တွက်ချက်မထားသော တန်ဖိုး
Posted by
ချော(အစိမ်းရောင်လွင်ပြင်)
at
Friday, March 11, 2011
Friday, March 11, 2011
Labels:
ရသစာစုများ
ပြုံးတိုင်းလှတဲ့သူ..
Posted by
ချော(အစိမ်းရောင်လွင်ပြင်)
at
Wednesday, March 09, 2011
Wednesday, March 09, 2011
Labels:
ကျန်းမာရေး
,
အလှအပရေးရာ
သွားဆိုတာဟာ လူတစ်ယောက်အတွက် အရေးပါတဲ့ အရာတစ်ခုဖြစ်ပါတယ်.. အစာစားတဲ့အခါမှာ သွားတွေ ကောင်းမွန်နေဖို့ လိုအပ်သလို လူတွေရှေ့မှာ ရဲရဲရင့်ရင့် ပြုံးနိုင်ဖို့၊ စကားဆိုနိုင်ဖို့ရင် သွားကလေးတွေ ဖြူစင်လှပ သန့်ရှင်းနေဖို့လည်း လိုပါသေးတယ်နော်။ တကယ်လို့ မိမိရဲ့ သွားကလေးတွေမှာ ပိုးပေါက်ကလေးတွေ ရှိနေရင် မညီမညာ ရွဲ့စောင်းနေတဲ့ သွားတွေ၊ ကျိုးနေတဲ့ရှေ့သွားတွေ၊ ၀ါညစ်ညစ် အရောင်ဖြစ်နေတဲ့ သွားတွေ ရှိနေခဲ့ရင် လူတွေရှေ့မှာ ဟက်ဟက်ပက်ပက် ရယ်မောဖို့ မိမိကိုယ်ကို ယုံကြည်မှုမရှိသလို ဖြစ်နေတတ်ပြီး အရှက်အကြောက်ကြီးလို့ ပါးစပ်ကို ကျယ်ကျယ် မဟရဲသလိုလို၊ ရယ်ဖို့ပဲ မေ့နေသလို၊ အပြုံးကလေးက ငါးခူလေးပြုံးနေသလို ရှိနေတတ်ကြပါတယ်။ မိမိရဲ့ သွားကလေးတွေ သဘာဝကျကျ ဖြူစင်သန့်ရှင်းနေပြီး လှလှကလေး ပြုံးနိုင်ဖို့ ဘယ်လိုများ လုပ်ကြရမလဲဆိုတာ စဉ်းစားကြည့်ကြပါစို့နော်။ သွားတွေ ဖြူဖွေးလှပဖို့ ထိရောက်တဲ့ နည်းလမ်းများစွာ ရှိပေမဲ့ အချို့နည်းလမ်းတွေက ငွေကြေး အကုန်အကျများတာကြောင့် ငွေကုန်ကြေးကျ မများဘဲ မိမိအိမ်မှာသာ လုပ်ဆောင်နိုင်တဲ့ နည်းလေးများကို ဝေမျှ ပါဦးမယ်ရှင်..
လိုအပ်တဲ့ပစ္စည်းတွေက
၁. အအေးသောက် ပိုက်တစ်ချောင်း
၂. သွားတိုက်တံတစ်ချောင်း
၃. သံပုရာရည်
၎. ဆား
၆. မုန့်ဖုတ် ဆော်ဒါ
၇. စတော်ဘယ်ရီ စတာတွေ ဖြစ်ပါတယ်။
အဆင့် (၁) အနေနဲ့ လုပ်ရမှာက သင့်သွားတွေကို ၀ါစေတဲ့ စားစရာ သောက်စရာတွေကို အကန့်အသတ်ထားပြီး စားသောက်ပါ။ သွားကို ၀ါစေတဲ့ အရာတွေထဲမှာ ကော်ဖီ၊ လက်ဖက်ရည်၊ ၀ိုင်အနီ၊ ဆေးလိပ်သောက်ခြင်း စတာတွေ ပါဝင်တာကြောင့် ၄င်းတို့ကို ဖြတ်နိုင်ဖို့ ကြိုးစားသင့်ပါတယ်.. ( ကော်ဖီကြိုက်တဲ့သူကို ကော်ဖီ ဖြတ်ခိုင်းနေပြန်ပြီ ) တကယ်လို့ မဖြတ်နိုင်ခဲ့ရင် အဲဒီအရာတွေကို သွားနဲ့ တိုက်ရိုက် မထိတွေ့စေနိုင်ရန် ကော်ဖီ အချိုရည် စသည်တို့ကို သင့်တင့်ရုံမျှ ပိုက်တစ်ချောင်းနဲ့ စုပ်သောက်ပါ လို့ အကြံပေးထားပါတယ်.. ( ဆိုင်မှာ ကော်ဖီနဲ့ လက်ဖက်ရည်ကို ပိုက်နဲ့ စုပ်သောက်ရင် ရူးနေပြီထင်တယ်လို့များ ပြောကြလေမလား မသိနော် :) )
အဆင့်(၂)
အရေးတကြီး လုပ်ရမဲ့အလုပ်
Posted by
ချော(အစိမ်းရောင်လွင်ပြင်)
at
Monday, March 07, 2011
Monday, March 07, 2011
Labels:
ရသစာစုများ
ဆီယာတယ်ကနေ ဒါးလက်စ်ကို နောက်ဆုံးထွက်မဲ့ လေယာဉ်ပေါ်မှာ ကျွန်မ ရောက်ရှိလို့နေပါတယ်.. ခုံတစ်ခုံမှာ နေရာယူပြီးတဲ့နောက် လေယာဉ် ပျံသန်းချိန်အတွင်း လုပ်ရမဲ့ အလုပ်တွေအတွက် ကျွန်မရဲ့ လက်ပ်တော့လေးကို ပေါင်ပေါ်တင်ကာ ဖွင့်ဖို့ လုပ်နေမိပါတယ်။ အဲဒီချိန်မှာ လေယာဉ်ပေါ်ကို ကလေးသုံးယောက်နဲ့ အမျိုးသမီး တစ်ယောက်တို့ဟာ ဆူညံလှုပ်ခတ်စွာ တက်ရောက်လာပါတယ်.. သူတို့ကို ကြည့်ပြီး ကျွန်မထိုင်နေတဲ့ ခုံအနီးတစ်ဝိုက်မှာ လာမထိုင်ဖြစ်ပါစေနဲ့လို့ ဆုတောင်းလိုက်မိတယ်.. ဒါပေမဲ့ ဆုတောင်းက မပြည့်ပါဘူး။ အမျိုးသမီးနဲ့ လေးနှစ်အရွယ် ကလေးငယ်လေးတို့ဟာ ကျွန်မနောက်က ခုံမှာ ထိုင်လိုက်ပြီး သူမရဲ့ ၁၃နှစ်အရွယ် ကလေးမလေးနဲ့ ၁၁နှစ်အရွယ် ချာတိတ်လေးတို့ကတော့ ကျွန်မဘေးခုံမှာ ၀င်ထိုင်လိုက်ကြပါတယ်.. ထိုင်ပြီးတာနဲ့ တပြိုင်နက် သူတို့နှစ်ယောက်ဟာ စကားတွေ အပြန်အလှန်ပြောရင်း အငြင်းပွားနေပြီး ယောက်ျားလေးဟာ အငြိမ်မနေဘဲ ခုံပေါ်မှာ တွယ်တက်လိုက်၊ ခုန်ဆင်းလိုက် လုပ်နေပါတော့တယ်။ တခါတခါ ထိုင်ခုံကို ဆောင့်ကန်တာမျိုးတောင် လုပ်နေပါသေးတယ်..
ပြီးတော့လည်း လေယာဉ်ထွက်ပြီး မကြာခင်မှာဘဲ ကောင်လေးဟာ သူရဲ့ အစ်မဖြစ်သူကို “မမ.. လေယာဉ်က အခု ဘယ်ရောက်နေပြီလဲ” ဆိုတဲ့ မေးခွန်းကို မိနစ်အနည်းငယ် ကြာတိုင်းမှာ မေးခွန်းထုတ်ပါတော့တယ်.. သူမေးတိုင်းလည်း သူ့အစ်မ ဖြစ်သူ ကောင်မလေးက “ ပါးစပ်ပိတ်ပြီး တိတ်တိတ်နေစမ်း… ငါလဲ ဘယ်သိမှာလဲ” လို့ စိတ်မရှည်သံ၊ မာကြောသံဖြင့် ပြန်ပြောပြီး မှုန်ကုပ်ကုပ်နဲ့ ထိုင်နေပါတယ်.. ဒါပေမဲ့ ချာတိတ်လေးဟာ အငြိမ်လည်း မနေသလို၊ အလျှော့မပေးဘဲ မိနစ် အနည်းငယ်ကြာတိုင်း အဲဒီမေးခွန်းကိုပဲ ထပ်တလဲလဲ မေးနေပါတယ်။ သူတို့ ၂ယောက်က ဆူရတဲ့အထဲမှာ အနောက်က ကလေးလည်း ငိုယိုနေပါတော့တယ်. အမျိုးသမီးကတော့ အင်မတန်မှ ညိုးနွမ်း စိတ်အားငယ်နေတဲ့ ပုံစံနဲ့ ကလေးငယ်ကို ချော့မော့နေပေမဲ့ အားရှိပုံ မရပါဘူး။ သူတို့ကို ကြည့်ပြီး ကျွန်မမှာ စိတ်တွေရှုပ်၊ ခေါင်းတွေလည်း မူးနောက်လာသလို ခံစားရပါတော့တယ်။
“ကလေးတွေဟာ ဘာမှ နားလည်မှုကို မရှိကြဘူး။ တကယ့် လူဆိုးလေးတွေပဲ..” စိတ်ပေါက်ပေါက်နဲ့ ကျွန်မ တွေးမိပါတယ်။ လေယာဉ်ပေါ်မှာ လုပ်မယ်လို့ စိတ်ကူးထားတဲ့ အလုပ်ကိစ္စတွေလည်း ကြက်ပျောက်၊ ငှက်ပျောက် အကုန် ပျောက်ကုန်ပါတော့တယ်။ စိတ်တိုတိုနဲ့ တွေးနေမိတုန်းမှာ ဘေးနားက ချာတိတ်လေးဆီက သူ့အစ်မကို မေးတဲ့ “မမ… ငါတို့တွေ အခု ဘယ်နေရာ ရောက်နေပြီလဲ ” ဆိုတဲ့ မေးခွန်းက ထွက်လာပြန်ပါတယ်..
ဒိန်ချဉ်ကြက်သားနှပ်၊ မြေပဲငပိချက်..
Posted by
ချော(အစိမ်းရောင်လွင်ပြင်)
at
Sunday, March 06, 2011
Sunday, March 06, 2011
Labels:
စားသောက်ဖွယ်ရာ
ဒီတစ်ပတ်အတွက် အစီအစဉ်က ဒိန်ချဉ်ကြက်သားနှပ်၊ မြေပဲငပိချက်၊ ပဲကြာဇံသုပ်နဲ့ အတို့အမြုပ်လေးတွေ ဖြစ်ပါတယ်။ ကြက်သားကို ဒိန်ချဉ်လေးနဲ့ နှပ်တာက လူတိုင်းချက်ဖူးမယ်ထင်ပါတယ်နော်။ မချက်ဖူးသေးရင်တော့ စမ်းချက်ကြည့်ပါလို့ ညွှန်းဆိုပါရစေ.. အရသာ တစ်မျိုးလေးနဲ့ စားလို့ တကယ်ကောင်းပါတယ်..
ဒိန်ချဉ်ကြက်သားနှပ်
ဆား၊ အရသာမှုန့်၊ ဒိန်ချဉ်နဲ့ နှယ်ထားတဲ့ ကြက်သားများ
ပထမဦးဆုံး ကြက်သားကို အနေတော် အရွယ် မိမိနှစ်သက်သလို တုံးပါတယ်။ ပြီးရင် ဆား၊ အရသာမှုန့်၊ ဒိန်ချဉ်( မိမိသုံးမဲ့ ဒိန်ချဉ် ရဲ့ တစ်ဝက် ) နဲ့ နှယ်ပြီး ခေတ္တ နှပ်ထားလိုက်ပါတယ်နော်။
နေပြည်တော် ရေပန်းဥယျာဉ်သို့...
Posted by
ချော(အစိမ်းရောင်လွင်ပြင်)
at
Friday, March 04, 2011
Friday, March 04, 2011
Labels:
ခရီးသွား မှတ်တမ်း
နေပြည်တော်ခရီးသွားပိုစ့်ကို ဆက်ပြီးဖော်ပြရမယ်ဆိုရင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့ရှိ ထင်ရှားသော ရေပန်းဥယျာဉ် ဖြစ်ပါတယ်။
တိုးချဲ့ဆောက်လုပ်ထားတာတွေ ပေါင်းပြီး စုစုပေါင်း ၁၆၅ဧက ကျယ်ဝန်းတဲ့ နေပြည်တော် ရေပန်း ဥယျဉ်ဟာ ကလေးများသာမက လူကြီးများပါ ပျော်စရာကြည့်ရှုစရာ အစုံအလင် ရှိပါတယ်.. ဒါပေမဲ့ ရေပန်း ဥယျာဉ်ကို ညနေခင်းမှသာ ၀င်ဖြစ်တဲ့အတွက် နေ့ရှုခင်းအလှကိုတော့ ဓါတ်ပုံမရိုက်ခဲ့နိုင်တာကြောင့် ရေပန်း ဥယျာဉ်ရဲ့ ညအလှကိုသာ ပြန်လည်ဖော်ပြပေးပါရစေရှင်။ မှောင်ရီညချမ်းမှာ ဥယျာဉ်တွင်း ထွန်းညှိထားတဲ့ မီးရောင်တွေကိုသာ အားကိုးပြီး ရိုက်ခဲ့ရတာကြောင့် ဓါတ်ပုံများ ကြည့်ရှုရတာ အဆင်မပြေဖြစ်ခဲ့ရင် ခွင့်လွှတ်သီးခံပြီး ကြည့်သွားကြပါလို့လည်း ပန်ကြားချင်ပါတယ်..
ရေပန်းဥယျာဉ် အ၀င်မုဒ်ဦး
နေပြည်တော် ရေပန်းဥယျာဉ်
ရေပန်းဥယျာဉ်မှာ ရေပန်းရုပ်ရှင်၊ ရေပန်းအက၊ ရေတံခွန်၊ ကြိုးတံတား၊ လူကူးသစ်သားတံတား၊ ရေကန် စသဖြင့် စုံလင်လှပြီး ရုပ်ရှင် ဗီဒီယိုရိုက်ကူးသူများလည်း လာရောက်ရိုက်ကူးကြတယ်လို့ သိရပါတယ်… မြန်မာပြည်မှာ ပထမဆုံးနဲ့ တစ်ခုတည်းသော ရေပန်းဥယျာဉ်လည်း ဖြစ်တာကြောင့် စိတ်ဝင်စားသူ များပြားကြပါတယ်.. အနယ်နယ်အရပ်ရပ်က လာရောက်ကြသူများနဲ့ ရေပန်းဥယျာဉ်ရဲ့ ညနေခင်းဟာ စည်ကားလွန်းလှတာကို တွေ့ရပါတယ်။ ပျားပန်းခတ်အောင် ရှုပ်ထွေးနေတဲ့ လူတွေကြားထဲမှာ ဓါတ်ပုံရိုက်ဦးမလားလို့ လာလာမေးတဲ့ ကင်မရာမင်းတွေကို ဖြေရတာကလည်း အလုပ်တစ်ခုလို ဖြစ်ပါသေးတယ်. ရှောင်လို့ မလွတ်နိုင်အောင်ကိုဘဲ သူတို့တွေက များလှပြီး လာသမျှ လူဦးရေရဲ့ တစ်ဝက်လောက်က သူတို့တွေဘဲဖြစ်မယ်လို့တောင် ထင်ရလောက်အောင် ဓာတ်ပုံဆရာတွေ များလှပါတယ်.. ကိုယ်တွေက ကိုယ့်ဓာတ်ပုံလေး တကြည့်ကြည့်လုပ်ရလောက်တဲ့ အလှပိုင်ရှင်မျိုး မဟုတ်လေတော့ သွားလေရာ ကိုယ်ကသာ မြင်မြင်သမျှ ဓာတ်ပုံရိုက်ခဲ့ပေမဲ့ ကိုယ့်ပုံကိုတော့ ဓာတ်ပုံအရိုက်ခံဖို့ ၀န်လေးပါတယ်. (မတော် ကိုယ့်မျက်နှာကိုယ် ပြန်လှန့်ပြီး အိပ်မရဖြစ်မှာလဲ ကြောက်ရသေး :) )
ဥယျာဉ်တွင်းမှာ
ရေပန်းနဲ့ မီးရောင်
ရေပန်းဥယျာဉ် ၀င်ဝင်ချင်းမှာ ပထမဦးဆုံးက ကြိုးတံတားကို သွားလျှောက်ပါတယ်.. လှုပ်ရမ်းနေတဲ့ ကြိုးတံတားပေါ်မှာ လူတွေများစွာ လျှောက်ကြတော့ တံတားက ယိုင်တိယိုင်တိုင်ဖြစ်လို့ လျှောက်ရခက်ရတဲ့အထဲ ပျော်တတ်တဲ့ လူတစ်ချို့က ဟေးဟေးဟားဟား အော်ဟစ်ပြီး ကြိုးတံတားကို ရမ်းသထက် ရမ်းအောင် လျှောက်ကြတော့ သက်ကြီးရွယ်အိုတွေမှာ ဗျာများရပါတော့တယ်.. တစ်ချို့ဆို အသံထွက်ပြီး အော်ဟစ်နေကြကာ အချို့ကျတော့လည်း ကုန်းကုန်းကွကွနဲ့ တရွေ့ရွေ့ ရောက်အောင်သွားကြသလို အချို့ကတော့ တော်ပြီ ရိုးရိုးတံတားကဘဲ သွားလျောက်တော့မယ်ဆိုပြီး ဆင်းပြေးသွားသူတွေလည်း ရှိပါတယ်။
ရမ်းခါနေတဲ့ ကြိုးတံတား
ဖြေးဖြေးလျှောက်ပါ။
မီးရောင်တွေနဲ့ ကြိုးတံတားကို ခပ်လှမ်းလှမ်းက ရိုက်ချက်
အောက်က ရေပြင်ပေါ်မှာပါ အရိပ်ထင်ပြီး လှနေတဲ့ ကြိုးတံတား
ကျန်ရှိနေသေးသော ပုံများကို အောက်တွင်ဆက်လက် ကြည့်ရှုပါရန်....