ကချင်ပြည်နယ်ရဲ့ နာမည်ကျော် အင်းတော်ကြီးအိုင်ကို လူတိုင်း ကြားဖူးကြမယ် ထင်ပါတယ်နော်။ တော်တော်များများကတော့ နာမည် ကြားဖူးကြပေမဲ့ အခြားသော နာမည်ကျော် ဒေသများနဲ့စာရင် ရောက်ဖူးကြသူကတော့ နည်းပါးလှပါသေးတယ်။ အဓိကကတော့ လမ်းပန်းဆက်သွယ်ရေး မချောမွေ့တာကြောင့် ဖြစ်ပါတယ်။ တစ်နှစ်တစ်ခါ ကျင်းပလေ့ ကျင်းပမြု အင်းတော်ကြီးထဲက ရွှေမဉ္ဇူ ရေလယ်စေတီတော်ရဲ့ ဘုရားပွဲဟာဆိုရင်လည်း ကချင်ပြည်နယ်မှာ အစည်ကားဆုံး ဘုရားပွဲလို့ ဆိုရလောက်အောင် ကြက်ပျံမကျ စည်ကားလှပါတယ်။ အဲဒီလို လူတွေ စည်ကားလွန်းတဲ့အတွက် ကျွန်မကတော့ ပွဲတော်ရက်တွေထက်စာရင် အေးအေးလူလူ ဘုရားဖူးပြီး သဘာဝအလှ ရှုခင်းတွေ ကောင်းကောင်းမြင်တွေ့ရတဲ့ ဘုရားပွဲတော် မဟုတ်တဲ့အချိန်မျိုးကို သွားရတာ ပိုပြီး နှစ်သက် သဘောကျပါတယ်။
သာယာလှပ အင်းတော်ကြီးဒေသ
Posted by
ချော(အစိမ်းရောင်လွင်ပြင်)
at
Friday, March 21, 2014
Friday, March 21, 2014
Labels:
ခရီးသွား မှတ်တမ်း