နွားနို့တစ်ခွက်...


သူက အမိအဖမရှိ တစ်ကောင်ကြွက်..

ဘ၀ကို ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း ရုန်းကန်နေရသူတစ်ယောက်လည်း ဖြစ်သေးရဲ့။ ကျောင်းစရိတ် ကူညီထောက်ပံ့သူ မရှိတဲ့အတွက် ပညာတတ် ဖြစ်ချင်လွန်းသောစိတ်ဖြင့် မီးဖိုချောင်သုံး အသေးအမွှားပစ္စည်းတွေ၊ ငရုပ်၊ကြက်သွန် စတဲ့ ဟင်းသီးဟင်းရွက် လေးတွေကို အိမ်ပေါက်စေ့ လိုက်လံ ရောင်းချပြီး ကျောင်းစရိတ်ရှာ ကျောင်းတက်ရတဲ့ပင်ပန်းဆင်းရဲလွန်းတဲ့ဘ၀ပါ။ ရသမျှငွေလေးကို ကျောင်းစရိတ်အတွက် ချွေတာ စုဆောင်း နေရတာနဲ့ အစားအသောက်ကို ခြိုးခြံချွေတာပြီး မစားရက်မသောက်ရက် ဖြစ်နေတတ်ခဲ့တယ်။


တစ်နေ့မှာတော့… အဲဒီလို ဈေးလိုက်ရောင်းရင်း သူ့ဗိုက်ထဲက မခံမရပ်နိုင်အောင် ဆာလောင်နေခဲ့ပါတယ်။ ခြေလှမ်းတွေတောင် ဆက်ပြီးလှမ်းဖို့ သူ့မှာ အင်အား မရှိသလောက် ဖြစ်နေရပါပြီ။ လက်ထဲမှာလည်း အကြွေစေ့ အနည်းငယ်သာ ကျန်ပါတော့တယ်..  ဒီငွေလေးဟာလည်း အစားအသောက်ဝယ်စားဖို့ လုံလောက်တဲ့ ငွေ ပမာဏ မဟုတ်တော့ပါဘူး…. ဒါကြောင့်  သူဆုံးဖြတ်လိုက်တာက နောက်တစ်အိမ်မှာတော့ အစားအစာ တစ်ခုခု ရလိုရငြား အကူအညီ တောင်းကြည့်ဖို့ပါ။ ဒါပေမဲ့လည်း သူခေါက်လိုက်မိတဲ့ အိမ်တံခါးကို လာဖွင့်သူက ငယ်ငယ်ရွယ်ရွယ် ချစ်စရာ မိန်းမပျိုလေး ဖြစ်နေတာ တွေ့ရတော့ အစားအသောက် တစ်ခုခု တောင်းဖို့ ရှက်ရွံ့စိတ်နဲ့ သူ  တွန့်ဆုတ်သွားခဲ့ရပါတယ်… ဒီတော့ အစားတစ်ခုခု တောင်းရမဲ့အစား ရေတစ်ခွက်လောက် သောက်ပါရစေလို့သာ သူ့နှုတ်က  ထွက်သွားခဲ့မိတော့တယ်။ သို့ပေမဲ့ ပါးနပ်တဲ့ မိန်းမပျိုလေးက သူ့ကြည့်ရတာ သိပ်ဆာနေပုံရတယ်လို့ တွေးလိုက်မိပြီး နွားနို့ဖန်ခွက်ကြီးကြီး တစ်ခွက် အပြည့်ကို ယူလာပြီး ကောင်လေးကို ပေးလိုက်ပါတယ်.. ကောင်လေးက နွားနို့ခွက်ကို ဖြေးညင်းစွာ သောက်ရင်းက  သူမလေးကို မေးလိုက်ပါတယ်….

“ဒီနွားနို့အတွက် ငွေဘယ်လောက်ကျပါသလဲ ခင်ဗျာ” လို့…

သူ့အမေးကို မိန်းကလေးက ပြန်ဖြေပါတယ်…   

“နွားနို့က ကျွန်မ စေတနာနဲ့ တိုက်တာပါ။ အဲဒီအတွက် ရှင်တစ်ပြားမှ ပေးစရာမလိုပါဘူး။ ကျွန်မအမေက ကိုယ်ပေးလိုက်တဲ့ စေတနာ မေတ္တာ  အတွက် တန်ဖိုးအဖြစ် တစ်ဖက်လူဆီက ဘာကိုမှ ပြန်လက်မခံဖို့  ကျွန်မကို သင်ပေးထားပါတယ် ”

“အိုး… ဒီလိုဆိုရင်ဖြင့် ဒီနွားနို့တစ်ခွက်အတွက် ကျွန်တော့် အသည်းနှလုံးထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်… ခင်ဗျာ။ ကျွန်တော် သိပ်ကိုဆာနေခဲ့တာပါ ”  လို့ သူ ကျေးဇူးတင်လွန်းစွာ ပြန်ပြောလိုက်မိပါတယ်။


နွားနို့တစ်ခွက်ကုန်အောင် သောက်လို့ပြီးတာနဲ့ အားအင်ပြည့်ဝစွာနဲ့ အဲဒီအိမ်ကနေ ပြန်ထွက်လာပါတယ်… ဒီနွားနို့တစ်ခွက်ကြောင့် သူ့ကိုယ်ခန္ဓာမှာ ခွန်အားပြည့်လာရုံတင်မက စိတ်ဓာတ်အင်အားပါ မြှင့်တက်လာတယ်လို့ သူယုံကြည်လာတယ်.. လောကကြီးမှာ သူ့ကို နွားနို့တစ်ခွက် တိုက်လိုက်တဲ့ မိန်းခလေးလို အကြင်နာတရား ပြည့်ဝသူများလည်း ရှိပါသေးလား ဆိုတာ သူသဘောပေါက်လာတယ်… သူဟာ ဆင်းရဲစွာ ရုန်းကန်နေရတဲ့ သူ့ဘ၀ကြီးကို တခါတခါ စိတ်ကုန်မိပြီး လောကကြီးကို အရှုံးပေးဖို့ အထိပါ သူစဉ်းစားခဲ့ဖူးတယ်..  ဒါပေမဲ့ ခုချိန်မှာတော့ နွားနို့တစ်ခွက်ရဲ့ ကျေးဇူးကြောင့် မယုံနိုင်စရာ အင်အားတွေ သူ ရရှိခဲ့ပါပြီ။


နှစ်အတန်ကြာတဲ့အခါ သူ့ကို နွားနို့တိုက်ခဲ့တဲ့ မိန်းခလေးဟာ အပြင်းအထန် နေမကောင်း ဖြစ်ပါတယ်။ အဲဒီမြို့က ဆရာဝန်တွေဟာ မိန်းခလေးရဲ့ ရောဂါကို ပျောက်ကင်းအောင် မကုသနိုင်ဘဲ ဖြစ်နေပြီး မိန်းခလေးရဲ့ အခြေအနေဟာ တစ်နေ့တစ်ခြား ပိုဆိုးဆိုးလာပါတယ်။ နောက်ဆုံးတော့ မြို့တော်က ဆေးရုံကြီးတစ်ရုံမှာ အခု မိန်းခလေးမှာ ဖြစ်နေတဲ့ ရောဂါမျိုးတွေကို ကုသရာမှာ အလွန်ထူးချွန်တဲ့ ဆရာဝန်ကြီးတစ်ယောက် ရှိကြောင်းနဲ့ ထိုဆရာဝန်ကို သွားတွေ့ပြီး ကုသမှု ခံယူသ့င်ကြောင်း သူမကို ကုနေတဲ့ ဆရာဝန်တွေက တိုက်တွန်းတာနဲ့ မိန်းခလေးရဲ့ မိဘတွေက သူမကို ဆေးကုသခံဖို့ မြို့တော်ကြီးကို ခေါ်ဆောင်လာပါတယ်…  ဆေးရုံကြီးဆီရောက်လို့ သူမ မိဘတွေက ဆရာဝန်ကြီးနဲ့တွေ့ပြီး လူနာအကြောင်း ပြောပြတဲ့အချိန်မှာတော့ လူနာကောင်မလေးရဲ့ မြို့နံမည်လဲ  ကြားလိုက်ရော    ဆရာဝန်ကြီးရဲ့ မျက်နှာနဲ့ မျက်လုံးထဲမှာ ထူးဆန်းတဲ့ လင်းလက်မှုတစ်ချို့ ပေါ်လာပါတယ်။ ချက်ခြင်းပဲ ဆရာဝန်ကြီးက ထိုင်နေရာကနေ အလျှင်အမြန် ထလိုက်ပြီး ဆေးရုံက သူ့ကိုယ်ပိုင် အခန်းထဲကို ကသောကမျော ၀င်ရောက်သွားပါတယ်။ ပြီးတော့ သူရဲ့ ဂျူတီကုတ်ကို အမြန် ကောက်ဝတ် လိုက်ပြီး လူနာမိန်းကလေးကို သွားကြည့်ပါတယ်။ ဒီမှာတင်ဘဲ ဆရာဝန်ကြီး မှတ်မိလိုက်ပါပြီ…..

ရုပ်ရှင်မဟုတ်သော....

တစ်ကမ္ဘာလုံး စိတ်မကောင်းစရာသတင်းတွေ ဒီရက်ပိုင်း ဆက်တိုက် ဖြစ်လာနေပါတယ်.. ကမ္ဘာပျက်တဲ့ ၂၀၁၂ ရုပ်ရှင်ကားတို့လို၊ The day after tomorrow တို့လို ရေလွှမ်းမိုးတာတွေ၊ အအေးလှိုင်းကြောင့် မြို့ရွာတွေ ပျက်စီးတာတွေကို ရုပ်ရှင်ဆက်တင်နဲ့ တည်ဆောက်ပြီး ရိုက်ကူးထားတာ ဖြစ်ပေမဲ့ သည်းထိတ်ရင်ဖို ထိတ်လန့်ဖွယ် ကြည့်ကြရပါတယ်။ ဒါပေမဲ့ အခုတော့ ဆက်တင်ဆောက်ပြီး ရိုက်ထားတာမဟုတ်တဲ့ တကယ့် အဖြစ်အပျက်တွေကို တီဗီသတင်းတွေကနေ မျက်ဝါးထင်ထင် ထိတ်လန့်ဖွယ် မြင်လိုက်ကြရပါတယ်.. ဂျပန်မှာ အလွန်အင်အားကြီးတဲ့ ငလျှင်ကြောင့် ဆူနာမီ ရေလှိုင်းကြီးတွေ တစ်လိမ့်လိမ့်တက်လာပြီး ကျယ်လောာင်တဲ့ အသံကြီးတွေနဲ့ မြို့ရွာကြီးတွေကို ဖုံးလွှမ်းပစ်တာ၊ အိမ်တွေ အလုံးလိုက် အလုံးလိုက် မျှောပါနေတာတွေ၊ ကားတွေ၊ လေယာဉ်တွေ အစီးလိုက် ရေလှိုင်းတွေမှာ မျှောပါသွားတာတွေဟာ မယုံနိုင်ဖွယ် ကောင်းလွန်းလှပါတယ်.. ရုပ်ရှင်တွေကနေ ဆက်တင် ဆောက်ပြီး ရိုက်ပြတာထက် ပိုမိုဆိုးဝါး ထိတ်လန့်ဖွယ် ကောင်းလွန်းလှပါတယ်.. တကယ်တော့ တကယ့်အဖြစ်အပျက်တွေဟာ ရုပ်ရှင်ရိုက်ပြတာထက် ပိုမိုဆိုးဝါးလို့ နေပါတယ်။

ဂျပန်ငလျှင်နဲ့ တရုတ်နယ်စပ် ရန်ကျန်းခရိုင် ငလျှင်သတင်း ဓာတ်ပုံများကို မကြည့်မမြင်ရသေးသူများ၊ သတင်းတွေ ဖတ်ရှုဖို့ ခက်ခဲသော ပြည်တွင်းက လူများအတွက် ဓာတ်ပုံများကို ရနိုင်သလောက်  စုဆောင်းပြီး အောက်မှာ တင်ပေးလိုက်ပါတယ်နော်။


လှိမ့်တက်လာတဲ့ ရေလှိုင်းများ




ကြောက်စရာ ရေလှိုင်းများ


ရေလွှမ်းမိုးခံရပြီး ဆက်လက်မီးတောက်လောင်နေဆဲ အိမ်များ


တံမြက်စည်းလှဲသလို ရေလှိုင်းများက တိုက်စားပစ်တဲ့ အိုးအိမ်အဆောက်အဦးများ


အရုပ်ကားတွေ မဟုတ်ပါ

ပင်လယ်ကမ်းခြေက ၀င်ရောက်လာတဲ့ လှိုင်းလုံးများ


 အိမ်တွေအလုံးလိုက်


အိပ်မက် မဟုတ်သလို ရုပ်ရှင်လည်းမဟုတ်ပါ...



ပြင်းအား ၈.၉ မဂ္ဂနီကျူတောင်ရှိပြီး အလွန်ထိတ်လန့်ဖွယ် ကောင်းအောင် အင်အားကြီးမားတဲ့ ငလျှင်အမျိုးအစား ဖြစ်ပါတယ်.. ဒါတောင် ဂျပန်နိုင်ငံလို နည်းပညာ တိုးတက်လွန်းပြီး အဆောက်အဦးတွေကို ငလျှင်ဒဏ်ခံနိုင်အောင် တွက်ချက်ပြီး ဆောက်လုပ်ထားတဲ့ နိုင်ငံမို့ ဒီလောက်ပြင်းအားကို ခံနိုင်ရည်ရှိတယ်လို့ ဆိုရမှာပါ။ နည်းပညာ အားနည်း၊ ငွေကြေးလည်း မချမ်းသာ၊ ကယ်ဆယ်ရေးလုပ်ငန်းလည်း နှေးကွေးလွန်းတဲ့ နိုင်ငံမျိုးသာ ဖြစ်ခဲ့ရင် ဒီလိုပြင်းအား၊ ဒီလို ရေလွှမ်းမိုးမှုမျိုးနဲ့ဆို လူဦးရေ အသေပျောက်ဟာ ကြောက်ခမန်းလိလိ များပြားမှာတော့ အသေအချာသာ ဖြစ်ပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အင်တိုက်အားတိုက် လုပ်ဆောင်ပေးနေတာ၊ သတင်းတွေ အချိန်နဲ့တပြေးညီ ထုတ်ပြန်နိုင်တာ၊ အသေအပျောက်နည်းနိုင်သမျှ နည်းအောင် ဆောင်ရွက်နေတာ၊ ဒုက္ခသည်တွေကို ရဲရဲရင့်ရင့် သက်စွန့်ဆံဖျား ကယ်တင်နေတာတွေ ကြည့်ပြီး တာဝန်ရှိသူတွေကို လေးစားဖို့ကောင်းလှပါတယ်..

တွက်ချက်မထားသော တန်ဖိုး

စကားလုံးတွေနဲ့ သိုင်းဝိုင်းတန်ဆာ ဆင်မထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကို ချစ်စွာသော မိတ်ဆွေများကို ဖော်ပြပေးချင်ပါတယ်… အောက်က ပုံလေးတွေနဲ့သာ စာတစ်လုံး စကားတစ်ခွန်းမှမပါဘဲ ခံစားကြည့်နိုင်ပါတယ်ရှင်…












ပြုံးတိုင်းလှတဲ့သူ..


သွားဆိုတာဟာ လူတစ်ယောက်အတွက် အရေးပါတဲ့ အရာတစ်ခုဖြစ်ပါတယ်.. အစာစားတဲ့အခါမှာ သွားတွေ ကောင်းမွန်နေဖို့ လိုအပ်သလို လူတွေရှေ့မှာ ရဲရဲရင့်ရင့် ပြုံးနိုင်ဖို့၊ စကားဆိုနိုင်ဖို့ရင် သွားကလေးတွေ ဖြူစင်လှပ သန့်ရှင်းနေဖို့လည်း လိုပါသေးတယ်နော်။ တကယ်လို့ မိမိရဲ့ သွားကလေးတွေမှာ ပိုးပေါက်ကလေးတွေ ရှိနေရင် မညီမညာ ရွဲ့စောင်းနေတဲ့ သွားတွေ၊ ကျိုးနေတဲ့ရှေ့သွားတွေ၊ ၀ါညစ်ညစ် အရောင်ဖြစ်နေတဲ့ သွားတွေ ရှိနေခဲ့ရင် လူတွေရှေ့မှာ ဟက်ဟက်ပက်ပက် ရယ်မောဖို့ မိမိကိုယ်ကို ယုံကြည်မှုမရှိသလို ဖြစ်နေတတ်ပြီး အရှက်အကြောက်ကြီးလို့ ပါးစပ်ကို ကျယ်ကျယ် မဟရဲသလိုလို၊ ရယ်ဖို့ပဲ မေ့နေသလို၊ အပြုံးကလေးက ငါးခူလေးပြုံးနေသလို ရှိနေတတ်ကြပါတယ်။ မိမိရဲ့ သွားကလေးတွေ သဘာဝကျကျ ဖြူစင်သန့်ရှင်းနေပြီး လှလှကလေး ပြုံးနိုင်ဖို့ ဘယ်လိုများ လုပ်ကြရမလဲဆိုတာ စဉ်းစားကြည့်ကြပါစို့နော်။ သွားတွေ ဖြူဖွေးလှပဖို့ ထိရောက်တဲ့ နည်းလမ်းများစွာ ရှိပေမဲ့ အချို့နည်းလမ်းတွေက ငွေကြေး အကုန်အကျများတာကြောင့် ငွေကုန်ကြေးကျ မများဘဲ မိမိအိမ်မှာသာ လုပ်ဆောင်နိုင်တဲ့ နည်းလေးများကို ဝေမျှ ပါဦးမယ်ရှင်..


လိုအပ်တဲ့ပစ္စည်းတွေက
၁. အအေးသောက် ပိုက်တစ်ချောင်း
၂. သွားတိုက်တံတစ်ချောင်း
၃. သံပုရာရည်
၎. ဆား
၆. မုန့်ဖုတ် ဆော်ဒါ
၇. စတော်ဘယ်ရီ စတာတွေ ဖြစ်ပါတယ်။


အဆင့်(၁)

Image Hosted by PicturePush - Photo Sharing
အဆင့် (၁) အနေနဲ့ လုပ်ရမှာက သင့်သွားတွေကို ၀ါစေတဲ့ စားစရာ သောက်စရာတွေကို အကန့်အသတ်ထားပြီး စားသောက်ပါ။ သွားကို ၀ါစေတဲ့ အရာတွေထဲမှာ ကော်ဖီ၊ လက်ဖက်ရည်၊ ၀ိုင်အနီ၊ ဆေးလိပ်သောက်ခြင်း စတာတွေ ပါဝင်တာကြောင့် ၄င်းတို့ကို ဖြတ်နိုင်ဖို့ ကြိုးစားသင့်ပါတယ်.. ( ကော်ဖီကြိုက်တဲ့သူကို ကော်ဖီ ဖြတ်ခိုင်းနေပြန်ပြီ ) တကယ်လို့ မဖြတ်နိုင်ခဲ့ရင် အဲဒီအရာတွေကို သွားနဲ့ တိုက်ရိုက် မထိတွေ့စေနိုင်ရန် ကော်ဖီ အချိုရည် စသည်တို့ကို သင့်တင့်ရုံမျှ ပိုက်တစ်ချောင်းနဲ့ စုပ်သောက်ပါ လို့ အကြံပေးထားပါတယ်.. ( ဆိုင်မှာ ကော်ဖီနဲ့ လက်ဖက်ရည်ကို ပိုက်နဲ့ စုပ်သောက်ရင် ရူးနေပြီထင်တယ်လို့များ ပြောကြလေမလား မသိနော် :)  )

အဆင့်(၂)

အရေးတကြီး လုပ်ရမဲ့အလုပ်



ဆီယာတယ်ကနေ ဒါးလက်စ်ကို နောက်ဆုံးထွက်မဲ့ လေယာဉ်ပေါ်မှာ ကျွန်မ ရောက်ရှိလို့နေပါတယ်.. ခုံတစ်ခုံမှာ နေရာယူပြီးတဲ့နောက် လေယာဉ် ပျံသန်းချိန်အတွင်း လုပ်ရမဲ့ အလုပ်တွေအတွက် ကျွန်မရဲ့ လက်ပ်တော့လေးကို  ပေါင်ပေါ်တင်ကာ ဖွင့်ဖို့ လုပ်နေမိပါတယ်။ အဲဒီချိန်မှာ လေယာဉ်ပေါ်ကို ကလေးသုံးယောက်နဲ့ အမျိုးသမီး တစ်ယောက်တို့ဟာ ဆူညံလှုပ်ခတ်စွာ တက်ရောက်လာပါတယ်.. သူတို့ကို ကြည့်ပြီး  ကျွန်မထိုင်နေတဲ့ ခုံအနီးတစ်ဝိုက်မှာ လာမထိုင်ဖြစ်ပါစေနဲ့လို့ ဆုတောင်းလိုက်မိတယ်.. ဒါပေမဲ့ ဆုတောင်းက မပြည့်ပါဘူး။ အမျိုးသမီးနဲ့ လေးနှစ်အရွယ် ကလေးငယ်လေးတို့ဟာ ကျွန်မနောက်က ခုံမှာ ထိုင်လိုက်ပြီး သူမရဲ့ ၁၃နှစ်အရွယ် ကလေးမလေးနဲ့ ၁၁နှစ်အရွယ် ချာတိတ်လေးတို့ကတော့ ကျွန်မဘေးခုံမှာ ၀င်ထိုင်လိုက်ကြပါတယ်.. ထိုင်ပြီးတာနဲ့ တပြိုင်နက် သူတို့နှစ်ယောက်ဟာ စကားတွေ အပြန်အလှန်ပြောရင်း အငြင်းပွားနေပြီး ယောက်ျားလေးဟာ အငြိမ်မနေဘဲ ခုံပေါ်မှာ တွယ်တက်လိုက်၊ ခုန်ဆင်းလိုက် လုပ်နေပါတော့တယ်။ တခါတခါ ထိုင်ခုံကို ဆောင့်ကန်တာမျိုးတောင် လုပ်နေပါသေးတယ်..

ပြီးတော့လည်း လေယာဉ်ထွက်ပြီး မကြာခင်မှာဘဲ ကောင်လေးဟာ သူရဲ့ အစ်မဖြစ်သူကို “မမ.. လေယာဉ်က အခု ဘယ်ရောက်နေပြီလဲ” ဆိုတဲ့ မေးခွန်းကို မိနစ်အနည်းငယ် ကြာတိုင်းမှာ မေးခွန်းထုတ်ပါတော့တယ်.. သူမေးတိုင်းလည်း သူ့အစ်မ ဖြစ်သူ ကောင်မလေးက “ ပါးစပ်ပိတ်ပြီး တိတ်တိတ်နေစမ်း… ငါလဲ ဘယ်သိမှာလဲ” လို့ စိတ်မရှည်သံ၊ မာကြောသံဖြင့် ပြန်ပြောပြီး မှုန်ကုပ်ကုပ်နဲ့ ထိုင်နေပါတယ်.. ဒါပေမဲ့ ချာတိတ်လေးဟာ အငြိမ်လည်း မနေသလို၊ အလျှော့မပေးဘဲ မိနစ် အနည်းငယ်ကြာတိုင်း အဲဒီမေးခွန်းကိုပဲ ထပ်တလဲလဲ မေးနေပါတယ်။ သူတို့ ၂ယောက်က ဆူရတဲ့အထဲမှာ အနောက်က ကလေးလည်း ငိုယိုနေပါတော့တယ်. အမျိုးသမီးကတော့ အင်မတန်မှ ညိုးနွမ်း စိတ်အားငယ်နေတဲ့ ပုံစံနဲ့ ကလေးငယ်ကို ချော့မော့နေပေမဲ့ အားရှိပုံ မရပါဘူး။ သူတို့ကို ကြည့်ပြီး ကျွန်မမှာ စိတ်တွေရှုပ်၊ ခေါင်းတွေလည်း မူးနောက်လာသလို ခံစားရပါတော့တယ်။

“ကလေးတွေဟာ ဘာမှ နားလည်မှုကို မရှိကြဘူး။ တကယ့် လူဆိုးလေးတွေပဲ..” စိတ်ပေါက်ပေါက်နဲ့ ကျွန်မ တွေးမိပါတယ်။ လေယာဉ်ပေါ်မှာ လုပ်မယ်လို့ စိတ်ကူးထားတဲ့ အလုပ်ကိစ္စတွေလည်း  ကြက်ပျောက်၊ ငှက်ပျောက် အကုန် ပျောက်ကုန်ပါတော့တယ်။ စိတ်တိုတိုနဲ့ တွေးနေမိတုန်းမှာ ဘေးနားက ချာတိတ်လေးဆီက သူ့အစ်မကို မေးတဲ့  “မမ… ငါတို့တွေ အခု ဘယ်နေရာ ရောက်နေပြီလဲ ” ဆိုတဲ့ မေးခွန်းက ထွက်လာပြန်ပါတယ်..