သက်တန့်ရောင်စဉ် တောင်တန်းများ


ကျွန်မတို့ကမ္ဘာမြေကြီးရဲ့ အချို့သော နေရာတွေမှာ ထူးဆန်းတဲ့ မြေမျက်နှာသွင်ပြင်တွေ ဖွဲ့စည်း တည်ဆောက်ပုံတွေ ဖြစ်ပေါ်လို့ နေတတ်ပါတယ်။ အဲဒီလို ထူးဆန်းတာတွေ ထဲကမှ သက်တန့်ရောင် ထဲမှာ ပါဝင်တဲ့ ရောင်စဉ်များလိုပဲ အရောင်တွေ အတန်းလိုက် အစဉ်လိုက် ဖြစ်ပေါ်နေတဲ့ တောင်တန်းတွေအကြောင်း ပြောပြချင်ပါတယ်..


rainbow mountains

ရုတ်တရက်ကြည့်လိုက်ရင် အခြားသော ဂြိုလ်ကမ္ဘာတစ်ခုခုလို့ ထင်သွားရလောက်ပြီး တကယ်ရှိတာ မဟုတ်ပဲ ကွန်ပျူတာ နည်းပညာနဲ့ ဖန်တီးထားတာလို့ ထင်ရလောက်အောင် အံ့သြဖွယ် ထူးဆန်းတဲ့ အရောင်အသွေးတွေနဲ့ ဖြစ်ပေါ်နေတဲ့ သက်တန့် ရောင်စဉ် တောင်တန်းတွေဟာ တရုတ်နိုင်ငံ အနောက်မြောက်ဖက်ရှိ ကျန်းစူးပြည်နယ်က ထဲန်းရှ ဘူမိဗေဒဥယျာဉ်ထဲမှာ တည်ရှိနေတာပါ။ ၂၀၁၀ခုနှစ်မှာတော့ ယူနက်စ်ကိုရဲ့ ကမ္ဘာ့အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး ဒေသအဖြစ် စာရင်းသွင်းခံခဲ့ရပါတယ်။
rainbow mountains



rainbow mountains



rainbow mountains

rainbow mountains


rainbow mountains

၎င်း သက်တန့်ရောင်စဉ် တောင်တန်းများဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၂၄သန်းခန့်က အနီရောင် သဲကျောက်လွှာတွေပေါ် သတ္တုဓာတ်တွေ တစ်လွှာပြီးတစ်လွှာ အနယ်ကျပြီးနောက် ရာသီဥတု၊ ရေ၊ လေတို့ တိုက်စားခံရပြီး ခုလို အလွှာအထပ်ထပ် ကိတ်မုန့်ပုံသဏ္ဍန် ရောင်စုံ တောင်တန်း တောင်ကုန်းတွေ ဖြစ်ပေါ်ခဲ့ရတာပါ။  သက်တန့်ရောင်စဉ် တောင်တန်းတွေကြားမှာပဲ သဘာဝရဲ့ ဖန်တီးမှုနဲ့ ဖြစ်ပေါ်နေတဲ့ တိုင်လုံးပုံသဏ္ဍန်တွေ၊ သဘာဝ မျှော်စင်တွေ၊ လျှိုမြောင် ချောက်ကမ်းပါး တောင်ချိုင့်ကြားတွေ၊ ရေတံခွန်တွေစသဖြင့် လေ့လာစရာ၊ သွားရောက်လည်ပတ် ကြည့်ရှုစရာ အများအပြား ရှိပါတယ်။


rainbow mountains



rainbow mountains

rainbow mountains

သက်တန့်ရောင်စဉ် တောင်တန်းတွေပေါ်မှာ သစ်ပင်တွေ ပေါက်ရောက်နေတာ မရှိသလောက်ဖြစ်ပြီးတော့ တောင်ကတုံးတွေ ဖြစ်နေတာကိုတာ တွေ့ရပါတယ်။ အချို့ တောင်စောင်းနဲ့ မြေပြန့် အနည်းငယ် လောက်မှာသာ မြက်ပင်၊ ချုံပင်လေးတွေ ကျို့တို့ ကျဲတဲ ပေါက်နေတတ်ပါတယ်။ သို့သော်ငြားလည်း အနီတစ်ကန့်၊ အပြာတစ်ကန့်၊ အဝါတစ်ကန့် အလီလီ အလာလာ စီခြယ် ထားပုံကတော့ဖြင့် မျက်စိပသာဒဖြစ်ဖွယ် ကောင်းလှပါတယ်။ ဒါကြောင့်လည်း ခရီးသွားအများအပြား လာရောက် လေ့လာ လည်ပတ်ကြတဲ့ နေရာအဖြစ် တစ တစ ထင်ရှားလာပြီ ဖြစ်ပါတယ်။

rainbow mountains

rainbow mountains

အချိန်ရလို့ လည်စရာပတ်စရာ ရွေးချယ်တဲ့အခါ အရောင်စုံ ကျောက်လွှာတွေနဲ့ ဖွဲ့စည်းထားတဲ့ သက်တန့်ရောင်စဉ် တောင်တန်းများ၊ မြေလွှာမှာ ရှိရာ ထဲန်းရှဘူမိဗေဒဥယျာဉ်ကိုလည်း အရောက် သွားကြည့်သင့်ပါတယ်။


rainbow mountains

rainbow mountains 

စာမရေးဖြစ်တာ ကြာသွားတဲ့အတွက် အားလုံး အားလုံးကို တောင်းပန်ပါတယ်။ အားလုံးလည်း ကိုယ်ရောစိတ်ပါ ကြည်လင်ရွှင်လန်းကြပါစေရှင့်..



14 Responses to “သက်တန့်ရောင်စဉ် တောင်တန်းများ”

ဗဟုသုတ များ အတွက် ကျေးဇူးပါ အစ်မရေ ...

တစ်ခါမှ မကြားဖူးသေးဘူး၊ လှလည်းလှသလို စိတ်ဝင်စားဖို့လည်း ကောင်းတယ် မချော...၊

ဒါနဲ့ နှစ်ဟောင်းမကုန်ခင်လေးမှာ ပို့စ်အသစ် တက်လာတာ တွေ့ရလို့ ဝမ်းသာတယ်ဗျာ၊ ပို့စ်က သက်တန့်ရောင်စဉ် တောင်တန်းတွေအကြောင်း ဆိုတော့ ဧကန္တ... အရောင်အသွေးစုံပြီး ခိုင်မာမြဲမြံတဲ့ ပို့စ်တွေ ရှေ့လျှောက် ပြန်ဖတ်ရတော့မယ် ထင်ပါရဲ့။း))

တခါမှ မကြားဖူးဘူး
မတွေ့ဖူးဘူး....ဘ၀မှာပထမအကြိမ်ပါပဲချောရေ
တကယ်ကိုထူးဆန်းလိုက်တာနော်......
လူတွေကရေးဆွဲထားသလိုပဲ.အံ့ဘွယ်စစ်စစ်နော်
ကျေးဇူးပါချောရေ

လှလိုက်တာ တောင်တန်းတွေကြည့်ရတာ။ ကျေးဇူးတင်ပါတယ်မချော။ ခုလိုမျှဝေပေးလို့။ မကြာခဏစာရေးပါအုန်း။ အကြာကြိးပျောက်မနေပါနဲ့

ကူးကူးလှိုင် said...

အရောင်အသွေး စုံလင်လှတဲ့ ပန်းချီကားချပ်တွေ ကြည့်နေရသလိုပါပဲ မချောရေ အထက်က ကွန်မန့်လိုပါပဲနော် မကြာခဏ စာရေးပါအုံး...

ချောရေ...
တကယ့်ကို ထူးထူးဆန်းဆန်းပဲ...
သဘာဝတရားက ဖန်တီးထားတဲ့အလှပေါ့နော်...
တော်တော့်ကိုလှတယ်...
ရောက်ဖူးချင်လိုက်တာ...

အံ့သြစရာ အလှဖြာတဲ့ ​ကမ္ဘ္ဘာအ​ကြောင်း သိရလို့ ဝမ်​သာရပါတယ်​ ...

Anonymous said...

ချောရေ..
ပျောက်နေလိုက်တာနော်။
အမြဲမျှော်နေတာ။
တောင်တန်းတွေကအပြင်မှာဆိုတော်တော်လှမယ်နော်။
ရောက်ဖူးချင်လိုက်တာ။
အိုင်အိုရာ

San Htun said...

လှလိုက်တာ..မချောတစ်ယောက် ပျောက်ချက်သား ကောင်းနေတာ ပေါ်လာတော့လည်း စိတ်ဝင်စားဖို့  ကောင်းတဲ့ ပို့ စ်လေးနဲ့ ...;)

blog ထဲ ပြန်ရောက်လာတာနဲ့ နွေးနွေးထွေးထွေး ကြိုဆိုသူတွေ ရှိသေးတာ သိရလို့ အရမ်းဝမ်သာမိပါတယ်..:)
စာတွေအများကြီး ရေးပါဦးမယ်… အားလုံးကို ကျေးဇူးပါ။

လှလိုက်တာ အစ်မချောရေ..
ဘလော့ဂါတွေလည်း facebook မှာပဲ ပျော်နေတယ်မှတ်တာ ပို့စ်တွေတင်တော့လည်း လာဖတ်တဲ့သူတွေ အများကြီးပဲ.။ အားကျလိုက်တာ.။

Ma Tint said...

ဒီကနေ့တော့ ဖတ်စရာတွေ တစ်ပွေ့တစ်ပိုက်နဲ့ ပျော်စရာပဲ ချောရေ...
နေပြည်တော်မှာ ဖေ့ဘုတ်လောက်သာ ဖတ်ခွင့်ရတာ ဘလော့စာမျက်နှာတွေဖွင့်မရဘူးလေ... အိမ်ကချိုင့်ထဲရောက်နေလို့ဖြစ်မယ် ....
အခုလိုထူးဆန်းထွေလာတွေ မဖတ်ရတာကြာပေါ့ ဆက်လက်ပြီးရေးသားဖြန့်ဝေပါ ချောရေ....

မေတ္တာဖြင့်
တီတင့်


သိပ်လှတယ်နော်။
အခုမှပဲ သိရတယ်

(ပျောက်နေတယ်လို့
ဘလော့လောကထဲရောက်တဲ့ အခါတိုင်း
တွေးနေမိပါတယ် ချော။)

usai said...

Thank you Dear Chaw.