ပျိုပျိုမေတို့ ချက်ဖို့ရာ



ဒီပိုစ့်မှာတော့ နိုင်ငံတကာ ရောက်ရှိနေကြတဲ့ ဟင်းချက် ၀ါသနာပါသူများအတွက် မီးဖိုချောင်သုံး ဟင်းခတ် အမွှေးအကြိုင်အချို့နဲ့ မီးဖိုချောင်သုံး ဟင်းသီးဟင်းရွက် အချို့ကို အခေါ်အဝေါ်နဲ့တကွ ပုံလေးတွေနဲ့ ပြန်လည် မျှဝေပေးချင်တာပါ။ ဘယ်မှာဘဲ ရောက်နေနေ ပုံလေးလဲမြင်ဖူး၊ နံမည်လေးတွေလဲ သိနေမယ်ဆိုရင် အလွယ်တကူ ရှာလို့ ရနိုင်အောင်ပေါ့နော်။ ပြီးတော့လည်း တစ်ချို့ ဟင်းခတ် အမွှေးအကြိုင်တွေကို မသိလို့ ပုံလေးပါ တင်ပေးပါလို့ တောင်းဆိုထားသူများ အတွက်လည်း ရည်ရွယ်ပါတယ်.. အင်္ဂလိပ်လို သိပြီဆိုရင် သက်ဆိုင်ရာ နိုင်ငံရဲ့ ဘာသာစကားနဲ့ Translate လုပ်ပြီး ရှာဖို့ ပိုပြီး လွယ်ကူနိုင်မယ် ထင်ပါတယ်နော်။ အချို့ လွယ်လွယ်ကူကူ သိပြီးသားတွေပါ ထည့်ထားပါတယ်.. သိတာကိုတော့ ကျော်ဖတ်သွားကြပါလို့နော်။

၁။ ငရုတ်သီးမှုန့် = Chilli powder

Chilli Powder USA


၂။ ငရုတ်သီး =  Chilli












၃။ ငရုတ်ကောင်းမှုန့် = pepper powder
















၎။ ပျဉ်းတော်သိမ်ရွက် =Curry- leaf










ပျဉ်းတော်သိမ်ရွက်ကို ပဲဟင်း၊ ပဲကုလားဟင်းတို့ထဲ ခတ်ရင် သိပ်မွှေးပြီး စားလို့ကောင်းပါတယ်. အရွက်နု လေးတွေကိုတော့ အတို့အမြုပ်အဖြစ်လဲ လုပ်စားလို့ ရပါတယ်.

စကားပြောသော ပန်းချီကားများ

စာဖတ်သူ မိတ်ဆွေ သူငယ်ချင်းတို့ကို စကားပြောနေတဲ့ ပန်းချီကားလေးတွေရဲ့ ဇာတ်လမ်းလေး အကြောင်း ပြောပြချင်ပါတယ်.. အောက်မှာ ရှိတဲ့ ပန်းချီကားလေးတွေကို တစ်ပုံချင်း  ကြည့်ကြရအောင်နော်..




Paintings, with a Touching Story


Paintings, with a Touching Story


Paintings, with a Touching Story


Paintings, with a Touching Story


Paintings, with a Touching Story


Paintings, with a Touching Story


Paintings, with a Touching Story

ပန်းချီကားလေးတွေကို ကြည့်ရတာ  ဘာတွေထူးခြားနေတယ်လို့ ထင်ပါသလဲ.... နံမည်ကျော် ပန်းချီဆရာ တစ်ယောက်ရဲ့ အဖိုးတန် ပန်းချီကား တွေလောက် လှပ ဆွဲဆောင်မှုမရှိဘူး၊ တန်ဖိုးရှိမဲ့ပုံ မရဘူးလို့ ထင်စရာများဖြစ်နေမလား။ ဒါပေမဲ့လို့ အဲဒီပန်းချီ ကားတွေကနေ ကျွန်မတို့သိခွင့် ရလိုက်တာကတော့ ဒီပန်းချီကားတွေ ဖြစ်မြောက်လာအောင် ၊ ကျွန်မတို့လို မျက်စိမြင်တဲ့လူတွေ မြင်တွေ့ခံစားခွင့် ရအောင် ဖန်တီးပေးလိုက်တဲ့ ပန်းချီဆရာရဲ့ ဇာတ်လမ်းလေးဘဲ ဖြစ်ပါတယ်..

ဒီပန်းချီကားတွေက ဘာတွေကို ပြောပြနေလို့ပါလဲ….

မေးချင်စရာပါနော်….

တစ်ခြားတော့ မဟုတ်ပါဘူး။

ချစ်သူများနေ့အတွက် လက်ဆောင်

အားလုံးဘဲ မင်္ဂလာပါရှင်.. မကြာခင်မှာ ရောက်လာတော့မဲ့ ချစ်သူများနေ့အတွက် အစီအစဉ် အသီးသီး၊ လက်ဆောင် အမျိုးအမျိုးကို ရွေးချယ်လို့ ကြိုတင် ရင်ခုန် ပျော်ရွှင် နေကြပြီ ထင်ပါတယ်နော်…





ဖေဖော်ဝါရီ၁၄ရက်နေ့ဟာ အားလုံးသိကြတဲ့အတိုင်း ချစ်သူများနေ့ဖြစ်ပါတယ်.. ဒီနေ့မှာ မိမိချစ်ခင် မြတ်နိုးရတဲ့ သူကို နှစ်သက်စဖွယ် အမှတ်တရ လက်ဆောင် လေးများ ပေးပြီး မိမိရဲ့ ချစ်ခင်မှု အလေးထားမှု တို့ကို ဖော်ပြခွင့်ရတဲ့ နေ့လေး တစ်နေ့လဲ ဖြစ်ပါတယ်… မိမိချစ်ခင်တဲ့သူနဲ့ အတူတူ အမှတ်ရစရာ နေရာတစ်ခုခုကို သွားရောက် လှည်ပတ်ခြင်း၊ စားသောက်ဆိုင် တစ်ခုခုမှာ ချစ်သူနဲ့အတူတူ သွားရောက် စားသောက်ခြင်း၊ ချစ်သူများနေ့နဲ့ ပါတ်သက်တဲ့ ပွဲတစ်ခုခုကို အတူတူယှဉ်တွဲ တက်ရောက်ခြင်း တို့ကို ပြုလုပ်နိုင်ပါသေးတယ်… မိမိချစ်ခင် မြတ်နိုးရသူကို စိတ်ကူးယဉ်ဆန်ဆန် (Romantic) ဖြစ်မဲ့ လက်ဆောင်လေးတွေ ပေးဖို့ ရွေးချယ် ရတာကိုက ရင်ခုန် စိတ်လှုပ်ရှားစရာ ကောင်းပါတယ်..



















ကဲ…….. သင်ရော ချစ်သူအတွက် ဘယ်လို လက်ဆောင်မျိုးလေး ရွေးချယ် ပြီးပြီလဲ.. ကိုယ်ပေးတဲ့ လက်ဆောင်ကို ချစ်သူက နှစ်သက် သဘောကျမယ်၊ တန်ဖိုးထားမယ်ဆိုရင် ပေးရတဲ့သူအတွက်အရမ်းကို ကျေနပ်ပီတိ ဖြစ်ဖို့ ကောင်းပါတယ်.. တစ်ချို့ကလဲ ကိုယ့်ချစ်သူကို လက်ဆောင်တော့ ပေးချင်ပါတယ်… ဘာပေးလို့ ပေးရမှန်းမသိ ဖြစ်နေတာမျိုး ရှိကြပါတယ်.. ခုချိန်ထိ မစဉ်းစားရသေးသူများ ရှိနိုင်ပါ သေးတယ်.. ပြီးတော့လည်း ချစ်သူများနေ့ဆိုတာ အိမ်ထောင်သည်တွေနဲ့ မဆိုင်ဘူးထင်ပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေသူများ အတွက် ကျွန်မကလဲ ၀ိုင်းကူပြီး စဉ်းစားပေးချင်ပါတယ်.. ဘာတွေ လုပ်မလဲ၊ ဘာလက်ဆောင်လေး ပေးရင်ကောင်းမလဲ.. စဉ်းစားကြည့် ရအောင်နော်….








ပထမဦးဆုံး စဉ်းစားသင့်တဲ့ လက်ဆောင်လေး တစ်ခုကတော့ လက်ဝတ် ရတနာပါ… လက်ဝတ်ရတနာ ဆိုတာ သင့်ရဲ့ခံစားမှုကို ဖော်ပြလို့ အကောင်းဆုံး လက်ဆောင်ပါတဲ့.. မင်းဟာကိုယ့်ဘ၀အတွက် အရေးအကြီးဆုံး. တန်ဖိုးအထားရဆုံးသူ ဖြစ်ပါတယ်လို့ ဖော်ပြတဲ့ သဘောလဲ ဖြစ်ပါတယ်.. အဖိုးတန် လက်ဝတ် ရတနာကို ပေးမယ်ဆိုရင် မချစ်ခင် မနှစ်သက်တဲ့သူ မရှိလောက်ပါဘူးနော်… ဒါကြောင့်မိမိရဲ့ အလေးအနက် အထားဆုံး ဘ၀ရဲ့ အရေးပါဆုံး သူကိုပေးသင့်တဲ့ လက်ဆောင်လေး တစ်ခုကတော့ လက်ဝတ်ရတနာ တစ်ခုခုပါ..… လက်ဆောင် လက်ခံမဲ့ သူက ယောက်ျားလေးဆိုခဲ့ရင် လက်ပတ်နာရီလို၊ လက်စွပ်လို လက်ဆောင် မျိုးလေးတွေနဲ့ သင့်တော်ပါတယ်.. လက်ဝတ် ရတနာလေး တစ်ခုခု တော့ ပေးချင်ပါရဲ့. ငွေကြေးအခြေအနေ ငဲ့ညှာနေရသေးလို့ပါ ဆိုတဲ့သူတွေအတွက် နောက်တစ်မျိုး ထပ်စဉ်းစား ကြည့်စို့နော်..



perfumes



ချစ်သူများနေ့မှာ ပေးဖို့ အများဆုံး ရွေးချယ်ကြတဲ့ လက်ဆောင် နောက်တစ်မျိုးက ရေမွှေးဖြစ်ပါတယ်.. ရေမွှေးဟာ အမျိုးသား၊ အမျိုးသမီး အပြန်အလှန် ပေးလို့ရတဲ့ လက်ဆောင် တစ်ခုဖြစ်ပါတယ်… ရေမွှေးဆိုတာလဲ သဘောမကျ ၊ မနှစ်သက်သူ နည်းပါးတဲ့ ချစ်စရာ လက်ဆောင် တစ်ခုပါ. ရေမွှေးလက်ဆောင် ပေးတယ် ဆိုတာလဲ မိမိရဲ့ အလေး အနက် ထားခြင်းကို ဖော်ပြတဲ့ တင်္ကေတတစ်ခုလို့ ဆိုပါတယ်… သို့သော် သေချာရမဲ့ အရာက မိမိ လက်ဆောင် ပေးမဲ့သူဟာ ရေမွှေး နှစ်သက်တဲ့သူ၊ သုံးစွဲတဲ့သူ ဟုတ်ရဲ့လား ဆိုတာပါဘဲ.. ရေမွှေးအနံ့ မခံနိုင်တဲ့ သူကို လက်ဆောင် ပေးခဲ့မိရင် မိမိလက်ဆောင်ကြောင့် ကြည်နူးရမဲ့ အစား စိတ်အနှောက်အယှက် လေးများတောင် ဖြစ်သွား နိုင်ပါသေးတယ်.. ရေမွှေးကြိုက်သူ မဟုတ်ဘူး၊ ဒါမှမဟုတ် သူ့အကြောင်းကို သေချာမသိသေးဘူး ဆိုရင်တော့ နောက်ထပ် တစ်မျိုးကို စဉ်းစား ကြည့်ကြပါ ဦးစို့နော်…

ရာဇ၀င်ကြားက စိန်ပွင့်များ





























ကမ္ဘာပေါ်မှာ တန်ဖိုးအရှိဆုံး ကျောက်မျက်ရတနာဟာ စိန်ရယ်လို့ လူအများက လက်ခံကြသလို စိန်ဆိုတာဟာလည်း အမျိုးသမီးများရဲ့ သည်းခြေကြိုက် ရတနာတစ်ပါးဖြစ်ပါတယ်.. ကမ္ဘာ့တန်ဖိုးအကြီးဆုံး စိန်ကို ပိုင်ဆိုင်ခွင့်သာရမယ်ဆိုရင် ဘယ် အမျိုးသမီး မဆို လိုချင်ကြလိမ့်မယ် ထင်ပါတယ် နော်။ တကယ်လို့များ စိန်ထည် လက်ဝတ်ရတနာ လက်ဆောင် ပေးမယ်ဆိုရင်လည်း ငြင်းပယ်မဲ့သူ ဆိုတာ အင်မတန်မှ ရှားမယ် ထင်ပါတယ်.  စိန်ဆိုရင် ကြီးကြီးသေးသေး လေဒီမမတို့က ကြိုက်ပြီးသား ဖြစ်ကြပါတယ်.. စိန်တစ်ပွင့်ဖြစ်လာဖို့ ကမ္ဘာမြေကြီးရဲ့ အောက်ခြေမှာ ဖိနှိပ်အားတွေနဲ့ ဖိနှိပ်ခံရပြီး နှစ်သန်းပေါင်းများစွာ အချိန်ကြာတဲ့အခါမှ စိန်ဆိုတာ ဖြစ်ပေါ်လာတာပါ။ စိန်ဟာ ရတနာအားလုံးထဲမှာ အမာကြောဆုံးနဲ့ အတောက်ပဆုံး ရတနာလည်း ဖြစ်ပါတယ်.. ဒါကြောင့်လည်း  စိန်ကို ကျောက်မျက်ရတနာ လောကမှာ ရှားပါး တန်ဖိုးကြီးရတနာအဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။ 


စိန်စီသောညလို တန်ဖိုးကြီးမားတဲ့ စိန်အလုံးကြီးတွေ မ၀တ်နိုင်ဘူးဆိုရင်တောင် စိန်သေးလေးတွေနဲ့ လှလှပပ ယှက်သွယ်ထားတဲ့ လက်ဝတ်ရတနာတွေကို ၀တ်ဆင်တတ်ကြသေးတယ်လေ။ စိန်ရဲ့အရောင်ဟာ အဖြူရောင်ရယ်လို့ လူသိများကြပေမဲ့ အရောင်မရှိတဲ့ အရောင်မဲ့ကနေ အရောင်မျိုးစုံ ရှိနိုင်ပါတယ်..  စိန်ကို တောင်အာဖရိက၊ အိန္ဒိယ၊ ဥရောပ စတဲ့ဒေသတွေက ထွက်ရှိပြီး အာဖရိက ကတော့ စိန်တွင်းတွေ များစွာရှိတဲ့ အရပ်ဒေသအဖြစ် နံမည်ကျော်ပါတယ်.. ကျောက်မျက်ရတနာတွေဟာ တန်ဖိုးကြီး လှပလာလေ လူတွေရဲ့ လိုချင်ရမ္မက်ဇော ပြင်းထန်လေဘဲ ဖြစ်ပါတယ်.. ပြီးတော့လည်း ကျောက်မျက် ရတနာတိုင်းမှာ အစွမ်းသတ္တိတွေ ကိုယ်စီ ရှိကြတယ်လို့လည်း မှတ်သားရဖူးပါတယ်.. ၀တ်ဆင်သူကို အကျိုးပေးတဲ့ အစွမ်းသတ္တိရှိသလို အချို့သော ရတနာတွေဟာ ၀တ်ဆင်သူကို ခိုက်စေတတ်တဲ့ ဂုဏ်သတ္တိ ရှိတယ်လို့ သိရပါတယ်.. အခု ပြောပြချင်တာက ကမ္ဘာပေါ်မှာ ထွက်ရှိပြီး စိန် တန်ချိန်များစွာထဲကမှ ရှေးနှစ်ပေါင်း များစွာကတည်းက ပေါ်ပေါက်ခဲ့ပြီး ပိုင်ဆိုင်သူ အဆက်ဆက်နဲ့အတူ ထူးခြားတဲ့ရာဇ၀င်တွေ ရှိခဲ့တဲ့  ကမ္ဘာ့တန်ဖိုးအကြီးဆုံး စိန်ပွင့်တွေ အကြောင်း ပြောပြချင်ပါသေးတယ်..

လရောင်အောက်မှာ...




ချောမာလှပတဲ့ ချစ်စရာ ဂျင်းနီလေးဟာ သူမတို့မိသားစု ပြောင်းရွေ့လာရတဲ့ အိမ်သစ်ကလေးကိုကြည့်ပြီး သိပ်ကို ပျော်ရွှင်ကျေနပ်နေပါတယ်… အိမ်ကလေးက ကြီးမားလှတယ် မဟုတ်ပေမဲ့ နေချင့်စဖွယ်ရှိပြီး သူမအတွက် သီးသန့်အခန်းလေးတစ်ခုလည်း ပါဝင်တာမို့ ပျော်ရွှင်နေမိတာပါ။ သူမက မကြာခင်မှာ  တက္ကသိုလ် စပြီးတက်ရတော့မယ်.. အသစ်စက်စက် တက္ကသိုလ်ကျောင်းသူလေး ဖြစ်လာတော့မဲ့ ဂျင်းနီအတွက် ကိုယ်ပိုင် သီးသန့်အခန်းလေးနဲ့တော့ နေချင်တယ်လေ. သူမတစ်သက်မှာ ကိုယ်ပိုင်အခန်းနဲ့ ဘယ်တုန်းကမှ မနေခဲ့ဖူးဘူး။ ဒါကြောင့် အခု သူမအတွက် အပိုင်ရတဲ့ အခန်းလေးကို ကြည့်ပြီး တစ်စိမ့်စိမ့်နဲ့ ကျေနပ်ပီတိတွေ ဖြစ်နေခဲ့မိတယ်.. သူမရဲ့ ပစ္စည်း ပစ္စယ တွေကိုတောင် နေရာမချနိုင်သေးဘဲ အခန်းလေးရဲ့ ပြူတင်းမှာ တတ်ဆင်ထားတဲ့ လိုက်ကာလေးဟာ ပြင်ပက လေပြေညင်းလေးရဲ့ တိုက်ခတ်မှုကြောင့် တစ်ဖျတ်ဖျတ် လှုပ်ခါနေတာကိုကြည့်ပြီး သူမစိတ်တွေလည်း ဖျတ်ဖျတ် ခါလို့ပေါ့။ ဒီလိုကျတော့လည်း လောကကြီးက ပျော်ရွှင် ကျေနပ်စရာပါဘဲနော်.. တက္ကသိုလ်မှာ သူငယ်ချင်း အသစ်တွေရပြီး ပါတီတွေ ပျော်ပွဲရွှင်ပွဲတွေ နွဲရပေဦးတော့မယ်.. အိုး.. အဲဒီလို ဘ၀လေးဟာ သူမ သိပ်ကိုလိုချင်ခဲ့တဲ့ ဘ၀လေးပါဘဲလေ။ တက္ကသိုလ်ကျောင်းသူဘ၀ရဲ့ ပျော်ရွှင်လွတ်လပ်ခွင့်တွေ အပြည့်အ၀နဲ့ ပျော်ပစ်လိုက်ဦးမယ် လို့လည်း သူမက တွေးနေမိသေးတော့တယ်။

ကျောင်းစတက်တော့ သူမ မျှော်လင့်ထားသလိုပါဘဲ။ ပျော်စရာ စိတ်လှုပ်ရှားစရာကောင်းလှပါတယ်... သူငယ်ချင်း အသစ်တွေ အများကြီး ရသလို အတန်းထဲက ကောင်လေးတွေကလည်း ချစ်စရာကောင်းလှတဲ့ သူမကို စိတ်ဝင်စားကြတယ်။ ပြီးတော့ သူမအတွက် ဂုဏ်ယူဝံ့ကြွားစရာက သူမတို့တက္ကသိုလ်မှာ အားကစားသိပ်တော်ပြီး ချမ်းလည်းချမ်းသာ၊ ရုပ်လည်းချောတာကြောင့် နံမည်ကြီး ထင်ရှားနေတဲ့ ဘောလုံး အသင်းခေါင်းဆောင် ကျောင်းသား တစ်ယောက်ကပါ သူမကို စိတ်ဝင်တစားနဲ့ မိတ်ဆက် ချဉ်းကပ်လာတဲ့အတွက် ဂျင်းနီက သိပ်ကို ကျေနပ် ပျော်ရွှင်ပြီး ဂုဏ်ယူနေမိတယ်..   သူငယ်ချင်းမ အသစ်တွေကတောင် သူမကို မနာလိုတွေ ဖြစ်နေကြရတယ်လေ။ ဂျင်းနီကတော့ ကျေနပ်လို့ပေါ့။ သူမက ပေါ်ပြူလာဖြစ်ချင်သူ.. တက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေအကြားမှာ ထင်ရှားချင်တဲ့သူလေ.. ခုတော့ သူမ ဖြစ်စေချင်သလို ဖြစ်လာတော့မယ်ဆိုတာ ဂျင်းနီက သိနေပြီ.. ဒီတော့ ကျောင်းတက်ရတာ ပျော်ရွှင်စရာနေ့တွေ ဖြစ်လာတော့မယ်ဆိုတာလည်း သူမအတွက် သေချာလို့ဘဲပေါ့။