ဖရုံသီးက ပြောတဲ့စကားများ

ဒီရက်ပိုင်း စာရေးဖို့ အချိန်နည်းနေတာမို့ နှစ်သက်သဘောကျမိလို့ သိမ်းထားတဲ့ ရွှေဖရုံသီးအနုပညာ လက်ရာ ပုံလေးတွေချည်းကို ဖော်ပြပေးချင်ပါတယ်။ လူတွေမှာ စိတ်ကူး အိုင်ဒီယာ သာ ကောင်းရင် ရွှေဖရုံသီးကနေလည်း အင်မတန်မှ စိတ်ဝင်စားဖို့ကောင်းတဲ့ မျက်နှာတွေကို ပုံဖော်နိုင်ပါသေးတယ်..  အနောက်နိုင်ငံများမှာတော့ Halloween လို့ခေါ်တဲ့ ပွဲတွေမှာ ရွှေဖရုံသီးကို ပုံသဏ္ဍာန်အမျိုးအမျိုး ထွင်းထုပြီး အသီးရဲ့အတွင်းထဲမှာ မီးထွန်းချိတ်ဆွဲတတ်ကြပါတယ်။ Halloween ပွဲတော်အတွက်တော့ ရွှေဖရုံသီးဟာ မပါမဖြစ် အထိမ်းအမှတ်လည်း ဖြစ်ပါတယ်။ Halloween ပွဲတော်အတွက် အမျိုးမျိုးသော ဖရုံသီး ပုံသဏ္ဍာန်များကို ထွင်းထုရင်း ပိုမိုအသေးစိတ်ပြီး လှပသေသပ်တဲ့ ဖရုံသီးအနုပညာ တိုးတက်ဖြစ်ထွန်း လာဟန် ရှိပါတယ်။

ရွှေဖရုံသီးပေါ်မှာထွင်းထုထားတဲ့ ထူးထူးခြားခြား ရုပ်ပုံများကိုကြည့်ရတာ အဓိပ္ပါယ်တွေ ရှိနေတယ်လို့ ကျွန်မက ယူဆပါတယ်။ အနုပညာမြောက်အောင် ထွင်းထုထားတဲ့ ရွှေဖရုံသီးများကို ကျွန်မ နားလည်သလို အောက်က ပုံတွေမှာ ဘာသာပြန်ထားလိုက်ပါတယ်..


Image Hosted by PicturePush - Photo Sharing

Hello.. အားလုံးမင်္ဂလာပါ.. ကျွန်မနာမည် မချောပါရှင့်..  ကျွန်မရဲ့ အစိမ်းရောင်လွင်ပြင်ကို အလည်လာတာ ကျေးဇူးတင်ပါတယ်... အောက်မှာတော့ ကျွန်မရဲ့ မိတ်ဆွေ ဖရံသီးလေးများကို ဆက်လက် ကြည့်ရှုအားပေးပါလို့နော်..   :P


အားလုံးအတွက် ပျော်စရာနေ့လေး ဖြစ်ပါစေနော်..


Image Hosted by PicturePush - Photo Sharing
 ဓာတ်ပုံရိုက်ခံဖို့ ပဲပေးနေတာပါ.. 


Image Hosted by PicturePush - Photo Sharing
 ကျွန်တော်ကတော့ အစိမ်းရောင်လွင်ပြင်ဘလော့ကို စောင့်တဲ့တံခါးမှူးပါ...

Image Hosted by PicturePush - Photo Sharing
ကျွန်တော်ဆရာဝန်တစ်ယောက်ပါ.. အဲလေ. လူရိုင်းခေါင်းဆောင်ပါ။


Image Hosted by PicturePush - Photo Sharing
ကျွန်တော့်ကို သေချာကြည့်ပါ.. မျက်မှောင်ကုတ်ပြီး မကြည့်ပါနဲ့။


Image Hosted by PicturePush - Photo Sharing

ဇစ်မဆွဲနဲ့ကွ...... 

Image Hosted by PicturePush - Photo Sharing

 အင်ဒီးယန်းကြီးလည်း အလည်လာတယ်

Image Hosted by PicturePush - Photo Sharing
 တစ်ယောက်တည်းဆိုတော့ ပျင်းတာပေါ့လေ...


Image Hosted by PicturePush - Photo Sharing
 ဘလော်ဂါတွေက ကျွန်မကို လှတယ်ပြောကြတယ်ရှင့်...

Image Hosted by PicturePush - Photo Sharing
ဘယ်သူကများ ဒီရုပ်ကို လှတယ်လို့ ပြောလိုက်ပါလိမ့်ကွာ..း(

Image Hosted by PicturePush - Photo Sharing
ကောင်းကောင်းနေကွ.. မဆော့နဲ့


Image Hosted by PicturePush - Photo Sharing
 မြွေများရဲ့ သခင်

Image Hosted by PicturePush - Photo Sharing
ဖရုံသီးဘဝက ငါးစင်စစ်ဖြစ်ရရှာလေပြီ


Image Hosted by PicturePush - Photo Sharing

ဘယ်သူလဲကွ. ရွှေဖရုံသီးနဲ့ ပေါက်တာ.. လက်ဆော့လှချည်လား..


~~~~~~~~~~@@@@~~~~~~~~~


Image Hosted by PicturePush - Photo Sharing
 ကျုပ်တို့ကို ဒီအချုပ်အနှောင်ကနေ ဘယ်တော့လွတ်ပေးမှာလဲ..


Image Hosted by PicturePush - Photo Sharing
ဘာ.. မလွတ်ပေးသေးဘူး ဟုတ်လား။ 


Image Hosted by PicturePush - Photo Sharing

မျက်မှန်ကြီးနဲ့ လူကြီးလူကောင်းဆန်ပါကွာ မဟုတ်တာတွေ မလုပ်ပါနဲ့။ 


Image Hosted by PicturePush - Photo Sharing

မင်းဘဲ ဒီပုတ်ထဲက ဒီပဲဘဲထင်ပါတယ်.. 

Image Hosted by PicturePush - Photo Sharing
လူဆိုတာ ကတိတည်ရတယ်ကွ.. 

Image Hosted by PicturePush - Photo Sharing
 မတရား စားထားတာတွေ သိပ်များသွားတော့စားပိုးနင့်တတ်တယ်..


Image Hosted by PicturePush - Photo Sharing

ငါ့ကိုများ ပေစောင်းစောင်းနဲ့ ကြည့်နေသေးတယ်။။

Image Hosted by PicturePush - Photo Sharing

မင်းကိုကြည့်ရင်းနဲ့ ဒေါသထွက်လာပြီ


Image Hosted by PicturePush - Photo Sharing
ပြောရတာမောလို့ လျှာထွက်လာပြီ။

Image Hosted by PicturePush - Photo Sharing
 ငါ့လို ကမ္ဘာကြီးကို မျက်လုံးတစ်ဖက်ထဲနဲ့ မကြည့်ပါနဲ့ကွာ.. နှစ်ဖက်စလုံးဖွင့်ပြီးကြည့်ပါ။ 


Image Hosted by PicturePush - Photo Sharing
ဟောသလို မျက်လုံးဖွင့်ပြီးကြည့်ပါကွ..

Image Hosted by PicturePush - Photo Sharing

မင်းပါးစပ်ကို ပိတ်ထားစမ်းပါကွာ.. 


Image Hosted by PicturePush - Photo Sharing
ငါ့အနားမှာရှိလို့ကတော့ ဟောသလို သွားတွေပါ ကျွတ်ထွက်သွားအာင် လက်သီးစာကျွေးပစ်မယ်ကွ.. 


Image Hosted by PicturePush - Photo Sharing
ဒီတစ်ယောက်ကိုကြည့်ပါလား.. ငါ့လက်သီးစာမိသွားလို့ မျက်လုံးတောင် ကျွတ်ထွက်သွားပြီ..


Image Hosted by PicturePush - Photo Sharing
စိတ်ထားမကောင်းတဲ့သူက ဒီလိုဘဲ ရုပ်ဆိုးတယ်..


Image Hosted by PicturePush - Photo Sharing

ငါသေရင်တောင် အလွတ်မပေးဘူး .. မင်းကိုလာခြောက်မယ်


တကယ်တမ်းတော့ မင်းဟာ အစွယ်ပြူးပြူးနဲ့ပါလားကွာ


~~~~~~~~~@@@@@@@@@@~~~~~~~~



Image Hosted by PicturePush - Photo Sharing

ကျွန်တော့နာမည်ကိုညစ်ကျယ်ပါ။။  ဟိုဘက်အိမ်ကလူတွေဆီ ဘာတွေများ အချောင်ရမလဲလို့ ချောင်းနေတာ.. :)


Image Hosted by PicturePush - Photo Sharing
သူတို့ဆီကနေ ရသမျှ အကုန်ယူဖို့ ပါးစပ်ကျယ်ကျယ် ဟထားပါတယ်။။

Image Hosted by PicturePush - Photo Sharing
ခုတစ်လော အိုဘားမားတစ်ယောက် အိမ်ဘေးက လူတွေကို ပြုံးပြုံးပြနေတယ်. 


Image Hosted by PicturePush - Photo Sharing
ဒီလိုဆို ငါ့အတွက် အခြေအနေသိပ်မကောင်းဘူး။ အိမ်ဘေးဆီက ငါလိုချင်တဲ့ပစ္စည်းတွေ မရတော့ရင် ဘယ်လိုလုပ်မလဲ..

Image Hosted by PicturePush - Photo Sharing
 ငါဘာလုပ်ရမလဲ.. သူတို့အခြေအနေကို အသာလေးစာင့်ကြည့်ရမယ်... 



Image Hosted by PicturePush - Photo Sharing

သိပြီ... ဟိုလူကြီးကို ကပ်ပြီးပေါင်းထားရမယ်.. :P 


Image Hosted by PicturePush - Photo Sharing
 ဘယ်ရမလဲ.. ငါတို့ဆီကထွက်တဲ့ ဈေးပေါပေါ ခပ်ညံ့ညံ့ပစ္စည်းတွေယူသွားပီး လာဘ်ထိုးရမယ်.. 


နောက်ဆုံး ဘယ်လိုမှ ပြောမရရင် မျက်ရည်ကျပြလိုက်ရုံရှိတာပေါ့လေ.. ဟွန်း..



~~~~~~~~~~~~~~~ The End ~~~~~~~~~~~~~~~


Nothing special, just for fun.    :)

အားလုံးဘဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေရှင်..


Image Hosted by PicturePush - Photo Sharing

ပင်လယ်သေလို လူစားများ

စာတွေ လိုက်ဖတ်ရင်း Dead Sea လို့ခေါ်တဲ့ ပင်လယ်သေအကြောင်းကို ဖတ်ရတဲ့အခါ သူနဲ့ ဆက်စပ်နေတဲ့ အကြောင်းအရာတွေကို စဉ်းစားနေရင်း အတွေးနယ်ချဲ့နေ မိပါတယ်.. ပင်လယ်သေဆိုတာ  ဂျော်ဒန်နိုင်ငံနဲ့ အစ္စရေး နှစ်နိုင်ငံကြားမှာ တည်ရှိပြီး အဲဒီနေရာဟာ ကမ္ဘာ့မြေပြင်ရဲ့ အနိမ့်ဆုံးအပိုင်းလို့ ဆိုရလောက်အောင် ပင်လယ်ရေ မျက်နှာပြင်ထက် ပေပေါင်း ၁၃၀၀ကျော်ခန့် နိမ့်နေခဲ့ပါတယ်။  ပင်လယ်သေ လို့သာ ခေါ်ဆိုကြပေမဲ့ အားလုံးသိကြတဲ့အတိုင်း အခြားသော ပင်လယ်တွေလို ဆက်စပ်နေတဲ့ ပင်လယ်ပြင်ကြီးမျိုး မဟုတ်ဘဲ တကယ်တမ်းတော့  သူဟာ ကုန်းတွင်းပိတ် ရေအိုင်ကြီး တစ်ခုသာ ဖြစ်ပါတယ်။ အဲဒီ ပင်လယ်သေ ရေအိုင်ကြီးထဲမှာ ဆားပျော်ဝင်မှုနှုန်း အင်မတန်မှ မြင့်မား လှတဲ့အတွက် လူရဲ့ ခန္ဓာကိုယ် ကိုတောင် ရေပေါ်မှာ ပေါ်စေနိုင်ပါတယ်။ တစ်ချို့များဆို ရေမျက်နှာပြင်ပေါ် မှာ ပေါလောပေါ်နေ ရင်း အေးအေးလူလူ စာအုပ်ဖတ်နေတဲ့သူတောင် ရှိပါတယ်။ 



Image Hosted by PicturePush - Photo Sharing

ပင်လယ်သေ (Dead Sea)


Image Hosted by PicturePush - Photo Sharing


ပင်လယ်သေ ရေပြင်ပေါ်မှာ ပေါလောဖြင့် စာဖတ်နေသူများ

ပင်လယ်သေထဲကရေဟာ ဆားပါဝင်မှုနှုန်း ၃၃.၇ ရာခိုင်နှုန်းရှိပြီး ရိုးရိုး သာမာန် ပင်လယ်တစ်ခုမှာ ပျော်ဝင်နေတဲ့ ဆားပမာဏထက် ၁၀ရာခိုင်းနှုန်းနီးပါး ပိုမို များပြားပါတယ်။ ဒီလို ငံကျိနေတဲ့ ရေပြင်ထဲမှာ ဘယ်လို သက်ရှိသတ္တဝါမှ မရှင်သန်နိုင်သလို၊ ပင်လိုအပင်မျိုးမှလဲ မပေါက်ရောက်နိုင်ပါဘူး။ ဒီလောက် ကျယ်ပြောလှတဲ့ ကန်ကြီးထဲမှာ ရေမှာပျော်တဲ့ငါး၊ လိပ်၊ စတဲ့ သတ္တဝါတွေ၊ ရေထဲမှာ ရှင်သန်ပေါက်ရောက်တဲ့ အပင်တွေဆိုတာ ဘာတစ်ခုမှ ရှိမနေတဲ့ ဆားငံပျော်ရည်တွေသာ ပြည့်နေတဲ့ ရေအိုင်ကြီး ဖြစ်နေပါတော့တယ်. ပင်လယ်သေဟာ ၁၂၄ဝပေအထိ နက်ရှိုင်းပြီး ရေတွေကတော့ ကြည်လင်ပြာလဲ့နေကာ အမှိုက်တစ်စတောင် မမြင်ရပေမဲ့ ကမ်းစပ် တစ်လျှောက်မှာတော့ ဆားပွင့်လေးတွေ ဖွေးနေပြီး ကမ်းခြေ တစ်လျှောက်ဟာလည်း ခြောက်သွေ့ပြီး အပင်မရှိသလောက် ကျဲပါးတဲ့ ကုန်းခေါင်ခေါင် မြေရိုင်းသာဖြစ်နေပါတယ်။ အလျား ၄၂မိုင် အနံ ၁၁မိုင် ရှည်လျားပြီး ကြီးမားလှတာကြောင့် ရေကန်လို့ မခေါ်ဘဲ ပင်လယ်လို့ ခေါ်ကြပုံရပါတယ်။


Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

ရေကန်စပ်တစ်လျှောက်က ဆားပွင့်များ

ပင်လယ်သေအကြောင်း စဉ်းစားနေရင်းမှာဘဲ အာရုံထဲကို ဝင်ရောက်လာတာက ပင်လယ်သေရဲ့ မြောက်ဖက်မှာ ရှိတဲ့ ဂါလိလီပင်လယ် အကြောင်းပါဘဲ။ ဂါလိလီ ပင်လယ်ဟာလည်း ရေအိုင်သာဖြစ်ပြီး ဂျော်ဒန်မြစ်စီးဝင်တဲ့ အိုင်ကြီးဖြစ်ပါတယ်။ ဂါလိလီဟာ အရှည် ၁၃မိုင်ရှိပြီး အကျယ်အားဖြင့် ၈မိုင်ရှိပါတယ်. ပင်လယ်မျက်နှာပြင်ထက် ပေ ၇၀၀ ခန့် နိမ့်ကျပြီး ပင်လယ်သေပြီးရင် ကမ္ဘာ့အနိမ့်ဆုံး ရေအိုင်ကြီး ဖြစ်ပါတယ်.။ ရေအိုင်ကြီးနှစ်ခု တူတဲ့အချက်က အဲဒီ ရေအိုင် နှစ်ခု စလုံးဟာ ဂျော်ဒန် မြစ်ရေတွေ စီးဆင်း ဝင်ရောက်တဲ့ ရေကန်တွေ ဖြစ်ပါတယ်.. ဒါပေမဲ့ မတူတဲ့ အချက်ကတော့ ဂါလိလီရေအိုင်ကြီးဟာ ချိုမြိန်တဲ့ ရေတွေရှိပြီး ပင်လယ်သေ ကတော့ ရေငံများသာ ရှိတဲ့ ရေပြင်ဖြစ်ပါတယ်.   ဂါလိလီရေပြင်ဟာ လှပ သန့်ရှင်းတဲ့ ရေချိုတွေ ရှိတာကြောင့် ရေထဲမှာ သက်ရှိမျိုးစုံ ရှင်သန်ပေါက်ဖွားလို့ နေပါတယ်. အပင်များစွာနဲ့ ငါးအမျိုးပေါင်း စုံလင်စွာ ကျက်စား မြူးတူးလို့ နေပါတယ်။ အစ္စရေးတို့ရဲ့ အဓိက သောက်သုံးရေ အရင်းအမြစ် လည်း ဖြစ်ပါတယ်။
 လှပစိမ်းစိုပြီး သက်ရှိတို့ ရှင်သန်ပေါက်ဖွားအားထားရာ ဂါလိလီပင်လယ်

မြစ်တစ်ခုတည်းကနေ ဖြစ်ပေါ်လာတဲ့ ရေကန်နှစ်ခုဟာ ဘာကြောင့်များ မတူ ကွဲပြားနေရတာလဲဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်. တစ်နေရာတည်းမှာ တည်ရှိနေပြီး မြစ်တစ်ခုတည်းက ရေကို ရရှိနေတဲ့ ပင်လယ်( ရေအိုင်ကြီး) နှစ်ခုဟာ တစ်ခုကတော့ သက်ရှိတွေ နေထိုင် မပေါက်ဖွားနိုင်တဲ့ ရေပြင်မျိုးကို ပိုင်ဆိုင်နေပြီး တစ်ခုကတော့ သက်ရှိတွေ မှီတင်းနေထိုင်နိုင်တဲ့ ရေပြင်မျိုး ဘာကြောင့်များ ဖြစ်နေရတာလဲ.. အဖြေရှာ စဉ်းစားကြည့်တဲ့ အခါမှာတော့.. 



Image Hosted by PicturePush - Photo Sharing
ဂျော်ဒန်မြစ် စီးဝင်ရာ ဂါလိလီပင်လယ်နှင့် ပင်လယ်သေတို့၏ မြေပုံ 

ဂျော်ဒန်မြစ်ဟာ ဂါလိလီပင်လယ်ထဲကို မြောက်ဘက် ကနေ စီးဝင်ပြီးမှ တောင်ဘက်  ကနေ ပြန်စီးထွက် သွားခဲ့ပါတယ်.. ဂါလိလီ ပင်လယ်ထဲကရေဟာ အဝင်ရော အထွက်ပါရှိတဲ့ ရေအရှင်ဖြစ်တာကြောင့် သန့်ရှင်းကြည်လင်တဲ့ ရေချိုဖြစ်နေပြီး သက်ရှိပေါင်းများစွာ ပေါက်ဖွားနေထိုင်နိုင်ကာ သတ္တဝါနဲ့ အပင်တွေအတွက် မှီခိုအားထားရာ ဖြစ်စေခဲ့ပါတယ်။  သို့သော် ဂါလိလီ ပင်လယ်ထဲကနေ ပြန်လည် စီးထွက် လာတဲ့ ဂျော်ဒန်မြစ်ကြီး တစ်ခုလုံးက ရေတွေ စီးဝင်နေတာခြင်း တူပေမဲ့လို့ ပင်လယ်သေကတော့ သက်ရှိလည်း မနေနိုင်၊ ဆားတွေ သတ္ထုဓာတ်တွေ များပြားနေတဲ့ ရေပြင်ဟာလည်း ငံကျိနေခဲ့ပါတယ်။ အကြောင်းရင်းကတော့ စီးဝင်တဲ့ ရေသာ ရှိပြီး ပြန်လည် စီးဆင်းသွားတဲ့ မြစ်၊ ချောင်း စတဲ့ ရေထွက်ပေါက် တစ်ခုမှ မရှိတဲ့ ရေသေဖြစ်လို့ပါ။ 

စီးဆင်းမှု မရှိတဲ့ ပင်လယ်သေရဲ့ ရေပြင်ထုဟာ ခန့်မှန်းခြေ တန်ချိန် တစ်သိန်းကျော်ခန့် နေ့စဉ် နေ့စဉ် အငွေ့ပျံသွားပါတယ်.။  ရေတွေတန်ချိန်များစွာ အငွေ့ပျံသွားတဲ့အခါ ကန်ထဲမှာ ဆားနဲ့ သတ္တုတွေသာ များစွာ ကျန်ရစ်ခဲ့ပါတယ်။ ဆားပါဝင်မှုနှုန်း များပြားလွန်းလို့ သက်ရှိတွေ ရှင်သန်ဖို့မဖြစ်နိုင်တဲ့ အနေအထားကို ရောက်ရပါတယ်. ပင်လယ်သေဟာ ဂျော်ဒန်ုမြစ်ဆီက စီးဝင်တဲ့ ရေသာရှိပြီး စီးဝင်လာတဲ့ရေကို ပြန်လည် ထုတ်ပေးခြင်းမရှိဘဲ သူ့ပင်လယ်ထဲမှာ ထိမ်းသိမ်းထားလိုက်တဲ့ အတွက် ပင်လယ်သေအဖြစ်ကို ရောက်ခဲ့ရပါတယ်။ 

ပင်လယ်သေရဲ့ သဘောတရားကို ကြည့်ပြီး လူတွေရဲ့ ဘဝကို စဉ်းစားကြည့်မယ်ဆိုရင်...

လူဆိုတာဟာ သူတစ်ပါးကို ပြန်ပေးတာမျိုးမရှိဘဲ ကိုယ်ကသာ သူတစ်ပါးဆီက ယူတတ်သူတစ်ယောက် သက်သက်အဖြစ်သာ ရှင်သန်ရမဲ့အရာ မဟုတ်ပါဘူး။ ဂါလိလီပင်လယ်အတိုင်း ကိုယ်ကလည်း ယူသလို သူတစ်ပါးကိုလည်း ပြန်လည် မျှဝေပေးတတ်သူအဖြစ် ရှင်သန်ရမှာပါ။ ဘဝမှာ စည်းစိမ်ဥစ္စာ၊ ပညာ စသည်တို့ကို ရှာဖွေစုဆောင်းပြီး ရရှိလာတဲ့အခါ  ပြန်လည် မျှဝေခြင်း၊ လှူတန်းခြင်း စသည်တို့ မရှိဘဲ မိမိစည်းစိမ်းဥစ္စာ၊ မိမိသိထား၊ တတ်ထားတဲ့ အသိပညာ ၊ အတတ်ပညာတွေကို ကိုယ်တစ်ယောက်တည်း အတ္တကြီးစွာနဲ့ လျှို့ဝှက်သိမ်းဆည်း ထားမယ်ဆိုရင် သက်ရှိတွေ ဘယ်လိုမှ မရှင်သန်နိုင်တဲ့  ပင်လယ်သေလိုဘဲ ချစ်ခြင်းမေတ္တာ၊ အကြင်နာ ၊ ပျော်ရွှင်မှု၊   လူတွေရဲ့လေးစားယုံကြည်ခြင်း စတဲ့အရာတွေနဲ့ မိသားစု၊ ဆွေမျိုးမိတ်ဆွေ၊ သူငယ်ချင်း များစွာတို့ဟာ အငွေ့ပျံသလို  ဖယ်ကြဉ် ရှောင်ခွာ၊ ပျောက်ကွယ် သွားကြမှာ ဖြစ်ပါတယ်။

ဒီလိုဆိုရင် ကိုယ်ဟာ လောကကြီးနဲ့ သူတစ်ပါးဆီက ရသမျှ အကုန်ယူမဲ့  အယူသာရှိပြီး အပေးမရှိတဲ့ ပင်လယ်သေလို အတ္တသမား သက်သက်အဖြစ် ရှင်သန်မလား၊ ဒါမှမဟုတ် စီးဝင်တဲ့ ရေလည်း ရှိပြီး ပြန်စီးထွက်တဲ့ ရေထွက်ပေါက်လည်းရှိတဲ့ ဂါလိလီပင်လယ်လို အယူလည်းရှိသလို အပေးလည်းရှိတဲ့ သူတစ်ယောက်အဖြစ် မျှတစွာ ရှင်သန်မလား ဆိုတာကတော့ မိမိရဲ့ ရွေးချယ်ခွင့်သာ ဖြစ်ပါတယ်။ ပင်လယ်သေလို လူစားတွေ များများစားစားမရှိဘဲ ဂါလိလီပင်လယ်လို လူတွေက ပိုများမယ် ဆိုရင်တော့ ကမ္ဘာကြီးဟာ ပိုပြီး သာယာလှပနေမှာ အသေအချာသာ ဖြစ်ပါတော့တယ်။ ဒီတော့ ကျွန်မတို့လည်း အပေးမရှိ အယူသာရှိတဲ့ ပင်လယ်သေလို လူစားတွေမဖြစ်အောင် မိမိ တတ်ထားတဲ့ အသိပညာ၊ အတတ်ပညာတို့ကို အခြားသူများကို ပြန်လည်မျှဝေပေးကာ မိမိပတ်ဝန်းကျင်က အားနည်းသူ၊ အကူအညီ လိုအပ်နေသူကိုလည်း မိမိမှာ ရှိတဲ့ထဲက တတ်နိုင်သမျှပြန်လည် ဝေမျှသူတွေ ဖြစ်အောင် ကြိုးစားသင့် ကြတယ် မဟုတ်ပါလားနော်။ 


လောကကြီးမှာ သူတစ်ပါးဆီက အယူသာရှိပြီး အပေးမရှိတဲ့ လူစားမျိုးဟာ ပင်လယ်သေနဲ့တူတဲ့ လူတွေပါ။


 Inspiration from Dead Sea and Sea of Galilee


Image Hosted by PicturePush - Photo Sharing

ဝက်သားပူစီနံ ချဉ်စပ်သုပ်၊ ဝက်သားသစ်အယ်သီးကြော်

ချစ်သော မိတ်ဆွေများကို ဒီတစ်ပတ် ဟင်းချက်စရာကဏ္ဍမှာ ခု ဆောင်းရာသီမှာ လှိုင်လှိုင်ပေါနေပြီဖြစ်တဲ့ သစ်အယ်သီး ( Sweet Chestnuts) ကို ဝက်သားနဲ့ ကြော်တဲ့နည်းရယ်၊ ပူစီနံရွက်ကို ဝက်သားနဲ့ ချဉ်စပ်လေး သုပ်တဲ့နည်းရယ် ကိုပြောပြချင်ပါတယ်ရှင်။ သစ်အယ်သီးကို ကျွန်မတို့ ကချင်ပြည်နယ် မှာတော့ ဂုံးသီးလို့လည်း ခေါ်ကြပြီး အချို့ကနှစ်တစ်ထောင်သီး လို့လည်းခေါ်ကြပါတယ်။ အခု ကျွန်မနေတဲ့မြို့မှာလည်း သစ်အယ်သီးတွေ သိပ်ပေါနေပါပြီ။ ဒါကြောင့် သစ်အယ်သီး ရှိတဲ့ ဒေသမှာ ရောက်နေသူများအတွက် ဟင်းတစ်ခွက် ရနိုင်အောင် ချက်နည်းလေး ပြန်လည် မျှဝေချင် ပါတယ်နော်။

သစ်အယ်သီး ဝက်သားကြော်


Image Hosted by PicturePush - Photo Sharing

သစ်အယ်သီး

သစ်အယ်သီး အစိမ်း အလုံး၂၀ခန့် အခွံမာများ ခွာလိုက်ပါတယ်.

Image Hosted by PicturePush - Photo Sharing

၎င်း အတွင်းသားများကို ရေနွေးဖြင့် မိနစ် ၂၀ခန့် ပြုတ်ပါတယ်.. 

 ရေနွေးဖြင့် ပြုတ်ပါတယ်..


ဝက်သားများကို အတုံးငယ်လေးများတုံးပြီး ဆား၊ ငံပြာရည်အကြည်၊ အရသာမှုန့်တို့ဖြင့် နယ်ထားလိုက်ပါတယ်..  
ဂုံးသီးများကျက်သွားပြီဆိုရင် ခုလို ခပ်ရွယ်ရွယ် အပိုင်းကလေးတွေ ပိုင်းလိုက်ပါတယ်။


Image Hosted by PicturePush - Photo Sharing

ကြက်သွန်ဖြူ၊ ဂျင်း တို့ဖြင့် ဝက်သားကို ကြော်ပါမယ်..


Image Hosted by PicturePush - Photo Sharing

 ဝက်သားကျက်ခါနီးမှာ သစ်အယ်သီး၊ ဂျူးဖူး အနည်းငယ်၊ ငရုပ်သီးတို့ကို ထည့်ပါတယ်.. ဂျူးဖူးက အစိမ်းရောင်လေး လိုချင်လို့ ထည့်တာပါ. မရှိလည်း မထည့်ဘဲ ရပါတယ်.. ကြက်သွန်မြိတ်၊ နံနံတို့ကို ချကာနီးမှ ထည့်နိုင်ပါတယ်။။


Image Hosted by PicturePush - Photo Sharing


အရသာမှုန့်များထည့်ပြီး အပေါ့ငံမြည်းလို့ အနေတော်ရင် ချလို့ရပါပြီ..


Image Hosted by PicturePush - Photo Sharing
ဝက်သားသစ်အယ်သီးကြော်တစ်ခွက် ရပါပြီ။


Image Hosted by PicturePush - Photo Sharing
 

~~~~~~~~~~~~~~@@@~~~~~~~~~~~~~~


ဝက်သားပူစီနံသုပ်

ဒီအသုပ်ကတော့ သူငယ်ချင်းတစ်ယောက် အလည်လာတုန်းက ချက်ကျွေးဖြစ်တဲ့ ဟင်းဖြစ်ပါတယ်.. ချဉ်ချဉ်စပ်စပ်လေးမို့ အတော်လေး ခံတွင်းမြိန်ပြီးတော့ သူငယ်ချင်းဖြစ်သူက ကောင်းလိုက်တာလို့ တဖွဖွ ပြောပြီး နောက်တစ်ကြိမ် သူအလည်လာချိန်မှာလည်း ပူစီနံရွက် သုပ်ကျွေးပါဦးလို့ တောင်းဆိုတဲ့ ဟင်းတစ်ခွက် ဖြစ်ပါတယ်.. သူပြောသလို ကောင်းမကောင်းဆိုတာတော့ စာဖတ်သူများ ကိုယ်တိုင် ချက်စား ကြည့်ရင် သိမှာပါနော်..မယုံရင် စားကြည့်ပါ။  :P



Image Hosted by PicturePush - Photo Sharing

ဝက်သားနဲ့ သုပ်စားဖို့အတွက် ပူစီနံရွက်ကို  ရေစင်အောင် ဆေးပြီး ရေစစ်ထားလိုက်ပါတယ်.. 

Image Hosted by PicturePush - Photo Sharing
ဒါကတော့ တောက်တောက်စင်းထားတဲ့ ဝက်သားတွေပါ။။


Image Hosted by PicturePush - Photo Sharing

ဝက်သားတွေကို ဆား၊ အရသာမှုန့်ထည့်ပြီး အိုးထဲကို ရေနည်းနည်းထည့်ပြီး မီးပေါ်တည်ပါတယ်။။ ရေခမ်းသွားချိန်မှာ ဆီနည်းနည်းသာထည့်ပြီး ကြော်ပါတယ်.. ဝက်သားကျက်ရင် အေးအောင် ခနထားလိုက်ပါတယ်. 

Image Hosted by PicturePush - Photo Sharing

ပူစီနံရွက်တွေကို မိမိနှစ်သက်ရာ အရွယ်လှီးဖြတ်ပြီး ကြက်သွန်နီ၊ ငရုပ်သီးစိမ်း၊ ခရမ်းချဉ်သီး တို့ထည့်ပါတယ်.. ထို့နောက် သရုပ်သီးအစိမ်းမှုန့်ကို ဆီနဲ့ကြော်ပြီး ၄င်းဆီနဲ့ ငရုပ်သီးကြော်တို့ကို ထည့်ပါတယ်။

Image Hosted by PicturePush - Photo Sharing

ကြော်ပြီး အေးအောင် ထားထားတဲ့ ဝက်သားများကို ထည့်လိုက်ပါတယ်၊။ ဝက်သားကို ကြော်ပြီးချင်းချင်း မထည့်ပါဘူး.. ပူနေတုန်း ထည့်ပါက ဝက်သားကြော်ရဲ့ အပူချိန်ကြေင့် ပူစီနံရွက်များ နွမ်းသွားတတ်ပါတယ်။

Image Hosted by PicturePush - Photo Sharing

သံပုရာသီးပါ အဆင်သင့်ပြင်ထားပြီး စားခါနီးမှ ကောက်နယ်လိုက်ရုံပါဘဲ

Image Hosted by PicturePush - Photo Sharing

သံပုရာသီးညှစ်ပြီး နယ်ပါပြီ.. ဆား၊ အရသာမှုန့် ၊ ငါးငံပြာရည် စသည်တို့ကိုထည့်ပါတယ်

Image Hosted by PicturePush - Photo Sharing

 သံပုရာနံ့မွှေးမွှေး ချဉ်ချဉ်စပ်စပ် ပူရှိန်းရှိန်းနဲ့ ဝက်သားပူစံနံသုပ်ရပါပြီ.


Image Hosted by PicturePush - Photo Sharing
အဲဒီ သူငယ်ချင်း နောက်တစ်ကြိမ် အိမ်လာလည်တဲ့အခါ သူတောင်းဆိုတာနဲ့ ထပ်ပြီး သုပ်ကျွေးဖြစ်တဲ့ ဝက်သားပူစီနံသုပ်ပါ.



အဆီမများဘဲ ချဉ်ချဉ်စပ်စပ်၊ ပူပူရှိန်းရှိန်း ကြိုက်တတ်သူများအတွက် ခံတွင်းတွေ့မဲ့ ဝက်သားပူစီနံသုပ်ဟင်း ဖြစ်ပါတယ်ရှင်.

ဝက်သားမစားသူများ အပေါ်က အသားနေရာတွေမှာ ကြက်သားနဲ့ အစားထိုးပြီးလည်း ချက်ပြုတ်နိုင် ပါတယ်နော်.. 


ချစ်သော မိတ်ဆွေများအားလုံးအတွက် Happy  Weekend ဖြစ်ပါစေနော်..


Image Hosted by PicturePush - Photo Sharing