ဒီနှစ် ၂၀၁၁အတွက် ဘရာဇီးနိုင်ငံ Sao Paulo မြို့တွင် ကျင်းပပြီးစီးသွားတဲ့ မယ်စကြာဝဠာ ပြိုင်ပွဲမှာ ကမ္ဘာ့နိုင်ငံအသီးသီးက ပြိုင်ပွဲဝင်သူ ၈၉ဦး ပါဝင်ယှဉ်ပြိုင်ကြပါတယ်။ ပြိုင်ပွဲဝင်တွေထဲမှာ မယ်စကြာဝဠာဆုကို ရရှိပြီး သရဖူ ဆောင်းသွားခဲ့တဲ့သူက အားလုံးသိပြီးဖြစ်တဲ့ အင်ဂိုလာမယ် Miss Leila Lopes ဖြစ်ပါတယ်။ ထူးခြားတာက အင်ဂိုလာနိုင်ငံအတွက် ပထမဦးဆုံး မယ်စကြာဝဠာ ဖြစ်တဲ့အပြင် အသားညိုတဲ့ အာဖရိကတိုက်ကနေ ဆုရတဲ့ ဒုတိယမြောက်မယ် ဖြစ်ပါတယ်။ အသားညိုပေမဲ့ အင်မတန်မှ ချိုသာကြည်လင်တဲ့ ချစ်စရာမျက်နှာလေးနဲ့ အင်ဂိုလာမယ်ဟာ ပရိတ်သတ်အားပေးမှုလည်း များပြားလှပါတယ်။ Body Structure ဒီလောက်မလှ၊ အသားအရေကလည်း ညိုမှောင်နေပေမဲ့ ဘာကြောင့်များ Miss Universe ရသွားတယ်ဆိုတာ ဆန်းစစ်ကြည့်လိုက်တော့ အင်မတန်မှ ချိုမြနေတဲ့ သူ့အပြုံးလေးက ဆွဲဆောင်အား ကောင်းလှတာကို တွေ့လိုက်ရပါတယ်။ ဒိုင်လူကြီးရဲ့ မေးခွန်းကို ဖြေပုံလေးကလည်း ချစ်စရာကောင်းလှတဲ့ ညိုချောလေး Miss Angola ကို ကျွန်မက အညိုရောင် မယ်စကြာဝဠာလို့ ပေးလိုက်ချင်ပါတယ်။
ဘရာဇီးနိုင်ငံ မယ်စကြာဝဠာပြိုင်ပွဲစင်မြင့် မြင်ကွင်း
၂၀၁၁ မယ်စကြာဝဠာပြိုင်ပွဲကို တစေ့တစောင်း လေ့လာကြည့်ရမယ်ဆိုရင် ဝင်ရောက်ကြသူ မိန်းမပျိုလေးများဟာ အရပ်မြင့်ကြသူတွေ များပြီးတော့ အမြင့်ဆုံး ၆ ပေရှိတဲ့ Miss Peru (Natalie VértiZ ) အထိ ပါဝင်ပါတယ်။ ပုံမှန်အားဖြင့် ၅ပေ ၈လက်မ၊ ၅ပေ၉ လက်မ ရှိသူ အများစုဖြစ်ပြီး ယခုနှစ်ပြိုင်ပွဲဝင်မယ်တွေထဲမှာ Miss Guam ဖြစ်သူ Shayna Afaisen ကတော့ ငါးပေ ငါးလက်မနဲ့ အရပ်အနိမ့်ဆုံးလို့ ဆိုနိုင်ပါတယ်။ ပြိုင်ပွဲစစချင်းမှာ မယ်ကလေးများဟာ မိမိနိုင်ငံကို ကိုယ်စားပြုတဲ့ (National Costume) အမျိုးသားဝတ်စုံများနဲ့ ပြိုင်ပွဲဝင်ကြရတဲ့အခါ သက်ဆိုင်ရာနိုင်ငံများရဲ့ ရိုးရာယဉ်ကျေးမှု၊ အထိမ်းအမှတ်၊ သမိုင်းကြောင်းဆိုင်ရာ၊ သို့မဟုတ် နိုင်ငံ အလံနဲ့ ပတ်သက်တဲ့ ဝတ်စုံများကို ဆန်းသစ်တီထွင်ပြီး ဝတ်ဆင်ပြိုင်ပွဲဝင်ကြတာ တွေ့ရပါတယ်။ ပြိုင်ပွဲဝင်များရဲ့ နိုင်ငံအလိုက် ဝတ်စုံများဟာ အရောင်စုံ၊ အမျိုးစုံလှပြီး စိတ်ဝင်စားဖို့လည်း ကောင်းလှပါတယ်။ ပြိုင်ပွဲဝင်များထဲက ကျွန်မတို့ မြန်မာပြည်ရဲ့ အိမ်နီးချင်း အာရှနိုင်ငံများရဲ့ ဝတ်စုံများနဲ့ ထူးခြားသော အခြားနိုင်ငံက အမျိုးသားဝတ်စုံတစ်ချို့ကို ဖော်ပြရမယ်ဆိုရင်..
အကောင်းဆုံး အမျိုးသားဝတ်စုံဆု ရရှိတဲ့ Miss Panama
Miss Venezuela
Miss Mexico
Miss Angola
Miss Aruba
အရပ်အရှည်ဆုံး ပြိုင်ပွဲဝင် Miss Peru
Miss Costa Rica
Miss Trinidad and Tobago
Miss U.S Virgin Islands
Miss Guatemala
Miss Ireland
Miss Bolivia
Miss USA
Miss Cayman Islands
Miss France
Miss Botswana
Miss Haiti
Miss Bolivia
Miss Virgin Islands
Miss Canada
Miss Tanzania
Miss Chili
Miss Guyana
Miss Nigeria
အရပ် အမြင့် ၅ပေ ၅လက်မနဲ့ ပြိုင်ပွဲဝင်ထဲမှာ အပုဆုံး Miss Guam
Miss Dominican Republic
Miss Australia
Miss Brazil
Miss South Africa
Miss Nicaragua
Miss Curacao
Miss Jamaica
Miss Ecuador
Miss Czech Republic
ဆက်လက်ပြီး အာရှနိုင်ငံများရဲ့ အမျိုးသားဝတ်စုံများကို ဖော်ပြရမယ်ဆိုရင်...
Miss Malaysia