ထမင်းလိပ်၊ ထမင်းကတော့ချွန်


ပြီးခဲ့တဲ့ အပတ်က ထမင်းလိပ်နဲ့ ထမင်းကတော့ချွန် လုပ်စားဖြစ်ပါတယ်။  ( Sushi roll ) ကို ထမင်းလိပ် ခေါ်တဲ့အတွက်  ( Sushi Hand Roll) ကိုတော့ ထမင်းကတော့ လို့ အမည်ပေးချင်ပါတယ်။ အဲဒီထမင်းလိပ်နဲ့ ထမင်းကတော့ လုပ်နည်းလေးကို ချစ်သောမိတ်ဆွေများကို ပြန်လည်မျှဝေလိုပါတယ်။ သိပ်လည်း ခက်ခက်ခဲခဲ မဟုတ်တာကြောင့် တော်တော်များများလည်း လုပ်တတ်ကြမယ်ထင်ပါတယ်။ ထမင်းလိပ်ပြုလုပ်ဖို့ ပါဝင်တဲ့ ပစ္စည်းများကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

ထမင်းလိပ်
58b63 - Click for Next Image...

ချက်ပြီးသားထမင်းကို နှမ်းဆီ၊ ဆား၊ ဗနီကာအနည်းငယ်တို့ဖြင့်နယ်ထားပါတယ်။ ဥနီ၊ သခွားသီး၊ ကြက်သွန်မြိတ်၊ ဂဏန်းသားချောင်းကြော်၊ ကြက်အူချောင်းကြော်၊ ရေညှိချပ် (Nori sheet)  နဲ့ ဝါးယင်းလိပ် အသေးတို့ဖြစ်ပါတယ်။ ကြက်ဥကိုကျော်ပြီး အချောင်းကလေးများဖြစ်အောင် လှီးဖြတ်၍လည်း ထည့်နိုင်ပါတယ်။ ဝါးယင်းလိပ်ကလေးကတော့ ရေညှိထုပ်တွေမှာ တွဲလျက်ပါတတ်ပါတယ်။

e43a5 - Click for Next Image...

ရေညှိချပ်ကို ဝါးယင်းလိပ်လေးပေါ် ဖြန့်ခင်းလိုက်ပါတယ်။

8d423 - Click for Next Image...
ထို့နောက် ထမင်းများကို ရေညှိပေါ် ဖြန့်ခင်းလိုက်ပါတယ် စပြီးလိပ်မဲ့ တစ်ဖက်ခြမ်းကို ထမင်းမရောက်စေဘဲ ချိန်ခဲ့မှာ ဖြစ်ပါတယ်။
76292 - Click for Next Image...
ထမင်းပေါ် ကြက်အူချောင်း၊ ဂဏန်းသားချောင်း၊ သခွားသီး၊ ဥနီ တို့ကိုတင်လိုက်ပါတယ်။
6672a - Click for Next Image...
ထို့နောက် ထမင်းမရှိသော အလွတ်ဘက်မှ စပြီး လိပ်ပါတယ်။

e0cf0 - Click for Next Image...
ဝါးလိပ်နဲ့ လိပ်လိပ်ပြီး ဖိပေးပါတယ်။

39392 - Click for Next Image...
ဖြေးဖြေးချင်း ကျစ်လာအောင် လိပ်ယူပါတယ်။

575cc - Click for Next Image...
ထို့နောက်မှာတော့ ထမင်းလိပ်ရပါပြီ။ ထမင်းလိပ်ကို ဓါးထက်ထပ်ဖြင့် အနေတော်အရွယ် လှီးဖြတ်လိုက်ပါတယ်။

ထမင်းလိပ်ခေါ် Sushi Roll ရပါပြီ။

59b57 - Click for Next Image...
အပေါ်ကနေ နှမ်းအနက် ဖြူးထားတာပါ။
*********@@@@@*********
ထမင်းကတော့ချွန်

နောက်ထပ် ထမင်းလိပ်တစ်မျိုးက  ( Hand Roll Sushi ) လို့ခေါ်တဲ့ ထမင်းကို ကတော့ပုံဖြစ်အောင် လိပ်ထားတာပါ။ ကတော့ပုံထမင်းလိပ် လုပ်နည်းမှာ

ဆန်းဆန်းပြားပြား စားသောက်ဆိုင်များ


တကယ်လို့များ သင်ဟာ ဘယ်သူနဲ့မှ မတူအောင် ထူးထူးခြားခြားဖြစ်တဲ့ နေရာတွေမှာမှ အစားအသောက်တွေကို စားချင်ပါတယ်ဆိုခဲ့ရင် အောက်ဖော်ပြထားတဲ့ စားသောက်ဆိုင်တွေမှာ သွားရောက်စားသောက်နိုင်ပါတယ်။ ပုံမှန် စားသောက်စဉ်မှာ ခံစားရတဲ့ စိတ်ခံစားမှုမျိုးကနေ ခွဲထွက်ပြီး ထူးခြားဆန်းကျယ်စွာ ခံစားရမှာဖြစ်ပါတယ်။

ကောင်းကင်ပေါ်က ညနေစာ

Dinner in the Sky - Having dinner in the sky
very cool dinner in the sky italy-bizarre

 bizarre dinner in the sky italy

bizarre dinnner in the sky

 Cool dinner waiters diner in the sky

diner in the sky bizarre odd 

 ကောင်းကင်ပေါ်တွင် ညနေစာစားခြင်း

သင့်မိတ်ဆွေ သူငယ်ချင်း ၂၁ယောက်နဲ့အတူ ကမ္ဘာမြေကြီးရဲ့အပေါ် အမြင့်ပေ ၁၅၀ ခန့်ရှိ လဟာပြင်မှာ ညစာစားသောက်နိုင်တဲ့ အစီအစဉ် ဖြစ်ပါတယ်။ ဘဲဥပုံ စားပွဲကြီးကို ဝိုင်းပတ်ပြီး ခင်းထားတဲ့ ထိုင်ခုံ ၂၂လုံးနဲ့အတူ အလယ်ကောင်မှာတော့ စားပွဲထိုးနဲ့ စားဖိုမှူး သုံးဦးတို့ကို သင်တို့ကို စိတ်ကျေနပ်မှုရှိစေရန် အထူးစပါယ်ရှယ် စားစရာများနဲ့ ဧည့်ခံမှာ ဖြစ်ပါတယ်။ တကယ်လို့များ ညနေစာမဟုတ်ဘဲ မနက်ခင်းစာ နေ့လည်စားများကို သုံးဆောင်လိုပါကလည်း အထူးအစီအစဉ်အနေနဲ့ တောင်းဆိုလို့ ရနိုင်ပါတယ်။ ကရိန်းကြီးနဲ့ မြေပြင်ကနေ မီတာ ၅၀အမြင့်ကို ဆွဲမပြီး လေထဲမှာ စားသောက်တဲ့ အစီအစဉ်ဟာ တစ်ကြိမ်ကို ၂နာရီခန့်ကြာမြင့်တယ်လို့ သိရပါတယ်။ ( ဒီ၂နာရီအတွင် ရှူးရှုးပေါက်၊ အီးအီးပါချင်ရင် ဘယ်လိုများ လုပ်ရမှာပါလိမ့်နော် :) )


crane raising dinner in sky 468x350 Dinner in the sky Monaco 2010

dinner in the sky events 468x350 Dinner in the sky Monaco 2010


Image Hosted by PicturePush - Photo Sharing

တကယ်လို့များ သင်ဟာ ကောင်းကင်ပေါ်မှာ စားသောက်နေရင်း တေးဂီတများကို နားဆင်လိုသေးတယ်ဆိုရင်ဖြင့်လည်း အခြား ကရိန်းတစ်ခုကနေ ဂီတပညာရှင်များက ဖျော်ဖြေပေးခြင်းအား ဝန်ဆောင်မှု ပေးနိုင်သေးတယ်လို့ ဆိုပါတယ်။

~~~~~~~~@@@@@@~~~~~~~~~~

ဆေးရုံစားသောက်ဆိုင်


Hospital Themed Restaurant in Latvia
Hospital Themed Restaurant in Latvia
Hospital Themed Restaurant in Latvia
Hospital Themed Restaurant in Latvia
Hospital Themed Restaurant in Latvia

လတ်ဗီးယားရဲ့ မြို့တော် Riga မှာ ထူးထူးဆန်းဆန်းအသစ်ဖွင့်တဲ့ စားသောက်ဆိုင်က ဆေးရုံစားသောက်ဆိုင်ဖြစ်ပါတယ်။ ဆိုင်အတွင်း အပြင်အဆင်ကို ဆေးရုံတစ်ခုရဲ့ ပုံစံအတိုင်း ပြင်ဆင်ထားပြီးတော့ ခွဲစိတ်ခန်းနဲ့တူတဲ့ စားသောက်ခန်းလည်း ရှိပါတယ်။ စားသောက်ဆိုင်ရဲ့ ဝန်ထမ်းတွေကလည်း ဆရာဝန်နဲ့ သူနာပြု ဝတ်စုံများကို ဝတ်ဆင်ထားကြပြီး ဖျော်ဖြေရေးအဖွဲ့ပင်လျှင် သူနာပြု ဝတ်စုံတွေနဲ့ ဖြစ်ပါတယ်။ စားသောက်ဆိုင်ရဲ့ စားပွဲတွေကိုလည်း ကြည့်ပါဦးတော့ .. ခွဲစိတ်ခန်းသုံး စားပွဲများနဲ့ တူအောင် ပြုလုပ်ထားပြီး စားသောက်စရာတွေထည့်တဲ့ ခွက်တွေ ပန်းကန်တွေကိုလည်း ဆေးရုံသုံး စတီးလင်ဗန်း ပုံစံမျိုး လုပ်ထားတာပါ။ ပြီးတော့လည်း အစားအသောက်တွေကို ပုံမှန်အတိုင်း ဇွန်း၊ ခက်ရင်းတွေ သုံးပြီး စားရတာမျိုးမဟုတ်ဘဲ ဆေးထိုးပိုက်၊ ခွဲစိတ်ဓါး၊ ခွဲခန်းသုံး ကပ်ကျေး စသည့် ပစ္စည်းတို့နဲ့ စားသောက်ရတာ ဖြစ်ပါတယ်။ သောက်စရာ အဖျော်ယမကာများကိုတော့ ဆေးပုလင်းပုံသဏ္ဍာန် ပုလင်းများနဲ့ ထည့်ထားတာ ဖြစ်ပါတယ်။

Hospital Themed Restaurant in Latvia

Hospital Themed Restaurant in Latvia
Hospital Themed Restaurant in Latvia

hospital_restaurant8.jpg

hospital_restaurant9.jpg
hospital_restaurant10.jpg
hospital_restaurant11.jpg

ထူးခြားတာက ဒီစားသောက်ဆိုင်ရဲ့ ပိုင်ရှင်ဟာလည်း ဆရာဝန်တစ်ယောက်ဖြစ်ပါတယ်။ ကြည့်ရတာ ဆေးရုံမှာ အနေများတော့ မြင်လေရာရာ ဆေးရုံမြင်ကွင်းဘဲ ဖြစ်အောင် ဖန်တီးထားတယ် ထင်ပါရဲ့။ စာသောက်ဆိုင်ရဲ့ သန့်စင်ခန်းတွေ သည်ပင်လျှင် ဆေးရုံရဲ့ သန့်စင်ခန်းများနဲ့ အလားတူ တည်ဆောက်ထားတယ်လို့ ဆိုပါတယ်။ (စိတ်ကြီးရယ် ညစ်ရပါရဲ့)

Hospital Themed Restaurant in Latvia
Hospital Themed Restaurant in Latvia

Hospital Themed Restaurant in Latvia

တကယ်လို့များ သင့်ကိုယ်သင် လူနာတစ်ယောက်လို သဘောထားပြီး သူနာပြုတွေရဲ့ အပြုအစုကို ခံယူချင်တယ်ဆိုရင်လဲ အဲဒီစားသောက်ဆိုင်က သင့်ကို လိုက်လျောပေးပါလိမ့်မယ်။ သင့်ရဲ့ လက်တွေကို အနောက်မှာ ချည်နှောင်ထားပြီးတော့ သင့်ကို သူနာပြုဝတ်စုံ ဝတ်ဆင်ထားတဲ့ ချောချောမောမော လှလှပပ မိန်မပျိုလေးများက ခွန့်ကျွေးပါလိမ့်မယ်။ (အပြုစုခံချင်သူ ကိုကို၊ မောင်မောင်များ ၊ ဦးဦး၊ ဘဘကြီးတို့တွေ ဒီစားသောက်ဆိုင်ကို သွားသာသွားကြပါတော့  :)  )

~~~~~~~~@@@@@@~~~~~~~~~

သစ်ပင်ပေါ်က စားသောက်ဆိုင်






သစ်ပင်ပေါ်မှာ ထူးထူးဆန်းဆန်း စားသောက်နိုင်တဲ့ စားသောက်ဆိုင်တစ်ခုက နယူးဇီလန်နိုင်ငံ Auckland မှာ တည်ရှိတာ ဖြစ်ပါတယ်။ အိုးတစ်လုံး ပုံသဏ္ဍာန်ဖြင့် သစ်နီပင်ကြီးရဲ့ အပေါ်မှာ တည်ဆောက်ထားတာ ဖြစ်ပြီး မြေပြင်ကနေ အမြင့်ပေ ၃၂ပေ ခန့် မြင့်ပါတယ်။ အဲဒီ သစ်ပင်ပေါ်က စားသောက်ဆိုင်ကို သွားရောက်နိုင်ဖို့အတွက် ကြောင်လိမ်ပုံ လျှောက်လမ်းကနေ တက်ရောက်နိုင်ပါတယ်။ ဒေါင်လိုက် လျှောက်လမ်းကိုလည်း သစ်နီသားနဲ့ ဆောက်လုပ်ထားတာဖြစ်ပြီး ဒေါင်လိုက် တည်ရှိနေတဲ့ ဆူးဆောင်သဏ္ဍာန်များကိုတော့ ထင်းရှူးသားနဲ့ ပေါ်ပလာသားကို ရောစပ်ဆောက်လုပ်ထားပါတယ်။ ညအချိန်မှာလည်း လျှောက်လမ်းတစ်လျှောက် မီးတွေ ထွန်းထားပါတယ်။




ဆိုင်အတွင်းမှာ လူ၃၀ ခန့်ထိုင်နိုင်ပြီးတော့ မတ်တပ်ရပ်မယ်ဆိုရင်တော့ လူ၅၀ခန့်ဆန့်တယ်လို့ သိရပါတယ်။ အဲဒီနေရာဟာ လူသိပ်မများတဲ့ ကုမ္ပဏီ အစည်းအဝေး၊ မိတ်ဆုံစားပွဲတွေ ပြုလုပ်ဖို့ ကောင်းမွန်တယ်လို့ ဆိုပါတယ်။

Japanese Tree Restaurant


Japanese Tree Restaurant
Japanese Tree Restaurant

အပေါ်က ပုံတွေကတော့ ဂျပန်နိုင်ငံ အိုကီနာဝါရှိ Naha ဆိပ်ကမ်းအနီးမှာရှိတဲ့ သစ်ပင်ပေါ်က စားသောက်ဆိုင်တစ်ခုရဲ့ပုံ ဖြစ်ပါတယ်။  မြေပြင်ထက် အမြင့်ပေ ၂၀မြင့်တဲ့  အလွန်ကြီးမားလှသော သစ်ပင်ကြီးရဲ့ ပင်စည်ခွကြားပေါ်မှာတည်ဆောက်ထားပြီး ဆိုင်ပေါ်ကနေကြည့်ရင် အလွန်လှပတဲ့ ပင်လယ်ရှုခင်းကို လှမ်းမြင်နေရတာဖြစ်ပါတယ်။ ၄င်း စားသောက်ဆိုင်ကလေးမှာ ဂျပန်နိုင်ငံရဲ့ အကောင်းဆုံးအစားအစာများ၊ ထိုင်း၊ ကိုးရီးယား၊ တရုတ်၊ အိန္ဒိယ စတဲ့ အစားအစာမျိုးစုံကို ရရှိနိုင်တယ်လို့ ဆိုပါတယ်။

http://cubeme.com/blog/wp-content/uploads/2008/10/japanese_tree_house_naha_harbor_diner_okinawa2.jpg

http://cubeme.com/blog/wp-content/uploads/2008/10/japanese_tree_house_naha_harbor_diner_okinawa23.jpg

~~~~~~~~@@@@@@~~~~~~~~~

လူသေခေါင်း စားသောက်ဆိုင်


3.jpg

51.jpg

ကမ္ဘာ့အကြီးဆုံး လူသေခေါင်းကြီးထဲမှာ အစားအသောက်များကို စားသောက်လိုပါသလား??

သင့်ဆန္ဒတွေကို ဖြည့်ဆည်းပေမဲ့ လူသေခေါင်းစားသောက်ဆိုင်တစ်ခု ပိုလန်နိုင်ငံမှာ တည်ရှိနေပါပြီ။ အတွင်းထဲမှာလည်း စားပွဲတစ်ခုနဲ့ တစ်ခုကြားမှာ အခေါင်းများကို နံရံတွင် ထောင်ထားပြီး ၄င်းနံရံပေါ်မှာလည်း လွမ်းသူ့ပန်းခွေတွေပါ အလှဆင်လို့ထားပါတယ်။ စားပွဲပေါ်မှာတော့ ဖယောင်းတိုင်မီးတစ်တိုင်စီကို လာရောက်စားသောက်သူတွေအတွက် ထွန်းညှိပေးထားပါတယ်။ ရရှိနိုင်တဲ့ အစားအသောက်တွေကတော့ အိန္ဒိယ အစားအစာတွေပါတဲ့။ (စိတ်ပိန်တယ်.. သူတို့မို့ ကြံကြံဖန်ဖန်)

~~~~~~~~@@@@@@~~~~~~~~~

အိမ်သာ စားသောက်ဆိုင်

Toilet Restaurant, Taiwan, Modern Restaurant, Restaurant Taiwan, restaurant design

Toilet Restaurant, Taiwan, Modern Restaurant, Restaurant Taiwan, restaurant design
Toilet Restaurant, Taiwan, Modern Restaurant, Restaurant Taiwan, restaurant design
Toilet Restaurant, Taiwan, Modern Restaurant, Restaurant Taiwan, restaurant design

Toilet Restaurant, Taiwan, Modern Restaurant, Restaurant Taiwan, restaurant design

စားချင်စိတ်ဖြစ်ဖို့မပြောနဲ့ ကြည့်ပြီး ပျို့တက်ချင်လာတယ်း(

Toilet Restaurant, Taiwan, Modern Restaurant, Restaurant Taiwan, restaurant design

Toilet Restaurant, Taiwan, Modern Restaurant, Restaurant Taiwan, restaurant design
သိပ်ကောင်းပုံရတယ်

Toilet Restaurant, Taiwan, Modern Restaurant, Restaurant Taiwan, restaurant design
Toilet Restaurant, Taiwan, Modern Restaurant, Restaurant Taiwan, restaurant design

Toilet Restaurant, Taiwan, Modern Restaurant, Restaurant Taiwan, restaurant design



အထက်မှာ မြင်ရတဲ့အတိုင်းပါဘဲ ထိုင်ဝမ်နိုင်ငံမှာရှိတဲ့ အိမ်သာစားသောက်ဆိုင်ပါတဲ့။ အစာအသောက်တွေကို အိမ်သာကြွေခွက်ပုံ ခွက်ထဲမှာ ထည့်ရုံတင်မက ရေခဲမုန့်တွေပါ အခွေလိုက်ကလေးတွေ ဖြစ်နေတာသာ ကြည့်ပါတော့။ စစချင်းမှာတော့ ဒီဆိုင်ကို ရေခဲမုန့်ရောင်းဖို့သက်သက်သာ ဖွင့်လှစ်ခဲ့တာဖြစ်ပေမဲ့ ထူးခြားဆန်းပြားလှတဲ့ စိတ်ကူးနဲ့ ဒီဇိုင်းတွေကြောင့် လူသိများထင်ရှားလာပြီး လူပေါင်း ၁၀၀ခန့် တစ်ပြိုင်တည်း စားသောက်နိုင်အောင် တိုးချဲ့ခဲ့ရပြီး ရေခဲမုန့်တင်မဟုတ်တော့ဘဲ အစားအသောက်မျိုးစုံ ရောင်းချလာနိုင်တယ်လို့ ဆိုပါတယ်။

~~~~~~~~@@@@@@~~~~~~~~~

သွေးစုတ်ဖုတ်ကောင် စားသောက်ဆိုင်








Image Hosted by PicturePush - Photo Sharing

 

ဂျပန်နိုင်ငံ တိုကျိုမြို့ရဲ့ နာမည်ကျော် ဂင်ဇာ လမ်းမကြီးပေါ်မှာရှိတဲ့ သွေးစုတ်ဖုတ်ကောင် စားသောက်ဆိုင်ပါ။ သွေးစုတ်ဖုတ်ကောင် ဇာတ်ကားတွေမှာ တွေ့ရလေ့ရှိတဲ့ အသုံးအဆောင်များ၊ အခေါင်းများ၊ ဦးခေါင်းခွံများ၊ လက်ဝါးကပ်တိုင်များ၊ အနီရောင်ဖယောင်းတိုင်များ စသည်တို့က ရုပ်ရှင်ထဲက ထိတ်လန့်ခြောက်ခြားဖွယ် သွေးစုတ်ဖုတ်ကောင်များကို ချက်ခြင်းဘဲ သတိရစေမှာ ဖြစ်ပါတယ်။ ခန်းဆီလိုက်ကာ၊ ထိုင်ခုံ၊ စားပွဲများကိုလည်း အနီရဲရဲဖြင့် တန်ဆာဆင်ထားပါတယ်။သွေးစုတ်ဖုတ်ကောင် စားသောက်ဆိုင်ထဲမှာ အထူးသောက်စရာကတော့ Vampire Blood လို့ အမည်ပေးထားတဲ့ အနီရောင် အရည်ဖြစ်ပါတယ်။ ၄င်းအရည်ဟာ အနီရောင်စပျစ်ဝိုင်နဲ့ သစ်သီးဖျော်ရည်တို့ကို ရောစပ်ထားတာ ဖြစ်ပါတယ်။ စားသောက်ဆိုင်ရဲ့ ဈေးနှုန်းကတော့ လူနှစ်ယောက် ညစာ တစ်ခါစားရင် ဒေါ်လာတစ်ရာ ကျသင့်ပါတယ်တဲ့။


စာဖတ်သူ မိတ်ဆွေတို့ကရော အပေါ်က ဖော်ပြထားတဲ့ ကမ္ဘာတစ်လွှားက  စားသောက်ဆိုင်တွေရဲ့ ဘယ်နေရာမှာများ စားချင်စိတ်ပေါက်မိပါသလဲရှင်..

Image Hosted by PicturePush - Photo Sharing