တိမ်လွှာခြုံတဲ့ အပြာရောင်မြို့ကလေး....


မော်ရိုကိုနိုင်ငံမှာ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်နေတဲ့ မြို့ကလေးတစ်မြို့ကတော့  Chefchaouen လို့အမည်ရတဲ့ မြို့ဖြစ်ပါတယ်။ မော်ရိုကိုမှာ အလှပ၊ အသန့်ရှင်းဆုံး မြို့ကလေးတစ်မြို့ရယ်လို့ အသိအမှတ် ပြုကြရပါတယ်။ စပိန်နိုင်ငံကနေ ထွက်ပြေးလာကြသူများက ၁၄၇၁ခုနှစ်မှာ စတင်တည်ထောင်ခဲ့ကြတာ ဖြစ်ပါတယ်။ မော်ရိုကိုနိုင်ငံရဲ့ မြောက်ဖက်စွန်းမှာ တည်ရှိပြီး ကျူးကျော်ရန်စလာသူ ပေါ်တူဂီတို့ကို ကိုယ့်အားကိုယ်ကိုးပြီး ခုခံ တိုက်ခိုက်ခဲ့ကြတဲ့ ခံတပ်မြို့တစ်မြို့လည်း ဖြစ်ခဲ့ပါတယ်။ Chefchaouen မြို့ကလေးဟာ  Rif တောင်တန်းကြီးရဲ့  တောင်စောင်းမှာ တည်ရှိနေတာမို့ ကောင်းကင်ပေါ်မှာ တည်ရှိနေတဲ့ မြို့ကလေးလို့ထင်ရမတတ် မြို့ကလေးရှိရာ တောင်တန်းပေါ်မှာ တိမ်တွေ ၀ဲဖြာ ယှက်သိုင်းလို့ ညှို့ညှို့ဆိုင်းဆိုင်း ရှိနေတတ်ပုံက လွမ်းတတ်သူတွေအဖို့တော့ မျက်ရည်ဝဲစရာရယ်လို့ ပြောရမတတ်ပါဘဲ။

  


တိမ်ပေါ်ကမြို့

 တိမ်လွှာစောင်ကို ခြုံတဲ့မြို့





The old town of Chefchaouen



မှိုင်းမှုန်ပြာရီ

စစ်ပွဲများ ပြီးဆုံးလို့ တိုင်းပြည်အေးချမ်းချိန်မှာတော့ မြို့ငယ်ကလေးဟာ နိုင်ငံရေးကြောင့် ထွက်ပြေးခိုလှုံလာရသော မွတ်ဆလင်နဲ့ ဂျူးလူမျိုးတို့ အများဆုံးနေထိုင်ရာ ဒေသ ဖြစ်လာပါတယ်။ Chefchaouen ဆိုတဲ့အမည်ဟာ စပိန်ဘာသာစကားဖြစ်တဲ့ “Chauen” က ဆင်းသက်လာတာဖြစ်ပြီး ကျွဲချိုလို့ အမည်ရပါတယ်။ ၄င်းအမည်အတိုင်း Chefchaouen မြို့တည်ရှိနေတဲ့ တောင်ကုန်း၂ခုဟာ အပေါ်စီးက ကြည့်မယ်ဆိုရင် ကျွဲချိုပုံသဏ္ဍာန် တည်ရှိနေခဲ့ပါတယ်။  မြို့ထဲမှာ ရောင်းချသော လှပအနုစိတ်လှတဲ့ အနုပညာ လက်မှုပစ္စည်းများနဲ့ အရောင်အသွေးစုံလင်လှတဲ့ အထည်အလိပ်များကြောင့် နာမည်ကျော်ရခြင်း ဖြစ်သလို ဆိတ်နို့ကနေ ပြုလုပ်ထားသော အလွန် အရည်အသွေးကောင်းပြီး အရသာရှိလှတဲ့ ဒိန်ခဲတို့ကြောင့်လည်း ထင်ရှားရခြင်း ဖြစ်ပါတယ်။ မိုရိုကိုနိုင်ငံက ထွက်ရှိတဲ့ တိုင်းရင်း ပရဆေးပင် အတော်များများဟာလည်း ၄င်း မြို့အနီးတစ်ဝိုက်ကနေ စိုက်ပျိုးထွက်ရှိတာကြောင့် ပရဆေးပင်များကြောင့်လည်း ထင်ရှားကျော်ကြားပါတယ်။ မြို့ကလေးရဲ့အခြားသော ထူးခြားချက်တစ်ခုက အပြာရောင် မြို့တော်လို့ ခေါ်တွင်ရလောက်အောင် တစ်မြို့လုံး အဆောက်အဦးတွေ၊ အိမ်တွေ၊ လမ်းကြားတွေကို ဆေးအပြာရောင် သုတ်ထားပါတယ်။ 
  

Street Market Chefchaouen
လက်မှု အနုပညာပစ္စည်းများနဲ့ ချည်ထည်များ ရောင်းချရာဆိုင်

 အဆောက်အဦးများကို အပြာရောင်ဆေးခြယ် သုတ်လိမ်းခြင်း အလေ့အထဟာ မြို့ကလေးမှာ စတင်နေထိုင်ကြသူ ဂျူးလူမျိုးများထံမှ အဆင့်ဆင့် လက်ဆင့်ကမ်း သယ်ဆောင်လာတဲ့ အလေ့အထ ဖြစ်တယ်လို့ဆိုပါတယ်။ မြို့နေ လူထုဟာ ရှေး သမ္မာကျမ်းစာထဲမှာပါဝင်တဲ့ ညွှန်ကြားချက်ကြောင့် အပြာရောင်ဆေးခြယ်ထားသော ချည်မျှင်ကို အဝတ်အထည် များတွင်ပါ ထည့်သွင်းယက်လုပ်တတ်ကြပါတယ် ။ ရှေးခေတ်ကတော့ ပင်လယ်ကနေ ရရှိတဲ့ ခရုခွံတစ်မျိုးကနေ ဆိုးဆေးအပြာရောင်ကို ထုတ်ယူခဲ့ကြသော်လည်း ယခုခေတ် ၄င်းဒေသမှာ ဆက်လက် နေထိုင်သူတွေမှာတော့ ခရုခွံကနေ ဆိုးဆေးရအောင် ဘယ်လိုထုတ်ယူတယ်ဆိုတာကိုပါ မေ့ကုန်ကြပြီး အလွယ်တကူရတဲ့ ဆိုးဆေးကိုသာ အသုံးပြုကြပြီး အ၀တ်အစားတွေမှာတော့ ယခုချိန်တိုင် အပြာရောင်ချည်စကို ထည့်သွင်းယက်လုပ် နေကြတုန်းဖြစ်ပါတယ်။


တစ်မြို့လုံးက အဆောက်အဦးတွေဟာ ပြာလွင်နေတာကြောင့် ရောက်လာတဲ့ ခရီးသွားဧည့်သည်တွေ စိတ်ဝင်စားဖွယ်ရာ ဖြစ်နေခဲ့ကြပါတယ်။ အင်မတန်ကျဉ်းမြောင်းတဲ့ လမ်းကြားငယ်လေးတွေ၊ အသုံးအဆောင် ပစ္စည်းတွေကို ပြာလွင်နေတဲ့အရောင်တွေနဲ့ မြင်ရတာကိုက အမြင်တစ်မျိုးဆန်းစေပါတယ်။ မြို့သူမြို့သားတွေရဲ့ အဆိုအရ သူတို့တွေဟာ အပြာရောင်ကိုမြင်တိုင်း ခေါင်းပေါ်က အပြာရောင် မိုးကောင်ကင်ကြီးကို သတိရမိကြပြီး မိုးကောင်းကင်ဘုံမှာ နေထိုင်တဲ့ ဘုရားသခင်ကို အမြဲသတိရနေမိအောင် အပြာရောင်ကို သုံးစွဲကြခြင်းဖြစ်ကြောင်း သိရပါတယ်။  မြို့ကလေးထဲကို လျှောက်သွားချိန်မှာတော့ ဘယ်နေရာကြည့်ကြည့် အပြာရောင်တွေသာ ဖြစ်နေလေတော့ အပြာရောင်ထဲမှာ လမ်းလျှောက်သွားနေရတဲ့ ခံစားချက်မျိုးကလည်း တစ်မျိုးလေး ထူးဆန်းနေပါတယ်တဲ့.. အောက်မှာတော့ အပြာရောင်မြို့ကလေးရဲ့ ပုံရိပ်များကို ဖော်ပြပေးလိုက်ပါတယ်ရှင်..

စားကြမလား ငါးခေါက်ဆွဲ

ဒီတစ်ပတ် စားသောက်ဖွယ်ရာ ကဏ္ဍမှာ ကျွန်မ ဗန်းမော်မြို့ကို ရောက်ခဲ့တုန်း စားခဲ့ရတဲ့ ငါးခေါက်ဆွဲခေါ် မျှစ်ချဉ်ခေါက်ဆွဲ စားကြဖို့ ဖိတ်ခေါ်ပါရစေရှင်။ ဧရာဝတီမြစ်နဲ့ တာပိန်မြစ်တို့ရဲ့ ကမ်းဘေးမှာ တည်ရှိတဲ့ ဗန်းမော်မြို့ဟာ ငါးပေါလှတဲ့ မြို့ဖြစ်တာကြောင့် ငါးနိုင်းချင်းနဲ့ ချက်ထားတဲ့ ဗန်းမော်ရဲ့ ခေါက်ဆွဲဟာလည်း အလွန် နာမည် ကျော်လှပါတယ်။ ဗန်းမော်မြို့ရဲ့ သမိုင်းဝင် နံမည်ကျော် ရွှေကျေးနား ဘုရားကို သွားဖူးပြီး အပြန်မှာ သူငယ်ချင်းက ကျွေးတဲ့ ငါးခေါက်ဆွဲဟာ မမေ့နိုင်အောင် ကောင်းလှပါတယ်လို့ ပြောရင် လွန်တယ် မထင်ပါနဲ့ရှင်။ ဗန်းမော်မြို့သူ မြို့သားတို့ဟာ ဧည့်သည်လာရင် ငါးခေါက်ဆွဲကို မဖြစ်မနေ လိုက်ကျွေးလေ့ရှိကြောင်း သိရပါတယ်။ ဗန်းမော်မြို့ကို နှစ်ကြိမ်တိတိ ရောက်ဖူးခဲ့တဲ့ ကျွန်မဟာ ရောက်တိုင်းလည်း ငါးခေါက်ဆွဲ စားဖြစ်ပါတယ်။ ငါးခေါက်ဆွဲကို မျှစ်ချဉ်ခေါက်ဆွဲလို့လည်း ခေါ်တတ်ကြပါတယ်။ ထိုသို့ ခေါ်ကြခြင်းရဲ့ အကြောင်းရင်းက ခေါက်ဆွဲကို မျှစ်ချဉ်နဲ့ အဓိက စားကြတာဖြစ်တာကြောင့် မျှစ်ချဉ်ခေါက်ဆွဲလို့လည်း ခေါ်ကြခြင်း ဖြစ်ပါတယ်။ ဗန်းမော်ရောက်တုန်းက ကျွန်မ စားခဲ့ရတဲ့ ငါးခေါက်ဆွဲချက်နည်းလေးကို မမေ့မလျော့ အိမ်မှာပြန်ချက်စားဖြစ်တာလေးကို ဒီနေရာကနေ ပြန်လည် ဝေမျှပါရစေရှင်။ ၀ါသနာပါရင် ချက်စားကြည့်ကြဖို့ပါနော်။

အဆပလာ မများလှတဲ့အပြင် ရိုးရိုးရှင်းရှင်းနဲ့ လွယ်ကူပြီး စားလို့လည်းကောင်းတဲ့ ငါးခေါက်ဆွဲချက်ဖို့ ပထမဦးစွာ ငါးခေါက်ဆွဲချက်ဖို့ ငါးကြင်းကို ကြက်သွန်ဖြူ၊ ဂျင်း ဆား အရသာမှုန့်စသည်တို့နဲ့ အရင်ဦးဆုံး ပြုတ်ပါတယ်။ ငါးကြင်းမရှိလဲ မိမိမှာ အဆင်ပြေတဲ့ငါးနဲ့ ချက်လို့ရပါတယ်။

Image Hosted by PicturePush - Photo Sharing 
ငါးပြုတ်

Image Hosted by PicturePush - Photo Sharing

ထို့နောက် ပြုတ်ထားတဲ့ ငါးကို အသားနွင်ပါတယ်။ ငါးပြုတ်ထားတဲ့ အရည်ကို ဟင်းရည်အဖြစ် ပြန်လည်အသုံးပြုပါတယ်။

Image Hosted by PicturePush - Photo Sharing 

ပြုတ်ပြီး အသားနွင်ထားတဲ့ ငါးအသားတွေကို ကြက်သွန်ဖြူနီ၊ ဂျင်း ၊ ငရုပ်ပွရေစိမ်ထောင်းပြီး ဆီသတ်ပါတယ်။ ကြက်သွန်နီကို ငါးအလေးချိန်နဲ့ဆတူ ထည့်ရတယ်လို့ ဆိုပါတယ်။ ထို့နောက် ဟင်းနှစ်ထဲ ဆား၊ ငံပြာရည် အရသာမှုန့် နှစ်သက်သလို ထည့်နိုင်ပါတယ်။

Image Hosted by PicturePush - Photo Sharing

မျှစ်ချဉ်ကို နနွင်းမှုန့်၊ ဆား အရသာမှုန့်ထည့်ပြီး ပြုတ်ပါတယ်။ ဒါကတော့ ပြုတ်ပြီး မျှစ်ချဉ်ကို ငရုပ်သီး၊ နံနံတို့နဲ့ မွှေထားပါတယ်။ ခေါက်ဆွဲနဲ့ စားဖို့ အဆင်သင့်ဖြစ်နေပါပြီ။


Image Hosted by PicturePush - Photo Sharing 
ငရုပ်ဆီ၊ ကြက်သွန်ဖြူဆီချက် (ဆီအနီ၊ အ၀ါ) တို့ကို ချက်ပါတယ်။ ကြာညှို့ကြိုက်တတ်ရင် ထည့်နိုင်ပါတယ်။ နံနံပင်များကို ရေဆေးပြီး အသင့်ပြင်ဆင်ထားပါတယ်။ ငါးဖယ်ထည့်လိုက ငါးဖယ်ကြော်ထားဖို့ လိုပါတယ်။ ဒီ ငါးခေါက်ဆွဲ ချက်နည်းလေးကို ပြောပြတဲ့ ဗန်းမော်သူ သူငယ်ချင်းက ငါးခေါက်ဆွဲမှာ ငရုပ်သီးအစိမ်းနဲ့ဆို မလိုက်ဖက်ဘဲ ငရုပ်သီးအခြောက်မှုန့်ကို မီးတူးအောင်လှော်မှသာ ပိုမိုလိုက်တယ်လို့ ဆိုပါတယ်။ ဒါနဲ့ ကျွန်မမှာ ငရုပ်သီးကို မီးတူးအောင်လှော်ဖို့ရာ ညှော်နံ့ပြင်းလွန်းတာကြောင့် မကြာခင် ဘေးအိမ်တွေ ထွက်ရိုက်မှာ ကြောက်ရတာနဲ့ မီးမတူးခင် ရပ်လိုက်ရပါတယ်။း)


မိမိစားမဲ့ ဆန်ခေါက်ဆွဲဖြစ်စေ၊ ရေစိမ်ခေါက်ဆွဲဖြစ်စေ ပြုတ်ပါတယ်။ ဒီနေရာမှာ မတူညီတဲ့ ဒေသ အခေါ်အဝေါ်တွေကို ပြောပြရရင် ကျွန်မတို့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာတော့  ဆန်ပြားလို့ ရန်ကုန်မှာခေါ်တဲ့ ခေါက်ဆွဲမျိုးကို ဆန်ခေါက်ဆွဲလို့ ခေါ်ပြီး ရှမ်းခေါက်ဆွဲလို့ ခေါ်တဲ့ ခေါက်ဆွဲ အသေးလေးတွေကို ရေစိမ်ခေါက်ဆွဲလို့ ခေါ်ကြပါတယ်။ ပြုတ်ပြီးသားခေါက်ဆွဲဖတ်ကို ပန်းကန်ထဲထည့် ငါးဟင်းအနှစ်၊ ဆီကျက်၊ ဆား၊ အရသာမှုန့်၊ ငရုပ်သီး၊ နံနံ၊ ငါးဖယ်ညှပ်ထည့်လို့ ပြင်ဆင်လိုက်ရင် အဆင်သင့်စားလို့ရတဲ့ ငါးခေါက်ဆွဲ ရပါပြီ။


ဆန်ခေါက်ဆွဲ အသုပ်

Image Hosted by PicturePush - Photo Sharing 

အရည်နဲ့ကြိုက်သူများအတွက် ရေစိမ်( ရှမ်းခေါက်ဆွဲ) အရည်ဖျော်

Image Hosted by PicturePush - Photo Sharing 
ငါးပြုတ်ရည်နဲ့ လုပ်ထားတဲ့ ဟင်းရည်ပါ။ ငရုပ်ကောင်းနဲ့ နံနံပင် ခတ်ထားတာပါ။

Image Hosted by PicturePush - Photo Sharing 
ပါဆယ်ဆွဲလိုသူများအတွက် ချိုင့်နဲ့ ထည့်ပေးလိုက်ပါတယ်။း)

ကြက်သား၊ ၀က်သား မစားသူများအတွက်လည်း အဆင်ပြေ သင့်လျော်တဲ့ ဗန်းမော် မျှစ်ချဉ်ခေါက်ဆွဲ ဖြစ်ပါတယ်။ မျှစ်ချဉ် မရှိတဲ့ အရပ်ဒေသမှာဖြစ်နေခဲ့လျှင်လည်း အခြားသော အချဉ်များဖြင့် စားသုံးနိုင်ပါတယ်။ သင်သာမျှစ်ချဉ်ကြိုက်တတ်သူ ဖြစ်ခဲ့ရင် မျှစ်ချဉ်များများနဲ့ ခေါက်ဆွဲပန်းကန်ထဲမှာ တစ်ခါတည်း နယ်ပြီး ငရုပ်သီးစပ်စပ်လေးနဲ့ စားရင် မိုးအေးအေးမှာ သိပ်လိုက်ဖက် စားကောင်းတဲ့ ခေါက်ဆွဲဖြစ်ပါတယ်လို့...


ဒီချက်နည်းကို ပြောပြတဲ့ သူငယ်ချင်းမိသားစုနဲ့ ဗန်းမော်အလည်ခေါ်တဲ့ သူငယ်ချင်းတို့ကို ကျေးဇူးအထူး တင်ကြောင်း ပြောကြားပါရစေနော်။ အားလုံးအတွက် ပျော်ရွှင်စရာ Weekend ဖြစ်ကြပါစေရှင်.....


Image Hosted by PicturePush - Photo Sharing 

ဗန်းမော်လမ်းနဲ့ ကျောက်စခန်း

ကျွန်မ ခရီးသွားတော့ စိန်လုံတောင်တန်းကနေ အပြန်မှာ ဗန်းမော်မြို့ကို အလည် ရောက်သွားဖြစ်ပါတယ်။ ဗန်းမော်မြို့ဟာ မိုးမောက်မြို့လမ်းခွဲကနေ ၁ဝမိုင်လောက် ဆက်ပြီး သွားရတဲ့ မြို့ကလေးဖြစ်ပါတယ်။ မိုးမောက်မှာ လမ်းနှစ်ခု ခွဲထွက်ပါတယ်.. တစ်လမ်းက မြစ်ကြီးနားဘက် ဆက်သွားမဲ့လမ်းပါ။ တစ်လမ်း ကတော့ ဗန်းမော်မြို့ကို သွားတဲ့ လမ်းခွဲပါ။ ဗန်းမော်၊ မိုးမောက်မြို့တို့ဆိုတာ ကျွန်းသစ်တွေ၊ သစ်မာတွေ အလွန်ပေါများတဲ့ ဒေသဖြစ်ပါတယ်။ တရုတ်နိုင်ငံနဲ့လည်း နီးတာကြောင့် တရုတ်ပစ္စည်းတွေလည်း အလွန်ပေါပါတယ်။ ဒီပိုစ့်မှာတော့ ဗန်းမော်မြို့ အသွား လမ်းမှာတွေ့ရတဲ့ ရှုခင်းတစ်ချို့က ဓာတ်ပုံတွေ ဖော်ပြပေးချင်တာပါ။

Image Hosted by PicturePush - Photo Sharing 
မိုးမောက်မြို့အ၀င်

Image Hosted by PicturePush - Photo Sharing 
ကျွန်းတော

Image Hosted by PicturePush - Photo Sharing 
တောင်တန်းနဲ့ ကျွန်းတော

Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing 
တိမ်ခိုးတွေဝေနေတဲ့ တောင်တန်း

Image Hosted by PicturePush - Photo Sharing 
တောင်တန်းပေါ်က အဆင်းရှုခင်း

တောင်တန်းကြီးကို လှမ်းမြင်နေရတဲ့ ရှုခင်းက လှလွန်းလို့ ပါးစပ်က တစ်ဖွဖွ ပြောမိရင်း ဓာတ်ပုံ ရိုက်ယူခဲ့ပါတယ်။ ပြာပြာညိုလွင်နေတဲ့ တောင်တန်းကြီးကလည်း လက်ကမ်းလို့ ကြိုနေတဲ့ အသွင် သဏ္ဍာန်ပါ။ မိုးမောက်မြို့အဝင်နားမှာ ကျောက်စခန်းဆိုတဲ့ အပန်းဖြေစခန်း တစ်ခု ရှိပါတယ်။ စိန်လုံတောင်တန်းပေါ်ကနေ စီးကျလာသော ရေစီးသန်တဲ့ ချာင်းထဲမှာ ကျောက်တုံးတွေ အရွယ်အစား အမျိုးမျိုး သဘာဝအတိုင်း လှပစွာ ရှိနေတဲ့နေရာဖြစ်ပါတယ်။ အဲဒီ ကျောက်စခန်းဆိုတာ ဗန်းမော်၊ မိုးမောက် ဒေသက လူတွေတွက်တော့ ဂုဏ်ယူစရာ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ သင်္ကြန်လို ရက်မျိုးဆိုရင် လူတွေ ကြိတ်ကြိတ်တိုး စည်ကားတယ်လို့ ဆိုပါတယ်။ ပုံမှန်ချိန်တွေ မှာတော့ အေးအေးဆေးဆေး စားသောက်လိုသူများ၊ တောတောင် သဘာဝရှုခင်းကို ကြည့်လိုသူများ လာရောက်တတ်ကြပါတယ်။ စားသောက်ဆိုင်ကလေးတွေ ရှိပြီး အေးအေးချမ်းချမ်း နေထိုင် စားသောက်လို့ ကောင်းတဲ့ နေရာလေးဖြစ်ပါတယ်။ ကချင်ပြည်နယ်ရဲ့ သဘာဝ အလှအပ နဲ့ တောတောင်တွေ ပေါတဲ့ မိုးမောက် ဗန်းမော် ဒေသကို မရောက်ဖူးသေးသူများ၊ စိတ်ဝင်စားသူများ၊ အလွမ်းပြေ ကြည့်ချင်သူများ ရှိရင် ကြည့်နိုင်ဖို့အတွက် မြင်ခဲ့ရ သလောက်လေးကို ပြန်လည် ဝေမျှ ချင်ပါတယ်ရှင်။

Image Hosted by PicturePush - Photo Sharing 
Stone Village Resorts အဝင်ဆိုင်းဘုဒ်

Image Hosted by PicturePush - Photo Sharing 
ချောင်းရိုးတစ်လျှောက်က ကျောက်တုံးကျောက်ဆောင်များ

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing 
ချောင်းကူးတံတား

Image Hosted by PicturePush - Photo Sharing 
ချောင်းကိုဖြတ်ကူးဖို့ ဝါးတံတား

Image Hosted by PicturePush - Photo Sharing 
ချောင်းတစ်ဖက်ကမ်း

Image Hosted by PicturePush - Photo Sharing 
ကြိုးတံတားလည်း ရှိပါတယ်...

ကျန်တဲ့ ပုံတွေကို အောက်မှာဆက်လက် ကြည့်ရှုနိုင်ပါတယ်နော်..

ကျွန်မနဲ့ မညှိုးပန်းကလေးများ ....

ဒီနေ့တော့ လက်မှုပညာ ဝါသနာပါတဲ့ အမျိုးသမီလေးတွေအတွက် ပန်းပွင့်လေးတွေနဲ့၊ဖဲန်စီ အသုံးအဆောင်လေးတွေကို မိမိစိတ်ကြိုက် ဖန်တီးလို့ရတဲ့ လက်မှုအနုပညာလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲဒါလေးကို စတွေ့မိတာက တစ်ရက်မှာ မြို့ထဲ လျှောက်ကြည့်ရင်း ဆိုင်လေးတစ်ဆိုင်ကို ကျွန်မ သတိထား လိုက်မိပါတယ်. ဆိုင်က ခပ်သေးသေးလေးပါ.. ဆိုင်ထဲမှာတော့ ပန်းအိုးရောင်စုံလေးတွေ ခင်းကျင်းထားသလို၊ အရောင်စုံ ချည်လေးတွေလည်း စုံလင်စွာ ရောင်းချနေတာ တွေ့ရတာတော့ စပ်စုချင်စိတ်နဲ့အတူ ပန်းအိုးကလေးတွေမြင်တော့ ကြည့်ချင်စိတ်က တားမရတာကြောင့် ဆိုင်ထဲကို ဝင်သွားမိပါတယ်။ ဆိုင်ထဲရောက်လို့ ပန်းအိုးလေးတွေကို ကြည့်တဲ့အခါ အခါတိုင်း မြင်တွေ့နေကျ ပလပ်စတစ်ပန်းတွေနဲ့ လုပ်ထားတာ မဟုတ်ဘဲ ပန်းပွင့်လေးတွေကို အသားကပ် ခြေအိတ်လို အသားမျိုးလေးတွေနဲ့ ပြုလုပ်ထားပြီး နှင်းဆီ၊ ကျူးလစ်၊ သစ်ခွ စသဖြင့် ပန်းမျိုးစုံကို ဆိုင်ရှင်အစ်မကြီးက သူကိုယ်တိုင်လုပ်ပြီး ပန်းအိုးအဖြစ် အလှဆင်ထားတာဖြစ်ကြောင်း ရှင်းပြပါတယ်။ အဲဒီပန်းပွင့်လေးတွေ ဖြစ်လာဖို့ အသုံးပြုရတဲ့ ချည်လေးတွေနဲ့ ၀တ်ဆံတွေ စတဲ့ ပစ္စည်းတွေ၊ ပန်းအိုးကလေးတွေကို အောက်က ပုံတွေမှာ ကြည့်ရှုနိုင်ပါတယ်။





ဒါလေးတွေက ပန်းပွင့်အဖတ်တွေလုပ်တဲ့ အစတွေ ဖြစ်ပါတယ်။ အဲဒါလေးတွေဟာ ပါးပါးလှပ်လှပ်လေးတွေဖြစ်ပြီး အသားကပ်ခြေအိတ်အသားမျိုး ဖြစ်ပါတယ်။



ပန်းဝတ်ဆံတွေလုပ်တဲ့ အရာလေးတွေ


ပန်းထိုးဖို့ အိုးမျိုးစုံ

ပန်းကိုင်း ရိုးတံတွေ လုပ်တဲ့ အတံလေးတွေပါ


ပန်းအဖူးလေးတွေလုပ်ဖို့ ဖော့တုံးလေးတွေပါ

ပန်းအရွက်လုပ်ဖို့ (ဒါတွေကတော့ အဆင်သင့်လုပ်ပြီးသား ပလပ်စတစ် အရွက်တွေ ဖြစ်ပါတယ်)



ဆိုင်လေးထဲမှာ ခင်းကျင်းထားတဲ့ ပန်းအိုးလေးတွေပါ



ဆိုင်ရှင် အစ်မရဲ့ လက်ရာ ချစ်စရာဂန္ဓာမာပန်းအိုး



ကျူးလစ်ပန်းကလေးနဲ့ တူပါတယ်



သစ်ခွ နှင်းဆီ စတဲ့ ပန်းမျိုးစုံ

Image Hosted by PicturePush - Photo Sharing

ဒီပန်းအိုးလေးတွေက အပေါ်မှာ ဖော်ပြထားတဲ့ ပစ္စည်းလေးတွေနဲ့ ပြုလုပ်ထားတဲ့ ပန်းအိုးတွေ ဖြစ်ပါတယ်။ ရောင်စုံ အဝတ်စလေးတွေ ပန်းပွင့်တွေ အဖူးတွေ ပွင့်ချပ်ပွင့်ဖတ်တွေ ပြုလုပ်ပုံက စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒါကြောင့် လုပ်ပုံလုပ်နည်းတွေကို ဆိုင်ရှင်ကို သေသေချာချာ မေးကြည့်မိတော့ ဆိုင်ရှင်က သူကိုယ်တိုင် လုပ်ပြတဲ့အပြင် လုပ်နည်း စာအုပ်တွေပါ ထုတ်ပြပါတယ်။



ဒါကတော့ ပန်းပွင့်မျိုးစုံ နဲ့ ပန်းအိုးထိုးနည်း မျိုးစုံအကြောင်း သရုပ်ဖော်ပုံလေးတွေနဲ့ ရေးထားတဲ့ စာအုပ်ပါ။ စာအုပ်ရော ပြုလုပ်တဲ့ ပစ္စည်းအားလုံးသည် တရုတ်က ထုတ်တဲ့ ပစ္စည်းများ ဖြစ်ပါတယ်။ စာအုပ်လေးတွေမှာ လုပ်နည်းအဆင့်ဆင့်နဲ့ စီဒီခွေပါ ပါဝင်တာကြောင့် ကျွန်မ အတော်သဘောကျသွားပါတယ်။ ဒါကြောင့် ကိုယ်တိုင်လုပ်ကြည့်ဖို့အတွက် စာအုပ်လေးတွေနဲ့အတူ ပန်းပွင့်တွေ ပန်းအိုးတွေလုပ်ဖို့ ပစ္စည်းကိရိယာ စုံစုံလင်လင် ဝယ်ယူလာခဲ့ပါတော့တယ်။




ဒီပစ္စည်းတွေက ပန်းကလေးတွေ ပြုလုပ်ဖို့ မဖြစ်မနေ လိုအပ်တာလေးတွေပါ.. အရောင်စုံက ချည်ထည်များဖြစ်ပါတယ်။ အစိမ်းရောင်အဖြူရောင်က  လိုအပ်တဲ့ ပွင့်ချပ်တွေ ပြုလုပ်ဖို့ သွပ်ကြိုးလေးတွေပါ။ ကပ်ကြေးတစ်လက်လည်း လိုပါတယ် အစလေးတွေ ဖြတ်ဖို့ပါ။ ပြီးတော့ ပလာယာသေးသေးလေးလိုပါတယ်.. သွပ်ကြိုးတွေကို လိမ်ဖို့ ဖြတ်ဖို့ပါ။ အဖြူရောင် အကွင်းတွေကတော့ သွပ်ကြိုးတွေကို ပွင့်ချပ်အရွယ်အစားအမျိုးမျိုး လုပ်နိုင်ဖို့ပါ။ ခရမ်းရောင် အညိုရောင်က ပန်းပွင့်ရဲ့ ရိုးတံမှာ ဖုံးဖို့ပါ။ အပြာရောင်လေးက ကော်ချောင်းကို အပူပေးတဲ့ သေနတ်ပါ။ ပလပ်လေးထိုးလိုက်ရင် အနောက်က ကော်ချောင်းလေး အရည်ပျော်သွားပြီး ပန်းပွင့်တွေကို မိမိလိုအပ်တဲ့နေရာမှာ ကပ်စေဖို့ပါ။


Image Hosted by PicturePush - Photo Sharing 
ပွင့်ဖတ်လေးတွေ လုပ်ဖို့

Image Hosted by PicturePush - Photo Sharing 
သွပ်ကြိုးလေးကို ဒီလိုအ၀ိုင်းလေးဖြစ်အောင် လုပ်ပါတယ်

Image Hosted by PicturePush - Photo Sharing 

ဒီလို အသားကပ်ခြေအိတ်လို အသားပါးပါးလေး

Image Hosted by PicturePush - Photo Sharing 
အဲဒါကို သွပ်ကြိုးအ၀ိုင်းလေးကို ဖုံးမိအောင် အုပ်လိုက်တာပါ

Image Hosted by PicturePush - Photo Sharing 
ဒီလိုလေးတွေဆို ပွင့်ချပ်လေးတွေ ပါတယ်

Image Hosted by PicturePush - Photo Sharing 
ပန်းပွင့်ပြုလုပ်ဖို့ ပွင့်ချပ်များ

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing 
အဲဒီ အရွယ်မတူတဲ့ ပွင့်ချပ်လေးတွေကို ခုလိုပန်းပွင့်လေးတွေ ဖြစ်အောင် လုပ်တာပါ။

Image Hosted by PicturePush - Photo Sharing 
ဒါလေးက ကြာပန်းလေးပါ ။

Image Hosted by PicturePush - Photo Sharing 

ကြာပန်းကို ပန်းအိုးလေးနဲ့ နေရာချဖို့ ပြင်ဆင်နေတာပါ. ကြာဖူးနဲ့ ကြာရွက်ကတော့ ဒီတိုင်းရောင်းတာလေး ၀ယ်လာတာပါ.. ကြာပွင့်တွေကိုတော့ ကိုယ်တိုင်လုပ်ပါတယ်။

Image Hosted by PicturePush - Photo Sharing 

ပန်းအိုးပြင်ဆင်နေတာပါ (ညဘက်ကြီး အားကြိုးမာန်တက် လုပ်နေတာမို့ ပုံထဲမှာတော့ မှောင်နေပါတယ်)


မနက်ခင်းရောက်တော့မှ အလင်းရောင်အောက်မှာ ဒီလို ပန်းအိုးလေးဖြစ်သွားပါတယ်။။ (လှတယ်ဟုတ်)း)




ကြာရွက်ပေါ်မှာ ဖားကလေးတွေတောင်ပါသေးတယ်.. :)


Image Hosted by PicturePush - Photo Sharing
ပိန်းပန်းလုပ်နေတာပါ

Image Hosted by PicturePush - Photo Sharing 

ဟော. ဒီမှာ ပိန်းပန်းတွေ


Image Hosted by PicturePush - Photo Sharing 
ဒီလို ပန်းအိုးထိုးဖို့ ပြင်နေပြီ

ဒီချည်ထည်ရောင်စုံလေးတွေကို အသုံးပြုပြီး အိမ်မှာ ကိုယ်တိုင်ပြုလုပ်ထားတဲ့ ပန်းအိုးကလေးတွေနဲ့  မိတ်ဆွေတို့ကို မိတ်ဆက်ပေးချင်ပါတယ်။ ပန်းအိုးကလေးတွေကို အောက်မှာ ဆက်လက်ကြည့်ရှုရအောင်နော်..