အဖြူနဲ့အမဲ




photo from google search



ကျွန်တော်တို့ရဲ့ဘ၀မှာ ဖြတ်သန်းခဲ့ရတဲ့ အတိတ်တွေ ကနေ ရရှိခဲ့တဲ သင်ခန်းစာတွေ အများကြီး ရှိခဲ့ပါ လိမ့်မယ်..   အရွယ် ရောက်လာတဲ့ထိ  တစ်ချို့ သင်ခန်းစာ တွေဟာ မေ့ပျောက်လို့ မရနိုင်အောင် စိတ်ထဲမှာ မှတ်မှတ်ထင်ထင်  ကျန်နေခဲ့တာမျိုး ခင်ဗျားတို့ ကြုံဖူးကြရဲ့လားမသိဘူး.. ကျွန်တော့်ဘ၀မှာတော့ မမေ့နိုင်တဲ့ သင်ခန်းစာလေးတစ်ခု ရှိခဲ့တယ်ဗျာ…..




ကျွန်တော် မူလတန်း ကျောင်းသား အရွယ်ကပေါ့…




စ်နေ့မှာ ကျွန်တော်နဲ့ အတန်းဖော် သူငယ်ချင်း တစ်ယောက်နဲ့ အကြီးအကျယ် အငြင်းအခုန် ဖြစ်ကြတယ် …. ဘာအကြောင်းအရာ အတွက် အငြင်းအခုန် ဖြစ်တယ် ဆိုတာ ကျွန်တော် မမှတ်မိတော့ပေမဲ့ အဲဒီကနေ ရခဲ့တဲ့ အသိလေးတစ်ခု ကတော့ ဒီနေ့ထိ ကျွန်တော် မေ့လို့မရခဲ့တာ မှတ်မှတ်ထင်ထင် ပါဘဲဗျာ…




အဲဒီသူငယ်ချင်းကလဲ သူမှန်တယ် ကျွန်တော်မှားတယ်…..  ကျွန်တော်ကလဲ ကျွန်တော်မှန်တယ် သူမှားတယ်နဲ့ အပြင်း အထန် အငြင်းပွားနေတဲ့ ကျွန်တော်တို့         ၂ယောက်လုံးကို အတန်းပိုင်ဆရာမက   အတန်းရှေ့ကို ခေါ်ထုတ် လိုက်တယ်….. ပြီးတော့ သူ့ရဲ့ စားပွဲ တစ်ဖက် တစ်ချက်မှာ ကျွန်တော်တို့ကို ရပ်ခိုင်းတယ်.. ကျွန်တော်က စားပွဲရဲ့ ဘယ်ဘက်၊ သူက ညာဘက်ပေါ့.. ဆရာမရဲ့စားပွဲ  အလယ်တည့်တည့်မှာတော့ လုံးလုံး  ၀ိုင်းဝိုင်းနဲ့  အရာ ၀တ္ထု တစ်ခု ရှိနေတယ်… အရှင်းဆုံးပြောရရင် ဘောလုံးတစ်လုံး လိုပါဘဲ…




ကျွန်တော် မြင်နေရတာကတော့ အနက်ရောင် ထင်ထင်ရှားရှားပါဘဲ..  ဆရာမက ကျွန်တော့် အတန်းဖော်ကို အရင်မေးတယ်… ဒီဟာက ဘာအရောင်လဲ တဲ့ ..ဟိုကောင်ကလဲ     ” အဖြူရောင် “    တဲ့     ပြန်ဖြေတယ်.. ကျွန်တော် တော်တော် အံ့သြသွားတယ် … ယုံတောင် မယုံချင်ဘူး …..  ဒီလောက်တောင် အနက်ရောင် ထင်ထင် ရှားရှား ရှိနေတာကိုတောင် ဒီကောင်က အဖြူရောင်လို့ ဖြေရလားပေါ့..  ကျွန်တော် တွေး လိုက်မိတယ်.. ငါတို့ ၂ ယောက် ကြားမှာ   ဒီတစ်ခါလဲ  အရောင်ကြောင့် အငြင်းအခုန် ဖြစ်ရပြန် ဦးတော့မယ်လို့…




ဒါပေမဲ့ ဆရာမက ကျွန်တော်တို့၂ယောက်ကို နေရာချင်း ပြောင်းဖို့ ပြောတယ်…. ဟိုကောင်က ကျွန်တော့ နေရာ လာရပ်တယ်..  ကျွန်တော်က စောစောက သူရပ်နေတဲ့  နေရာမှာ သွားရပ်တယ်.. ဆရာမက ကျွန်တော့်ကို မေးတယ်  ဘာအရောင်လဲတဲ့ ..ကျွန်တော် ဖြေလိုက်ပါတယ်..



“အဖြူရောင်”




မှန်ပါတယ်…  အဲဒီအရာဝတ္ထုလေးဟာ အခု ကျွန်တော်ရပ်နေတဲ့ နေရာကနေကြည့်ရင် တကယ့်ကို အဖြူရောင်ပါ… အမှန်တော့ တစ်ဘက် တစ်ချက်စီ အဖြူနဲ့ အမဲ အရောင်၂ရောင်ဆိုးထားတဲ့ အလုံးကြီး တစ်ခုပါ..  ကျွန်တော် ရပ်နေရာက ကြည့်မယ်ဆိုရင် အဖြူရောင်ကို မြင်နေ ရပြီးတော့ သူရပ်နေတဲ့ နေရာက ကြည့်မယ်ဆိုရင် အနက် ရောင်ကို တွေ့ရတာပါ…



အဲဒီမှာ ကျွန်တော့် အတန်းပိုင်ဆရာမက ကျွန်တော့်ကို အကောင်းဆုံး သင်ခန်းစာ တစ်ခုကိုပေးခဲ့တာပါ… ပြဿနာ တစ်ခုကို မဆုံးဖြတ်ခင်၊ အဖြေမရှာခင်မှာ ကိုယ့်ဘက်က တစ်ခုတည်းကြည့်ပြီး မဆုံးဖြတ်ဖို့နဲ့ တစ်ခြားသူ တစ်ဦးရဲ့ နေရာကနေ ၀င်ကြည့်ပြီး တစ်ဘက်လူရဲ့ အမြင်နဲ့ ခံစားချက်ကိုပါ ကိုယ်ချင်း စာကြည့်ပြီး ဆုံးဖြတ်တတ်ဖို့ ဆရာမ ပေးခဲ့တဲ့  အကောင်းဆုံး သင်ခန်းစာပါ… ကျွန်တော့် ဘ၀အတွက် မမေ့နိုင်တဲ့ တန်ဖိုးအရှိဆုံး သင်ခန်းစာ ဆိုရင်လဲ  မမှားပါဘူးဗျာ…




~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~




ကျွန်မတို့တွေကရော ကိုယ်နဲ့ တစ်ယောက်ယောက်နဲ့ ပြဿနာဖြစ်တဲ့အခါ ကိုယ့်ဘက်က အမြင် သက်သက်နဲ့ ဆုံးဖြတ်ခဲ့ဖူးပေါင်း များခဲ့ကြမှာပါ….  ကိုယ့်တစ်ဘက်လူရဲ့ ခံစားချက်ကို သူ့နေရာကနေ  ၀င်ကြည့်ပြီး ကိုယ်ချင်းစာ ဖူးပါရဲ့လား.. ခံစားဖူးကြပါရဲ့လား…  ပြဿနာတစ်ခုကို ကိုယ့်အမြင် တစ်ခုတည်းနဲ့ ဆုံးဖြတ်ခဲ့လို့ သူငယ်ချင်း မိတ်ဆွေတွေ၊ ညီအစ်ကို မောင်နှမနဲ့ ကိုယ်ချစ်တဲ့သူတွေကို ဆုံးရှုံးခဲ့ရတာ ဘယ်လောက်တောင် များပြီလဲ…  လူတိုင်းဟာ ကိုယ့်စိတ်၊ ကိုယ့်ခံစားချက်ကိုသာ ဦးစားပေး တတ်ကြသူများမို့ တစ်ဘက်သားရဲ့ အမြင်ကို  အလေးအနက် ထားတတ်ဖို့ဆိုတာ သိပ်တော့လွယ်မယ် မထင်ပါဘူးနော်..  ဒါပေမဲ့ ဘက်၂ဘက်ကို    မျှမျှတတ ကြည့်တတ်ဖို့ တတ်နိုင်သလောက်  ကြိုးစား ကြည့်ကြပါစို့လားရှင်…..




http://www.funzug.com/stories/black-white-story.html မှ ဘာသာပြန်ပါသည်…




ချော (အစိမ်းရောင်လွင်ပြင်)

မြက်ရိတ်တဲ့ကောင်လေး



တစ်နေ့….    ကောင်လေးတစ်ယောက် စတိုးဆိုင်လေးမှာ ဆိုဒါ လာဝယ်တယ်..  ၀ယ်ရင်းနဲ့   ဖုန်းတစ်ခါလောက် ခေါ်ခွင့်ပြုဖို့ ဆိုင်ရှင်ကို ခွင့်တောင်းပါတယ်.. ဆိုင်ရှင်က ဖုန်းဆိုင်မဟုတ်ကြောင်း  သို့သော်  တစ်ခေါက်တော့ ခေါ်ခွင့်ပြု မည်ဖြစ်ကြောင်း ပြန်ပြောပါတယ်..

ဆိုင်ရှင်က ကောင်တာမှာ ထိုင်ရင်းနဲ့ ကောင်လေးရဲ့ ဖုန်းပြောသံကို နားထောင်နေပါတယ်.. ကောင်လေးက တစ်ဘက်က အဒေါ်ကြီးတစ်ယောက်နဲ့ပြောနေပုံရတယ်..

“အဒေါ်ခင်ဗျား.. အဒေါ့်ခြံထဲက မြက်ခင်းရိတ်တဲ့အလုပ် ကျွန်တော့်ကိုပေးပါလားခင်ဗျာ…”

တစ်ဘက်က ပြန်ပြောတယ်.. “ တို့က တစ်ခြားတစ်ယောက်ကို အလုပ်ခန့်လိုက်ပါပြီကွယ်…”

“ အဒေါ်ရယ် ..ကျွန်တော် အဒေါ့်ခြံကို အဒေါ် စိတ်တိုင်းကျဖြစ်အောင် ကြိုးစားပြီး ရိတ်ပေးပါမယ်..    ဈေးကိုလဲ  အခုလက်ရှိ လုပ်ပေးနေတဲ့သူ ယူတဲ့ဈေးနှုန်းရဲ့ တစ်ဝက် ဈေးဘဲ ကျွန်တော်ယူပါ့မယ်..”

တစ်ဘက်ကလဲ ပြန်ဖြေပါတယ်… အခုလက်ရှိ သူ့ခြံကို ရိတ်ပေးနေတဲ့သူဟာ သူ့ စိတ်တိုင်းကျ လုပ်ပေးပြီးသား သူကျေနပ်ပြီးသား ဖြစ်ပါတယ်တဲ့…

ဒီတစ်ခါတော့ ကောင်လေးက ပိုပြီး ချိုသာ အောက်ကျို့တဲ့လေသံနဲ့

“အဒေါ်ရယ်….. ကျွန်တော် အဒေါ့်ခြံကို မြက်လဲရိတ်ပေးမဲ့အပြင် တစ်ခြံလုံးကို တံမြက်စည်း လှည်းပေးပါ့မယ်.. လမ်းတွေကိုလဲ သန့်ရှင်းရေးလဲ လုပ်ပေးပါ့မယ်.. ဒီလိုဆို နောက် တစ်ပတ် တနင်္ဂနွေနေ့ရောက်ရင်  အဒေါ့်ခြံဟာ ဒီတစ်နယ်လုံးမှာ ဘယ်သူမှ မမှီတဲ့ အလှဆုံးနဲ့  အသန့်ရှင်း အသပ်ရပ်ဆုံး ခြံတစ်ခုဖြစ်လာမှာပါ… ကျွန်တော့ ကို အလုပ်ခန့်ပါ အဒေါ်ရယ်..”

တစ်ဘက်ကလဲ အလုပ်မခန့်ကြောင်းကိုသာ တွင်တွင် ပြန်ပြောပါတယ်.. ဒီတော့ ကောင်လေးက ကျေကျေနပ်နပ်ကြီး ပြုံးလိုက်ပြီးတော့ ဖုန်းကိုချလိုက်ပါတယ်…

ကောင်လေးရဲ့ ဖုန်းပြောသံကို အစအဆုံး နားထောင်နေတဲ့ ဆိုင်ရှင်က ကောင်လေးဆီ လျှောက်လာပြီး “ကောင်လေး ..ဦးက မင်းရဲ့စိတ်ထားလေးကို သဘောကျတယ်… မင်းရဲ့ အကောင်းဆုံး လုပ်ပေးချင် တတ်တဲ့ သဘောထားကို လေးစားတယ်…  ဒါကြောင့် ဦးလေး မင်းကို အလုပ်တစ်ခုခု ပေးချင်တယ်..   မင်း   ဘယ်လို သဘောရလဲ ”

“ကျေးဇူးတင်ပါတယ် ဦးလေးရယ်.. ကျွန်တော့ အတွက် အလုပ်မလိုပါဘူး… ကျွန်တော် လုပ်ပေးလိုက်တဲ့ အလုပ်ကို  အလုပ်ရှင်က ကျေနပ်မှုရှိမရှိ ကျွန်တော် ပြန်ဆန်းစစ် ကြည့်တာပါ…  ခုနက ကျွန်တော်နဲ့ ဖုန်းပြောတဲ့ အဒေါ်ကြီးက ကျွန်တော် အခု အလုပ် လုပ်ပေးနေတဲ့ အလုပ်ရှင်ပါ..”

=============================================

ဇာတ်လမ်းလေးကတော့ ဒီလောက်ပါဘဲရှင်… ဇာတ်လမ်းလေးဖတ်ပြီးတော့ မဆုံးနိုင်တဲ့ အတွေးတစ်စကို ရလိုက်မိတယ်… ကျွန်မတို့ကရော ကိုယ်လုပ်နေတဲ့ အလုပ်ကို ဒါ ပြီးသွားရင် ငါ့တာဝန် ကျေပြီ… လို့ဘဲ လွယ်လွယ်ကူကူ  သတ်မှတ်လိုက်ကြတယ်.. ကိုယ် လုပ်ပေးလိုက်တဲ့ အလုပ်ကို တစ်ဘက်လူက ကျေနပ် နှစ်သက်မှု အပြည့်အ၀ရှိရဲ့လား  ဆိုတာကိုတော့ မြက်ရိတ်သမားလေးလို  ပြန်လည်ဆန်းစစ်ဖို့ ဘယ်သူကမှ သတိရကြမယ် မထင်ဘူးနော်…



ချော( အစိမ်းရောင်လွင်ပြင်)

အချစ်စစ်ဆိုသည်မှာ



ဆေးရုံတစ်ခုလုံး အလုပ်များလွန်းနေတဲ့တစ်နေ့ မနက်ခင်း ၈နာရီခွဲ အချိန်လောက်မှာ အသက် ၈၀ အရွယ် အဘိုးအိုတစ်ယောက် ဆေးရုံကို ရောက်လာတယ်.. အရင်တစ်ပတ်က ခွဲစိတ်ထားတဲ့ သူ့လက်ပေါ်က ချုပ်ရိုးကို ပြန်ဖြေဖို့ ရောက်လာတာပါ.. သူက ဆေးရုံ ရောက်ရောက် ချင်းဘဲ  ကျွန်တော့ကို ပြောတယ်….

“ကိုးနာရီလောက်မှာ  အဖိုး ချိန်းထားတာလေးတစ်ခု ရှိလို့  အရင်လိုနေတယ်..  အဖိုးကို အမြန်လုပ်ပေးပါ လူလေးရယ် …”

ကျွန်တော်က သူ့နံမည် အသက် စတာတွေကို စာအုပ်ထဲရေးသွင်းလိုက်ရင်း  “  အဖိုး ခနလောက်ထိုင်ပါဦးခင်ဗျာ” လို့ လှမ်းပြောလိုက်တယ်….. သူ့ဒဏ်ရာက ချုပ်ရိုးကို ဖြေဖို့ဆိုရင် ဆရာဝန် တစ်ယောက်ယောက် အားဖို့ အနည်းဆုံးတစ်နာရီကျော်လောက်တော့ စောင့်ရလိမ့်မယ်ဆိုတာ ကျွန်တော် သိတယ်… ကျွန်တော် က သူ့ရဲ့အလျှင်စလို ဖြစ်နေတဲ့ အမူအရာကြောင့် ဒီဆေးရုံမှာ လောလောဆည် အလုပ်သိပ်မများတဲ့ ကျွန်တော် ကဘဲ ကြည့်ပေးဖို့ ဆုံးဖြတ်လိုက်တယ်…

အနာကို စစ်ဆေးကြည့်တော့ အားလုံးအခြေအနေကောင်းတယ်.. အနာလဲကျက်နေပြီ … ဒါနဲ့ ကျွန်တော်က ဆရာဝန်တစ်ယောက်ကို အနာ ချုပ်ရိုး ဖြေဖို့ လိုအပ်တဲ့ ကိရိယာ တန်ဆာပလာတွေ ယူလာဖို့ လှမ်းပြော လိုက်တယ်…   ချုပ်ရိုးဖြေနေရင်းနဲ့ ကျွန်တော်က သူ့ကို စကား စပြောလိုက်တယ်…

“အဖိုး ဘာတွေများ အရေးတကြီး ချိန်းထားတာရှိလို့လဲ ဒီလောက်အရင်လိုနေတာ…”

“ မဟုတ်ပါဘူးလူလေးရယ်။ အဖိုး မိန်းမနဲ့ မနက်စာ အတူစားဖို့အတွက် လူနာစောင့်ရှောက်ရေးဂေဟာကို သွားမလို့ပါ… အဖိုးက  မနက်တိုင်းကို သူနဲ့အတူတူ  မနက်စာ စားနေကြလေ…..”

“အော်..     အဖိုးမိန်းမက လူနာစောင့်ရှောက်ရေးဂေဟာမှာလား … နေမကောင်းလို့လားခင်ဗျာ…”

“အင်း.. သူက အယ်လ်ဇိုင်းမားရောဂါကြောင့် ကုသ စောင့်ရှောက်မှုခံယူဖို့ အဲဒီမှာ ရောက်နေ တာပါကွယ်..”

ကျွန်တော်က အဖိုးကို ကျီစယ်ချင်တာနဲ့

“တကယ်လို့  နံနက်စာစားဖို့ အဖိုး နည်းနည်း နောက်ကျရင်  အဖွားက အဖိုးကို စိတ်ဆိုးမှာလား”..

“သူ က အဖိုးဘယ်သူဆိုတာကိုတောင် မသိတော့ပါဘူးကွယ်….  အဖိုးကို မမှတ်မိတော့တာ ခုဆို ၅နှစ်လောက်တောင် ရှိပါပြီ..”

ကျွန်တော် အတော်လေးအံ့သြသွားတယ်..   “အိုး..  ဒါနဲ့တောင် အဖိုးက မနက်တိုင်း မနက်တိုင်း မနက်စာအတူ စားဖို့သွားနေသေးတယ်နော်..အဖိုး ဘယ်သူ ဘယ်ဝါ ဆိုတာကိုတောင် သူက မမှတ်မိတော့ဘဲနဲ့များ…”

အဖိုးအိုက ပြုံးလိုက်တယ်။ ပြီးတော့ ကျွန်တော့လက်ကို အသာအယာ ဆုပ်ကိုင် လိုက်ပြီးတော့ ပြောလိုက် ပါတော့တယ်။

“သူအဖိုးကို မသိတော့တာ မှန်ပါတယ်…. ဒါပေမဲ့ အဖိုးက သူဘယ်သူဆိုတာ သိနေသေးတယ်လေ”

အဖိုးအို စကားကြောင့် ကျွန်တော့ရင်ထဲမှာ တစ်စုံတစ်ခုကို ပြင်းပြင်းထန်ထန် ခံစားလိုက်ရ သလို ဖြစ်သွားတယ်…  အဖိုးအိုရှေ့မှာ မျက်ရည် မကျမိအောင် ကျွန်တော် ကြိုးစားပြီး ထိန်းလိုက်ရတယ်…  အဖိုးကတော့ တရွေ့ရွေ့နဲ့ ကျွန်တော့်ရှေ့က ထွက်ခွာသွားခဲ့ပြီ..  အဖိုးရဲ့လက်နဲ့  ကိုင်သွားတဲ့ ကျွန်တော့ လက်ပေါ်က နေရာလေးမှာ  သူ့ဆီက အနွေးဓာတ်ကလေး ခုချိန်ထိ ကျန်နေသေးသလို ကျွန်တော့်စိတ်ထဲ ခံစား မိတယ်…  လက်ပေါ်မှာ တင်မကပါဘူး..ကျွန်တော့်ရင်ထဲ၊ နှလုံးသားထဲမှာပါ  ကျန်နေခဲ့တာပါ… အဲဒီလိုအချစ်မျိုးဟာ ကျွန်တော့်ဘ၀တစ်လျှောက်လုံး  ရှာဖွေနေတဲ့  ကျွန်တော် လိုချင်ခဲ့တဲ့ အချစ်မျိုး၊ ကျွန်တော် တန်ဖိုးထားချင်ခဲ့တဲ့ အချစ်မျိုးပါ။

*************


အချစ်စစ်ဆိုတာ တကယ်ေတာ့ ရုပ်ခံစားမှုသက်သက်လဲမဟုတ်၊ စိတ်ခံစားမှုသက်သက်လည်း မဟုတ်။ ကိုယ်ချစ်သည့်သူက ြပန်ချစ်သည်ြဖစ်၊ မချစ်သည်ြဖစ်ေစ၊ ကိုယ့်ဘက်က အြမဲတမ်း ချစ်သွားနိုင်တဲ့ ၊ ဘာကိုမှ မေမျှာ်လင့်ေသာ အချစ်ကို အချစ်စစ်ပါဆိုခဲ့ရင် စာဖတ်သူများ လက်ခံနိုင်ပါ့မလား။ ကျွန်မတို့ေတွရဲ့ ဘဝမှာ  အချစ်စစ် ဆိုတဲ့ စကားလံုးကို ခဏခဏ သံုးစွဲဖူး၊ ေြပာဖူးြကပါလိမ့်မယ်။ ဒါေပမဲ့ တကယ်အချစ်စစ်ဆိုတာ ဘယ်လိုအရာလဲဆိုတာကိုေတာ့ အဓိပ္ပာယ် ဖွင့်ဆိုပံုြခင်း၊ နားလည် လက်ခံပံုြခင်းေတာ့ ကွဲြပားြကပါလိမ့်မယ်။ ဒီဇာတ်လမ်းေလးထဲက အဖိုးအိုရဲ  ့ အချစ်မျိုးကို အချစ်စစ်ပါလို့ ဆိုရင် သေဘာတူတဲ့သူရှိသလို သေဘာမတူတဲ့ သူေတွလည်း ရှိေကာင်းရှိမှာပါ။ ဘယ်သို့ပင် ဆိုေစကာမူ ေမျှာ်လင့်ြခင်းကင်းတဲ့ ချစ်ြခင်းတစ်စံုကိုေတာ့ြဖင့် တန်ဖိုးထား ေလးစားရမှာ အမှန်ပင် ြဖစ်ပါေတာ့တယ်။


ချော (အစိမ်းရောင်လွင်ပြင်)

မိခင်တစ်ယောက်ရဲ့ စွန့်လွှတ်ခြင်း





ကျွန်တော် အမေ့ကိုမုန်းတယ်…





အမေဟာ သူများတွေရဲ့ အမေနဲ့မတူဘူး….မျက်လုံးတစ်ဘက်ဘဲရှိတယ်….ရုပ်ဆိုးလိုက်တာ… အရမ်းကို ရှက်ဖို့ကောင်းတာဘဲ… ဆိုင်လေး သေးသေး ၊ စုတ်ပြတ်ပြတ် လေးမှာ အမေက ဟင်းသီး ဟင်းရွက်လေးတွေ ရောင်းတယ်..    ဒီလို ဆင်းဆင်းရဲရဲ ဈေးရောင်းနေတဲ့ အမေ့ကို ကြည့်ပြီး ကျွန်တော် ရှက်တယ်….အမေ့ကြောင့် လူတွေက ကျွန်တော်တို့ကို အထင်သေး ကြတယ်လို့ ကျွန်တော်ထင်တယ်…  သူများ အမေတွေလို ဘာလို့များ အမေဟာ ချမ်းသာအောင် မလုပ်သလဲ ဆိုတာ ကျွန်တော်ဖြင့် နားကို မလည်နိုင်ပါဘူး….   ဒါကြောင့် အမေ့ကို ကျွန်တော်မချစ်ဘူး.. မုန်းတယ်။





ဒီနေ့ ကျွန်တော်တို့ မူလတန်းကျောင်းမှာ အားကစား ပြိုင်ပွဲတွေ လုပ်တယ်….ကျောင်းသား မိဘတွေကို ဖိတ်တယ်…ကျွန်တော် အမေ့ကို မလာစေချင်ဘူး… ဒါပေမဲ့ အမေက  ကျောင်းကို ရောက်လာတယ်… အမေ ဘယ်လိုများ လုပ်လိုက်တာလဲ ..  လူတွေကြားမှာ ကျွန်တော့ ကို အရှက် လာခွဲတယ်….  ရှက်စရာ ကောင်းလိုက်တာ.. အခုတော့ ကျွန်တော့အမေဟာ ရုပ်ဆိုးဆိုးနဲ့ မျက်လုံးတစ်ဖက်ထဲ ရှိတဲ့သူဆိုတာ ကျောင်းက သူငယ်ချင်းတွေ အကုန် သိကုန်ပြီ…  ကျွန်တော် အမေ့ကို ခါးခါးသီးသီး ကြည့်မိတယ်…ပြီးတော့ ကျောင်းထဲကနေ  ပြေးထွက်ခဲ့မိတယ်။





နောက်တစ်နေ့ ကျောင်းတက်တော့ အတန်းဖော်တွေက ကျွန်တော့ကို ၀ိုင်းပြီး ” မင်းအမေက မျက်လုံး တစ်ဘက်တည်းရှိတယ်နော် ” လို့ စကြတယ်.. အော်ဟစ် နောက်ပြောင်ကြတယ်…  ကျွန်တော် ဒေါသလဲထွက် ရှက်လဲရှက်မိတယ်….အမေ့ကို ကမ္ဘာမြေကြီးပေါ်ကနေ  ပျောက်ကွယ် သွားပါစေလို့ကို ဆုတောင်းမိတယ်…  သူများအမေတွေလို ကြည့်ကောင်းတဲ့ရုပ်ရည်လဲ မရှိဘူး.. သူများအမေတွေလို ပိုက်ဆံလဲ မချမ်းသာဘူး.. ကျွန်တော် အမေ့ကို အရမ်းမုန်းတာဘဲ။





အိမ်ပြန်ရောက်တော့ ကျွန်တော် အမေ့ကိုမေးတယ်..  “ အမေ့မျက်လုံးတစ်ဘက်က ဘယ်ရောက် သွားတာလဲ ..  အမေက သူများအမေတွေ လိုလဲ မလှဘူး…. ရုပ်ကဆိုး. ဆင်းကလဲ ဆင်းရဲသေးတယ်…..အမေဟာ ကျွန်တော့ကို အရှက်ခွဲဖို့သက်သက်များ အသက်ရှင်နေတာလား…  အမေဘာကြောင့် မြန်မြန်မသေတာလဲ “ လို့   ရက်ရက်စက်စက် ကျွန်တော် ပြောပစ်လိုက်တယ်……..  အမေက ဘာမှကို ပြန်မပြောဘူး….    ၀မ်းနည်းတဲ့ မျက်နှာလေးနဲ့ တိတ်တိတ် ဆိတ်ဆိတ်ဘဲ  လုပ်စရာရှိတာကို လုပ်နေခဲ့တယ်… ကျွန်တော် နည်းနည်းတော့ စိတ်မကောင်း ဖြစ်သွားမိတယ်… အမေ့ကို အဲလို ပြောလိုက်မိလို့..  ဒါပေမဲ့ တစ်ချိန်တည်းမှာဘဲ အဲလို ပြောလိုက်ရတာကိုလည်း ကျေနပ် သွားမိတယ်…ကျွန်တော် တစ်ချိန်လုံး အမေ့ကို ပြောချင်ခဲ့တဲ့ စကားကို ပြောလိုက်ရလို့လေ။





အဲဒီည….      ကျွန်တော် တစ်ရေးနိုးလားတော့ ရေဆာတာနဲ့ ရေသောက်ဖို့ ထမင်းစား ခန်းထဲကို  အသွား တိတ်တိတ်လေး ငိုကြွေးနေတဲ့ အမေ့ကို ကျွန်တော် တွေ့လိုက်တယ်..   ကျွန်တော် နိုးသွားမှာစိုးလို့ အသံမထွက်ရှာဘဲ တိုးတိုးလေး  ငိုနေတဲ့ အမေ…..          အမေ့ကို ကျွန်တော် တစ်ချက်ကြည့်ပြီး အမြန်ဆုံး ပြန်ထွက်လာခဲ့တယ်။





တကယ်တော့ နေ့လည်က အမေ့ကို ကျွန်တော်ပြောလိုက်မိတဲ့စကားကြောင့် ကျွန်တော် ကိုယ်တိုင်လည်း  အသည်းနှလုံးထောင့် တစ်နေရာမှာလဲ တဆစ်ဆစ်နဲ့ ကိုက်ခဲ နေသလိုပါဘဲ…      ဒါပေမဲ့  အရုပ်ဆိုးလှတဲ့  မျက်လုံး တစ်ဖက်တည်းနဲ့ ငိုနေတဲ့အမေ့ကို ကျွန်တော် မုန်းတယ်။





ဒီတော့….  ကျွန်တော် ဆုံးဖြတ်ချက်ချလိုက်မိတယ်….





ခုချိန်ကစပြီး ငါ့ခြေထောက်ပေါ်  ငါ ရပ်တည် နိုင်အောင် ကြိုးစား တော့မယ်…  ငါ့ဘ၀ကို အောင်မြင်အောင်လုပ်မယ်..ငါအမေ့ကို မုန်းတယ်..ပြီးတော့ ဒီ စုတ်ပြတ်ဆိုးဝါး လှတဲ့ ဆင်းရဲခြင်းကို  ငါမုန်းတယ်..ဒီကနေ ငါ လွတ်အောင် ရုန်းမယ်..   အမေ့ဆီကနေ…..  ပြီးတော့ ဆင်းရဲခြင်းဆီကနေ…..






အမေ့အိမ်ကနေ ထွက်လာပြီး..  ဆိုလ်းမြို့မှာ ကျွန်တော် ပြင်းပြင်းထန်ထန် ကြိုးစားတယ်..ကျွန်တော့်ဘ၀အတွက်…….  ရှေ့ခြေလှမ်းတွေအတွက်……  ရည်မှန်းချက် အပြည့်နဲ့ပေါ့  အထက်တန်းအောင်တော့  ဆိုလ်း တက္ကသိုလ်ကြီးမှာ ပညာသင်ခွင့် ရတယ်. ကျွန်တော် ကိုယ့်ကိုယ်ကို ယုံကြည်ချက်တွေ ပိုပြီး ပြင်းထန် လာတယ်   ခိုင်မာလာတယ်.. ကျောင်းပြီးတော့ ကျွန်တော်အိမ်ထောင်ပြုတယ်…. စီးပွားရေးလဲ အဆင်ပြေတော့ ကိုယ်ပိုင် အိမ်နဲ့ ဘာနဲ့ ဖြစ်လာတယ်..   သားသမီးတွေ ရလာတယ်..    ခုတော့ ကျွန်တော့် ဘ၀မှာ  ပျော်ရွှင် သာယာတဲ့ အိမ်ထောင်နဲ့၊ အောင်မြင်တဲ့ လူတစ်ယောက်အဖြစ်  ရပ်တည်နေပြီ…   ဒီမှာနေရတာ ကျွန်တော် သဘောကျတယ်..  ကျွန်တော်ဘ၀ရဲ့ အတိတ်၊ ရုပ်ဆိုးလှတဲ့ ကျွန်တော့အမေ၊  ဆင်းရဲလွန်းတဲ့ ကျွန်တော့ငယ်ဘ၀  အဲဒါတွေကို သတိရစရာ ပြန်အမှတ်ရစရာ ဘာမှလဲ မရှိတော့ဘူး… ကျွန်တော်ရဲ့ အတိတ်တွေ အားလုံးကို မေ့ထားပြီး ခုလက်ရှိဘ၀မှာ ကျွန်တော် ပျော်နေပြီ…  ကျေနပ်နေပြီ…





ကျွန်တော် ဘ၀ကို အကျေနပ်ကြီး ကျေနပ်ပြီး ပျော်ရွှင်နေတုန်း လုံးဝ ဘယ်တုန်းကမှ မမျှော်လင့်ထားတဲ့ သူတစ်ယောက် ကျွန်တော့်ရှေ့ကို ရောက်လာတယ်..





”ဘုရားရေ…..အမေပါလား..”





“ခုချိန်ထိ မျက်လုံးတစ်ဘက်ပျက်ကြီးနဲ့ရှိနေတုန်း…     ဆိုးလိုက်တာဗျာ”..





ကောင်းကင်ကြီး တစ်ခုလုံး  ကျွန်တော့ရှေ့ကို ပြိုကျလာသလိုဘဲ….  ကျွန်တော့သမီးလေးက မျက်လုံး တစ်ဖက်တည်းနဲ့ ရုပ်ဆိုးလှတဲ့ အမေ့ကို မြင်တော့ လန့်အော်ပြီး အိမ်ထဲကို ပြေးဝင်သွားတယ်..  ကျွန်တော် ဒေါသတွေ ဒီရေလို တက်လာတယ်…







ခင်ဗျားဘယ်သူလဲ..  ခင်ဗျားကို ကျုပ်မသိပါလား ..  ခင်ဗျားက ကျုပ် အိမ်ကို ဘာကိစ္စနဲ့ လာရတာလဲ.. ကျုပ်သမီးလေး ခင်ဗျားရဲ့ ရုပ်ကြီးကို မြင်ပြီး လန့်သွားပြီ…. သွား…..   ခင်ဗျား ခုချက်ခြင်း ကျုပ်အိမ်က ထွက်သွား ကျွန်တော် မသိဟန်ဆောင်ပြီး တကယ့်ကို  မမှတ်မိသလိုနဲ့ အမေ့ကို ပြောပစ်လိုက်တယ်..





“အိုး ၀မ်းနည်းပါတယ်ရှင်…. ကျွန်မ အိမ်လိပ်စာမှားပြီး ၀င်လာမိတာပါ”…





အမေက တိုးတိုးတိတ်တိတ်လေးဘဲ ပြန်ဖြေပြီး ကျွန်တော့်မျက်စိရှေ့ကနေ တစ်ရွေ့ရွေ့နဲ့ ပျောက်ကွယ်သွားတယ်..  တော်ပါသေးရဲ့..ဘုရား မ လို့..   အမေ ကျွန်တော့်ကို မမှတ်မိဘူး..ကျွန်တော့်စိတ်တွေ အတော် သက်သာရာ ရသွားတယ်..   ကိုယ့်ကိုယ်ကို ပြောမိတယ်.. “ငါနောက်ကို သတိထားစရာ မလိုတော့ဘူး…   ငါ့ဘ၀တစ်လျှောက်လုံး ဒီအကြောင်းတွေ ထပ်ပေါ်လာတော့မှာ  မဟုတ်တော့ဘူး”





တစ်နေ့…..ကျွန်တော့်ဇာတိ ဖြစ်တဲ့ ငယ်ငယ်ကနေခဲ့တဲ့ကျောင်းကနေ ကျောင်းသား ဟောင်းတွေ ပြန်လည်တွေ့ဆုံပွဲ လုပ်မဲ့ ဖိတ်စာလေး ရောက်လာတယ်.. မသွားချင်ပေမဲ့ ကျွန်တော် သွားရဦးမယ်… ကျွန်တော့မိန်းမကို အမှန်အတိုင်းမပြောဘဲ စီးပွားရေး ကိစ္စနဲ့ ခရီးထွက်စရာ ရှိတယ်လို့ ကျွန်တော် လိမ်လိုက်တယ်…ကျွန်တော့ရဲ့ ဆင်းရဲတဲ့ငယ်ဘ၀အကြောင်း ကျွန်တော့်မိန်းမကို ဘယ်တုန်းကမှ မပြောခဲ့ဖူးဘူးလေ။





တွေ့ဆုံပွဲပြီးတော့  ကျွန်တော် ငယ်ငယ်ကနေခဲ့တဲ့ အိမ်လေးကို ကြည့်ဖို့ ထွက်လာခဲ့တယ်…  အိမ်လို့သာ ခေါ်တာပါ.. အိမ်နဲ့တောင် မတူပါဘူး…  အမိုးအကာ မလုံတဲ့ တဲကုတ်လေးပါ…  ဘာရယ်မဟုတ်ပါဘူး..  စပ်စုချင်တဲ့စိတ်ကလေးနဲ့ အိမ်ကလေးက ဘယ်လိုများ ဖြစ်နေမှာပါလိမ့် ဆိုပြီးကြည့်ချင်တာနဲ့ ထွက်လာတာ။





ဒီမှာဘဲ..   ကျွန်တော့အမေကို အေးစက်  စိုစွတ်နေတဲ့ မြေပြင်ပေါ်မှာ လဲကျနေတာ တွေ့လိုက်ရတယ်… ဒါပေမဲ့ ကျွန်တော် မျက်ရည်ကျဖို့ မပြောနဲ့   ၀မ်းနည်းတဲ့ စိတ် နည်းနည်း လေးတောင်  မဖြစ်မိဘူး…  အမေ့လက်ထဲမှာ စာရွက်ပိုင်းလေးတစ်ခုကို တွေ့ရတယ်…  ကျွန်တော်ယူကြည့်လိုက်တော့အမေရဲ့ မပီမသ မလှမပ လက်ရေး လေးတွေနဲ့ ကျွန်တော့် အတွက် ရေးထားတဲ့စာမှန်း သိလိုက်ရတယ်။





သားလေးရေ…





အမေ မကျန်းမမာ ဖြစ်နေတာကြာပါပြီ…..   အမေမသေခင် သားလေးဖတ်ဖို့ ဒီစာလေး ရေးထားခဲ့ချင်လို့ပါ… အမေ နေရတော့မယ် မထင် ပါဘူးကွယ် ….  သားလေးရှိတဲ့ဆိုလ်းကိုလဲ နောက်တစ်ကြိမ် ဘယ်တော့မှ  အမေရောက်နိုင်တော့မှာ မဟုတ်ပါဘူး….   သားလေးကို အမေ့ဆီ တစ်ခေါက်လောက် လာလည် စေချင်လိုက်တာကွယ်….  အမေလေ သားလေးကို အရမ်းလွမ်းလို့ပါ..  တွေ့ချင်လွန်းလို့ပါ…   ကျောင်းသား ဟောင်းတွေ ပြန်လည်တွေ့ဆုံပွဲကို သားလေး လာမယ် ကြားတော့ အမေ ၀မ်းသာ လိုက်တာ.. ဒါပေမဲ့ ကျောင်းကို အမေမလာဖို့ ဆုံးဖြတ် ထားပါတယ်…  အဲဒါက သားလေးအတွက်ပါကွယ်…အမေ့မှာက  မျက်စိတစ်ဖက်ထဲ ရှိတာကိုး…. ဒီအတွက်နဲ့  သားကို အရှက်ရစေတာ အမေ     ၀မ်းနည်း ပါတယ်သားရယ်.





အမေပြောပြပါ့မယ်သားရယ်…  အမှန်တော့ သားငယ်ငယ်တုန်းက  ဆော့ကစားရင်း  မတော်တဆဖြစ်ပြီး သားမျက်စိ တစ်ဖက် ပျက်စီး သွားခဲ့တယ်.    အမေ တစ်ယောက် အနေနဲ့ မျက်စိတစ်ဖက် မရှိတော့တဲ့ သားကို ဘယ်လိုလုပ် ကြည့်ရက်နိုင်ပါ့မလဲကွယ်… သားကြီးလာရင် မျက်စိတစ်ဘက်တည်းနဲ့ လူတွေကြား ဘယ်လိုများ နေမလဲလို့ တွေးကြည့်တိုင်း စိတ်ဆင်းရဲမိတယ်… ယူကျုံးမရ ဖြစ်ရတယ်….ကြီးလာရင် ငါ့သားလေးရှက်မယ်ဆိုတာ အမေသိတယ်….  အမေက  အသက်ကြီးပြီ..  သားက လူ့ဘ၀ကို အရှည်ကြီး လျှောက်လှမ်း ရဦးမှာလေ…  ဒါကြောင့် အမေ့ရဲ့မျက်စိတစ်ဘက် သားကို ပေးလိုက်တာပါ…  အမေ့ရဲ့မျက်လုံးနဲ့ လောကကြီးကို ငါ့သားလေး ကောင်းကောင်းမွန်မွန် ပြန်မြင်လာနိုင်တဲ့ အတွက် သားကို ကြည့်ပြီး  အမေ၀မ်းသာမိတယ်..ဂုဏ်ယူမိတယ်…. ဒီ့အတွက် အမေဘယ်တော့မှ  စိတ်မကောင်း မဖြစ် ပါဘူး.. ၀မ်းလဲ မနည်းခဲ့ပါဘူး.    ငယ်ငယ်က အမေ့ကို သားလေး စိတ်ဆိုးခဲ့ဖူးတယ်..စိတ်ဆိုးပြီး အမေ့ကို ပြောခဲ့ ဆိုခဲ့တာတွေ  အမေ သားကို ဘယ်တော့မှ ဗွေ မယူခဲ့ပါဘူး….ငါ့သားလေးငါ့ကို ချစ်လို့ပြောတာဘဲလို့  အမေတွေးခဲ့ပါတယ်..  အမေသားကို ချစ်တယ် သားရယ်…. သားဟာ အမေ့ရဲ့   ဘ၀ ၊ အမေရဲ့ ကမ္ဘာပါကွယ်……..





အိုး..   ကျွန်တော့်အသည်းတွေကွဲပါပြီ…..အမေရယ် ….သားကိုခွင့်မလွှတ်ပါနဲ့ …ဘယ်တော့မှ သားမိုက်ကို ခွင့်မလွှတ်ပါနဲ့။






ကျွန်တော် ရှိုက်ကြီးတငင် ငိုကြွေးနေမိပါပြီ…. ကျွန်တော် သိပ်မုန်းခဲ့တဲ့ မျက်လုံးတစ်ဖက်တည်းရှိခဲ့တဲ့ အမေဟာ ကျွန်တော့ အတွက် သူ့မျက်လုံးကို စွန့်လွှတ် ခဲ့တယ် ဆိုတာ အမေသေမှ ကျွန်တော်သိလိုက်ရပါပြီ.. ကျွန်တော့်အတွက် ပေးဆပ်အနစ်နာခံပြီး ချစ်သွားတဲ့ အမေ့ရဲ့မေတ္တာကို ဘယ်တုန်းကမှ မသိတတ် နားမလည် တတ်ခဲ့တဲ့ ကျွန်တော် ၊ ဘယ်တုန်းကမှ မငိုခဲ့ဖူးတဲ့ ကျွန်တော် လူမိုက်ကြီး၊ ခုတော့ မဆုံးနိုင်တဲ့ မျက်ရည်တွေနဲ့ အမေ့အတွက် ငိုကြွေးနေမိပါပြီ… ကျွန်တော့်လို မိဘကျေးဇူး မသိတတ်တဲ့သား.. မိဘစေတနာကို နားမလည်တဲ့ သားမျိုး၊ မိဘသေမှ နောင်တရတဲ့သားမျိုး ဘယ်တော့မှ မဖြစ်ကြပါ စေနဲ့ဗျာ….





ကျွန်တော့်အတွက် ပေးဆပ်အနစ်နာခံပြီး ချစ်သွားတဲ့ အမေ့ရဲ့မေတ္တာကို ဘယ်တုန်းကမှ မသိတတ် နားမလည်တတ်ခဲ့တဲ့ ကျွန်တော် ၊  ဘယ်တုန်းကမှ မငိုခဲ့ဖူးတဲ့ ကျွန်တော်   လူမိုက်ကြီး၊ ခုတော့ မဆုံးနိုင်တဲ့ မျက်ရည်တွေနဲ့ အမေ့အတွက် ငိုကြွေးနေမိပါပြီ… ကျွန်တော့်လို မိဘကျေးဇူး မသိတတ်တဲ့သား.. မိဘစေတနာကို နားမလည်တဲ့ သားမျိုး၊ မိဘသေမှ နောင်တရတဲ့သားမျိုး ဘယ်တော့မှ  မဖြစ်ကြပါ စေနဲ့ဗျာ….






-------------------------------------------------------------------------------------------------





ဒီဝတ္ထုတိုလေးကို ဖတ်ပြီး အရမ်းခံစားရတဲ့အတွက် ကြိုးစားပြီး ဘာသာပြန်ထားပါတယ်…. လိုအပ်ချက်များ ရှိခဲ့ပါက ခွင့်လွှတ်သည်းခံပြီး ဖတ်ပေးကြပါနော်…  ၀ိုင်းဝန်း အကြံပေးကြတဲ့ သူငယ်ချင်းများကို ကျေးဇူးတင်ကြောင်း အသိပေးပါရစေရှင်..





A Mother's Sacrifice ( Unknown Author) ကို ဘာသာပြန်ပါသည်။






ချော (အစိမ်းရောင်လွင်ပြင်)

မတူရင် မတုနဲ့


တစ်နေ့တော့ အောင်မြင်ထင်ရှားတဲ့ စကားပြောကောင်းသူ Mr A ဟာ သူရဲ့ပရိသတ်ကို စကား ဟောပြောဖို့အတွက် စင်ပေါ်ကို ရောက်နေပါတယ်…. စင်ပေါ်မှာ စိတ်လှုပ်ရှား တက်ကြွ စရာ စကားတွေပြောနေရင်းနဲ့ သူက စကားလေးတစ်ခွန်းကို ပရိသတ်ကို ပြောလိုက်ပါတယ်..

ကျွန်တော်ဗျာ….ကျွန်တော့်ဘ၀ရဲ့ အကောင်းဆုံးနဲ့ အပျော်ရွှင်ဆုံး အချိန်တွေကို  ကျွန်တော့မိန်းမ မဟုတ်တဲ့ အခြားမိန်းမတစ်ယောက်ရဲ့ လက်ထဲမှာ ကုန်ဆုံးခဲ့တယ် ”

အဲလိုလဲပြောလိုက်ရော ပရိသတ်ကြီးဟာ တစ်ခါတည်း အံ့သြပြီး ငြိမ်ကျသွားတယ်…ဒီလူ ဘယ်လိုများ ပြောလိုက်တာပါလိမ့်…ဒီလိုပေါ်တင်ကြီး ပြောစရာလားပေါ့….

အဲဒီချိန်မှာဘဲ ဆက်ပြီးသူပြောလိုက်တဲ့စကားက “  အဲဒီအမျိုးသမီးကတော့ ကျွန်တော့ အမေပါ ” တဲ့…

သူရဲ့စကားကြောင့် နားထောင်နေတဲ့ ပရိတ်သတ်တွေအားလုံး အားရပါးရ ရယ်မောကြပြီး အားရပါးရ လက်ခုပ် သြဘာ ပေးလိုက်ကြတယ်…

နောက်တစ်ပတ်ကြာတဲ့အခါ သူရဲ့ဟောပြောပွဲကို တက်ရောက်ခဲ့တဲ့ ရာထူးကြီးကြီး အရာရှိကြီး တစ်ယောက်က ဒီ Mr A ရဲ့ ထိရောက်လှတဲ့ ဟာသလေးကို အိမ်မှာ ပြန်ပြီး အရွှန်းဖောက်ဖို့ စိတ်ကူးရလိုက်တယ်..

အဲဒီညနေခင်းမှာ ထမင်းမစားခင် အရာရှိကြီးဟာ အရက်တော်တော်များများကလဲ သောက်ထားတော့ ခပ်ထွေထွေဖြစ်နေပြီ…..သူ့မိန်းမက ညနေစာအတွက် ထမင်းပွဲ ပြင်နေတယ်… သူ့မိန်းမကြားအောင် အရာရှိကြီးက အော်ပြောလိုက်တယ်…

“ငါ့တော့ ငါ့ဘ၀ရဲ့အကောင်းဆုံးအချိန်တွေကို မင်းမဟုတ်တဲ့ မိန်းမတစ်ယောက်ရဲ့ လက်ထဲမှာဘဲ ကုန်ဆုံးခဲ့ပြီဟေ့”
အရာရှိကြီးရဲ့ မိန်းမက တအံ့တသြနဲ့ “ရှင်ဘာပြောလိုက်တယ် …ပြန်ပြောစမ်းပါဦး ” ဒေါသတကြီး လှမ်းအော်ပါတော့တယ်…

အရက်ကြောင့် ထွေနေတဲ့ အရာရှိကြီးက ရုတ်တရက် ဘာဆက်ပြောရမှန်း စဉ်းစား မရတော့ဘူး…..ဟောပြောပွဲမှာတုန်းက Mr A က ဘယ်လို ဆက်ပြောလိုက်တယ် ဆိုတာကိုလဲ ပြန်စဉ်းစားမရတော့ဘူးတဲ့… ဒီတော့ သူက ပြောမိပြောရာ ပြောလိုက်မိတာက

“ဟာ….အဲဒီမိန်းမက ဘယ်သူလဲဆိုတာ ငါလဲဆက်စဉ်းစားလို့မရတော့ဘူးကွ…..မေ့သွားပြီ ”

နောက်ဆုံးတော့ အဲဒီအရာရှိကြီးက ဆေးရုံ ရောက်သွားပါတယ်….ရေနွေးပူပူနဲ့ အပက်ခံ လိုက်ရလို့ပါတဲ့…… ပက်လိုက်တဲ့သူကိုတော့ စာဖတ်သူများ ရိပ်မိပြီးဖြစ်မှာပါနော်……


ဒါကြောင့် ကျွန်မတော့ Don’t copy if you can’t paste! ဒီစာသားလေးကို “မတူရင်မတုနဲ့” လို့ ဘဲ နံမည်ပေးလိုက်ပါတယ်….. ပျော်ရွှင်ကြပါစေနော်…


ချော ( အစိမ်းရောင်လွင်ပြင်)