ရောင်စုံဖန်သား ကမ်းခြေ


ဒီတစ်ပတ် ရှာဖွေတွေ့ရှိတဲ့ ထူးထူးဆန်းဆန်း အကြောင်းအရာလေးတစ်ခုက ရောင်စုံဖန်သားလေးတွေ ပြည့်နှက်နေတဲ့ ပင်လယ်ကမ်းခြေတစ်ခုအကြောင်းပါ။ အဲဒီ ဖန်သားရောင်စုံတွေ ကမ်းစပ်မှာ ရှိနေတဲ့ နေရာက အမေရိကန်၊ ကယ်လီဖိုးနီးယား ပြည်နယ်မြောက်ပိုင်းက Fort Bragg မြို့ ကမ်းခြေတစ်ခုမှာ ဖြစ်ပါတယ်။ အောက်က ပုံတွေမှာ ဖော်ပြထားတဲ့ အတိုင်းပါဘဲ။ ကမ်းခြေတစ်လျှောက်မှာ သဲတွေနဲ့အတူ အရောင်စုံနေတဲ့ ကျောက်ခဲငယ်လေးတွေအရွယ် ကြည်လင်တောက်ပနေတဲ့ အရာလေးတွေ အများကြီး တွေ့ရပါလိမ့်မယ်။



Glass Beach trash glass environment California

ရောင်စုံ ဖန်သားကမ်းခြေ


Glass Beach trash glass environment California


Glass Beach trash glass environment California


Glass Beach trash glass environment California


Glass Beach trash glass environment California

အရောင်စုံပြီး တောက်ပနေပုံများ အံ့မခန်းလှပဆန်းကြယ်လို့ နေပါတယ်။



Image Hosted by PicturePush - Photo Sharing


ပုံမှာ မြင်တွေ့ရတဲ့ အတိုင်းပါဘဲ.. အရောင်တွေ စုံလင်လှပြီး ကြည်လင်တောက်ပနေတာကို တွေ့ရမှာပါ။ ကမ်းစပ်မှာ ဖြစ်ပေါ်နေတဲ့ လှလှပပ ဖန်သားစလေးတွေဟာ တကယ်တမ်းတော့ လူတွေက ပြုလုပ်သုံးစွဲကြတဲ့ ဖန်ထည်တွေ၊ ပုလင်းတွေ၊ ဖန်ကရားအိုးတွေ စသဖြင့် ဖန်နဲ့ ပြုလုပ်တဲ့ သုံးစွဲစရာ ပစ္စည်းတွေ ပင်လယ်တွင်း စွန့်ပစ်ကြရာကနေ ကွဲကြေပျက်စီးပြီး ပင်လယ်ရေလှိုင်းရဲ့ ကာလကြာရှည် တိုက်စားမှုကြောင့် ဖြစ်ပေါ်လာရတယ်လို့ ဆိုပါတယ်။ လူတွေရဲ့ ပြုလုပ်ချက်ကြောင့် မဟုတ်ဘဲ သဘာဝတရားရဲ့ ဆန်းကြယ်စွာ ဖန်တီးချက်ကြောင့် အခုလို အရောင်စုံနေတဲ့ ဖန်သားကမ်းခြေ ( Glass Beach) ရယ်လို့ ခေါ်ရလောက်အောင် ဖန်သားရောင်စုံတွေ ကမ်းစပ်မှာ ပြည့်နေခဲ့တာပါ။


glass beach ft bragg california


 Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing 

http://seaglassfestival.files.wordpress.com/2008/11/teris-pic.jpg


သို့သော်လည်း ထူးခြားချက်က အခုလို ဖန်သားရောင်စုံတွေဟာ အခြား ဘယ်ကမ်းစပ်မှာမှ မရှိနိုင်ဘဲ ဒီနေရာတစ်ခုတည်းမှာသာ ဖြစ်ပေါ်နေခဲ့တာပါ။ ပင်လယ်ရဲ့ ဆားငံရေတွေက လူတွေ စွန့်ပစ်ထားတဲ့ ဖန်ပုလင်းတွေ အစရှိတဲ့ ဖန်ထည်တွေကို တိုက်စားလိုက်တာကြောင့် ဖန်ကွဲစလေးတွေဟာ အစွန်းအတက်တွေ မရှိဘဲ မျက်နှာပြင်ဟာ ညီညာချောမွတ်၊ တောက်ပနေခဲ့ပါတယ်။ ပင်လယ်ရေကြောင့် ဖြစ်ပေါ်လာတဲ့ ( Sea Glass) ဖန်သားစလေးတွေဟာ အဖြူရောင်၊ အညိုရောင် ၊ အစိမ်းရောင် တို့သာ များပေမဲ့ အခြားသော အရောင်များကိုလည်း ရှားရှားပါးပါး တွေ့ရတတ်တယ်လို့ သိရပါတယ်.။  ခုလိုချောမွတ်တဲ့ ဖန်စလေးတွေဖြစ်အောင် ပင်လယ်ဟာ ဘယ်လောက်ကြာအောင်များ တိုက်စားခဲ့တယ်ဆိုတာ မသိနိုင်လောက်အောင် အံ့သြဖို့ကောင်းနေပါတယ်။





http://seaglassfestival.files.wordpress.com/2008/08/alices-sea-glass.jpg

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

ဖန်စလေးမှာ ကောက်ယူစုဆောင်း ရှာဖွေနေသူ


အချို့သော သူတွေက ရောင်စုံဖန်သားကမ်းခြေကို တကူးတက အလည်အပတ်သွားရောက်ကြရင်းနဲ့ အခုဆိုရင် အဲဒီ ကမ်းခြေဟာ လူသိများတဲ့ ကမ်းခြေ တစ်ခု ဖြစ်နေခဲ့ပါပြီ။ ကမ်းခြေကို လာရောက်လည်ပတ်ကြသူတိုင်းကလည်း ကမ်းစပ်က ဖန်သား ရောင်စုံလေးတွေကို ရှာဖွေ ကောက်ယူပြီး အမှတ်တရအဖြစ် ယူဆောင်သွားကြလွန်းလို့ နောက်ဆိုရင် ရောင်စုံဖန်သားလေးတွေ ရှားပါးသွားမှာကို စိုးရိမ်နေရပါတယ်။ ကမ်းခြေ အနီးတစ်ဝိုက်က ဆိုင်တွေမှာတော့ ပင်လယ်ကမ်းစပ်က ရရှိတဲ့ သဘာဝ ဖန်သားလေးတွေနဲ့ ပုံစံတူ လူလုပ် ဖန်သားစေ့ကလေးတွေ ရောင်းချတဲ့ဆိုင်တွေ များပြားလာခဲ့ပါတယ်။ ပင်လယ်ဖန်သားကျောက်လေးတွေကို ဖန်စီပစ္စည်းလေးတွေ ပြုလုပ်သလို၊ အခမ်းအနား ဧည့်ခံပွဲတွေမှာလည်း အလှဆင်ပစ္စည်းအဖြစ် အသုံးပြုကြပါတယ်။ ရေပန်းစား လူကြိုက်များလာတဲ့ ပင်လယ်ဖန်သားစလေးတွေကြောင့် အတုပြုလုပ်တဲ့လူတွေလည်း များပြားလာနေပါတယ်။


http://www.sunflowerhillsoap.com/Large%20Photos/seaglass_combo.jpg

ပင်လယ်ဖန်သားနဲ့ ပုံစံတူ ပြုလုပ်ရောင်းချတဲ့ ဆပ်ပြာတစ်မျိုးပါ။

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing

ဒီပုံလေးတွေကတော့ ပင်လယ်ကမ်းစပ်က ရတဲ့ ဖန်စလေးတွေနဲ့ ဖန်စီလေးတွေ ပြုလုပ်ထားတာ ဖြစ်ပါတယ်။

လူတွေဟာ အဲဒီကမ်းခြေကို ရောက်လာကြတိုင်း လှပတဲ့ ရောင်စုံဖန်သားစလေးတွေ အမှတ်တရအဖြစ် ကောက်ယူ စုဆောင်းကြလွန်းလို့ ကြာလာရင် လှပနေတဲ့ ကမ်းခြေဟာ ဖန်သားရောင်စုံစလေးတွေ မရှိတော့ဘဲ Glass Beach ဆိုတဲ့အမည်နဲ့ မလိုက်ဖက်အောင် အလှပျက်သွားမှာကို စိုးရိမ်စရာ ဖြစ်နေပါတယ်။ သဘာဝတရားက လှပစွာ ဖန်ဆင်းထားပေမဲ့ အဲဒီသဘာဝကိုလည်း လူတွေကသာ ပြန်လည် ဖျက်ဆီးပစ်နိုင်တာပါ။ ၁၉၅၀ ကနေ ၁၉၆၇ခုနှစ်အထိတုန်းကတော့ ၄င်းကမ်းခြေဟာ လှပသာယာမှုမရှိဘဲ အမှိုက်တွေရှုပ်ပွနေတဲ့ သာမန်ကမ်းခြေ တစ်ခုသာ ဖြစ်ခဲ့ပါတယ်. နှစ်တွေကြာလာတဲ့အခါမှာတော့ အမှိုက်သရိုက်တွေကို ဖယ်ရှား ရှင်းလင်းပစ်ခဲ့ကြတဲ့အခါ အရင်က ရှိခဲ့တဲ့ ဖန်ပုလင်း၊ ဖန်ပစ္စည်းတွေဟာ ရောင်စုံဖန်စလေးတွေ ဖြစ်နေခဲ့ပြီး သာယာတဲ့ ကမ်းခြေတစ်ခုအဖြစ် ပြောင်းလဲပေးနိုင်ခဲ့ပါပြီ။ သို့သော် ခုချိန်မှာတော့ ဒီဖန်ရောင်စုံစလေးတွေကို ကောက်ယူခွင့်ကတ်သန့်ထားလိုက်ပြီ လို့ သိရပါတယ်။

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing


ဖန်ရောင်စုံလေးတွေကို မကောက်ယူကြဘဲ ဒီအတိုင်းထားထားမယ် ဆိုရင် အခုလို မြင်တွေ့ရတဲ့အတိုင်းသဘာဝရဲ့ လက်ဆောင်တစ်ခုဖြစ်တဲ့ ရောင်စုံကမ်းခြေဟာ   ကြည်လင်တောက်ပနေတဲ့ ရောင်စုံဖန်သားလေးတွေနဲ့ ကြည်နူးဖွယ် လှပတင့်တယ်နေဦးတော့မှာ သေချာပါတယ်။



Image Hosted by PicturePush - Photo Sharing


ပဲပြားပေါင်းနှင့် မြေထဲပင်လယ်အသုပ်များ

ဒီတစ်ပတ်  စားသောက်ဖွယ်ရာကဏ္ဍအတွက် ဖော်ပြချင်တဲ့ ဟင်းလျာက လွယ်လွယ်ကူကူ လုပ်စားနိုင်တဲ့ တိုဟူးဖြူ (ပဲပြား) ပေါင်း ဖြစ်ပါတယ်။

တိုဟူးဖြူပေါင်း  


Image Hosted by PicturePush - Photo Sharing 

တိုဟူးဖြူကို ပေါင်းဖို့အတွက် ခပ်ရှည်ရှည် တိုဟူးတစ်တုံးကို အဆင်သင့်ပြင်ပါတယ်။

Image Hosted by PicturePush - Photo Sharing 
ခုလိုအရွယ်လေးများ ပိုင်းဖြတ်လိုက်ပါတယ်။

Image Hosted by PicturePush - Photo Sharing 
ထုံးဘဲဥ (ဖီတန်) နှစ်လုံး ကို အခွံခွာပြီး အတုံးလေးများ တုံးလိုက်ပါတယ်

Image Hosted by PicturePush - Photo Sharing 

အတုံးလေးများ တုံးထားတဲ့ ထုံးဘဲဥကို တိုဟူးများပေါ် ဖြန့်ခင်းလိုက်ပါတယ်။

Image Hosted by PicturePush - Photo Sharing

တိုဟူးများကို ရေနွေးဆူဆူဖြင့် ၅မိနစ်ခန့် ပေါင်းပါတယ်။


Image Hosted by PicturePush - Photo Sharing 

ကြက်သွန်ဖြူ၊ ငရုပ်သီး၊ ငရုပ်ပွအစိမ်း၊ နံနံပင်များကို ပြင်ဆင်ပါတယ်။

Image Hosted by PicturePush - Photo Sharing 
ထိုပန်းကန်ထဲကို ငရုပ်သီးစိမ်း၊ ငရုပ်သီးမှုန့်ကြော်ဆီ၊ ပဲငံပြာရည်၊ ရှာလကာရည် ၊ ဆား၊ အရသာမှုန့်တို့ ရောလိုက်ပါတယ်။


Image Hosted by PicturePush - Photo Sharing 

၎င်းအရည်များကို တိုဟူးဖြူပန်းကန်ပေါ် ဖြန့်လောင်းချလိုက်ပါတယ်။


Image Hosted by PicturePush - Photo Sharing 
ထို့နောက် မြေပဲဆန်ထောင်းများကို ပန်းကန်ပေါ် လောင်းချလိုက်ပါတယ်။

Image Hosted by PicturePush - Photo Sharing

ဒီပုံစံအတိုင်း စားနိုင်ပြီဖြစ်တဲ့ တိုဟူးဖြူပေါင်း ရပြီဖြစ်ပါတယ်။



~~~~~~~~~~~~~~~~~@@@@~~~~~~~~~~~~~~~~

စပိန်ကညွှတ်လိမ္မော်သုပ်



asparagus














ကညွှတ်ကို စပိန်လူမျိုးများ သုပ်စားလေ့ ရှိတဲ့ နည်းတစ်မျိုးနဲ့ သုပ်မှာဖြစ်ပါတယ်။


Image Hosted by PicturePush - Photo Sharing 

ကညွှတ်များကို ခုလိုအရွယ်များ လှီးဖြတ်လိုက်ပါတယ်။ ထို့နောက် ရေနွေးဆူဆူဖြင့် ၄င်းကညွှတ်များကို ခေတ္တပြုတ်ပြီး ရေအေးအေးဖြင့် စိမ်ထားပါတယ်။


Image Hosted by PicturePush - Photo Sharing

ပြုတ်ပြီးကညွှတ်များ၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီ (သို့မဟုတ်) ဆလပ်ရွက် အနည်းငယ်၊ လိမ္မော်သီးစိတ်များ


Image Hosted by PicturePush - Photo Sharing 

လိမ္မော်သီးကို အရည်ညှစ်ပါတယ်။ သံလွင်ဆီ (သို့) နှမ်းဆီ၊ ဆား၊ အရသာမှုန့် တို့ ရောစပ်ထားသော အရည်။ အချဉ်ကြိုက်လျှင် သံပုရာရည်ညှစ်ထည့်နိုင်ပါတယ်။


Image Hosted by PicturePush - Photo Sharing

၎င်းအရည်များကို ကညွှတ်၊ ခရမ်းချဉ်သီး၊ လိမ္မော်သီးများပေါ် လောင်းချပြီး ငရုပ်ကောင်းအနည်းငယ်ထည့် မွှေပေးပါ။


Image Hosted by PicturePush - Photo Sharing 

အရသာတစ်မျိုးနဲ့ ထူးခြားတဲ့ စပိန် ကညွှတ်လိမ္မော်သုပ် ဖြစ်ပါတယ်။

Image Hosted by PicturePush - Photo Sharing 
Spanish Asparagus and Orange Salad



~~~~~~~~~~~~~~~~~@@@@~~~~~~~~~~~~~~~~

နောက်ထပ် ဟင်းလျာတစ်မျိုးက တူရကီသခွား၊ ငရုပ်သီးသုပ် ဖြစ်ပါတယ်။


Image Hosted by PicturePush - Photo Sharing 

သခွားသီး၊ ငရုပ်ပွ အနီအစိမ်း၊ ကြက်သွန်နီ တို့ကို သုပ်ဖို့ပြင်ဆင်ပါတယ်။

Image Hosted by PicturePush - Photo Sharing 

ချိစ်နှစ်ပြားကို အနေတော်အရွယ်များ တုံးပြီး ထည့်ပါတယ်။

Image Hosted by PicturePush - Photo Sharing 
ကြက်သွန်ဖြူ၊ ငရုပ်သီး၊ လိမ္မော်သီးအရည်၊ သံလွင်ဆီ၊ ဆား၊ အရသာမှုန့်

Image Hosted by PicturePush - Photo Sharing 

နံနံနဲ့ ပူစီနံရွက်၊ ငရုပ်ကောင်းမှုန့်များကို ထည့်ပါတယ်။

Image Hosted by PicturePush - Photo Sharing 
၎င်းအရည်များကိုလောင်းချပြီး ဖြေးညှင်းစွာ လှုပ်ခါပေးပါ။


Image Hosted by PicturePush - Photo Sharing 

တူရကီနိုင်ငံမှာ သုပ်စားလေ့ရှိတဲ့ သခွား၊ ငရုပ်သီးသုပ် ဖြစ်ပါတယ်။

Turkish Salad


Image Hosted by PicturePush - Photo Sharing

အထက်ပါ မြေထဲပင်လယ်အသုပ်နှစ်မျိုးဖြစ်တဲ့  ( စပိန်ကညွှတ်သုပ် )Spanish Asparagus and Orange Salad နဲ့ ( တူရကီ သခွားသီးငရုပ်ပွသုပ်) Turkish Salad နှစ်မျိုးကတော့ အသုပ်များသုပ်ရာတွင် သံလွင်ဆီနဲ့ လိမ္မော်သီးကို အသုံးများကြသော မြေထဲပင်လယ် ဒေသများဖြစ်တဲ့ စပိန်၊ တူရကီ၊ ပါရှန်း ၊ ဂရိ၊ မော်ရိုကို စတဲ့ ဒေသများမှာ စားသောက်ကြတဲ့ နည်းများဖြစ်ပါတယ်။ ၄င်း မြေထဲပင်လယ် အသုပ်များကိုတော့ ကျွန်မရဲ့ ခင်မင်လှစွာသော သူငယ်ချင်း SSY လက်ဆောင်ပေးပို့သော Mediterranean Food Of The Sun စာအုပ်မှ နည်းလမ်းအတိုင်း သုပ်ထားတာဖြစ်ပါတယ်။


Image Hosted by PicturePush - Photo Sharing

မြေထဲပင်လယ် အစားအသောက် ချက်ပြုတ်နည်းစာအုပ် ထူထူ လေးလေးလံလံကြီးကို ကျွန်မဆီ  မရောက်ရောက်အောင် ပို့ပေးတဲ့ သူငယ်ချင်း SSY ကို ကျေးဇူးအထူးတင်ပါတယ်လို့ ဒီပိုစ့်လေးနဲ့ အတူ ပြောပါရစေရှင်။



အားလုံးလည်း ပျော်ရွှင်ကျန်းမာစိတ်ချမ်းသာပြီး သာယာကြည်နူးဖွယ် အားလပ်ရက်များ ဖြစ်ကြပါစေရှင်။


Image Hosted by PicturePush - Photo Sharing


ပိုက်ဆံအိတ်ထဲက စာလေးတစ်စောင်..

ခိုက်ခိုက်တုန်အောင် အေးခဲလှတဲ့ မနက်ခင်းတစ်ခု...

ကျွန်တော်ဟာ လမ်းလျှောက်ရာကနေ အိမ်ကိုပြန်လာတဲ့လမ်းမှာ ပိုက်ဆံအိတ်လေးတစ်လုံးကို ကောက်ရခဲ့ပါတယ်။ လမ်းဘေးနားက မြက်ပင်တွေကြား ကျနေတဲ့ ပိုက်ဆံအိတ်ဟာ ကျွန်တော့်လိုဘဲ လမ်းလျှောက်တဲ့ သူတစ်ဦးဦးက ပြုတ်ကျခဲ့ဟန် တူပါတယ်။ ပိုက်ဆံအိတ်လေးကို ပိုင်ရှင်ထံ ပြန်ပေးလိုတဲ့အတွက် အိတ်ပိုင်ရှင်ရဲ့ အချက်အလက် တစ်ခုတစ်လေ ရလိုရငြား အိတ်ကို ဖွင့်ကြည့်ချိန်မှာတော့ အိတ်ထဲမှာ ၃ဒေါ်လာမျှသာ ရှိတဲ့ ငွေစအနည်းငယ်နဲ့အတူ  တွန့်ကြေဟောင်းနွမ်းနေတဲ့ စာအိတ်လေးတစ်လုံးကို တွေ့လိုက်ရပါတယ်။ စာအိတ် ဝါကျင့်ကျင့်အရောင်ကို ကြည့်ချင်းအားဖြင့် ဒီစာဟာ သက္ကရာဇ်ပေါင်းများစွာကို ဖြတ်သန်းခဲ့ပြီးဟန် တူပါတယ်။


Image Hosted by PicturePush - Photo Sharing 
စာအိတ်ပေါ်မှာတော့ ဒီစာကို လက်ခံသူရဲ့ လိပ်စာကို မတွေ့ရဘဲ စာရေးလိုက်သူရဲ့ လိပ်စာကိုသာ မြင်တွေ့ရပါတယ်။ ကျွန်တော်ဟာ စာထဲမှာ ပိုက်ဆံအိတ်ပိုင်ရှင်ရဲ့ လိပ်စာ သို့မဟုတ် သဲလွန်စ တစ်ခုခုတွေ့ရမလားဆိုပြီး စာအိတ်ကိုဖွင့်ကာ ဟောင်းနွမ်းနေတဲ့ စာရွက်ကို ထုတ်ယူပြီး ဖြန့်ဖတ်မိပါတော့တယ်။ စာရွက်ထိပ်စီး နေ့စွဲနေရာမှာ တွေ့လိုက်တဲ့ ရက်စွဲတစ်ခုက ကျွန်တော့်ကို အလွန်အမင်း အံ့အားသင့်စေခဲ့တယ်.။

ဘုရားရေ..  ဒီစာဟာ  လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀လောက်က ရေးခဲ့တဲ့ စာပါလား ” အပြာရောင်နုနု စာရွက်ကလေးပေါ်မှာ အင်မတန်မှ သပ်ရပ်လှပတဲ့ လက်ရေးလေးတွေ ရှိပြီး စာရွက်ထောင့် ဘယ်ဘက်မှာတော့ ပန်းပွင့်ကလေးတွေကို တွေ့ရတာကြောင့် စာမဖတ်ခင်မှာ ဒီစာဟာ မိန်းခလေး တစ်ဦးဦးက ရေးတဲ့စာလို့ ကျွန်တော် ခန့်မှန်းလိုက်မိပါတယ်။

စာကိုဖတ်ကြည့်တော့ စာရေးသူမိန်းခလေးက သူမချစ်သူ မိုက်ကယ်ထံ ရေးတဲ့စာ ဖြစ်တာကို သိရပါတယ်။  မိန်းခလေးက သူမရဲ့ အမေကြောင့် မိုက်ကယ်နဲ့ ထပ်မံဆုံတွေ့ဖို့ မဖြစ်နိုင်တော့ကြောင်းနဲ့ ဘယ်လိုပင်ဖြစ်စေ သူမကတော့ မိုက်ကယ်ကို အမြဲတမ်း ချစ်နေမှာဖြစ်ကြောင်း ရေးထားတဲ့ စာဖြစ်ပါတယ်.။ စာရဲ့ အောက်ဆုံးမှာတော့ စာရေးသူအမည် ဟန်နာလို့ လက်မှတ်ရေးထိုးထားပါတယ်.။ ကျွန်တော်ထင်ခဲ့သလို မိန်းခလေးတစ်ဦးက ရေးတဲ့စာ ဖြစ်ကြောင်း ထင်ရှားနေပြီးတော့ လက်ခံသူ မိုက်ကယ်ဆိုသူရဲ့ လိပ်စာ မပါတာကြောင့် လူကြုံနဲ့ပါးတဲ့စာ ဖြစ်ပါလိမ့်မယ်။

ဒါနဲ့ ကျွန်တော်ဟာ စာအိပ်ပေါ်မှာပါတဲ့ ဟန်နာဆိုသူ မိန်းခလေးရဲ့ လိပ်စာကို ဆက်သွယ်နိုင်ဖို့ အတွက် တယ်လီဖုန်းရုံးကို ဖုန်းဆက်ပြီး အော်ပရေတာထံကို တောင်းဆိုမှုတစ်ခု လုပ်ပါတယ်။

“ကျွန်တော်ကို တစ်ခုလောက် ကူညီပါလားခင်ဗျာ။ ကျွန်တော်ဟာ ဒီမနက်က ပိုက်ဆံအိတ်တစ်လုံးကို ကောက်ရထားပါတယ်။ အဲဒီအိတ်ကို ပိုင်ရှင်ဆီ ပြန်ပေးချင်တဲ့အတွက် ပိုက်ဆံအိတ်ထဲမှာတွေ့ရတဲ့ စာအိပ်ပေါ်က လိပ်စာရှင်ကို စုံစမ်းနေတာပါ။ လိပ်စာထဲက အိမ်ရှင်နဲ့ စကားပြောချင်ပါတယ်။ တယ်လီဖုန်းနံပါတ်ကို ကျေးဇူးပြု၍ ပြောပြပါလားခင်ဗျာ”

တယ်လီဖုန်း အော်ပရေတာက သူတို့ဌာနရဲ့ ကြီးကြပ်ရေးမှူးနဲ့ စကားပြောကြည့်ဖို့ ကျွန်တော့်ကို အကြံပေးပြီး ဖုန်းကို  ကြီးကြပ်ရေးမှူးထံ လွှဲပြောင်းပေးပါတယ်။ ကြီးကြပ်ရေးမှူးဟာ ဖုန်းထဲကနေ ကျွန်တော်ပြောပြတဲ့ အကြောင်းအရာကို နားထောင်ပြီးနောက် ဘယ်လိပ်စာဆိုတာကို မေးပါတယ်။ ကျွန်တော်လည်း စာအိတ်ပေါ်က လိပ်စာကို ပြောပြလိုက်တဲ့အခါ သူတို့က တယ်လီဖုန်းရှိတဲ့ လိပ်စာစာရင်းတွေထဲ လိုက်ရှာပြီးနောက်မှာ ကျွန်တော့်ကို အကြောင်းပြန်ပါတယ်။

“ရှင် ပြောတဲ့ လိပ်စာကို ကျွန်မတို့စာရင်းထဲမှာလိုက်ရှာတော့  တယ်လီဖုန်းရှိတာကို တွေ့ရပါတယ်။  ဒါပေမဲ့ အဲဒီဖုန်းနံပါတ်ကို ပိုင်ရှင်တွေရဲ့ ခွင့်ပြုချက်မရဘဲ ရှင့်ကို ပေးဖို့တော့ မဖြစ်နိုင်ပါဘူး။ အဲ.. ကျွန်မတစ်ခု ကူညီနိုင်တာက အဲဒီဖုန်းနံပါတ်ကို ကျွန်မတို့ ဆက်သွယ်ပြီး ရှင်ပြောပြတဲ့ အကြောင်းတွေကို သူတို့ကို ပြောပြလိုက်လို့ သူတို့က ရှင်နဲ့ စကားပြောချင်တယ်ဆိုရင်တော့ အဲဒီဖုန်းနံပါတ်က အိမ်သားတွေနဲ့ ရှင့်ကို ဆက်သွယ်ပေးပါ့မယ်။” လို့ ပြောပြီး ဖုန်းချသွားခဲ့ပါတယ်။

မိနစ်အနည်းငယ် အကြာမှာတော့ ကျွန်တော့ဆီ ဖုန်းပြန်ဝင်လာပြီး တစ်ဖက်က အိမ်ရှင်က ကျွန်တော်နဲ့စကားပြောဖို့ အဆင်သင့်ဖြစ်နေပြီ ဖြစ်ကြောင်း ပြောပြီးတဲ့နောက် အခြားသူတစ်ယောက်ရဲ့အသံ ပေါ်လာပါတယ်။ တစ်ဖက်က စကားပြောနေတဲ့အသံဟာ အသက် ၅၀ကျော်အရွယ် မိန်းမအသံ ဖြစ်ပါတယ်။  စာထဲက အောက်ဆုံးမှာ လက်မှတ်ထိုးထားတဲ့ ဟန်နာဆိုသူနဲ့ တွေ့လိုကြောင်း ကျွန်တော်က ပြောတဲ့အချိန်မှာ အတန်ကြာ စဉ်းစားနေပြီးနောက် ထိုမိန်းမထံမှ အသံထွက်လာပါတယ်။


“ အိုး..  အန်တီတို့က ဒီအိမ်ကို ဟန်နာတို့ဆီက ဝယ်လိုက်တာပါ။ ဒါပေမဲ့ ဒီအိမ်ကို ဝယ်လိုက်တာ နှစ်ပေါင်း ၃၀တောင် ရှိပါပြီကွယ်။”


“ဒါဆို သူတို့ မိသားစု အခုဘယ်မှာနေတယ်ဆိုတာ အန်တီသိပါသလားခင်ဗျာ” လို့ ကျွန်တော်မေးတော့ စဉ်းစားနေဟန်နဲ့ အတန်ကြာ တိတ်ဆိတ်သွားခဲ့ပြီး

“အဲ အန်တီတစ်ခု မှတ်မိပြီ။ ဟန်နာက လွန်ခဲ့တဲ့ နှစ်တွေတုန်းက သူ့အမေကို သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာတစ်ခုမှာ လာတွေ့တာ သိလိုက်ရတယ်။ အဲဒီလိပ်စာမှာ သွားစုံစမ်းရင်တော့ သူတို့သတင်းကို မင်းကြားရလိမ့်မယ်ထင်တယ်”  လို့ပြောလာပါတယ်။

ထိုအမျိုးသမီးက စောင့်ရှောက်ရေး ဂေဟာတစ်ခုရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်ရယ်၊ ဟန်နာဆိုတဲ့ အမျိုးသမီးရဲ့ မိခင်နာမည်ရယ်ကို ကျွန်တော့်ကို ပြောပြပါတယ်။ ကျွန်တော်လဲ အဲဒီစောင့်ရှောက်ရေး ဂေဟာကို ဖုန်းဆက်ရပြန်ပါတယ်။ စောင့်ရှောက်ရေးဂေဟာနဲ့ ဖုန်းရတော့ ကျွန်တော်မေးတဲ့ အမျိုးသမီးဟာ ထိုဂေဟာမှာ ရှိခဲ့သော်လည်း လွန်ခဲ့တဲ့ နှစ်များစွာကဘဲ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ကြောင်းပြောပြပါတယ်။ သို့ပေမဲ့ ဖုန်းနံပါတ်တစ်ခုတော့ ကျွန်တော့်ကိုပေးလာပြီး အဲဒီဖုန်းနံပါတ်မှာတော့ ထိုအမျိုးသမီးကြီးရဲ့ သမီး ရှိနေနိုင်သေးသည် ထင်ကြောင်း ပြောပြပါတယ်။ ကျွန်တော်လည်း ကျေးဇူးတင်စကားပြောပြီး ဖုန်းကိုချလိုက်ကာ သူတို့ပေးလိုက်တဲ့ ဖုန်းနံပါတ်ကို ထပ်ဆက်ပြန်ပါတယ်။ တစ်ဖက်က ဖုန်းကိုင်တဲ့ အမျိုးသမီးက ဟန်နာဆိုသော အဖွားမှာ ယခုအခါတွင် သက်ကြီးရွယ်အို စောင့်ရှောက်ရေး ဂေဟာတစ်ခုတွင် နေထိုင် လျှက်ရှိကြောင်း ဖြေကြားပြန်ပါတယ်။ သူပေးတဲ့ လိပ်စာဟာ အစောက ကျွန်တော်ဖုန်းဆက်တဲ့ စောင့်ရှောက်ရေးဂေဟာ မဟုတ်ပါဘူး။ ဒီလိပ်စာက ကျွန်တော်တို့အိမ်နဲ့ သိပ်မဝေးတဲ့နေရာတစ်ခုက သက်ကြီးရွယ်အို စောင့်ရှောက်ရေး ဂေဟောတစ်ခုရဲ့ လိပ်စာပါ။ 
  
ဖုန်းကို ချလိုက်ပြီးနောက် “ငါတော်တော်မိုက်တဲ့သူဘဲ ” လို့ မိမိကိုယ်ကို ပြောလိုက်မိပါတော့တယ်။ ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီး ပိုက်ဆံအိတ်ထဲက ၃ဒေါ်လာလေးနဲ့ နှစ်ပေါင်း ၆၀ကြာနေပြီဖြစ်တဲ့ စာလေးတစ်စောင်ကို ပြန်ပေးဖို့အတွက် ဒီလောက်တောင် အလုပ်ရှုပ်ခံပြီး ဖုန်းဆက်နေတဲ့ ကိုယ့်ကိုယ်ကို နားမလည်နိုင်အောင် ဖြစ်ရပါတော့တယ်။ သို့သော်လည်း ကိစ္စတစ်ခုခုဆို ရေဆုံးရေဖျားလိုက်တတ်တဲ့ ကျွန်တော်ရဲ့ အကျင့်အတိုင်းဘဲ ထပ်ရလာတဲ့ စောင့်ရှောက်ရေးဂေဟာကို ဖုန်းဆက်ပြန်ပါတယ်။ ဖုန်းဖြေတဲ့သူ ထံကနေ “ဟုတ်ကဲ့ ဟန်နာဆိုတဲ့ အမျိုးသမီးဟာ ကျွန်တော်တို့ရဲ့ စောင့်ရှောက်ရေး ဂေဟာမှာ နေပါတယ်” ဆိုတဲ့ အဖြေကြားတော့မှ စိတ်သက်ကာရာရပြီး သက်ပြင်း ချလိုက်မိပါတော့တယ်။

ဒီသတင်းရချိန်ဟာ ည ၁၀နာရီ ရှိနေပါပြီ.. သို့ပေမဲ့ စိတ်အားထက်သန်လှတဲ့ ကျွန်တော်ရဲ့ တွေ့ချင်မှုကို ထိန်းချုပ်ဖို့ရာ မတတ်သာဘဲ “ကျွန်တော်သူ့ကို အခုလာတွေ့လို့ ရမလား မသိဘူး” လို့ တောင်းဆိုမိတော့ တစ်ဖက်က အဲ.. ဆိုပြီး အသံခေတ္တ တိတ်သွားပါတယ်. ထို့နောက်မှ “အင်း သူတကယ်လို့ မအိပ်သေးရင်တော့ ခင်ဗျား တွေ့ရမှာပါ။ အခု တွေ့ချင်တယ်ဆိုရင် သွားတွေ့ကြည့်လိုက်ပါ။ သူ မအိပ်သေးရင်တော့ ဧည့်ခန်းမှာ တီဗီကြည့်နေလောက်ပါတယ်။  အိပ်ပြီဆိုရင်တော့ ဒီနေ့ တွေ့ဖို့ မဖြစ်နိုင်တော့ပါဘူး ”

တစ်ဖက်က ဖုန်းချသွားတာနဲ့ ကျွန်တော်က ကားသော့ကို ယူပြီး လိပ်စာပါ သက်ကြီးရွယ်အို ဂေဟာကို သွားပါတော့တယ်။

ဂေဟာကို ရောက်ချိန်မှာ အစောင့်နဲ့ ညဆိုင်းတာဝန်ကျ သူနာပြုတစ်ဦးတို့က ကျွန်တော့်ကို ကြိုဆိုနှုတ်ဆက်ပါတယ်။ ပြီးတော့ သူနာပြုက ဓာတ်လှေကားဆီ ဦးဆောင်ခေါ်သွားပြီး အဆောက်အဦးကြီးရဲ့ တတိယထပ်ကို တက်ခဲ့ကြပါတယ်။ တီဗီထားကြည့်ရာ ခန်းမကျယ်ကြီးမှာတော့ အဖွားအို တစ်ချို့ တီဗီကြည့်နေကြပါတယ်။ သူနာပြုဆရာမက အဖွားအိုများထဲက တစ်ဦးကို ညွှန်ပြကာ ထိုအဖွားရဲ့ အမည်မှာ ဟန်နာ ဖြစ်ကြောင်း မိတ်ဆက်ပေးပါတယ်။ အဖွားဟာ အင်မတန်မှ ချိုသာတဲ့ မျက်နှာထားရှိပြီးတော့ ငွေရောင်ဆံပင်များက တစ်ခေါင်းလုံးကို ဖုံးလွှမ်းနေခဲ့ပါတယ်။ မျက်ဝန်းတစ်ဝိုက်နဲ့ မျက်နှာပြင် တစ်ခုလုံးပေါ်မှာတော့ ဇရာရဲ့ အရေးအကြောင်းများစွာက ရှုပ်ရှက်ခတ်နေခဲ့သော်လည်း ကျွန်တော်တို့ကို နွေးနွေးထွေးထွေး ပြုံးပြနေတဲ့ သူ့အပြုံးက ငယ်ရွယ်စဉ်တုန်းက အင်မတန်ချောမောလှပ ချစ်စရာကောင်းခဲ့တယ်ဆိုတာ သက်သေပြနေခဲ့ပါတယ်။

ကျွန်တော်က ပိုက်ဆံအိတ်တစ်လုံး ကောက်ရထားတာကြောင့် ပိုင်ရှင်ဖြစ်သူကို လိုက်ရှာနေကြောင်း ၊ အိတ်ထဲက စာလေးတစ်စောင်ကြောင့် ဒီနေရာကို အဆင့်ဆင့် စုံစမ်းပြီးမှ ရောက်လာရကြောင်းကို ပြောပြလိုက်ပြီး စာလေးကို အဖွားအိုရဲ့လက်ထဲ ထည့်ပေးလိုက်ပါတယ်။  စာအိတ်ကို ဖွင့်ကြည့်လိုက်လို့ ထောင့်နားမှာ ပန်းတွေပါတဲ့  အပြာရောင်နုနု စာရွက်လေးကို မြင်လိုက်ရင်ဘဲ အဖွားအိုရဲ့ မျက်နှာပေါ်မှာ မယုံကြည်နိုင်သော အံ့သြခြင်း၊ ကြည်နူးခြင်း၊ ရှက်သွေးဖြာခြင်း စတဲ့ ခံစားမှုအရိပ်အယောင်တွေ ပေါ်လာတာကို ကျွန်တော်တွေ့လိုက်ရပါတယ်။ အဖွားအိုက တုန်ယင်နေတဲ့ လက်ကလေးတွေနဲ့ စာရွက်ကိုကိုင်ထားပြီး စာရွက်ပေါ်က စာလုံးတွေကို တစ်လုံးချင်း သေချာအားစိုက် ဖတ်နေခဲ့ပါတယ်။ ပြီးတော့မှ သက်ပြင်းရှည်ကြီးတစ်ချက်ကို ချလိုက်ကာ “လူကလေး.. ဒီစာဟာ အဖွားနဲ့ မိုက်ကယ်ကြားထဲက နောက်ဆုံး စာတစ်စောင်ပါဘဲ။ ဟုတ်ပါတယ် အဖွားကိုယ်တိုင် ဒီစာကို ရေးခဲ့တာပါ။” အဖွားအိုဟာ မမြင်နိုင်တဲ့ ခပ်ဝေးဝေး တစ်နေရာကို လွမ်းလွမ်းဆွေးဆွေး ကြည့်လိုက်ပြီး အတန်ကြာ ငြိမ်သက်သွားပါတယ်။

ခဏကြာမှ “အဖွားနဲ့သူဟာ တစ်ယောက်ကိုတစ်ယောက်  သိပ်ချစ်ခဲ့ကြပါတယ်.။ ဒါပေမဲ့ အဲဒီအချိန်တုန်းက အဖွားအသက်က ၁၆နှစ်ဘဲ ရှိသေးတော့ အဖွားအမေက သိပ်ငယ်သေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အဖွားကို မိုက်ကယ်နဲ့ သဘောမတူခဲ့ပါဘူး။ ဒါကြောင့် အဖွားလည်း မိုက်ကယ်ကို ချစ်ရက်နဲ့ အဆက်ဖြတ်ခဲ့ရပါတယ်။ မိုက်ကယ်ဟာသိပ်ချောပြီး ယောက်ျားပီသတဲ့သူတစ်ဦးပါ။ စိတ်သဘောလည်း သိပ်ကောင်းပါတယ်။ သူကလည်း အဖွားကို နှစ်နှစ်ကာကာ ချစ်ခဲ့တာပါ။ သူ့နာမည်အပြည့်အစုံက မိုက်ကယ် ဂိုလ်းစတိုင်းပါ။ တကယ်လို့များ သူ့ကို လူကလေး တွေ့ခဲ့တယ်ဆိုရင် ပြောပြလိုက်ပါနော်. အဖွားက သူ့ကို အမြဲတမ်း သတိရနေခဲ့တယ် ဆိုတဲ့အကြောင်းနဲ့.. ” အဖွားက စကားကို ဆက်ပြောဖို့ အနည်းငယ်တွန့်ဆုတ်သွားဟန်နဲ့ နှုတ်ခမ်းကို ကိုက်လိုက်ပြီး စကားပြောရပ်သွားပါတယ်။

ထို့နောက်မှာတော့ “ အဖွားသူ့ကို ခုချိန်ထိ ချစ်နေသေးတဲ့အကြောင်း၊ အဖွားဟာ ဘယ်တုန်းကမှ ဘယ်သူနဲ့မှ လက်မထပ်ခဲ့ပါဘူး။ အဖွားဘဝမှာ မိုက်ကယ်ကလွဲလို့ ဘယ်သူ့ကိုမှ မချစ်ခဲ့ဘူးဆိုတာ သူ့ကို ပြောပြလိုက်ပါ လူလေးရယ်” လို့ ဆက်ပြောကာ ပါးပြင်ပေါ်မှာ မျက်ရည်များ စီးကျလာပါတော့တယ်။ ကျွန်တော်လည်း အဖွားအိုကို စိတ်မကောင်းစွာနဲ့ ပုခုံးလေးကို ဖက်လိုက်ပြီး “သူနဲ့ တွေ့ခဲ့ရင် အဖွားပြောတာကို ဆက်ဆက်ပြောပေးပါ့မယ် ” လို့ ပြောလိုက်ပြီးနောက် နှုတ်ဆက်ကာ ပြန်လာခဲ့ပါတော့တယ်။ ကျွန်တော့်ရင်ထဲမှာတော့ လူတစ်ယောက်ကို နှစ်ပေါင်း ၆၀ကြာ မတွေ့ခဲ့ရသည့်တိုင် မမေ့နိုင်သေးဘဲ ချစ်နေဆဲလို့ ပြောလာတဲ့ အဖွားအိုရဲ့ ချစ်ခြင်းမေတ္တာကို လေးစားအံ့သြမိတာ အမှန်ပါ။


ပထမထပ်ကို ဆင်းဖို့အတွက်  ဓာတ်လှေကားကို စောင့်နေတုန်းမှာ အစောက အစောင့်နဲ့ ထပ်တွေ့ပါတယ်။  “ဘယ်လိုလဲဗျ.. အဖွားအိုဆီက ခင်ဗျားသိချင်တာတွေ သိလိုက်ရဲ့လား ” လို့မေးလာပါတယ်။ ကျွန်တော်လည်း “ ဟုတ်ကဲ့.. သူ့ဆီကတော့ နောက်ထပ် သဲလွန်စတစ်ခု ကျွန်တော်ရခဲ့ပါတယ်။ နာမည်တစ်ခုရဲ့ အနောက်က စာလုံးပေါ့ဗျာ။ ဒါပေမဲ့ ဒီနေ့အဖို့တော့ ရှာဖွေတဲ့အလုပ် ရပ်တော့မှဖြစ်မယ် ။ ကျွန်တော် မနက်ကနေ ဒီနေ့တစ်နေ့လုံး ဒီပိုက်ဆံအိတ်ရဲ့ပိုင်ရှင်ကို ရှာနေတာ ခုချိန်ထိပါဘဲ။” ပိုက်ဆံအိတ်ကို အစောင့်မြင်သာအောင် ထောင်ပြလိုက်ပြီး ပြောလိုက်မိပါတယ်။ ကျွန်တော်ကောက်ရတဲ့ ပိုက်ဆံအိတ်ဟာ အညိုရောင် ခပ်နွမ်းနွမ်း ပိုက်ဆံအိတ်လေးဟာ သူလိုငါလို သာမန်အိတ်ကလေးပါဘဲ ။ ဘာမှ ထူးထူးခြားခြား မဟုတ်ပေမဲ့ အညိုရောင်သားရေအိတ်ရဲ့ ထောင့်မှာ အနီရောင် အမှတ်အသားလေး တစ်ခု ရှိနေခဲ့ပါတယ်။

အစောင့်ဖြစ်သူက ကျွန်တော်ထောင်ပြလိုက်တဲ့ ပိုက်ဆံအိတ်ကို သေသေချာချာ စိုက်ကြည့်နေခဲ့ပါတယ်။ “ဟေး.. ခဏ.. ခဏနေပါဦးဗျ.. ကျွန်တော်မှတ်မိပြီ.. ဒီပိုက်ဆံအိတ်ဟာ အဖိုးအို ဂိုလ်းစတိုင်းရဲ့ အိတ်ပဲ.. ဒီအိတ်ကို ကျွန်တော်ဘယ်နေရာမှာတွေ့တွေ့ မှတ်မိနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီအိတ်ရဲ့ ထောင့်မှာပါတဲ့ အနီရောင် အမှတ်အသားကြောင့်ပါဘဲ။ သူဟာ ဒီအိတ်ကို ခဏခဏကျပျောက်တတ်တယ်. ကျွန်တော်တောင် သူ့အိတ်ကို ဒီအဆောက်အဦးထဲမှာ ကောက်ရလို့ ပြန်ပေးရတာ ၃ကြိမ်လောက် ရှိဖူးတယ် ”

“ဗျာ.. ဘယ်သူ အဖိုးဂိုလ်းစတိုင်းဟုတ်လား ” မေးလိုက်တဲ့ ကျွန်တော့်အသံထဲမှာ အံ့သြမှုတွေ ပါဝင်နေခဲ့သလို ကျွန်တော့ရဲ့ လက်တွေတောင် တုန်ယင်လို့လာပါတယ်။

“ဟုတ်တယ် အဖိုးဂိုလ်းစတိုင်းဆိုတာ ဒီသက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာရဲ့ ရှစ်ထပ်မှာ နေထိုင်တဲ့ အစောင့်အရှောက်ခံ အဖိုးအိုတစ်ဦးဘဲလေ။ ဒီအိတ်ဟာ မနက်ခင်း သူလမ်းလျှောက်ထွက်တဲ့အခါ ကျခဲ့တာဖြစ်မယ်။ ဒီဝင်းထဲမှာတော့ တစ်နေရာရာမှာ ကျခဲ့ရင် ကျွန်တော်တို့ ပြန်တွေ့မှာဘဲလေ ”

ကျွန်တော် အစောင့်ဖြစ်သူကို ကျေးဇူးတင်စကားပြောပြီး ဂေဟာရုံးခန်းကို အပြေးအလွှားသွားရောက်ကာ အစောင့်ပြောလိုက်တဲ့ စကားတွေကို ပြောပြလိုက်ပြီးနောက် သူနာပြုတစ်ချို့နဲ့ ကျွန်တော်တို့ဟာ ဓာတ်လှေကားကနေ ရှစ်ထပ်ကို တက်လာခဲ့ကြပါတယ်။ အဖိုး ဂိုလ်းစတိုင်းတစ်ယောက် အိပ်ရာမဝင်ပါစေနဲ့ဦးလို့ ဓာတ်လှေကားစီးနေတဲ့ တစ်လျှောက်လုံး ကျွန်တော် ဆုတောင်းနေမိပါတယ်။

ရှစ်ထပ်ရောက်ချိန်မှာတော့