ဒိန်ချဉ်ကြက်သားနှပ်၊ မြေပဲငပိချက်..




ဒီတစ်ပတ်အတွက် အစီအစဉ်က ဒိန်ချဉ်ကြက်သားနှပ်၊ မြေပဲငပိချက်၊ ပဲကြာဇံသုပ်နဲ့ အတို့အမြုပ်လေးတွေ ဖြစ်ပါတယ်။ ကြက်သားကို ဒိန်ချဉ်လေးနဲ့ နှပ်တာက လူတိုင်းချက်ဖူးမယ်ထင်ပါတယ်နော်။ မချက်ဖူးသေးရင်တော့ စမ်းချက်ကြည့်ပါလို့ ညွှန်းဆိုပါရစေ.. အရသာ တစ်မျိုးလေးနဲ့ စားလို့ တကယ်ကောင်းပါတယ်..


ဒိန်ချဉ်ကြက်သားနှပ်


ဆား၊ အရသာမှုန့်၊ ဒိန်ချဉ်နဲ့ နှယ်ထားတဲ့ ကြက်သားများ

ပထမဦးဆုံး ကြက်သားကို အနေတော် အရွယ် မိမိနှစ်သက်သလို တုံးပါတယ်။ ပြီးရင် ဆား၊ အရသာမှုန့်၊ ဒိန်ချဉ်( မိမိသုံးမဲ့ ဒိန်ချဉ် ရဲ့ တစ်ဝက် ) နဲ့ နှယ်ပြီး ခေတ္တ နှပ်ထားလိုက်ပါတယ်နော်။

နေပြည်တော် ရေပန်းဥယျာဉ်သို့...




နေပြည်တော်ခရီးသွားပိုစ့်ကို ဆက်ပြီးဖော်ပြရမယ်ဆိုရင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့ရှိ ထင်ရှားသော ရေပန်းဥယျာဉ် ဖြစ်ပါတယ်။

တိုးချဲ့ဆောက်လုပ်ထားတာတွေ ပေါင်းပြီး စုစုပေါင်း ၁၆၅ဧက ကျယ်ဝန်းတဲ့ နေပြည်တော် ရေပန်း ဥယျဉ်ဟာ ကလေးများသာမက လူကြီးများပါ ပျော်စရာကြည့်ရှုစရာ အစုံအလင် ရှိပါတယ်.. ဒါပေမဲ့ ရေပန်း ဥယျာဉ်ကို ညနေခင်းမှသာ ၀င်ဖြစ်တဲ့အတွက် နေ့ရှုခင်းအလှကိုတော့ ဓါတ်ပုံမရိုက်ခဲ့နိုင်တာကြောင့် ရေပန်း ဥယျာဉ်ရဲ့ ညအလှကိုသာ ပြန်လည်ဖော်ပြပေးပါရစေရှင်။ မှောင်ရီညချမ်းမှာ ဥယျာဉ်တွင်း ထွန်းညှိထားတဲ့ မီးရောင်တွေကိုသာ အားကိုးပြီး ရိုက်ခဲ့ရတာကြောင့် ဓါတ်ပုံများ ကြည့်ရှုရတာ အဆင်မပြေဖြစ်ခဲ့ရင် ခွင့်လွှတ်သီးခံပြီး ကြည့်သွားကြပါလို့လည်း ပန်ကြားချင်ပါတယ်..


ရေပန်းဥယျာဉ် အ၀င်မုဒ်ဦး

နေပြည်တော် ရေပန်းဥယျာဉ်



ရေပန်းဥယျာဉ်မှာ ရေပန်းရုပ်ရှင်၊ ရေပန်းအက၊ ရေတံခွန်၊ ကြိုးတံတား၊ လူကူးသစ်သားတံတား၊ ရေကန် စသဖြင့် စုံလင်လှပြီး ရုပ်ရှင် ဗီဒီယိုရိုက်ကူးသူများလည်း လာရောက်ရိုက်ကူးကြတယ်လို့ သိရပါတယ်… မြန်မာပြည်မှာ ပထမဆုံးနဲ့ တစ်ခုတည်းသော ရေပန်းဥယျာဉ်လည်း ဖြစ်တာကြောင့် စိတ်ဝင်စားသူ များပြားကြပါတယ်.. အနယ်နယ်အရပ်ရပ်က လာရောက်ကြသူများနဲ့ ရေပန်းဥယျာဉ်ရဲ့ ညနေခင်းဟာ စည်ကားလွန်းလှတာကို တွေ့ရပါတယ်။ ပျားပန်းခတ်အောင် ရှုပ်ထွေးနေတဲ့ လူတွေကြားထဲမှာ ဓါတ်ပုံရိုက်ဦးမလားလို့ လာလာမေးတဲ့ ကင်မရာမင်းတွေကို ဖြေရတာကလည်း အလုပ်တစ်ခုလို ဖြစ်ပါသေးတယ်. ရှောင်လို့ မလွတ်နိုင်အောင်ကိုဘဲ သူတို့တွေက များလှပြီး လာသမျှ လူဦးရေရဲ့ တစ်ဝက်လောက်က သူတို့တွေဘဲဖြစ်မယ်လို့တောင် ထင်ရလောက်အောင် ဓာတ်ပုံဆရာတွေ များလှပါတယ်.. ကိုယ်တွေက ကိုယ့်ဓာတ်ပုံလေး တကြည့်ကြည့်လုပ်ရလောက်တဲ့ အလှပိုင်ရှင်မျိုး မဟုတ်လေတော့ သွားလေရာ ကိုယ်ကသာ မြင်မြင်သမျှ ဓာတ်ပုံရိုက်ခဲ့ပေမဲ့ ကိုယ့်ပုံကိုတော့ ဓာတ်ပုံအရိုက်ခံဖို့ ၀န်လေးပါတယ်. (မတော် ကိုယ့်မျက်နှာကိုယ် ပြန်လှန့်ပြီး အိပ်မရဖြစ်မှာလဲ ကြောက်ရသေး  :)  )

ဥယျာဉ်တွင်းမှာ

ရေပန်းနဲ့ မီးရောင်

ရေပန်းဥယျာဉ် ၀င်ဝင်ချင်းမှာ ပထမဦးဆုံးက ကြိုးတံတားကို သွားလျှောက်ပါတယ်.. လှုပ်ရမ်းနေတဲ့ ကြိုးတံတားပေါ်မှာ လူတွေများစွာ လျှောက်ကြတော့ တံတားက ယိုင်တိယိုင်တိုင်ဖြစ်လို့ လျှောက်ရခက်ရတဲ့အထဲ ပျော်တတ်တဲ့ လူတစ်ချို့က ဟေးဟေးဟားဟား အော်ဟစ်ပြီး ကြိုးတံတားကို ရမ်းသထက် ရမ်းအောင် လျှောက်ကြတော့ သက်ကြီးရွယ်အိုတွေမှာ ဗျာများရပါတော့တယ်.. တစ်ချို့ဆို အသံထွက်ပြီး အော်ဟစ်နေကြကာ အချို့ကျတော့လည်း ကုန်းကုန်းကွကွနဲ့ တရွေ့ရွေ့ ရောက်အောင်သွားကြသလို အချို့ကတော့ တော်ပြီ ရိုးရိုးတံတားကဘဲ သွားလျောက်တော့မယ်ဆိုပြီး ဆင်းပြေးသွားသူတွေလည်း ရှိပါတယ်။


Image Hosted by PicturePush - Photo Sharing 
ရမ်းခါနေတဲ့ ကြိုးတံတား


ဖြေးဖြေးလျှောက်ပါ။


 မီးရောင်တွေနဲ့ ကြိုးတံတားကို ခပ်လှမ်းလှမ်းက ရိုက်ချက်



 အောက်က ရေပြင်ပေါ်မှာပါ အရိပ်ထင်ပြီး လှနေတဲ့ ကြိုးတံတား


ကျန်ရှိနေသေးသော ပုံများကို အောက်တွင်ဆက်လက် ကြည့်ရှုပါရန်....

ပျော်ပျော်နေပါ သူငယ်ချင်း..



“ပျော်ပျော်နေပါ” တဲ့..  စကားလေးက သိပ်ကို ရိုးစင်းလွန်းပါတယ်..  တကယ်တမ်းတော့ ကျွန်မတို့ရဲ့ ဘ၀မှာ ပျော်ရွှင်မှုတွေကို သူတစ်ပါးက ဖန်တီးပေးနိုင်သလို ကိုယ်တိုင်ကလည်း ဖန်တီးယူနိုင်ပါတယ်.. ဒါပေမဲ့ တကယ်တမ်းတော့ ကိုယ့်စိတ်နေစိတ်ထား၊ ကိုယ့်ရွေးချယ်မှုကနေပြီးတော့ ပိုပိုသာသာရနိုင်ပါတယ်.. တကယ်လို့များ သင်ဟာ အရာရာကို အကောင်းဘက်ကသာ ကြည့်မယ် တွေးမယ်ဆိုရင် အမြဲပျော်ရွှင်နေတဲ့ သူတစ်ယောက် ဖြစ်နေမှာပါ။

ကျွန်မတို့ရဲ့ ဘ၀တွေမှာ လူတိုင်းဟာ နိမ့်မြှင့်တက်ကျ လောကဓံရဲ့ သဘောတရားကို ကြုံတွေ့ကြရမှာပါ။ ကြုံလာတဲ့ အခြေအနေကို ဘယ်လိုရှုမြင် သုံးသပ်မလဲ ဆိုတာတော့ ကိုယ့်ရဲ့ ရွေးချယ်မှုသာ ဖြစ်ပါတယ်.. လူတစ်ယောက်နဲ့ တစ်ယောက်တော့ မတူညီနိုင်ပါဘူး။ အကောင်းမြင်တတ်သူက လောကကြီးရဲ့ ပျော်ရွှင်မှုကို ပိုပြီး ခံစားရတယ်လို့ ဆိုပါတယ်.။  စကားပုံလေးတစ်ခုတောင် ရှိပါသေးတယ်  “လောကကြီးက ကိုယ့်ကို သံပုရာသီး ပေးလာတဲ့အခါ သံပုရာရည် လုပ်သောက်လိုက်ပါ” ဆိုတဲ့ သိုးဆောင်း စကားပုံလေးပါ။ ဆင်းရဲဒုက္ခနဲ့ ကြုံလာရင် အဲဒီဒုက္ခကို ကြံ့ကြံ့ခံပြီး ကိုယ့်အတွက် ရနိုင်သလောက် သင်ခန်းစာကို ယူသင့်ပါတယ်.. အထူးသဖြင့် စိတ်ဓာတ် အလွယ်တကူ မကျဖို့တော့ လိုအပ်ပါတယ်..

ဘ၀မှာ ဘယ်လိုများ ပျော်ပျော်ရွှင်ရွှင် နေကြမလဲ......


၁. များများပြုံးပါ။ ရယ်မောပါ။ တွေ့တဲ့လူတိုင်းကို ကြည်ကြည်လင်လင် ပြုံးပြနိုင်ဖို့ကြိုးစားပါ။ ပြန်လည်တုံ့ပြန်မှု မရှိသည့်လူ ဖြစ်ပါစေ။ ကိုယ့်အပြုံးကြောင့်တော့ ထိုသူလည်း အနည်းငယ်တော့ ပျော်ရွှင်သွားနိုင်ပါတယ်။ ပြုံးလိုက်မိတဲ့အတွက် ကိုယ်တိုင်လည်း စိတ်ဖိစီးမှုတွေ၊ တင်းမာနေတဲ့ ကြွက်သားတွေ လျော့သွားစေနိုင်ပါတယ်။ ရယ်မောစရာတွေကို ရှာကြံပြီး အားပါးတရ ရယ်မောပါ။ ရယ်မောခြင်းဟာ စိတ်ဖိစီးမှုကို ကုစားနိုင်တဲ့ အလွယ်ဆုံး နည်းတစ်ခုလည်း ဖြစ်ပါတယ်..


၂. သီချင်းဆိုပါ။  အချို့သူများဟာ စိတ်ညစ်တဲ့အချိန်မှာ စိတ်ထွက်ပေါက်အတွက် သီချင်တွေ အော်ဆိုတတ်ကြပါတယ်.. ဒါဟာ မှန်ကန်တဲ့ နည်းလမ်းဖြစ်ပါတယ်. မယုံရင် သင်ကိုယ်တိုင် စမ်းကြည့်ပါ။ ဒေါသဖြစ်နေလျှင်ဖြစ်စေ ၊ စိတ်ညစ်နေလျှင်ဖြစ်စေ သီချင်းတွေ တစ်ပုဒ်ပြီး တစ်ပုဒ် အော်ဆိုလိုက်ပါ။ အိမ်မှာ ကာရာအိုကေစက်ရှိလျှင် စက်ဖြင့် ဆိုပါ။ အကယ်၍ မရှိလျှင် ဆိုင်၊ သူငယ်ချင်းအိမ်မှာဆို၊ ဒါမှ အဆင်မပြေရင် ရေချိုးခန်းထဲမှာဆို၊ ဒါမှ အဆင်မပြေဘူး ဆိုရင်တော့ စဉ့်အိုးတစ်လုံးထဲ ခေါင်းစိုက်ပြီးသာ အော်ဆိုပါ. (ပတ်ဝန်းကျင်က မေးရင် အဆိုတော်လုပ်ဖို့ အသံကျင့်နေတယ် ဖြေပေါ့။ လူအထင်ကြီးခံရနည်းလားနော်)  မကြာခင်မှာ သင့် စိတ်ထဲမှာ ခံစားနေတဲ့ ဖိအားတွေ လျော့ပါးလာတာကို သိသိသာသာ ခံစားရမှာဖြစ်ပါတယ်. (ဒီနည်းကတော့ ကျွန်မအတွက် လက်တွေ့မှန်ကန်တဲ့နည်း ဖြစ်ပါတယ်..)


၃. အကောင်းမြင်စိတ်နှင့် အရာရာကို တွေးတောပါ။ ရှုမြင်သုံးသပ်ပါ။ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး နေတတ်သူများထံမှ စိတ်နေစိတ်ထား နည်းလမ်းများ ရယူပါ။ ပျော်ရွှင်စွာနေတတ်သူ၊ ဟာသဥာဏ် ရှိသူတို့ဟာ သူတို့ပတ်ဝန်းကျင်က လူတွေကိုလည်း ပျော်ရွှင်အောင် လုပ်ပေးနိုင်စွမ်း ရှိတတ်ကြပါတယ်.. ဒါကြောင့် မိမိပတ်ဝန်းကျင်မှာ လောကကြီးကို အကောင်းမမြင်၊ အရာရာကို အဆိုးဘက်မှ ပြောဆိုနေသူများထက်၊ အကောင်းမြင်စိတ်နဲ့ ဖြောင်းဖျ ပြောဆိုတတ်သူ၊ မိမိကို ရယ်မောပျော်ရွှင်စေသူတို့ကို ရှာဖွေ ပေါင်းသင်းပါ။


၎. ကိုယ်လက်လှုပ်ရှားမှု များများလုပ်ပါ။ လှုပ်ရှား တက်ကြွနေသူများဟာ ပျော်ရွှင်တတ်သူတစ်ယောက် ဖြစ်ဖို့ လွယ်ကူပါတယ်.. သင့်ကို တက်တက်ကြွကြွ လုပ်ရှားစေမဲ့ အားကစားလေ့ကျင့်ခန်း၊ လမ်းလျှောက်ခြင်း၊ ကခုန်ခြင်း၊ အစုအဖွဲ့များဖြင့် လူမှုရေး လုပ်ငန်းများတွင် ပျော်ပျော်ရွှင်ရွှင် ပါဝင်ခြင်း၊ သူငယ်ချင်းများနှင့် မကြာခဏ တွေ့ဆုံ သွားလာခြင်း၊ ချက်ပြုတ်စားသောက်ခြင်း တို့ဟာလည်း သင့်အား အထီးကျန်သူတစ်ယောက် မဖြစ်စေဘဲ လောကကြီးတွင် ပျော်ပျော်ရွှင်ရွှင် နေထိုင်တတ်သူတစ်ယောက် ဖြစ်လာအောင် စွမ်းဆောင်ပေးနိုင်ပါတယ်..


၅. တီထွင်ဖန်တီးပါ။ မိမိရဲ့ ဖန်တီးမှု၊ အားထုတ်မှုလေးတွေဟာလည်း စိတ်ပျော်ရွှင်မှုကို ပေးနိုင်ပါတယ်.. တစ်ခုခုကို လုပ်ကိုင်ဆောင်ရွက်လို့ အောင်မြင်သွားတဲ့အခါ ရလာတဲ့ ပီတိဟာ သင့်အတွက် ခွန်အားတွေဖြစ်ပါတယ်.. တီထွင်ဖန်တီးပါ ဆိုတဲ့ နေရာမှာ လက်လှမ်းမမှီ၊ ကိုယ်နဲ့ မဖြစ်နိုင်တဲ့ အရာတွေကို ဖန်တီးခိုင်းတာမျိုးမဟုတ်ပဲ မိမိ ၀ါသနာကို အရင်းခံပြီး အသစ်အဆန်းလေးတွေ ဖန်တီးတာမျိုးကို ဆိုလိုပါတယ်.. ဥပမာ- ပန်းချီ ၀ါသနာပါသူက ခါတိုင်းဆွဲပုံနဲ့ မတူတဲ့ ပန်းချီကားအသစ်လေးတွေ ဆွဲတာ၊ ပန်းပု ဒီဇိုင်းအသစ်လေးတွေ ထုတာ၊ မရောက်ဖူးသေးတဲ့ နေရာတွေကို ခရီးထွက်တာ၊ ကကွက်ဆန်းတွေ ကတာ၊ ဟင်းချက် ၀ါသနာပါသူများကလည်း မချက်ဖူးသေးတဲ့ ဟင်းအမယ်သစ်လေးတွေ စမ်းချက်ကြည့်တာ၊ အပင်လေးတွေ အသစ်စိုက်ပျိုးတာ၊ အိမ်ကို ခန်းဆီးလိုက်ကာ အသစ်လဲတာ၊ ပန်းအိုးလေးတွေ အသစ်ဝယ်ပြီး နေရာချတာ၊  စသဖြင့် ခါတိုင်းနဲ့ မတူတာလေးတွေကို လုပ်ကြည့်တာမျိုး ဖြစ်ပါတယ်.. (မှတ်ချက်- ရည်းစားအသစ်ပြောင်းတာ၊ အိမ်ထောင်အသစ်ရှာတာ အဲဒါတွေ မပါဘူးနော်  :)  ) စိတ်ကူး အသစ်အဆန်းလေးနဲ့ တီထွင်ဖန်တီးပြီး လုပ်ကြည့်ခြင်းဟာလည်း စိတ်ပျော်ရွှင်မှုကို ရှာဖွေခြင်း တစ်နည်းဖြစ်ပါတယ်။  


၆. တခါတရံ ကလေးဆန်းပါ။ မိမိငယ်စဉ်က ပြုမူခဲ့တဲ့ အပြုအမူကလေးများကို ပြန်လည်ပြုမူခြင်းအားဖြင့် မိမိကိုယ်ကို ငယ်မူငယ်သွေး ပြန်ပေါ်လာစေပြီး လန်းဆန်း တက်ကြွသူတစ်ယောက် ဖြစ်လာစေပါတယ်.. ငယ်ငယ်ကလို ခုန်ပျံကျော်လွှားကစားခြင်း၊ လမ်းမပေါ်က ဘီယာဘူးခွံ၊ ဖျော်ရည်ဘူးခွံများကို အားပါးတရ ဆော့ကစား ကန်ကျောက်ခြင်း၊( သူငယ်ပြန်နေပြီလို့ ပြောခံရရင် စာရေးသူနဲ့ မဆိုင်ပါ :) )  ငယ်ငယ်က သူငယ်ချင်းများနှင့် ပြန်လည်တွေ့ဆုံပြီး ငယ်ဘ၀အကြောင်းများ ပြန်ပြောင်းသတိတရ ပြောကြခြင်း စတာတွေဟာလည်း မိမိကို ပျော်ရွှင် လန်းဆန်းစေနိုင်ပါတယ်။ 

၇. အခြားသူများ၊ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၊ တိရိစ္ဆာန်များကို ချစ်ခင်စာနာပါ၊ ကြင်နာငဲ့ညှာပါ။ နွေးထွေးယုယစွာ နေထိုင်ပါ။ စကားကို ချိုသာစွာပြောဆိုခြင်း၊ သူတပါးအတွက် လိုအပ်နေသော်လည်း မိမိအတွက် အပန်းမကြီးသော အကူအညီများကို ပေးခြင်း၊ သူတပါး အခက်အခဲကို စာနာနားလည်းခြင်း၊ စသော စိတ်နှလုံး သိမ်မွေ့နူးညံ့စေသည့် အဖြစ်အပျက်၊ ချစ်ခြင်း မေတ္တာတရားတို့သည်လည်း မိမိစိတ်ကို ပျော်ရွှင်စေသော အရာများ ဖြစ်ပါတယ်။

၈. တိတ်ဆိတ်သောနေရာ၊ အချိန်များတွင် မျက်စိမှိတ်၍ ငြိမ်သက်စွာ အနားယူခြင်း၊ တရားထိုင်ခြင်း၊ ယောဂ ကျင့်ခြင်း စသည်တို့သည် စိတ်ခွန်အားကို တိုးပွားလာစေပြီး ၊ ပြန်လည် လန်းဆန်းလာစေသော နည်းလည်း ဖြစ်ပါတယ်. သီချင်းအေးအေးများကို နားထောင်ခြင်း ၊ရေချိုးကန်တွင် အချိန်ယူ၍ ရေစိမ်ချိုးခြင်း၊ ဖယောင်းတိုင်မီးရောင်လို ခပ်မှိန်မှိန် မီးရောင်အောက်တွင် အနားယူခြင်း၊ စသည်တို့ကို တခါတရံ လုပ်ပေးသင့်ပါတယ်.

၉. ဘ၀ကြီးဟာ ပျော်ပျော်ရွှင်ရွှင် နေထိုင်ဖို့ ခက်ခဲပင်ပန်းလွန်းတယ်လို့ ပြောလာခဲ့ရင် အဲဒီစကားကို လစ်လျှူရှုလိုက်ပါ။ မနက်ခင်းတိုင်း နိုးထလာချိန်မှာ မိုးရွာနေသည့်နေ့ ဖြစ်နေပါစေ.. မနက်ခင်းကို မြင်တွေ့ရပြီး ရှင်သန်ခွင့်ရတဲ့ တစ်နေ့အတွက် လောကကြီးကို ကျေးဇူးစကား ဆိုလိုက်ပါ။ မည်သည့်အခက်အခဲကိုမှ လွယ်လွယ်နှင့် လက်လျှော့ အရှုံးပေးလိုက်ဖို့ မစဉ်းစားပါနှင့်။

၁၀. တစ်ရက်ကို စိတ်ရွှင်လန်းစရာ အလေ့အထလေးတစ်ခုကို ကြိုစားလုပ်ဆောင်ပါ။ သင့်မိတ်ဆွေအိမ်တစ်အိမ်ကို အလည်အပတ်ထွက်ခြင်း၊ မနက်ခင်းတိုင်း လမ်းလျှောက်ထွက်ခြင်း ဘုရားတက်ခြင်း၊ အိမ်တွင်ဘုရားပန်းလဲ၊ ဆွမ်းတော်ကပ်၊ ဘုရားကန်တော့ခြင်း၊ သစ်ပင်ကလေးများ စိုက်ပျိုး ပြုစုပျိုးထောင်ခြင်း စသည်တို့ကို ပြုလုပ်ပေးပါ။


ဖော်ပြပါ အချက်တွေဟာ ကျွန်မ ဖတ်မှတ်ထားမိတာတွေထဲက အကျဉ်းချုပ် ပြန်လည်ဖော်ပြလိုက်တဲ့ ပျော်ပျော်ရွှင်ရွှင် နေထိုင်တဲ့ နည်းတစ်ချို့ ဖြစ်ပါတယ်.. အချက်တွေ တော်တော်များများဟာ လက်တွေ့ကျင့်သုံးတဲ့အခါမှာ တကယ်ကို အထောက်အကူဖြစ်တာ တွေ့ရတာမို့ ချစ်သော မိတ်ဆွေများအတွက် ပြန်လည် မျှဝေခြင်း ဖြစ်ပါတယ်.. တကယ်တမ်းတော့ စိတ်ညစ်တယ်ဆိုတာ ဘ၀မှာ ခဏတာကြုံလာတဲ့ အခက်အခဲကြောင့် အခိုက်အတန့် စိတ်ညစ်ရခြင်းသာ ဖြစ်ပါတယ်.. ပျော်ရွှင်ရတဲ့ အချိန်တွေလည်း ကိုယ့်ဘ၀မှာ ကြုံရဦးမှာ ဖြစ်ပါတယ်.. လူတိုင်း မိမိလိုဘဲ အဆင်မပြေမှုတွေနဲ့ တစ်ကြိမ်မဟုတ် တစ်ကြိမ်တော့  ကြုံရသူတွေ ချည်းသာပါ။ သူဌေးမှာလည်း သူ့ဘ၀နဲ့သူ စိတ်ညစ်စရာရှိသလို ဆင်းရဲသားမှာလည်း သူ့အတိုင်းအတာနဲ့သူ စိတ်ညစ်ရမှုတွေ ရှိနိုင်ပါတယ်. ဒါပေမဲ့ စိတ်ညစ်စရာကို ဟာသ အနေနဲ့ ဖြေပြီးတွေးတတ်ဖို့ လိုသလို မိမိ စိတ်ညစ်ခြင်းဟာ တဒင်္ဂ အတွက် စိတ်ညစ်ခြင်းဖြစ်တယ်လို့ နားလည်ထားပြီး နက်နက်ရှိုင်းရှိုင်း မခံစားဖို့၊ ဘ၀ကို လွယ်လွယ်နဲ့ အရှုံးမပေးလိုက်ဖို့တော့ အသိတရား ရှိထားသင့်ပါတယ်.  မကြာခင်မှာ အခက်အခဲတွေကို ကျော်လွှားနိုင်ဦးမှာ ဖြစ်ပါတယ်..  ပျော်ပျော်ရွှင်ရွှင်နဲ့ နေတတ်သူတွေဟာ စိတ်ညစ်စရာတွေကို ကြာရှည်မသိမ်းထားတတ်သူတွေ ဖြစ်ကြပါတယ်.. ဒါကြောင့်လည်း စိတ်ညစ်နေသူများရှိရင် “ပျော်ပျော်နေပါ သူငယ်ချင်း”  ဆိုတဲ့ စကားလေးကို ပြောလိုက်ပါရစေနော်....



 “When life gives you lemons, make lemonade”



နောက်လာမဲ့ ပိုစ့်မှာတော့ နေပြည်တော်ရဲ့ ရေပန်းဥယျာဉ်အကြောင်းလေး ဖော်ပြပေးချင်ပါတယ်.. စောင့်မျှော် အားပေးကြပါဦးလို့.... :)  :)

နေပြည်တော် ဆာဖာရီဥယျာဉ်တွင်းသို့....




ခရီးသွားမှတ်တမ်းတစ်ခုအနေနဲ့ ဆက်လက်ဖော်ပြမဲ့ အကြောင်းအရာက နေပြည်တော် မြို့တော်သစ်ကြီးရဲ့ ဆာဖာရီ ဥယျာဉ်အကြောင်းပဲ ဖြစ်ပါတယ်ရှင်။ ဖေဖော်ဝါရီလ ၁၂ရက် ပြည်ထောင်စုနေ့ကမှ ဖွင့်လှစ်လိုက်တဲ့ ဆာဖာရီဥယျာဉ်ကြီးထဲမှာ ဘာတွေရှိမလဲလို့ တစေ့တစောင်း လေ့လာ ကြည့်ရှုကြရအောင်လားရှင်။ အောက်မှာတော့ ဥယျာဉ်ကြီးကို ပြုပြင်တည်ဆောက်ထားပုံနဲ့ ဥယျာဉ်ကြီးထဲမှာ ရှိတဲ့ အကောင်တွေကို အတတ်နိုင်ဆုံးတော့ ဓာတ်ပုံရိုက်ခဲ့ပေမဲ့ ကားလမ်းကြောင်းနဲ့ ဝေးတဲ့နေရာ ရောက်နေလို့ မမြင်ခဲ့ရတဲ့ အကောင် တစ်ချို့တလေ ကျန်ခဲ့ပါသေးတယ်။ အားလုံး မစုံလင်တဲ့အတွက်တော့ နားလည်ခွင့်လွှတ်ပေးကြပါနော်။

ကဲ …  ဧက ၃၀၀ကျယ်ဝန်းပါတယ်ဆိုတဲ့ နေပြည်တော်ရဲ့ ဆာဖာရီ ဥယျာဉ်ကြီးထဲကို ကျွန်မနဲ့အတူ လျှောက်သွားကြည့်ရအောင်နော်.. ဘာတွေများ ရှိပြီး ဘာတွေများ တွေ့ရမလဲလို့ ပေါ့….

ဆာဖာရီဥယျာဉ်တဲ့



ဒါကတော့ ဆာဖာရီဥယျာဉ်တွင်းသို့ ၀င်မယ်ဆို စစခြင်း ၀င်ရမဲ့ ဂိတ်ဦးဖြစ်ပါတယ်..

ကားပါကင်မှာ ကားထားပြီးတာနဲ့ အထဲကိုရောက်ရင် မြင်ရမဲ့ မြင်ကွင်းတွေကတော့ အောက်က ပုံတွေ အတိုင်း ဖြစ်ပါတယ်။


အထဲကိုရောက်ပြီး ပြင်ဆင်ထားတဲ့ ရှုခင်း 




နေရောင်အောက်မှာ
တလူလူလွှင့်နေတာ ဘာအလံတွေလဲ မသိ


ဟိုနားဒီနား လမ်းလျှောက်သွား


ရေပန်းလှလှပပလည်း ရှိလေရဲ့

အနီးကပ်ရိုက်ချက်

အထဲကိုဝင်ရဖို့ စောင့်နေသူများ အတွက် နားနေဆောင်

ကဲလေ အားရပါးရ စောင့်ကြတာပေါ့

ဒီနေရာဟာ ဆာဖရီဥယျာဉ်ရဲ့ အတွင်းထဲကို ၀င်ရောက်ဖို့အတွက် လက်မှတ်ရောင်းချတဲ့နေရာ ဖြစ်သလို ကားလက်မှတ်ဝယ်ဖို့ စောင့်ဆိုင်းနေကြတဲ့ နေရာလည်း ဖြစ်ပါတယ်.. ဥယျာဉ်ကြီးမှာ ကားစုစုပေါင်း လေးစီး ရှိတယ်လို့ ဆိုပါတယ်.. ကားတစ်စီးကို လူ ၂၅ ၂၈ယောက်လောက်သာ စီးခွင့် ရှိပြီး လက်မှတ်တစ်ခါကို ၂၈စောင် (ကားတစ်စီးစာ) စီသာ ရောင်းချပါတယ်.. သူတို့ ဥယျာဉ်က ကားတွေက လွဲလို့ ကိုယ်ပိုင်ကားတွေ ၀င်ရောက်ခွင့်မရှိပါဘူး။ ကျွန်မ ရောက်သွားတဲ့နေ့ဟာ တနင်္ဂနွေနေ့ ရုံးပိတ်ရက် ဖြစ်လို့လားတော့ မသိပါဘူး။ လူ အင်မတန်များသလို လာတဲ့လူနဲ့ ဥယျာဉ်တွင်း လိုက်ပို့တဲ့ကား အစီးရေ မမျှသလို ဖြစ်နေပါတယ်။ ဒါကြောင့် လက်မှတ်ဝယ်ခွင့်ရဖို့ကို ၃နာရီနီးပါး စောင့်ခဲ့ရပါတယ်။ အထဲကို မ၀င်တော့ဘဲ ပြန်တော့မယ်လို့ စိတ်ကူးမိပေမဲ့ ရောက်လာပြီးမှတော့ မ၀င်ရပဲ အရှုံးပေးပြီး ပြန်သွားတာမျိုး မဖြစ်လိုတာကြောင့် စိတ်ရှည်လက်ရှည် စောင့်ခဲ့ရပါတယ်.. စောင့်နေရင်း ရေဆာတာ မအောင့်နိုင် မအီးနိုင် ဖြစ်ရသေး. ဒါတောင် ဒီအချိန်မို့ပေဘဲ. မတ်၊ ဧပြီလ လောက်မှာသာ လာမိရင် မတွေးရဲဘူး။


ဘ၀တူ ဒီက စောင့်နေသူ များ



လက်မှတ်ရောင်းသူကို မမြင်ရလောက်အောင် ၀ိုင်းအုံနေကြလေရဲ့.. ဒါတောင် လူနည်းသွားချိန်ရိုက်ထားတာ



ကားဝါကြီးကိုစီးကာရယ်


ဒါကတော့ ဥယျာဉ်တွင်းသို့ ပို့ဆောင်ပေးတဲ့ကားဖြစ်ပါတယ်.. ကားမှန်တွေကို ခုလို သံဇကာကွက်တွေနဲ့ ကာရံထားပြီး မြင်းကျားလိုလို ကျားသစ်လိုလို ခြယ်ထားပါတယ်.. ဘာကျားလဲတော့ မသိ :) ဒီကားဟာ ကိုယ်စီးရမဲ့ကား မဟုတ်သေးပါဘူး ။ အလှည့်မရောက်သေးပါ။ လက်မှက်တောင် ၀ယ်လို့ မရသေးဘူး။ ဒီတော့ ဆက်စောင့်........


ကျေးဇူးကြီးပါပေတယ်.. ၃နာရီနီးပါးစောင့်ရပြီးချိန်မှာ အထဲဝင်ဖို့ လက်မှတ်ရပါပြီ။


ဥယျာဉ်တွင်းထဲသို့ ၀င်ရောက်ဖို့ဆိုရင် ကားစီးဖို့ လက်မှတ်ခ လူကြီးလက်မှတ် တစ်စောင် ၁၀၀၀၊ ဥယျာဉ်ထဲဝင်ခ ၁၀၀၀ လူတစ်ယောက်ကို ၂၀၀၀ ကျသင့်ပါတယ်.. ကလေးလက်မှတ်ဆို ၅၀၀တဲ့။ ဒီတော့ ၅၀၀ သက်သာလည်း နည်းလားဆိုပြီး “ကျွန်မအတွက် ကလေးလက်မှတ် ၀ယ်ရင် ရမလားလို့ ” လက်မှတ်ရောင်းတဲ့ သူတွေကိုမေးတော့ “အစ်မက သူငယ်ပြန်နေပြီလား” တဲ့ ပြန်ပြောတယ် .. ဟင်းဟင်း ပြောစရာလားနော်.. ခုမှ ၁၆နှစ် ပါဆို။ ၁၆နှစ်က ကလေးမဟုတ်ဘူးလားလို့  :) ပြောင်းပြန်မဖတ်ကြေး ...




ဟော... ဒါ ကိုယ်တွေ စီးရမဲ့ကားတဲ့..



ကဲ .. ဓာတ်ပုံရိုက်လို့လွယ်တဲ့ ပြူတင်းဘေးနား နေရာရအောင် မြန်မြန်တက်ကြစို့



ကားစထွက်ပါပြီ


အကောင်ဗလောင် တိရိစ္ဆာန်တွေပုံကို အောက်မှာ ဆက်လက်ကြည့်ရှုပါရန်..

ပုဇွန်ကြက်သွန်ဖြူပေါင်း၊ ပဲပင်ပေါက်ချဉ်စပ်သုပ်




ဒီရက်ပိုင်းမှာ ခရီးသွားဘာညာနဲ့ဆိုတော့ ဟင်းမချက်စားဖြစ်တာ ကြာပါပြီ။ မချက်တာကြာတော့လည်း ပျင်းနေသလိုဘဲ။ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ၊ အလုပ်လဲ မလုပ်ချင်၊ ထမင်းဟင်းလဲ မချက်ချင် ဖြစ်နေပါတယ်။ ဒါပေမဲ့ အလုပ်မလုပ်ပဲ နေလို့တော့ ဘယ်ရပါ့မလဲနော်.. တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ဘ၀မှာ တစ်ရက် အလုပ်မလုပ်ရင် ထမင်းငတ်မှာ စိုးရတာကြောင့် ပျင်းပျင်းနဲ့ပဲ အလုပ်တွေ လုပ်ရပါတော့တယ်။ စာရေးရမှာလည်း ပျင်းသလို ဖြစ်နေတယ် ဒါနဲ့ စာလည်းမရေးချင်ဘူးဆိုရင် ဘာလုပ်မလဲ စဉ်းစားလိုက်တော့ ဟင်းချက်တာ ကောင်းပါတယ်လို့ စိတ်ကူးရမိတယ်။ ချစ်ညီမလေး တစ်ယောက်ကလည်း Weekend အစီအစဉ်ကို မျှော်နေမယ်နော်လို့ ပြောနေတော့ ချက်ဖို့ စဉ်းစားရပါပြီ။ ဘာဟင်းချက်ရပါ့.. စဉ်းစားလိုက်တော့ ပုဇွန်ချက်ဖို့စိတ်ကူးရပါတယ်။ ကျွန်မက အသီးအရွက်ကို ကြိုက်သူဖြစ်ပြီး အသားတွေထဲမှာတော့ Sea food ကို ကြိုက်ပါတယ်။ ငါးတို့ ပုဇွန်တို့ကို ကြက်၊ ၀က် တို့ထက် မကြာခဏ ပိုစားဖြစ်ပါတယ်။  ကျွန်မက ချောင်းဘေးမှာ ကြီးလာတဲ့သူမို့ ထင်ပါရဲ့။ ရေထဲကအကောင်တွေကို ပိုကြိုက်ပါတယ်။  :)

ဒါကြောင့် ပုဇွန်နဲ့ ငါးကို ခဏခဏ ချက်ဖြစ်ပါတယ်.. အခုလည်း ပုဇွန်ကို ဘယ်လိုချက်မလဲ စဉ်းစားလိုက်တော့ ဆီလဲမများတဲ့ ကြက်သွန်ဖြူလေးနဲ့ ပေါင်းစားတဲ့နည်းကို စိတ်ကူးရမိပါတယ် ။ ဒီတော့လည်း ပုဇွန်ကြက်သွန်ဖြူပေါင်းကို စပြီး ချက်ဖို့ ပြင်ဆင်ပါတော့တယ်။


ပုဇွန်ကြက်သွန်ဖြူပေါင်း


ဒါနဲ့ ပုဇွန်ဝယ် အမြီးခေါင်းဖြတ်၊ အခွံချွတ်၊ အလယ်ကြောက ချေးကြောင်းထုတ်၊ ရေဆေးသန့်စင်ပြီး ဆား၊ ဟင်းချက်ဝိုင်၊ အရသာမှုန့်တို့နဲ့ နယ်ပြီး ခေတ္တ နှပ်ထားလိုက်ပါတယ်။




မှိုအခြောက် ၄ပွင့်လောက်ကို ရေနွေးပူပူနဲ့ စိမ်လိုက်ပါတယ်..



ကြက်သွန်ဖြူ များများ ၊ ငရုပ်သီးစိမ်း၊ နံနံ၊ ဥနီ တို့ကို တောက်တောက်စင်းပြီး ပြင်ဆင်ထားပါတယ်..



ပန်းကန်ပြားတစ်ခုထဲမှာ ပုဇွန်တွေကို နေရာချပါတယ်.. အပေါ်ကနေ မှိုပွင့်တွေကို ပါးပါးလှီးထည့်ပါတယ်။



တောက်တောက်စင်းထားတဲ့ ကြက်သွန်ဖြူ၊ ငရုပ်သီး၊ နံနံ၊ ဥနီ တို့ကို အပေါ်က ခုလိုထည့်လိုက်ပါတယ်.. ပြီးတော့ ပဲငံပြာရည်၊ ခရုဆီ အနည်းငယ်နဲ့ နှမ်းဆီမွှေးနည်းနည်း တို့ကို လောင်းထည့်ပါတယ်။



ရေနွေးဆူဆူအိုးထဲကို ၁၅မိနစ်ခန့် ခုလိုလေး ထည့်ပေါင်းပါတယ်.. အောက်မှာ တူ ( တုတ်ချောင်းလေးတွေ ခံထားတာပါ)၊ ပြီးရင်တော့  အဖုံးအုပ်ဖို့ကို မမေ့နဲ့ပေါ့နော်။ မိုက်ခရိုဝေဖ့်ရဲ့ ဆိုးကျိုး (မဖတ်ရသေးသူများ ဒီနေရာကို ကလစ်နှိပ်ပြီး ဖတ်နိုင်ပါတယ်)  တွေကို မကြောက်သူတွေက မိုက်ခရိုဝေ့ဖ်နဲ့ ပေါင်းနိုင်ပါတယ်။ ကျွန်မကတော့ မိုက်ခရိုဝေဖ့်ကို မသုံးပါဘူး။ ခုလို လေးဘဲပေါင်းပါတယ်။ ( တကယ်က မိုက်ခရိုဝေဖ့်မီးဖို မရှိလို့ပါ)  :)

စကားများနေတာနဲ့ ဟင်းအိုးမေ့သွားတယ်.. ကျက်ပြီလား မသိဘူး ချောင်းကြည့်လိုက်မယ်....

အပ်ချလောင်း............