ဗန်းမော်လမ်းနဲ့ ကျောက်စခန်း

ကျွန်မ ခရီးသွားတော့ စိန်လုံတောင်တန်းကနေ အပြန်မှာ ဗန်းမော်မြို့ကို အလည် ရောက်သွားဖြစ်ပါတယ်။ ဗန်းမော်မြို့ဟာ မိုးမောက်မြို့လမ်းခွဲကနေ ၁ဝမိုင်လောက် ဆက်ပြီး သွားရတဲ့ မြို့ကလေးဖြစ်ပါတယ်။ မိုးမောက်မှာ လမ်းနှစ်ခု ခွဲထွက်ပါတယ်.. တစ်လမ်းက မြစ်ကြီးနားဘက် ဆက်သွားမဲ့လမ်းပါ။ တစ်လမ်း ကတော့ ဗန်းမော်မြို့ကို သွားတဲ့ လမ်းခွဲပါ။ ဗန်းမော်၊ မိုးမောက်မြို့တို့ဆိုတာ ကျွန်းသစ်တွေ၊ သစ်မာတွေ အလွန်ပေါများတဲ့ ဒေသဖြစ်ပါတယ်။ တရုတ်နိုင်ငံနဲ့လည်း နီးတာကြောင့် တရုတ်ပစ္စည်းတွေလည်း အလွန်ပေါပါတယ်။ ဒီပိုစ့်မှာတော့ ဗန်းမော်မြို့ အသွား လမ်းမှာတွေ့ရတဲ့ ရှုခင်းတစ်ချို့က ဓာတ်ပုံတွေ ဖော်ပြပေးချင်တာပါ။

Image Hosted by PicturePush - Photo Sharing 
မိုးမောက်မြို့အ၀င်

Image Hosted by PicturePush - Photo Sharing 
ကျွန်းတော

Image Hosted by PicturePush - Photo Sharing 
တောင်တန်းနဲ့ ကျွန်းတော

Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing 
တိမ်ခိုးတွေဝေနေတဲ့ တောင်တန်း

Image Hosted by PicturePush - Photo Sharing 
တောင်တန်းပေါ်က အဆင်းရှုခင်း

တောင်တန်းကြီးကို လှမ်းမြင်နေရတဲ့ ရှုခင်းက လှလွန်းလို့ ပါးစပ်က တစ်ဖွဖွ ပြောမိရင်း ဓာတ်ပုံ ရိုက်ယူခဲ့ပါတယ်။ ပြာပြာညိုလွင်နေတဲ့ တောင်တန်းကြီးကလည်း လက်ကမ်းလို့ ကြိုနေတဲ့ အသွင် သဏ္ဍာန်ပါ။ မိုးမောက်မြို့အဝင်နားမှာ ကျောက်စခန်းဆိုတဲ့ အပန်းဖြေစခန်း တစ်ခု ရှိပါတယ်။ စိန်လုံတောင်တန်းပေါ်ကနေ စီးကျလာသော ရေစီးသန်တဲ့ ချာင်းထဲမှာ ကျောက်တုံးတွေ အရွယ်အစား အမျိုးမျိုး သဘာဝအတိုင်း လှပစွာ ရှိနေတဲ့နေရာဖြစ်ပါတယ်။ အဲဒီ ကျောက်စခန်းဆိုတာ ဗန်းမော်၊ မိုးမောက် ဒေသက လူတွေတွက်တော့ ဂုဏ်ယူစရာ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ သင်္ကြန်လို ရက်မျိုးဆိုရင် လူတွေ ကြိတ်ကြိတ်တိုး စည်ကားတယ်လို့ ဆိုပါတယ်။ ပုံမှန်ချိန်တွေ မှာတော့ အေးအေးဆေးဆေး စားသောက်လိုသူများ၊ တောတောင် သဘာဝရှုခင်းကို ကြည့်လိုသူများ လာရောက်တတ်ကြပါတယ်။ စားသောက်ဆိုင်ကလေးတွေ ရှိပြီး အေးအေးချမ်းချမ်း နေထိုင် စားသောက်လို့ ကောင်းတဲ့ နေရာလေးဖြစ်ပါတယ်။ ကချင်ပြည်နယ်ရဲ့ သဘာဝ အလှအပ နဲ့ တောတောင်တွေ ပေါတဲ့ မိုးမောက် ဗန်းမော် ဒေသကို မရောက်ဖူးသေးသူများ၊ စိတ်ဝင်စားသူများ၊ အလွမ်းပြေ ကြည့်ချင်သူများ ရှိရင် ကြည့်နိုင်ဖို့အတွက် မြင်ခဲ့ရ သလောက်လေးကို ပြန်လည် ဝေမျှ ချင်ပါတယ်ရှင်။

Image Hosted by PicturePush - Photo Sharing 
Stone Village Resorts အဝင်ဆိုင်းဘုဒ်

Image Hosted by PicturePush - Photo Sharing 
ချောင်းရိုးတစ်လျှောက်က ကျောက်တုံးကျောက်ဆောင်များ

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing 
ချောင်းကူးတံတား

Image Hosted by PicturePush - Photo Sharing 
ချောင်းကိုဖြတ်ကူးဖို့ ဝါးတံတား

Image Hosted by PicturePush - Photo Sharing 
ချောင်းတစ်ဖက်ကမ်း

Image Hosted by PicturePush - Photo Sharing 
ကြိုးတံတားလည်း ရှိပါတယ်...

ကျန်တဲ့ ပုံတွေကို အောက်မှာဆက်လက် ကြည့်ရှုနိုင်ပါတယ်နော်..

ကျွန်မနဲ့ မညှိုးပန်းကလေးများ ....

ဒီနေ့တော့ လက်မှုပညာ ဝါသနာပါတဲ့ အမျိုးသမီလေးတွေအတွက် ပန်းပွင့်လေးတွေနဲ့၊ဖဲန်စီ အသုံးအဆောင်လေးတွေကို မိမိစိတ်ကြိုက် ဖန်တီးလို့ရတဲ့ လက်မှုအနုပညာလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲဒါလေးကို စတွေ့မိတာက တစ်ရက်မှာ မြို့ထဲ လျှောက်ကြည့်ရင်း ဆိုင်လေးတစ်ဆိုင်ကို ကျွန်မ သတိထား လိုက်မိပါတယ်. ဆိုင်က ခပ်သေးသေးလေးပါ.. ဆိုင်ထဲမှာတော့ ပန်းအိုးရောင်စုံလေးတွေ ခင်းကျင်းထားသလို၊ အရောင်စုံ ချည်လေးတွေလည်း စုံလင်စွာ ရောင်းချနေတာ တွေ့ရတာတော့ စပ်စုချင်စိတ်နဲ့အတူ ပန်းအိုးကလေးတွေမြင်တော့ ကြည့်ချင်စိတ်က တားမရတာကြောင့် ဆိုင်ထဲကို ဝင်သွားမိပါတယ်။ ဆိုင်ထဲရောက်လို့ ပန်းအိုးလေးတွေကို ကြည့်တဲ့အခါ အခါတိုင်း မြင်တွေ့နေကျ ပလပ်စတစ်ပန်းတွေနဲ့ လုပ်ထားတာ မဟုတ်ဘဲ ပန်းပွင့်လေးတွေကို အသားကပ် ခြေအိတ်လို အသားမျိုးလေးတွေနဲ့ ပြုလုပ်ထားပြီး နှင်းဆီ၊ ကျူးလစ်၊ သစ်ခွ စသဖြင့် ပန်းမျိုးစုံကို ဆိုင်ရှင်အစ်မကြီးက သူကိုယ်တိုင်လုပ်ပြီး ပန်းအိုးအဖြစ် အလှဆင်ထားတာဖြစ်ကြောင်း ရှင်းပြပါတယ်။ အဲဒီပန်းပွင့်လေးတွေ ဖြစ်လာဖို့ အသုံးပြုရတဲ့ ချည်လေးတွေနဲ့ ၀တ်ဆံတွေ စတဲ့ ပစ္စည်းတွေ၊ ပန်းအိုးကလေးတွေကို အောက်က ပုံတွေမှာ ကြည့်ရှုနိုင်ပါတယ်။





ဒါလေးတွေက ပန်းပွင့်အဖတ်တွေလုပ်တဲ့ အစတွေ ဖြစ်ပါတယ်။ အဲဒါလေးတွေဟာ ပါးပါးလှပ်လှပ်လေးတွေဖြစ်ပြီး အသားကပ်ခြေအိတ်အသားမျိုး ဖြစ်ပါတယ်။



ပန်းဝတ်ဆံတွေလုပ်တဲ့ အရာလေးတွေ


ပန်းထိုးဖို့ အိုးမျိုးစုံ

ပန်းကိုင်း ရိုးတံတွေ လုပ်တဲ့ အတံလေးတွေပါ


ပန်းအဖူးလေးတွေလုပ်ဖို့ ဖော့တုံးလေးတွေပါ

ပန်းအရွက်လုပ်ဖို့ (ဒါတွေကတော့ အဆင်သင့်လုပ်ပြီးသား ပလပ်စတစ် အရွက်တွေ ဖြစ်ပါတယ်)



ဆိုင်လေးထဲမှာ ခင်းကျင်းထားတဲ့ ပန်းအိုးလေးတွေပါ



ဆိုင်ရှင် အစ်မရဲ့ လက်ရာ ချစ်စရာဂန္ဓာမာပန်းအိုး



ကျူးလစ်ပန်းကလေးနဲ့ တူပါတယ်



သစ်ခွ နှင်းဆီ စတဲ့ ပန်းမျိုးစုံ

Image Hosted by PicturePush - Photo Sharing

ဒီပန်းအိုးလေးတွေက အပေါ်မှာ ဖော်ပြထားတဲ့ ပစ္စည်းလေးတွေနဲ့ ပြုလုပ်ထားတဲ့ ပန်းအိုးတွေ ဖြစ်ပါတယ်။ ရောင်စုံ အဝတ်စလေးတွေ ပန်းပွင့်တွေ အဖူးတွေ ပွင့်ချပ်ပွင့်ဖတ်တွေ ပြုလုပ်ပုံက စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒါကြောင့် လုပ်ပုံလုပ်နည်းတွေကို ဆိုင်ရှင်ကို သေသေချာချာ မေးကြည့်မိတော့ ဆိုင်ရှင်က သူကိုယ်တိုင် လုပ်ပြတဲ့အပြင် လုပ်နည်း စာအုပ်တွေပါ ထုတ်ပြပါတယ်။



ဒါကတော့ ပန်းပွင့်မျိုးစုံ နဲ့ ပန်းအိုးထိုးနည်း မျိုးစုံအကြောင်း သရုပ်ဖော်ပုံလေးတွေနဲ့ ရေးထားတဲ့ စာအုပ်ပါ။ စာအုပ်ရော ပြုလုပ်တဲ့ ပစ္စည်းအားလုံးသည် တရုတ်က ထုတ်တဲ့ ပစ္စည်းများ ဖြစ်ပါတယ်။ စာအုပ်လေးတွေမှာ လုပ်နည်းအဆင့်ဆင့်နဲ့ စီဒီခွေပါ ပါဝင်တာကြောင့် ကျွန်မ အတော်သဘောကျသွားပါတယ်။ ဒါကြောင့် ကိုယ်တိုင်လုပ်ကြည့်ဖို့အတွက် စာအုပ်လေးတွေနဲ့အတူ ပန်းပွင့်တွေ ပန်းအိုးတွေလုပ်ဖို့ ပစ္စည်းကိရိယာ စုံစုံလင်လင် ဝယ်ယူလာခဲ့ပါတော့တယ်။




ဒီပစ္စည်းတွေက ပန်းကလေးတွေ ပြုလုပ်ဖို့ မဖြစ်မနေ လိုအပ်တာလေးတွေပါ.. အရောင်စုံက ချည်ထည်များဖြစ်ပါတယ်။ အစိမ်းရောင်အဖြူရောင်က  လိုအပ်တဲ့ ပွင့်ချပ်တွေ ပြုလုပ်ဖို့ သွပ်ကြိုးလေးတွေပါ။ ကပ်ကြေးတစ်လက်လည်း လိုပါတယ် အစလေးတွေ ဖြတ်ဖို့ပါ။ ပြီးတော့ ပလာယာသေးသေးလေးလိုပါတယ်.. သွပ်ကြိုးတွေကို လိမ်ဖို့ ဖြတ်ဖို့ပါ။ အဖြူရောင် အကွင်းတွေကတော့ သွပ်ကြိုးတွေကို ပွင့်ချပ်အရွယ်အစားအမျိုးမျိုး လုပ်နိုင်ဖို့ပါ။ ခရမ်းရောင် အညိုရောင်က ပန်းပွင့်ရဲ့ ရိုးတံမှာ ဖုံးဖို့ပါ။ အပြာရောင်လေးက ကော်ချောင်းကို အပူပေးတဲ့ သေနတ်ပါ။ ပလပ်လေးထိုးလိုက်ရင် အနောက်က ကော်ချောင်းလေး အရည်ပျော်သွားပြီး ပန်းပွင့်တွေကို မိမိလိုအပ်တဲ့နေရာမှာ ကပ်စေဖို့ပါ။


Image Hosted by PicturePush - Photo Sharing 
ပွင့်ဖတ်လေးတွေ လုပ်ဖို့

Image Hosted by PicturePush - Photo Sharing 
သွပ်ကြိုးလေးကို ဒီလိုအ၀ိုင်းလေးဖြစ်အောင် လုပ်ပါတယ်

Image Hosted by PicturePush - Photo Sharing 

ဒီလို အသားကပ်ခြေအိတ်လို အသားပါးပါးလေး

Image Hosted by PicturePush - Photo Sharing 
အဲဒါကို သွပ်ကြိုးအ၀ိုင်းလေးကို ဖုံးမိအောင် အုပ်လိုက်တာပါ

Image Hosted by PicturePush - Photo Sharing 
ဒီလိုလေးတွေဆို ပွင့်ချပ်လေးတွေ ပါတယ်

Image Hosted by PicturePush - Photo Sharing 
ပန်းပွင့်ပြုလုပ်ဖို့ ပွင့်ချပ်များ

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing 
အဲဒီ အရွယ်မတူတဲ့ ပွင့်ချပ်လေးတွေကို ခုလိုပန်းပွင့်လေးတွေ ဖြစ်အောင် လုပ်တာပါ။

Image Hosted by PicturePush - Photo Sharing 
ဒါလေးက ကြာပန်းလေးပါ ။

Image Hosted by PicturePush - Photo Sharing 

ကြာပန်းကို ပန်းအိုးလေးနဲ့ နေရာချဖို့ ပြင်ဆင်နေတာပါ. ကြာဖူးနဲ့ ကြာရွက်ကတော့ ဒီတိုင်းရောင်းတာလေး ၀ယ်လာတာပါ.. ကြာပွင့်တွေကိုတော့ ကိုယ်တိုင်လုပ်ပါတယ်။

Image Hosted by PicturePush - Photo Sharing 

ပန်းအိုးပြင်ဆင်နေတာပါ (ညဘက်ကြီး အားကြိုးမာန်တက် လုပ်နေတာမို့ ပုံထဲမှာတော့ မှောင်နေပါတယ်)


မနက်ခင်းရောက်တော့မှ အလင်းရောင်အောက်မှာ ဒီလို ပန်းအိုးလေးဖြစ်သွားပါတယ်။။ (လှတယ်ဟုတ်)း)




ကြာရွက်ပေါ်မှာ ဖားကလေးတွေတောင်ပါသေးတယ်.. :)


Image Hosted by PicturePush - Photo Sharing
ပိန်းပန်းလုပ်နေတာပါ

Image Hosted by PicturePush - Photo Sharing 

ဟော. ဒီမှာ ပိန်းပန်းတွေ


Image Hosted by PicturePush - Photo Sharing 
ဒီလို ပန်းအိုးထိုးဖို့ ပြင်နေပြီ

ဒီချည်ထည်ရောင်စုံလေးတွေကို အသုံးပြုပြီး အိမ်မှာ ကိုယ်တိုင်ပြုလုပ်ထားတဲ့ ပန်းအိုးကလေးတွေနဲ့  မိတ်ဆွေတို့ကို မိတ်ဆက်ပေးချင်ပါတယ်။ ပန်းအိုးကလေးတွေကို အောက်မှာ ဆက်လက်ကြည့်ရှုရအောင်နော်..

ရွှေမှုန်စားကြသူများ..



ရွှေဆိုသည့်အရာသည် ဟိုးယခင်ရှေးခေတ်ကတည်းက အမြတ်တနိုး တန်ဖိုးထား သုံးစွဲခဲ့ကြသော သတ္တု တစ်မျိုးဖြစ်သည်။လွန်ခဲ့သော ခေတ်တွင်တော့ ရွှေဟူသည်မှာ မင်းစိုးရာဇာ သူဌေးသူကြွယ် တော်ဝင် အသိုင်းအဝိုင်းတွင်သာ သုံးစွဲဝတ်ဆင်နိုင်သော အဖိုးတန် ရတနာဖြစ်လေသည်။ ရာထူးအာဏာ ကြီးမားသူ၊ ဂုဏ်ဓန ကြွယ်ဝသူ တတ်နိုင်ကြသည့် လူချမ်းသာအသိုင်းအ၀ိုင်းမှ လူတန်းစားများက ချမ်းသာလျှင် ချမ်းသာသလောက် သိုင်းဝိုင်း ချဲ့ထွင်ကာ ရွှေထည်ပစ္စည်းများကို ချမ်းသာခြင်း၊ ဂုဏ်သိက္ခာရှိခြင်း၏ ပြယုဒ်အဖြစ် ဝံ့ကြွားစွာ သုံးစွဲခဲ့ကြလေသည်။


ယခုခေတ်တွင် ငွေကြေးကြွယ်ဝသူများက ရွှေကို အသုံးအဆောင်ပြုလုပ် ၀တ်ဆင်သုံးစွဲရုံသာ အားမရဘဲ အစားအသောက်များတွင် နည်းမျိုးစုံဖြင့် ထည့်သွင်းကာ စားသောက်ဖို့ ကြံစည်ကြပြန်လေသည်။ ရွှေကို အလွန်နူးညံ့သော အမှုန်ကလေးများဖြစ်အောင် သန့်စင်ပြုပြင်ပြီး ချောကလက်၊ ကိတ်မုန့်၊ အဖျော်ယမကာများ စသည့် အမျိုးမျိုးသော စားသောက်ဖွယ်ရာများတွင် ထည့်သွင်းကာ ဈေးကြီးသော စားသောက်ဖွယ်ရာအဖြစ် ငွေကြေးချမ်းသာသူများက ပကာသနသက်သက် ဂုဏ်ဓနဖက်၍ လူအများရှေ့ စားသုံးကြလေတော့သည်။ ရွှေကို စားသောက်ခြင်းအားဖြင့် အကျိုးကျေးဇူး မယ်မယ်ရရဟူ၍ ဖော်ပြထားသည်ကို မတွေ့ရသလို စားသည့်လူအား မည်သို့မည်ပုံ ထိခိုက်နိုင်သည်ဟူ၍လည်း မတွေ့ရပါ။ လှချက်ရက် စက်စက်ယိုကြသူများကျတော့ ရွှေမှုန်သွင်းလျှင် မျက်နှာအသားအရေ လှပသည်ဟုဆိုကာ မျက်နှာပြင်အား ရွှေသွင်းကြပြန်လေသည်။ ရွှေသွင်းခြင်းအားဖြင့် ပိုလှလာသည် မလှလာသည်တော့ မသိ။ အချို့မှာ  side effect ကို ခံစားရပြီး မျက်နှာပြင်တွင် အဖုများ ပိုမိုပေါက်လာခြင်း၊ ချွေးပေါက်ပိုကျယ်လာခြင်းတို့ ဖြစ်လာကြောင်းကိုတော့ မကြာခန ကြားဖူးနေရသည်။ ရွှေကို အစားအစာ၊ အဖျော်ယမကာများတွင် မည်ကဲ့သို့ ထည့်သွင်းစားသောက်ကြသည်ကို ဖော်ပြရလျှင်


Image Hosted by PicturePush - Photo Sharing 

 ဒေါ်လာ ၁၀၀၀တန်ကမ္ဘာ့ဈေးအကြီးဆုံး ရေခဲမုန့်ပါ။ ရွှေမှုန်လေးတွေ ပါဝင်သည်


Image Hosted by PicturePush - Photo Sharing 

Glasgow ရှိ စားသောက်ဆိုင်တစ်ခုတွင် ရောင်းချသော ဒေါ်လာ ၅၀၀၀တန် ရွှေပြားလေးများ ပါဝင်သည့် ပီဇာဖြစ်သည်။

ကျန်ရှိနေသေးသော ရွှေမှုန်များ ပါဝင်သည့် စားသောက်ဖွယ်ရာများမှာ...

ပိတ်သွားသော တံခါးပေါက်၏အခြားတစ်ဖက်..







တကယ်လို့များ သင်ဟာ ခန္ဓာကိုယ် အစိတ်အပိုင်း အားလုံး ပြည့်စုံနေတဲ့ သူတစ်ယောက်သာ ဖြစ်နေခဲ့မယ်ဆိုရင် သင့်စိတ်ကူးအိပ်မက်တွေကို ဖြစ်မြောက်လာအောင် အကောင်အထည်ဖော်နိုင်ဖို့အတွက် ဘာကြောင့်များ မဖြစ်လာနိုင်ရမှာလဲနော်။ လူတစ်ယောက်ဟာ လက်နှစ်ဘက် ဆုံးရှုံးသွားခဲ့ရင်တောင် အောင်မြင်ထင်ရှားတဲ့ ပန်းချီဆရာ ဖြစ်လာနိုင်ပါသေးတယ်။ လက်နှစ်ဘက် မရှိပေမဲ့ ပန်းချီကားတွေ ရေးဆွဲနေတဲ့ သူ့နံမည်က ဟွမ်ကော်ဖု ဖြစ်ပါတယ်။ သူဟာ ကြိုးစားချင်စိတ်၊ အောင်မြင်ချင်စိတ်သာ ပြင်းပြင်းပြပြ ရှိမယ်ဆိုရင် မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးလို့ ကျွန်မတို့အားလုံးကို သင်ခန်းစားပေးခဲ့သူ ဖြစ်ပါတယ်။ သူဟာ ဘာတွေ ထူးခြားတဲ့သူလည်း ဆိုတာ သူ့အကြောင်းလေးကို ပြောပြချင်ပါတယ်။

တရုတ်ပြည် ချုံကျင်းပြည်က မြို့ငယ်လေးတစ်မှာ နေထိုင်တဲ့ ဟွမ်ဟာ ကလေးဘ၀ အသက်လေးနှစ်အရွယ်မှာ ပြင်းထန်စွာ ဓာတ်လိုက်ခံရပြီးနောက် လက်နှစ်ဖက်လုံး ဖြတ်တောက်ခံလိုက်ရပါတယ်။ လက်နှစ်ဖက်လုံး မရှိတော့ပေမဲ့ သူ့အိပ်မက်ကို စွန့်လွှတ်လိုက်ဖို့ စိတ်ကူးမရှိတာကြောင့် ဘ၀ကို ဒီအတိုင်း မကုန်ဆုံးစေဘဲ အသက် ၁၂နှစ်အရွယ်မှာ ပန်းချီကားများကို ခြေထောက်နဲ့ စတင် ရေးဆွဲနိုင်ဖို့ ကြိုးစားအားထုတ်ပါတော့တယ်။ စစချင်းမှာတော့ အခက်အခဲများစွာနဲ့ ရင်ဆိုင်ရသလို သူ့ပန်းချီးကားတွေဟာလည်း ဘာကိုဆွဲလို့ ဆွဲမှန်းမသိလောက်အောင် ဆိုးဝါးခဲ့ပါတယ်။ ဒါပေမဲ့ ဟွမ်ဟာ စိတ်မပျက်ပါဘူး။  အချို့ညတွေဆို တစ်ညလုံး မအိပ်ဘဲလေ့ကျင့်နေခဲ့ပါတယ်။ ကြိုးစားရေးဆွဲရင်းနဲ့ တစ်နှစ်ပြီးတစ်နှစ် ကုန်လွန်လာတိုင်း သူ့လက်ရာဟာ တိုးတက်လာပါတယ်။

သူဟာ ပန်းချီကားတွေ များစွာ လေ့ကျင့်ရေးဆွဲနေရင်း တစ်ဖက်က ကျောင်းလည်း တက်နေခဲ့ပါတယ်။ ဒီလို  သူ့ရဲ့ ၀ါသနာနဲ့ စိတ်ကူးအိပ်မက်တွေ လက်တွေ့ဖြစ်လာဖို့ အားကြိုးမာန်တက် ကြိုးစားနေတုန်း သူ့အသက် ၁၈နှစ်မှာ သူ့ရဲ့ ဖခင်ဟာ အပြင်းအထန် နေမကောင်းဖြစ်လာတာကြောင့် ဆေးကုသခံယူဖို့အတွက် ငွေကြေးလိုအပ်လာပါတယ်။ ဒါကြောင့် သူဟာ ကျောင်းထွကလိုက်ပြီး တရုတ်ပြည်ရဲ့ မြို့ကြီးတွေကို လှည့်လှည်ကာ ပန်းချီဆွဲရင်း ငွေရှာနိုင်ဖို့ ကြိုးစားပါတယ်။ လူစည်ကားရာ လမ်းဘေးတွေမှာထိုင်ပြီး ပန်းချီကားအမျိုးမျိုးကို ရေးဆွဲကာ ဖြတ်သန်း သွားလာသူတွေကို ရောင်းချပါတော့တယ်။ အများစုက လက်နှစ်ဖက် မရှိဘဲ ပန်းချီဆွဲနေတဲ့ သူ့ကို သနားကြင်နာစိတ်၊ ကိုယ်ချင်းစာစိတ်တို့ဖြင့် ၀ယ်ယူအားပေးခဲ့ကြပါတယ်။


Huang Guofu, 41, painting with his toes



အဲဒီလို ခရီးသွားလှည့်လှည်ပြီး  ခြေထောက်အသုံးပြုပြီး ပန်းချီကားတွေကို ရေးဆွဲနေရင်းမှာဘဲ တစ်စုံတစ်ယောက်ထံက “ပန်းချီကားတွေဟာ ခြေထောက်နဲ့ ဆွဲတာဖြစ်လို့ သိပ်ပြီး သပ်ရပ်တိကျမှု မရှိဘူး၊ ဆွဲနည်းကို ပြောင်းရင်ကောင်းမယ် ”ဆိုတဲ့ မှတ်ချက်ကို ကြားလိုက်ရပါတယ်။ ဒါနဲ့ သူက စုတ်တံကို ပါးစပ်မှာ ကိုက်ပြီး ပန်းချီရေးဆွဲတဲ့နည်းကို လေ့ကျင့်ပြန်ပါတော့တယ်။ တကယ်လဲ ပါးစပ်နဲ့ ပန်းချီဆွဲတာဟာ ခြေထောက်နဲ့ ဆွဲတာထက် ပိုပြီး သပ်သပ်ရပ်ရပ်ဖြစ်ကာ အဆင်ပြေချောမွေ့တယ်ဆိုတာ သူက သိလာပါတယ်။ ဒီလိုနဲ့ သူဟာ ပါးစပ်နဲ့ ရေးဆွဲရတာကို အလေ့အကျင့်များစွာ ရလာပြီး အလွန်ကောင်းမွန်လက်ရာမြောက်တဲ့ ပန်းချီကားများကို ညာခြေနဲ့ရော ပါးစပ်နဲ့ပါ အသုံးပြုပြီး ရေးဆွဲလာနိုင်ခဲ့ပါတယ်။

Disabled-Artist_1_(theourworld.com)
ပါးစပ်ဖြင့် စုတ်တံကို ကိုက်ကာ ပန်းချီရေးနေစဉ်

Disabled-Artist_3_(theourworld.com)

 
ပန်းချီကားတွေ ရေးဆွဲ လှည့်လှည်တဲ့ ဟွမ်ရဲ့  ခရီးမှာဘဲ စီချွမ်ပြည်နယ်ရဲ့ မြို့တစ်ခုအရောက်မှာ ချစ်စဖွယ် အမျိုးသမီးလေးတစ်ဦးနဲ့ တွေ့ဆုံမိကြပါတယ်။ အဲဒီ မိန်းခလေးဟာ ဟွမ်ရဲ့ မဆုတ်မနစ်သော ဇွဲလုံ့လနဲ့ ပါရမီ ထက်သန်ပုံတို့ကို လေးစားချီးကျူးမိကာ လျှင်မြန်စွာဘဲ မေတ္တာသက်ဝင် ချစ်ခင်မိပါတော့တယ်။ ၂ဝဝဝ ခုနှစ်မှာ သူတို့ နှစ်ယောက်ဟာ လက်ထပ်လိုက်ကြပြီးတဲ့နောက်