Showing posts with label ၀တ္ထုတိုများ. Show all posts
Showing posts with label ၀တ္ထုတိုများ. Show all posts

ရေမွှေးပုလင်းနှင့်တူသော ယောက်ျားများ



သူမတွင် တစ်ယောက်အကြောင်း တစ်ယောက် အစင်းသိ အတွင်းသိနှင့် သိပ်ကိုခင်မင်ရသော သူငယ်ချင်း ၅ယောက်ရှိပါသည်။ သူမနှင့်ဆို စုစုပေါင်း ၆ယောက်ရှိသော အဖွဲ့သည် အလယ်တန်းလောက် ကတည်းက တွဲခဲ့ကြသော သူငယ်ချင်းတွေလဲ ဖြစ်ကြပါသည်.. တက္ကသိုလ်တက်ချိန်တွင် မေဂျာမတူကြသော်လည်း အပြင်သင်တန်းများ ဖြစ်သော ကွန်ပျူတာ၊ အင်္ဂလိပ်စာ ၊ အတွင်းရေးမှူး စသည့် သင်တန်းများကို အတူတူ တက်ကြပြီး  အခင်မင်မပျက် ဆက်လက် အတွဲညီခဲ့ကြသူများ ဖြစ်ကြသည်.. တစ်ယောက်က သင်တန်း တစ်ခု တက်မည်ဟု ဆိုလိုက်လျှင် ကျန်သောသူတွေက လိုက်တက်ပြီးသား၊ တစ်ယောက်က ရှိုးပွဲကြည့်မည် ဆိုလျှင် ကျန်သည့်သူတွေက လက်မှတ်ဝယ်ဖို့ စီစဉ်ပြီးသား ဖြစ်တဲ့အထိ တစ်ယောက်နှင့် တစ်ယောက် အကြိုက်တူစွာ နေရာတကာတွင် မျက်စိနောက်လောက်အောင် တွဲခဲ့ကြသူများ ဖြစ်ကြသည်။


ခုချိန်တွင်တော့ သူမတို့သူငယ်ချင်းတွေသည် တစ်ယောက်တစ်နယ်စီ၊ ၂ယောက်က နိုင်ငံရပ်ခြားမှာ၊ ၃ယောက်က ရန်ကုန်မြို့ပေါ်မှာ၊ တစ်ယောက်က နယ်မှာ တစ်ယောက်တစ်ကွဲစီ ဖြစ်ကုန်ကြပါပြီ. သို့သော် သူငယ်ချင်းတွေ အကြောင်း ပြန်စဉ်းစားလိုက်တိုင်း သူမတို့ တွဲခဲ့ကြသော အချိန်တွေကို ပြန်လည် သတိရမိသကဲ့သို့၊ မှတ်မှတ်ရရ အဖြစ်အပျက် ကလေးများကိုလည်း မမေ့နိုင်အောင် တသသ ရှိနေ တတ်ခဲ့ပါသည်။ ထိုစဉ်က သူမတို့ သူငယ်ချင်းတစ်စုနှင့် ပတ်သက် ဆက်နွယ် လာသော ယောက်ျား များကို  မိန်းခလေးများအပေါ် ထားသည့် သူတို့ သဘောထား၊ သူတို့စရိုက်၊ သူတို့အချစ်နှင့် ကိုက်ညီသည့် အမည်များကို ရေမွှေးတံဆိပ် များစွာထဲက ရွေးချယ်ကာ နံမည် ပေးခဲ့ဖူးသည်ကို မမေ့နိုင်စရာ အမှတ်တရ အဖြစ် သူမဦးနှောက်တွင် အမြဲတမ်း ရှိနေတတ်ခဲ့သည်။

သူမတို့ ၆ယောက်မှာ အချောဆုံးသူက နွယ်သာကီချို

နွယ်သာကီက ရုပ်ကလေးလဲချော သူ့ကိုယ်သူလဲ စမတ်ကျကျ ပြင်တတ်ဆင်တတ်သူဖြစ်ရာ တက္ကသိုလ်မှာကတည်းက သူ့ကိုသဘောကျသူတွေ တစ်ပုံတစ်ပင်၊ ကြိုက်သူတွေ ၀ိုင်းဝိုင်း လည်နေတာကြောင့်လဲ စောစောစီးစီး အတွဲရပြီး အိမ်ထောင်ကျသွားသူဖြစ်သည်။ သာကီရဲ့ချစ်သူသည် သူမထက် အသက် ၇နှစ်ကြီးပြီး လုပ်ငန်းခွင်ထဲသို့ ရောက်နှင့် နေသူ တစ်ဦး ဖြစ်သည်။ သာကီ့ကို အလွန်အမင်း ချစ်ခင်သော်လည်း သ၀န်တိုလွန်းသူ၊ ယောက်ျားလေးများနှင့် သူငယ်ချင်း အပေါင်း အသင်းအဖြစ် ခင်ခင်မင်မင် ဆက်ဆံဖို့မပြောနှင့် စကားတစ်ခွန်းလောက် ပြောမိရုံပင် သဝန်တို တတ်သူ ဖြစ်သည်။ ထိုသူနှင့် မချစ်ကြိုက်ခင်က အလှအပ ကြိုက်လွန်းပြီး ခေတ်ဆန်လွန်းသူ သာကီမှာ ရည်းစားရပြီးကာမှ ယခင်ကလို အလှအပကို ပြင်ဆင်ခွင့်ပင် မရရှာတော့ဘဲ အ၀တ်အစား ကိုလည်း ရိုးရိုး ယဉ်ယဉ်လေးသာ ၀တ်ဆင်ရမည် ဟူသောအမိန့်ကြောင့် ရိုးရိုးလေးသာ ၀တ်ဆင်ခွင့် ရတော့လေသည်။ အိမ်ထောင်ကျပြီးနောက်လည်း သူမတို့ သွားလာနေကျ ရုပ်ရှင်၊ ရှော့ပင်ထွက်ခြင်း ၊ တစ်ယောက်အိမ်တွင် တစ်ယောက်စုကာ အစားအသောက် အသစ်အဆန်းများ ချက်ပြုတ်ကာ စားသောက်ခြင်း စသည်များကိုလည်း “အိမ်ထောင်သည်ဖြစ်ပြီ အပျော်အပါးတွေ မလုပ်သင့်တော့ ” ဟူသော အကြောင်းပြချက်ဖြင့် သွားလာခွင့်မပေးတော့ဘဲ သူမတို့ ၆ယောက်ရဲ့ စည်းလုံးညီညွှတ်မှု၊ ရင်းနှီးချစ်ခင်မှု အဝန်းအ၀ိုင်းထဲမှ  အရင်ဆုံး ဖဲ့ထုတ် ခံလိုက်ရသူလေး ဖြစ်သွား ရှာသည်။ နွယ်သာကီထံ ဖုန်းလာလျှင်ပင် ယောက်ျားအသံဖြစ်ပါက စစ်ဆေးမေးမြန်းမဆုံး ဖြစ်ကာ သင်္ကာမကင်း ဖြစ်လွန်းလှသည့် သ၀န်တိုလွန်းအားကြီးသော နွယ်သာကီရဲ့ ချစ်သူကို အားလုံး၏ သဘောတူညီချက်ဖြင့် JEALOUSY ဟူသော ရေမွှေးနံမည်ကို ပေးလိုက်ကြပါသည်။


Image Hosted by PicturePush - Photo Sharing



~~~~~~~~~~@@@@@@~~~~~~~~~~~

မိုးစက်လေးလို တည်ငြိမ်အေးဆေးပြီး ဖြူဖြူဖွေးဖွေး ချစ်စရာကောင်းသူက မိုးပွင့်ဖြူ..

မိုးပွင့်ဖြူက နံမည်နဲ့လိုက်အောင်  စိတ်ထားလဲဖြူစင်ပြီး သူငယ်ချင်းတွေအတွက်ဆို အလွန် အနစ်နာ ခံတတ်ကာ  သူမတို့ သူငယ်ချင်းတစ်စု ပြောသမျှ၊ တိုင်ပင်သမျှ  ၊ လုပ်ချင်သမျှကို မငြင်းပယ် စတမ်း ခေါင်းတညိမ့်ညိမ့် နားထောင်တတ်သူ လိုက်လုပ်တတ်သူ ဖြစ်သည်။ တက္ကသိုလ် တက်စဉ် မိုးပွင့်ဖြူနှင့် ချစ်သူဖြစ်ခဲ့သော ကောင်လေးက မိုးပွင့်ထက် အသက်ငယ်ကာ ရုပ်ချော အပြောကောင်းပြီး သရုပ်ဆောင်မော်ဒယ်ဘွိုင်း ဖြစ်ရန် ကြိုးစားနေသူတစ်ယောက် ဖြစ်သည်။ ထိုကောင်လေးက သူမတို့တစ်ဖွဲ့လုံးကို တကယ့်ကို အောက်ကျို့ခံကာ စိတ်သဘောဖြူလှသည့် မိုးပွင့်ဖြူ၏ အချစ်ကို မရအရ ယူခဲ့သူ ဖြစ်သည်။ သူမတို့အဖွဲ့ ဘယ်လိုခိုင်းခိုင်း၊ ဘယ်လိုပင် နှိပ်စက်သော်လည်း မနာတတ်ဘဲ မိုးပွင့်ဖြူကို သည်းကြီးမည်းကြီး ချစ်ခင်ဟန်ပြခဲ့သူ။ သို့သော် မိုးပွင့်ဖြူက ထိုကောင်လေးအချစ်ကို လက်ခံပြီး အတော်ကြာမှ သိလိုက်ရသည်က ထိုကောင်လေးထံတွင် ရည်းစားများစွာရှိပြီး ထို ရည်းစားများထံမှလည်း ချူချတတ်သူ ဟူ၍ပင်။ ထိုကောင်လေးအကြောင်း သိသိရချင်း မိုးပွင့်ဖြူကို သူငယ်ချင်းများက ၀ိုင်းတားသော်လည်း သူမတို့ ပြောစကားကို ဘယ်လိုမှ မယုံကြည်ခဲ့။ မိုးပွင့်ကိုယ်တိုင်လည်း ထိုကောင်လေးကို ထောက်ပံ့ပေးခဲ့သည်။ သို့သော်  အခြား မိန်းခလေးများနှင့် တွဲရက်သား သူမကိုယ်တိုင် အခါပေါင်းများစွာ တွေ့ရတော့ ကောင်လေးက ဖုံးကွယ်ထား၍ မရနိုင်သောကြောင့် ဟုတ်မှန်ကြောင်း ၀န်ခံလိုက်ရတော့မှသာ ထိုကောင်လေး မျက်နှာများသည်ကို ယုံကြည်သွားခဲ့ပြီး မိုးပွင့်ဖြူမှာ အသည်းကွဲဝေဒနာကို ရက်ရှည်လများ အိပ်ရာထဲ လဲလောက်သည်အထိ ခံစားလေတော့သည်။ စိတ်ဓာတ် မပြတ်သား၊ မတည်ငြိမ်သော၊ ရုပ်ချောချော အပြောကောင်းကောင်း ချိုချိုလေးဖြင့် မိန်းခလေးများကို အောက်ကျို့ ခံပေါင်းကာ သူ့အား စွဲလန်း ချစ်ခင်လာအောင် လုပ်ပြီးကာမှ သူ့ဘဝတက်လမ်းအတွက် သူလိုချင်တာကို ရအောင် ယူတတ်သော ထိုကောင်လေးအား မိန်းခလေးများအတွက် တဖြေးဖြေး ဒုက္ခရောက်အောင် လုပ်နိုင်သည့်သူ ဟူသောသဘောဖြင့် OPIUM ဟု ရေမွှေးအမည် ပေးခဲ့ကြသည်။

Image Hosted by PicturePush - Photo Sharing


~~~~~~~~~~@@@@@@~~~~~~~~~~~


သူမတို့အဖွဲ့တွင် နေရာတကာ ဆရာမကြီးလုပ်တတ်သူ တစ်ယောက်က ညိုလဲ့ရီ..

ညိုလဲ့ရီက ဆရာမကြီး လုပ်တတ်သလို ဗဟုသုတလည်း အတော်စုံသည်.. စာဖတ်များသူဖြစ်ပြီး သူမသိတာ သိပ်မရှိအောင် လေ့လာနိုင်စွမ်းအားလည်း ကောင်းသူ ဖြစ်သည်။ ရုပ်ရည်အားဖြင့် ချောမော လွန်းသူ မဟုတ်သော်လည်း ထက်ထက်မြက်မြက်နှင့် တည်တည်ကြည်ကြည် မိန်းခလေးတစ်ယောက်ရဲ့ ဟန်ပန်အပြည့်နှင့် သူမကို စိတ်ဝင်စားကြသူ ရှိသော်လည်း ခပ်စွာစွာမို့ တော်ရုံလူက အနားမကပ်ဝံ့ကြ။ သို့သော် တက္ကသိုလ်မှာ ဆရာမပြန်လုပ်သော ညိုလဲ့ရီသည် သူမနှင့် ဌာနတူ ဆရာတစ်ယောက်နှင့် ချစ်သူဖြစ်သွားကြလေသည်။ သူမ၏ချစ်သူ ထိုဆရာသည် ရုပ်အချောကြီး မဟုတ်သော်လည်း အလွန်အေးဆေးတည်ငြိမ်ပြီး စာအသင်အပြ ကောင်းလွန်းသော်လည်း မလိုအပ်ဘဲ အပိုစကားပြောလေ့ မရှိသော စကားအလွန်နည်းသူ တစ်ယောက် ဖြစ်သည်။ ညိုလဲ့ရီကို အလွန်မြတ်နိုး သည်ဟု ပြောနိုင်သော်လည်း သူ့အချစ်ကို တော်ရုံနှင့် ထုတ်ဖော်ပြောတတ်သူတစ်ယောက် မဟုတ်.. ရင်ထဲတွင်သာ သိုဝှက် သိမ်းဆည်း တတ်သူမျိုးသာ။ တက္ကသိုလ် စရောက်ကတည်းက ညိုလဲ့ရီကို ချစ်ခဲ့သော်လည်း ၈နှစ်လောက် ကြာမှ ဖွင့်ပြောသူ၊  ဒီလောက်နှစ်ကြာအောင် ချစ်နေခဲ့သော်လည်း မည်သူမျှ မရိပ်မိအောင် သိမ်းဆည်းထားနိုင်သူမို့ သြချရလောက်ပါသည်။ အလွန်ဆရာလုပ်တတ်သော ညိုလဲ့ရီနှင့် အလွန်အေးသော ထိုဆရာတို့မှာ မည်သို့မည်ပုံ ချစ်သူများ ဖြစ်သွားကြသည်ဟူ၍ပင် ခန့်မှန်းဖို့ ခက်ခဲလေသည်။ သူမတို့တွေက ညိုလဲ့ရီအား သူမ၏ချစ်သူ တကယ်ချစ်မချစ်ကို  ဘယ်လိုများ ခွဲခြားပါသလဲဟု မေးလျှင်တော့ ထိုဆရာသည် ညိုလဲ့ရီကို ချစ်သည့်အကြောင်း ပါးစပ်က ထုတ်ဖော်မပြောတတ်ပေမဲ့ သူ့မျက်ဝန်းတွင် သူမကို ချစ်ခင်သည့် အရိပ်အယောင်များကို သူမ(ညိုလဲ့ရီ)က ရှာဖွေ တွေ့မြင်တတ်ပါသည်.. နှလုံးသားချင်း ခံစား နားလည်နိုင်ပါသည်တဲ့။ ထိုသို့ သိုသိပ်လျှို့ဝှက်လွန်းလှသည့်  ညိုလဲ့ရီချစ်သူကို သူမတို့အဖွဲ့က နံမည်ပေးမည်ဆိုသောအခါ သူနှင့်လိုက်ဖက်လှသည့် SECRET ဟူသော ရေမွှေးနံမည်ကို ပေးခဲ့ကြလေသည်။

Image Hosted by PicturePush - Photo Sharing


~~~~~~~~~~@@@@@@~~~~~~~~~~~

စင်သီယာပြည့်စုံ ဆိုသည်က သူမတို့အဖွဲ့တွင် ဘိုဆန်ဆန် လှပချောမောသူ…

ရည်းစားလဲ အလွန်များပြီး ယောက်ျားတွေကို အလေးအနက် မထားတတ်သော အသည်းနှလုံး ကင်းမဲ့သူဟု နံမည်ကြီးသည်။  သူမ အဖေရော အမေပါ နိုင်ငံခြားတွင် နေထိုင်ကြပြီး သူမက အဒေါ်တွေနဲ့ ကျန်ရစ်ခဲ့သူ.. သို့သော်လည်း ထိုစဉ်ကတည်းက တစ်ချိန်ချိန်တွင် သူမ မိဘတွေရှိရာ နိုင်ငံရပ်ခြားကို လိုက်သွားဖို့ ရည်ရွယ်ချက်ရှိသူမို့ ယောက်ျားလေးများအပေါ် သံယောဇဉ်မထားဘဲ အပျော်သာ တွဲဖို့ စိတ်ကူးရှိသည်ဟု သူမကိုယ်တိုင်က ပြောတတ်ခဲ့သူ ဖြစ်သည်။ သူမနှင့် ကျော်ဇေယျတို့ တွေ့ဆုံကြပုံက လက်ရည်တူမို့ စိတ်ဝင်စားဖို့ကောင်းသည်။ ကျော်ဇေယျ ဆိုသည်ကလည်း အတော်ထင်ရှား နံမည်ကြီးသော ဂရိတ်အသိုင်းအ၀ိုင်းမှ ဖြစ်ပြီး မိန်းခလေးများကို ထည်လဲတွဲတတ်သူ။ မိဘကလည်း ကျိကျိတက် ချမ်းသာသလို သူကိုယ်တိုင်က ရုပ်ရည်အားဖြင့်လည်း ကြည့်ကောင်းသူ ဖြစ်တာကြောင့် မဆွတ်ခင်က ညွှတ်ချင်နေသော မိန်းခလေးပေါင်းများစွာက သူ့ရဲ့ နံဘေးမှာ အဆင်သင့် ရှိနေတတ်သူဖြစ်လေသည်။ ယောက်ျားလေးများကို အလေးအနက် မထားတတ်သော စင်သီယာနှင့် မိန်းခလေးများကို ကစားစရာအရုပ်လို ထည်လဲတွဲတတ်သော ကျော်ဇေယျတို့သည် တစ်ယောက်အကြောင်း တစ်ယောက် သိသိကြီးနှင့်ပင် သူငယ်ချင်းတွေ တားမြစ်သည့်ကြားမှ တွဲမိကြလေသည်။

မိန်းခလေးများကို လှည့်စားခြင်း အတတ်ပညာတွင် ညက်ညော ကျွမ်းကျင်လှသော ကျော်ဇေယျ အကြောင်းကို သိနေကြသော သူမတို့ သူငယ်ချင်းတစ်စု၏ တားမြစ်စကားကို မနာယူဘဲ သူ့ကိုယ်သူ ယုံကြည်ချက်ပြင်းထန်လှသော စင်သီယာသည် မိန်းခလေးများအား အသည်းခွဲတတ်သူဟု နံမည်ကြီးသော ကျော်ဇေယျကို ပညာပေးရန် ဟူသော အကြောင်းပြချက်ဖြင့် ကျော်ဇေယျ၏ မရိုးသားသော ချဉ်းကပ်လာမှုကို မသိဟန်ဆောင်ကာ လက်ခံခဲ့လေသည်။ ကျော်ဇေယျ ကလည်း ယောက်ျားတွေကို အလေးမထားသူ ဟူ၍ နံမည်ကြီးသော စင်သီယာကို တမင် ရည်ရွယ်ချက်ဖြင့် ချဉ်းကပ်ခဲ့သူဖြစ်သည်။ သူတို့၂ယောက် တွဲပြီး လအနည်းငယ်အကြာတွင် ပြောင်းလဲသူက စင်သီယာ။  စင်သီယာက ကျော်ဇေယျကို အလေးအနက် ချစ်စိတ်ဝင်မိပြီ ဖြစ်လေတော့ သူမတို့အားလုံးက ဇာတ်လမ်းကို ဒီမှာတင် ရပ်ဖို့၊ ဒီထက်ဆက်ပြီး တွဲမိလျှင် စင်သီယာ ပိုပြီးခံစားရလိမ့်မည်ဟု ပြောကာ တားမြစ်ကြပြန်သောအခါ စင်သီယာက   သူမကို ကျော်ဇေယျ တကယ်ချစ်လာအောင် ကြိုးစားမည်ဟု ဆိုကာ ဆက်တွဲမြဲ တွဲခဲ့သည်။ နောက်ထပ် မကြာခင်အချိန်တွင်တော့ စင်သီယာက ကျော်ဇေယျကို စွဲစွဲလန်းလန်း ဖြစ်သည့်အခါတွင် ကျော်ဇေယျက နောက်ကောင်မလေး အသစ်တစ်ယောက်တွဲကာ စင်သီယာကို ခေါက်သွားလေသည်။  သူမဘ၀တွင် မည်သည့်ယောက်ျားလေးကိုမှ အလေးအနက် မထားခဲ့ဘဲ တစ်ကြိမ်တစ်ခါမှ မချစ်ဖူးသော အချစ်မျိုးနှင့် ကျော်ဇေယျကို ချစ်မိသော စင်သီယာသည် အလဲအကွဲ အလူးအလိမ့် ခံစားရကာ သူမ မိဘတွေရှိသော နိုင်ငံခြားသို့ ထွက်ခွာသွားလေတော့သည်။ စင်သီယာမသွားခင်  မိန်းခလေးများအတွက် အဆိပ်ပြင်းလွန်းသူ တစ်ယောက် ဟူသော သဘောဖြင့် သူမ ကိုယ်တိုင် ကျော်ဇေယျကို ပေးခဲ့သော ရေမွှေးပုလင်း အမည်က  POISON ဟူသော အမည်ဖြစ်လေသည်။

http://www.myfashionbeautytips.com/wp-content/uploads/2011/09/dior-poison-perfume.jpg

~~~~~~~~~~@@@@@@~~~~~~~~~~~

အဖွဲ့တွင် အသားညိုညိုနှင့် မြန်မာဆန်ဆန် ချောမောသူက ထိပ်ထားဦး…

အဝတ်အစား ဝတ်ဆင်ရာတွင်လည်း ထိပ်ထားက မြန်မာဆန်ဆန် ဝတ်ဆင်တတ်သူဖြစ်သည်။ ချစ်စရာ လှလှပပ ကိုယ်လုံးလေးနှင့် မြန်မာဆန်သော အ၀တ်အစားတို့ကြောင့် လိုက်ဖက်စွာ ရှုချင့်စဖွယ် ရှိသူလေးတစ်ယောက် ဖြစ်သော ထိပ်ထားရဲ့ ချစ်သူဖြစ်လာသူက ရုပ်ရည် ထူးထူးခြားခြား မချောမောသော်လည်း ယောက်ျား ပီသသောသူ တစ်ယောက်ဖြစ်သည်။ ကြည့်လိုက်လျှင်ပင် မျက်နှာပေါ်တွင် သဘောကောင်းလွန်းသူ တစ်ယောက်၏ အရိပ်အယောင်များက သိသာစွာ ထင်ဟပ်လျှက်၊ ထိပ်ထားကို ချစ်လိုက်သည်မှာလည်း လူတကာက အားကျရလောက်သည်။ အမြဲတမ်း အရိပ် တကြည့်ကြည့်နှင့် ထိပ်ထားလိုအပ်သမျှ ဖြည့်ဆည်းပေးရန် အဆင်သင့် ဖြစ်နေတတ်သော သူ တစ်ယောက်ဖြစ်ပြီး ထိပ်ထားကို ချစ်သူလိုတင်မက အစ်ကိုတစ်ယောက်လို ချစ်နိုင်သူ ဂရုစိုက်နိုင်သူလည်း ဖြစ်သည်။ သူမတို့ သူငယ်ချင်းတွေ အတူတူသွားလာကြသော ကိစ္စများတွင် တားမြစ်ခြင်း၊ ကန့်ကွက်ခြင်း ပြုသည်မရှိဘဲ သူကိုယ်တိုင်ပင် အားတက်သရော တိုက်တွန်းတတ်ကာ။ မိဘများ မရှိရှာတော့သော ထိပ်ထားအပေါ်တွင် နားလည်မှု၊ စာနာမှုတို့ဖြင့် အလိုလိုက်ကာ ထိပ်ထားပျော်ရွှင်အောင်၊ စိတ်ချမ်းသာအောင် အမြဲစဉ်းစားပေးတတ်သော သူတစ်ယောက်ဖြစ်သည်။ ပင်ကိုယ်ကလည်း စိတ်သဘောကောင်းသော ထိပ်ထားကလည်း သူမအပေါ် နားလည်၊ အလိုလိုက်ကာ ချစ်ခင် ကြင်နာလှသော ထိုသူကို မြတ်မြတ်နိုးနိုး ချစ်သောကြောင့် သူတို့၂ဦး၏ အချစ်သည် ပျော်ရွှင် ကြည်နူးစရာ၊ အားကျ ငေးမောချင်စရာ ကောင်းလောက်အောင် အတွဲညီလှသော စံပြ ချစ်သူများ ဖြစ်ကြလေသည်။ သူမတို့ သူငယ်ချင်း ထိပ်ထားကို ပျော်ရွှင်ခြင်း၊ ကြည်နူးခြင်းများဖြင့် အမြဲ စိတ်ချမ်းသာစေသော၊ ယုယချစ်ခင် ကြင်နာတတ်သော ထိုသူကိုတော့ ထိုက်တန်စွာဘဲ PLEASURES ဟူသော ရေမွှေးနံမည်ကို သူမတို့ သူငယ်ချင်းအားလုံး စိတ်သဘောညီစွာ ပေးဖြစ်ခဲ့ကြပါသည်။


~~~~~~~~~~@@@@@@~~~~~~~~~~~


အဖွဲ့ထဲတွင် နောက်ဆုံးတစ်ယောက်ဖြစ်သော သူမနာမည်က ကြည်သာသက်ဝေ

သူမဘဝတွင်လည်း ရေမွှေးပုလင်း အမည်ပေးခဲ့ဖူးသူများ ရှိခဲ့သော်လည်း လောလောဆယ်တွင်တော့  သူမ ပေးချင်သည့် အမည်နှင့် ထိုက်တန်အောင် သူမအပေါ် ချစ်နိုင်မည့်သူမျိုးနှင့် မတွေ့သေး သောကြောင့်  မြတ်နိုး တန်ဖိုးထားစရာ ရေမွှေးပုလင်းလေး တစ်လုံးတစ်လေမှ လက်ဆုပ် လက်ကိုင် မရှိသေးသူ ဖြစ်ပါသည်။ အသည်းကွဲဖူး ခဲ့ကြသည့် သူမ၏ သူငယ်ချင်းများဖြစ်ကြသော မိုးပွင့်ဖြူ၊ စင်သီယာပြည့်စုံ တို့သည်ပင် အိမ်ထောင် အသီးသီးကျကာ သူတို့တွေမှာ အမည်ပေးစရာ ရေမွှေးပုလင်းလေးများ ကိုယ်စီ ပိုင်ဆိုင်နေကြပြီ ဖြစ်သော်လည်း  မွှေးပျံ့လှသော ချစ်ခြင်းရနံ့များ၊ နူးညံ့သိမ်မွေ့သော ကြင်နာခြင်း၊ မြင့်မြတ်သော သစ္စာရှိခြင်း စသည်တို့ဖြင့် သူမအပေါ် ဘ၀တစ်လျှောက်လုံး သစ္စာရှိရှိ ချစ်ခင်ကြင်နာနိုင်မည့်သူ၊ သူမ ကိုယ်တိုင်ကလည်း တစ်ဘဝလုံးစာ မြတ်နိုး တန်ဖိုးထားနိုင်မည့်သူကို ပေးအပ်ချင်သည့် ရေမွှေး အမည်လေး တစ်ခုကို ကြိုတင် စဉ်းစားထားခဲ့ ဖူးပါသည်။ သူမတို့၂ယောက်သား၏ အချစ်တွေကို နားလည်မှုကိုယ်စီဖြင့် အမြဲတမ်း ထာဝရ တည်မြဲစေမည် ဟူသော သဘောဖြင့်  ပေးအပ်ချင်သည့် ရေမွှေး အမည်လေးက ETERNITY ဆိုသည့် ချစ်စရာ အမည်သာ ဖြစ်လေသည်။ တစ်စုံတစ်ယောက်သော သူကို ထိုနံမည်လေးပေးကာ သူမ၏ အချစ်တွေကို တစ်ဘ၀လုံးစာ ပေးအပ်ဖို့ ကြိုတင် စိတ်ကူးထားခဲ့သော်လည်း ခုချိန်ထိတော့ ထိုအမည်လေးနှင့် သင့်တော်သူ ဟူ၍ တွေ့မလာသေးပါ။ သူမ တွေ့ခဲ့ဖူးသော သူတွေသည်လည်း ထိုအမည်ပေးအပ်ဖို့ ထိုက်တန်သူ၊ ထိုအမည် ပေးအပ် ရလောက်အောင် သူမအပေါ် ချစ်ခင်နိုင်သူ၊ သစ္စာရှိသူ ဟူ၍လည်း မရှိခဲ့ဖူးသေးပါ။ သူမ လောဘကြီးနေတာ၊ သို့မဟုတ် ချေးများနေ တာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ သို့သော် တစ်ချိန်ချိန်တွင်တော့ ထို ETERNITY နံမည်လေးကို တစ်စုံတစ်ယောက်သော သူကို ထိုက်ထိုက်တန်တန် ပေးအပ်ခွင့် ရလာလိမ့်မည်ဟုတော့ ယုံကြည်မျှော်လင့်လျှက် ရှိနေပါသည်လေ။

Image Hosted by PicturePush - Photo Sharing


*************ပြီး***********

ဒီပိုစ့်လေးကို လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ရေးပြီး တင်ခဲ့တာပါ။ စိတ်ထဲမှာ  ပြန်တင်ချင်စိတ် ပေါက်လာ တာကြောင့် ပြန်တင်လိုက်တာပါ။ မဖတ်ရသေးသူများလည်း ဖတ်ဖို့နဲ့ ဖတ်ပြီးရင်လည်း အပျင်းပြေ ပြန် ဖတ်သွားပါ လို့နော်။ ဘာရယ်မဟုတ် ပေါ့ပေါ့ပါးပါး ဖတ်ဖို့  ဇာတ်ကောင်စရိုက် များကို ဖန်တီးပြီး ရေမွှေးနံမည်များနဲ့ တွဲဖက်ကာ ရေးဖွဲ့တာ ဖြစ်ပါတယ်။ ဇာတ်ကောင်နံမည်နဲ့ စရိုက်များမှာ စိတ်ကူး ဖန်တီးထားခြင်းသာ ဖြစ်သောကြောင့် တိုက်ဆိုင်မှုများ ရှိခဲ့ပါက ခွင့်လွှတ်နားလည်ပေးဖို့ ကြိုတင်တောင်းပန်ပါရစေ... စာလာဖတ်ကြသူ ချစ်စွာသော မိတ်ဆွေများကရော အမျိုးသားများဆိုလျှင်ဖြင့် ဘယ်လိုရေမွှေးပုလင်းနဲ့ တူတယ်လို့ ကိုယ့်ကိုယ်ကို သတ်မှတ်ပါသလဲ.. အမျိုးသမီးများဆိုရင်ရော ဘယ်လို ရေမွှေးပုလင်းမျိုးကို ပိုင်ဆိုင်ခွင့် ရထားပါပြီလဲ။ ရေမွှေးပုလင်း အမည်ပေးဖို့ မရှိသေး သူများ၊ ရေမွှေးပုလင်း မပိုင်ဆိုင်သေးသူများကလည်း ဘယ်လို ရေမွှေး နံမည်များ ပေးဖို့ စိတ်ကူးထားပြီး ဘယ်လို ရေမွှေးပုလင်းမျိုးကို ပိုင်ဆိုင်ချင်ပါသလဲရှင်...  :)


သင်းထုံမွှေးပျံ့ကာ လှပသော ရေမွှေးပုလင်းလေးများကို လူတိုင်းပိုင်ဆိုင်နိုင်ကြပါစေရှင်......



Image Hosted by PicturePush - Photo Sharing

မြေစာမြက်ကလေးများ...


“အနူး. အိမ်ပြန်ချင်တယ်.. ဒီမှာ မနေချင်ဘူး။ ပြန်ရအောင်… ကျွန်တော် ကျောင်းမတက်ရတာလည်း ကြာပြီ။ စာမေးပွဲလည်း ဖြေရဦးမှာ။ ကျောင်းမတက်ရင် စာမေးပွဲ မဖြေရဘဲ နေတော့မယ်”

ကလေးအငယ်ကောင်ကို ပွေ့ကာ နို့တိုက်နေသည့် မထုဘူမှာ မသိသားဆိုးဝါးစွာဖြင့် ဘေးနားကနေ တစ်တွတ်တွတ်နှင့် ဂျီတိုက်နေသည့် သားအကြီးကောင် ဂမ်ရှောင်ကို စိတ်မရှည်စွာ မျက်မှောင်ကုတ်ပြီး ကြည့်နေမိရင်း သူ့ခေါင်းကို လက်သီးဖြင့်ထုတော့မည်ဟန်ပြင်လိုက်ပြီးမှ သတိဝင်လာကာ လက်ကို ပြန်ရုတ်လိုက်ရသည်။ “အင်းလေ ကလေးက ဘယ်နားလည်ပါ့မလဲ.. သူဖြစ်ချင်တာသာ သိသည်ဘဲလေ” ဟု ပြန်တွေးမိသောကြောင့် ဖြစ်လေသည်။ “နောက်တော့ ပြန်ရမှာပေါ့. အခုတော့ ဘယ်လိုပြန်လို့ ဖြစ်မှာလဲ။ အနူးတို့ ရွာတွေဘက်မှာ စစ်ဖြစ်နေတယ်လေ။ ပြန်သွားရင် အနူးတို့ ဒုက္ခရောက် ကုန်မှာပေါ့၊” ဟုသာ ဂမ်ရှောင်ကို ပြန်ပြောလိုက်သည်။ 

“အဲဒီ စစ်ကလည်း ဘာဖြစ်လို့ ဖြစ်နေကြတာလဲ၊ ကျွန်တော်တို့ ကျောင်းလည်း မတက်ရတော့ဘူး၊ ဒီမှာနေရတာ အရမ်းချမ်းတယ်.. အိမ်ဘဲပြန်ချင်တယ်။ အဝါး( အဖေ) ကလည်း ခုထိ ပြန်မလာသေးဘူး” ဟု ရေရွတ်နေရင်းက သူ့သူငယ်ချင်းများ ဆော့ကစားနေသော နေရာကို ထထွက်သွားတော့သည်။ 

Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing





ဂမ်ရှောင်နှင့် ကလေးများ ဆော့ကစားနေကြသည်ကို ငေးကြည့်ရင်း မထုဘူတစ်ယောက် ဝမ်းနည်းနေမိသည်။ လူပေါင်း ၅၀၀ခန့် ခိုလှုံနေထိုင်နေရသော ဒီနေရာကို ရောက်နေသည်မှာ တစ်လခန့် ရှိနေပြီ။ မထုဘူတို့ သားအမိနှင့်အတူ ရွာကိုစွန့်ပစ်ပြီး ထွက်ပြေးလာသူများမှာ မထုဘူတို့ တစ်ရွာလုံးသာမက ထိုအနီးနားရှိ အခြားသော ရွာက လူတွေပါ ဒီနေရာလေးကို ရောက်လာကြသောအခါ သူမတို့ ခိုလှုံနေရသော ဂိုဒေါင်ကြီးတစ်ခုလုံးမှာ နောက်ထပ် လူအတွက် နေရာပင် မရှိတော့အောင် ပြည့်ကြပ် ညှပ်လို့ နေလေတော့သည်။ သူမတို့ဒီနေရာရောက်အောင် ရွာထဲမှ မိသားစုများ အားလုံး အထုပ်အပိုးများ ကိုယ်စီလွယ်ပိုးကာ ၂ရက်တိတိ လမ်းလျှောက်လာခဲ့ရသည်။ မြစ်ကြီးနားတွင် အမျိုးများရှိသော်လည်း သွားဖို့ရန် လမ်းခရီး ဝေးကွာလွန်းသည့် အပြင် လမ်းတစ်လျောက် စစ်ပွဲများဖြစ်နေသည့်အတွက် နယ်စပ်ဖက်သို့သာ တောလမ်း အသွယ်သွယ် ရှောင်ကာ ကွင်းကာဖြင့်  ရောက်လာကြရသည်။ 


Image Hosted by PicturePush - Photo Sharing

ဆန်မှအစ အိမ်တွင်ရှိသည့် စားသောက်စရာ အချို့နှင့် ၊ အဝတ်အထည်၊ စောင်အိပ်ရာခင်း စသည်တို့ကို ကလေးများပင် မကျန်နိုင်သလောက် သယ်ပိုး  ယူဆောင်လာကြသော်လည်း ရက်ကြာလာသည့်အခါ စားစရာဆန်မှာ လျော့နည်းလာကာ မရှိသလောက် ဖြစ်လာသည်။ အဆိုးဆုံးမှာ အိပ်ရာခင်း၊ စောင် စသည်တို့မှာ ထူထူထဲထဲ သယ်မလာနိုင်သည့်အတွက် ဒီဇင်ဘာလ၏ ဆောင်းရာသီကို အံတုဖို့ ခက်ခဲလွန်းလှသည်။ ဂိုဒေါင်တွင်းရှိ ကွန်ကရိခင်းထားသော ကြမ်းပြင်သည် အိပ်ရာခင်း ပါးပါးလေးသာ ခင်းထားနိုင်သောကြောင့် ညအချိန်တွင် ကျောပြင်တစ်လျှောက် ရေခဲတမျှ အေးခဲနေစေတော့သည်။ 




ပါလာသည့် စောင်ပါးကလေးနှစ်ထည်မှာ   ဘယ်လိုမှ အချမ်းမပြေနိုင်သော်လည်း ကလေးတွေကို ဦးစားပေးကာ ခြုံစေရသည်။ ဂိုဒေါင် အမိုးပေါ်တွင် ဖောက်ဖောက် မြည်အောင် ကျဆင်းနေသော ဒီဇင်ဘာည၏ နှင်းတို့ကလည်း စစ်ကြောင့် ထွက်ပြေး ပုန်းရှောင်လာရသူ များကို အညှာ အတာမဲ့စွာ နှိပ်စက်နေလေသည်။ ထိုအချိန်များတွင် အေးလွန်း၍ အိပ်မရသော လူကြီးတစ်ချို့ အပြင်တွင် မီးပုံကြီးဖိုကာ ငုတ်တုတ် ထိုင်နေကြရသောကြောင့် မထုဘူပါ မီးပုံဘေး သွားသွားထိုင်နေရသည်မှာ အမြဲလိုလိုပင်။ တဖြေးဖြေး ပိုပိုချမ်းလာသော တောင်ပေါ်ဒေသ၏ ဒီဇင်ဘာဆောင်းကို အံတုဖို့ရာက စောင်များများ မပါလာသော သူများအတွက် အခက်တွေ့ရတော့သည်။ မီးပုံဘေးတွင် ထိုင်သာ နေနေရသော်လည်း အဆက်မပြတ် ကျဆင်းလာသော နှင်းများကြောင့် ခေါင်းပေါ်တွင် ရွှဲရွှဲစိုနေလေတော့သည်သာ။ 

Image Hosted by PicturePush - Photo Sharing


စစ်ပွဲ သတင်းများကြောင့်  ရွာကလေးဆီမှာ အလျင်စလို ထွက်ပြေးလာရသည့်အခါ အခြား အရေးကြီးသော ဆန်နှင့် ရိက္ခာများ ဦးစားပေး သယ်လာရသဖြင့် စောင်များများနှင့် အဝတ်အထည်များများ သယ်ဖို့ မဖြစ်နိုင်ခဲ့သဖြင့် နိုင်သလောက်သာ နောက်လွယ်( ပလိုင်းများ) ဖြင့် သယ်ယူလာကြရသည်။ ကလေးများပင် အထုပ်အပိုးနှင့် တစ်နိုင်သယ်ကာ ၂ရက်ခရီးကို လမ်းလျှောက်ရင်း စစ်မြေပြင်ဖြစ်လာမည့် လမ်းကြောင်း တစ်လျှောက် ရှိနေသော ရွာများမှ ထွက်ပြေးလာခဲ့ရသည်။ တစ်လနီးပါးကြာလာတော့ ခိုလှုံနေသည့် ဂိုဒေါင်ကြီးနှင့် ၈မိုင်ခန့် ဝေးသော ရွာကလေးဆီ လိုအပ်တာ လေးတွေကို သွားသွား ဝယ်ရသည်မှာလည်း ပါလာသည့် ငွေစအနည်းငယ်လေးမှာ ကုန်သလောက်ရှိလေပြီ။ ဂိုဒေါင်တွင် နေရာ မရှိတော့သည့်အတွက် တောင်စောင်းတစ်လျှောက် တဲထိုးကာ နေကြရသူများလည်း ရှိသေးသည်။ ထိုအထဲတွင် မထုဘူ ညီမတို့ မိသားစုလည်း အပါအဝင်ဖြစ်သည်။
 

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

ဒီကာလအတွင်းမှာ မထုဘူအတွက် စိတ်မကောင်းအဖြစ်ရဆုံးမှာ ဂမ်ရှောင်လေး ကျောင်းမတက်ရတော့ တာဘဲ ဖြစ်သည်။ သူမတို့ ငယ်ငယ်တုန်းက ယခု နေထိုင်သည့် ရွာတစ်ဝိုက်သည်လည်း စစ် မကြာခန ဖြစ်တတ်သည့် နယ်မြေ ဖြစ်သောကြောင့် လမ်းပန်းဆက်သွယ်ရေး အလွန် ခက်ခဲခဲ့သည့် အတွက် ထိုအချိန်တုန်းက ရွာတွင် ကျောင်းပင်မရှိခဲ့ပါ။ သည့်အတွက် မထုဘူမှာ ယခုအရွယ်သာ ရောက်သည် စာတစ်လုံးမှ မဖတ်တတ်ခဲ့ပါသည်။ တောင်ယာလုပ်၊ ဝက်မွေး၊ တောတောင်ထဲ ဟင်းသီးဟင်းရွက်ရှာ ဘဝဖြင့် ကြီးပြင်းလာခဲ့ရသည်။ မြစ်ကြီးနားတွင် ရှိနေသော မထုဘူတို့ အမျိုးတစ်ချို့မှာ ပညာတတ် သူများ ဖြစ်ကြပါသည်။ မြစ်ကြီးနားမြို့ကို အလည်သွားသည့် အခါတိုင်း မြို့ ပေါ် မှာ ကောင်းကောင်း မွန်မွန် နေနေရသော ပညာတတ်သည့် သူ့အမျိုးများကို အားကျမိ သည်။ မြစ်ကြီးနား ကို ပြောင်းလာဖို့ အမျိုးများက အကြံပေးကြသော်လည်း တစ်သက်လုံး တောရွာ ကလေးတွင် ကြီးပြင်းလာသော သူမအနေဖြင့် မြို့ပေါ်မှာ မလုပ်ကိုင် မစားတတ် ဖြစ် မည်ကို ကြောက်ရွံ့ မိသဖြင့် မပြောင်းဖြစ်ခဲ့ပါ။ 


မထုဘူ၏ မျှော်လင့်ချက်မှာ ဂမ်ရှောင်ဖြစ်သည်။ သားကို ပညာတတ်ကြီး ဖြစ်စေချင်သည်။ သူမ ငယ်ငယ်က မသင်ခဲ့ရသော ပညာများကို သင်စေချင်သည်။ သားများကို ပညာတတ်ပြီး မြို့ပေါ်မှာ နေထိုင် အခြေချစေချင်မိသည်။ ထို့ကြောင့်လည်း ဂမ်ရှောင် ဒီနှစ် ၄တန်းအောင်ပြီးလျှင် မြစ်ကြီးနားရှိ အဒေါ် တစ်ယောက် အိမ်တွင် ပို့ထားပြီး ကျောင်းကို တက်စေဖို့ ရည်မှန်းထားမိသည်။ ဂမ်ရှောင်လေး မှာလည်း ကျောင်းတက်ရသည်ကို အလွန်ပျော်သည့်ကလေးဖြစ်သည်။ အခြားကလေးငယ်များလို မိဘက တောင်ယာသွား၊ စိုက်ခင်းသွားသည်ကို လိုက်ချင်သည့် ကလေးမျိုး မဟုတ်၊ ချောင်းရေထဲမှာ ဖားရှာ၊ ငါးရှာ ပျော်သည်မျိုး မဟုတ်ဘဲ ကျောင်းသွားဖို့ကိုသာ အင်မတန် စိတ်ပြင်းပြသူ ဖြစ် သည်။ ကျောင်းက သင်ပေးလိုက်သည့် စာကိုလည်း စိတ်ဝင်တစား သင်ယူတတ်သဖြင့် ဂမ်ရှောင်လေးမှာ တစ်နေ့တော့ ဘွဲ့ရ ပညာတတ်ကြီးဖြစ်ဖို့ မထုဘူအတွက်  အကြီးမားဆုံး မျှော်လင့်ချက် ဖြစ်နေတော့သည်။ 

သို့သော် ယခုဖြစ်နေသော စစ်ပွဲများကြောင့် ဂမ်ရှောင်တို့ ကျောင်းမတက်ရသည်မှာ တစ်လကျော်လာပြီ။ ဘယ်ချိန်ပြီးဆုံးမည် မသိသော စစ်ပွဲသတင်းကို စောင့်မျှော်နေရသည်မှာလည်း မောလှပြီဖြစ်သည်။ ရွာမှ ဆရာမများသည်ပင်လျှင် အစောကတည်းက မြို့ပေါ်သို့ ထွက်ခွာသွားခဲ့ပြီဖြစ်သည်။ စစ်ဖြစ်ချိန် ရှည်ကြာပြီး ကျောင်း မတက်လိုက်ရလျှင် စာမေးပွဲလည်း ဖြေဖို့ မဖြစ်နိုင်တော့မည် ဖြစ်သည့်အတွက် ဂမ်ရှောင်နှင့်အတူ အခြားသော ကျောင်းသားအရွယ် ကလေးငယ်များအတွက် မထုဘူ ရင်လေးမိသည်။ သူမ ငယ်စဉ်တုန်းကလို ပညာမသင်ခဲ့ရသည့် အဖြစ်မျိုးကို ခုခေတ် ကလေးငယ်တွေ မကြုံတွေ့စေချင်ပါ။ စစ်ပွဲများ မရှိသည်မှာ နှစ် နှစ်ဆယ်နီးပါး ရှိလာပြီးကာမှ အခုတစ်ဖန် မထုဘူတို့ ငယ်တုန်းကလို စစ်ပွဲများ ပြန်ဖြစ်လာသည့်အတွက် ပြေးရ လွှားရ ဘဝကို စိတ်ဆင်းရဲမိရပါသည်။ အထူးသဖြင့်တော့ အရွယ်မရောက်သေးသည့် ကလေးငယ်များအတွက် ပို၍ စိတ်ပူပန်မိပါသည်။ 

လွန်ခဲ့သည့် သုံးရက်ကပင် မထုဘူ ယောင်္ကျား ကိုဘရန်အောင်နှင့်အတူ အခြားသော ရွာသား ၅ယောက်ခန့်က ရွာဘက်က အခြေအနေကို သွားကြည့်မည်ဟု ဆိုကာ ထွက်သွားကြသည်မှာ ခုထိ ပြန်မရောက်ကြသေးပါ။ အခြေအနေ ကောင်းပြီဆိုလျှင်တော့ ရွာပြန်ကြမည်ဖြစ်ပြီး မကောင်းသေးပါက ရွာထဲသို့ ဝင်လို့ရလျှင် အိမ်တွင် ကျန်ရှိနေသော ရိက္ခာများကို ရသလောက် သယ်ယူ လာကြမည်ဟု ပြောသွားကြသည်။ မထုဘူ အနေနှင့်မူ အိမ်ပြန်ရဖို့ကို မျှော်လင့်မိပါသည်။ ထိုအခါတွင်တော့ ဂမ်ရှောင်နှင့်အတူ အခြားသော ကလေးငယ်များလည်း ကျောင်း ပြန်တက်နိုင် မည်၊ ပြီးတော့လည်း အစားဆင်းရဲ အနေဆင်းရဲလှသော ဒီနေရာကနေ ထွက်ခွာပြီး မိမိ အိမ်မှာ ကောင်းကောင်း မွန်မွန် အိပ်စက် နားခိုနိုင်မည်။ ရွာက အိမ်ကလေးတွင် ကောက်ရိုးလေးခင်းပြီး အိပ်ရသည်မှာ ကောင်းလှသည် မထင်ခဲ့သော်လည်း ခုချိန်မှာ ထိုကောက်ရိုးခင်း အိပ်ရာလေးကိုပင် တမ်းတမိတော့သည်။ 

Image Hosted by PicturePush - Photo Sharing


အတွေးနယ်ထဲမှာ လွှင့်ပါနေသော မထုဘူမှာ ထမင်းချက်ရန် သတိရလိုက်ပြီး အိတ်ထဲမှ ဆန်အနည်းငယ်ကို အိုးထဲထည့်လိုက်ကာ ရေထည့်ဖို့ ပြန်သောအခါ ဝါးကျည်တောက် ထဲတွင် ရေ မရှိတော့ သည်ကို တွေ့လိုက်ရသည်။ ရေပုံးမရှိ၍ အနီးနား တောအုပ်ထဲမှာ ဝါးပင်ကို ခုတ်ယူကာ ရေဘူးအဖြစ် သုံးနေရလေသည်။ ဂိုဒေါင်အတွင်းရှိ လူ၅၀၀ ကျော်မှာ မိမိသက်ဆိုင်ရာ မိသားစု အလိုက် ထမင်းဟင်းများကို ချက်ပြုတ်စားသောက်ကြခြင်း ဖြစ်လေသည်။ အနီးဆုံးရွာမှာလည်း ၈မိုင်ခန့်ဝေးပြီး ထိုရွာကလေးမှာ အိမ်ခြေ အနည်းငယ်သာ ရှိသောကြောင့် မထုဘူတို့ လူအုပ်ကြီးကို မကူညီနိုင်ခဲ့ပါ။ သို့သော် အချို့ ရွာသူရွာသားများကတော့ တတ်နိုင်သလောက်တော့ ကူညီကြသော်လည်း ဒီလောက်များလှသည့် လူအုပ်ကြီးအတွက်တော့ ဆင့်ပါးစပ် နှမ်းပက်သလိုသာ ဖြစ်တော့သည်။

ပြီးတော့လည်း သူမတို့ နေထိုင်ရာ ဂိုဒေါင်နှင့် ရေရှိရာ တွင်းကလေးမှာ အတော်ကိုလှမ်းသည်။ သို့သော် မတတ်နိုင်။ ထမင်းချက်ဖို့ ရေသွားခပ်ရမည်ဖြစ်၍ ဝါးကျည်တောက်လေးကို ကောက်ကိုင်လိုက်စဉ်မှာ သားအငယ်လေးက သိပ်ထားရာမှ အော်လေတော့သည်။ သို့နှင့် ဝါးကျည်တောက်ကို ပြန်ချကာ ကလေးကို ချော့ရပြန်သည်။ ခပ်လှမ်းလှမ်းတွင် ဆော့နေသော ဂမ်ရှောင်လေးကို လှမ်းအော်ကာ ရေခပ်ဖို့ ပြောလိုက်ရတော့သည်။  ဝါးကျည်တောက်လေးကို ယူကာရေခပ်ရန် ထွက်သွားသော ဂမ်ရှောင် နောက်ကျောကို ကြည့်ကာ စိတ်မကောင်း ဖြစ်ရပြန်သည်။ သို့သော် ကြာကြာ စဉ်းစားမနေအားပါ။ ဂိုဒေါင် ပတ်ဝန်းကျင်အနီးက ဝါးအခြောက် အခြမ်းလေးများရှာကာ ဂိုဒေါင်က စွန့်ပစ်ထားသည့် အုတ်ခဲကျိုးကိုစုပြီး သုံးပွင့်ဆိုင် ဖိုခနောက် လုပ်ထားသည့် မီးဖိုတွင် ထမင်းချက်ရန် မီးမွှေးလေတော့သည်။ 

Image Hosted by PicturePush - Photo Sharing


အိုးမည်းမည်းတွင် ထည့်ထားသော ဆန်ကို ရေများများနှင့် ဆေးနိုင်မည်မဟုတ်။ ရေခပ်ရတာ ဝေးလှသဖြင့် ဆန်ထဲ ရေထည့်ကာ ထမင်းချက်လိုက်ရုံသာ လုပ်နေကြရသည်။ အနည်းငယ်ရှိနေသော ငရုပ်သီးကို ဆားဖြင့် ထောင်းထားလိုက်သည်။ အခြားဟင်းလည်း ချက်စရာမရှိပါ။ ငရုပ်သီးထောင်းဖြင့် ထမင်းစားနေရသည်မှာ ဘယ်နှစ်နှပ်ရှိပြီဟုပင် မရေတွက်နိုင်တော့ပါ။ ရောက်ခါစကတော့ ပါလာသည့်ရိက္ခာများကို မိသားစုအချင်းချင်း ဝေမျှ စားသောက်ကြသော်လည်း ပါလာသည့် စားသောက်စရာများ ကုန်လေသည့်အခါ ရှိသည့် ငွေကလေးနှင့် ရွာကလေးသို့ သွားရောက် ဝယ်ယူကြသည်။ ယခုအခါတွင်လည်း မည်သူ့ထံမှ ငွေစများ မရှိတော့ပါ။ ကုန်သလောက်ရှိလေပြီ။ အနီးနားရွာမှ လာရောက် လှူဒါန်းသည့် စားဖွယ်များကိုသာ မှီခိုနေရသော်လည်း မထုဘူတို့နေရာသည် အလွန်ခေါင်ဖျားလှသော နယ်စပ် တစ်နေရာတွင် ရှိလေသည့်အတွက် အလှူရှင်များလည်း အလွန်ရှားပါးလှသည်။ အနီးအနား တောတောင်များထဲမှ ပိန်းရွက်၊  မုန်ညှင်း စသည်တို့ကို ရှာဖွေ စားသောက်ရတော့သည်။ ငရုပ်သီးအခြောက်မှာ ခပ်များများ သယ်ယူလာ၍ ကျန်နေသေးသဖြင့် အခြားအသီးအရွက် မရှိသည့်ခါ ငရုပ်သီးထောင်းကိုသာ အားပြုစားရတော့သည်။ 


Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing


အသားငါးဆိုသည်မှာ ဘယ်ဆီနေသည်ပင် မသိတော့ပါ။ အနီးနားတစ်ဝိုက်တွင် မြစ်ချောင်း ဟူ၍လည်း မရှိသောကြောင့် ဖားရှာ ငါးရှာလည်း ရှိမရနိုင်သလို တောကောင်ပစ်ဖို့လည်း လက်နက်ကိရိယာ မရှိကြပါ။ အစားအသောက် ကောင်းကောင်းမစားရသဖြင့် နို့ထွက်နည်းလာသောကြောင့် မထုဘူ၏ နို့စို့အရွယ် ကလေးလေးမှာ တစ်နေ့တစ်ခြား ပိန်လှီလာခဲ့သည်။ သို့သော် သူမ ကလေးတင်မှ မဟုတ်ပါ။ စခန်းရှိကလေးငယ်များမှာ ထိုနည်းနှင်နှင်သာ ရှိလေသည်။ အားလုံး၏ ရင်ထဲတွင် စစ်ပွဲများ အမြန်ဆုံးပြီးဆုံး၍ နေရပ်သို့ ပြန်နိုင်ခွင့်ရဖို့ကို မျှော်လင့်ဆုတောင်းမိကြပါသည်။ ပညာမတတ်သော မထုဘူမှာ စစ်ပွဲတွေ ဘာကြောင့်ဖြစ်ရသည်ကို မသိသော်လည်း ငယ်စဉ်ကတည်းက စစ်၏ အနိဌာရုံများကို ကြုံတွေ့ခဲ့ရသူပီပီ စစ်ပွဲများကို မုန်းတီးလှသည်။ တောင်ယာလုပ်၊ အခင်းစိုက်ဖြင့် ကြီးပြင်းလာရသော်လည်း သူမတို့ ဒေသက ကလေးငယ်များကို သူမကဲ့သို့ စာမတတ် ပေမတတ် မဖြစ်စေချင်ပါ။ အများနည်းတူ ပညာတတ်အဖြစ် ကြီးပြင်းစေချင်ပါသည်။ 

ရေခပ်ရာမှ ပြန်ရောက်လာသော ဂမ်ရှောင်သည် ရေထည့်လာသည့် ဝါးကျည်တောက်ကို မထုဘူ ဘေးတွင်ချကာ  သူငယ်တန်းတုန်းက သူသင်ခဲ့ရသည့် “ပန်းကလေးများ ပွင့်တော့မည် ဖူးတံဝင့်လို့ချီ” ကဗျာလေးကို အော်ဆိုကာ သူ့သူငယ်ချင်းများရှိရာသို့ ထွက်ခွာသွားလေသည်။  အပြစ်မဲ့ ကလေးငယ်များကတော့ ဂိုဒေါင်ရှေ့ ကွင်းပြင်တွင် ထင်းများစုဆောင်း နေရာရွေ့သူရွေ့၊ ကစားသူ ကစားဖြင့် ဘာမှမသိဘဲ ရောက်သည့်နေရာတွင် ကလေးပီပီ ပျော်ရွှင်နေကြသော်လည်း စာသင်ခန်းကို သတိရနေမည်မှာ ဘယ်သူကမှ မငြင်းနိုင်ကြသည့် အမှန်တရားသာ ဖြစ်ပါလိမ့်မည်။ လူကြီးများ ကတော့ အေးစက်နေသော ကွန်ကရစ်ကြမ်းပြင်နှင့် မြေကြီးပေါ်တွင် အိပ်စက်နေရပြီး အစားအသောက် ဆင်းရဲသော စစ်ပြေးဒုက္ခသည်ဘဝမှ မိမိတို့ ကိုယ်တိုင်ရော ကလေးများကိုပါ လွတ်ကင်းလိုလှပါပြီ။ 

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing



အဖိုးအဖွားများ ပြောလေ့ရှိသည်ကို မထုဘူကြားဖူးသည်မှာ ကျွဲနှစ်ကောင်ခတ်သည့်အခါ ခတ်လမ်းကြောင်းတွင်ရှိသည့် မြေဇာမြက်ပင်တို့မှာ ညက်ညက်ကြေသွားတတ်သည်ဟူ၍ ဖြစ်သည်။ ယခုလည်း စစ်ပွဲဟူသည့် ကျွဲနှစ်ကောင် ခတ်သည့်ကြားတွင် မထုဘူ၏ သားသမီးအပါအဝင် ကလေးငယ် လေးများမှာ မြေစာမြက်ပင်များပမာ အနေဆင်းရဲ အစားဆင်းရဲ၊ ဟိုပြေး ဒီလွှားဖြင့် နေရာမရ ဒုက္ခ ရောက်ကြရလေပြီ။ စာသင်ခန်းများနဲ့လည်း ဝေးခဲ့ရပြီ။  ထို့ကြောင့်လည်း မြေစာမြက်များ ပိုမို များပြားလာခြင်း မရှိအောင် စစ်ပွဲများ အမြန်ဆုံး ပြီးဆုံးပါစေဟူ၍သာ အားလုံး၏ ရင်ထဲမှာ နာကျင်စွာနှင့် ဆုတောင်းနေမိ ပါတော့သည်။ 


****************@@@@@@@@@@***************** 



Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

မိမိရဲ့သားသမီး မောင်ညီမတွေ စာသင်နေကြချိန်မှာ ပုံထဲမှာ မြင်ရတဲ့အတိုင်း စာသင်ခန်းနဲ့ဝေးကွာပြီး အနေဆင်းရဲ အစားဆင်းရဲနဲ့ မြေစာမြက် ကလေးတွေပမာ ရှိနေကြရရှာတဲ့ ဒီကလေးတွေဟာ သင်ရဲ့ ဆွေမျိုးသားချင်း၊ မောင်နှမတွေ သာဖြစ်ခဲ့မယ်ဆိုရင် စစ်ပွဲတွေကို ဆက်ပြီး ဖြစ်စေချင်ပါသေးလား လို့ မေးကြည့်ချင်မိပါတော့တယ်။ 



Image Hosted by PicturePush - Photo Sharing

ဓာတ်ပုံများ အားလုံးမှာ စစ်ဘေးဒုက္ခသည်များ၏ ပကတိမြင်ကွင်းများ ဖြစ်ပါသည်။ 

မြေပေါ်မြေအောက် ရတနာများ


“အောင်မော်.. မင်း အောင်မော်မဟုတ်လား”

သူ့နာမည်ကို ခေါ်သံကြားသဖြင့် ပန်းဆိုးတန်းလမ်းပေါ်ရှိ စာအုပ်ဆိုင်တစ်ဆိုင်တွင် စာအုပ်များ မွှေနှောက်နေသော ကိုအောင်မော် ခေါ်သံထွက်လာရာသို့လှည့်ကြည့်လိုက်သည်။

“ဟာ ကျော်စွာ.. မင်း.. ကျော်စွာမဟုတ်လား။ တွေ့ရတာ ဝမ်းသာလိုက်တာကွာ.. ရန်ကုန်လာသာလာပေမဲ့ မင်းနဲ့ တွေ့မယ်တောင် မထင်ဘူး။   မင်းကို စင်္ကာပူမှာဘဲလို့ ထင်နေတာ။ ပြန်ရောက်နေတာကိုး။ မင်း ဝလာလိုက်တာကွာ… မှတ်တောင် မမှတ်မိတော့ဘူး”
“အောင်မာ ဟေ့ကောင် မင်းကရော ဘယ်လောက်များ ပိန်နေလို့တုန်း။ မတွေ့တဲ့ နှစ်၂၀အတွင်းမှာ မင်းလဲ ပြောင်းလဲတာပါဘဲ။ ”

သူ့ဗိုက်ကို လက်သီးဖွဖွထိုးပြီး ကျော်စွာက ပြောလိုက်တော့ နှစ်ယောက်သား ရယ်မောကြရင်း တစ်ယောက်ပုခုံး တစ်ယောက် ဖက်လိုက်ကြသည်။ “အောင်မော် မင်းအခု ဖားကန့်မှာဘဲလား ၊ ဒါမှမဟုတ် ရန်ကုန်ပြောင်းလာတာလား”

“ငါလား ဖားကန့်မှာဘဲပေါ့။ ခုချိန်ထိ ကျောင်းဆရာဘဲ လုပ်နေတယ်လေ။ ရန်ကုန်ကို ကိစ္စနဲ့ ခဏလာတာပါကွာ။ အမြဲတမ်း နေပါဆိုရင်တောင် မင်းတို့ရန်ကုန်မှာ မနေနိုင်ပါဘူး။ ပြီးတော့ ငါ့အဖေနဲ့ အမေအကြောင်းလဲ မင်းအသိဘဲ သူတို့က ကိုယ့်ဇာတိက လွဲလို့ တစ်ခြားမှာ နေဖို့ဆိုတာ ဘယ်လိုမှ လက်မခံတဲ့သူတွေလေ၊ ငါလည်း အဖေနဲ့အမေတို့နဲ့အတူတူ ဟိုမှာပဲ ကလေးတွေကို စာသင်ရင်း နေနေတာပါဘဲ။ မင်းကရော စင်္ကာပူမှာ အလုပ်လုပ်နေတယ်ဆို။ အခု ရန်ကုန်ပြန်ရောက်နေတာလား ။ အိမ်ထောင်ရော ကျပြီးပြီ လား၊ ”

“ငါစင်္ကာပူက ပြန်ရောက်တာ သိပ်တော့မကြာသေးဘူးကွ။ မိတ်ဆွေတွေနဲ့ စီးပွားရေးစပ်တူလုပ်ဖို့ဆိုပြီး ပြန်လာတာ။ ဟိုမှာနေတုန်းက အလုပ်ကိုဘဲ ဦးစားပေးပြီးလုပ်နေတာနဲ့ အိမ်ထောင်ပြုဖို့ကို မစဉ်းစားဖြစ်ဘူးကွာ။ ခုတော့လည်း   လွတ်လွတ်လပ်လပ်ဘဲ နေလာတာကြာတော့ ဒီလိုဘဲ နေချင်တော့တယ် ။ ငါအခု နိုင်ငံခြားကို ပဲတွေပို့နေတယ်လေ။ အလုပ်က စတာတော့ သိပ်မကြာသေးပါဘူး။ အခုကတော့ ပဲပေါ်ချိန်မဟုတ်တော့ နည်းနည်းတော့ အလုပ်ပါးတယ်ကွ။ ဒါပေမဲ့ ရာသီချိန်ဆိုရင်တော့ အတော်အလုပ်ဖြစ်သားကွ။  ”


“မင်းကလည်းကွာ ရွာကထွက်သွားကတည်းက တစ်ခါမှကို ပြန်မလာတော့ဘူးနော်။ ဒီလောက်တောင် စီးပွားရေးနောက်ပဲ လိုက်နေသလားကွာ။ ပြောင်းလဲနေတဲ့ ငါတို့ ဖားကန့်ရဲ့ အခြေအနေတွေ လာကြည့်ပါဦးလားကွ”

“အင်း အနှစ်၂၀တောင်ကြာပြီဆိုတော့ အစစအရာရာ ပြောင်းလဲကုန်ပြီထင်တယ်။ ဘယ်လိုတုန်းကွ ငါတို့ဖားကန့်က အရင် အနှစ်၂၀ထက် အများကြီး တိုးတက်ကုန်ပြီလား”

ကိုကျော်စွာအမေးကို ကိုအောင်မော် ပြန်မဖြေဘဲ ခပ်မဲ့မဲ့တစ်ချက်ပြုံးလိုက်ကာ “မင်းသိချင်တာတွေ ငါပြောပြမယ်လေ.. အေးဆေး စကားပြောရအောင်” ဟူ၍သာ ပြောလိုက်သည်။

ထို့နောက် သူတို့နှစ်ယောက စာအုပ်ဆိုင်မှ ထွက်လာကြပြီး  ပန်းဆိုးတန်းလမ်းပေါ်ရှိ လ္ဘက်ရည်ဆိုင်တစ်ဆိုင်တွင် ဝင်ကာ လ္ဘက်ရည်သောက်ရင်း စကားပြောကြတော့သည်။


သူတို့နှစ်ဦးသည် ကချင်ပြည်နယ်ရှိ ကျောက်စိမ်းထွက်ရာ ဖားကန့်မြို့နယ်က ရွာလေးတစ်ရွာတွင် မွေးဖွားခဲ့ကြကာ တက္ကသိုလ်အတူတူ တက်ခဲ့ကြသူသော တစ်ရွာတည်းသားများ ဖြစ်သည်။ ငယ်စဉ်ကတည်းက ကျောင်းအတူတက်ခဲ့ကြပြီး ထိုစဉ်တုန်းကတော့ စိတ်တူသဘောတူ ချစ်ခင်ရင်းနှီးခဲ့ကြသည်။ ကျောင်းပြီးသွားချိန်တွင် ကိုအောင်မော်က သူ၏ဇာတိ ဖားကန့်တွင် ကျောင်းဆရာ ပြန်လုပ်နေခဲ့သော်လည်း  ကျော်စွာတို့တစ်မိသားစုလုံးကတော့ ရန်ကုန်သို့ ပြောင်းရွေ့သွားခဲ့ပြီး ကိုကျော်စွာမှာ စင်္ကာပူတွင် အလုပ်လုပ်ဖို့ ထွက်သွားသည်ဟု ကြားလိုက်ရသည်က နောက်ဆုံးဖြစ်သည်။ ထိုစဉ်ကတည်းက ပြန်လည် မဆုံဖြစ်ကြတော့သည်မှာ အနှစ်၂၀မျှ ရှိခဲ့လေပြီ။ အခုတော့ ကိစ္စတစ်ခုနှင့် ကိုအောင်မော် ရန်ကုန်အလာ မမျှော်လင့်ဘဲ ပန်းဆိုးတန်းလမ်းပေါ်တွင် ဆုံမိကြလေသည်။ အနှစ် ၂၀အတွင်း အနည်းငယ် ဝဖြိုးလာသည်မှ အပ သူတို့ရုပ်များမှာ သိပ်ပြောင်းလဲခြင်း မရှိပေ။ ပြီးတော့လည်း ငယ်စဉ် တောက်လျှောက် အတူတူ နေခဲ့၍လည်း မတွေ့သည့်အနှစ် ၂၀ကျော်ကြာသည့်တိုင် မှတ်မိနေကြခြင်း ဖြစ်လေသည်။
နှစ်ယောက်သား လက်ရှိအခြေအနေအကြောင်း၊ ရှေးဟောင်းနှောင်းဖြစ် အကြောင်းများပြောရင်း စကားကောင်းနေကြသည်။ ထိုစဉ် လ္ဘက်ရည်ဆိုင်ထဲသို့ ဂျာနယ်ရောင်းသော ကောင်ကလေးတစ်ယောက် ဝင်လာရာ  ဂျာနယ်ဖတ်ချင်သဖြင့် သူက လှမ်းခေါ်လိုက်သည်။ ကောင်လေးလက်တွင် ပွေ့လာသော ဂျာနယ်များမှ သူစိတ်ဝင်စားမည့် သတင်းများ အကြောင်းအရာများ ပါသည့် စာစောင်ကို ရွေးချယ်နေရာ Eleven ဂျာနယ်တွင်ပါသည့် သတင်းတစ်ပုဒ်ကို တွေ့လိုက်ပြီး ထိုစာစောင်ကို ဝယ်ယူလိုက်လေသည်။

“အင်း ငါတို့ဖားကန့်မှာ လက်ရှိလုပ်နေတဲ့ ကျောက်စိမ်းလုပ်ကွက်တွေ လျှော့တော့မယ်ဆိုပါလား ဒီသတင်းမှန်လို့ကတော့ ဝမ်းသာစရာသတင်းဘဲ” ဟု ပြောလိုက်လေသည်။

“ဘယ်လို… လုပ်ကွက်တွေ လျှော့တာဝမ်းသာတယ် ဟုတ်လား… မင်း ရူးများနေလားကွာ၊ လုပ်ကွက်တွေ များရင် ကျောက်စိမ်းများများ ထုတ်နိုင်မယ်။  တိုင်းပြည်ရဲ့ နိုင်ငံခြားငွေလည်း အများကြီးရမယ်. ပြီးတော့ အဲဒီ ကျောက်စိမ်းတွင်းတွေမှာ မှီပြီး အလုပ်လုပ်တဲ့သူတွေလည်း ဝင်ငွေကောင်းမယ်၊ ပြီးတော့ ဒေသခံတွေလည်း စီးပွားရှာလို့ ပိုကောင်းတယ် ၊ မြို့ရွာလည်း ပိုပြီး တိုးတက်လာမယ် မဟုတ်လား၊ ဟိုတလောက ငါဖတ်လိုက်ရတဲ့ သတင်းတစ်ခုမှာ ကျောက်စိမ်းရောင်းချရငွေဟာ သဘာဝဓာတ်ငွေ့ကို ရောင်းချရငွေနဲ့ တန်းတူလောက်ကို ရှိလာပြီလို့ ဖတ်လိုက်ရတယ်။ ကျေက်စိမ်းထုတ်လုပ်မှုတွေ အဆမတန် တိုးတက်လာတယ်တဲ့။ ကျောက်စိမ်းရောင်းချရငွေကလည်း လွန်ခဲ့တဲ့ ၅နှစ်ကထက် ၆ဆလောက် ခုန်တက်သွားတယ် ဆိုတာလည်းပါတယ်။  ဒီလောက် ဝင်ငွေကောင်းတဲ့လုပ်ငန်းကို အခုလို လုပ်ကွက်တွေ လျှော့တယ်ဆိုတာ  မင်းက စိတ်မကောင်း ဖြစ်ရမဲ့အစား ဝမ်းသာတယ် ဆိုတော့ ငါတောင် နားမလည်နိုင်တော့ဘူးကွာ။ ” ဟု ကိုကျော်စွာ က အံ့သြစွာဖြင့် သူ့ကို ပြန်ပြောတော့သည်။

ကိုအောင်မော်က ကျော်စွာစကားကို ဆုံးအောင်နားထောင်ရင်း လ္ဘက်ရည်ခွက်ကို ကောက်ကိုင်ကာ တစ်ငုံသောက်လိုက်ပြီး “ အင်း...  မင်းကလည်း စီးပွားရေးသမားပီပီ ငွေရတာကိုဘဲ မြင်တာကိုးကွ။ ငွေရတာတစ်ခုတည်းကြည့်ပြီး ပြောမယ်ဆိုရင်တော့ ဟုတ်တာပေါ့ကွာ။ မင်းကို ငါ ဥပမာတစ်ခုပြောပြမယ်.. မင်းမိဘတွေဆီက ရွှေပိဿာချိန် ၁၀၀ အမွေရတယ် ဆိုပါတော့.”

သူစကား မဆုံးသေးခင်ပင် ကိုကျော်စွာက ဖြတ်ပြီးပြောလိုက်သည်။

“အလဲ့ တယ်မိုက်တဲ့ ဥပမာပါလား။ မင်းပြောတဲ့အတိုင်း ရွှေပိဿာချိန် ၁၀၀ အမွေရရင် ဘယ်လောက်ကောင်းမလဲ ဟဲဟဲဟဲ”
“စကားဖြတ်မပြောနဲ့ကွာ. ငါပြောတာ အရင်နားထောင်ဦး” ကိုအောင်မော် ပြောလိုက်သဖြင့် ကိုကျော်စွာက မျက်နှာပိုးသတ်လိုက်ပြီး သူပြောတာကို ဆက်နားထောင်သည်။

“အဲဒီလို ရွှေပိဿာ ၁၀၀ အမွေရတဲ့အခါမှာ အိုးတစ်လုံးထဲထည့်ထားပြီး မင်း ဘာအလုပ်မှမလုပ်ဘဲ ဒီရွှေတွေကိုဘဲ အိုးထဲကနေ နှိုက်သုံးနေမယ်ဆိုရင်  မင်းရဲ့ ရွှေပိဿာ၁၀၀ဟာ တစ်ချိန်ချိန်မှာ ကုန်မသွားနိုင်ဘူးလား၊ ဒီရွှေပိဿာ၁၀၀ ဆိုတာ သုံးမကုန်နိုင်တဲ့ ပမာဏမဟုတ်ဘူးလေကွာ အကန့်အသတ်ရှိတဲ့ ပမာဏတွေဘဲ၊ အိုးထဲမှာရှိနေပေမဲ့ တိုးပွားလာတဲ့ အမျိုးလည်း မဟုတ်ဘူးလေကွာ၊ မင်းများများ သုံးပစ်ရင် မြန်မြန်ကုန်မယ်။ နည်းနည်းချင်းသုံးရင် နည်းနည်းစီ ဖြေးဖြေးချင်းကုန်မယ်။ သေချာတာ တစ်ခုခုကတော့ ဒီအတိုင်းသာဆို တစ်နေ့နေ့မှာ သေချာပေါက် ဒီရွှေတွေ ကုန်သွားမယ် ငါပြောတာ ဟုတ်တယ် မဟုတ်လား၊ မင်း ဒါကို လက်ခံရဲ့လား ”

သူပြောတာကို ကိုကျော်စွာက တစ်ချက် စဉ်းစားဟန်နှင့် တိတ်ဆိတ်သွားပြီးနောက် “အင်း.. ဟုတ်ပြီ မင်းပြောတာ ငါလက်ခံတယ်။ ဒီတိုင်းသာဆက်သုံးနေရင် ကုန်သွားမှာ သေချာတယ် မင်းက ကျောင်းဆရာလို့ မပြောရဘူး စကားပြောတာ ဥပမာတွေ ဘာတွေနဲ့ အတော်ကွန့်တဲ့ကောင်၊ ကဲ ဒီဥပမာက မင်း ဘာကိုဆိုလိုချင်တာလဲ ဆက်ပြော”

“ဟကောင်ရ.. အဲဒီဥပမာက ငါတို့တိုင်းပြည်ကထွက်တဲ့ သဘာဝဓာတ်ငွေတွေ၊ ငါတို့ဖားကန့်ဒေသက ကျောက်စိမ်းတွေနဲ့ အတူတူဘဲလေ။ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း များစွာကတည်းက ကမ္ဘာမြေကြီးရဲ့အောက်မှာ မြေကြီးရဲ့ အပူချိန်တွေ၊ ဖိနှိပ်အားတွေ၊ သဘာဝတရားရဲ့ ဆန်းကျယ်မှုနဲ့ ဖြစ်တည်လာတဲ့ ရတနာတွေ လေကွာ၊ အခုချက်ခြင်း ဖြစ်လာတဲ့ အရာတွေ မဟုတ်ဘူး။ တစ်နှစ် နှစ်နှစ်နဲ့လည်း မဖြစ်ဘူး၊ နှစ်ပေါင်း ရာနဲ့ချီပြီးကြာရင်လည်း ဖြစ်လာနိုင်တာမျိုးမဟုတ်ဘူး ။ အဲဒီ ရတနာတွေကို အတားအဆီးမရှိ ထုတ်လုပ်နေရင် အချိန်ခဏတာအတွင်းမှာ ကုန်သွားမယ်။ အဲဒီရတနာတွေက မင်းရွှေအိုးထဲက ရွှေတွေ ကုန်သလိုဘဲ ကုန်သွားမယ်။ အဲလို ကုန်သွားရင် မင်းဘာဆက်လုပ်မလဲ ပြော”


ကိုအောင်မော်က စကာကို ခဏရပ်လိုက်ကာ ရေနွေးတစ်ငုံကို သောက်လိုက်ပြီးမှ ဆက်ပြောသည်။ “ ပြီးတော့ မင်းဖားကန့်ကနေ ထွက်သွားပြီး အနှစ် ၂၀အတွင်းမှာ ဟိုမှာ ဘာတွေဖြစ်ကုန်ပြီလဲဆိုတာ မင်းမသိသေးဘူး၊ ကျောက်စိမ်းလုပ်ကွက်တွေ များလွန်းလို့ ဖားကန့်က တောင်တွေ၊ တောတွေ ကုန်သလောက် ရှိနေပြီ။ ငွေတစ်ခုတည်းကြည့်ပြီး တောတောင်အနှံ့တူးပစ်လိုက်ကြတာ ဖားကန့်နယ်မြေကြီး ဘယ်လို ပြောင်းလဲသွားတယ်ဆိုတာ မင်းမသိသေးဘူးနဲ့တူတယ်။ မင်းနဲ့ငါ ငယ်ငယ်က အမြဲတမ်းရေချိုးနေတဲ့ ဥရုချောင်းလဲ ဒူးခေါင်းလောက်သာ ရှိတော့တယ် ပြီးတော့ အရင်ကလို ကြည်လင်နေတယ်များ မထင်နဲ့။ ရွံ့နှစ်ရေတွေနဲ့ နောက်ကျိနေတာ။ ချောင်းထဲမှာ ကျောက်စိမ်းတွေ၊ ရွှေတွေရှာကြပြီး ချောင်းကို မြေလှန်ပစ်ကြတယ်ကွာ၊ ချောင်းထဲမှာ မြေစာတွေ ပုံနေတာ မင်းမှမမြင်ဘဲ။ ပြီးတာ့ ငါ့တစ်သက် မိုးဘယ်လောက်ရွာရွာ ရေနှစ်တယ်ဆိုတာ မရှိခဲ့တဲ့ ငါတို့ တစ်မြို့လုံးလည်း မိုးတွင်းရောက်တိုင်း ရေနစ်နေတာတွေ မင်းမကြားမိဘူးလား”

“အဲဗျ.. မင်းပြောတာလည်း ဟုတ်တာဘဲ၊ ငါက ကျောက်စိမ်းတွေ များများရှာဖွေနိုင်လို့ နိုင်ငံခြားဝင်ငွေ များများ ရတယ်ဆိုတာတွေ ကြားလို့ဝမ်းသာနေတာ။ ငါ ဖားကန့်ကို မရောက်ဖြစ်ပေမဲ့ ဟိုကနေ ပြန်လာပြီးကတည်းက ဖားကန့်သတင်းတွေကိုတော့ အမြဲတမ်း နားစွင့်နေပါတယ်ကွာ၊ ရေကြီးပြီး ရွာတွေရေနစ်တယ်ဆိုတာ သတင်းမှာ ဖတ်လိုက်ရပါတယ်။ ဒါပေမဲ့ ရိုးရိုး ချောင်းရေကြီးလို့ နစ်တယ်ဘဲ ထင်တာလေ။ ဒီလိုကြောင့်ဆိုတာ ငါဘယ်သိပါ့မလဲ။ အေး ဟုတ်တယ် မင်းပြောတာ ဒီကျောက်စိမ်းတွေ ကုန်သွားရင် ဘယ်လိုများ လုပ်ကြမှာပါလိမ့်၊ ပြီးတော့ မြစ်ချောင်း ရှင်းလင်းရေးတွေ ဘာတွေရော မလုပ်ကြဘူးလားကွာ”

“အင်း မလုပ်ဘူးတော့ မဟုတ်ပါဘူး လုပ်ပါတယ်။ ဒါပေမဲ့ မထိရောက်ဘူးကွ. ဒီလောက်များတဲ့ ကုမ္ပဏီတွေ၊ လုပ်ကွက်တွေက ပစ်တဲ့ မြေစာတွေကြောင့် ချောင်းတွေကို တိမ်ကောပြီး ချောင်းရဲ့ အကျယ်ကလည်း ဘယ်လောက်မှ မရှိတော့ဘူး။ ဒီမိုးဦးတုန်းက  ငါတို့ဖားကန့်မှာ စံချိန်တင် ရေကြီးသွားတာ မင်းကြားလိုက်တယ် မဟုတ်လား၊ မင်းဖားကန့်မှာ နေခဲ့တဲ့ သက်တမ်းတစ်လျှောက် ဘယ်တုန်းက မြို့ထဲရေလျှံတာ ကြားဖူးလို့လဲ။ အေး အခုတော့  ငါတို့ ဖားကန့်ဒေသက မြို့တွေ ရွာတွေ အားလုံးကို ရေနှစ်တာ ခုနောက်ပိုင်း နှစ်တိုင်းလို ဖြစ်နေပြီကွ။ တကယ်လို့ မြစ်ချောင်းကို စံနစ်တကျ ရှင်းလင်းရင် ဘယ်ဒီလိုဖြစ်စရာ မရှိဘူးလေကွာ.. ကျောက်စိမ်းရတော့ ကုမ္မဏီတွေက ရကြတယ်၊ ဒုက္ခရောက်ကြတော့ ငါတို့ဒေသခံတွေလေ။”

“အေးကွာ အောင်မော်ရာ၊ ငါလဲ ဖားကန့်ကနေ ထွက်လာကတည်းက ပြန်မရောက်ဖြစ်တော့ဘူးဆိုတော့ ငါနေခဲ့တဲ့ ငါ့မွေးရပ်မြေဖားကန့်က ဘယ်လိုပြောင်းလဲသွားတယ်ဆိုတာ ငါလဲ သေချာ မသိဘူးပေါ့ကွာ။ အရင်လို တောတွေ တောင်တွေ စိမ်းစိမ်းစိုစို သာသာယာယာဘဲ မှတ်တာပေါ့ကွာ”

“မင်း ဒီသတင်းကို သေချာဖတ်ကြည့်”  သူက အစောတုန်းက သူဖတ်နေသော Eleven စာစောင်ထဲမှ ဖားကန့်အကြောင်းပါသည့် သတင်းကို လက်ညိုးထိုးပြကာ ကိုကျော်စွာကို ပြောလိုက်သည်။

“ဒီသတင်းမှာပါတဲ့ အတိုင်းဘဲလေ ငါတို့ဖားကန့်မှာ ကျောက်စိမ်းနဲ့ ရွှေ လာရှာတဲ့ ကုမ္ပဏီပေါင်း  ၄၁၅ ခုရှိတယ်လို့ ဖော်ပြထားတယ်။  လုပ်ကွက်ပေါင်းက ၇၅၃၅ ခုရှိတယ်တဲ့။ ပြီးတော့ မြေတူးစက်က ၂၄၇၄ စီး၊ မြေထိုးစက် ၃၇ စီး၊ မြေသယ်တဲ့ကား ၅၃၄၇ စီးတွေနဲ့ ငါတို့ဖားကန့်ကို မြေလှန်ရှာနေကြတယ်လေ။ ဒီလောက်များတဲ့ မြေထိုးစက်တွေ မြေသယ်စက်တွေနဲ့ တူးနေကြရင် ဘယ်လောက်ကြီးတဲ့ တောင်တွေဖြစ်ဖြစ် တောတွေဖြစ်ဖြစ် ဘယ်လိုလုပ် ကြာကြာခံနိုင်မလဲ၊ ပြောင်တော့တာပေါ့။ ဥရုချောင်းဆိုတာများ ဒီမြေတူးစက်တွေနဲ့ ဟိုဘက်ရွှေ့လိုက်၊ ဒီဘက်ရွှေ့လိုက် လုပ်နေတာ သိပ်ကြီးကျယ်တဲ့ ချောင်းလို့တောင် မထင်ရတော့ဘဲ ခပ်သေးသေး မြောင်းကလေးလား မှတ်ရတယ်။”

ကိုကျော်စွာက ခေါင်းတစ်ဆတ်ဆတ်ညိမ့်ရင်း ပြောလိုက်သည်။ “အင်း ဥရုချောင်းရေတွေ နောက်ကျိနေပြီ ဆိုတာတော့ ငါလဲ သိပါတယ်ကွာ၊ ဒါပေမဲ့ ဒီလောက်ဆိုးဆိုးဝါးဝါး ဖြစ်လိမ့်မယ်လို့တော့ မမျှော်လင့်ထားဘူးလေ”

“ကျောက်စိမ်းများများတူးတော့ ပိုက်ဆံတွေများများ ရတယ်ဆိုတာတော့ ဟုတ်ပါရဲ့ ဒါပေမဲ့ မင်းတစ်ခု စဉ်းစားကြည့်၊ ဈေးကွက်မှာ ပစ္စည်းတွေ သိပ်ပေါပြီး ဝယ်နိုင်အားနဲ့ ရောင်းလိုအား မမျှတော့တဲ့အခါ ဘာတွေဖြစ်လာမလဲ။ မင်းရောင်းချင်တဲ့ ပစ္စည်းက ဈေးကောင်းရနိုင်ပါဦးမလား၊ ပစ္စည်းတွေ ပေါနေတော့ ဝယ်တဲ့သူကလည်း ဈေးကိုင်တယ်၊ ဝယ်ပြန်တော့လဲ ဈေးနှိမ်ပြီးမှ ဝယ်တယ်။ အဲ ပစ္စည်းရှားနေပြီဆိုရင်တော့ မင်းကြိုက်ဈေးနဲ့ စိတ်ကြိုက်သာ ရောင်းပေတော့ ၊ ဝယ်သူတွေ အလုအယက် ဝယ်ကြလိမ့်မယ် ။ ဟုတ်တယ် မဟုတ်လား ငါပြောတာ။ ငါတို့ကျောက်စိမ်းလဲ ဒီလိုပါဘဲကွာ၊ အခုအချိန်မှာ ဖားကန့်မှာရှိသမျှ ကျောက်စိမ်းတွေကို အလုအယက် ထုတ်နေလိုက်ကြတာ မင်းမြင်စေ့ချင်တယ်။  တကယ်လို့ ဒီကျောက်စိမ်းတွေ ကုန်သွားတဲ့အခါ နောက်လူတွေ ဘယ်လိုများ...”

ကိုအောင်မော်က ဆက်မပြောတော့ဘဲ သက်ပြင်းတစ်ချက်ချကာ စကားကို ရပ်ထားလိုက်တော့သည်။ နှစ်ယောက်သား စကားမပြောဖြစ်ဘဲ အတွေးကိုယ်စီဖြင့် ငြိမ်သက်သွားတော့သည်။ ခဏကြာမှ

“ဒါနဲ့ ကျော်စွာ ငါပြန်ရင် ဖားကန့်ကိုလိုက်ခဲ့ပါလား ။ မင်းကို ငါတို့ငယ်ငယ်တုန်းကနဲ့ ဘယ်လိုမှ မတူတော့တဲ့ ဖားကန့်ကို ပြချင်တယ်၊ မင်းလဲ တစ်ခေါက်မှ ပြန်မရောက်ဖြစ်တော့တာနဲ့ အတော်ဘဲလေ၊ ငါ သန်ဘက်ခါ ပြန်မယ်။ ဘယ်လိုလဲ လိုက်ခဲ့မလား?”

ကိုအောင်မော်စကားက ကိုကျော်စွာကို စိတ်လှုပ်ရှားသွားစေခဲ့သည်။ မရောက်တာကြသည့် သူ့မွေးရပ်မြေကို တစ်ခေါက်လောက်တော့ ပြန်ကြည့်ချင်စိတ်တွေ ဖြစ်လာမိသည်။

“ဟေ့ကောင်.. မင်းတကယ်ပြောတာလား၊ ငါလဲ မရောက်တာကြာပြီဆိုတော့ လိုက်ကြည့်ချင်တယ်ကွာ၊ အင်း ရက်သိပ်မကြာရင်တော့ ငါ့အလုပ်တွေက သူငယ်ချင်းတွေနဲ့ လွဲထားခဲ့လို့ရပါတယ်။ မရောက်တာကြာတဲ့ ကိုယ့်မွေးရပ်မြေကို သွားဖို့ဆိုတာ တကယ်တော့ ရင်ခုန်စရာဘဲကွနော်။ အိုကေ ငါလိုက်မယ်”
သူတို့နှစ်ယောက် သဘောတူညီမှု ရကြပြီး ကိုအောင်မော်ပြန်မည့်နေ့တွင် သူပါ လိုက်ပါဖို့ Air Bagan တွင် ရန်ကုန် မြစ်ကြီးနား လေယာဉ်လက်မှတ် ၂စောင် ဝယ်ယူထားလိုက်တော့သည်။


**********@@@***********

ရန်ကုန်မှ မြစ်ကြီးနားသို့ လေယာဉ်ဖြင့် ထွက်လာကြရာ လေယာဉ်ပေါ်မှ မြေပြင်သို့ မြင်ရသည့် ရှုခင်းများကို  ငုံ့ကြည့်နေမိကြသည်။  ကောင်းကင်ပေါ်မှ မြင်ရသည့်ရှုခင်းများသည် မြေပြင်တွင် မြင်ရသည့် အနေအထားနှင့် လုံးလုံးမှ မတူညီပါ။ လေယာဉ်က တိမ်တွေ၏ အထက်တွင် ရောက်နေသဖြင့် ဟိုတစ်ကွက် ဒီတစ်ကွက် တိမ်မျှင်ဖြူများကြားမှ မြေပြင်ကို ကြည့်ရသည်မှာ စိတ်လှုပ်ရှားဖို့ ကောင်းနေသည်။


Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

မြေပြင်ပေါ်မှ စိုက်ပျိုးမြေများ၊ လယ်ကွက်များသည် သင်ဖြူးဖျာချပ်ကလေးများ ခင်းထားသည့်နှယ် အကွက်လိုက် အချပ်လိုက် လှပနေကြသည်။
Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing


မြောက်မှ တောင်သို့ မြန်မာပြည်တစ်နံတလျား  စီးဆင်းနေသည့် ဧရာဝတီမြစ်ကြီးကတော့ မြေပြင်ပေါ်တွင် မြွှေကြီးတစ်ကောင်နှယ်   ကွေ့ကွေ့ကောက်ကောက် တွန့်လိမ်ရစ်ခွေ စီးဆင်းနေသည်မှာ ကြည့်၍ မဝနိုင်အောင် လှပလွန်းနေသည်။ မြစ်ကြီးဧရာဝတီကို အပေါ်စီးမှ မြင်ရသည့်မြင်ကွင်းက သူတို့နှစ်ယောက်အတွက် တသိမ့်သိမ့်ဖြင့် ငြိမ့်ငြိမ့်လေး ခံစားမှုမျိုးကို ပေးနိုင်စွမ်းလေသည်။ ကိုယ့်တိုင်းပြည်ရေမြေကို အပေါ်စီးက မြင်တွေ့ရခြင်းသည် ကြည်နူးမှုလား၊ အံ့သြမှုလား ဘယ်လိုခံစားချက်မှန်း မသိနိုင်သည့် ထူးဆန်းသော ခံစားချက် ဖြစ်လေသည်။ ဧရာဝတီမြစ်ကြီးထဲတွင် သွားလာနေသော သင်္ဘောလေးများကို ပုရွက်ဆိတ် ကလေးများ သွားလာနေသည့်သဖွယ် မြင်တွေ့ရပြီး မြစ်ကမ်းဘေးရှိ မြို့ပြအိမ်ယာများကိုလည်း သာယာလှပစွာ တွေ့မြင်ရလေသည်။ ထိုမြစ်ကြီးကို အမှီပြုပြီး မြို့ပြနိုင်ငံထူထောင်ခဲ့သော သူတို့၏ မြန်မာပြည်ကြီးသည် နှစ်ပေါင်းများစွာ ရှည်ကြာခဲ့လေပြီ။ 
Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing



လေယာဉ်ပေါ်မှ ကြည့်မှပင် မြစ်ကမ်းဘေးမှာတစ်လျှောက် မြို့ရွာများစွာ၊ စိုက်ပျိုးမြေယာ များစွာ ရှိနေသည်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ရတော့သည်။ ထိုမြင်ကွင်းများကို ကိုအောင်မော်ရော၊ ကိုကျော်စွာပါ စကားပင် မပြောမိဘဲ ကြည့်နေမိကြသည်။ အကယ်၍များ ဧရာဝတီမြစ်ကြီး ခမ်းခြောက်သွားခဲ့လျှင်၊ တိမ်ကောသွားခဲ့လျှင် မြစ်ကြီးကို အမှီပြုကာ နေထိုင်ရသော လူသားများ၊ ဝမ်းစာ ရှာဖွေရသော သူများ၊ ကူးသန်း သွားလာရေးအတွက် မြစ်ကြောင်းကိုသာ အားကိုးရသူများမှာ ဘယ်ကဲ့သို့ ရှေ့ဆက်သွားမည်ကို တွေးမိတော့ ရင်ထဲ မွန်းကြပ်လာသလို ခံစားမိတော့သည်။ သူနှင့်ကိုကျော်စွာတို့ အတွေးတူညီသည့်အလား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိကာ သက်ပြင်းကို ပြိုင်တူ ချမိကြလေသည်။


ဖားကန့်ဒေသမှထွက်သော ကျောက်စိမ်းများသည် မြေအောက် ရတနာများဆိုလျှင်တော့ ညင်သာငြိမ့်ညောင်းစွာ စီးဆင်းနေသော ဧရာဝတီမြစ်ကြီးကတော့ မြေပေါ်မှ ရတနာတစ်ခုသာ ဖြစ်တော့သည်။ ထိုဧရာဝတီမြစ်ကြီးသည် သူတို့အတွက်တော့ သဘာဝတရားက ပေးသည့် တန်ဖိုးဖြတ်မရနိုင်သော လက်ဆောင်ရတနာ တစ်ခုသာ ဖြစ်လေသည်။ ရတနာဟူသည် တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်ကြရမည့်အရာ ဖြစ်သည်။ မည်မျှပင်အဖိုးတန်သော ရတနာပင်ဖြစ်စေ တန်ဖိုးမထား မထိန်းသိမ်းတတ်သူများ လက်ထဲတွင်တော့ တန်ဖိုးမဲ့ဖြစ်ရတတ်လေသည်။


ကိုကျော်စွာ စိတ်ထဲတွင်လည်း  မရောက်တာကြာသည့် ဖားကန့်ကိုရောက်လျှင် မည်ကဲ့သို့သော မြင်ကွင်းမျိုးတွေက ဆီးကြိုလေမည်လဲဟု တွေးကာ ရောက်ချင်စိတ်က စောနေလေတော့သည်။



**********@@@***********


ကိုကျော်စွာတစ်ယောက် ဖားကန့်ရောက်သွားတဲ့အခါ သူနေခဲ့တဲ့ လွန်ခဲ့သော နှစ်များနဲ့မတူ ပြောင်းလဲနေတဲ့ ဖားကန့်မြင်ကွင်းက ဘယ်လိုများ ဆီးကြိုမလဲဆိုတာ စောင့်မျှော်ကြည့်ကြပါစို့လားရှင်။


Image Hosted by PicturePush - Photo Sharing




ပိုစ့်အတွင်းပါသတင်းများကို အနီရောင်စာသားများပေါ် ကလစ်နှိပ်၍ ဖတ်ရှုနိုင်ပါသည်။ သတင်းများအတွက် Eleven Media အား အထူးကျေးဇူးတင်ရှိပါသည်။

ညလယ်ယံမှ အသက်ရှူသံ


နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော သူမနားထဲသို့ တိုးညင်းသော အသက်ရှုသံ ဖွဖွလေးက အိပ်မက်ထဲမှာလိုလို ကြားနေရသည်။ သူမ အိပ်မက်မက်နေသည်လား။ ထိုအသက်ရှုသံကို အိပ်မက်ထဲမှာ ကြားနေရတာလား၊ အပြင်မှာ တကယ် ကြားနေတာလား ဝေခွဲမရ ဖြစ်နေမိသည်။ မိမိကိုယ်ကိုလည်း အိပ်ပျော်နေသည်လား နိုးနေသည်လား မသေချာ ။ အိပ်တစ်ဝက်နိုးတစ်ဝက် ဖြစ်နေတာဖြစ်မည်။ သို့သော် မျက်လုံးက ဖွင့်လို့ မရသလို၊ တစ်ကိုယ်လုံးလည်း လှုပ်ရှားလို့ မရ ဖြစ်နေခဲ့သည်။ သူမလက်က ဘေးနားက ဖက်လုံးကို တင်းတင်း ဆုပ်ကိုင်လိုက်ကာ မိမိကိုယ်ကိုယ် အိပ်ရာက နိုးလာအောင် ပြန်နိုးယူလိုက်ရသည်။ အိပ်မက်၏ အပြင်ဘက်ကမ္ဘာ လက်ရှိ သူမ အခန်းလေးထဲသို့ စိတ်၊ ခန္ဓာတစ်ခုလုံး ပြန်ရောက်ချိန်မှာ မျက်လုံးကို ဖွင့်ကြည့်လိုက်တော့ တစ်ခန်းလုံး မဲမှောင် တိတ်ဆိတ်လို့နေသည်။ မအိပ်ခင်က သူမ အခန်းမီးကို ပိတ်ထားခဲ့သည်ဘဲ။ သို့သော် အိပ်မက်ထဲမှာ ကြားရသည်ဟု ထင်နေခဲ့သော အသက်ရှုသံ တိုးဖွဖွက အပြင်မှာ တကယ်ကိုကြားနေတာ ဖြစ်ကြောင်း သူမ သိသွားသောအခါ ကြက်သီးမွေးညှင်းများ ထောင်ထသွားအောင် လူတစ်ကိုယ်လုံး ဖျင်းကနဲ ဖြစ်သွားတော့သည်။ ဟုတ်ပါ့မလား ဆိုသောစိတ်ဖြင့် သေချာ နားစိုက်ထောင်လေ ထိုအသက်ရှုသံတိုးတိုးလေးက ပိုသိသာလေ။ သူမနားထဲ သဲသဲကွဲကွဲ ပိုကြားရလေ ဖြစ်လာသည်။


“ဘုရားရေ” ဒါဟာ တကယ်ပါဘဲ… အိပ်မက်ထဲမှာ ကြားနေရတာ မဟုတ်ဘဲ၊ အပြင်မှာ တကယ်ကို ကြားနေရတာပါလား .. သူမ အခန်းထဲ ဘယ်နေရာကနေ အသက်ရှုသံ ထွက်ပေါ်နေတာပါလိမ့်။  တံခါးတွေကို အမြဲတမ်း သေသေချာချာ အလုံပိတ်ပြီးမှ တစ်ယောက်တည်း အိပ်တတ်သော သူမ အခန်းထဲသို့ သက်ရှိတစ်ကောင်တစ်လေမှ ၀င်ရောက်နိုင်ဖွယ် မရှိပါ။ သို့သော် သေချာတာက အသက်ရှုသံ တိုးတိုးလေးကို တကယ်ကြားနေရခြင်းဖြစ်သည်။ ထိုအသက်ရှုသံက ခြေရင်းဘက်ဆီမှ ထွက်ပေါ်လာနေတာ ဖြစ်ပြီး အမှောင်ထဲမှာ သူမ ခေါင်းလေးကို မသိမသာထောင်၍ အားစိုက်ကြည့်မိသော်လည်း ဘာကိုမှ မမြင်နိုင်လောက်အောင် မဲမှောင်လို့နေသည်။ သူမ ခြေဖျား၊ လက်ဖျားများလည်း အေးစက်လို့လာသည်။ အိမ်ကလူတွေ ကြားအောင် အော်ဟစ်လိုက်ရမည်လား စဉ်းစားမိသေးသည်။ သို့သော် ထိုသို့ အော်လိုက်တုန်း ယခုအသက်ရှုသံ ထွက်ပေါ်လာနေသော အရာဆီမှ သူမကို တစ်ခုခု လုပ်လိုက်လေမည်လား ဆိုတာကို စဉ်းစားမိပြန်တော့ အသံပင် မထွက်ရဲချေ။ ပြီးတော့ အော်လိုက်ရင်လည်း အိမ်ကလူတွေ ရုတ်တရက် ချက်ခြင်းနိုးဖို့က မသေချာပြန်။ ဒီချိန်ဆို အားလုံး အိပ်မောကျနေလောက်ပေပြီ။ ထိုအချိန်လေးမှာ တစ်ခုခုဖြစ်မသွားဘူးလို့ မပြောနိုင်ပါ။

သူမအခန်းထဲ လူတစ်ယောက်ယောက်များ ၀င်နေတာလား။ တွေးမိပြန်တော့ တုန်လှုပ်စိတ်ဖြင့် ချွေးစေးများပင် ပြန်စပြုလာသည်။ အခန်းထဲမှ ထိုသူသည် သူမ အသက်အန္တရာယ်ကို ရန်ရှာဖို့လား။ ပစ္စည်းလိုချင်တဲ့သူလား။ ကယ်တော်မူပါ။ သူမ ဘာလုပ်ရမှာပါလိမ့်။ ဒီပုံအတိုင်း မိုးလင်းအောင် ထိုင်စောင့်နေရမည်လား။ အိုး.. ဒီအသက်ရှုသံ ထွက်ပေါ်နေသော တစ်စုံတစ်ယောက်ရှိနေတာ သေချာသည့် ဒီအခန်းထဲ ဘယ်လိုနည်းနဲ့ မနက်မိုးလင်းချိန်ထိ သူမ စောင့်နေနိုင်ပါ့မလဲ။ အခန်းမီးကို ဖွင့်လိုက်ချင်သော်လည်း မီးခလုပ်က ကုတင်နှင့် ခပ်လှမ်းလှမ်းမှာမို့ ထိုနေရာထိ ရောက်အောင် သွားဖို့က ကုတင်ပေါ်မှ ဆင်းရမည်။ ထိုသို့ ကုတင်ပေါ်မှ ဆင်းလိုက်လို့ သူမဆီက လှုပ်လှုပ်ရှားရှား အသံကြားလျှင် ထိုအသက်ရှုသံ ထွက်နေသော အရာက သူမကို တစ်ခုခု မလုပ်ဘူးလို့ ဘယ်သူက ပြောနိုင်ပါ့မလဲ။ သူမ ကုတင်နားတစ်ဝိုက်တွင် မီးခြစ်လို၊ အင်မာဂျင်စီလိုက်လို အရာမျိုးလည်း တစ်ခုမှ ယူမထားမိ။ သူမဆီက တစ်စုံတစ်ရာ အသံထွက်သွားမည်စိုး၍ အိပ်ပျော်ရာမှ နိုးထလာသော ပက်လက် အနေအထားအတိုင်း တစ်လက်မမျှပင် မလှုပ်ရှားရဲတော့ဘဲ ငြိမ်နေရသဖြင့် တစ်ကိုယ်လုံးပင် တောင့်တင်းလာသည်။

ထူးဆန်းတာက အသက်ရှုသံ ထွက်ပေါ်နေသော အရာမှာ လှုပ်ရှားမှု ရှိဟန်မတူ။ အသက်ရှုသံ မှန်မှန်သာ ထွက်ပေါ်နေသော်လည်း အခြားဘာသံမှ မကြားရသည့်ပြင် ၄င်းအသံမှာ သူမကုတင်ခြေရင်း တစ်နေရာတည်းမှ ငြိမ်သက်စွာ ထွက်ပေါ်နေခြင်းဖြစ်သည်။ ကြည့်ရသည်မှာ သူမ နိုးနေမှန်းသိသောကြောင့် ငြိမ်သက်စွာ ပုန်းနေခြင်းလား.။ သို့တည်းမဟုတ် သူမ လှုပ်ရှားမှုကို တိတ်ဆိတ်စွာ စောင့်ကြည့်နေခြင်းလား မသိနိုင်ပြန်။ ကြောက်ရွံ့မှုက လူတစ်ကိုယ်လုံးကို အေးခဲစေမတတ် ဖြစ်စေကာ အာခေါင်များပင် ခြောက်သွေ့ အက်ကွဲလာသည်ဟု သူမ ထင်သည်။ အိုး ဘာဘဲဖြစ်ဖြစ် ဒီအတိုင်း ငြိမ်နေမည်ဆိုလျှင် ကြောက်တာနှင့် အသက်ပါသွားလိမ့်မည်။ တစ်ခုခုလုပ်မှ ဖြစ်တော့မည်။ ဘာလုပ်ရမည်လဲ။ မီးခလုတ် ပြေးဖွင့်ရမည်လား၊ အော်ဟစ်လိုက်ရမည်လား။ စဉ်းစားရင်းမှ သူမ ဘာလုပ်ရမည် ဆိုတာကို သိသွားတော့သည်။

သူမ ခန္ဓာကိုယ်ကို အသံမမြည်အောင် ဖြေးဖြေးလေး ကြွလိုက်ပြီး ခြေထောက်၂ဖက်ကို ကုတင်အောက်သို့ အသာအယာ ချလိုက်သည်။ ခြေထောက် ၂ဖက်လုံး ကုတင်အောက် ရောက်ပြီး၊ တစ်ကိုယ်လုံး ခြေထောက်ပေါ် အားပြုလို့ရတာနှင့် အခန်းတံခါးရှိရာကို တန်းပြီးပြေးတော့သည်။ မမြင်ရအောင် မဲမှောင်နေသော်လည်း သူမ အမြဲ နေလာသော အိပ်ခန်း၏ နေရာ အနေအထား အားလုံး သူမ အလွတ်ရနေပြီးသား ဖြစ်သည်။ အခန်းတံခါးပေါက် ရောက်တာနှင့် လက်ကိုင်ကို ဆွဲဖွင့်ကာ တံခါးကို ပြန်ဆောင့်ပိတ်ခဲ့ပြီး သူမ မောင်လေး၂ယောက် အိပ်သောအခန်းသို့ ပြေးကာ တံခါးကို အားကုန်ထုတော့သည်။ သူမ မိဘများ အခန်းတံခါးကိုလည်း သွားထုပြန်သည်။ အသံအကျယ်ကြီးဖြင့်လည်း အော်နိုးသည်။ သူမ တံခါးထုသံ၊ အော်သံများကြောင့် တစ်အိမ်လုံး အထိတ်တလန့် နိုးလာကြရလေသည်။ အိမ်က ထမင်းချက် ဒေါ်ကြီးအေးနှင့် အိမ်အကူ မိလုံးတို့ပါမကျန် အားလုံး အိပ်မှုန်စုန်မွားဖြင့် နိုးထလာကြကာ သူမကို ဘာဖြစ်တာလဲ ဟု ၀ိုင်းမေးကြလေသည်။ အဖြစ်အပျက်ကို မောကြီးပန်းကြီး သူမ ရှင်းပြသောအခါ အားလုံးက ထိတ်လန့် အံ့အားသင့်စွာ စဉ်းစားကြလေသည်။ အပြင်လူ မ၀င်နိုင်အောင် လုံခြုံလှသော သူတို့အိမ်ထဲသို့ ဘယ်လိုသူစိမ်း၊ သို့မဟုတ် သူခိုးက ၀င်ရောက် နေနိုင်ပါနည်း။

မောင်နှစ်ယောက်က ဧည့်ခန်းနံရံမှာ အလှချိတ်ထားသော ငွေဓါးနှစ်လက်ကို သွားဆွဲယူလာကြသလို ဖေဖေကတော့ အင်မာဂျင်စီလိုက်နှင့်အတူ သူ့လက်ကိုင်ဖုန်းကို ယူလာသည်။ တစ်ခုခုဆို ချက်ခြင်း ဖုန်းကောက်ဆက်ဖို့ ဖြစ်နိုင်သည်။ ဒေါ်ကြီးအေးက အ၀တ်လျှော်တုတ်ကို သွားယူလာကာ မိလုံးကတော့ ကြက်သွန်လှီးသည့် ဓါးအသေးလေးကို ယောင်ယောင်ကန်းကန်း ဆွဲယူလာခဲ့သည်။ လူအစုကြီးဖြင့် သူမ အခန်းရှိရာကို ချီတက်ကြပြီး အခန်းတံခါးကို ဆွဲဖွင့်လိုက်ကာ မီးခလုပ်ကို မောင်လေးအငယ်မှ သွားဖွင့်လိုက်ပြီး သူမအခန်းထဲကို လှည့်ပတ် ရှာဖွေကြတော့သည်။ ကုတင်ခြေရင်းဘက် ရောက်သွားတော့ မောင်လေး ဆီမှ “ဒီမှာ ဒီမှာ လာကြည့်စမ်းပါဦး” ဟု အသံထွက်လာသောအခါ ထိုနေရာသို့ အားလုံး အပြေးအလွှားရောက်သွားပြီး ကြည့်လိုက်သော အခါတွင်တော့ သူမ ကုတင်ပေါ်မှ ပြုတ်ကျနေသော စောင်ပေါ်တွင် အကျအန တက်အိပ်ကာ အသက်မှန်မှန်ရှုရင်း အိပ်ပျော်နေသော “ကြောင်တစ်ကောင်”။

“ ဟင်. ဒါ ဟိုဘက်အိမ်က ကြောင်မ ရွှေဝါလေးပါလား ” ဒေါ်ကြီးအေးထံမှ အသံထွက်လာသည်။ “ဟိုဘက်အိမ်က ကြောင်က ဘယ်လိုလုပ် သမီးအခန်းထဲ ရောက်နေတာလဲ” သူမက မကျေမနပ် မေးတော့ “ညနေက ထမင်းစားခန်းရှေ့ကနေ သူ ဖြတ်သွားတာတော့ တွေ့လိုက်တယ် .. ဒေါ်ကြီးလဲ သူ့အိမ်သူ ပြန်သွားပြီ ထင်နေတာ လက်စသပ်တော့ သမီးအခန်းထဲ ရောက်နေတာကိုး.. ” ထိုအခါမှ အားလုံးလည်း သက်ပြင်းချနိုင်ပြီး ရယ်ရယ်မောမောဖြစ်ကာ သူမကို စနောက်ကြတော့သည်။ သူမကြောင့် တစ်အိမ်လုံးလည်း အိပ်ပျက်သွားရပြီ မဟုတ်ပါလား။ အစောတုန်းကတော့ ကြောက်လွန်း၍ အသက်ပင် မရှုမိအောင် ဖြစ်ခဲ့ရသော သူမမှာ ခုတော့ ဘယ်သူ့ဒေါသထွက်ရမှန်းမသိ ဖြစ်လာကာ နောက်ဆုံး အိပ်ပျော်နေသော ကြောင်ကို ဂုတ်ကနေ ကိုင်ဆွဲကာ ခပ်ဆတ်ဆတ် တစ်ချက် ရိုက်ထည့်လိုက်ပြီး မိလုံးလက်ထဲ ထိုးထည့်လိုက်ကာ ဟက်ဟက်ပက်ပက် ရယ်မောမိတော့သည်။



Image Hosted by PicturePush - Photo Sharing

( ဒီဝတ္ထုတိုလေးက တစ်ခြားဆိုဒ်တစ်ခုမှာ အရင်က ရေးခဲ့ဖူးတဲ့ဝတ္ထုလေး ဖြစ်ပါတယ်။)

စွဲလန်းခြင်းတစ်စုံတစ်ရာ





"ကြည်နူးရိပ်
"

သူမရဲ့ စာအုပ်ဆိုင်လေး နံမည်လေးဖြစ်ပါသည်။

စာအုပ်တွေကို ချစ်မြတ်နိုးသော သူမက စာအုပ်အငှားဆိုင်လေး တစ်ခု ဖွင့်မည်ဟု စဉ်းစားမိသောအခါ ဆိုင်နံမည်လေးကို သူမကိုယ်တိုင်ကိုယ်ကျ ရွေးချယ်ကာ ဒီနံမည်လေး ပေးဖြစ်ခဲ့သည်။ သူမကတော့ စာအုပ်တွေဖတ်နေရလျှင် စာအုပ်တွေကြားမှာ နေရလျှင် ပျော်ရွှင်ကြည်နူးနေတတ်သူ ဖြစ်သောကြောင့်လည်း စာအုပ်ဝါသနာရှင်များလည်း သူမဆိုင်ကလေးကို ရောက်လာလျှင် ကြည်နူးနိုင်လိမ့်မည်ဟု သူမက မျှော်လင့်စိတ်ဖြင့် ထိုနံမည် ပေးခဲ့ခြင်းသာ ဖြစ်ပါသည်။ စီးပွားရေးသက်သက်ကြောင့် မဟုတ်ဘဲ ၀ါသနာ ပါ၍ ဖွင့်ဖြစ်သောကြောင့် သူမဆိုင်ကလေးက စာဖတ်ဝါသနာပါသူတို့အတွက် စာအုပ်အမျိုးအစား စုံလင်လွန်းလှသည်။ သူမက ဘယ်လိုစာအုပ်မျိုးကို စာဖတ်သူတွေ ကြိုက်မယ်ဆိုတာ သိသူမို့ သူမ ဆိုင်တွင် လူကြိုက်များသော စာအုပ်များ၊ စာဖတ်သက်တမ်းရင့်သူများ ကြိုက်နှစ်သက်မည့်စာအုပ်များ၊ စာဖတ်ခါစ လူငယ်များ ကြိုက်နှစ်သက်မည့် စာအုပ်များ စသဖြင့် စာအုပ်အမျိုးအစားမျိုးစုံ ရှိနေတတ်သည်။


မနက်မှ ညနေအထိ မြို့ထဲက စတိုးဆိုင်တစ်ခုတွင် စာရင်းကိုင်အလုပ်ကို လုပ်ပြီး သူမ၏ ဆိုင်ထိုင်ချိန်သည် ညနေ ၆နာရီတွင် စတင်တော့သည်။ နေ့ခင်းတွင်တော့ စာအုပ်ငှားသူများ ကျဲပါးတတ်ပြီး အိမ်ရှိ လူများက တစ်လှည့်စီ သူမဆိုင်ကို စောင့်ပေးတတ်သည်။ လူမရှိလျှင်တော့ ဆိုင်ပိတ်ထားတတ်သော်လည်း တကယ်တမ်း သူမတို့စာအုပ်ဆိုင်ရဲ့ လူအငှားကျချိန်သည် ညဦးပိုင်းတွင်သာ ဖြစ်လေသည်။ ည ၇နာရီ ၈နာရီတွင် စားအုပ်ငှားသူများနှင့် လူစည်ကားတတ်ပြီး ၈နာရီကျော်ပြီး နောက်ပိုင်းတွင် တဖြေးဖြေး လူကျဲပါးသွားတတ်သည်။ သူမကတော့ ငှားသူမလာသည့်အချိန်တွင် စာအုပ်စင်မှ စာအုပ်များကို တစ်အုပ်ပြီးတစ်အုပ် ဖတ်နေလေ့ရှိပြီး ၉နာရီခွဲတွင်မှ ဆိုင်ပိတ်လေ့ ရှိပါသည်။ ထိုအချိန်သည် သူမ၏ ပုံမှန်ဆိုင်ပိတ်ချိန်သာ ဖြစ်လေသည်။

ယနေ့သည် မိုးအနည်းငယ် အေးသောကြောင့် စာအုပ်ငှားသူ အခါတိုင်းထက် ကျဲပါးသည်။ ၉နာရီထိုးပြီမို့ ဆိုင်ပိတ်မည်ဆိုလျှင် ပိတ်လို့ရနေပြီ ဖြစ်သော်လည်း သူမကတော့ မင်းလူရဲ့ စာအုပ်တစ်အုပ်ကို ဖတ်နေသဖြင့် စာအုပ်ထဲ အာရုံဝင်စားနေသောကြောင့် ဆိုင်ပိတ်ဖို့ စိတ်မကူးမိဘဲ  ဇိမ်ကျနေသလို ရှိနေလေသည်။ ထိုအချိန်တွင် သူမဆိုင်ရှေ့တွင် ဆိုင်ကယ်တစ်စီး ထိုးရပ်လိုက်သံကြားရပြီး  ဆိုင်ထဲသို့ လူတစ်ယောက် ၀င်လာသည်ကို မော့မကြည့်ပေမဲ့ သူမ သိလိုက်ပါသည်။ ထိုသူဆိုင်ထဲ ၀င်လာတာနှင့် ရနံ့သင်းသင်းဖျော့ဖျော့ တစ်ခုကပါ သူမနှာဝတွင် ရှုရှိုက်မိလိုက်သည်။ ဘာရနံ့ရယ်လို့ သူမ မသိသော်လည်း အမျိုးသားသုံး ရေမွှေးရနံ့ တစ်ခုခုတော့ ဖြစ်မည်မှန်း သူမ သိလိုက်ပါသည်။


"ကျွန်တော် စာအုပ်ငှားချင်လို့ပါ" ဆိုင်ထဲဝင်လာသူ၏ စကားအဆုံး ထိုသူကို သူမ မော့ကြည့်လိုက်တော့ သူမထံတွင် တစ်ခါဖူးမှ ငှားလေ့ငှားထ မရှိသောသူဖြစ်ကြောင်း သူမ သိလိုက်သည်။ "တစ်ခါမှ မငှားဖူးဘူး ထင်တယ်နော်" သူမအမေးစကားအဆုံး

"ဟုတ်ပါတယ်.. ကျွန်တော် ဒီမြို့ကို ရောက်တာ မကြာသေးပါဘူး… အသိတစ်ယောက်က ဒီဆိုင်မှာ စာအုပ်စုံတယ်ဆိုလို့ စာအုပ်ငှားဖို့ ဒီဆိုင်ကို ရောက်လာတာပါ။"

"ဟုတ် .. ငှားလို့ရပါတယ်.. ဒါပေမဲ့ တစ်ခါမှ မငှားဖူးရင်တော့ စပေါ်ငွေ တင်ရပါတယ်.. "

"ရပါတယ်.. ကျွန်တော် စပေါ်ငွေတင်ပါ့မယ်.. " ဟု ပြန်ပြောလေသည်။ ထို့နောက်တော့ ထိုသူသည် စာရေးဆရာနံမည်အလိုက် စီရီထားသော စာအုပ်စင်ပေါ်မှ သူနှစ်သက်သော စာရေးဆရာတို့၏ စာအုပ်များကို ရှာဖွေနေတော့သည်။ သူမလည်း ဖတ်လက်စ စာအုပ်ကို ငုံ့ဖတ်နေတော့သည်။

သူ စာအုပ်တွေ ရွေးနေသည်မှာ ၁၀မိနစ်ခန့် ကြာမည်ထင်သည်။ နောက်တော့ သူမရှေ့က စားပွဲပေါ်တွင် စာအုပ် ၃အုပ်ကို ထိုသူက လာချပေးပြီး "ဆိုင်က စာအုပ်တွေ သိပ်စုံတာဘဲနော်.. ဒီလောက်စုံတဲ့ စာအုပ်တွေ တွေ့တော့ ကျွန်တော် အရမ်းဝမ်းသာမိတယ်.. ကျွန်တော်က စာဖတ် ၀ါသနာကြီးသူမို့ ဘယ်ရောက်ရောက် စာအုပ်တွေက ကျွန်တော့်အတွက် မရှိမဖြစ်ပါဘဲဗျာ.. ကျွန်တော် ဒီစာအုပ်၃အုပ် ငှားသွားမယ်နော်.. " ဟု ပြောသည်။ သူမက စာအုပ်များကို စာအုပ်အငှားစာရင်းတွင် မှတ်တမ်း ရေးသွင်းလိုက်ပြီး သူ့နံမည်နှင့် နေရပ်လိပ်စာ တောင်းတော့ စည်သူကျော်ဇော ဟု ပြောပြီး သူမတို့မြို့တွင် ရုံးခွဲတစ်ခု ဖွင့်လှစ်ပြီး လူမှုရေးလုပ်ငန်းများ လုပ်ဆောင်နေသော NGO တစ်ခု၏ လိပ်စာကို သူပြောသည်။ ထိုအခါမှ သူမ သိလိုက်သည်က ထိုသူသည် သူမတို့ မြို့ကလေးတွင် ရှိသော ၄င်း NGO ရုံးခွဲသို့ တာဝန်ထမ်းဆောင်ဖို့ ရောက်လာသူဖြစ်လိမ့်မည်။ သူပြောသော လိပ်စာမှာ သူမတို့မြို့တွင်ရှိ တစ်ခုတည်းသော NGO အဖွဲ့၏ လိပ်စာလည်း ဖြစ်သည်မဟုတ်ပါလား။ သူမ စာအုပ်၃အုပ်အတွက် စပေါ်ငွေကို ၅၀၀၀ တောင်းယူထားလိုက်သည်။ သူငှားသော စာအုပ်များကို ကြည့်သည်နှင့် ထိုသူသည် စာဖတ်သက် အတော်ရင့်သူမှန်း သိသာစေသည်။ စာအုပ်၃အုပ်ကို ကောက်ယူပြီး သူမကို ကျေးဇူး ဟု ခပ်တိုးတိုး ပြောကာ ဆိုင်အရှေ့တွင်ရပ်ထားသော ဆိုင်ကယ်အမြင့်ကြီးကို မောင်း၍ ထွက်ခွာသွားသော ထိုသူသဏ္ဍာန်ကို တဒင်္ဂတော့ သူမ ငေးခနဲကြည့်ရင်း ကျန်ခဲ့မိရတော့သည်။ အရပ်အတော်မြင့်ပြီး ကြည့်ကောင်းလှသော ဥပတိရုပ်ပိုင်ရှင် တစ်ယောက်မှန်း သူမ မှတ်မှတ်ထင်ထင် သတိထားလိုက်မိသည်။ ဆိုင်ထဲတွင် ထိုသူ မရှိတော့သော်လည်း သူဝင်ရောက်လာစဉ်က ရခဲ့သော ရနံ့ သင်းပျံ့ပျံ့တစ်ခုက ယခုတိုင် ဆိုင်ထဲတွင် ဝေ့၀ဲကျန်ရစ်ခဲ့လေသည်။

၂ရက်ခြား ၃ရက်ခြားတစ်ခါ ထို စည်သူကျော်ဇော ဆိုသူသည် သူမစာအုပ်ဆိုင်ကလေးတွင် စာအုပ်များ လာငှားလေ့ရှိပြီး သူလာတိုင်းလည်း သူမ မှတ်မိနေသော ရနံ့တစ်မျိုးက သူနှင့်အတူ အမြဲ ပါလာတတ်သည်။ သူ့ကို ရင်းနှီးယုံတင်မက သူ့ထံမှ ရတတ်သော စွဲမက်ဖွယ် သင်းပျံ့ပျံ့ ရနံ့လေးကိုပင် သူမ မှတ်မိနေတတ်ပြီ။ ကောက်ချက်ချရလျှင် ထို စည်သူကျော်ဇောဆိုသည်သူ ပညာတတ် လူရည်မွန်တစ်ယောက် ဖြစ်ပုံရပြီး သန့်သန့်ပြန့်ပြန့် နေထိုင်တတ်ပုံရသော သူတစ်ယောက်လည်း ဖြစ်လေသည်။ ဂျင်းဘောင်းဘီနှင့် တီရှပ်ရောင်စုံ ၀တ်ဆင်တတ်ပြီး အ၀တ်အစားများမှာလည်း သန့်ရှင်းသပ်ရပ်နေတတ်သည်။ သူ့ကိုကြည့်လိုက်လျှင် ရေချိုးပြီးခါစ လူတစ်ယောက်လို လတ်ဆတ်သော ရနံ့တစ်မျိုးနှင့်အတူ အမြဲ ရှင်းသန့်နေလေ့ ရှိသည်။ သူမ စာအုပ်ဆိုင်သို့ သူလာတတ်သော အချိန်သည်လည်း လူရှင်းလေ့ ရှိသော ၉နာရီလောက်တွင်သာ ပုံမှန်လာလေ့ရှိသည်။ သူပြန်အပ်သော စာအုပ်များထဲမှ အချို့အကြောင်းအရာများကို သူမနှင့် ပြန်ဆွေးနွေးလေ့ ရှိသည်။ ဆိုင်တွင်ရှိသော စာအုပ်တော်တော်များများကို ဖတ်ပြီးသော သူမကလည်း သူနှင့်အပြိုင် ပြန်လည် ဆွေးနွေးတတ်သောကြောင့် စာဖတ်ဝါသနာပါသူချင်းမို့ သူမကိုလည်း ပြန်ပြီး ခင်မင်ပုံရလေသည်။

သူမထက် အသက်၎နှစ်ခန့် ကြီးသော သူ့ကို ကိုစည်သူဟု သူမက ခေါ်တတ်ပြီး သူမကိုတော့ သူမနံမည် ကြယ်စင်လင်း ဆိုတာကို သိသော်လည်း မကြယ်စင်ဟုသာ ခေါ်တတ်သည်။ နံမည်ရှေ့ မ ထည့်မခေါ်ရန် သူမက ပြောသော်လည်း ကိုစည်သူက လေးစားသမှုနဲ့ ခေါ်တာပါ ဟု ပြောကာ မကြယ်စင် ဟုသာ ခေါ်မြဲ ခေါ်တတ်လေသည်။ ဆိုင်လာတိုင်းလည်း ဆိုင်ကယ်အမြင့်ကြီးကို စီးလာတတ်ပြီး သူလာတိုင်းလည်း သူ့ဆီက ရနေကျ ရနံ့ခပ်ဖျော့ဖျော့က အမြဲတမ်း ပါလာတတ်သည်။ တစ်ရက်တွင် ကိုစည်သူက ဆရာမဂျူး၏ "ကြယ်စင်တံတား ကမ်းပါးနှင်းဖြူ " စာအုပ်နှင့် ဆရာ မြသန်းတင့် ဘာသာပြန်ထားသော "လွမ်းမောခဲ့ရသော တက္ကသိုလ်နွေညများ" စာအုပ်ကို ဖတ်ချင်သည်ဟု ပြောသည်။ ထိုစာအုပ်များမှာ တစ်ခြားသူများ ငှားထားသည်ဖြစ်၍ ထိုနေ့က သူမဆိုင်တွင် ရှိမနေသဖြင့် နောက်ရက်ပြန်လာအပ်လျှင် သိမ်းထားပေးမည်ဟု သူမက ကတိပေးလိုက်လေသည်။ ထိုနေ့က ကိုစည်သူက ဆရာမောင်ထွန်းသူနှင့် ဆရာထင်လင်း၏ ဘာသာပြန်နှစ်အုပ်ကို ငှားပြီး သူဖတ်ချင်သော စာအုပ်ကို ဆက်ဆက်ချန်ထားပေးဖို့ မှာပြီး နောက်တစ်ရက်ခြား ဖြစ်သော သန်ဘက်ခါ ညနေတွင် လာယူမည်ဟု ပြောကာ ပြန်သွားခဲ့လေသည်။

နောက်ရက် ညနေပိုင်းတွင် ကြယ်စင်တံတားနှင့် လွမ်းမောခဲ့ရသော နွေညများ စာအုပ်ကို ငှားထားသူက ပြန်လာပို့သောကြောင့် သူမက ထိုစာအုပ်၂အုပ်ကို တော်ရုံ မမြင်နိုင်သော စာအုပ်စင်အမြင့် အပေါ်ဆုံးဆင့်တွင် ကိုစည်သူအတွက် လှမ်းတင်ထားလိုက်လေသည်။ ဒီညသည် ကိုစည်သူ လာလိမ့်မည် မဟုတ်သောကြောင့် မနက်ဖန် ည သူလာလျှင် ပေးဖို့ ကြိုပြီး သိမ်းထားလိုက်ခြင်း ဖြစ်ပြီး အခြားသူများ မြင်လျှင် ထပ်ငှားသွားမည် စိုးသောကြောင့် လူမမြင်နိုင်သော နေရာတွင် သိမ်းထားလိုက်ခြင်းသာ ဖြစ်လေသည်။ ရည်မွန်ယဉ်ကျေးကာ စကားပြောလျှင် အေးဆေးညင်သာစွာဖြင့် ခပ်ပြုံးပြုံးလေး ပြောတတ်ပြီး သူမ အပေါ်တွင်လည်း အခြား ယောက်ျားလေးများလို ရိသဲ့သဲ့စကားများ မပြောတတ်ဘဲ  ကိုယ်ရေးကိုယ်တာများကိုလည်း ဘယ်တော့မှ စပ်စုမေးမြန်းတတ်ခြင်း မရှိသော ကိုစည်သူကို သူမ စိတ်ထဲကလည်း နှစ်နှစ်ကာကာ ခင်မင်မိပါသည်။ ပြီးတော့  သူနှင့်အတူ ပါလာတတ်သော ခပ်ဖျော့ဖျော့ မွှေးရနံ့တစ်မျိုးကိုလည်း သူမက ရင်းရင်းနှီးနှီး နှစ်သက်နေမိပြီ ဖြစ်လေသည်။

ထိုနေ့ နေ့လည်ခင်းတွင် သူမ အလုပ်လုပ်သော စတိုးဆိုင်တွင် သူမနှင့်အတူတူ စာရင်းကိုင်လုပ်သည့် သူငယ်ချင်း မြနှင်းဖြူက သူမကို သတင်းတစ်ခု ပေးလေသည်။ "မနေ့ညနေက ငါတို့အိမ်နားက မြို့ပတ်လမ်းနဲ့ အဝေးပြေးလမ်းဆုံမှာ ယာဉ်တိုက်မှု ဖြစ်တယ် သိလား.. ကားနဲ့ဆိုင်ကယ် တိုက်မိတာ.. ကားမောင်းတဲ့သူက နည်းနည်း မူးနေတယ်.. အဲဒါ ရှေ့က လာနေတဲ့ဆိုင်ကယ်ကို မူးမူးနဲ့ ၀င်တိုက်မိတာ ဆိုင်ကယ်သမားက ပွဲချင်းပြီး ဆုံးသွားတယ်.. ဆိုင်ကယ်နဲ့လူက ဒီမြို့ကို ရောက်လာတာ မကြာသေးတဲ့ NGO က ၀န်ထမ်း အရာရှိတစ်ယောက်လို့ ပြောကြတယ်.."

နှင်းဖြူစကားအဆုံး သူမ နှင်းဖြူမျက်နှာကို အထိတ်တလန့် ကြည့်မိလိုက်လေသည်။

" နင် သူ့မည် သိလားဟင်… အဲဒီ သေသွားတဲ့သူနံမည် သိလိုက်လား " သူမရဲ့ အမောတကော မေးသံအဆုံး နှင်းဖြူက "ဟင့်အင်း နံမည်တော့ မသိလိုက်ဘူး.. အိမ်က မောင်လေးတွေ ပြောတာ NGO က ၀န်ထမ်း အရာရှိအသစ်လို့ဘဲ ပြောကြတယ်.. ငါလဲ သွားမကြည့်ရဲဘူးလေ.. ပွဲချင်းပြီး သေတာ ဆိုတော့ ကြည့်ရမှာကြောက်တာပေါ့။ ဘာလို့လဲဟင် အဲဒီ NGO က ၀န်ထမ်းတွေနဲ့ နင်သိလို့လား "

အမည်မဲ့ ပိတောက်ပန်းကလေးများ





သူမကို မွေးဖွားသည့် အချိန်က ပိတောက်ပန်းလေးများ ၀ါထိန်နေအောင် ကြိုင်သင်းစွာ လန်းရွှင်ပွင့်ဝေတတ်သော ဧပရယ်လဖြစ်သောကြောင့် သူမ နံမည်ကို ဧပရယ်ဟု ပေးခဲ့ကြသည်။ ဧပရယ်လသည် ပိတောက်တို့ ဝေနေအောင် ပွင့်သလို မြန်မာလူမျိုးတို့၏ ပျော်စရာ အကောင်းဆုံးသော အတာသင်္ကြန်ပွဲကို ဆင်ယင် ကျင်းပလေ့ရှိသော လလည်း ဖြစ်သည်။ သူမ မေမေ သက်ရှိထင်ရှား ရှိစဉ်က  တသသနှင့် အမြဲတမ်း ပြန်ပြောင်း ပြောပြတတ်သည်မှာ သူမကို မွေးသည့် အချိန်တွင် အိမ်ရှေ့ခြံထောင့်က အရွက်ဖားဖားနှင့် ထီးထီးမားမား အုပ်အုပ် ဆိုင်းဆိုင်း  ရှိနေသော ပိတောက်ပင်ကြီးမှ ပိတောက်ပန်းများသည် ပင်လုံးကျွတ်မျှ ၀င်းဝါ ပြွတ်ခဲနေအောင် ပွင့်သည်တဲ့လေ..  တစ်ခြံလုံးလည်း ပိတောက်ရနံ့က မွှေးကြိုင် ချိုမြ သင်းထုံလို့၊ ပိတောက်ပင်ကြီး ပေါ်တွင်လည်း ပျားနှင့်ပိတုန်းတို့က လှုပ်ရှားသွားလာ ပျံဝဲလျှက် မြူးတူးနေကြသည်တဲ့.. မေမေ့အပြောကို မျက်စိထဲ မြင်ယောင်ရင်း သူမမွေးသည့်ရက်မှာ တိုက်တိုက်ဆိုင်ဆိုင် တစ်ပင်လုံးကျွတ်အောင် ပွင့်ဝေပေးသော ပိတောင်ပင်ကြီးကို သူမရင်ထဲက နှစ်နှစ်သက်သက် တွယ်တာမိသလို ပိတောက်ပန်းကလေးများကိုလည်း မြတ်မြတ်နိုးနိုး စွဲလမ်းမိလေသည်။ ပိတောက်ပန်းတို့ရဲ့ သင်းပျံ့ကြိုင်လှိုင်တဲ့ ရနံ့လေးကိုလည်း ဘာနဲ့မှ မတူအောင် ချစ်ခင်မက်မောမိသည်လေ။

သူမအရွယ်ရောက်လို့ ချစ်သူရလာသည့်အခါ သူမကို အလွန်ချစ်ခင်မြတ်နိုးသူနှင့် ဖူးစာဆုံရသည်။ သူမတို့ လက်ထပ်သည့်ရက်ကလဲ မှတ်မှတ်ရရ ဧပရယ် ၁ရက်နေ့.. ထိုနေ့က ပိတောက်ပန်းတွေ ပွင့်ဝေမနေပေမဲ့ ပိတောက်ပွင့်ချိန်ရောက်တိုင်းတော့ သူမချစ်သူက သူမနှစ်သက်သော ပိတောက်ပန်းကလေးများကို မပျက်မကွက် လက်ဆောင် ပေးလေ့ရှိတတ်သည်။ အဖိုးမတန်သော ပိတောက်ပန်းဖြစ်ပေမဲ့ သူမကတော့ အခြားသော ပန်းတွေအားလုံးထက် ပိတောက်ပန်း ကိုမှသာ မက်မောတတ်သူလေ..  ပိတောက်ပန်း ပွင့်သည့် ရက်များဆိုလျှင် သူမတို့အိမ် တစ်အိမ်လုံး ရှိသမျှ ဘုရားအိုး၊ ဧည့်ခန်းတွင် ထားသော ပန်းအိုးများ၊ သူမတို့ အိပ်ခန်းတွင်းရှိ အလှပန်းအိုးများ အားလုံး အားလုံးသည် ပိတောက်ပန်းများနှင့်သာ ပြည့်လျှံနေတော့သည်။

တစ်အိမ်လုံးလည်း စိတ်ကြည်နူးဖွယ် ကောင်းလောက်အောင် သင်းပျံ့ပျံ့ ပိတောက်ရနံ့တို့ကသာ မွှေးမြ ထုံရီနေပေတော့သည်။ နောက်ရက်များတွင် အပွင့်များအားလုံးလိုလို ကြွေကျကုန်ပြီး ညှိုးနွမ်းနေသော ပန်းအိုးတိုင်းကို ပန်းအသစ်များ ပြန်လဲရ၊ ပွင့်ကြွေများကို ရှင်းရလင်းရနှင့် အလုပ်များသော်လည်း တစ်နေ့တာ ရရှိလိုက်သော စိတ်ချမ်းသာ ပျော်ရွှင်မှုအတွက် သူမ ကျေနပ်ပါသည်။ သူမခင်ပွန်းသည်လည်း ပိတောက်ပန်းပွင့်ကြွေများဖြင့် အိမ်တစ်ခုလုံး ရှုပ်ပွနေသည်ကို တွေ့သော်လည်း မည်သည့်အခါမှ ငြူစူအပြစ်တင်ခြင်း မရှိခဲ့ပါ။ နှစ်စဉ်နှစ်တိုင်း ပိတောက်ပန်းလက်ဆောင် ပေးမြဲသာ ဖြစ်သည်။ သူမခင်ပွန်းသည် သူမကို အချိန်တိုင်း ချစ်ခင်မြတ်နိုးခြင်းဖြင့်သာ အလိုလိုက် အလျှော့ပေးတတ်သော အကောင်းဆုံး ဘ၀ကြင်ဖော်တစ်ဦး ဖြစ်ခဲ့လေသည်။

သူမတို့ ၂ယောက်၏ မင်္ဂလာနှစ်ပတ်လည် ၁၅နှစ်ပြည့်ကို မှတ်မှတ်ရရ နှင်းဆီကုန်း ဘိုးဘွားရိပ်သာတွင် ဆွမ်းကျွေးအလှူ ပြုလုပ်ခဲ့ကြသည်။ ဇိဝိတသံဃ ဆေးရုံတွင် အလှူငွေ ထည့်ဝင်ကြသည်။ ညဦးပိုင်းတွင် ခင်မင်ရင်းနှီးသော မိတ်ဆွေတစ်ချို့အား သူမတို့ခြံဝင်းထဲက မြက်ခင်းပြင်ကြီးပေါ်တွင် ညစာစားပွဲလေးနှင့် ဧည့်ခံဖြစ်ခဲ့ကြသည်။ နှစ်ပတ်လည်ကျင်းပပြီး တစ်ပတ်အကြာတွင်တော့ သူမ၏ ချစ်လှစွာသော ခင်ပွန်းသည် အလုပ်တာဝန်ဖြင့် မန္တလေးမြို့သို့အသွား သူမောင်းသောကားနှင့် တစ်ဘက်က ကုန်တင်ကားကြီးတစ်စီးတို့ တိုက်မိကာ ပွဲချင်းပြီး သေဆုံးခဲ့လေသည်။

တိုက်ဆိုင်မှုတစ်ခုက သူမခင်ပွန်း ကွယ်လွန်ပြီး တစ်လအကြာတွင် နှစ်ပေါင်းရှည်ကြာ ရှိခဲ့သော၊ နှစ်စဉ် အပွင့်တွေ၊ ရနံ့တွေဖြင့် ဝေဆာ မွှေးမြခဲ့သော  သူမတို့ အိမ်ရှေ့မှ ပိတောက်ပင်ကြီးသည် ပြင်းထန်သော လေတိုက်ခတ် မှုကြောင့်  ခါးလည်မှ ကျိုးကျသွားခဲ့သဖြင့် အမြစ်ပါတူးပစ်ကာ စွန့်ပစ်လိုက်ရလေသည်။ ထိုနေ့တွင် သူမ ခင်ပွန်းဆုံးသည့်နေ့ကလို ၀မ်းနည်းကြေကွဲစွာ ငိုကြွေးခဲ့မိသေးသည်။ သူမတွင် သားတစ်ယောက် သမီးတစ်ယောက် ကျန်ရစ်ခဲ့သော်လည်း ခင်ပွန်း၏ အရိပ်အာဝါသတော့ ပျောက်ကွယ် ခဲ့လေပြီ.. သားသမီးတို့ကို လူလားမြောက်အောင် သူမတစ်ယောက်တည်း ကျွေးမွေး စောင့်ရှောက်ရင်း သူမရင်ထဲမှ အထီးကျန် ကြေကွဲစိတ်ကတော့ လျှော့ပါး သွားသည်မရှိ.. တစ်နှစ်ထက်တစ်နှစ် တိုးလို့သာ ခံစားနေမိသည်။


~~~~~~@@@~~~~~~~

ယခုအခါ သူမခင်ပွန်း ကွယ်လွန်ခဲ့သည်မှာ ၇နှစ် ပြည့် မြောက်ခဲ့လေပြီ.. အရွယ်ရောက်လာသော သူမ၏ သားနှင့်သမီးတို့သည် ပညာရေးအတွက် စင်္ကာပူတွင် ကျောင်းတက်နေကြပေပြီ။ အိမ်ကြီးတစ်ခုလုံးတွင် သူမနှင့် အိမ်ဖော် မိန်းခလေး ၂ယောက်တို့သာ ရှိနေပြီး သူမအတွက်တော့ အိမ်သည် တိတ်ဆိတ် ငြိမ်သက်နေသော ငြီးငွေ့ဖွယ်ရာ နေရာတစ်ခုလို့သာ စိတ်ထဲထင်မြင်မိနေတော့သည်။ စီးပွားရေးကိစ္စများတွင်သာ စိတ်ကို နှစ်ထားပြီး တစ်ခါတစ်ရံ သားသမီးများထံ သွားရောက်ခြင်း၊ မိတ်ဆွေများနှင့် ဆွေမျိုးများထံ အချိန်ပေး၍ အလည်အပတ် ခေတ္တသွားခြင်းဖြင့်သာ အထီးကျန်ငြီးငွေ့မှုကို ဖြေဖျောက်နေရလေသည်။ အိမ်တွင်နေရချိန်သည် ပျင်းရိ တိတ်ဆိတ်စွာနှင့် ခြောက်ခြားစရာ ကောင်းလောက်အောင် အထီးကျန်လွန်း လှသည်ဟုသာ သူမ  ခံစားရလေသည်။

ဧပရယ်လ၏ တစ်ခုသော ရက်တစ်ရက်တွင် ကားကို သူမကိုယ်တိုင်မောင်းရင်း မိတ်ဆွေတစ်ဦးအိမ်သို့ ကိစ္စတစ်ခုဖြင့် သွားရောက်ပြီးအပြန်တွင် တစ်မြို့လုံး ၀င်းဝါနေသော ပိတောက်ပန်းများ  မြို့နေရာအနှံ့ ပွင့်ဝေနေတာကို သူမတွေ့ခဲ့လေသည်။ သူမအိမ်တွင် ပိတောက်ပန်းဖြင့် မဝေဆာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့လေပြီ။ အိမ်အပြန်လမ်းတွင် ကားမှန်ကိုချ၊ အဲကွန်းကို ပိတ်ပြီး သင်းပျံ့ကြိုင်လှိုင်နေသော ပန်းရနံ့ကို ခံစားရှုရှိုက်ရင်း ကားကို ဖြေးညှင်းစွာ မောင်းလာခဲ့မိသည်။ အချို့နေရာများ၏ ကားလမ်းမပေါ်တွင် ပိတောက်ပွင့်ကြွေတို့က ဖွေးဖွေးလှုပ်နေခဲ့သည်။ သူမခင်ပွန်း ဆုံးပြီးချိန်ကတည်းက ပိတောက်ပန်းကို လက်ဆောင် ပေးမည့်သူ မရှိတော့သလို၊ အိမ်တွင်လည်း  ပိတောက်ပင်အိုကြီး လှဲပြိုကျပြီးချိန်မှစ၍  ပိတောက်ပန်းနှင့် ဝေးကွာခဲ့ရသည်။ သူမ၏ သားနှင့် သမီးတို့ကလည်း ပိတောက်ပန်းကိုမြင်လျှင် ဖခင်ကို သတိရမည် စိုး၍လား မသိ။ မည်သည့်ခါမှ  သူမအတွက် သတိတရနှင့် ယူလာပေးတတ်သည် မရှိခဲ့ပါ။ လမ်းတွင် City Mark ၀င်ပြီး အိမ်အတွက် လိုအပ်တာများ ၀ယ်ယူကာ၊ YKKO တွင် ကြေးအိုးဝင်သောက်ဖို့ စိတ်ကူးရှိသော်လည်း တစ်ယောက်တည်း စားသောက်ရမည့် အထီးကျန်မှုမျိုးကို  သည်းမခံနိုင်သောကြောင့် ဆိုင်ရှေ့တွင် ကားရပ်ပြီးကာမှ ပြန်မောင်း ထွက်လာခဲ့တော့သည်။ 

ဦးတည်ချက်မရှိ ကားကို မောင်းနှင်လာရင်း သွားစရာ နေရာ မရှိသူတစ်ယောက်၏ ခံစားချက်များဖြင့် သူမရင်ထဲ မွန်းကြပ်လို့ နေမိသည်။ အိမ်ကို ပြန်လျှင်လည်း နွေးနွေးထွေးထွေး ကြိုဆိုမည့်သူမရှိ၊ တီတီတာတာ ပြောဆိုမည့် သားသမီးများကလည်း အဝေးမှာ.။ အိမ်ဆိုသည်မှာလည်း မိသားစု စုံစုံလင်လင် စုစုစည်းစည်းနှင့် ပျော်ရွှင် ကြည်နူးဖွယ် အကြင်နာတရားတို့ လွှမ်းခြုံထားသည့် နေရာဖြစ်မှသာ နေပျော်သည် မဟုတ်ပါလားလေ။ ခြောက်ကပ် တိတ်ဆိတ် နေသော၊ နွေးထွေးခြင်းကင်းမဲ့သော၊ အထီးကျန်ခြင်းတို့သာ လွှမ်းခြုံနေလျှင်တော့ ပျော်ရွှင်စရာ နေရာ မဖြစ်နိုင်တော့သည်မှာ သေချာလှသည်။ ကားမောင်းနေရင်း စီးပွားရေး ကိစ္စတစ်ခုဖြင့် နောက်၂ရက်တွင် နေပြည်တော်သွားဖို့ရှိတာကို သတိရလိုက်မိသည်။ အိမ်ပြန်ပြီး ခရီးထွက်ဖို့ ပြင်ဆင်တာက ပိုကောင်းလိမ့်မည်ဟု တွေးမိသဖြင့် ကားကို အိမ်သို့ မောင်းပြန်လာခဲ့တော့သည်။

အိမ်ရှေ့ရောက်ခါနီးတွင် ကြိုတင်ဟွန်းတီးလိုက်သဖြင့် အိမ်တွင်းမှ အညိုဟု ခေါ်သော ကောင်မလေး ပြေးထွက်လာပြီး ခြံဝင်းတံခါးကို လာဖွင့်ပေးသည်။ ခြံတွင်းသို့ ကားကို မောင်းဝင်မည်အပြုတွင် မြင်လိုက်ရသော မြင်ကွင်းတစ်ခုက သူမကို အံ့အားသင့်သွားစေခဲ့သည်။ သူမတို့ ခြံဝင်းရှေ့က အုတ်ခုံလေးပေါ်တွင် တွေ့လိုက်ရသည်က “စက္ကူလှလှလေးဖြင့် ထုပ်ပိုးထားသော ပိတောက်ပန်းကလေးများ” စက္ကူလေးက အစိမ်းရောင် လွင်လွင်ကလေး၊ ပိတောက်ပန်းများကတော့ ရွှေရောင် ၀င်းဝင်းဝါ၀ါလေး ဖြစ်၍ အစိမ်းနှင့် အ၀ါ၏ လိုက်ဖက်မှုက ပန်းစည်းလေးကို ပိုမို တောက်ပ ၀င့်ထည်လာစေသည်လေ။ ကားကို ခြံဝတွင်ရပ်လိုက်ကာ ကားပေါ်မှ ဆင်းလိုက်ပြီး ပိတောက်ပန်းစည်းလေးကို ကောက်ယူလိုက်ကာ သေချာ ကြည့်သောအခါတွင်လည်း ပန်းစည်းပေါ်တွင် မည်သည့် ကဒ်ပြား မည်သည့် အမှတ်အသား တစ်ခုတစ်လေမှ မတွေ့ရ။

သေချာတာတစ်ခုက ထိုပိတောက်ပန်းများသည် တစ်စုံတစ်ယောက်က ခူးယူပြီး မေ့လျော့ထားခဲ့သည်တော့ မဖြစ်နိုင်။ ပန်းစည်းသည် အတော်လေးကို ကြီးပြီး ပါကင်စက္ကူဖြင့်ပင် သေချာကျန ထုပ်ပိုးပြီး ဖြစ်သောကြောင့် တစ်စုံတစ်ယောက်ကို ပေးဖို့ရန် ရည်ရွယ်ချက်ဖြင့် ယူဆောင်လာခြင်းသာ ဖြစ်နိုင်လေသည်။ ပန်းစည်းကို ကိုင်ပြီး ဘေးပတ်ဝန်းကျင် ဟိုဟိုသည်သည် လိုက်ရှာကြည့်မိသော်လည်း သူမတို့ အိမ်ရှေ့လမ်းသွယ် တစ်လျှောက်လုံးလည်း တိတ်ဆိတ် ငြိမ်သက်လို့နေသည်။ လူရိပ်လူခြေပင် မတွေ့ရချေ၊ သူမအိမ်မှ ကလေးမလေးများသည်လည်း အသက် ၁၂နှစ်၊ ၁၃နှစ် အရွယ်တွေမို့ ပန်းပေးရလောက်သော ပိုးပန်းရမည့် အရွယ်များလည်း မဟုတ်ကြသေးသည်မှာ သေချာလှသည်။ ကားကို ဂိုဒေါင်ထဲ မောင်းဝင်လိုက်ရင်း ပိုင်ရှင်မဲ့နေသော ထိုပန်းစည်းလေးကို အိမ်တွင်းသို့ သူမ ယူဆောင်လာခဲ့မိသည်။


မျက်စိလေးကို အသာအယာ မှေးမှိတ်ကာ သင်းပျံ့ ထုံအီလှသော ပန်းရနံ့လေးကို အဆုပ်တွင်းထိရောက်အောင် တစ်မက်တစ်မော ရှုရှိုက်မိရင်း သူမခင်ပွန်း ရှိစဉ်က နှစ်စဉ်နှစ်တိုင်း မပျက်မကွက် လက်ဆောင်ပေးခဲ့သော အဖြစ်အပျက် ကလေးများကို ပြန်လည် မြင်ယောင်လာမိရကာ သူမမျက်နှာလေး တစ်ဖြေးဖြေးနှင့် ပြုံးယောင် သန်းလာလေသည်။ အိုး ပိတောက်ပန်းနှင့် ဝေးကွာခဲ့သည်မှာ ဘယ်နှစ်နှစ်ပင်ရှိပါလိမ့်.. အိမ်မှာ ပိတောက်ပန်းနံ့ မရသည်မှာလည်း ကြာခဲ့ပြီလေ.. ထိုပန်းစည်းမှ ပိတောက်ပန်းလေးများသည် တစ်အိမ်လုံး ရှိသမျှ ဘုရားအိုး၊ ပန်းအိုးများတွင် ဝေဆာသွားပေပြီ။ သူမ၏ အိပ်ခန်းတွင်းရှိ ပန်းအိုးလေးတွင်လည်း ၀င်းဝင်းဝါ၀ါနှင့် ရွှေရည်လူးနေသော ပိတောက်ဖူးလေးများက အစွင့်သား။

ပန်းရနံ့တို့ကတော့ သူမခင်ပွန်းရှိစဉ်က လက်ဆောင်ပေးခဲ့သော ရနံ့များလိုဘဲ ချိုအီမွှေးမြနေဆဲ၊ သူမစိတ်နှလုံးကို လန်းဆန်း စေနိုင်တုန်းပါပဲ.. အချစ်ဆိုတာ အချိန်ကာလ ဘယ်လောက်ပင် ကြာညောင်းသည်ဖြစ်စေ ဟောင်းနွမ်း သွားသည့် အရာ မဟုတ်သလို၊ မေ့ပျောက်သွားမည့်အရာလဲ မဟုတ်သည်မှာ ပိတောက်ပန်းနှင့်ပတ်သက်၍  သူမ၏ ခံစားချက်လေးများနှင့်၊ ဘယ်ချိန်ဖြစ်ဖြစ် မပြောင်းလဲသော ပန်းရနံ့လေးများက သက်သေဖြစ်လို့ နေသည်ပဲလေ။ မည်သူ့အတွက် ရည်ရွယ်၍၊ မည်သူက လာထားပေးသွားမှန်းမသိသော အမည်မတပ်ထားသော ထိုပိတောက်ပန်း ကလေးများသည် လူတစ်ယောက်၏ စိတ်ကို ရွှင်လန်းချမ်းမြေ့အောင် စွမ်းဆောင်မှု ပေးနိုင်ခဲ့သည်ကတော့ သေချာသည်လေ။ ဘာဘဲဖြစ်ဖြစ် ယနေ့အဖို့တော့ မွှေးမြလန်းဆန်းနေသည့် ပိတောက်ပန်းစည်းလေးသည် သူမ၏ အထီးကျန်ခြင်း၊ ငြီးငွေ့ခြင်းတို့ကို အဝေးသို့ လွှင့်ပျောက်စေနိုင်ခဲ့လေပြီ။ ထိုပန်းစည်းလေး၏ ပိုင်ရှင်သည် မည်သူဖြစ်မည်၊ မည်သူ့အတွက် ရည်ရွယ်ကာ လာထားသည် ဆိုသည်ကိုတော့   သိအောင် သူမ မကြိုးစားချင်တော့ပါ။

 ~~~~~~~~~~~~~~~@@@~~~~~~~~~~~~~~~~


မနှစ်က ဒီအချိန်မှာ သင်္ကြန်အမှတ်တရ အတွက် တင်ဘူးခဲ့တဲ့ ၀တ္ထုတိုလေးပါ။ မဖတ်ရသေးသူများ ခံစားကြည့်ဖို့နဲ့ အမှတ်တရအဖြစ် ပြန်တင်ပေးတာပါ။ စာဖတ်သူများနဲ့ ချစ်ခင်ရသော သူငယ်ချင်းများ အားလုံးလည်း အတာသင်္ကြန်မှာ ပျော်ရွှင်ချမ်းမြေ့စွာ ကြည်နူးနိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ရှင်။