေတယ်....ဘယ်လိုချက်စားရမလားစဉ်းစားနေတုန်း----ကျေးဇူးပဲချောရေ
ချက်ပြီးမှ ဖဘ ကသူငယ်ချင်းတွေကိုလဲ ပုံနဲ့နှိပ်စက်လိုက်အုန်းမယ်နော်.....
နက်ဖြန်ချက်မယ်...

Iora said...

ကောင်းမဲ့ပုံဘဲချောရေ။
အဲဒါရှမ်းဟင်းလားတရုတ်ဟင်းလားဟင်။
ဒါမှမဟုတ်ချောရဲ့ ဟင်းနည်းလား။
အိုင်အိုရာ

San San Htun said...

လွယ်လည်းလွယ် မြန်လည်းမြန် စားကောင်းမှာ သေချာတယ်...ချက်စားဦးမယ်...း)

Unknown said...

ချက်စားကြည့်လိုက်ပါ့ဦးမယ် အစ်မ ။ ငရုတ်ကောင်းမဟုတ်ပဲ တစ်ခြားတစ်ခုခု မရှိဘူး လား .....ဥပမာ ... အနံမွှေးတာ မျိုးပေါ့ ။ မဆလာ တော့ မကြိုက်ဘူးနော် ။ ရှိရင်ပြောပါဘူး ။ မအီလဲ မအီတာမျိုးလေ။ အစ်မတင်တာတွေကြိုက်ပါတယ်။

Myanmar Family said...

ပုစွန်ခေါင်းတွေ လွန့် ပစ်လို့  အားဂျီး ဆိတ်ဆိုးသွားတယ်။

ပုံ/

ဘလော့ပျက်သွားတဲ့ ကကလ :D

စားချင်တယ်.. :)

ခင်မင်လျက်
နေ၀သန်

AH said...

ဘလော့ဂ် မဂင်းရတာ ကြာဘီ.... ဂင်းလိုက်တော့ ဗိုက်ဆာသွားတယ်... :P

Aunty Tint said...

ခရီးတွေလွန်နေလို့ အခုမှရောက်လာတယ် ချောရေ..
စာရေးတွေကြဲသွားသလားလို့ တီတင့်လိုပဲ ..:P
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်