စတော်ဘယ်ရီပင်အောက်က သူနဲ့ကျွန်မ


"စတော်ဘယ်ရီပင်အောက်က သူနဲ့ ကျွန်မ" ဆိုလို့ မချောတစ်ယောက် စတော်ဘယ်ရီအောက်မှာ လေးဘက်တွားပြီး ဘယ်သူနဲ့များ ချိန်းတွေ့ပါလိမ့်လို့ တွေးနေကြမယ်ထင်ပါတယ်း) စတော်ဘယ်ရီပင် အောက်မှာ ချိန်းတွေ့ကြတယ်ဆိုတဲ့စကားဟာ မဖြစ်နိုင်တဲ့စကားလို့ လူတွေက ပြောကြပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ စတော်ဘယ်ရီပင်ဆိုတာ မြေပြင်ပေါ်မှာ ကပ်ပြီးပေါက်တဲ့ အပင်မျိုးဖြစ်တာကြောင့် စတော်ဘယ်ရီပင်အောက်မှာ တွေ့ဖို့ဆိုတာ ဘယ်လိုဖြစ်နိုင်ပါ့မလဲနော်။ ဒါပေမဲ့ တကယ့်ကို စတော်ဘယ်ရီပင် အောက်မှာ ချိန်းတွေ့လို့ရပါတယ်ဆိုရင် ယုံနိုင်ကြပါမလားရှင်။ တကယ်ပါ။ စတော်ဘယ်ရီပင်ကြီးရဲ့အောက်မှာ လူတွေ သွားလာလို့ရသလို၊ ချိန်းဆို စကားပြောကြဖို့လည်း ဖြစ်နိုင်ပါတယ်။ ဘာကြောင့် ကျွန်မက ဒီလိုပြောနိုင်ပါသလဲဆိုရင် တစ်ရက်မှာ ကျွန်မရဲ့ သူငယ်ချင်း တစ်ယောက်က  သူသွားခဲ့တဲ့ ဥယျာဉ်တစ်ခုက ဓာတ်ပုံတွေ ကျွန်မရဲ့ အီးမေလ်းကို ပို့လာပါတယ်။ အဲဒီ ပုံတွေထဲမှာ ထူးထူးခြားခြား စိတ်ဝင်စားစေတဲ့ ဓာတ်ပုံက အောက်ကဓာတ်ပုံထဲက ပုံပါ။ အဲဒီအပင်အောက်ခြေမှာ စတော်ဘယ်ရီပင်လို့ စာတန်းကပ်ထားပါတယ်။

Image Hosted by PicturePush - Photo Sharing

ဒီအပင်ကြီးကို စတော်ဘယ်ရီပင်လို့ ခေါ်ပါတယ်။

( The Huntington Library and Botanical Gardens မှာ စတော်ဘယ်ရီပင်ကြီး)



ကျွန်မစိတ်ထဲမှာလည်း ဓာတ်ပုံကိုကြည့်မိရင်း စတော်ဘယ်ရီပင်က ဒီလောက်ကြီးတယ်ဆိုတာ ဖြစ်နိုင်ပါ့မလားရယ်လို့ စဉ်းစားအံ့သြမိပြီး သူငယ်ချင်းကို မေးကြည့်တော့ အဲဒီအပင်ဟာ တကယ်ကို စတော်ဘယ်ရီပင်ဖြစ်ကြောင်းနဲ့၊ ပြတိုက်ရဲ့ ဥယျာဉ်တွင်းမှာ စိုက်ပျိုးပြသထားတဲ့ အပင်ဖြစ်ကြောင်း ဒါကြောင့် "စတော်ဘယ်ရီပင် အောက်မှာ ချိန်းတွေ့ကြတယ်ဆိုတဲ့ စကားဟာ မဖြစ်နိုင်တဲ့စကား မဟုတ်ကြောင်း ပြောလာပါတယ်။" ပုံက စာသားကို အနီးကပ် ကြည့်ကြည့်တော့လည်း Strawberry Tree လို့ သေချာရေးထားတာ တွေ့ရပါတယ်။ ဒါနဲ့ဘဲ ကြီးမားလှတဲ့ ဒီအပင်ကြီးကို ကျွန်မက စိတ်ဝင်စားမိပြီး စတော်ဘယ်ရီပင်အကြောင်းကို လိုက်လံ ရှာဖွေမိပါတော့တယ်။

Image Hosted by PicturePush - Photo Sharing 

ပင်ခြေအောက်မှာ ရေးထိုးထားတဲ့ ဆိုင်းပုဒ်ပေါ်က သစ်ပင်ရဲ့ အမည်


ကျွန်မအခုရေးသားမဲ့ စတော်ဘယ်ရီပင်ဆိုတာကတော့ အပင်ပုပုသေးသေး မြေမှာကပ်ပေါက်တဲ့ စတော်ဘယ်ရီပင်မဟုတ်ပါဘူး။ တစ်နှစ်ပတ်လုံး အရွက်စိမ်းစိမ်းတွေ အမြဲတမ်းစိမ်းလန်းနေတဲ့  အပင်မျိုးဖြစ်ပါတယ်။ ချောမွတ်တဲ့ မီးခိုးရောင် သစ်ခေါက်မျိုးရှိပြီး အပင်ငယ်ကနေ ပေ ၆၀ခန့်အထိ မြင့်တဲ့ အပင်ကြီးထိ ရှိတတ်ပါတယ်။ Strawberry Tree လို့ ခေါ်သလို Arbutus unedo လို့လည်း ခေါ်ပါတယ်။ ဘယ်ရီသီးအမျိုးအစားထဲမှာ ပါဝင်တာကြောင့် Bayberry လို့လည်း ခေါ်ဆိုကြပါတယ်။ ဆောင်းဦးရာသီနှောင်းပိုင်းမှာ ခရင်မ်ကာလာ အပွင့်လေးများ တစ်ပင်လုံး ဖူးပွင့်ဝေဆာတတ်တဲ့ အပင်ဖြစ်ပါတယ်။ အပွင့်ရဲ့ ရနံ့ဟာ ချိုမြမြ ပျားရည်နံ့ဖျော့ဖျော့လေး ရှိတတ်ပါတယ်။



Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing

လှပစွာဖူးပွင့်နေတဲ့ စတော်ဘယ်ရီပွင့်ကလေးများ



အသီးကြားက အပွင့်များ

အဝါရောင် ဖြစ်ခါစကနေ ပန်းရောင် အနီရောင် ထိုမှ အနီရင့်ရင့်ရောင်အထိ ရင့်မှည့်ဖို့ရာ အချိန်များစွာ ကြာတာကြောင့် နောက်တစ်ရာသီ ပန်းများဖူးပွင့်ချိန်မှာ ပထမရာသီရဲ့ အသီးများ ရင့်မှည့်ချိန်နဲ့ သွားတူညီနေတာကြောင့် အပင်မှာ အပွင့်နဲ့အသီးကို တစ်ပြိုင်တည်း တွေ့ရတတ်ပါတယ်။ အသီးသီးချိန်မှာ အသီးအရွယ်အစားဟာ ၁.၅ စင်တီမီတာကနေ ၂.၅ စင်တီမီတာအထိသာ ရှိပြီး မှည့်နေတဲ့ အသီးမျက်နှာပြင်ဟာ နီရဲပြီး အဖုအထစ်များ ရှိနေတာကြောင့် လိုင်ချီးသီးလိုလို ကြက်မောက်သီးလိုလို ဆင်ဆင်တူပါတယ်။ အသီးရဲ့အရောင်ဟာ နီရဲတောက်ပတဲ့ အနီရောင်ဖြစ်ပေမဲ့ အဖြူရောင်ကနေ ခရမ်းရောင်ထိလည်း ရှိတတ်ပါတယ်။ အတွင်းသားဟာ အသီးပေါ်က မျက်နှာပြင်ရဲ့ အရောင်အတိုင်း ရှိတတ်ပြီး ရံဖန်ရံခါတော့ အရောင်ဖျော့တတ်ပါတယ်။

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

ဖြူဝါရောင်လေးကနေ တဖြေးဖြေးနဲ့ ခုလို ပန်းရင့်ရောင်သို့ ပြောင်းလဲသွားပါတယ်


Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

အပင်ပေါ်က မှည့်ကာစ ဝါနီရောင် ရောယှက်နေတဲ့ စတော်ဘယ်ရီများ


၎င်းအပင်ရဲ့ မူရင်းဒေသက အာရှဒေသဖြစ်ပြီးတော့ တရုတ်ပြည်မှာတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ကျော်ခန့်ကတည်းက စိုက်ပျိုးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ယန်စီမြစ်ဝှမ်းတစ်လျှောက်မှာ အကြီးအကျယ် စိုက်ပျိုးခဲ့ကြပါတယ်။ မီတာ ၁၀၀ကနေ ၁၅၀၀ ထိ မြင့်မားတဲ့ တောင်စောင်းတစ်လျှောက်နဲ့ တောင်ကြားတွေမှာ တောအုပ်သဖွယ် စိုက်ပျိုးခဲ့ကြတာဖြစ်ပါတယ်။ မြို့တွင်းမှာတော့ လမ်းမကြီးတွေရဲ့ ဘေးတစ်ဖက် တစ်ချက်နဲ့ ဥယျာဉ်တွင်းများမှာ အဆင်တန်ဆာ အနေနဲ့လည်း စိုက်ပျိုးကြပါတယ်။ အပွင့်ပွင်ချိန် အသီးသီးချိန် အောက်တိုဘာကနေ နိုဝင်ဘာလလိုအချိန်များဆို လူတကာက ငေးမောရလောက်အောင် လှပစွာ သီးပွင့်ဆာနေတတ်ပါတယ်။ သက်တမ်းရှည်ကြာတဲ့ အပင်မျိုး ဖြစ်တာကြောင့် နှစ်ပေါင်းရာချီကြာအောင် ရှင်သန်နေနိုင်တယ်လို့ ဆိုပါတယ်။


Image Hosted by PicturePush - Photo Sharing

ခြံထဲက စတော်ဘယ်ရီ

လမ်းဘေးတစ်နေရာက စတော်ဘယ်ရီပင်

http://chinesefoodlover.files.wordpress.com/2007/03/yangmeiwenzhou.jpg
မှည့်လာတဲ့ စတော်ဘယ်ရီ



Image Hosted by PicturePush - Photo Sharing 




Image Hosted by PicturePush - Photo Sharing

လှပတဲ့ စတော်ဘယ်ရီသီးများ  



အချို့ စိုက်ပျိုးရေးသမားများကတော့ အသီးကို ၄စင်တီမီတာထိ အရွယ်ရှိအောင် စိုက်ပျိုးနိုင်တယ်လို့ ဆိုပါတယ်။ အသီးရဲ့ အရွယ်နဲ့ နီရောင်ရှိပုံချင်းကတော့ ရိုးရိုးစတော်ဘယ်ရီသီးနဲ့ တူသော်လည်း အရသာမှာတော့  မတူဘဲ ချဉ်ချိုချိုနဲ့ အနည်းငယ် ဖန်တွတွ အရသာနဲ့ အသားကို စားရင် ပျင်းတွဲတွဲရှိပြီး အလယ်မှာ ကြီးမားတဲ့ အစေ့တစ်ခုတည်းသာ ရှိပါတယ်။ အခွံခွာစားတာမျိုးမဟုတ်ဘဲ အလုံးလိုက် စားရတဲ့အသီးဖြစ်ပါတယ်။ ချဉ်ဖန်ဖန် ရှိတာကြောင့် ဒီအတိုင်းစားတာထက် အသီးကို အခြောက် ပြုလုပ်ခြင်း၊ စည်သွပ်ဗူးများဖြင့် ရောင်းချခြင်း၊ ယိုပြုလုပ်ခြင်းနဲ့ တရုတ်ပြည်တွင်း မှာတော့ အရက်များ ၊ ဝိုင်များစိမ်ခြင်း၊ ဖျော်ရည်များ ထုတ်လုပ်ခြင်းတို့ ပြုလုပ်ကြတယ်လို့ သိရပါတယ်။


Image Hosted by PicturePush - Photo Sharing


နှစ်တမ်းရှည်ကြာတဲ့ စတော်ဘယ်ရီပင်ကြီး

စတော်ဘယ်ရီပင်အောက်မှာ စကားပြောနေသူနှစ်ဦး


ဒါကတော့ ကျွန်မသိရသလောက် ရှာဖွေဖတ်ရှုမိတဲ့ စတော်ဘယ်ရီပင်အကြောင်းပါ။ စတော်ဘယ်ရီလို့ ကျွန်မတို့ ငယ်စဉ်ကတည်းက သိလာခဲ့တဲ့ မြေမှာကပ်ပေါက်တဲ့ နွယ်ပင်သက်သက်တာ ရှိတာမဟုတ်ဘဲ လူအရပ်ထက် မြင့်မားတဲ့ စတော်ဘယ်ရီပင်ကြီးတွေလည်း ရှိနိုင်ပါတယ်လို့.. ဒါကြောင့်လည်း တစ်ယောက်ယောက်ကသာ သင့်ကို စတော်ဘယ်ရီပင်အောက်မှာ တွေ့ချင်ပါတယ်လို့များ ပြောလာခဲ့ရင် မဖြစ်နိုင်တဲ့စကားတွေ ပြောတယ်ဆိုပြီး မငြင်းပယ်လိုက်ပါနဲ့နော်။ စတော်ဘယ်ရီပင် အောက်မှာလည်း “သူနဲ့ကျွန်မ” ဆိုတဲ့ ရုပ်ရှင်ကား ရိုက်လို့ရတာဖြစ်သလို၊ ဝတ္ထုတွေထဲမှာလည်း “စတော်ဘယ်ရီပင်အောက်မှာ တွေ့ရအောင်လို့ ” ထည့်သုံးမယ် ဆိုရင်လည်း ရပါတယ်လို့ပြောရင် ယုံနိုင်ပြီ မဟုတ်ပါလားရှင်း)



Image Hosted by PicturePush - Photo Sharing



အီးမေလ်းထဲ  The Huntington Library and Botanical Gardens မှ     ဓာတ်ပုံတွေ ပို့လာပေးတဲ့ သူငယ်ချင်းကို ကျေးဇူးအထူးတင်ပါတယ်။ သူ့ပုံထဲက စတော်ဘယ်ရီပင်( Strawberry Tree) ကို မြင်လိုက်ရလို့လည်း စိတ်ဝင်စားပြီးတော့ ဒီပိုစ့်ဖြစ်လာတာပါလို့ ပြောပါရစေရှင်။

မှိုဝက်သားလိပ်ပေါင်း၊ မှိုချဉ်စပ်သုပ်


Image Hosted by PicturePush - Photo Sharing


မနေ့ကတော့ ( Golden Needle Mushroom) ရွှေအပ်မှိုရဲ့ ကောင်းကျိုးတွေအကြောင်း ရေးပြီးခဲ့တာမို့ ဒီနေ့တော့ ကျွန်မ ချက်စားဖြစ်တဲ့ ရွှေအပ်မှိုဟင်းအကြောင်းများကို ရေးချင်ပါတယ်။ ရွှေအပ်မှိုကို အသား၊ အသီးအရွက်တွေနဲ့ ရောပြီး ကြော်စားကြသလို ပေါင်းစားတာလည်း အရသာရှိပြီး စားလို့ကောင်းပါတယ်။ ပေါင်းစားဖြစ်တဲ့နည်းတွေကို ပြောပြရမယ်ဆိုရင်

ရွှေအပ်မှိုပေါင်း

Image Hosted by PicturePush - Photo Sharing 

ရွှေအပ်မှိုကို အမြစ်ပိုင်းက ဖြတ်ပစ်ပြီး ရေစင်အောင်ဆေးကာ ခုလို အစည်းလေးများ စည်းလိုက်ပါတယ်။


Image Hosted by PicturePush - Photo Sharing 

နှမ်းဆီ၊ ကြက်သွန်ဖြူ၊ ငရုပ်သီး၊ ကြက်သွန်မြိတ်၊ ပဲငံပြာရည် ၊ဆား၊ အရသာမှုန့် တို့ကို ရောမွှေပါတယ်။

Image Hosted by PicturePush - Photo Sharing 
အရည်ကို မှိုစည်းများပေါ်မှာ လောင်းချလိုက်ပါတယ်။




Image Hosted by PicturePush - Photo Sharing 

ထို့နောက် မှိုများကို ရေနွေးဆူဆူဖြင့် ပေါင်းပါတယ်။ အိုးကို အဖုံးအုပ်ထားဖို့ လိုပါတယ်။

Image Hosted by PicturePush - Photo Sharing 

ခဏလေးနဲ့ဆို ကျက်သွားပါပြီ။ အိုးပေါ်ကချပြီး ငရုပ်ပွအစိမ်း နဲ့ ငရုပ်သီးအနီများဖြင့် ခုလိုအပေါ်က အလှဆင်လိုက်ပါတယ်။

Image Hosted by PicturePush - Photo Sharing 
စားချင်စဖွယ် မှိုပေါင်းတစ်ခွက် ရပါပြီ။


 ************************

ရွှေအပ်မှို အသားလိပ်ပေါင်း

Image Hosted by PicturePush - Photo Sharing 

မှိုကို အသားလိပ်နဲ့ ပေါင်းဖို့အတွက် ဝက်သားကို ခုလို ခပ်ပါးပါး ရှည်ရှည်လှီးပါတယ်။

Image Hosted by PicturePush - Photo Sharing 

ရေစင်အောင်ဆေးထားတဲ့ မှိုများကို ဝက်သားပြားနဲ့ ခုလို ပတ်ပြီးစည်းလိုက်ပါတယ်။

Image Hosted by PicturePush - Photo Sharing 
မှိုဝက်သားလိပ်ကို ရေနွေးဖြင့်ပေါင်းပါတယ်။


Image Hosted by PicturePush - Photo Sharing 

ကြက်သွန်ဖြူ၊ ငရုပ်ပွ၊ အနီ အစိမ်းတို့ကို ဆီသတ်ပြီး ပဲငံပြာရည်၊ ဆား၊ အရသာမှုန့်တို့ ထည့်ပါတယ်။
Image Hosted by PicturePush - Photo Sharing

  
ကော်မှုန့် အနည်းငယ်ကို ရေဖျော်ပြီး ထည့်လိုက်ပါတယ်။

Image Hosted by PicturePush - Photo Sharing 

မှိုဝက်သားလိပ်ပေါင်း ရပါပြီ။





Image Hosted by PicturePush - Photo Sharing 
တစ်လိပ်ချင်းဆို ဒီလိုလေးပါ။ စားလို့လည်း ကောင်းပါတယ်။း)


************************

ရွှေအပ်မှိုသုပ်

Image Hosted by PicturePush - Photo Sharing

မှိုကိုရေစင်အောင်ဆေးထားပါတယ်


Image Hosted by PicturePush - Photo Sharing 

မုန်လာဥနီ၊ ငရုပ်ပွ နီ စိမ်းတို့ကို အချောင်းကလေးများ ဖြစ်အောင် လှီးထားပါတယ်



Image Hosted by PicturePush - Photo Sharing 
မှို ငရုပ်ပွ၊ ဥနီတို့ကို ပေါင်းပြီး ၂မိနစ်ခန့်သာ  ပြုတ်ပါတယ်

Image Hosted by PicturePush - Photo Sharing 

ပြုတ်ပြီး ရေအေးအေးတွင် ဆေးကာ ရေစစ်ထားပါတယ်.

Image Hosted by PicturePush - Photo Sharing 
ကြက်သွန်ဖြူ ၊ ငရုပ်သီးဆီကြော်၊ ငံပြာရည်၊ နှမ်းဆီ ၊ ဆား၊ ရှာလကာရည်

Image Hosted by PicturePush - Photo Sharing
 ပြုတ်ထားတဲ့ မှို၊ ဥနီ၊ ငရုပ်ပွတို့ကို ငရုပ်သီးစိမ်း ၊ နံနံပင်ထည့်ပြီး အပေါ်က အရည်ကို လောင်းချလိုက်ပြီး ရောမွှေလိုက်ပါတယ်။ ချဉ်ချဉ်လေး စားလိုပါက သံပုရာရည် ညှစ်ထည့်နိုင်ပါတယ်။


Image Hosted by PicturePush - Photo Sharing 


Image Hosted by PicturePush - Photo Sharing

 ချဉ်ချဉ်စပ်စပ် ရွှေအပ်မှိုသုပ်



 ကျွန်မချက်စားဖြစ်တဲ့  ရွှေအပ်မှိုဟင်းများ ဖြစ်ပါတယ်။



အားလုံးဘဲ ပျော်ရွှင်ကျန်းမာကြပါစေရှင်..


Image Hosted by PicturePush - Photo Sharing



သေးသေးသွယ်သွယ် အပ်ချောင်းမှိုကလေးများ


http://0.tqn.com/d/gourmetfood/1/0/c/G/enoki_georgia_g.jpg




ဂျပန်လို Enokitake ၊ အင်္ဂလိပ်လိုတော့  Golden Needle Mushroom (a) လို့ခေါ်တဲ့ မှိုဟာ သေးသေးသွယ်သွယ်နဲ့ ရှည်မျှောမျှော အဖြူရောင်မှိုတစ်မျိုး ဖြစ်ပါတယ်။ ဂျပန်နိုင်ငံနဲ့ တရုတ်နိုင်ငံတို့မှာ အသုံးများတဲ့ ချက်ပြုတ်ဖွယ် ဟင်းလျာဖြစ်ပါတယ်။ သေးငယ်လွန်းပြီး ရှည်လျားကာ အပ်ချောင်းလေးများနဲ့ ဆင်တူတာကြောင့် အပ်မှိုရယ်လို့ ခေါ်ဆိုကြပါတယ်။


[cendawan+jarum+emas+@+Flammulina+velutipes.jpg]

ဂျပန်အမည် Enoki ခေါ်တဲ့  Hackberry ပင်တွေမှာ လို့ ခေါ်တဲ့ သစ်ပင်ကြီးတွေရဲ့ ပင်စည်တွေမှာ သဘာဝအတိုင်း ပေါက်ရောက်တတ်တာကြောင့် Enoki မှိုလို့ ခေါ်ပြီးတော့ ပိုးဇာပင်၊ တည်သီးပင်တို့ရဲ့ ပင်စည်တွေမှာလည်း ပေါက်တတ်ပါတယ်။ သဘာဝအတိုင်း ပေါက်ရောက်တဲ့ ရွှေအပ်မှိုနဲ့ စိုက်ပျိုးရရှိတဲ့ မှိုခြင်းဟာ ကွာခြားချက်ရှိပါတယ်။ စိုက်ပျိုးရရှိတဲ့ ရွှေအပ်မှိုဟာ နေရောင်ခြည်ရရှိမှု နည်းပါတဲ့အတွက် အဖြူရောင်ဖြစ်နေပြီး ရိုးတံလည်း ပိုရှည်ပါတယ်။ သဘာဝအတိုင်း ပေါက်ရောက်တဲ့ ရွှေအပ်မှိုကတော့ ညိုရွှေရောင်သန်းပြီး ရိုးတံတိုကာ တုတ်ပါတယ်။



 
 
Image Hosted by PicturePush - Photo Sharing
 

ရွှေအပ်မှိုဟာ စိုက်ပျိုးလို့ အလွန်လွယ်ကူတဲ့ မှိုမျိုးဖြစ်ပြီး ဂျပန်နိုင်ငံမှာတော့ လွန်ခဲ့သော နှစ် ၃၀၀ခန့်ကတည်းက သစ်တုံးများပေါ်မှာ စိုက်ပျိုးလာတာဖြစ်ပါတယ်။ ခုခေတ်မှာတော့ ဗီနိုင်းအိတ် သို့မဟုတ် ပလပ်စတစ်အိတ်၊ ဘူးခွံတို့ဖြင့် စိုက်ပျိုးကြပြီး စူပါမားကက်တွေမှာ ရနိုင်တဲ့အပ်မှိုဟာ စိုက်ပျိုးထားတဲ့ မှိုတွေ များပါတယ်။ ရွှေအပ်မှိုကို အမြစ်နဲ့ပါ တွဲရက် ရောင်းချကြပြီးတော့ လတ်ဆတ်တဲ့ အပ်မှိုဟာ ရေခဲသေတ္တာထဲမှာ ထားရင် ၅ရက်ကနေ ဆယ်ရက်ခန့် အထားခံပါတယ်။



 

ဟော့ပေါ့ဆွတ်ပြုတ်ထဲက အပ်မှို






 ချက်ပြုတ်ခါနီးမှာ အမြစ်ပိုင်းကို ဖြတ်ပစ်ဖို့လိုပြီးတော့ ရေနဲ့ သေချာဆေးကြောရပါမယ်။ အလွန် နူးညံ့လွန်းတာကြောင့် ချက်တဲ့အခါမှာလည်း အချိန်အကြာကြီး ချက်ပြုတ်တာမျိုး မလုပ်ဘဲ ၃မိနစ်ခန့်သာ ချက်ပြုတ်ဖို့လိုပါတယ်။ သို့မှသာ မှိုမှာပါဝင်တဲ့ ဒြပ်ပေါင်းများ မပျက်စီးဘဲ ကျန်ရှိမှာ ဖြစ်ပါတယ်။ရွှေအပ်မှိုကို ဟော့ပေါ့ထဲမှာ ထည့်သွင်းစားသောက်ကြပြီး ဆွတ်ပြုတ်၊ အသုပ်၊ ဆူရှီနဲ့ ဆင်းဒဝစ်ထဲ ထည့်စားခြင်း ၊ ခေါက်ဆွဲထဲ တည့်စားခြင်း၊ အစိမ်းစားခြင်း စသဖြင့် နည်းအမျိုးမျိုးတို့ဖြင့် စားသောက်ကြပါတယ်။ စည်သွပ်ဗူးနဲ့ သော်လည်းကောင်း လတ်လတ်ဆတ်ဆတ် သော်လည်းကောင်း ရနိုင်ပေမဲ့ လတ်လတ်ဆတ်ဆတ် ရနိုင်တဲ့ မှိုက ပိုပြီးကောင်းပါတယ်။


pork-roll-needle-mushroom
 အပ်မှို ဝက်သားလိပ်

steamboat
ဟော့ပေါ့

Image Hosted by PicturePush - Photo Sharing 
အပ်မှိုပါတဲ့ ဆူရှီ

Image Hosted by PicturePush - Photo Sharing 
မှို အသားလိပ် ဆူရှီ



ရွှေအပ်မှိုဟာ သေးငယ်ပေမဲ့လည်း လူတွေရဲ့ ကိုယ်ခံအားကို မြှင့်တင် ပေးနိုင်စွမ်းတော့ အလွန် ထက်တယ်လို့ ဆိုပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ အဟာရဓာတ်ပြည့်ဝပြီး အမိုင်နို အက်ဆစ်လည်း ပါဝင်ပါတယ်။ ထို့ပြင်လည်း ဗိုင်းရပ်စ်များကို ခုခံနိုင်စွမ်းအားလည်း ရှိပါတယ်။ ရွှေအပ်မှိုရဲ့ ရိုးတံမှာတော့ ပရိုတိန်းတွေ ပါဝင်ပါတယ်။ ဗီတာမင် ဒီ ကြွယ်ဝစွာပါဝင်ပြီးတော့ ဗီတာမင်ဒီ ကွန်ပေါင်း ဓာတ်တွေ ပါဝင်ပါတယ်။ လိုင်စင်းနဲ့ ဇင့်ဓာတ်တွေ ပါဝင်တာကြောင့် ကလေးများအတွက်လည်း အထူး ကောင်းမွန်တယ်လို့ သိရပါတယ်။ အကြိတ်နဲ့ ကင်ဆာဆဲလ်တွေကိုလည်း တိုက်ဖျက်နိုင်စွမ်းရှိတယ်လို့ ထင်ရှားတာကြောင့် ဂျပန်၊ ကိုးရီးယားနဲ့ တရုတ်နိုင်ငံမှာတော့ သဘာဝ ကင်ဆာကာကွယ်ဆေးအဖြစ် အလွန် အစားများကြပါတယ်။

 

လတ်ဆတ်တဲ့ ရွှေအပ်မှို 


ရွှေအပ်မှိုကို ဝယ်မယ်ဆိုရင် ဖြူဆွတ်နေပြီး အရောင်တောက်ပနေတဲ့ အထုပ်ကိုသာ ရွေးချယ်သင့်ပြီးတော့ ရိုးတံဝါနေလျှင်သော်လည်းကောင်း ၊ အရိအရွဲများဖြင့် ချွဲနေပြီဆိုလျှင်သော်လည်းကောင်း မဝယ်သင့်ဘူးလို့ ဆိုပါတယ်။ ဒီလောက် အစားများပြီး အရသာလည်းကောင်းတယ်ဆိုတဲ့ ရွှေအပ်မှိုကို ကျွန်မ မချောကလည်း နှစ်သက်စွာ စားပါတယ်။ တကယ်လဲ အရသာကောင်းမွန်တာကြောင့် မကြာခဏ ချက်စားဖြစ်ပါတယ်။  ပိုစ့်သိပ်ရှည်သွားတဲ့အတွက် အဲဒီချက်နည်းတွေကိုတော့ မနက်ဖန်မှာ ဆက်လက် ဝေမျှပါဦးမယ်ရှင်။





 

ဖူးပွင့်ဝေစီ ပန်းစုံညီ


ကျွန်မတို့ မြန်မာပြည်မှာ မြင်တွေ့နေရတတ်တဲ့ ပန်းတွေထဲမှာ အချို့သော ပန်းတွေရဲ့ နာမည်ကို အင်္ဂလိပ်လို မသိသေးတဲ့သူများ  သို့မဟုတ် မေ့နေတဲ့သူများ အတွက် ပုံလေးတွေနဲ့တွဲပြီး ဗဟုသုတအဖြစ် ဖော်ပြချင်ပါတယ်။ ကျွန်မကိုယ်တိုင်လည်း မြန်မာပြည်မှာရှိတဲ့ ပန်းတွေထဲမှာ အင်္ဂလိပ်လို  မသိတဲ့ ပန်းတွေ အများကြီး ရှိနေတာကြောင့်  မသိတဲ့ပန်းတွေကို ရှာဖွေစုဆောင်းရင်း ဒီပိုစ့်လေးကို အချိန်အများကြီးပေးပြီး ရေးဖြစ်တာပါ။  မွှေနှောက်ရှာဖွေထားတဲ့ ပန်းတွေထဲက ကျွန်မတို့ မြန်မာလူမျိုးတွေ နှစ်ခြိုက်တတ်တဲ့ ပန်းကလေးတွေရဲ့ အမည်များကို ပြန်လည် မျှဝေရမယ်ဆိုရင်..  


ဇီဇဝါ - Gardenia

Gardenia

http://www.gardenpharmacy.us/wp-content/uploads/2010/12/Gardenia-florida.jpg

ပထမဦးဆုံး ဖော်ပြချင်တဲ့ ပန်းကတော့ ဇီဇဝါ လို့ အမည်ရတဲ့ ပန်းအဖြူရောင်ပန်း ဖြစ်ပါတယ်။ အနံ့အလွန်မွှေးတဲ့ အဖြူရောင် ပန်းတစ်မျိုးဖြစ်ပါတယ်။ အင်္ဂလိပ်လိုတော့ Gardenia လို့ခေါ်ပါတယ်။ မြန်မာပြည်မှာတော့  မြို့ပြတွေမှာထက် မြို့ငယ်လေးတွေ၊ ကျေးရွာတွေမှာ အတွေ့များတဲ့ ပန်းဖြစ်ပါတယ်။

*************


သနပ်ခါးပန်း - Chinese Perfume Plant (or) Chinese Rice Flower (a) Aglaia odorata

 

   

နောက်ထပ် ဖော်ပြချင်တဲ့ ပန်းတစ်မျိုးက ကျွန်မတို့ မြန်မာပြည်မှာတော့ သနပ်ခါးပန်းလို့ ခေါ်ကြတဲ့ အဝါရောင် အလုံးသေးသေး အနံ့သင်းသင်းလေးသာ မွှေးတဲ့ ပန်းဖြစ်ပါတယ်။ ဒီပန်းဟာ အနားကပ်ပြီး အနံ့ခံကြည့်မယ်ဆိုရင် ဘယ်လိုအနံ့မှ မရှိသလို ခံစားရပေမဲ့ ခပ်ဝေးဝေးကနေဆိုရင် လေပြေညှင်းလေးနဲ့ အတူ လွှင့်ပျံလာတတ်တဲ့ ရနံ့မျိုးရှိပါတယ်။ ပွင့်ပြီးတာနဲ့ တစ်ရက်လောက်ဆို ကြွေသွားတတ်ပါတယ်။ Chinese Perfume Plant လို့လည်း ခေါ်ကြပြီး Chinese rice လို့လည်း ခေါ်တတ်ကြပြန်ပါတယ်။

*************

ကံ့ကော် - Mesua Ferrea

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing 

ကျွန်မတို့ မြန်မာလူမျိုးတွေ အလွန်ချစ်ခင်နှစ်သက်ကြတဲ့ ပန်းတစ်မျိုးက အဖြူရောင်ပွင့်ချပ်၊ အဝါရောင်ဝတ်ဆံလေးတွေနဲ့ ချိုအီလွန်းတဲ့ မွှေးရနံ့ရှိသော ကံ့ကော်ပန်း ခေါ် Mesua ferrea  ဖြစ်ပါတယ်။ အရွက်ကိုလည်း ဘုရားမှာ ထိုးကြသလို ပန်းပွင့်ချိန်မှာလည်း ဘုရားလှူ၊ ခေါင်းပေါ်ဆင်မြန်းကြနဲ့ လူကြိုက်များတဲ့ ပန်းဖြစ်ပါတယ်။ ဝတ်ဆံတွေဟာ အလွန်မွှေးတာကြောင့် အခြောက်ခံပြီး သနပ်ခါးဖြင့် ရောလိမ်းကြသလို၊ မြန်မာ ပရဆေးများ ဖော်စပ်ရာတွင်လည်း ထည့်သွင်း အသုံးပြုကြပါတယ်။


*************

တတိုင်းမွှေး - Magnolia

http://www.ceas.ku.edu/asian-botanicals/on-campus/magnolia/Magnolia.jpg

http://www.ceas.ku.edu/asian-botanicals/on-campus/magnolia/Magnolia%202.jpg

အဖြူရောင် အနီရောင် စသဖြင့် ရှိတတ်တဲ့ ဖော်ပြပါ ပန်းကလေးတွေကတော့ တတိုင်းမွှေးခေါ် Magnolia ပန်းကလေးတွေ ဖြစ်ပါတယ်။ ဒီပန်းရဲ့ မူလဒေသဟာ ဂျပန်နဲ့ တရုတ်ဖြစ်ပါတယ်။ ပေ ၂၀ခန့်ထိ ရှိတတ်တဲ့ အပင်မြင့်မျိုးဖြစ်ပါတယ်။ ပွင့်တဲ့ အချိန်မှာ တစ်ပင်လုံး ဝေအောင် ဖူးပွင့်တတ်တဲ့ ပန်းမျိုးဖြစ်ပါတယ်။ မြန်မာပြည်မှာတော့ အတွေ့ရနည်းတဲ့ ပန်းဖြစ်ပါတယ်။

*************

ယုဇနပန်း - Orange Jasmine


 http://1.bp.blogspot.com/_EbeuC85-eGY/TTjL-dcZCYI/AAAAAAAABow/HgUniOHGzew/s1600/Orange_Jasmine-01.jpg
Image Hosted by PicturePush - Photo Sharing

နာမည်လှလှ ဖြူဖွေးဖွေးနဲ့ ပန်းကလေးက ယုဇနပန်းဖြစ်ပါတယ်။ အပွင့်သေးပေမဲ့ အနံ့လေးက အလွန်မွှေးတဲ့ ပန်းပါ။ အပင်လတ် အမျိုးအစားဖြစ်ပြီး ၈ပေမှ ၁၂ပေခန့် ရှိနိုင်သော်လည်း တစ်ပေသာသာခန့် အပင်ငယ်လေး ဖြစ်အောင်လည်း စနစ်တကျ ပြုပြင်လို့ ရတဲ့ အပင်မျိုးလည်းဖြစ်ပြီး ခပ်ဝိုင်းဝိုင်းအပင်မျိုး ဖြစ်ပါတယ်။ Orange Jasmine လို့ ခေါ်ရခြင်းကလည်း ပန်းပွင့်တဲ့အခါ အလွန်မွှေးကြိုင်ပြီး လိမ္မော်ရနံ့နဲ့ ဆင်ဆင်တူတယ်လို့ ဆိုပါတယ်။ တစ်နှစ်ကို အကြိမ်ကြိမ်ပွင့်တတ်တဲ့ ပန်းဖြစ်ပါတယ်။

*************

ပိတောက်ပန်း - Gumkino flower