Showing posts with label အမှတ်တရ. Show all posts
Showing posts with label အမှတ်တရ. Show all posts

ရှာဖွေလေ တွေ့ရှိလေ..

ချစ်စွာသော မိတ်ဆွေများအားလုံး မင်္ဂလာပါနော်..

ကျွန်မ ဒေါ်ရွှေချော တစ်ယောက် မနက်ဖြန်ကစပြီး ခရီးတွေ ထွက်ပါဦးမယ်ရှင်.. ဘယ်ကိုသွားလို့ ဘယ်ကိုရောက်မယ် မသိအောင် ခရီးစဉ်တွေ များမှာမို့ လကုန်ပြီး ရက်အနည်းငယ်မှ ပြန်ရောက် မှာ ဖြစ်ပါတယ်။ ခရီးထွက်မဲ့ အကြောင်းအရာက ရှာဖွေလေ တွေ့ရှိလေ ဆိုတဲ့အတိုင်း မြန်မာပြည်ပတ်ပြီး ရှာဖွေမှာ ဖြစ်ပါတယ်။း)  ဘာရှာမလို့လဲ လို့ စိတ်ဝင်စားသူများ တလွှဲမတွေးပါနဲ့ ဒေသန္တရ ဗဟုသုတ ရှာဖို့ပါ။ ကျွန်မတစ်သက် ခုချိန်ထိ မရောက်ဖူးသေးတဲ့ ကျွန်မတို့ မြန်မာပြည်ရဲ့ အထင်ကရ နေရာလေး တစ်ခုကို ဦးစားပေးအဖြစ် မရောက်ရောက်အောင် သွားဖို့ ရည်ရွယ် ထားပါတယ်။ အချိန် ရရင် ရသလို အခြားသော မြို့တွေကိုလည်း ရှာဖွေ မွှေနောက်ချင်သေးတာမို့ပါ။ ( ဘာတွေများ တွေ့မလဲ လို့ပေါ့နော်။း) ဒါကြောင့်မို့ ရက်အတော်ကြာ အွန်လိုင်းကနေ ပျောက်နေပါ ဦးမယ်နော်။

ကျွန်မအနေနဲ့ ရောက်ရာ အရပ်မှာ အင်တာနက် သုံးဖြစ်ခဲ့ ရင်တောင် ကျန်းမာရေး သိပ်မကောင်းတဲ့ အင်တာနက် ကော်နက်ရှင်ကို အံတုဖို့ မလွယ်တာမို့ ကျွန်မရဲ့ ခင်မင် လှစွာသော မိတ်ဆွေ ဘလောဂ့်များဆီ အလည် ရောက်ဖြစ်မယ် မထင်ပါရှင်။ ဒီအတွက် စာလာဖတ်ဖို့ ပျက်ကွက်မဲ့ ရက် ၂၀ နီးပါး အတွက် နားလည် ခွင့်လွှတ်ပေးကြပါလို့ တောင်းပန်ခဲ့ပါတယ်နော်။ ခရီးက ပြန်လာခဲ့ရင် ရောက်ဖြစ် ခဲ့တဲ့ ဒေသများ အကြောင်း ဓာတ်ပုံများနဲ့အတူ စာတွေ ပြန်ရေးပါ့မယ်ရှင်။ ဓာတ်ပုံတွေလည်း အများကြီး ရိုက်ခဲ့ပါမယ်။ ( ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေပြပြီး လူကို မျက်စိ ညောင်းအောင် နှိပ်စက်ဦးမယ် ထင်တယ်လို့တော့ မပြောဘူး မဟုတ်လားနော်  :)  )

ကျွန်မရဲ့ ခရီးသွားမဲ့ ရက်အတွင်း ဘလောဂ့်မှာ အိမ်ရှင်မရှိလို့ ဖတ်စရာ စာအသစ် မရှိဘဲ  ပျင်းရိ စဖွယ် ခြောက် ကပ်ကပ်  ဖြစ်နေတာမျိုး မရှိရလေအောင် ပိုစ့်တွေကို Schedule နဲ့ တင်ပေးခဲ့ပါတယ်။  ပိုစ့်တွေကတော့ စာတွေ အများကြီးပါတာမျိုး ရေးဖို့အချိန် သိပ်မရတာကြောင့် ဟင်းချက်နည်း ခပ်များများ တင်ပေးခဲ့ပါမယ်ရှင်။ ဒီအတွက်လည်း အခြားသော သုတ၊ ရသပါတဲ့စာများ များများ မတင်ပေးနိုင် ခဲ့တဲ့ အတွက်လည်း ခွင့်လွှတ်ပေး ကြပါလို့နော်။ ဟင်းချက်နည်းများနဲ့အတူ အခြားစာများကိုလည်း အိမ်ရှင် မရှိပေမဲ့ ပိုစ့်တွေ ၃ရက်တစ်ခါလောက် ပုံမှန် တက်သွားဖို့ စီစဉ်ခဲ့တာမို့  အရင်အတိုင်း စာ လာဖတ်လို့ ရပါကြောင်း ပြောချင်ပါတယ်။ ကျွန်မရဲ့ အိမ် ( ဘလောဂ့်လေး ကိုလည်း) အလည်လာရင်း ကြည့်ရှု စောင့်ရှောက်ပေးကြပါလို့ အားလုံးကို အပ်နှံခဲ့ပါတယ်နော်။ (သူ့ဘလောဂ့်က ဘာတွေများ အဖိုးတန် ပစ္စည်းတွေ ရှိတာကျလို့  :P )

ဒီပိုစ့်လေးမှာတော့ တစ်ခြားစာတွေ မပါတော့ဘဲ ခရီးမသွားခင်မှာ ရိုက်ဖြစ်ခဲ့တဲ့ ဓာတ်ပုံလေး တစ်ချို့ကို တင်ချင်ပါတယ်။ ကျွန်မက ဓာတ်ပုံတွေကို ရိုက်ရာမှာ သဘာဝ ပတ်ဝန်းကျင် ရှုခင်းတွေ၊ ကျေးငှက် တိရိစ္ဆာန်တွေ၊ သစ်ပင် ပန်းမာန်တွေကို ရိုက်ရတာ ပိုသဘောကျပါတယ်။ အဲဒီပုံလေးတွေက စိတ်ကို ကြည်နူးစေတယ်။ ရွှင်လန်းစေတယ်လို့ ယူဆမိပါတယ်။ တစ်ချို့ပုံတွေကတော့ ဖေ့ဘွတ်မှာ တင်ခဲ့ပြီးပါပြီ။ ဒါပေမဲ့ ဒီအထဲမှာလည်း ပြန်ထည့်ထားပါတယ်။ ဓာတ်ပုံပညာကို နကန်းတစ်လုံးတောင် နားမလည်သူ ကျွန်မရဲ့ မဖြစ်ညစ်ကျယ် ပုံလေးများကို ကြည့်ရှုအားပေးတဲ့ အတွက်လည်း ကျေးဇူးအထူး တင်ပါတယ်နော်။


Image Hosted by PicturePush - Photo Sharing
ကံကောင်းတဲ့နေ့

အဲဒီနေ့ လူတိုင်းရဲ့ ပါးစပ်ဖျားမှာ နာမည်ကြီးသွားတဲ့ ဇန်နဝါရီလ ၁၃ရက်နေ့မှာပေါ့။ ရာသီဥတု သာယာတာကြောင့်ရော၊ သတင်းကောင်းတွေကြောင့်ရော စိတ်လက် ကြည်လင်တာနဲ့ ဓာတ်ပုံရိုက် ထွက်သွားတဲ့ နေ့လည်မှာ ထူးထူးခြားခြား သစ်ပင်တစ်ပင်တည်းမှာ ခုလိုငှက်တွေ အများကြီး နားနေတာကို တွေ့လိုက်ရလို့ အားရဝမ်းသာနဲ့ ရိုက်ဖြစ်ခဲ့တာပါ။ အခါတိုင်းဆိုရင် ငှက်ကလေး တစ်ကောင်တောင် မိဖို့ ခက်ခဲပါတယ်။ ခုတော့ ငါးကောင်တောင်မို့ ဒီပုံလေးကို ကံကောင်းတဲ့နေ့လို့ အမည်ပေးလိုက်ပါတယ်နော်။ 



Image Hosted by PicturePush - Photo Sharing

ဝိဝါဒ ကွဲပြားခြင်း

ဒီပုံမှာတော့ တစ်ကောင်က စိတ်ဆိုးပြီး ဟိုဘက်လှည့်နေတာကို ဒီ တစ်ကောင်က ပြေလည် ချင်လို့  ပြန်ချော့နေပုံ ရပါတယ်။ တိုးတိုးလေးကပ်ပြီး ဘာတွေ ပြောနေတယ် မသိ။ တစ်ယောက်နဲ့ တစ်ယောက် စိတ်ဆိုး စိတ်ကောက်တယ် ဆိုကတည်းက မတူညီတဲ့ စိတ်သဘောထားတွေကြောင့် ဖြစ်မှာ ပါနော်။ ဒါကြောင့် ဒီပုံကိုတော့ ဝိဝါဒ ကွဲပြားခြင်း လို့ အမည်ပေး လိုက်တာ ဖြစ်ပါတယ်။း)


Image Hosted by PicturePush - Photo Sharing

တိုးတိုးလေး လာပြီး ချွဲမနေနဲ့

ဘာတွေကပ်ပြီး ပြောနေတယ် မသိ။ ကြည့်ရတာ တိုးတိုးလေး ပြောနေပုံရတယ်။း)


Image Hosted by PicturePush - Photo Sharing
သမင်လည်ပြန်

ပြောမရတော့ စိတ်ဆိုးပြီး ကျောခိုင်းလိုက်တော့ ဟိုတစ်ကောင်က ပြန်လှည့်ကြည့်နေပြန်တယ်။



Image Hosted by PicturePush - Photo Sharing

ဒေါသထွက်ခြင်း

ဒီပုံမှာတော့ ခေါင်းပေါ်က အမွှေးပါထောင်နေတော့ ဒေါသထွက်နေဟန် တူပါတယ်။

အလိုမကျခြင်း


Image Hosted by PicturePush - Photo Sharing

အထီးကျန်ခြင်း
နောက်ဆုံးတော့ တစ်ယောက်တည်း အထီးကျန်ပြီး ကျန်ခဲ့ရှာတယ် ထင်ပါတယ်


Image Hosted by PicturePush - Photo Sharing
သူနဲ့သာဆိုရင်.. 

အခြားသစ်ကိုင်းတစ်ခုမှာတော့ ခုလို နှစ်ကောင်တွဲမြင်ရပြန်တယ်

Image Hosted by PicturePush - Photo Sharing 
 ဗွတ်ဖင်နီ (Red-vented Bulbul)

သူတို့နာမည်က ဗွတ်ဖင်နီငှက်တဲ့ ။ နာမည်အတွက် မအိုင်အိုရာကို ကျေးဇူးပါ. သူမပြောပြရင်တော့ ကျွန်မအနေနဲ့ ဘာကောင်မှန်း သိမှာ မဟုတ်ပါ။


Image Hosted by PicturePush - Photo Sharing
နေရာသစ်မှာ

ဒီအပင်ပေါ်က ပုံတွေကတော့ ဘာပင်မှန်းမသိတဲ့ အပင်အကြီးကြီးပေါ်မှာ အဲဒီက အပွင့်တွေကို ထိုးဆွ စားသောက်နေတဲ့ ပုံတွေကို ရိုက်ထားတာပါ။ အပွင့်တွေက ချစ်စရာကောင်းလို့ ငှက်တွေနဲ့ တွဲပြီးပါတဲ့ပုံကို လိုချင်လွန်းလို့ အချိန် တော်တော်လေးကို စောင့်ပြီး ရိုက်ရပါတယ်။ ဒီပုံတွေ ရိုက်နေရင်း  ခေါင်းတွေ ဆို စောင်းနေရာက ပြန်တည့်လို့ မရတော့ဘူးတောင် ထင်မိပါတယ်။း)

Image Hosted by PicturePush - Photo Sharing

စဉ်းစားကာ နေရဦးမယ်
Image Hosted by PicturePush - Photo Sharing

တရွေ့ရွေ့

တရွေ့ရွေ့နဲ့ အပွင့်တွေနားကို တိုးတိုးလာတဲ့သူ


Image Hosted by PicturePush - Photo Sharing
စူးစမ်းခြင်း


Image Hosted by PicturePush - Photo Sharing

တို့တော့မယ်တဲ့ ဆိတ်တော့မယ်


Image Hosted by PicturePush - Photo Sharing
အပွင့်တွေကြားမှာ

Image Hosted by PicturePush - Photo Sharing

ဘာကိုရှာတယ်။

Image Hosted by PicturePush - Photo Sharing

ချယ်ရီပင်ကြားက ငှက်တွေကိုလည်း ကြည့်ပါဦးနော်။ အဲဒီ ၁၃ရက်နေ့မှာဘဲ တောင်ပေါ်ကိုထပ်သွားပြီး ရိုက်ဖြစ်ခဲ့တဲ့ ပုံတွေပါ။ 


Image Hosted by PicturePush - Photo Sharing

သံသယအကြည့်

ငါ့ကို ဘယ်သူချောင်းနေသလဲ ဆိုတဲ့ မယုံသင်္ကာအကြည့်တွေနဲ့ တူတာကြောင့် ဒီနာမည်လေး ပေးလိုက် ပါတယ်။

Image Hosted by PicturePush - Photo Sharing

 သတိဆိုတာ ပိုတယ်မရှိ


မျက်ထောင့်နီကြီးနဲ့ သတိထားပြီး စောင့်ကြည့်နေတာများလို့လေ


Image Hosted by PicturePush - Photo Sharing

သူတို့က နှစ်ကောင် ဒါပေမဲ့ တစ်နေရာစီ

Image Hosted by PicturePush - Photo Sharing

သူကတော့ ခပ်ဆွေးဆွေးလေးပေါ့နော်။ 



Image Hosted by PicturePush - Photo Sharing

မဲလို့သာ မှောင်ရော့ မသိရင် ကျီးကန်းလိုလို ဘာလိုလို.. ဒါပေမဲ့ သူက ငှက်တော်ဆိုတာ ဖြစ်မယ် ထင်ပါ တယ်။ မအိုင်အိုရာက အမြီးနှစ်ခွနဲ့ ငှက်တော်လို့ ပြောတယ်။

Image Hosted by PicturePush - Photo Sharing
မက်မွန်

ချယ်ရီပန်း မဟုတ်ပါ။ ချယ်ရီပန်းနဲ့ အလွန်တူတဲ့ မက်မွန်ပွင့်ပါ။ ချယ်ရီနဲ့ မက်မွန်ရဲ့ကွာခြားချက်က မွက်မွန်က ပွင့်ချပ်လေးတွေ အတွင်းကို ကုတ်လာပြီး ချယ်ရီကတော့ အပြန့်ဘဲဖြစ်ပါတယ်။ ပြီးတော့ မက်မွန်က အပွင့်ပိုကြီးပြီး အရောင် နည်းနည်းပိုရင့်ပါတယ်။

Image Hosted by PicturePush - Photo Sharing
 စုစည်းခြင်း


Image Hosted by PicturePush - Photo Sharing
တစ်ကိုင်းတည်းမှာ



Image Hosted by PicturePush - Photo Sharing

တစ်ပွင့်တည်းပန်

Image Hosted by PicturePush - Photo Sharing

ပျားနှစ်ကောင် ဖင်ချင်းပေါက်ပြီး တစ်ပွင့်တည်းကနေ လုနေကြတယ်



Image Hosted by PicturePush - Photo Sharing

အိုး.. ဒီမှာတော့ နောက်တစ်ကောင်တိုးလာတယ် စုစုပေါင်း သုံးကောင်တောင် ။ ဒီအပွင့် သိပ်ချိုတယ် ထင်တယ်း)


Image Hosted by PicturePush - Photo Sharing

 တောင်ပြာတန်းနဲ့ ချယ်ရီပန်း

Image Hosted by PicturePush - Photo Sharing

တောင်တွေလဲပြာ၊ ချယ်ရီတွေလဲ ပွင့်ပါပြီ။ 

ချယ်ရီပင်တွေ အများကြီးပွင့်နေတဲ့ တောင်ပေါ်ကနေ ရိုက်လားတဲ့ တောင်တန်းပြာနောက်ခံနဲ့ ပင်လုံးကျွတ် ညွတ်ဝေနေတဲ့ ချယ်ရီပင် တို့ရဲ့ အလှပါ။


Image Hosted by PicturePush - Photo Sharing

 အသည်းကွဲနှင်းဆီ


နှင်းဆီပွင့်ပေါ်မှာ ရေစက်လေးတွေ တင်နေတာကို လိုချင်တာကြောင့် spray ဖြန်းပြီး ရိုက်ထားတာပါ။ တစ်ပွင့်လုံးမပါဘဲ သုံးပုံတစ်ပုံဘဲပါတော့ နှင်းဆီက အပြည်အစုံ မပါရကောင်းလားလို့ အသည်းတွေ ကွဲနေပါတယ်။


Image Hosted by PicturePush - Photo Sharing
ပန်ချင်ပါတယ် ပန်းနီနီ

သူများတွေက ပန်းနီနီမပန်ချင်ဘူး ဆိုကြတယ် ။ ကျွန်မကတော့ ဒီလောက်လှတဲ့ နှင်းဆီနီလေးကို ပန်ချင်မိပါတယ်။း)

Image Hosted by PicturePush - Photo Sharing

နှင်းဆီပေါ်က ရေစက်များ
နာရီပေါ်က မျက်ရည်စက်များဆိုတဲ့ ကိုထူးသီချင်းကို အတုခိုးပြီး သကာလ နှင်းဆီပေါ်က ရေစက်များ လို့ အမည်ပေးလိုက်ပါတယ်း)

Image Hosted by PicturePush - Photo Sharing

ဖူးငုံဆဲ

ဒီပန်းလေးမြင်တော့ မမြသွေးနီလစဉ် စာတွေရေးနေတဲ့ Teen Magazine (ဖူးငုံမဂ္ဂဇင်း)ကို မြင်ယောင်မိသေး..း)

Image Hosted by PicturePush - Photo Sharing
 
ချစ်ပြုံးနှင်းဆီ

နှင်းဆီပန်းကို စပရေးနဲ့ ရေဖြန်းနေတဲ့အချိန် ရေစက်လေးတွေပါအောင် ရိုက်ထားတာပါ။ ကျွန်မက ဒီပုံထဲက ရေစက်လေးတွေ ဖြာနေတာကို သဘောကျမိတယ်။  ရေထိတော့ လန်းနေတဲ့ နှင်းဆီပန်းက ပြုံးနေသယောင်မို့ ချစ်ပြုံးနှင်းဆီ...

Image Hosted by PicturePush - Photo Sharing
ဝေဒနာနှင်းဆီ

ဒီပုံမှာတော့ ရေစက်လေးတွေက ပုံစံတစ်မျိုးလေးပါ။ အပေါ်မှာလို ရေလည်း အများကြီးမပါတော့ သူရတဲ့ရေက နည်းနည်းလေးဆိုပြီး စိတ်မကောင်းဖြစ်နေရှာပါတယ်။ ဒီကြောင့် ဝေဒနာဖြစ်နေတဲ့ နှင်းဆီး)

Image Hosted by PicturePush - Photo Sharing

 ရွှန်းလဲ့နှင်းဆီ

ရေစက်ရေမှုန်လေးတွေနဲ့ သိပ်ချစ်စရာကောင်းပြီး ရွှန်းလဲ့နေတာမို့ “ ရွှန်းလဲ့နှင်းဆီ”

Image Hosted by PicturePush - Photo Sharing
ဝင်းဝါနုထွေး

ဝါဝါမြင်တိုင်း ရွှေအစစ်လို့ မထင်လိုက်ပါနဲ့ဆိုတဲ့ စကားက တကယ်မှန်ပါတယ်။ ဒီမှာလေ ဝါနေပေမဲ့ ရွှေမှမဟုတ်တာနော်. နှင်းဆီပန်းကြီး 



Image Hosted by PicturePush - Photo Sharing

 ပန်းတွေဟာ တစ်ပွင့်ချင်းစီဆိုရင်လည်း လှပေမဲ့ ခုလို စုစည်းလိုက်တော့ အလှပိုစုံသွားတယ် ပိုပြည့်စုံသွားတယ်လို့ ထင်ပါတယ်။ ပေါင်းစည်း ညီညွှတ်ခြင်းရဲ့ အင်အားကို ကောင်းကောင်းကြီး မြင်တွေ့ခံစားရတယ်လို့ ယူဆမိပါတယ်။

အောက်မှာတော့ ပန်းရောင်စုံတွေကို ဖော်ပြပါမယ်နော်


Image Hosted by PicturePush - Photo Sharing

အစိမ်းရောင်နှင်းဆီ

 ခရမ်းရောင်နှင်းဆီ





 အပြာရောင်နှင်းဆီ

မချောတစ်ယောက် အစိမ်း၊ အပြာ၊ ခရမ်း ထူးထူးခြားခြား အရောင်တွေ ဘယ်ကများ ရလို့ ဓာတ်ပုံ ရိုက်ထားတာ ပါလိမ့်လို့မတွေးကြပါနဲ့။ အဲဒါလည်း ရှာဖွေလေ တွေ့ရှိလေပါ။ တကယ်တော့ အစိမ်း၊ ခရမ်း၊ အပြာ ဒီသုံးမျိုးဟာ ဖိုတိုရှော့နဲ့ အရောင် ပြင်ထားတာ ဖြစ်ပါကြောင်းရှင် :) ဒီသုံးပုံကလွဲလို့ ကျန်တာ အားလုံးတော့ဖြင့် ကျွန်မ ကိုယ်တိုင် ရိုက်ထားတဲ့ နှင်းဆီပန်း အစစ်ရဲ့ မူလ သဘာဝ အတိုင်း ဖြစ်ပါတယ်လို့နော်။ ဒီပုံတွေ အားလုံးဟာ လူတိုင်း ပျော်ရွှင်ကြည်နူးကြတဲ့ ဇန်နဝါရီ ၁၃ရက်မှာ ရိုက်ထားတဲ့ ပုံတွေဖြစ်ပါတယ်။ ကျွန်မအတွက်တော့ မှတ်မှတ်ရရလည်း ဖြစ်နေမှာပါ။ ဓာတ်ပုံတွေ ကြည့်ရတာ မျက်စိလည်း ညောင်းလောက်ပြီ ထင်ပါတယ်။ မျက်စိညောင်းခံပြီး ကြည့်ပေးတာ ကျေးဇူး တင်ပါတယ်ရှင် :) မိမိနှစ်သက် သဘောကျတဲ့ ပုံများရှိရင်လည်း ဘယ်ပုံမဆို ယူသွားနိုင်ပါတယ်နော်။ ဓာတ်ပုံလေးတွေကြည့်ပြီး စိတ်ကြည်လင် ရွှင်လန်းကြဖို့ မျှော်လင့်ပါတယ်ရှင်။


ချစ်သော မိတ်ဆွေများအားလုံး ကိုယ်စိတ်နှလုံး ရွှင်ပြုံးကြည်သာ ရှိကြပါစေလို့ ဆုမွန်တောင်း ပါကြောင်း ပြောကြားရင်းဖြင့် ၂လပိုင်းမှာ ကျွန်မ ပြန်လာပါ့မယ်လို့။



Image Hosted by PicturePush - Photo Sharing

ရောင်နီဦးကို ကြိုတဲ့ပန်း




နှစ်အသစ်ရောက်ပါပြီ။ ချစ်သော မိတ်ဆွေများအားလုံး အတွက် ပျော်ရွှင်သော၊ အေးချမ်းသော နှစ်သစ် ဖြစ် ပါစေလို့ ပထမဦးစွာ နှစ်သစ် ဆုမွန် ချွေပါတယ် ရှင်။ ဒီနှစ် ၂၀၁၂ဟာ ကျွန်မတို့ မြန်မာပြည်ရဲ့ အလှပဆုံး အတောက်ပဆုံး အာရုဏ်ဦး ဖြစ်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။  ပြီးခဲ့တဲ့နှစ် ၂၉.၁၂.၂၀၁၁ တုန်းက ရေးခဲ့တဲ့ ချယ်ရီပန်းနဲ့ ဓာတ်ပုံတွေကို ဒီဘက်နှစ်သစ်မှာ ဆက်တင်ရင်း နှစ်ဟောင်း နဲ့ နှစ်သစ်ကို ဆက်စပ်ချင်ပါတယ်နော်။ ဒါကြောင့် ဒီပိုစ့်မှာတော့ ချယ်ရီပန်းတွေကို ဓာတ်ပုံရိုက်ရင်း ပန်းတွေပေါ်မှာ ဝတ်ရည်စုတ်ဖို့ ကြိုးစားနေတဲ့ ပျားနဲ့ ငှက်ကလေးတွေ ပုံကို ဖော်ပြ ပါမယ်နော်။ တောင်ပေါ်မှာ ချယ်ရီပန်းတွေကို ပထမဦးဆုံး မြင်ရတဲ့ အချိန်ဟာ ညနေစောင်း ပြီမို့ ဓာတ်ပုံတွေက သိပ်မလှပါဘူး။ ကျွန်မရဲ့ ချယ်ရီပန်းနဲ့ ငှက်ကလေးတွေ၊ ပျားကလေးတွေကလည်း အလှပဆုံးသော နှစ်သစ်ရဲ့ ရောင်နီ ဦးကို ကြိုဆိုလို့ နေပါတယ်။ အလင်းရောင် အားနည်းနေတော့ ထွက်လာတဲ့ ပုံတွေက စိတ်တိုင်းကျ မဖြစ်တာကြောင့် နောက်တစ်ရက် ဓာတ်ပုံရိုက်ဖို့ အတွက် တောင်ပေါ်ကို နေ့လည် ခင်း ပြန်သွားပါတယ်။

အဲဒီမှာ ဓာတ်ပုံတွေတော်တော်များများ ရိုက်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အိမ်ရောက်လို့ ကွန်ပျူတာထဲ ပြန်ကြည့် ချိန် မှာတော့ စိတ်တိုင်းကျတဲ့ပုံ နည်းပါတယ်။ ငှက်တွေရဲ့ ပုံကို ထင်ထင်ရှားရှား လိုချင်ပေမဲ့ သစ်ကိုင်းတွေ ကွယ်နေတာ၊ အလင်းရောင်နဲ့ မျက်နှာချင်းဆိုင်မှာ ရှိနေလို့ ပုံတွေက မဲနေပြီး ငှက်ရဲ့ အရောင်ကို မမြင်ရတာ စသဖြင့် တွေ့နေရတာမို့ နောက်တစ်ရက် တောင်ပေါ်ကို ထပ်သွားဖြစ်ပါတယ်။ ဖြစ်ချင်တော့ အဲဒီနေ့ကလည်း မိုးတွေ အုံ့နေတာကြောင့် ဓာတ်ပုံရိုက်ရတာ အဆင်မပြေပါဘူး။ ဒါနဲ့ နောက်တစ်ရက်မှာ ထပ်သွားဖြစ်ပါတယ်။ ဒီပုံတွေရအောင် စုစုပေါင်း ၄ရက်တိတိ တောင်ပေါ်ကို သွားဖြစ်ပါတယ်။ ဒါပေမဲ့ စိတ်တိုင်းကျလှတယ်ဆိုတာမရှိဘဲ ဒီလောက်နဲ့ လက်လျှော့လိုက်ရပါတယ်။

Image Hosted by PicturePush - Photo Sharing

ပျားတစ်ကောင်ရှိတယ်.. သေချာကြည့်ကြည့်နော်.


Image Hosted by PicturePush - Photo Sharing

ပျား၂ကောင် တစ်ကောင်က သေချာကြည့်မှ မြင်ရတယ်.. ခပ်ဝါးဝါး ဖြစ်နေလို့.


Image Hosted by PicturePush - Photo Sharing  
ပန်းလဲဝါးတယ် ပျားလည်း ဝါးတယ်.. :P

Image Hosted by PicturePush - Photo Sharing
ပန်းတွေပေါ်က ပျား


Image Hosted by PicturePush - Photo Sharing
ပျားကလေးတစ်ကောင်

 
Image Hosted by PicturePush - Photo Sharing
ဒီမှာလည်း တစ်ကောင်


Image Hosted by PicturePush - Photo Sharing

ချောင်းနေတဲ့ ပျား

Image Hosted by PicturePush - Photo Sharing


ဒီပုံတွေကတော့ ချယ်ရီပန်းကို ဝတ်ရည်စုတ်၊ ဝတ်မှုန်ယူနေတဲ့ ပျားကလေးတွေ ဖြစ်ပါတယ်။ တစ်နေရာ တည်း အကြာကြီးမနေဘဲ ဟိုပျံသည်ပျံလုပ်နေတဲ့ ပျားတွေကို အဝေးကနေ ကင်မရာနဲ့ အမိဖမ်းရတာ အတော်ကို ခက်ခဲပါတယ်။ ဒီပုံတွေမှာတော့ မရရတာလေးကို ရိုက်ထားတာပါ။ ကြည့်လို့ အဆင်မပြေရင်တော့ ဓာတ်ပုံရိုက်တာ မကျွမ်းကျင်တဲ့ ကျွန်မရဲ့ အားနည်းချက်သာ ဖြစ်ပါတယ်နော်။ ပျားတွေကို ရိုက်နေရင်းမှာဘဲ  ချယ်ရီပင်တွေ ကြားထဲမှာ ချယ်ရီပန်းတွေကို ထိုးဆိတ် စားသောက်နေတဲ့ အင်မတန် ချစ်စရာကောင်းတဲ့ ငှက်ကလေးတွေကို မထင်မှတ်ဘဲ တွေ့လိုက်ရ ပါတယ်။ အသံလေးတွေ ပကျိပကျိနဲ့နေအောင် မြည်ပြီး ခုန်ဆွ ခုန်ဆွ လုပ်နေတဲ့ ငှက်တွေကို ဓာတ်ပုံရိုက်ဖို့ကတော့ ပိုပြီး ခက်ခဲပါတယ်။ ကင်မရာနဲ့ ဆွဲပြီးရိုက်တဲ့ခါ မြင်ကွင်းထဲ ဝင်လာလို့ ရိုက်မယ် ကြံကာရှိသေး နောက်တစ်နေရာ ခုန်သွားလို့ အဲဒီနေရာကို ပြန်လိုက်ရှာပြီး အစကနေ ဆွဲပြီး ပြန်ရိုက်ရတာ အတော်ကို လက်ဝင်ပြီး စိတ်ရှည်ရပါတယ်။ အောက်မှာတော့ ကျွန်မရိုက်ခဲ့တဲ့ ချယ်ရီပန်းတွေကြားက ငှက်ကလေးတွေ ကြည့်ရှု အားပေးကြပါဦးနော်။ ငှက် နာမည်တွေတော့ ကျွန်မ မသိပါဘူး။ သိတဲ့သူ ရှိရင် ပြောသွားလို့ ရပါတယ်နော်။

Image Hosted by PicturePush - Photo Sharing

ဒီပုံက အလင်းရောင်နဲ့ မျက်နှာချင်းဆိုင်ဖြစ်နေတော့ ငှက်က ဘာအရောင်ဆိုတာ ထင်ထင်ရှားရှား မမြင်ရပါဘူး။ အချိန်ကြာလာတဲ့အမျှ သစ်ကိုင်း ရှုပ်ရှုပ်တွေကြားထဲက အပင်ပေါ်ကိုမော့ကြည့်ပြီး လက်ငြိမ်အောင်ထားပြီး ရိုက်ရတာ လက်တွေရော ခေါင်းတွေပါ တစ်ဆတ်ဆတ် တုန်လာတဲ့အထိပါဘဲ။ တစ်နေရာထဲမနေဘဲ ခုန်ဆွဆွလုပ်နေတာကို ကင်မရာ မှန်ဘီလူးနဲ့ အကျယ်ချဲ့ပြီး ရိုက်ဖို့ အဆင်သင့် ဖြစ်ကာမှ နောက်တစ်နေရာ ပျံထွက်သွားလို့ ပြန်ရှာရ၊ နောက်တစ်ကြိမ် ပြန်လာဖို့ကို စောင့်ရ၊ ချယ်ရီပင်တွေအများကြီးကြားထဲ ငှက်တွေကို လှည့်ပတ်ရှာရနဲ့ သူများအမြင်မှာတော့ အတော်ကို ရယ်ဖို့ကောင်းနေမယ် ထင်ပါရဲ့။ ဘယ်လိုဘဲဖြစ်ဖြစ် အဲဒီလို ဓာတ်ပုံလေးတွေ စောင့်ပြီး ရိုက်ရတာ စိတ်ဝင်စားဖို့ကောင်းသလို စိတ်လှုပ်ရှားဖို့လည်း ကောင်းပါတယ်။ ကိုယ်ရိုက်ခဲ့တဲ့ ပုံလေးတွေထဲမှာ စိတ်တိုင်းကျတဲ့ ပုံလေးတွေ ပါလာရင် ပိုပြီး ပျော်စရာကောင်းပါ တယ်နော်။  ဒီပုံတွေကိုရိုက်နေရင်း ငှက်အကြောင်း အမြဲပြောတတ်တဲ့ သူ တစ်ယောက်ကို သတိရမိတာ အမှန်ပါ။ သူကတော့ မြန်မာပြည်တွင်း မှာ နေရာ အနှံ့ကို ရောက်ဖူးပြီး တောတောင် ရေမြေ သဘာဝ အလှ အကြောင်းနဲ့၊ ငှက်အကြောင်းတွေကို အမြဲ ပြောတတ်တဲ့ မ Iora ပါ။ ခုလို ငှက်လေးတွေကို တွေ့ရင် ငှက်အကြောင်း နားမလည်တဲ့ ကျွန်မတောင် ပျော်ရွှင်မိတာ သူ့လို ငှက်အကြောင်း နားလည် သိကျွမ်းတဲ့သူက ခုလို ငှက်လေးတွေတွေ့ရင် သိပ်ပျော်မယ် ထင်တယ်လို့ တွေးပြီး သတိရမိပါတယ်။


Image Hosted by PicturePush - Photo Sharing


ဒီငှက်လေးက အမွှေးအညိုရောင်နဲ့ ဖင်နီနီလေး။ သူ့ကို သေချာမြင်ရဖို့ စိတ်ရှည်လက်ရှည် စောင့်နေတာ

Image Hosted by PicturePush - Photo Sharing

မျက်နှာက ကွယ်နေပြန်ပြီ

Image Hosted by PicturePush - Photo Sharing

ဟော.. ခုတော့ ချယ်ရီပန်းလေးကို နှုတ်သီးနဲ့ ဆွနေပြီ၊ ဝတ်ရည်စုတ်နေတာလား ပန်းပွင့်ကို စားနေတာ လားတော့ မသိပါဘူး။ တွေ့တယ်နော်။ သူ့အမွှေးလေးတွေကို

Image Hosted by PicturePush - Photo Sharing
ဒီပုံကတော့ ချယ်ရီပင်မှာမဟုတ်ဘူး. တစ်ခြားအပင်မှာနားတုန်း ရိုက်လိုက်တာ

Image Hosted by PicturePush - Photo Sharing

ဒီငှက်က နောက်တစ်မျိုး.. နှုတ်သီးက ကောက်ကောက်လေး။ သူ့အရောင် သေချာမမြင်ရဘူး

Image Hosted by PicturePush - Photo Sharing

ဒီပုံမှာလည်း ပန်းပွင့်နဲ့ အကိုင်းတွေကွယ်နေလို့ သေချာမမြင်ရပြန်ဘူး။ စိတ်ညစ်လိုက်တာ... ဒါပေမဲ့ သူ့လည်ပင်းက နီနီလေးတော့တွေ့နေပြီ။ 


Image Hosted by PicturePush - Photo Sharing

ဒီအကောင်ကတော့ လည်ပင်းတင်မဟုတ် ခေါင်းရော လည်ပင်းရောနီတဲ့ အကောင်( ဒါတောင် ကွယ်နေတုန်း သစ်ကိုင်းက မလွတ်ဘူး)

Image Hosted by PicturePush - Photo Sharing

တစ်ကိုယ်လုံးမြင်ရပြန်တော့ မွဲနေပြန်တယ် ထင်ထင်ရှားရှား မမြင်ရပြန်ဘူး


Image Hosted by PicturePush - Photo Sharing

တူတူဘဲ.. မွဲနေသေးတယ်

Image Hosted by PicturePush - Photo Sharing
ဝိုးတဝါး


Image Hosted by PicturePush - Photo Sharing

ပန်းပွင့်ကို မမှီမှီအောင် ကြိုးစားနေတာ


Image Hosted by PicturePush - Photo Sharing
နှုတ်သီးရှည်ရှည်ကောက်ကောက်



Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing
ပန်းလေးတွေကြား တူပုနုးကစား


Image Hosted by PicturePush - Photo Sharing
မမှီ့တမှီစားနေတာ

Image Hosted by PicturePush - Photo Sharing

ပန်းနဲ့ အလှချင်းပြိုင်နေသူ

Image Hosted by PicturePush - Photo Sharing
 ငှက်လည်ပြန်

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing 

ဟောဒီမှာ.. ပန်းပွင့်ကို ဆိတ်နေတာ.. မိပြီ. (အမြီးက ပြတ်သွားသေး)

Image Hosted by PicturePush - Photo Sharing
 မျှော်တော်ယောင်

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing


ဒီမှာတော့ တစ်ကိုယ်လုံးကို မြင်ရပါပြီ။ ချယ်ရီပန်းကို စားနေတာလား.. ဘာလုပ်နေတာလဲ သိချင်စမ်းပါဘိ..

Image Hosted by PicturePush - Photo Sharing
ပန်းတွေကြားက သူ..

Image Hosted by PicturePush - Photo Sharing

 ငှက်ကလေး ၂ကောင်တောင် မိတယ်. ဒါပေမဲ့ ခပ်ဝါးဝါးဖြစ်နေတယ်



Image Hosted by PicturePush - Photo Sharing

ဒီအကောင်က လည်ပင်းမှာပျောက်ကျားလို နီတဲ့အကောင်လေး

Image Hosted by PicturePush - Photo Sharing
ဘာရောင်မှန်းသေချာမသိရ


Image Hosted by PicturePush - Photo Sharing
ရှက်လို့ ကျောပေးထားလေသလား.. :P


Image Hosted by PicturePush - Photo Sharing 
မာနကလည်းကြီးလိုက်တာ

Image Hosted by PicturePush - Photo Sharing
သူလေးက ဘယ်သူလဲ


Image Hosted by PicturePush - Photo Sharing

ဒီငှက်က ထူးထူးခြားခြား အဝါရောင် 

Image Hosted by PicturePush - Photo Sharing
ခပ်ငေးငေးလေးနဲ့ ဘယ်သူ့ကို လွမ်းနေတယ် မသိ


Image Hosted by PicturePush - Photo Sharing

အမြီးနှစ်ခွနဲ့ အဲဒီစိမ်းပြာရောင် ငှက်ကလေးက ဘာငှက်မှန်းမသိ။ ဒါပေမဲ့ ချစ်စရာကောင်းတယ်နော်။


Image Hosted by PicturePush - Photo Sharing

အားလုံးထဲမှာ ဒီပုံလေးကငှက်ရော ချယ်ရီပန်းပါ  ပြည့်ပြည့်စုံစုံလေး ပါတာမို့ ဒီပုံလေးက အဆင်ပြေဆုံးလို့ ထင်မိပါတယ်။


Image Hosted by PicturePush - Photo Sharing
ဒီအကောင်ကတော့ ပန်းပွင့်မပါတဲ့နေရာမှာ ရိုက်လိုက်မိတာမို့ သူ တစ်ကောင်တည်း ထီတည်းကြီးပါဘဲ။

Image Hosted by PicturePush - Photo Sharing
 ဒါလည်း သူ့လိုအကောင်မျိုးပါဘဲ။ ဒါပေမဲ့ တစ်နေရာစီကပါ။

Image Hosted by PicturePush - Photo Sharing

တော်တော်မြင့်တဲ့ သစ်ကိုင်းကျိုးတစ်နေရာမှာ သူ.. အပေါ်က အကောင်တွေနဲ့ တူတယ်ထင်နေတာ. သူ့ ခေါင်းလည်း မမည်းဘူး ။

Image Hosted by PicturePush - Photo Sharing

ဘေးက သစ်ကိုင်းလေးပါ သဘောကျလို့ ရိုက်လိုက်တယ်

Image Hosted by PicturePush - Photo Sharing

ဒီပုံကတော့ မိုးအုံ့ချိန်မှာ ရိုက်မိတဲ့ ပုံပါ။ မထင်မရှား ခပ်ဝါးဝါးလို့ ဘယ်သူတွေက ပြောပါစေ. ပန်းချီလိုလို ဘာလိုလိုဆိုပြီး ကိုယ့်ကိုယ်ကိုတော့ ကျေနပ် လို့ နေလေရဲ့။ :P

သက်ရှိအကောင်လေးတွေကို ရိုက်ရတာ ပန်းပွင့်တွေလို ၊ ရှုခင်းတွေလို ရိုက်ရတာ မလွယ်လှပါဘူး။ အငြိမ်မနေဘဲ လှုပ်ရှားနေတာရော၊ သစ်ကိုင်းသစ်ခက်တွေကြားမှာမို့ အားလုံးကို ပီပီပြင်ပြင် မြင်နိုင်ဖို့ ကျွန်မလို ဓာတ်ပုံ မရိုက်တတ် ရိုက်တတ်နဲ့ ရိုက်သူအဖို့တော့ ခက်ခဲလှပါတယ်။ သို့သော်လည်း မလှမပ ဒီပုံလေးတွေကိုဘဲ ချယ်ရီပန်းတွေနဲ့ တွဲပြီးရိုက်ခဲ့ရတာမို့ အမှတ်တရဖြစ်ခဲ့ရပါတယ်။ အောက်မှာတော့ ကျွန်မရိုက်ခဲ့တဲ့ ချယ်ရီပန်းတွေနဲ့ ABBA ရဲ့ Happy New Year သီချင်းလေးနဲ့ ပေါင်းစပ်ပြီး ဗီဒီယိုဖိုင်လေး ပြုလုပ်ထားပါတယ်။ အချိန်ရရင် (ကော်နက်ရှင်လည်း ကောင်းတယ်ဆိုရင်ဖြင့်)  ကြည့်ရှု နားဆင်ကြည့်ပါလို့နော်။



Happy New Year by ABBA..



Image Hosted by PicturePush - Photo Sharing


ချစ်ခင်ရပါသော မိတ်ဆွေများ အားလုံးအတွက်လည်း ၂၀၁၂ဟာ ပျော်ရွှင်ဖွယ် အကောင်းဆုံး၊ ဆန္ဒများ အားလုံး ပြည့် ဝသော၊  မျှော်လင့်ခြင်းများ အားလုံး ပြီးပြည့်စုံသော မင်္ဂလာရှိသောနှစ် ဖြစ်ပါစေလို့ ဆုမွန်တောင်းလိုက်ပါတယ်ရှင်။ကျွန်မတို့အားလုံး ၂၀၁၂ရဲ့ ရောင်နီဦးကို မင်္ဂလာရှိစွာနဲ့ ကြိုဆိုလိုက်ကြ ပါစို့ရဲ့နော်။



Image Hosted by PicturePush - Photo Sharing