ကမ္ဘာ့ဈေးအကြီးဆုံး ဟိုတယ်နှင့် ကမ္ဘာ့အရှည်ဆုံးတံတား



ကမ္ဘာ့ဈေးအကြီးဆုံး Burj al-Arab   ဟိုတယ်


ကမ္ဘာပေါ်မှာ ထူးခြားထင်ရှားတဲ့ ဟိုတယ် များစွာထဲကမှ ဈေးအကြီးဆုံး ဟိုတယ် အကြောင်း ပြောပြချင်ပါသေးတယ်ရှင်။ အဲဒီဟိုတယ်က United Arab Emirates  မှ ပိုင်ဆိုင်သော ဒူဘိုင်းမြို့ရှိ Burj al-Arab  ဇိမ်ခံဟော်တယ် ဖြစ်ပြီး ကမ္ဘာပေါ်က ကြယ်ခုနှစ်ပွင့် အဆင့်ရှိ တစ်ခုတည်းသော ဟိုတယ် ဖြစ်တယ်လို့ သိရပါတယ်.. .. ပေပေါင်း ၁၀၅၃ပေ ( မီတာ ၃၂၁) အမြင့်ရှိပြီး တတိယမြောက် ကမ္ဘာ့အမြင့်ဆုံး ဟိုတယ်တစ်ခုလည်း ဖြစ်ပါတယ်.. ၄င်းဟိုတယ်ဟာ ပါးရှန်းပင်လယ်ကွေ့ရှိ ကမ်းခြေနဲ့ အနည်းငယ်လှမ်းတဲ့ ပင်လယ်ထဲက ကျွန်းကလေးပေါ်မှာ နောက်ဆုံးပေါ် နည်းပညာတွေသုံးပြီး တည်ဆောက်ထားတာဖြစ်ပြီး ဟိုတယ် ဆောက်လုပ်ထားတဲ့ ကျွန်းဟာလည်း သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ ကျွန်းမဟုတ်ဘဲ လူတွေက မြေဖို့ဖန်တီးထားတဲ့ ၉၁၉ပေ ကျယ်ဝန်းတဲ့ ကျွန်းအတု ဖြစ်ပါတယ်.. ကမ်းခြေနဲ့ ၂၈၀ မီတာ (၉၂၀ပေ) ကွာဝေးတဲ့ ဟိုတယ်ရှိရာ ကျွန်းကလေးကို  သီးသန့်တံတားတစ်ခုနဲ့ ဆက်သွယ်ထားရှိပါတယ်..






Burj al-Arab  ဟိုတယ်

ဟိုတယ် အဆောက်အအုံကြီး တစ်ခုလုံးဟာ ဘေးနှစ်ဘက်ကို တောင်ပံဖြန့်ထားသော အာရေဗျ သင်္ဘောများရဲ့ ရွက်တိုင်ကြီးသဏ္ဍာန် တည်ရှိပြီး  v ပုံစံ အနေအထား အတိုင်းရှိပါတယ်. ဘေးဘက် တောင်ပံနဲ့ အဆောက်အဦးကြား နေရာလွတ်များ ရှိနေပြီး တောင်ပံကို ထူထဲခိုင်ခံ့သော မှန်ပြားများဖြင့် ပြုလုပ်ထားတဲ့ ဆန်းပြားလှတဲ့ ဒီဇိုင်းဖြစ်ပါတယ်.. အဆောက်အဦးအဖြစ် စတင်ဆောက်လုပ်ဖို့ ဖောင်ဒေးရှင်း ချကတည်းက စိတ်ချလုံခြုံမှု ရှိစေရန်အတွက် အောက်ခြေ ပေလေးဆယ်အနက်ထိ ကွန်ကရိတိုင်များ ထည့်သွင်းဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဟိုတယ်ရဲ့ အတွင်း အချို့သော အပြင်အဆင်ရဲ့ ၈၀၀၀ စတုန်ရန်းမီတာဟာ ၂၂ကာရက် ရွှေတွေနဲ့ ပြုလုပ်တန်ဆာတင်ထားပြီး ၂၄၀၀၀ စတုရန်းမီတာကတော့ အမျိုး၃၀ကျော်တဲ့ မာဘယ်လ် ကျောက်ပြားများနဲ့ ပြုလုပ်ထားကြောင်း အံ့သြဖွယ်သိရပါတယ်..


ဟိုတယ်တွင်း ခမ်းနားလှသောဧည့်ခန်း



ပင်လယ်ရှုခင်းကို လှမ်းမြင်ရတဲ့ အခန်း



Luxurious Bedroom

နန်းတော်ကြီးတမျှ ခမ်းနားလှပတဲ့ အိပ်ရာ

ရေချိုးခန်းရဲ့ ထည်ဝါခမ်းနားမှု



ဟိုတယ်အတွင်းအောက်ထပ် အဆင့်ဆင့် မြင်ကွင်း

Burj Al Arab
Burj Al Arab ဟိုတယ် စည်းဝေးခန်း
  
burj al arab panaromic suite 
burj al arab bath


ဟိုတယ်ရဲ့ စားသောက်ခန်း

Resplendent and Magnificent Dining Hall



ဟိုတယ်ရဲ့ ဓာတ်လှေခါး




၎င်း Burj al-Arab ဟိုတယ်မှာ သာမန်အခန်းဆိုတာ မရှိဘဲ.. အငယ်ဆုံးအခန်းပင်လျှင် ၁၆၉ စတုန်းရန်းမီတာ ( ၁၈၁၉ စတုရန်းပေ)  ကျယ်ဝန်းပြီး အကြီးဆုံးသော အခန်းမှာ ၇၈၀ စတုရန်းမီတာ ( ၈၃၉၆ စတုရန်းပေ) ကျယ်ဝန်းပါတယ်. ဈေးအနည်းဆုံး အခန်းပင်လျှင် တစ်ညကို ဒေါ်လာ ၁၀၀၀ မှ ဒေါ်လာ ၆၀၀၀ ခန့်ရှိပြီး ဈေးအကြီးဆုံး အခန်းမှာ တစ်ညလျှင် ဒေါ်လာ တစ်သောင်းခွဲ (၁၅၀၀၀) ကျော် ကျသင့်သောကြောင့် ကမ္ဘာပေါ်မှာ တည်းခိုနေထိုင်ဖို့ ဈေးအကြီးဆုံး ဟိုတယ် တစ်ခုဖြစ်ပါတယ်.  ဟိုတယ် အပေါ်ဆုံးထပ်မှာ တင်းနစ်ကွင်းတစ်ခု ပါရှိပြီး ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦးပေါ်မှာ တင်းနစ်ရိုက်ရတဲ့ ခံစားချက်ကို ခံစားလိုသူများ သွားရောက် ကစားနိုင်ပါတယ်..  ဟိုတယ်ရဲ့ အောက်ထပ်မှာတော့ ပင်လယ်ရှုခင်းနဲ့ ရေသတ္တ၀ါတွေရဲ့ အလှကိုကြည့်ရှုခံစားနိုင်တဲ့ ပင်လယ်ရေအောက် စားသောက်ဆိုင်ကြီး ကိုလည်း ဖွင့်လှစ်ထားရှိပါတယ်။



ဟိုတယ်ရဲ့ တင်းနစ်ကွင်း


Burj Al Arab's underwater restaurant 
ဟိုတယ်ရဲ့ ရေအောက်စားသောက်ဆိုင်
~~~~~~~~~~~~~~~~~~~~~~~~~~~~

ကမ္ဘာ့အရှည်ဆုံးတံတား

Image

ပင်လယ်ကိုဖြတ်ပြီး ဖောက်လုပ်ထားတဲ့ တရုတ်ပြည်ရှိ The Qingdao Haiwan Bridge ကမ္ဘာ့အရှည်ဆုံး တံတားကြီးဟာ ၂၆.၄ မိုင်ရှည်လျားပြီး ၄နှစ်ကြာမျှ တည်ဆောက်ခဲ့ရကာ  စတာလင် ပေါင် ၅.၅ ဘီလီယံ ကုန်ကျတယ်လို့ သိရပါတယ်.. မကြာခင်ရောက်လာတော့မဲ့ နှစ်သစ်ကူးမှာ လုပ်သားပြည်သူများ အသုံးပြုဖို့ စတင်ဖွင့်လှစ်မယ်လို့ သိရပါတယ်.. ဒီတံတားကြီးဟာ အစောပိုင်းက ကမ္ဘာပေါ်မှာ အရှည်ဆုံးတံတားအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ အမေရိကန်နိုင်ငံ လူဝီ စီနီးယား ပြည်နယ်က the Lake Pontchartrain Causeway  တံတားကြီးထက်ကို သုံးမိုင် ပိုပြီး ရှည်လျားတာကြောင့် ကမ္ဘာ့အရှည်ဆုံး တံတားသစ် ဖြစ်လာပါတယ်..

Image



Image

ပြည်နယ်၂ခုကို ဆက်သွယ်ထားတဲ့ ၁၆၄၈၀၅ မီတာ( ပေ ၅၄၀၇၀၀) အရှည်ရှိတဲ့ တံတားကြီးဟာ ပြည်နယ်နှစ်ခုရဲ့ ခရီးသွားလာချိန်ကို မိနစ် ၃၀ခန့် လျော့ချပစ်စေတယ်လို့ သိရပါတယ်.. ယာဉ်ကြောရှုပ်ထွေး ကြပ်ညပ်လွန်းတဲ့ စက်မှုမြို့တော်ကြီး နှစ်ခုဖြစ်သော ရှန်ဟိုင်းနဲ့ နင်းပေါ မြို့ကြီး နှစ်ခုကြားကို ခရီးသွားလာမှု လွယ်ကူအောင် ဖောက်လုပ်လိုက်တာ ဖြစ်ပြီး တံတားကြီးဟာ ခြောက်လမ်းသွား လမ်းမကြီးလည်း ဖြစ်ပါတယ်.. စီးပွားရေးအရ အရေးပါတယ်လို့ ဆိုပါတယ်...  တံတားပေါ်မှာ တစ်နာရီကို မိုင်ခြောက်ဆယ်နှုန်း မောင်းနှင်ခွင့် ပြုထားတယ်လို့ သိရပါတယ်.. တံတားကြီးဟာ အောက်ခံ ကွန်ကရိ ထောက်တိုင် တံတားဖြစ်ပြီး အချို့နေရာမှာတော့ ကြိုးတံတားအဖြစ် နှစ်မျိုးလုံး တွေ့ရပါတယ်..

Image
တံတားကြီးကို ပြည်ပ နည်းပညာ အကူအညီမပါဘဲ တရုတ်အင်ဂျင်နီယာများက ဒီဇိုင်းဆွဲပြီး ဆောက်လုပ်ခဲ့တယ်လို့ သတင်းတွေထဲကအတိုင်း ပြောပါတယ်..း) တံတားကြီးမှာ အခန်းပေါင်း ၅၂၀၀ကျော် ပါဝင်ပြီး ကမ္ဘာ့စံချိန်သစ်တင်တဲ့ အရှည်ဆုံးတံတားကြီး ဖြစ်တာကြောင့် တရုတ်တို့ဟာ အလွန်ဘဲ ဂုဏ်ယူ ၀ံ့ကြွားနေကြပါတယ် ပြီးတော့လည်း ကမ္ဘာ့အရှည်ဆုံးတံတား ၁၀ ခု စာရင်းမှာ တရုတ်နိုင်ငံက တံတားဟာ ၇နေရာ ပါပြီး ၂ခုတည်းသာ အမေရိကန်မှာ ရှိတာဖြစ်ပါတယ်.. တစ်ခုကတော့ ထိုင်းနိုင်ငံက ၇၉၃၃၂ မီတာ ရှည်တဲ့ Weinan Weihe Grand Bridge တံတားဖြစ်ပါတယ်..

ပင်လယ်ကိုဖြတ်ကာ တံတားဆက်သွယ်ထားသော မြို့ကြီးနှစ်ခု


သုတရစေဖို့ ရှာဖွေ ဘာသာပြန်ပါတယ်ရှင်.. ပျော်ရွှင်ချမ်းမြေ့ကြပါစေ။



ကျန်းမာသွယ်လျ လှလှပ


လူတိုင်းဟာ ကျန်းမာကြံ့ခိုင်ပြီး အချိုးအစားကျနတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်လိုကြမယ် ထင်ပါတယ်နော်။ တကယ်လို့ သင်ရဲ့ ခန္ဓာကိုယ်အလေးချိန်ဟာ ရှိသင့်တာထက် များနေပြီဆိုရင် အလှအပအတွက်ရော၊ ကျန်းမာရေးအရပါ ၀ိတ် လျော့ဖို့ လိုနေပါပြီ။ ကျန်းမာရေး သုတေသီတွေရဲ့ လေ့လာတွေ့ရှိချက်မှာ ပိန်တဲ့သူတွေထက် ၀တဲ့လူတွေဟာ ရောဂါဖြစ်ဖို့ အခွင့်အလမ်း ပိုများပြီး ၀သူတွေမှာ ဖြစ်နိုင်တဲ့ရောဂါ အမျိုးအစားဟာလည်း ပိုမိုများပြားတာကို တွေ့ရတာကြောင့် ကျန်းမာရေးအတွက် ၀ခြင်းဟာ လုံးဝကိုမကောင်းဘူးလို့ ဆိုပါတယ်.. ဒါပေမဲ့ အလွန်အကျွံ ပိန်တာမျိုးကျတော့လည်း မဖြစ်သင့်ပါဘူးနော်.. ရှိသင့်တဲ့ ကိုယ်အလေးချိန်နဲ့ ခန္ဓာကိုယ် အချိုးအစားကို စနစ်တကျ ထိန်းသိမ်းတာဟာ မိမိရဲ့ကျန်းမာရေးကို စောင့်ရှောက်ရာရောက်သလို လှချင်သူများအတွက်လည်း အ၀မတိုးစေဘဲ မိမိနှစ်သက်ရာ အ၀တ်အစားကို လှလှပပလေး ၀တ်ဆင်လို့ ရပါတယ်။

လူတစ်ယောက်ဟာ ၀လာပြီဆိုရင် အ၀တ်အစား ရွေးရခက်လာသလို ရှိပြီးသားအ၀တ်တွေလဲ မတော်တော့တာမျိုး၊ လက်ရှိခေတ်ဒီဇိုင်းနဲ့လည်း လိုက်ဖက်မှု မရှိတော့တာမျိုး ဖြစ်လာနိုင်ပါတယ်.. ခန္ဓာကိုယ်နဲ့ Fit ဖြစ်တဲ့ အ၀တ်အစားတွေဟာ ၀တဲ့သူနဲ့ ဘယ်လိုမှ ကြည့်မကောင်းတတ်ပါဘူး.. ဗိုက်ခေါက်က အဆီပြင်ကြီးကြောင့် ကြည့်ရခက်သလို ကြီးမားတုတ်ခိုင်တဲ့ လက်မောင်းတွေ၊ ခြေထောက်တွေကြောင့်လည်း အလှပျက်စေနိုင်ပါတယ်.. လှချင်လို့ တန်ဖိုးကြီးပေးဝယ်ထားပြီး ၀တ်ကာမှ အ၀တ်ကြောင့် အလှပျက်ရတာမျိုး ဖြစ်နိုင်ပါတယ်..  ဒီတော့ ခန္ဓာကိုယ်အလေးချိန် ထိန်းသိမ်းခြင်းဟာ ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ ကောင်းမွန်တာမို့ လူတိုင်း မိမိရဲ့ ကိုယ်အလေးချိန် အချိုးအစားကို ထိန်းသိမ်းသင့်ကြပါတယ်နော်။

လူတစ်ယောက်မှာ စပြီးဝလာပြီးဆိုရင် ဗိုက်ခေါက်က အရင်ဆုံး ထွက်လာပါတယ်. မိမိဝမ်းဗိုက်ကို ဆွဲကြည့်ပါ။ အဆီပြင်က ထူနေပြီဆိုရင် သင် ၀နေပါပြီ။ သို့မဟုတ် ၀စပြုနေပါပြီ။ မိမိကိုယ်ကို ၀နေတယ်လို့ မသိသာ မထင်ရှားဘူးဆိုရင် ကိုယ့်ရဲ့ ခန္ဓာကိုယ်အလေးချိန်၊ အရပ်အမြင့်နဲ့ တွက်ချက်ကြည့်ရင် ၀တယ် မ၀ဘူးဆိုတာ ဆုံးဖြတ်လို့ ရတဲ့နည်းလမ်း ရှိပါတယ်. ထိုနည်းကိုတော့ B.M.I (Body Mass Index) လို့ခေါ်ပါတယ်.. တွက်ရမဲ့ ပုံသေနည်းက BMI = [weight / (height x height)]  ဖြစ်ပါတယ်.. ဒါက ကိုယ်အလေးချိန်ကို ကီလိုဂရမ်နဲ့ အရပ်အမြင့်ကို မီတာဖြင့် တိုင်းတာသူများ တွက်တဲ့နည်းပါ။ ကျွန်မတို့ မြန်မာတွေက ကိုယ်အလေးချိန်ကို အများအားဖြင့် ပေါင်ချိန်နဲ့ အရပ်ကိုတော့ ပေ၊ လက်မ တို့ဖြင့် တိုင်းကြတာ များပါတယ်.. အလေးချိန်ကို ပေါင်နဲ့တိုင်းပြီး အရပ်အမြင့်ကို လက်မဖြင့် တိုင်းသူများကျတော့ BMI = [weight / (height x height)] x 703 ဆိုတဲ့ ပုံသေနည်းနဲ့ တွက်ချက်ရမှာ ဖြစ်ပါတယ်။

ဥပမာ လူတစ်ယောက်ဟာ အရပ် ၅ပေ ၂လက်မ ရှိပြီး ပေါင်ချိန် ၁၄၀ ရှိနေသူ ဖြစ်ခဲ့ရင် သူရဲ့ BMI ကို တွက်ချက်ကြည့်တဲ့အခါ BMI = [၁၄၀ပေါင် / (၆၂ လက်မ  x ၆၂လက်မ)] x ၇၀၃ လို့ တွက်ရမှာ ဖြစ်တာကြောင့် အဖြေက ၂၅.၆၀ ရပါတယ်.. ၂၅ထက် ကျော်နေပြီဆိုရင်တော့ သင့်အရပ်နဲ့ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ကျော်နေပြီ လို့ တွက်ဆလို့ ရပါတယ်..  ၁၉ကနေ ၂၅အောက်ရှိသူဟာ ပုံမှန်အလေးချိန်လို့ တွက်ဆရပြီး ၂၅ကနေ ၂၉.၉ အတွင်းကိုတော့ ၀နေသူလို့ သတ်မှတ်ပါတယ်.. ၃၀ထက်ကျော်နေရင်တော့ တော်တော်လေးကို ၀နေပါပြီ။ BMI ရလာဒ်များလေ ရောဂါ၊ အန္တရာယ်ဖြစ်နိုင်တဲ့ အခြေအနေ ပိုများလေလို့ ဆိုပါတယ်.. အ၀လွန်သူများမှာ သွေးတိုး၊ ဆီးချို၊ နှလုံး လေးဘက်နာ၊ သွေးကြောပိတ်၊ အသည်းအဆီဖုံး ၊ ကင်ဆာ စတဲ့ နာတာရှည်ရောဂါများ ဖြစ်ဖို့ ဖြစ်နိုင်ခြေ အလွန်များပါတယ်… BMI ကို (ဒီနေရာမှာ )  အလွယ်တကူ တွက်ချက်ကြည့်လို့ရပါတယ်..

ဗိုက်ခေါက်က အဆီပြင် မရှိမှ သွယ်လျကြော့ရှင်းတဲ့ ခန္ဓာကိုယ်ဖြစ်ပါလိမ့်မယ်..အဆီမရှိ ပြားချပ်တဲ့ ၀မ်းဗိုက်ကလေး ရဖို့နဲ့၊ မ၀အောင် ကိုယ်အလေးချိန်ကို ဘယ်လိုထိန်းသိမ်းကြမလဲ.. နည်းလမ်းတွေတော့ ရှိပါတယ်.. လုပ်ဖြစ်ဖို့သာ လိုတာပါ။ အလုပ်တစ်ခုဟာ မလုပ်ခင်မှာ စပြီးလုပ်ဖို့ ခက်ခဲတတ်ပေမဲ့ တကယ်တမ်း စိတ်ကို ဆုံးဖြတ်ပြီး လုပ်တဲ့အခါ လွယ်ကူသွားတာကို တွေ့ရမှာပါ။ ဒါပေမဲ့ ဆုံးဖြတ်ချက် ချနိုင်ဖို့ ပြင်းပြတဲ့ စိတ်ဆန္ဒ ရှိဖို့နဲ့ ဆုံးဖြတ်ချက်ချပြီးရင်လည်း ထိန်းသိမ်းဖို့  လိုပါတယ်.. ကိုယ်အလေးချိန် လျှော့တော့မယ်ဆိုရင် မရှိမဖြစ် ပစ္စည်းတစ်ခုက ပေါင်ချိန်စက် ဖြစ်ပါတယ်.. သို့မှသာ မိမိတိုးတက်မှုကို ကိုယ်တိုင်မြင်တွေ့ရပြီး အစားလျော့တာ၊ လေ့ကျင့်ခန်းလုပ်တာ ထိရောက်မှု ရှိမရှိ အခြေအနေကို မျက်ခြေမပြတ် သိရှိနိုင်မှာ ဖြစ်ပါတယ်.. ပြီးတော့လဲ ကိုယ်အလေးချိန် လျှော့တဲ့နေရာမှာ စစချင်း အလေးချိန်ထက် တဖြေးဖြေး လျော့နည်းလာတဲ့ မိမိရဲ့ ကိုယ်အလေးချိန်ကို သိနေ မြင်တွေ့နေမှသာ ဆက်ပြီးလုပ်ဖို့ အားကြိုးမာန်တက် စိတ်ပါမှာဖြစ်ပါတယ်.. ကိုယ်ခန္ဓာ အလေးချိန်ကို ထိန်းသိမ်းဖို့ နည်းလမ်းအချို့ကို ဖော်ပြရမယ်ဆိုရင်

၁. လမ်းလျှောက်ခြင်း၊ ရွရွပြေးခြင်း( Jogging) ကို တစ်ပတ်လျှင် ၃ကြိမ် တစ်ကြိမ်လျှင် မိနစ် ၃၀ အနည်းဆုံး ပြုလုပ်ပေးပါ။ ထိုသို့ ပြုလုပ်ခြင်းအားဖြင့် သင့် ခန္ဓာကိုယ်တွင်းရှိ အဆီများကို ချေဖျက်ပေး နိုင်ပါတယ်။ နေ့စဉ် လမ်းလျှောက်နိုင်လျှင် ပိုကောင်းပါတယ်။ ပုံမှန်အလုပ်သွား၊ အလုပ်ပြန် မြန်မြန် လမ်းလျောက်ပါ။ အထပ်မြင့် ရုံးသမားများ ဓာတ်လှေခါး သုံးခြင်းထက် ရိုးရိုးလှေခါးမှ တက်ခြင်း သည်လည်း လေ့ကျင့်ခန်းလုပ်ခြင်း ဖြစ်ပါတယ်။



၂. မနက်ခင်းတိုင်း အယ်လ်မွန်စေ့ လက်တစ်ဆုပ် ( ၆ စေ့ခန့်)  ကို စားသုံးပေးပါ။ အယ်လ်မွန်စေ့ဟာ ကျန်းမာရေးအတွက် အလွန် ကောင်းမွန်သော အစေ့ အဆံ တစ်မျိုးဖြစ်ပါတယ်.. ၄င်းမှာ ပါဝင်တဲ့ ပရိုတိန်းဟာ အဆီများကို ချေဖျက်ရာမှာ ကောင်းမွန်စေပါတယ်..မြန်မာပြည်တွင် အယ်လ်မွန်စေ့ ရရန် ခက်ခဲပါက  နေကြာစေ့ ဆားမပါပဲ လှော်တာ စားနိုင်ပါတယ်လို့ ဆိုပါတယ်...



၃. ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းကို တစ်ပတ်လျှင် အနည်းဆုံး ၃ကြိမ်ခန့် လုပ်နိုင်အောင် ကြိုးစားပါ။ မိမိဖာသာ မလုပ်တတ်ပါက လေ့ကျင့်ခန်း သရုပ်ပြ ဗီစီဒီခွေများ ၀ယ်ကာ အိမ်တွင် လုပ်ကြည့်ပါ။  ခန္ဓာကိုယ် တစ်ခုလုံး လှုပ်ရှားစေသော အလုပ်များကို များများ လုပ်ကိုင် ပေးပါ။ ဥပမာ (တံမြက်စည်းလှည်း၊ ကြမ်းတိုက်)


၎. အမျှင်ဓာတ်ပါသော အစားအစာ များများစားပါ။ ပေါင်မုန့်အဖြူ၊ ဂျုံနှင့်လုပ်သော ခေါက်ဆွဲ၊ အာလူး၊ ဆန်ဖြူတို့ကို များများစားခြင်းကို ဆင်ခြင်ပါ။ ဆန်ကြမ်း၊ ပေါင်မုန့်ကြမ်း၊ သစ်သီး၊ စိမ်းစိုသော အရွက်များနှင့် လတ်ဆတ်သော ဟင်းသီး ဟင်းရွက်များကို များများစားပါ။ မနက်စာကို များများ စားနိုင်ပါသည်။ သွေးတိုးသမားများ အုန်းနို့ကို ဆင်ခြင်ပါ။ နေ့လည်စာတွင် အဆီကိုလျော့စားပါ။ ဆီပြန်ဟင်းကို တစ်ပတ်လျင် ၃ကြိမ်သာ အများဆုံးသာ စားပါ။ ဟင်း၃ခွက်တွင် ၁ခွက်ကိုဆီမပါ အချိုမှုန့်မပါစေရန် ချက်ပါ။ ဆန်ကို အလျားရှည်သော (ဆန်ကြမ်း)စားပါ။ လက်ဖက်ရည် (ရေနွေးကြမ်းသောက်ပါ)။ နေ့လည်နှင့် ညနေစာကြား ရုံးပြန်ချိန်များတွင် ဝက်သားဒုတ်ထိုး၊ ကြာဆံကြော်၊ ကော်ပြန့်စိမ်း၊ ခေါက်ဆွဲကြော်၊ ဆီများသည့်အကြော်များ မကြာခဏ စားမည့်အစား ဆီနည်းသည့် အသုပ်များကို စားပါ။ လက်ဖက်သုပ်ကို အမြဲစားခြင်း၊ ဘီယာ အမြဲသောက်ခြင်းသည် ကျန်းမာရေးနှင့် မသင့်တော်ပါ။  


၅. ရိုးရိုး နွားနို့အစား အဆီထုတ်ထားသော နို့ကို သောက်သုံးပါ။ အဆီပါသောငါးကို တစ်ပတ်လျှင်တစ်ကြိမ်မျှ စားသုံးရန်နှင့် အချိုများသော အစားအစာနှင့် အဆီများသော (ဝက်ခေါက်ကြော်၊ အာလူးကြော်) စသော အစားအစာများ လျော့စားပါ။ ညစာကို အကင်များ၊ အကြော်အလှော်ဆိုင်များတွင် စားခြင်းထက် မိမိအိမ်တွင်သာ ကျန်းမာရေးနှင့် ညီညွှတ်သော ဟင်းလျာများကို ချက်ပြုတ် စားသောက်ပါ။ ညစာကို အသား၊ ပဲ၊ အာလူး အနည်းငယ်ကို စားနိုင်ပါတယ်.. ထမင်းကို ၀အောင် စားခြင်းထက် ထမင်းစားပြီးပါက သီးနံများဖြင့် အချိုတည်း၍ ဗိုက်ပြည့်စေခြင်းက ပို၍ ကောင်းမွန်စေပါတယ်။ ထန်းလျက်၊ ကြံသကာ အချိုတည်းနိုင်သော်လည်း  မလိုင်၊ ကိတ်မုန့်၊ ခရင်မ် စသည့် ဆိမ့်ပြီး အဆီများသော အရာများဖြင့် အချိုမတည်းသင့်ပါ။ ညစာစားပြီး အရက်သောက်ခြင်း မပြုသင့်ပါ။

၆. ၀မ်းဗိုက်မှ အဆီပြင်များ လျော့ပါးစေရန် အိပ် ထ မ တင် လေ့ကျင့်ခန်းကို တစ်ပတ် သုံးကြိမ် ကြိုးစားလုပ်ပါ။

၇.ရေများများ သောက်ပါ။ တစ်ရက်လျှင် ရေဖန်ခွက် ၆ခွက်မှ ၈ခွက်ထိ သောက်ပါ။ ရေများများသောက်ခြင်းသည် အစားများများစားခြင်းကို ကာကွယ်ပေးနိုင်သလို အစာချေခြင်းကိုလည်း အကျိုးသက်ရောက်မှု ရှိစေပါတယ်။




၈.ညအိပ်ရာဝင်ချိန် မတိုင်မှီ ၃နာရီအတွင်း အစားစား ခြင်းကို ရှောင်ကျဉ်ပါ။ မနေနိုင်လောက်အောင် ဆာလောင်ပါက ဟင်းသီးဟင်းရွက် အနည်းငယ်၊ သစ်သီး အနည်းငယ်ကိုသာ စားသောက်ပါ။ ညစာလျော့စားခြင်းသည် ခန္ဓာကိုယ် အလေးချိန် ထိန်းသိမ်းခြင်းအတွက် ကြီးမားသော အကျိုးကို ဖြစ်စေနိုင်ပါတယ်။ ညဉ့်နက်အောင် နေတတ်သူများ မအိပ်ခင် ဗိုက်ဆာတတ်လျှင် နွားနို့၊ ကွေကာအုပ်၊ သောက်နိုင်ပါတယ်။

၉.အလွန်ဆာသော အခါမှ တစ်ဝတစ်ပြဲ စားခြင်းထက် တစ်ခါစားလျှင် နည်းနည်းစီ အကြိမ်များများ စားသောအကျင့်ကို မွေးမြူပါ။ တစ်ကြိမ်တည်း အစားများများ စားခြင်းသည် အစာချေဖျက်ခြင်းကို ခက်ခဲစေနိုင်ပါတယ်။

၁၀.အစာစားနေစဉ် ခဏနား၍ အချိန်အနည်းငယ်ကြာမှာ ပြန် စားသောက်ခြင်းသည် အစားကို များများ စားမိစေခြင်းမှ ရှောင်ရှားရာ ရောက်သည်။ သင်၏ စားသောက်ခြင်းအလေ့အထကို ထိန်းသိမ်းခြင်းသည် သင်၏ ကိုယ်ခန္ဓာကို ဂရုစိုက် စောင့်ရှောက်ခြင်း ဖြစ်သလို ကျန်းမာရေးကို ဂရုစိုက်ခြင်းလည်း ဖြစ်ပါတယ်။




အထက်ပါအချက်တွေကို လုပ်ဆောင်ရာမှာ ပထမဦးဆုံးအနေနဲ့တော့ အခက်အခဲ တွေ့ကောင်းတွေ့နိုင်ပါလိမ့်မယ်.. သို့သော်လည်း ဖြေးဖြေးမှန်မှန် အောင်ပွဲခံဆိုသော ဆိုရိုးစကားနဲ့အညီ  အစလုပ်ဖြစ်အောင် ကြိုးစားကြည့်ပါ။ အစပိုင်းမှာ နာကျင်ပင်ပန်းမယ်.. ခက်ခဲမယ် သို့သော် ဇွဲမလျော့ဖို့ လိုပါတယ်.. လေ့ကျင့်ခန်းလုပ်ရာမှာလည်း တစ်ရက်ကို အကြိမ်အရေအတွက် နည်းနည်းနဲ့ စတင်ကြည့်ပါ။ လုပ်နိုင်လာပြီဆိုမှ အကြိမ်ရေ ထပ်တိုးပြီး လုပ်သွားပါ။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ ခန္ဓာကိုယ် ကြံခိုင်သန်စွမ်းဖို့နဲ့ ၀ိတ်လျော့ဖို့အတွက် အကောင်းဆုံး နည်းလမ်း ဖြစ်ပါတယ်.. အစား အသောက်လျော့ပေမဲ့ လေ့ကျင့်ခန်းနဲ့ တွဲမလုပ်ရင် ၀ိတ်ချတာ ကြာပါတယ်.. လေ့ကျင့်ခန်းဟာ အမြန်ဆုံး ၀ိတ်လျှော့စေတဲ့ နည်းဖြစ်ပါတယ်. အဆီပိုမရှိတဲ့ ၀မ်းဗိုက်ချပ်ချပ် ခါးသွယ်သွယ်လေးမှာ ၀တ်ချင်တဲ့အ၀တ်အစားလေးကို မိမိကိုယ်ကို ယုံကြည်မှု ရှိရှိ ၀တ်ဆင်ဖို့ရာမှာ နည်းနည်းတော့ အပင်ပန်းခံဖို့ လိုပါတယ်.. အပင်ပန်းခံပြီး အစားအသောက်လျော့၊ လေ့ကျင့်ခန်းလုပ်လိုက်လို့ ရရှိလာတဲ့ ရလဒ်ဟာ ဘယ်လောက် ကြည်နူးဖို့ ကောင်းတယ်ဆိုတာ ကိုယ်တွေ့ ခံစားကြည့်တဲ့အခါ သိသာပါလိမ့်မယ်..

အမျိုးသမီးတွေဟာ အသက်၃၀ကျော်လာရင် ၀ဖို့လွယ်ကူလာပါပြီ။ ဒါကြောင့် “တို့ကတော့ အသက်ကြီးပြီ လှဖို့မလိုတော့ဘူး” လို့ ဆင်ခြေမပေးဘဲ ၀ခြင်းဟာ ကျန်းမာရေးနဲ့ မညီညွတ် မသင့်တော်တာမို့ ၀ိတ်ချတာဟာ ကျန်းမာရေးကို ဂရုစိုက်တာ၊ ထိန်းသိမ်းစောင့်ရှောက်တာလို့ သိထားသင့်ပါတယ်. ၀ပြီးတဲ့ လူတစ်ယောက်ဟာ ၀ိတ် ချဖို့ အရမ်းကို ခက်ခဲပြီး ပင်ပန်းစွာနဲ့ အချိန်ကြာကြာ ချရပါတယ်.. များများဝလေ များများ ပင်ပန်းလေ ဖြစ်ပါတယ်. ဒါကြောင့် မိမိကိုယ်ကို စပြီး ၀နေပြီလို့ ထင်တဲ့အချိန်မှာ အမြန်ဆုံး သတိလေးထားပြီး ၀ိတ် ချဖို့ တိုက်တွန်းချင်ပါတယ်.. သိပ်ဝသွားချိန်မှ ချမယ်ဆိုရင် နောက်မကျပေမဲ့လည်း ခက်ခဲပြီး ပင်ပန်းလွန်းတာကြောင့် “မပိန်ချင်လည်း နေပါစေတော့ ဒီတိုင်းနေတော့မယ်” ဆိုတဲ့ လက်လျော့တဲ့ စိတ်မျိုး ဖြစ်သွားနိုင်ပါတယ်.. ဒါကြောင့်လည်း မ၀သေးတဲ့သူတွေက ဆက်ပြီး မ၀လာဖို့၊ မိမိရဲ့ ရှိရင်းစွဲ ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားနိုင်ဖို့အတွက် အစားအသောက် ဆင်ခြင်စားသောက်ပြီး၊ ၀စ ပြုလာသူများက အစားလျော့စား၊ လေ့ကျင့်ခန်းများ ပြုလုပ်သွားကြဖို့ တိုက်တွန်း ပါရစေလားနော်။

စာအမြဲလာဖတ်တဲ့ ညီမလေးတစ်ယောက်က ၀ိတ် လျော့တဲ့ အကြောင်း ပိုစ့်လေးတစ်ပုဒ် ရေးပေးပါလို့ တောင်းဆိုထားတာ ကြာပါပြီ။ အကြောင်း မတိုက်ဆိုင်တာကြောင့်ရော၊ ဒီခေါင်းစဉ်ဘက် ခြေဦးမလှည့်ဖြစ်သေးတာကြောင့်ပါ ရေးဖို့ ကြန့်ကြာနေခဲ့တဲ့အတွက် ခွင့်လွှတ်ဖို့ ပြောချင်ပါတယ်.. ဒီပိုစ့်လေးကိုတော့ အတွေ့အကြုံ တစ်ချို့နဲ့အတူ ဖတ်ထားတဲ့ စာတွေထဲကနေ ကိုယ်တိုင်လည်း သတိထားဆင်ခြင်ဖို့၊ ၀ိတ် လျှော့ချင်တဲ့ ညီမလေးနဲ့ ၀ိတ် လျှော့လိုသော သူများအတွက်ပါ ရည်ရွယ် ရေးသားပါတယရှင်.. ညီမလေးနဲ့ အားလုံးသော သူများလည်း လှလှပပ ကျန်းကျန်းမာမာ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်နိုင်ကြပါစေနော်..






 ပို့စ်အတွက် လိုအပ်ချက်များ ဖြည့်စွက်ပေးသော Dr. CK အား ကျေးဇူးအထူးတင်ရှိပါသည်။

Ref: http://familydoctor.org/online/famdocen/home/tools/bmi.html
       10 Tummy Flattening Tips  ( Funzug)

ချမ်းသာခြင်း အကြောင်းတရား



ချမ်းသာသူတိုင်းဟာလည်း  အမြဲတမ်း ပျော်ရွှင်ကြသူတွေ မဖြစ်နိုင်ကြပါဘူး။ ငွေကြေးတွေအများကြီး ကြွယ်ဝချမ်းသာနေကြလို့ သူတို့တွေကတော့ ပျော်ရွှင်နေကြမှာဘဲ စိတ်ဆင်းရဲစရာ ရှိမှာ မဟုတ်ဘူးလို့ ထင်ရင် တကယ်ကိုမှားပါတယ်.. သူတို့တွေရဲ့ဘ၀မှာလည်း စိတ်ဆင်းရဲစရာ မပျော်ရွှင်စရာ အကြောင်းတွေဟာ တစ်နည်းနည်းနဲ့ ရှိနေတတ်ကြပါတယ်.. အချို့သော သူတွေမှာ အလုပ်အကိုင်ကောင်းကောင်းနဲ့ လစာတွေ အများကြီး ရနေကြပါရက်နဲ့ မပျော်မရွှင်ဖြစ်နေကြတာ၊ စိတ်ဆင်းရဲနေကြတာတွေ ရှိပါတယ်.. ပိုက်ဆံလည်း အများကြီးရှိနေတယ်... အလုပ်အကိုင် ကောင်းကောင်းလည်းရှိတယ်.. ဒီလိုလူကိုမှသာ ချမ်းသာတယ်လို့ ခေါ်နိုင်ပါသလား..

တကယ်တမ်းတော့ ချမ်းသာတယ် ဆိုတဲ့နေရာမှာ ငွေကြေးတစ်ခုတည်းနဲ့ တိုင်းတာဆုံးဖြတ်လို့ မရပါဘူး။ မိမိရဲ့ လက်ရှိအနေအထားပေါ်မှာ စိတ်ကျေနပ်မှုရမယ် တင်းတိမ် ရောင့်ရဲတတ်မယ် ဆိုရင်လည်း ငွေကြေးအများကြီး မရှိရင်တောင် စိတ်ကျေနပ်မှု ရတဲ့အတွက် ချမ်းသာမှု တစ်မျိုးကို ရရှိနေတာဖြစ်ပါတယ်.. ဒါကြောင့် ချမ်းသာခြင်းကို အဓိပ္ပါယ် ဖွင့်ဆိုရမယ်ဆိုရင် စိတ်ပျော်ရွှင်ကျေနပ်မှု ရနေရင် ချမ်းသာနေတာဘဲ ဖြစ်ပါတယ်.. ငွေကြေးတွေ အများကြီး ရှိနေပြီး စိတ်ကျေနပ်မှု မရှိဘူး၊ ပျော်ရွှင်မှုတွေ ပျောက်ဆုံးနေတယ် ဆိုရင်ဖြင့် အဲဒီလူဟာ အမှန်တကယ် ချမ်းသာနေတဲ့သူ မဖြစ်နိုင်ပါဘူး… အဓိကက စိတ်ချမ်းသာမှု ရှိနေတယ်ဆိုရင်လည်း ချမ်းသာနေတာ ဖြစ်ပါတယ်.. ဒီလိုဆိုရင် လောကကြီးမှာ လူတိုင်းလူတိုင်းဟာ တစ်နည်းမဟုတ် တစ်နည်းနဲ့တော့ ချမ်းသာသူတွေ ဖြစ်နိုင်ကြပါတယ်.. ဘယ်လိုနည်းနဲ့များ ချမ်းသာတဲ့သူ ဖြစ်နိုင်မလဲ.. စဉ်းစားကြည့်ရအောင်နော်…


ချမ်းသာတယ်လို့ပြောနိုင်ဖို့ နည်းလမ်း (၇)ရပ်ရှိပါတယ်.. အဲဒါတွေက

(၁) မိမိရဲ့ အတွင်းစိတ်မှ ချမ်းသာမှု ရရှိခြင်း

လောကကြီးမှာ အရာရာကို ကောင်းတဲ့ဘက်ကနေ ကြည့်မြင်တတ်သူတွေဟာ အလွယ်တကူ စိတ်ချမ်းသာမှုကို ရရှိနိုင်ပါတယ်.. တစ်ချို့သောသူတွေဟာ အခက်အခဲတွေ၊ စိတ်ပျက်စရာတွေနဲ့ ကြုံတွေ့ရရင်တောင် အကောင်းဘက်ကနေ သော်လည်းကောင်း၊ ရယ်စရာအနေနဲ့သော်လည်း ကြည့်မြင် တတ်ကြပါတယ်.. သူတို့တွေဟာ သောကဖြစ်စရာ၊ စိတ်ညစ်ညူးစရာတွေကို မိမိရဲ့နှလုံးသားထဲမှာ ကြာရှည် သိမ်းဆည်းထား တတ်သူတွေ မဟုတ်တဲ့အတွက်  စိတ်အေးချမ်းမှုကို အမြဲတမ်း ခံစားနေရမှာ ဖြစ်ပါတယ်.. ဘ၀မှာ ဘယ်လောက်ပင် ခက်ခဲတဲ့ ပြဿနာပင်ဖြစ်ပါစေ.. အချိန်တန်ရင် တစ်နည်းနည်းနဲ့ ကျော်လွှား အောင်မြင်ကြရမှာ ဖြစ်ပါတယ်.. မဖြေရှင်းနိုင်ခင် တဒင်္ဂ အခြေအနေလေးသာ စိတ်သောက ရောက်ကြရမှာ ဖြစ်ပါတယ်. ဒါကြောင့် အခက်အခဲ အတားအဆီးတွေနဲ့ ကြုံတဲ့အခါ ကြံ့ကြံ့ခံနိုင်ပြီး မကြာခင်မှာ အောင်မြင်စွာ ဖြေရှင်းနိုင်မယ်လို့တွေးတောကာ အကောင်းမြင်တတ်သူ တော်တော် များများဟာ မိမိရဲ့ အတွင်းစိတ်မှာ အေးချမ်းနေတဲ့အတွက် ချမ်းသာသူတွေလို့ ခေါ်ဆိုလို့ရပါတယ်..

(၂) ကျန်းမာရေး ကောင်းမွန်မှုကြောင့် ချမ်းသာခြင်း


ကျန်းမာခြင်းဟာ လာဘ်တစ်ပါးလို့ ဆိုကြသလိုပါဘဲ.. လူတစ်ယောက်ရဲ့ ကျန်းမာရေးကို ငွေနဲ့ချိန်စက်ပြီး ၀ယ်ယူလို့ မရနိုင်ပါဘူး.. ပိုက်ဆံဘယ်လောက်ပင် ကြွယ်ဝချမ်းသာစေကာမူ ကျန်းမာရေး ချို့ယွင်းနေသူများဟာ စိတ်ပျော်ရွှင်မှုကို မရတဲ့အတွက် သူတို့မှာ အပြည့်အ၀ ချမ်းသာနေတယ်လို့ ခေါ်လို့မရပါဘူး.. ဒါကြောင့် သင့်မှာ နာတာရှည်ရောဂါမရှိဘူး၊ ကျန်းမာရေးလည်း ကောင်းမွန်နေတယ်ဆိုရင် သင်ဟာ ချမ်းသာသူ တစ်ယောက်လို့ ပြောလို့ရပါတယ်။



(၃) မိသားစု မိတ်သင်္ဂဟ ပေါများ ချမ်းသာခြင်း

သင့်မှာ သင့်ကို ချစ်ခင်စွာ ဂရုစိုက်ပူပန်သူ၊ သတိတရ ရှိနေကြသူ မိဘမောင်ဖွား၊ မိသားစုဝင်တွေ၊ ဆွေမျိုး မိတ်ဆွေ သူငယ်ချင်းတွေ ချစ်သူခင်သူတွေ ရှိနေခြင်းဟာလည်း အလွန်မှ ကံကောင်းခြင်း တစ်မျိုး ဖြစ်ပါတယ်.. ပိုက်ဆံချမ်းသာ ကြွယ်ဝသော်လည်း မေတ္တာ စေတနာနဲ့ ဂရုတစိုက် ပူပန် စောင့်ရှောက်သူ မရှိခဲ့ရင် အဲဒီလူရဲ့ ဘ၀ဟာ အထီးကျန် ဆန်လှပြီး စစ်မှန်တဲ့ ပျော်ရွှင် စိတ်ချမ်းသာမှုကို ရနိုင်မှာ မဟုတ်ပါဘူး။ သင်နေထိုင်မကောင်း ဖြစ်ချိန်၊ သင် လိုအပ်ချိန် တွေမှာ သင့်ဘေးနားမှာ အချိန်မရွေး ဂရုတစိုက် ပြုစုပေးနိုင်မဲ့သူ၊ အားပေးမဲ့သူတွေ ရှိနေပြီဆိုရင် သင်ဟာ တစ်နည်းတစ်ဖုံအားဖြင့် ချမ်းသာသူတစ်ဦး ဖြစ်နေပါသေးတယ်..




(၄) အလုပ်အကိုင်ကောင်းကြောင့် ချမ်းသာခြင်း

သင်ဟာ သင်လုပ်နေတဲ့အလုပ်မှာ နေရာကောင်း တစ်နေရာ ရထားတယ်.. ဒါမှမဟုတ် လက်ရှိ ရောက်နေတဲ့ အနေအထားကို စိတ်ကျေနပ်မှု ရတယ်။ မိမိ လုပ်နေတဲ့အလုပ်မှာ ပျော်ရွှင် စိတ်ချမ်းသာတဲ့ အနေအထား ရှိတယ်ဆိုရင်လည်း မိမိအလုပ်ကို ကျေနပ်နှစ်သိမ့်တဲ့ ခံစားချက် လေးတော့ ခံစားကြရမှာ ဖြစ်ပါတယ်.. ဒီလို အလုပ်မှာ ပျော်ပိုက်နေတာ၊ အဆင်ပြေ နေတာဟာလည်း စိတ်ကို ချမ်းသာမှု ပေးနိုင် တာကြောင့် သင်ဟာ ဒီနည်းအားဖြင့်လည်း ချမ်းသာသူတစ်ဦးလို့ ပြောလို့ရပါတယ်..




(၅) စီးပွားရေး ပြည့်စုံအဆင်ပြေမှုကြောင့် ချမ်းသာခြင်း

ဒီအချက်ကတော့ ငွေကြေးကြွယ်ဝမှုကိုခေါ်တဲ့ ချမ်းသာခြင်းဖြစ်ပါတယ်.. စီးပွားရေး အဆင်ပြေနေရင် ငွေကြေးလည်း အဆင်ပြေနေမှာ ဖြစ်ပါတယ်.. လောကကြီးမှာ အရာရာကို ငွေနဲ့ ဆုံးဖြတ် တိုင်းတာလို့ မရဘူးဆိုပေမဲ့ ကိစ္စ တော်တော်များများကို ငွေက ပြီးပြည့်စုံ နိုင်စေတာကြောင့် လူတွေအတွက် ငွေကြေး ဟာလည်း မရှိမဖြစ် လိုအပ်နေတဲ့ လိုအပ်ချက်ကြီး တစ်ခု ဖြစ်နေပါတယ်.. ငွေကြေးများများစားစား လက်ထဲမှာ ရှိနေခဲ့ရင် ကိုယ်သွားချင်တာ၊ စားချင်တာ၊ ဖြစ်ချင်တာတွေကို ဖြစ်စေနိုင်တာကြောင့် ငွေဟာ ပျော်ရွှင်မှု တော်တော်များများကိုလည်း ဖန်တီးပေးနိုင်ပါတယ်.. မိမိစိတ်တိုင်းကျ လှူဒါန်းနိုင်ခြင်း ပေးကမ်းစွန့်ကြဲနိုင်ခြင်းဟာ လူတွေအတွက် ဂုဏ်ယူစရာ၊ စိတ်ကျေနပ်မှု ရစရာ တစ်မျိုးလည်း ဖြစ်တာကြောင့် သင့်လက်ထဲမှာ ငွေကြေးများများစားစား ရှိခဲ့ရင် စိတ်တိုင်းကျ လှူနိုင်၊ ပေးကမ်း စွန့်ကြဲနိုင်တယ်.. ဒီလို ကိုယ်လုပ်ချင်တဲ့ အချို့သောအရာတွေ လုပ်နိုင်ခြင်း၊ လှူနိုင်တန်းနိုင်၊ ပေးကမ်း စွန့်ကြဲနိုင်ခြင်းကြောင့်လည်း စိတ်ချမ်းသာမှုကို ရရှိနိုင်တဲ့အတွက် ငွေရှိတာဟာလည်း ချမ်းသာခြင်းတစ်မျိုး ဖြစ်ပါတယ်..

(၆) ခရီးထွက်ခြင်းကြောင့် ချမ်းသာမှု ရရှိခြင်း

ကိုယ်မရောက်ဖူးတဲ့ နေရာဒေသ အသစ် အဆန်းတွေကို ခရီးသွားရတဲ့အခါမျိုးတွေ၊ ကိုယ်ပြင်းပြင်းပြပြ သွားချင်တဲ့နေရာတွေကို ရောက်ရတဲ့အခါ၊ မတွေ့ကြုံဖူးတဲ့  လူသစ်တွေနဲ့ တွေ့ဆုံသိကျွမ်းရတာ ၊ မသိသေးတဲ့ဒေသန္တရ ဗဟုသုတတွေနဲ့ ထိတွေ့ခွင့်ရတာဟာ စိတ်ကို ပျော်ရွှင် ကြည်နူးစေတယ်.. လန်းဆန်း တက်ကြွတဲ့ စိတ်ခံစားမှု အသစ်တွေ၊ စိတ်လှုပ်ရှား စရာတွေကို ရရှိစေပါတယ်.. အဲဒီလို နေရာဒေသ အသစ်တွေကို မကြာခဏ ရောက်ရခြင်း၊ စိတ်ဝင်စားဖွယ် ခရီးများကို မကြခဏ သွားရခြင်းတို့ကြောင့် ရရှိတဲ့ စိတ်ပျော်ရွှင် ချမ်းမြေ့မှုဟာလည်း တန်ဖိုး ကြီးမားတဲ့အတွက် ခရီးမကြာခဏ သွားနိုင်ခြင်းဟာလည်း ချမ်းသာမှုတစ်မျိုးလို့ ပြောလို့ရပါတယ်..


(၇) အများအကျိုး၊ ပရဟိတအကျိုး ဆောင်ခြင်းအားဖြင့် ချမ်းသာခြင်း


 အကူအညီလိုအပ်သူများ၊ မိမိထက် ဆင်းရဲချို့တဲ့သူများ၊ ဘေးဒုက္ခရောက်နေသူများကို ကူညီခြင်း၊ စောင့်ရှောက်ခြင်း စတဲ့ မွန်မြတ်သော ပရဟိတ အလုပ်တွေ၊ လူမှုရေး လုပ်ငန်းတွေမှာ စွမ်းစွမ်းတမံ ဆောင်ရွက်ပြီး လူအများကို စိတ်ကောင်း စေတနာဖြင့် ကူညီခြင်းအားဖြင့် မိမိကိုယ်ကို ယုံကြည်မှု မြင့်မားလာစေနိုင်သလို ပတ်ဝန်းကျင်မှ လူအများက လေးစားအားကျရသူ ဖြစ်လာ နိုင်ပါတယ်.. ထိုသူများဟာ ငွေကြေးအားဖြင့် မချမ်းသာစေကာမူ မိမိပတ်ဝန်းကျင်မှာတော့ ချီးကျူး လေးစားထိုက်သူ ဖြစ်နေပါတယ်.. ထိုကဲ့သို့ လူအများက လေးစား အားကျခံရခြင်းဟာလည်း ဘ၀မှာ ချမ်းသာခြင်း တစ်မျိုးဖြစ်တယ်လို့ ဆိုပါတယ်..




 
အထက်က ဖော်ပြပါ နည်းလမ်း(၇)ရပ်ထဲမှာမှ တစ်ချက်ချက်ထဲက အကြောင်းအရာဟာ သင့်ရဲ့လက်ရှိ အနေအထားနဲ့ ကိုက်ညီမှု ရှိခဲ့တယ်ဆိုရင် သင်ဟာ ချမ်းသာတဲ့သူတစ်ဦး ဖြစ်နေပါတယ်.. ဒါကြောင့် ဘ၀ရဲ့ ချမ်းသာနိုင်တဲ့ အချက်တွေထဲကမှ မိမိနဲ့ ဘယ်အချက်များ ကိုက်ညီမလဲ၊ မခက်ခဲလှတဲ့ ချမ်းသာခြင်းကို တစ်နည်းမဟုတ် တစ်နည်း ရရှိအောင် ဘယ်လိုဆောင်ရွက်မလဲဆိုတာကို ချင့်ချိန်စဉ်းစားရင်း ကျွန်မတို့ ဘယ်လောက်များ ချမ်းသာနေပြီလဲဆိုတာ ရှာဖွေကြည့်ကြပါစို့လားနော်။





Ref: Are We Really Wealthy? ( Funzug.com)  

ရေခဲတွေနဲ့ ဆောက်တဲ့ဟိုတယ်




အချို့သောသူတွေဟာ အများနဲ့မတူ ထူးထူးခြားခြား အမှတ်တရလေးတွေ ဖြစ်အောင် တစ်သက်မှာတစ်ခါ ဆန်းပြားတဲ့နေရာလေးတွေကို ရွေးချယ်ပြီး အလည် သွားရောက်တတ်ကြပါတယ်..  ဇနီးမောင်နှံတွေ၊ မင်္ဂလာဦး မောင်နှံတွေဆိုရင်လည်း ဟန်းနီးမွန်းတို့ မင်္ဂလာနှစ်ပတ်လည်တို့ကို ဘ၀အတွက် အမှတ်တရဖြစ်စေမဲ့ ဘယ်ခါပြန်တွေးတွေး သတိရစေနိုင်မဲ့ နေရာမျိုးတွေကို ရွေးချယ်သင့်တယ်လို့ ဆိုပါတယ်.. အဲဒီလို သွားချင်သူများ အတွက် ရေခဲတွေနဲ့ချည်း တည်ဆောက်ထားတဲ့ ဟိုတယ်လို နေရာမျိုးကလည်း တစ်သက်တာ အမှတ်ရစရာဖြစ်မဲ့ နေရာလေးတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပါတယ်.. ကမ္ဘာပေါ်က ရေတွေခဲအောင် အေးလွန်းတဲ့ နိုင်ငံတစ်ချို့တွေမှာ ခုလို ရေခဲတွေ၊ နှင်းခဲတွေနဲ့ ဆောက်လုပ်ထားတတ်တဲ့ ဟိုတယ်တွေ ရှိနေတတ်ကြပါတယ်.. အဲဒီထဲကမှ ဆွီဒင်နိုင်ငံက ရေခဲဟိုတယ်ကတော့ Jukkasjärvi က Torne မြစ်အနီးမှာ မှာတည်ရှိပြီး နှင်းတွေစခဲတဲ့ အောက်တိုဘာမှာ ရေခဲတန်ချိန်ပေါင်း တစ်သောင်း၊ နှင်းတန်ချိန်ပေါင်း ၃၀၀၀၀ နဲ့ စတင် တည်ဆောက်တာ ဖြစ်ပါတယ်.. ပေ ၃၀၀၀၀ ပတ်လည် အကျယ်ရှိ ရေခဲဟိုတယ်ဟာ အာတိတ်စက်ဝိုင်းရဲ့ မြောက်ဘက် ၂၀၀ ကီလိုမီတာမှာ တည်ရှိပါတယ်..


ရေခဲဟိုတယ် အ၀င်ဝ


ဟိုတယ်အတွင်း

အပြင်အဆင်
ဘားကောင်တာ
impressive ice hotel in quebec 38 Impressive Ice Hotel In Quebec City


အခြားနေရာဒေသတွေကို ရောက်ခဲ့ဖူးတာနဲ့ မတူတဲ့ ခံစားချက်မျိုး ပေးနိုင်စွမ်းရှိတဲ့ ရေခဲဟိုတယ်ဟာ နှင်းတွေ၊ ရေခဲတွေကို ချစ်ခင်မြတ်နိုးတတ်သူများအတွက် အထူးရည်ရွယ် ပြုလုပ်ထားတာ ဖြစ်ပါတယ်..  ရေခဲဟော်တယ်ထဲမှာ ရေခဲတန်ချိန် ၄၀၀၀ နဲ့ ပြုလုပ်ထားတဲ့ ရုပ်ရှင်ရုံ၊ ဘားကောင်တာ၊ ဘုရားရှိခိုးကျောင်း အသေး၊ မိသားစုအခန်း၊ ၂ယောက်ခန်း၊ စသည်တို့ ပါရှိပါတယ်.. ဘုရားရှိခိုးကျောင်းမှာ ၀တ်ပြု ဆုတောင်းနိုင်ရုံသာမက မင်္ဂလာအခမ်းအနားများလည်း ကျင်းပနိုင်တယ်လို့ သိရပါတယ်.. ရေခဲဘား ကောင်တာမှာတော့ ရေခဲတွေနဲ့ ပြုလုပ်ထားတဲ့ ခွက်တွေနဲ့ အဖျော်ယမကာတို့ကို သောက်သုံးနိုင်ပြီး စားသောက်ခန်းမှာလည်း  ရေခဲကို ထွင်းထုထားတဲ့ ပန်းကန်ခွက်ယောက်များနဲ့ အစားအသောက်များကို စားသောက်နိုင်ပါတယ်.. အိပ်ဖို့ ကုတင်၊ ထိုင်ခုံ၊ စားသောက်စားပွဲ၊ အစစအရာရာ အားလုံးကို ရေခဲများနဲ့ ပြုလုပ်ထားတာကြောင့် ကြည်လင်နေတဲ့ ရေခဲနဲ့ နှင်းခဲတွေရဲ့ အရောင်နဲ့ အအေးဓာတ်ဟာ ရောက်လာသူတို့ရဲ့စိတ်ကို ထူးထူးခြားခြား ခံစားချက်တစ်မျိုးကို ပေးစွမ်းနိုင်တယ်လို့ ဆိုပါတယ်..

impressive ice hotel in quebec 43 Impressive Ice Hotel In Quebec City

ရေခဲအိပ်ရာများ

ဇိမ်ကျကျ


impressive ice hotel in quebec 14 Impressive Ice Hotel In Quebec City

ရေခဲဟိုတယ်ရဲ့ တစ်ညသာ တည်းခိုခ နှုန်းထားမှာ ဒေါ်လာ ၃၀၀ အနိမ့်ဆုံး ဖြစ်ပြီး ဒီဇင်ဘာကနေ ဧပြီလအထိ ဟိုတယ်ကို ဖွင့်လှစ်ထားရှိပါတယ်. ရေခဲဟိုတယ်အတွင်းရှိ အအေးဓာတ်မှာ -5 ဒီဂရီ စင်တီဂရိတ်မှ -8 ဒီဂရီ စင်တီဂရိတ်ထိ ရှိနေပြီး အေးလွန်းတယ် ထင်ရပေမဲ့ ပြင်ပမှာတော့ -37 ဒီဂရီ စင်တီဂရိတ် အထိ ရှိနေတတ်တာကြောင့် ပြင်ပ အအေးဓာတ်ထက်စာရင် မဆိုးလှဘူးလို့ ယူဆရပါတယ်.. ဧည့်သည်များဟာ လေအိတ် မွေ့ရာကြီးတွေပေါ်မှာမှ အအေးပိုင်းဒေသမှာ ရှင်သန်နေထိုင်တဲ့ ရိန်းဒီးယား သမင်ရေခင်းထားတဲ့ အိပ်ရာနဲ့ သက်သောင့်သက်သာ ဇိမ်ရှိရှိ အိပ်နိုင်မှာ ဖြစ်ပါတယ်.

impressive ice hotel in quebec 30 Impressive Ice Hotel In Quebec City

ရေခဲတိုင်လုံးများ

impressive ice hotel in quebec Impressive Ice Hotel In Quebec City
ရေခဲ ပန်းပုများ

ရေခဲ ပန်းကန်၊ စားပွဲ

impressive ice hotel in quebec 39 Impressive Ice Hotel In Quebec City
ရေခဲကောင်တာ

impressive ice hotel in quebec 41 Impressive Ice Hotel In Quebec City

impressive ice hotel in quebec 36 Impressive Ice Hotel In Quebec City

impressive ice hotel in quebec 29 Impressive Ice Hotel In Quebec City

impressive ice hotel in quebec 33 Impressive Ice Hotel In Quebec City
ရာသီဥတု ပူလာတဲ့အချိန်မှာတော့ ဆောက်လုပ်ထားတဲ့ ရေခဲတွေဟာ အရည်ပျော်ကျ သွားတတ်တာကြောင့် နောက်တစ်နှစ် ရေခဲရာသီမှာ ဟိုတယ်ကို နှစ်စဉ်  အသစ်ပြန်လည် တည်ဆောက်ရပါတယ်.. ပြန်လည် တည်ဆောက်တဲ့အခါမှာလည်း ရေခဲဟိုတယ်ရဲ့ ဒီဇိုင်းဟာ တစ်နှစ်နဲ့တစ်နှစ် လုံးဝ မထပ်စေရအောင် တည်ဆောက်ကြပါတယ်.. ဟိုတယ်ရဲ့ အတွင်းအပြင် ပုံသဏ္ဍာန်ကို  မထပ်စေရုံသာမက၊ ဟော်တွင်တွင်းရှိ ပရိဘောဂများကအစ  ဒီဇိုင်းများ မတူအောင် ပြုလုပ်ထားပြီး ရောက်လာသော ဧည့်သည်များအတွက် တစ်နှစ်နဲ့တစ်နှစ် မတူညီသော ခံစားမှုများ ပေးနိုင်အောင် အထူး ဆောင်ရွက်ထားတယ်လို့ သိရပါတယ်.. ကမ္ဘာတစ်လွှားရှိ ရေခဲပန်းပု ပညာရှင်များစွာထဲမှာမှ လက်ရွေးစင် ၅၀ဦးကိုသာ ရွေးချယ်ပြီး ရေခဲဟိုတယ်ကို တည်ဆောက်စေတာ ဖြစ်ပါတယ်.. သို့ကြောင့်လည်း ဟိုတယ်တွင်းရှိ ထုလုပ်ထားတဲ့ ပန်းပု လက်ရာများမှာ အံ့မခန်း ဆန်းကြယ် လှပနေတယ်လို့ ဆိုပါတယ်။ ထူးခြားဆန်းပြားတဲ့ ခံစားချက်မျိုး ရချင်သူများ ရေခဲဟိုတယ်ကို သွားရောက်လို့ ဟန်းနီးမွန်းဖြစ်စေ၊ နှစ်ပတ်လည်ဖြစ်စေ၊ အားလပ်ရက်ဖြစ်စေ သွားရောက် နိုင်ပါကြောင်း အသိပေးလိုက်ပါတယ်နော်..

 
အောက်မှာတော့ ကမ္ဘာတလွှားမှာ ရှိတဲ့ ရေခဲဟိုတယ်များရဲ့ ဓာတ်ပုံများကို ဖော်ပြပေးလိုက်ပါတယ်နော်။


impressive ice hotel in quebec 47 Impressive Ice Hotel In Quebec City

 impressive ice hotel in quebec 44 Impressive Ice Hotel In Quebec City


impressive ice hotel in quebec 42 Impressive Ice Hotel In Quebec City

impressive ice hotel in quebec 40 Impressive Ice Hotel In Quebec City



impressive ice hotel in quebec 37 Impressive Ice Hotel In Quebec City
ဟိုတယ်တွင်းက မောင်နှံ
impressive ice hotel in quebec 35 Impressive Ice Hotel In Quebec City

impressive ice hotel in quebec 34 Impressive Ice Hotel In Quebec City


impressive ice hotel in quebec 32 Impressive Ice Hotel In Quebec City


impressive ice hotel in quebec 31 Impressive Ice Hotel In Quebec City



impressive ice hotel in quebec 28 Impressive Ice Hotel In Quebec City

impressive ice hotel in quebec 27 Impressive Ice Hotel In Quebec City

impressive ice hotel in quebec 26 Impressive Ice Hotel In Quebec City

impressive ice hotel in quebec 25 Impressive Ice Hotel In Quebec City

impressive ice hotel in quebec 24 Impressive Ice Hotel In Quebec City

impressive ice hotel in quebec 23 Impressive Ice Hotel In Quebec City
impressive ice hotel in quebec 22 Impressive Ice Hotel In Quebec City

impressive ice hotel in quebec 21 Impressive Ice Hotel In Quebec City

impressive ice hotel in quebec 20 Impressive Ice Hotel In Quebec City

impressive ice hotel in quebec 19 Impressive Ice Hotel In Quebec City

impressive ice hotel in quebec 18 Impressive Ice Hotel In Quebec City

impressive ice hotel in quebec 17 Impressive Ice Hotel In Quebec City

impressive ice hotel in quebec 16 Impressive Ice Hotel In Quebec City

impressive ice hotel in quebec 15 Impressive Ice Hotel In Quebec City

impressive ice hotel in quebec 13 Impressive Ice Hotel In Quebec City

impressive ice hotel in quebec 12 Impressive Ice Hotel In Quebec City

impressive ice hotel in quebec 11 Impressive Ice Hotel In Quebec City


impressive ice hotel in quebec 10 Impressive Ice Hotel In Quebec City
impressive ice hotel in quebec 9 Impressive Ice Hotel In Quebec City
impressive ice hotel in quebec 8 Impressive Ice Hotel In Quebec City
impressive ice hotel in quebec 7 Impressive Ice Hotel In Quebec City

impressive ice hotel in quebec 6 Impressive Ice Hotel In Quebec City
impressive ice hotel in quebec 5 Impressive Ice Hotel In Quebec City
impressive ice hotel in quebec 4 Impressive Ice Hotel In Quebec City

impressive ice hotel in quebec 3 Impressive Ice Hotel In Quebec City

impressive ice hotel in quebec 2 Impressive Ice Hotel In Quebec City

impressive ice hotel in quebec 1 Impressive Ice Hotel In Quebec City
impressive ice hotel in quebec 46 Impressive Ice Hotel In Quebec City


impressive ice hotel in quebec 45 Impressive Ice Hotel In Quebec City



ပျော်ရွှင်ချမ်းမြေ့ကြပါစေရှင်။



Source from http://www.fungur.com/impressive-ice-hotel-quebec-city/