ကမ္ဘာပေါ်က ထူးထူးဆန်းဆန်း အပင်တွေထဲကမှ ဇောက်ထိုးပေါက်နေတဲ့ ပုံသဏ္ဍာန်ဖြစ်နေတဲ့ သစ်ပင်များ၊ ကမ္ဘာ့အကြီးဆုံးသစ်ပင်နဲ့ ပင်စည်မှာ ပြွတ်သိပ်စွာသီးတတ်တဲ့ ခရမ်းရောင် ဘရာဇီလ်း စပျစ်သီးခေါ် Jabuticaba အသီး အကြောင်း ပြောပြချင်ပါသေးတယ်ရှင်.. အောက်ကပုံတွေမှာကြည့်ပါနော်..
လမ်းဘေးဝဲယာ
Baobab ခေါ် ဇောက်ထိုး သစ်ပင်ဟာ အာဖရိက၊ သြစတြေးလျနဲ့ အီကွေတာတစ်ဝိုက်မှာ ပေါက်ရောက်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်.. မြင်ရတဲ့ အတိုင်းပါဘဲ ရုတ်တရက်ကြည့်လိုက်ရင် သစ်ပင်ကိုဇောက်ထိုးပြောင်းပြန် လှန်ထားတာနဲ့ ဆင်တူပါတယ်.. ဒီသစ်ပင်ဟာ အမြင့်ပေ၁၆ပေမှ ၉၈ ပေအထိ ရှိနိုင်ပြီး ပင်စည်လုံးပတ်ဟာ ၂၃ပေမှ ၃၆ပေအထိ ကြီးထွားတတ်ပြီး နှစ်ပေါင်းထောင်နဲ့ ချီကြာအောင် အသက်ရှင်ကြတယ်လို့ သိရပါတယ်.. တစ်နှစ်မှာ ၉လခန့် သစ်ရွက်တစ်ရွက်မှ မရှိဘဲ ပင်စည်နဲ့ သစ်ကိုင်းတွေသာ ခြောက်သွေ့စွာ ရှိတတ်ပါတယ်…. သို့သော်လည်း ပင်စည်အတွင်းမှာတော့ ရေဂါလံပေါင်းများစွာ သိုမှီးထားနိုင်တယ်လို့ သိရပြီး မီးလောင်ဖို့ ခက်ခဲတဲ့အပင်လည်း ဖြစ်ပါတယ်.. .. Baobab တစ်ပင်လုံးဟာ အသုံးဝင်ပြီးတော့
ပင်စည်မှာရှိတဲ့ သစ်ခေါက်ဟာ အ၀တ်အထည် ယက်လုပ်တဲ့နေရာနဲ့ ကြိုးတွေ အဖြစ်အသုံးပြုပါတယ်.. ၄င်းအပင်ရဲ့ အရွက်တွေကိုတော့ ဆေးဝါးအဖြစ်လည်းကောင်း၊ ဟင်းခတ်ရာတွင်လည်းကောင်း အသုံးပြုလေ့ ရှိကြပါတယ်. monkey bread လို့တဲ့ အသီးကိုတော့ စားလို့ရပါတယ်.. ကြီးမားလှတဲ့ ပင်စည်ကြီးဟာ အခေါင်းပေါက်ကြီး ဖြစ်နေတတ်တာကြောင့် ကျယ်ဝန်းလှတဲ့အတွက် တိရိစ္ဆာန်နဲ့ လူတစ်ချို့က ၀င်ရောက် နေထိုင်နိုင်တတ်ကြပါတယ်..
အသီးသီးတဲ့ ချိန်ခါ
အရွက်တွေဝေတဲ့ကာလ
တစ်ပင်ထီးတည်း
လှတဲ့ ရှုခင်းနဲ့အတူ
ပုလင်းသစ်ပင်
ပင်စည်ကြီးများထွားကြိုင်းသလောက် အခက်အလက်နဲ့ သစ်ရွက်များ နည်းပါးလှတာကြောင့် ကြည့်ရတာ ထူးဆန်းပြီး တစ်မျိုးဆွဲဆောင်မှု ရှိတဲ့ အပင်ဖြစ်ပါတယ်.. ဒေသခံတို့ရဲ့ ဒဏ္ဍာရီစကားအရ ၄င်း အပင်ဟာ ကမ္ဘာမြေကြီးပေါ်မှာ ပထမဦးဆုံး ပေါက်လာတဲ့အပင်ဖြစ်ပါတယ်တဲ့.. နောက်ထပ် ပေါက်လာတဲ့ အခြားသော အပင်တွေကို မနာလိုဖြစ်ပြီး အဲဒီအပင်တွေအတိုင်းဖြစ်ဖို့ ဘုရားသခင်ကို တစ်ခုပြီးတစ်ခု တောင်းဆိုရာမှ ဘုရားသခင်က စိတ်ဆိုးပြီး ၄င်းအပင်ကို ဆွဲနှုတ်ပစ်ကာ ဇောက်ထိုးဖြစ်အောင် ပြန်စိုက်ထားတယ်လို့ ပါးစပ်ရာဇ၀င်တွေနဲ့ ပြောဆိုနေကြတုန်းပါဘဲ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကမ္ဘာ့အကြီးဆုံး သစ်ပင်
The General Sherman tree
အထက်က ပုံမှာ ဖော်ပြထားတဲ့ သစ်ပင်ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးလို့ သတ်မှတ်ထားခြင်းခံရတဲ့ General Sherman လို့ အမည်ပေးထားတဲ့ သစ်ပင်ကြီးဖြစ်ပါတယ်..
အမြင့် ၂၇၅ပေရှိပြီး အမေရိကန်နိုင်ငံ ကာလီဖိုးနီးယားပြည်နယ်ရှိ Sequoia အမျိုးသားဥယျာဉ်တွင်းမှာ ထိန်းသိမ်းထားရှိတဲ့အပင် ဖြစ်ပါတယ်.. ပင်စည်ကြီးမား ထွားကြိုင်းတာကြောင့် ကမ္ဘာ့အကြီးဆုံး သစ်ပင်ရယ်လို့ သတ်မှတ်ခံရတဲ့အပြင် အသက်အကြီးဆုံး သစ်ပင်စာရင်းမှာပါ ပါဝင်နိုင်လောက်အောင် အပင်ရဲ့ သက်တမ်းဟာ့  နှစ်ပေါင်း ၂၃၀၀ မှ ၂၇၀၀ အတွင်း ရှိနိုင်တယ်လို့ ယုံကြည်ကြပါတယ်.. ဒီသစ်ပင်ကြီးကို ပထမဦးဆုံး လေ့လာတွေ့ရှိခဲ့သူ General William Tecumseh Sherman ကို အစွဲပြုပြီး ၄င်းအပင်ကြီးကို General Sherman လို့ အမည်ပေးခဲ့ကြပါတယ်.. အလေးချိန် ၁၃၈၅တန်ခန့် ရှိပြီး ပင်စည်လုံးပတ်မှာ ၃၆ပေခွဲခန့် ကြီးမားပါတယ်.. ပင်စည်လုံးပတ်မှာ နှစ်စဉ် တစ်နှစ်ကို ၀.၄လက်မခန့် ကြီးထွားနေဆဲ ဖြစ်ပါတယ်..
Specifications
Height above base | 274.9 ft | 83.8 m |
---|---|---|
Circumference at ground | 102.6 ft | 31.3 m |
Maximum diameter at base | 36.5 ft | 11.1 m |
Diameter 4.5 ft (1.4 m) above height point on ground | 25.1 ft | 7.7 m |
Diameter 60 ft (18 m) above base | 17.5 ft | 5.3 m |
Diameter 180 ft (55 m) above base | 14.0 ft | 4.3 m |
Diameter of largest branch | 6.8 ft | 2.1 m |
Height of first large branch above the base | 130.0 ft | 39.6 m |
Average crown spread | 106.5 ft | 32.5 m |
Estimated bole volume | 52,508 cu ft | 1,487 m3 |
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဘရာဇီးလ် စပျစ်သီး ခေါ် Jabuticaba
သစ်ပင်ပေါ်မှာ ဘာတွေလဲ
ရုတ်တရက်ကြည့်ရင် ဂြိုလ်သားတွေ ဖန်တီးထားသကဲ့သို့ ထူးဆန်းစွာဖြင့် သစ်ပင်ကြီးတစ်ခုလုံး အကောင်တွေ တက်နေတယ်လို့ ထင်ရလောင်အောင် ပင်စည်ပေါ်မှာ ပြွတ်သိပ်စွာသီးတတ်တဲ့ အသီးတစ်မျိုးက ဘရာဇီးလ်စပျစ်သီးခေါ် Jabuticaba ဖြစ်ပါတယ်.. ဘရာဇီလ်းနိုင်ငံတွင် အထူးထင်ရှားသောအသီး ဖြစ်သောကြောင့် ဘရာဇီးလ်စပျစ်သီးဟု ခေါ်ဆိုကြသော်လည်း ပါရာဂွေး၊ အာဂျင်တီးနားနဲ့ ဘရာဇီးလ်စတဲ့ တောင်အမေရိက ဒေသတစ်ဝိုက်မှာ ပေါက်ရောက်တဲ့အပင် ဖြစ်ပါတယ်… အရည်ရွှမ်းတဲ့ အသီးဖြစ်ပြီး ရင့်မှည့်ချိန်မှာ ခရမ်းရင့်ရောင် ရှိကာ အပင်ကနေ ခူးဆွတ်ပြီး အလွယ်တကူ စားသုံးနိုင်ပါတယ်.. ချိုသောအရသာရှိပြီး ဂျယ်လီပြုလုပ်ရာတွင် ပါဝင်ပစ္စည်းအဖြစ် ထည့်သွင်းအသုံးပြုကြပါတယ်.. အပင်ပေါ်တွင် ရင့်မှည့်နေသော အသီးကို ခူးဆွတ်ပြီးပါက ၃ရက်ခန့်အကြာတွင် ၄င်းအသီးများဟာ အချဉ်ပေါက်စ ပြုလာတတ်တဲ့အတွက်လည်း ကြာရှည် အထားမခံသောအသီး ဖြစ်တာကြောင့် အမြန်ဆုံး ယိုထိုးခြင်း၊ ဖျော်ရည်အဖြစ် ပြုလုပ်ရောင်းချခြင်းနဲ့ ၀ိုင်၊ အရက်အပြင်းစား စသည်တို့ကိုလည်း ချက်လုပ်ကြပါတယ်..
Jabuticaba ဖျော်ရည်ပုလင်း
Jabuticaba ယိုနှင့် အသီး
အကောင်တွေ တွယ်တက်နေသလို
အပင်တစ်ပင်ကြီးထွားလာဖို့ နှစ်များစွာ စောင့်ဆိုင်းရသော်လည်း အသီးသီးလာချိန်မှာတော့ တစ်ပင်လုံးပြွတ်အောင် သီးတတ်တာမို့ စိုက်ပျိုးထားသူများအတွက် အချိန်ကုန်ခံရကျိုးနပ်စေပြီး စိတ်ကျေနပ်မှု ရစေပါတယ်.. စွတ်စို၍ အက်စစ်ဓာတ်ရှိသော မြေအမျိုးအစားကို နှစ်သက်ပြီး တစ်နှစ်ကို ၂ကြိမ် အပွင့်ပွင့်တတ်ပါတယ်.. အပွင့်ပွင့်ဖို့အတွက် ရိုးတံရှိစရာမလိုဘဲ ပင်စည်ပေါ်နဲ့ သစ်ကိုင်းတွေပေါ်မှာတင်ဘဲ ပွင့်လာတာဖြစ်ပါတယ်..
ပင်စည်ကနေ ဖောက်ထွက်လာဟန်
ပင်စည်နဲ့ သစ်ကိုင်းပေါ်မှာ ပြည့်အောင်ပွင့်တဲ့ပန်း
ပင်လုံးညွှတ်ဝေ
အသည်းယားစဖွယ်အသီးမှည့်များ
ခူးဆွတ်ထားတဲ့ အသီးများ
အမှည့်တစ်ဝင်းဝင်း
အပင်ကို ရေအမြဲတမ်းလောင်းပေးပြီး စနစ်တကျ စိုက်ပျိုးထားပါက တစ်နှစ်ပတ်လုံး အသီးအပွင့်များ မပြတ်အောင် သီးတတ်တဲ့အပင်မျိုးဖြစ်ပါတယ်.. အသီးအရွယ်အစားသည် ၄စင်တီမီတာခန့် ရှိပြီး အတွင်းတွင် အစေ့ကြီး ၄ခုခန့် ပါရှိပါတယ်.. အသီး၏ အတွင်းသားကို စားသုံးပြီး အခွံကို အခြောက်ခံကာ ပန်းနာရင်ကြပ်ရောဂါနဲ့ ၀မ်းပျက်ဝမ်းလျှောရောဂါတို့ကို ကုသရာတွင် အသုံးပြုကြပါတယ်.. အာသီးယောင်ခြင်းကိုလည်း သက်သာပျောက်ကင်းစေနိုင်တယ်လို့ သိရပါတယ်.. ထို့အပြင် ၄င်းအသီးမှာ ကင်ဆာကို တိုက်ဖျက်နိုင်သော ဓါတ်ပေါင်းများကိုလည်းတွေ့ရှိရပါတယ်.. ထို့ကြောင့်လည်း ထူးဆန်းတဲ့ ပုံသဏ္ဍာန်ရှိသော်လည်း ဆေးဘက်ဝင်ပြီး အသုံးတည့်သော အပင်တစ်မျိုးဖြစ်ပါတယ်..
ထူးထူးဆန်းဆန်းအပင်တွေအကြောင်း ဒီလောက်နဲ့ ရပ်ပါမယ်နော်.. နောက်တစ်ကြိမ်မှ ထူးဆန်းတာလေးတွေ ရှာဖွေတင်ပြပါဦးမယ်… အားလုံးအတွက် ပျော်ရွှင်ချမ်းမြေ့သော တနင်္ဂနွေနေ့လေး ဖြစ်ကြပါစေရှင်…
Source from Funzug.com and Google
http://www.peregrinatrix.com/2006/09/24/jabuticaba/
http://en.wikipedia.org/wiki/General_Sherman_%28tree%29