skip to main | skip to sidebar

အစိမ်းရောင်လွင်ပြင်

  • Home
  • အစိမ်းရောင်လွင်ပြင်ဆိုတာ
  • အကြံပေးရန်နေရာ

ရေပြောင်းဖူးနဲ့ ရေထဲကကြာစွယ်

Posted by ချော(အစိမ်းရောင်လွင်ပြင်) at Sunday, January 29, 2012 Sunday, January 29, 2012 Labels: စားသောက်ဖွယ်ရာ
ဖေ့ဘွတ်က ညီမတစ်ယောက်ရေပြောင်းဖူးသုပ်နည်း ပြောပြပါဦးလို့ တောင်းဆိုထားခဲ့ ဖူးပါတယ်။ သူ့ ကို ပြန် ပြောပြရင်းနဲ့ ကျန်တဲ့ သူတွေလည်း သိရအောင် ဒီပိုစ့်လေး တင်ဖြစ်ပါတယ်။ ရေပြောင်းဖူးဆိုတာ ရှမ်းပြည်က လူတွေတော့ သိပြီးဖြစ်မှာပါနော်။ ကျွန်မတို့ ကချင်ပြည်နယ်မှာလဲ ဒီရေပြောင်းဖူးက မရှိပါဘူး။ ကျွန်မသည်ပင်လျှင် မန္တလေးတက္ကသိုလ် တက်တော့ ရှမ်းစားသောက်ဆိုင်တွေမှာ ထမင်းစားဖြစ်တော့မှ စားဖူး၊ ကြားဖူးတာ ဖြစ်ပါတယ်။ အခု ကျွန်မနေတဲ့မြို့မှာတော့ ရေပြောင်းဖူးတွေ အလွန်ပေါတဲ့အတွက် မကြာခဏ သုပ်စား၊ ကြော်စားဖြစ်ပါတယ်။ ရေပြောင်းဖူး ဘာလဲမသိသူများ Water Bamboo ဆိုပြီး Google မှာ ရှာကြည့်ရင် သိနိုင်ပါတယ်နော်။ Water Bamboo ဆိုပေမဲ့ ရှမ်းပြည်မှာတော့ ရေပြောင်းဖူး လို့ ခေါ်ကြပါတဲ့ရှင်။


Image Hosted by PicturePush - Photo Sharing 
 ရေပြေင်းဖူး (or) Water Bamboo

Image Hosted by PicturePush - Photo Sharing

 ရေပြောင်းဖူးတွေကို ပါးပါးသေးသေး အချောင်းရှည်လေးတွေလှီးပြီး ဆား၊ အရသာမှုန့်၊ ငရုပ်သီးစိမ်း၊ ကြက်သွန်နီ၊ နံနံ၊သံပုရာသီး စတာတွေနဲ့ ရောပြီး သုပ်လိုက်ရင် ချဉ်ချဉ်စပ်စပ် ရေပြောင်းဖူးသုပ် ရပါတယ်။


Image Hosted by PicturePush - Photo Sharing

ရေပြေင်းဖူးသုပ်

Image Hosted by PicturePush - Photo Sharing
ဒါလေးကတော့ ရေပြောင်းဖူးနဲ့   ဥနီကို ဂျစ်နဲ့ ခြစ်ပြီးသုပ်ထားတာပါ။ ငရုပ်သီး ဆီကြော်၊ ခရမ်းချဉ် သီး တောက်တောက်စင်း၊ နှမ်း၊ ဆား၊ ငံပြာရည်၊ အရသာမှုန့်၊ သံပုရာသီးတို့နဲ့ သုပ်ထားတာပါ။ 



 ချဉ်စပ် ရေပြောင်းဖူးသုပ်

ရေပြောင်းဖူးကြော်
*************


ဒီတစ်ခါတော့ ရေပြောင်းဖူးကို ကြော်ပါမယ်။

Image Hosted by PicturePush - Photo Sharing


 ရေပြောင်းဖူးတွေကို ခုလို ပါးပါးလှီးပါတယ်.

Image Hosted by PicturePush - Photo Sharing

ခရမ်းချဉ်၊ ကြက်သွန်ဖြူ၊နီ
Image Hosted by PicturePush - Photo Sharing

 ဆီအနည်းငယ်နဲ့ ကြော်ထားတဲ့ ရေပြောင်းဖူးပါ။ ပဲငံပြာရည်အကြည်၊ ဆား၊ အရသာမှုန့်တို့ ထည့်ကြော်ထားပါတယ်။ အသားကြိုက်ရင် အသားနဲ့ ရောကြော်လည်း စားလို့ ကောင်းပါတယ်နော်။


*********************


ကြာစွယ်

ကြာစွယ်ဟာလည်း ရေထဲက ရတဲ့ စားစရာတစ်မျိုးပါ။ အချို့က ပိတ်စွယ်လို့လည်း ခေါ်ကြတယ် ထင်ပါ တယ်။ 


Image Hosted by PicturePush - Photo Sharing
ဒါကတော့ ကြာစွယ်လို့ ခေါ်တဲ့ Lotus Root ပါ။ 


Image Hosted by PicturePush - Photo Sharing

ကြာစွယ်ကို အခေါင်းပေါက်တွင်းမှ ရွံ့နွံများ စင်အောင် သေချာဆေးကြောပြီး ခုလို ပါးပါးလှီးပါတယ်။ ထို့နောက် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုပ်သီးစိမ်း၊ နံနံ၊ ဆား၊ ပဲငံပြာရည်၊ အရသာ မှုန့်တို့နဲ့ ကြော်လိုက်ပါတယ်။ ကြာစွယ်က မာတဲ့ အတွက် ရေထည့်ပြီး ခေတ္တထားရပါတယ်။ ရေခမ်းပြီး ကြာစွယ်နှပ်ပြီဆိုတော့မှ ချုလိုက်တာဖြစ်ပါတယ်။

Image Hosted by PicturePush - Photo Sharing

မကြာခဏ ကြော်စားဖြစ်တဲ့ ကြာစွယ်


*************


 ကြာစွယ်သုပ်

 ကြာစွယ်ကိုသုပ်ဖို့အတွက် ရေစင်အောင် ဆေးပြီး ပါးပါးလှီးပါတယ်။ ထို့နောက် ရေနွေးဆူဆူမှာ အချိန် ၅မိနစ်ခန့် ပြုတ်ပါတယ်။ ပြုတ်ပြီး ကြာစွယ်များကို ရေအေးမှာစိမ်ထားပါတယ်။ ထို့နောက် ရေစင်အောင် စစ်ပြီး ဥနီကို လှီးထည့်ပါတယ်။

Image Hosted by PicturePush - Photo Sharing
ပြုတ်ပြီး ကြာစွယ်

Image Hosted by PicturePush - Photo Sharing

ကြက်သွန်ဖြူဆီချက်၊ ငရုပ်သီးမှုန့်ကြော်၊


Image Hosted by PicturePush - Photo Sharing
 မြေပဲဆန် ပုဇွန်ခြောက်မှုန့်၊ ငရုပ်သီး၊ ဆား၊ ငံပြာရည်၊ ငရုပ်သီး ဆီကျက်၊ ရှာလကာရည်တို့ ပေါင်းစပ်ပြီး


Image Hosted by PicturePush - Photo Sharing 

 ကြာစွယ်သုပ် ရပါပြီ။

ရေထဲက စားစရာများဖြင့် ပျော်ရွှင် ကျေနပ်နိုင်ကြပါစေရှင်



Image Hosted by PicturePush - Photo Sharing

Links to this post 24 comments

စားကောင်းသောက်ဖွယ်..

Posted by ချော(အစိမ်းရောင်လွင်ပြင်) at Thursday, January 26, 2012 Thursday, January 26, 2012 Labels: သုတအဖြာဖြာ


စားကောင်းသောက်ဖွယ်ဆိုလို့ အသားဟင်း ၊ ငါးဟင်းအကြောင်း မဟုတ်ပါဘူး။ ကျန်းမာရေးအတွက် အစားအသောက် လျှော့စားနေရသူများ၊ ဝိတ်လျှောဖို့ အသီးအရွက် များများစားကြသူများ၊ အသီးအရွက် ကြိုက်တတ်သူများနဲ့  နိုင်ငံရပ်ခြားမှာ ရောက်နေသူများအတွက် မိမိ မြန်မာပြည် အလွမ်းပြေ အသီး အရွက်များ ဝယ်ယူလိုကြတယ် သို့သော်လည်း နာမည် ဘယ်လိုခေါ်တယ် ဆိုတာ မသိလို့ အခက်တွေ့မယ် ဆိုရင် ကျွန်မ ရှာဖွေထားမိတဲ့ ဟင်းသီးဟင်းရွက် တစ်ချို့ကို ပုံလေးတွေနဲ့ တွဲပြီး ဖော်ပြချင်ပါတယ်။ တကယ်တမ်းတော့ ကျန်းမာရေးအတွက်ဆိုရင် အသားငါး စားတာထက် အသီးအရွက်စားတာက ပိုပြီး ကောင်းပါတယ်နော်။ ဒါကြောင့်လည်း စားကောင်းသောက်ဖွယ်လို့ နာမည်ပေးလိုက်တာပါ။ ဒီပိုစ့်လေးကတော့ မသိသေး သူများအတွက် ပြန်လည် မျှဝေတဲ့ သဘောပါနော်။


Image Hosted by PicturePush - Photo Sharing

  ကိုက်လန်( ခေါ်) Chinese broccoli = Chinese kale = gai lan

ကိုက်လန် လို့ ကျွန်မတို့ခေါ်တဲ့ အရွက်ကတော့ တစ်နှစ်ပတ်လုံး ရနိုင်တဲ့ ဟင်းသီးဟင်းရွက်ဖြစ်သော်လည်း သူ့ရာသီက စက်တင်ဘာလ ဖြစ်ပါတယ်။ ဗီတာမင် အီး၊ ဗီတာမင်စီနဲ့ သံဓာတ်၊ သွပ်ဓာတ်၊ ကြေးနီစတဲ့ သတ္တုဓာတ်များ ပါဝင်ပါတယ်။


 
 Radish(ခေါ်) မုန်လာဥနီ

သူကတော့ တစ်နှစ်ပတ်လုံး ရနိုင်တဲ့ ဥအနီတစ်မျိုးဖြစ်ပေမဲ့ နွေဦးနဲ့ဆောင်းရာသီတို့မှာ ပိုမို ပေါများပါတယ်။ ၄င်းမှာအမျှင်ဓာတ်နဲ့ ဗီတာမင်စီ ကြွယ်ကြွယ်ဝဝ ပါရှိပြီး ကယ်လိုရီပါဝင်မှုနှုန်ုးတော့ ဥနီ ၁၀၀ ဂရမ်မှာမှ ၁၆ ကယ်လိုရီလောက်သာ ပါဝင်တာကြောင့် ပါဝင်နှုန်း အလွန်နည်းပါတယ်။ ဗီတာမင် B နဲ့ သတ္တုဓာတ်များလည်း ပါဝင်တာကြောင့် ကျန်းမာရေးအတွက် သင့်တော်တဲ့ဥ အမျိုးအစားလို့ ဆိုကြပါတယ်

 

Cauliflower ( ခေါ်) ပန်းမုန်လာ၊ မုန်လာပန်း၊ ပန်းဂေါ်ဖီ

မြန်မာပြည်မှာတော့ တစ်နှစ်ပတ်လုံး ရနိုင်တဲ့ ဟင်းသီးဟင်းရွက် အမျိုးအစားဖြစ်ပါတယ်။ ဗီတာမင်စီနဲ့ အမျှင်ဓာတ်များပြားစွာ ပါဝင်ပြီး ကယ်လိုရီပါဝင်မှုနှုန်း နည်းပါးတဲ့အတွက် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ဟင်းသီးဟင်းရွက် ဖြစ်ပါတယ်။ လက်တင်ဘာသာဖြစ်တဲ့ Caulis (မုန်လာထုပ်) နဲ့ flower (ပန်း) တို့ကို ပေါင်းစပ်ပြီး ခေါ်တာကြောင့် Cauliflower(ပန်းမုန်လာ) လို့ အမည်တွင်ပါတယ်။ အရောင်အားဖြင့် အဖြူ၊ လိမ္မော်၊ အစိမ်း၊ ခရမ်းရောင် တို့ရှိပြီး ကျွန်မတို့ မြန်မာနိုင်ငံမှာတော့ အဖြူရောင်ကိုသာ တွေ့ရပါတယ်။  


Image Hosted by PicturePush - Photo Sharing

အစိမ်း၊ လိမ္မော်၊ ခရမ်း ပန်းဂေါ်ဖီများ


White Radish (ခေါ်) မုန်လာဥဖြူ

ကျွန်မတို့ မြန်မာပြည်မှာ မုန်လာဥဖြူကို အချဉ်ရည်ကျို၊ အချဉ်တည်၊ သုပ်စား၊ စသဖြင့် စားသောက်တတ် ကြပြီး ဝက်ရိုးနဲ့လည်း ဟင်းချိုချက်စားရင် အလွန်ကောင်းတဲ့ ဟင်းသီးဟင်းရွက် အမျိုးအစားဖြစ်ပါတယ်။ Japanese Radish, Chinese Radish စသဖြင့်လည်း ခေါ်ဝေါ်ကြပြီး ဗီတာမင်စီနဲ့ ကင်ဆာကို ကာကွယ်နိုင်တဲ့ အင်ဇိုင်းတွေ ပါဝင်ပြီး ၄င်း ဥဖြူဟာ ကိုယ်တွင်းခုခံမှု စွမ်းအားကို မြင့်မားစေတယ်လို့ ဆိုပါတယ်။ 

Image Hosted by PicturePush - Photo Sharing
Garland Chrysanthemum (ခေါ်) ဖတ်ချီငိုး

ကျွန်မတို့ဒေသမှာတော့  ဖတ်ချီငိုး လို့ခေါ်တဲ့ အရွက်ပါ။ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်မှာ စားကြပြီး ကျွန်မအနေနဲ့တော့ မြန်မာပြည် အလယ်ပိုင်း မန္တလေး၊ ရန်ကုန်နဲ့ အညာဘက်တွေမှာ ဒီအရွက်ကို မမြင်ဖူးပါဘူး။ ဒီအပင်ရဲ့ မူရင်းဒေသကတော့ မြေထဲပင်လယ်နဲ့ အာရှအရှေ့ပိုင်း ဒေသများ ဖြစ်ပါတယ်။ ဟင်းရည် ချက်စားသလို ဟော့ပေါ့ထဲလည်း ထည့်ချက်စားနိုင်ပါတယ်။ ပုံသဏ္ဍာန်က ဂန္ဓမာပန်း၊ စိန်ခြယ်ပန်းတို့ရဲ့ အရွက်နဲ့ ဆင်ဆင်တူပြီး အနံ့လည်း အနည်းငယ်ရှိတဲ့ အရွက်ဖြစ်ပါတယ်။ ဗီတာမင်အေနဲ့ သတ္တုဓာတ် များပြားပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းများလည်း များပြားသောကြောင့် သက်ရှည် ကျန်းမာခြင်းအတွက် အကျိုးများတယ်လို့ ဆိုပါတယ်။ ကိုးရီးယား၊ ဂျပန်၊ ဟောင်ကောင်၊ ထိုင်ဝမ်နဲ့ တရုတ်တို့မှာ အစားများပါတယ်။



 
Bok Choy (ထိုင်ဝမ်မုန်ညှင်း)

Chinese Cabbage လို့လည်း ခေါ်ကြတဲ့ ထိုင်ဝမ်မုန်ညှင်းမှာပါဝင်တဲ့ သတ္တုဓာတ်တွေက အရိုးကို သန်မာစေပြီး ဇဝရုပ်ဖြစ်ပျက်ခြင်းကို အားကောင်းစေပါတယ်. ဒီအပင်ရဲ့ မူရင်းဒေသဟာ တရုတ်နိုင်ငံဖြစ်ပါတယ်။ ၂၀ရာစုလောက်မှသာ ဂျပန် ၊ ကိုးရီးယားကို ရောက်ရှိသွားပြီး ခုခေတ်မှာတော့ ကမ္ဘာအနှံ့မှာ တွေ့ရှိရပြီဖြစ်ပါတယ်။ ၄င်းအရွက်ဟာ နေ့စဉ် နေ့တိုင်း အများအပြား စားရင် လူကို အဆိပ်ဖြစ်စေနိုင်တဲ့ ပစ္စည်းများ ပါဝင်တာကြောင့် နည်းနည်းသာ စားသင့်တယ်လို့ အကြံပြုထားပါတယ်။ ပမာဏ အနည်းငယ်သာ စားမယ်ဆိုရင် ကင်ဆာကို ကာကွယ်နိုင်စေတယ်လို့ ဆိုပါတယ်။ ( Ref: Wiki)



Celtuce , Asparagus Lettuce, Chinese Lettuce ( အော်ဆွန်း၊ ဆလပ်ရိုး)

ဆောင်းရာသီမှာ အများဆုံးတွေ့ရတဲ့ ဟင်းသီးဟင်းရွက်ဖြစ်ပြီး မြေကြီးအတွင်းမှာ မြုပ်နေတဲ့ ပင်စည် အမျိုးအစား ဖြစ်ပါတယ်။ အေးမြတဲ့ ရာသီဥတုကို နှစ်သက်တဲ့ အတွက် ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ် တို့မှာ စိုက်ပျိုးဖြစ်ထွန်းပြီး ဆောင်းရာသီမှာသာ အများဆုံး တွေ့ရပါတယ်။ မူရင်းဇာတိဟာလည်း တရုတ်ပြည်ဘဲ ဖြစ်ပါတယ်။ အရည်ရွှမ်းပြီး အချဉ်သုပ်နဲ့၊ အသားတို့ဖြင့် ကြော်စားခြင်းကို အများဆုံး ပြုလုပ် စားသောက်ကြပါတယ်။ ဆလပ်ရိုးရဲ့ အပင်နဲ့ အရွက်ဟာ အလွန်နူးညံ့တဲ့အတွက် အပင်ကို ဂရုတစိုက် စိုက်ပျိုးရပါတယ်။ ဗီတာမင် A B C တို့ပါဝင်ပြီး သတ္တုဓာတ်များလည်း ပေါများပါတယ်။ ဆလပ်ရိုးကို အစိမ်းစားနိုင်ပြီး ချက်ပြုတ်မည် ဆိုပါက မူလအရသာ မပျက်အောင် ခဏတာ ချက်ဖို့ လိုပါတယ်။





Chinese Chives ခေါ် ကျို့ဆိုင်


ကျို့ဆိုင်အရွက်ကို အချို့က ကြက်သွန်မြိတ်နဲ့ မှားတတ်ကြပါတယ်။ ကျို့ဆိုင်နဲ့ ကြက်သွန်မြိတ်တို့ရဲ့ ကွာခြားချက်မှာ ကြက်သွန်မြိတ်က ခပ်လုံးလုံးဖြစ်ပြီး အလယ်မှာ ခေါင်းပွဖြစ်ကာ ကျို့ဆိုင်ကတော့ အရွက် ပြားပြား ဖြစ် ပါတယ်။  ဗီတာမင်များပြားတဲ့ အရွက်ဖြစ်ပြီး မျက်စိရောဂါနဲ့ ခန္ဓာကိုယ်တွင်း ဖြစ် တတ်သော ရောဂါ အချို့ကို ခုခံကာကွယ်နိုင်စွမ်း ရှိကာ မျိုးပွားခြင်းကို အထောက်အကူ ဖြစ်စေတယ်လို့ သိရပါတယ်။

Image Hosted by PicturePush - Photo Sharing
Watercress ( မြင်းခွာရွက်) 

ဆေးဘက်ဝင်တယ်လို့ သိထားတဲ့ မြင်းခွာရွက်ကတော့ ကျွန်မတို့ မြန်မာပြည်တွင်းမှာတော့ နေရာအနှံ့ ရနိုင်တဲ့ အရွက်ဖြစ်ပါတယ်။ မြို့ကြီးတွေမှာတော့ တကူးတက စိုက်ပျိုးထားတဲ့ မြင်းခွာရွက်ကို စားသုံးကြပေ မဲ့ နယ်ဘက်မှာတော့ ရေစပ်စပ် ရှိသော စိုစွတ်တဲ့ မြေ၊ ရေဓာတ် မခမ်းခြောက်သေးတဲ့ လယ်ကွင်းတို့တွေမှာ သဘာဝ အတိုင်း ပေါက်ရောက် တဲ့ မြင်းခွာရွက်ကို စားသုံးကြပါတယ်။ စိုက်ပျိုးတဲ့ မြင်းခွာရွက်နဲ့ သဘာဝ အတိုင်း ပေါက်တဲ့ မြင်းခွာရွက် ဟာ ဆေးဘက်ဝင် အာနိသင်ချင်း ကွာခြားသလို အရသာလဲ ကွာခြားပါတယ်။ သဘာဝ အတိုင်း ပေါက်တဲ့ မြင်းခွာဟာ အနွယ် ပုံစံမျိုးဖြစ်ပြီး အရွက်ရော ပင်စည်ပါ စိုက်ပျိုးတဲ့ မြင်းခွာရွက်ထက် မာပြီး အရသာလဲ ပိုပြီး ခါးသက်သက် ရှိပါတယ်။ အများအားဖြင့် သုပ်စားကြပြီး အတို့အမြုပ် ပြလုပ်ကြသလို၊ မြင်းခွာရွက်ကို ဟင်းခါးအဖြစ်လည်း အရည်သောက် ချက်စားကြ ပါတယ်။ မြန်မာပြည် မှာတော့ မျက်စိ အားကောင်းစေတယ်ဆိုပြီး စားသုံးကြသူ ပေါများပြီး အဆုပ် ကင်ဆာ ၊ ရင်သားကင်ဆာ မဖြစ်စေရန်လည်း ကာကွယ်နိုင်စွမ်းရှိတယ်လို့ သိရပါတယ်။




Image Hosted by PicturePush - Photo Sharing


Links to this post 23 comments

ဝက်သား ဝက်မြေဥကြော်...

Posted by ချော(အစိမ်းရောင်လွင်ပြင်) at Monday, January 23, 2012 Monday, January 23, 2012 Labels: စားသောက်ဖွယ်ရာ

Image Hosted by PicturePush - Photo Sharing 


ဒီအသီးကို လူတိုင်းသိမယ် ထင်ပါတယ်နော်။ ကျွန်မတို့ ကချင်ပြည်နယ်မှာတော့ ဝက်မြေဥခေါ် မြေစာဥ လို့လည်း ခေါ်ကြပါတယ်။ Water Chestnut လို့ခေါ်တဲ့ ဝက်မြေဥဟာ ချိုချို ဆိမ့်ဆိမ့်လေးနဲ့ စားကောင်းပြီး မြေကြီးထဲမှာ ဥအနေနဲ့ တွေ့ရတဲ့ စားသောက်ဖွယ်ရာ တစ်မျိုး ဖြစ် ပါတယ်။ စည်သွပ်ဗူးတွေ နဲ့လည်း အဆင်သင့်စားနိုင်အောင် ပြုပြင်ပြီး လာတာကို တွေ့ရ ပါတယ်။  အစိမ်းစားကြသလို သွားရည်စာ အဖြစ် ပြုတ်ပြီးလည်း ရောင်းကြပါတယ်။ ကျွန်မကတော့ စိမ်းစားဥနဲ့ အရသာတူတဲ့ အဲဒီဝက်မြေဥကို ဟင်းအဖြစ် လုပ်စားရတာကို ပိုပြီး နှစ်သက်ပါတယ်။ စိမ်းစားဥကိုလည်း ကျွန်မတို့ဒေသမှာ ဟင်းအဖြစ်ကြော်စား ကြပါသေးတယ်။ အခုတော့ ဝက်မြေဥကို အသားနဲ့ ကြော်စားတဲ့နည်းကို ပြောပြချင် ပါတယ်နော်။


Image Hosted by PicturePush - Photo Sharing

ဝက်မြေဥကို အခွံခွာပါတယ်



Image Hosted by PicturePush - Photo Sharing
အသားများကို ခပ်သေးသေးတုံးပြီး ဆား၊ ဟင်းချက်ဝိုင်၊ ငရုပ်ကောင်းမှုန့်၊ စသည်တို့နဲ့ နယ်ထားလိုက်ပါတယ်။ ကြက်သား ဝက်သား နှစ်သက်ရာ သုံးနိုင်ပါတယ်။ ကျွန်မတော့ ဝက်သားကို သုံးထားပါတယ်။


Image Hosted by PicturePush - Photo Sharing
အခွံခွာထားတဲ့ ဝက်မြေဥကို သင့်တော်တဲ့အရွယ်လေးတွေ ခြမ်းလိုက်ပါတယ်။

Image Hosted by PicturePush - Photo Sharing
ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုပ်သီး၊ ဂျင်း


Image Hosted by PicturePush - Photo Sharing
ဝက်သားများကို အရင်ကြော်ပါတယ်။

Image Hosted by PicturePush - Photo Sharing
ကြက်သွန်နီ၊ ဂျင်း၊ ကြက်သွန်ဖြူ တို့ထည့်ပါတယ်။

Image Hosted by PicturePush - Photo Sharing 
ထို့နောက် ဝက်မြေဥကို ထည့်ပါတယ်။
Image Hosted by PicturePush - Photo Sharing
ဝက်မြေဥ နူးစေဖို့ ရေ အနည်းငယ်၊ ဆား၊ အရသာမှုန့်၊ ပဲငံပြာရည် အကြည်တို့ထည့်တာ အချိန် ခဏထားပါတယ်။
Image Hosted by PicturePush - Photo Sharing

 ရေခမ်းလာပြီဆို ငရုပ်သီးစိမ်းထည့်လိုက်ပါတယ်.ဆားအပေါ့အငံမြည်းပါတယ်။

Image Hosted by PicturePush - Photo Sharing
ချကာနီးမှာ နံနံရွက်ကို ထည့်လိုက်ပါတယ်. 


ဝက်သား ဝက်မြေဥကြော် ရပါပြီနော်။


Image Hosted by PicturePush - Photo Sharing

အရသာ ချိုဆိမ့်လေးနဲ့ ဝါးလိုက်ရင် ဝက်မြေဥက ကျွတ်ကျွတ်လေးနဲ့မို့ အသားထက် ပိုစားကောင်း တာကြောင့် ဝက်မြေဥဟင်းချည်း ရွေးစားဖြစ်တဲ့ တစ်ခွက်ဖြစ်ပါတယ်.း)



အားလုံးဘဲ ပျော်ရွှင်ကျန်းမာစိတ်ချမ်းသာကြပါစေရှင်။



Image Hosted by PicturePush - Photo Sharing
Links to this post 18 comments

ရှမ်းမလေးရဲ့ မုန်ညင်းချဉ်..

Posted by ချော(အစိမ်းရောင်လွင်ပြင်) at Friday, January 20, 2012 Friday, January 20, 2012 Labels: စားသောက်ဖွယ်ရာ , သုတအဖြာဖြာ
ရှမ်းပြည်မှာ နေတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ ရွာတစ်ရွာကို ရောက်ခဲ့တုန်းက မုန်ညင်းချဉ်လို့ ခေါ်တဲ့ ရှမ်းချဉ်တည်တာကို ကြုံကြိုက်ခဲ့တာမို့ အဲဒီတုန်းက ရိုက်ဖြစ်ခဲ့တဲ့ ဓာတ်ပုံတွေနဲ့ လုပ်နည်း အဆင့် ဆင့်ကို ဖော်ပြချင်ပါတယ်။ မချောကတော့ မုန်ညင်းချဉ်တည်တာကိုတောင် အလွတ်မပေးပါလားနော် လို့ မထင်ပါနဲ့နော်။ ရှမ်းချဉ် ဘယ်လိုတည်ရသလဲလို့ မေးထားဖူးတဲ့ တုံဖလား သူဂျီးမင်းရဲ့ အမေးကို သတိရလိုက်ပြီး မုန်ညင်းချဉ် တည်နည်းကို သိချင်ကြတဲ့ အခြားသော သူများ ရှိသေးရင်လည်း သိရအောင်၊ ဒါမှမဟုတ် မုန်ညင်းချဉ် လုပ်နည်းကို  ဗဟုသုတအဖြစ် ဖော်ပြချင်တာကြောင့် ဓာတ်ပုံတွေ ရိုက်လာ ခဲ့ပါတယ်။ တစ်ဦးနဲ့တစ်ဦး တည်ပုံတည်နည်း အနည်းငယ်တော့ ကွဲပြားနိုင်ပါတယ်။ အခုနည်းက ရက်ကြာကြာ ထားလို့ရတဲ့ မုန်ညင်းချဉ် တည်နည်း ဖြစ်ပါတယ်။ 






ဒီလို မုန်ညင်းချဉ်လေးဖြစ်လာဖို့  အဓိက လိုအပ်တဲ့ အဆာပလာများကို အောက်မှာ ဖော်ပြပါမယ်နော်။ 


Image Hosted by PicturePush - Photo Sharing

မုန်ညင်းချဉ်တည်ဖို့ဆိုရင် မုန်ညင်းအဖြူမျိုးတွေကို မသုံးဘဲ အပေါ်ကလို မုန်ညင်းစိမ်းမျိုးကိုသုံးရပါတယ်။ အဲဒီမုန်ညင်းတွေကို ခူးဆွတ်လာပြီး(သို့) ဝယ်လာပြီးရင် အပင်လိုက် (အမြစ်မပါ) သော်လည်းကောင်း အရွက်လိုက် သော်လည်းကောင်း နေပူလှမ်းရပါတယ်။

Image Hosted by PicturePush - Photo Sharing 

ရာသီဥတု အပူအအေးကို လိုက်ပြီး ၃ရက် မှ ၁ဝရက်ထိ လှမ်းကြပါတယ်။ လှမ်းပြီး နွမ်းသွားတဲ့ မုန်ညင်းတွေ ကို တစ်လက်မ အရွယ် ပိုင်းဖြတ်ပါတယ်။ အချို့ကတော့ မုန်ညင်းအရွက်မယူဘဲ အရိုးချည်းသာ ယူပါတယ်။ ဒီမှာတော့ အရိုးရော အရွက်ပါ ယူပါတယ်။ ဖြတ်ထားပြီး မုန်ညင်းကို တစ်ရက် နှစ်ရက်ခန့် ပြန်လှမ်းပါတယ်။

Image Hosted by PicturePush - Photo Sharing

ပြီးလျှင် လှမ်းပြီးသား မုန်ညင်းစိမ်းများကို ဆားဖြင့်နယ်ကာ ရေပြန်ဆေးပါတယ်။ ဆားနယ်ပြီး ရေဆေး ခြင်း ကို ၂ကြိမ် ၃ကြိမ် ပြုလုပ်ပါတယ်။ မုန်ညင်းစိမ်းကို နယ်တဲ့အခါ အနံ့ပြင်းပါတယ်။ အဲဒီ အနံ့တွေ လျော့သွား တဲ့အထိ နယ်ကြပါတယ်။

Image Hosted by PicturePush - Photo Sharing
မုန်ညင်းချဉ်ထဲ အများဆုံးထည့်ကြတဲ့ ဂျူးမြစ်ပါ။ ဂျူးမြစ်ကိုလည်း ခြောက်အောင် လှမ်းထားပါတယ်။ အချို့တော့ ဥနီ၊ ပန်းဂေါ်ဖီများလည်း ထည့်ကြပါတယ်။ အဲဒါတွေ ထည့်မယ် ဆိုရင်လည်း ပထမဦးစွာ အခြောက်လှမ်းဖို့ လိုပါတယ်။ 

Image Hosted by PicturePush - Photo Sharing
 နံနံစေ့ကို မညက်တညက် ကြိတ်ထားတာပါ။


Image Hosted by PicturePush - Photo Sharing
စမုန်စပါးစေ့ ကြိတ်ပြီးသား

Image Hosted by PicturePush - Photo Sharing
ငရုပ်သီးအကြမ်းမှုန့် (ညက်ဖို့ မလိုပါ) 

Image Hosted by PicturePush - Photo Sharing


ဒါကတော့ ကောက်ညင်းကို အရည်ပျစ်ပျစ်ချက်ထားတာပါ။ အထဲမှာ ထန်းညက် (သို့) ကြံသကာ ထည့်ထားပါတယ်။ အချို့ မုန်ညင်းချဉ် တည်သူများက ဒီကောက်ညင်းချက်တာကို မထည့်ဘူးလို့ ဆိုကြပါတယ်။ (မရှိရင်တော့ မထည့်နဲ့ပေါ့နော်) 

Image Hosted by PicturePush - Photo Sharing 
သကြားပါ

Image Hosted by PicturePush - Photo Sharing
ဒါကတော့ ထမင်းကို အချဉ်ဖောက်ထားတဲ့ ကဇော်ဖြစ်ပါတယ်။ (ဒီကဇော်ကိုလည်း တစ်ချို့က နယ်တဲ့အချိန် မထည့်ဘဲ အားလုံးပြီးသွားမှ အပေါ်က ဖြန့်ခင်းထားလိုက်တယ် လို့ သိရပါတယ်။ အချို့ကျတော့လည်း လုံးလုံး မထည့်ကြပါဘူး ) 


Image Hosted by PicturePush - Photo Sharing

မုန်ညင်းချဉ်တည်ရာမှာ မပါမဖြစ် လိုအပ်တဲ့ တစ်ခုကို ဓာတ်ပုံရိုက်ဖို့ မေ့သွားခဲ့ပါတယ်။ အဲဒါကတော့ ဆန်အရက်ခေါ် ချက်အရက် အကြည်ဖြစ်ပါတယ်။ ဓာတ်ပုံမရှိလို့ Google ကနေ တွေ့ရာ ပုလင်း ရှာလိုက်ပါတယ် :)

Image Hosted by PicturePush - Photo Sharing 

မုန်ညင်းချဉ် စလုပ်ဖို့ ပစ္စည်း အဆာပလာများစုံပြီဆိုရင် စပါမယ်နော်။ ပထမဦးစွာ မုန်ညင်းများကို ဆား များများဖြင့် စနယ်ပါတယ်။ မုန်ညင်းချဉ် မြန်မြန်ချဉ်လိုပါက ဆားများများ ထည့်ဖို့ မလိုပါဘူးတဲ့၊ ကြာကြာထားပြီး ဖြေးဖြေးမှ ချဉ်ဖို့ဆိုရင် ဆားများများ ထည့်ဖို့ လိုအပ်ပါတယ် လို့ ပြောပြပါတယ်။ ဆားများများထည့်ထားတဲ့ မုန်ညှင်းချဉ်ဟာ ကြာကြာလဲ ထားခံတယ်လို့ သိရပါတယ်။


အောက်မှာတော့ အဆာပလာထည့်ပုံ အဆင့်ဆင့်ကို ဖော်ပြပါမယ်နော်။


Image Hosted by PicturePush - Photo Sharing

နံနံ၊ စမုန်စပါး ကြိတ်ပြီးသားတို့ကို ထည့်ပါတယ်။


Image Hosted by PicturePush - Photo Sharing 
ဂျူးမြစ်ခြောက်၊ သကြားတို့ကိုထည့်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing
ကဇော်ကို အရည်ရော အဖတ်ရော ထည့်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing

အဲဒါတွေ ထည့်ပြီးတော့ အားပါးတရ နယ်ပါတယ်။ မုန်ညင်းချဉ်ဟာ လူအတော်ပင်ပန်းပါတယ်။ ဘာဖြစ်လို့ဆိုတော့ နယ်သားကောင်း မုန်ညင်းချဉ်ကလည်း စားလို့ကောင်းပါတယ်။ 

Image Hosted by PicturePush - Photo Sharing
အကြိမ်ကြိမ် အဖန်ဖန် နယ်ထားတဲ့ မုန်ညင်း
Image Hosted by PicturePush - Photo Sharing
မုန်ညင်းချဉ်နယ်သားကျသွားမှ ငရုပ်သီးမှုန့်နဲ့ အရက်တို့ကို ထည့်လိုက်ပါတယ်။ ငရုပ်သီးကို နောက်ဆုံးမှ ထည့်တာက အကြာကြီးနယ်ရင် လက်ပူမှာစိုးလို့ပါ။ သူများတွေကတော့ လက်အိတ်တွေနဲ့ နယ်ကြပေမဲ့ အဲဒီ အစ်မကတော့ လက်အိတ်နဲ့ အားမရတာကြောင့် ဒီအတိုင်းနယ်ပါတယ်။


Image Hosted by PicturePush - Photo Sharing

ငရုပ်သီးနဲ့ အရက် ထည့်ပြီးပြန်တော့ ခုလို အားရပါးရ နယ်ရပြန်ပါတယ်။
Image Hosted by PicturePush - Photo Sharing
နယ်နေဆဲ


Image Hosted by PicturePush - Photo Sharing

နယ်ပြီးလို့ ပြီးစီးတဲ့ အနေအထား


Image Hosted by PicturePush - Photo Sharing

နယ်ပြီးသွားတဲ့ မုန်ညင်းတွေကို ခုလို ပလပ်စတစ် ပုံးကြီးနဲ့ သိပ်ထည့်ပါတယ်။ အချို့ကတော့ စဉ်းအိုးများနဲ့ ထည့်ပါတယ်။

Image Hosted by PicturePush - Photo Sharing

မုန်ညင်းကို မှိုတက်မသွားဘဲ ကောင်းကောင်းမွန်မွန် အချဉ်ပေါက်လာဖို့  အတွက် အရေးကြီးသည်မှာ အဖုံးကို လေလုံးဝ မဝင်နိုင်အောင် သေသေချာချာ လုံလုံပိတ်ဖို့ အရေးကြီးတာပါ။ ခုဒီအတိုင်းဆို အပေါ်က ပလပ်စတစ်ထပ်အုပ်ပြီးမှ အဖုံးကို တင်းတင်းကြပ်ကြပ် လုံလုံခြုံခြုံပိတ်ထားလိုက်ပါတယ်။ အချိန် ၁၅ရက်လောက်မှာ စပြီး စားလို့ရပါပြီ။ အချို့ကတော့ လအကြာကြီး ထားပြီးမှ စားကြပါတယ်။ မုန်ညင်းချဉ်ဟာ အဖုံးဖွင့်ပြီးရင် ကြာကြာထားလို့ သိပ်မခံတော့ပါဘူး။ ဒါကြောင့် ကြာကြာထားဖို့ဆိုရင် မစားမချင်း ဖုံးမဖွင့်သေးဘဲ စားတော့မယ်ဆိုမှသာ အဖုံးဖွင့်ကြတယ်လို့ ဆိုပါတယ်။ ပြီးတော့လည်း မုန်ညင်းချဉ်အိုးကို နှိုက်တဲ့အခါ ဆီလုံးဝ မထိရဘူး ၊ ဆီပေတဲ့ ဇွန်း၊ လက် တို့နဲ့ မနှိုက်ရပါဘူးတဲ့။ ဆီထိတာနဲ့ မုန်ညင်းချဉ် ပုပ်သွားတတ်ပါတယ်လို့ ဗဟုသုတလည်း သိရပါတယ်။ 


Image Hosted by PicturePush - Photo Sharing



ခုဖော်ပြတဲ့ မုန်ညင်းချဉ်ဟာ သူငယ်ချင်းတစ်ယောက်ရဲ့ ညီမ ရှမ်းမလေး တစ်ယောက် တည်တဲ့ မုန်ညင်းချဉ်ကို ဖော်ပြထားတာဖြစ်လို့ နာမည်ကိုလည်း ရှမ်းမလေးရဲ့ မုန်ညင်းချဉ်လို့ ပေးလိုက်ပါတယ်။ ကျွန်မကိုယ်တိုင် လုပ်တာ မဟုတ်ပါကြောင်းနော်။ မုန်ညင်းချဉ် လုပ်နည်းကို စိတ်ရှည် လက်ရှည် ပြောပြပေးတဲ့ သူငယ်ချင်းနဲ့ ညီမလေးတို့ကို ကျေးဇူး အထူးတင်ပါတယ်လို့ ပြောချင်ပါတယ်ရှင်။ မိမိအိမ်မှာ စားဖို့ သက်သက် လုပ်နေတာမို့ အချိုးအဆ ဘယ်လိုထည့်ရလဲ မေးတဲ့အခါ အတိအကျ မပြောတတ်ပါဘူး။ ဒီလိုဘဲ မုန်ညင်းအနည်းအများပေါ် ကြည့်ကာ မှန်းပြီး ထည့်ပါတယ်တဲ့။ အတိအကျမသိရပေမဲ့ ခုလောက်ဆိုရင် ကိုယ်တိုင် မုန်ညင်းချဉ် တည်လိုသူများလည်း အဆင်ပြေနိုင်ပြီ ထင်ပါတယ်ရှင်။ 



Image Hosted by PicturePush - Photo Sharing


Links to this post 30 comments
« Newer Posts Older Posts »
Posts (Atom)

Labels

  • ၀တ္ထုတိုများ (26)
  • ကျန်းမာရေး (5)
  • ခရီးသွား မှတ်တမ်း (43)
  • စားသောက်ဖွယ်ရာ (88)
  • စိတ်ခွန်အားဖြည့်စာစုများ (27)
  • စီးပွားရေးရာ (1)
  • ထူးဆန်းထွေလာ (31)
  • ဓာတ်ပုံ (2)
  • ဖားကန့်မှော်နယ်မြေအကြောင်းများ (8)
  • ဘာသာပြန် ခံစားမှု ၀တ္ထုများ (20)
  • ဘလောဂ့်အထောက်အကူ (1)
  • ဘလောဂ့်ဒေး (2)
  • ရသစာစုများ (59)
  • လူမှုရေးရာ (15)
  • သတင်း (4)
  • သုတအဖြာဖြာ (92)
  • အက်ဆေး (11)
  • အမှတ်တရ (27)
  • အလှအပရေးရာ (11)
  • ဆောင်းပါး (25)
  • ပျော်ပျော်ပါးပါး ဟာသများ (14)
  • နှစ်သက်မိသော စာစုများ (47)
  • နှုတ်ခွန်းလွှာ (4)

Popular Posts

  • တရုတ်ပြည်ရောက် မြန်မာ့ကျောက်စိမ်း ဗုဒ္ဓရုပ်ပွားတော်
    တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာ ပြည်တွင်းပြည်ပ ခရီးသွားများအတွက် အလည်အပတ် သော်လည်းကောင်း၊ လေ့လာစရာ အဖြစ်သော်လည်းကောင်း၊ ဘုရားဖူးဖို...
  • သာယာလှပ အင်းတော်ကြီးဒေသ
    ကချင်ပြည်နယ်ရဲ့ နာမည်ကျော် အင်းတော်ကြီးအိုင်ကို လူတိုင်း ကြားဖူးကြမယ် ထင်ပါတယ်နော်။ တော်တော်များများကတော့ နာမည် ကြားဖူးကြပေမဲ့ အခြာ...
  • တောင်ဇလပ်ပန်းတို့ လန်းရာမြေ
    တစ်ခါတစ်ခေါက်မှ မရောက်ဖြစ်သေးတဲ့ ချင်းပြည်နယ်ကို ရောက်ဖူးချင်နေခဲ့တာ ကြာပါပြီ။ ခရီးထွက်တယ် ဆိုတာကလည်း ကိုယ် တစ်ခါမှ မရောက်ဖူးသေးတဲ့အရပ် ဆ...
  • ချယ်ရီပန်းတို့ ပွင့်ဝေချိန်
    ယခုလို ဇန်နဝါရီလလိုမျိုးမှာ ပြင်ဦးလွင်မှာဆိုရင် ချယ်ရီတွေလှလှပပ ပွင့်ဝေလို့ နေကြပြီ။ ရှမ်းတောင်တန်း တွေပေါ်မှာလည်း ချယ်ရီတွေ ဝေဝေဆာဆာ ...
  • ချိစ်၊ အသားညှပ် အာလူးကင်
    ကျွန်မက အာလူးကို တော်တော်ကြိုက်ပါတယ်။ အဲဒီလို အာလူးကြိုက်တော့ အာလူးကို ဟင်းချက်စား၊ မုန့်လုပ်စားနိုင်မဲ့ နည်းလမ်းတွေ ရှာကြံပြီး လုပ...
  • ထူးထူးဆန်းဆန်း ရေချိုးကြသူများ
    တစ်သက်လုံးမှာ ရေတစ်ခါတောင် မချိုးတဲ့ လူမျိုးစုအကြောင်း ရေမချိုးကြသူများဆိုတဲ့ နာမည်လေးနဲ့ မကြာခင်ကမှ ရေးခဲ့ပါသေးတယ်။ ခု ဒီတစ်ခါတော့ ကမ္ဘာတစ်လ...
  • အလှနတ်သမီးလေး မလိခ...
    ပူတာအိုကနေ ဆယ်မိုင်ကျော်ဝေးတဲ့ ရွာကလေးကနေတစ်ဆင့် စက်လှေစီးပြီး နတ်ကျွန်းဆီ သွားတဲ့ခရီးဟာ မလိခမြစ်ရဲ့ အလှကို ရင်သပ်ရှုမော တွေ့ရတဲ့ ခ...
  • ခရမ်းရောင်လွင်ပြင် မင်းသမီးလေး
    ဒီနေ့တော့ အမှတ်မထင် သိခဲ့ရာက လေးစားအားကျမိတဲ့ သူတစ်ဦးအကြောင်း ရေးချင်ပါတယ်။ လွန်ခဲ့တဲ့ ရက်က ဖေ့ဘွတ်မှာ သူ့ဓာတ်ပုံလေးနဲ့အတူ သူ့အကြောင်း တစ်စ...
  • မသင်ဘဲရတဲ့ သင်ခန်းစာ
    “ဆရာမ ဘယ်တုန်းက ရောက်လဲ..  အလည်လာတာလား.. ”  ထွက်လာတဲ့ နှုတ်ဆက်သံကြောင့် ဆိုင်တစ်ဆိုင်ရှေ့မှာ ရပ်ပြီး ငေးနေသော ကျွန်မမှာ လှည့်ကြည့်လိုက်တေ...
  • စွဲလန်းခြင်းတစ်စုံတစ်ရာ
    "ကြည်နူးရိပ် " သူမရဲ့ စာအုပ်ဆိုင်လေး နံမည်လေးဖြစ်ပါသည်။ စာအုပ်တွေကို ချစ်မြတ်နိုးသော သူမက စာအုပ်အငှားဆိုင်လေး တစ်ခု ဖွင့်မည...

Blog Archive

  • ▼ 2019 (1)
    • ▼ March (1)
      • ▼ Mar 06 (1)
        • အလှနတ်သမီးလေး မလိခ...
  • ► 2015 (2)
    • ► September (1)
      • ► Sep 23 (1)
    • ► February (1)
      • ► Feb 26 (1)
  • ► 2014 (5)
    • ► April (1)
      • ► Apr 11 (1)
    • ► March (1)
      • ► Mar 21 (1)
    • ► February (2)
      • ► Feb 23 (1)
      • ► Feb 12 (1)
    • ► January (1)
      • ► Jan 25 (1)
  • ► 2013 (18)
    • ► December (2)
      • ► Dec 25 (1)
      • ► Dec 12 (1)
    • ► October (2)
      • ► Oct 13 (1)
      • ► Oct 05 (1)
    • ► September (1)
      • ► Sep 14 (1)
    • ► June (2)
      • ► Jun 18 (1)
      • ► Jun 08 (1)
    • ► May (1)
      • ► May 04 (1)
    • ► April (1)
      • ► Apr 23 (1)
    • ► March (1)
      • ► Mar 09 (1)
    • ► February (4)
      • ► Feb 22 (1)
      • ► Feb 08 (1)
      • ► Feb 03 (1)
      • ► Feb 01 (1)
    • ► January (4)
      • ► Jan 26 (1)
      • ► Jan 21 (1)
      • ► Jan 11 (1)
      • ► Jan 04 (1)
  • ► 2012 (103)
    • ► December (4)
      • ► Dec 25 (1)
      • ► Dec 21 (1)
      • ► Dec 17 (1)
      • ► Dec 05 (1)
    • ► November (3)
      • ► Nov 23 (1)
      • ► Nov 15 (1)
      • ► Nov 07 (1)
    • ► October (7)
      • ► Oct 29 (1)
      • ► Oct 26 (1)
      • ► Oct 22 (1)
      • ► Oct 17 (1)
      • ► Oct 14 (1)
      • ► Oct 10 (1)
      • ► Oct 04 (1)
    • ► September (7)
      • ► Sep 30 (1)
      • ► Sep 25 (1)
      • ► Sep 22 (1)
      • ► Sep 16 (1)
      • ► Sep 12 (1)
      • ► Sep 06 (1)
      • ► Sep 02 (1)
    • ► August (7)
      • ► Aug 31 (1)
      • ► Aug 26 (1)
      • ► Aug 19 (1)
      • ► Aug 14 (1)
      • ► Aug 09 (1)
      • ► Aug 05 (1)
      • ► Aug 02 (1)
    • ► July (9)
      • ► Jul 29 (1)
      • ► Jul 25 (1)
      • ► Jul 21 (1)
      • ► Jul 17 (1)
      • ► Jul 14 (1)
      • ► Jul 10 (1)
      • ► Jul 07 (1)
      • ► Jul 04 (1)
      • ► Jul 01 (1)
    • ► June (8)
      • ► Jun 29 (1)
      • ► Jun 26 (1)
      • ► Jun 23 (1)
      • ► Jun 20 (1)
      • ► Jun 17 (1)
      • ► Jun 12 (1)
      • ► Jun 06 (1)
      • ► Jun 01 (1)
    • ► May (11)
      • ► May 29 (1)
      • ► May 26 (1)
      • ► May 22 (1)
      • ► May 19 (1)
      • ► May 16 (1)
      • ► May 12 (1)
      • ► May 11 (1)
      • ► May 09 (1)
      • ► May 06 (1)
      • ► May 05 (1)
      • ► May 01 (1)
    • ► April (11)
      • ► Apr 28 (1)
      • ► Apr 25 (1)
      • ► Apr 22 (1)
      • ► Apr 20 (1)
      • ► Apr 17 (1)
      • ► Apr 15 (1)
      • ► Apr 13 (1)
      • ► Apr 10 (1)
      • ► Apr 07 (1)
      • ► Apr 05 (1)
      • ► Apr 03 (1)
    • ► March (12)
      • ► Mar 31 (1)
      • ► Mar 27 (1)
      • ► Mar 23 (1)
      • ► Mar 21 (1)
      • ► Mar 18 (1)
      • ► Mar 16 (1)
      • ► Mar 13 (1)
      • ► Mar 11 (1)
      • ► Mar 09 (1)
      • ► Mar 07 (1)
      • ► Mar 05 (1)
      • ► Mar 02 (1)
    • ► February (13)
      • ► Feb 29 (1)
      • ► Feb 27 (1)
      • ► Feb 24 (1)
      • ► Feb 21 (1)
      • ► Feb 19 (1)
      • ► Feb 17 (1)
      • ► Feb 15 (1)
      • ► Feb 13 (1)
      • ► Feb 10 (1)
      • ► Feb 07 (1)
      • ► Feb 05 (1)
      • ► Feb 02 (1)
      • ► Feb 01 (1)
    • ► January (11)
      • ► Jan 29 (1)
      • ► Jan 26 (1)
      • ► Jan 23 (1)
      • ► Jan 20 (1)
      • ► Jan 17 (1)
      • ► Jan 14 (1)
      • ► Jan 12 (1)
      • ► Jan 09 (1)
      • ► Jan 06 (1)
      • ► Jan 04 (1)
      • ► Jan 01 (1)
  • ► 2011 (178)
    • ► December (14)
      • ► Dec 29 (1)
      • ► Dec 27 (1)
      • ► Dec 25 (1)
      • ► Dec 23 (1)
      • ► Dec 21 (1)
      • ► Dec 19 (1)
      • ► Dec 17 (1)
      • ► Dec 14 (1)
      • ► Dec 12 (1)
      • ► Dec 10 (1)
      • ► Dec 08 (1)
      • ► Dec 06 (1)
      • ► Dec 03 (1)
      • ► Dec 01 (1)
    • ► November (14)
      • ► Nov 28 (1)
      • ► Nov 26 (1)
      • ► Nov 24 (1)
      • ► Nov 22 (1)
      • ► Nov 20 (1)
      • ► Nov 18 (1)
      • ► Nov 16 (1)
      • ► Nov 14 (1)
      • ► Nov 12 (1)
      • ► Nov 11 (1)
      • ► Nov 09 (1)
      • ► Nov 07 (1)
      • ► Nov 05 (1)
      • ► Nov 03 (1)
    • ► October (15)
      • ► Oct 31 (1)
      • ► Oct 29 (1)
      • ► Oct 27 (1)
      • ► Oct 25 (1)
      • ► Oct 23 (1)
      • ► Oct 21 (1)
      • ► Oct 19 (1)
      • ► Oct 17 (1)
      • ► Oct 14 (1)
      • ► Oct 12 (1)
      • ► Oct 09 (1)
      • ► Oct 07 (1)
      • ► Oct 06 (1)
      • ► Oct 04 (1)
      • ► Oct 02 (1)
    • ► September (17)
      • ► Sep 30 (1)
      • ► Sep 28 (1)
      • ► Sep 26 (1)
      • ► Sep 24 (1)
      • ► Sep 23 (1)
      • ► Sep 21 (1)
      • ► Sep 18 (1)
      • ► Sep 17 (1)
      • ► Sep 15 (1)
      • ► Sep 13 (1)
      • ► Sep 12 (1)
      • ► Sep 10 (1)
      • ► Sep 09 (1)
      • ► Sep 07 (1)
      • ► Sep 05 (1)
      • ► Sep 03 (1)
      • ► Sep 02 (1)
    • ► August (14)
      • ► Aug 30 (1)
      • ► Aug 29 (1)
      • ► Aug 27 (1)
      • ► Aug 25 (1)
      • ► Aug 23 (1)
      • ► Aug 21 (1)
      • ► Aug 20 (1)
      • ► Aug 18 (1)
      • ► Aug 16 (1)
      • ► Aug 14 (1)
      • ► Aug 13 (1)
      • ► Aug 10 (1)
      • ► Aug 09 (1)
      • ► Aug 07 (1)
    • ► July (14)
      • ► Jul 23 (1)
      • ► Jul 21 (1)
      • ► Jul 19 (1)
      • ► Jul 17 (1)
      • ► Jul 16 (1)
      • ► Jul 14 (1)
      • ► Jul 12 (1)
      • ► Jul 10 (1)
      • ► Jul 09 (1)
      • ► Jul 07 (1)
      • ► Jul 06 (1)
      • ► Jul 04 (1)
      • ► Jul 02 (1)
      • ► Jul 01 (1)
    • ► June (15)
      • ► Jun 29 (1)
      • ► Jun 26 (1)
      • ► Jun 24 (1)
      • ► Jun 22 (1)
      • ► Jun 20 (1)
      • ► Jun 18 (1)
      • ► Jun 17 (1)
      • ► Jun 15 (1)
      • ► Jun 13 (1)
      • ► Jun 11 (1)
      • ► Jun 09 (1)
      • ► Jun 07 (1)
      • ► Jun 05 (1)
      • ► Jun 04 (1)
      • ► Jun 02 (1)
    • ► May (12)
      • ► May 31 (1)
      • ► May 28 (1)
      • ► May 26 (1)
      • ► May 24 (1)
      • ► May 21 (1)
      • ► May 19 (1)
      • ► May 16 (1)
      • ► May 12 (1)
      • ► May 10 (1)
      • ► May 07 (1)
      • ► May 04 (1)
      • ► May 02 (1)
    • ► April (14)
      • ► Apr 30 (1)
      • ► Apr 27 (1)
      • ► Apr 24 (1)
      • ► Apr 22 (1)
      • ► Apr 20 (1)
      • ► Apr 17 (1)
      • ► Apr 15 (1)
      • ► Apr 13 (1)
      • ► Apr 11 (1)
      • ► Apr 09 (1)
      • ► Apr 07 (1)
      • ► Apr 05 (1)
      • ► Apr 03 (1)
      • ► Apr 01 (1)
    • ► March (16)
      • ► Mar 30 (1)
      • ► Mar 28 (1)
      • ► Mar 26 (1)
      • ► Mar 24 (1)
      • ► Mar 23 (1)
      • ► Mar 21 (1)
      • ► Mar 19 (1)
      • ► Mar 17 (1)
      • ► Mar 15 (1)
      • ► Mar 13 (1)
      • ► Mar 11 (1)
      • ► Mar 09 (1)
      • ► Mar 07 (1)
      • ► Mar 06 (1)
      • ► Mar 04 (1)
      • ► Mar 02 (1)
    • ► February (15)
      • ► Feb 28 (1)
      • ► Feb 26 (1)
      • ► Feb 25 (1)
      • ► Feb 23 (1)
      • ► Feb 22 (1)
      • ► Feb 20 (1)
      • ► Feb 18 (1)
      • ► Feb 16 (1)
      • ► Feb 14 (1)
      • ► Feb 12 (1)
      • ► Feb 10 (1)
      • ► Feb 08 (1)
      • ► Feb 06 (1)
      • ► Feb 04 (1)
      • ► Feb 02 (1)
    • ► January (18)
      • ► Jan 31 (1)
      • ► Jan 29 (1)
      • ► Jan 28 (1)
      • ► Jan 26 (1)
      • ► Jan 24 (1)
      • ► Jan 23 (1)
      • ► Jan 21 (1)
      • ► Jan 19 (1)
      • ► Jan 17 (1)
      • ► Jan 16 (1)
      • ► Jan 14 (1)
      • ► Jan 13 (1)
      • ► Jan 11 (1)
      • ► Jan 09 (1)
      • ► Jan 07 (1)
      • ► Jan 05 (1)
      • ► Jan 04 (1)
      • ► Jan 02 (1)
  • ► 2010 (199)
    • ► December (16)
      • ► Dec 31 (1)
      • ► Dec 30 (1)
      • ► Dec 27 (1)
      • ► Dec 24 (1)
      • ► Dec 22 (6)
      • ► Dec 16 (1)
      • ► Dec 09 (1)
      • ► Dec 06 (1)
      • ► Dec 05 (1)
      • ► Dec 04 (1)
      • ► Dec 02 (1)
    • ► November (12)
      • ► Nov 25 (1)
      • ► Nov 22 (1)
      • ► Nov 20 (1)
      • ► Nov 18 (1)
      • ► Nov 16 (1)
      • ► Nov 14 (1)
      • ► Nov 12 (1)
      • ► Nov 10 (1)
      • ► Nov 08 (1)
      • ► Nov 05 (1)
      • ► Nov 04 (1)
      • ► Nov 01 (1)
    • ► October (16)
      • ► Oct 31 (1)
      • ► Oct 29 (1)
      • ► Oct 28 (1)
      • ► Oct 25 (1)
      • ► Oct 23 (1)
      • ► Oct 21 (1)
      • ► Oct 18 (1)
      • ► Oct 16 (1)
      • ► Oct 14 (1)
      • ► Oct 12 (1)
      • ► Oct 10 (1)
      • ► Oct 08 (1)
      • ► Oct 07 (1)
      • ► Oct 04 (1)
      • ► Oct 03 (1)
      • ► Oct 01 (1)
    • ► September (15)
      • ► Sep 28 (1)
      • ► Sep 26 (1)
      • ► Sep 24 (1)
      • ► Sep 22 (1)
      • ► Sep 21 (1)
      • ► Sep 19 (1)
      • ► Sep 17 (1)
      • ► Sep 15 (1)
      • ► Sep 13 (1)
      • ► Sep 11 (1)
      • ► Sep 09 (1)
      • ► Sep 07 (1)
      • ► Sep 05 (1)
      • ► Sep 03 (1)
      • ► Sep 02 (1)
    • ► August (17)
      • ► Aug 31 (1)
      • ► Aug 29 (1)
      • ► Aug 27 (1)
      • ► Aug 25 (1)
      • ► Aug 24 (1)
      • ► Aug 22 (1)
      • ► Aug 19 (1)
      • ► Aug 17 (1)
      • ► Aug 15 (1)
      • ► Aug 13 (1)
      • ► Aug 11 (1)
      • ► Aug 09 (1)
      • ► Aug 08 (1)
      • ► Aug 05 (1)
      • ► Aug 04 (1)
      • ► Aug 02 (1)
      • ► Aug 01 (1)
    • ► July (16)
      • ► Jul 30 (1)
      • ► Jul 27 (1)
      • ► Jul 24 (1)
      • ► Jul 23 (1)
      • ► Jul 20 (1)
      • ► Jul 19 (1)
      • ► Jul 18 (1)
      • ► Jul 16 (1)
      • ► Jul 14 (1)
      • ► Jul 12 (1)
      • ► Jul 11 (1)
      • ► Jul 08 (1)
      • ► Jul 07 (1)
      • ► Jul 06 (1)
      • ► Jul 03 (1)
      • ► Jul 01 (1)
    • ► June (9)
      • ► Jun 30 (1)
      • ► Jun 27 (1)
      • ► Jun 26 (1)
      • ► Jun 24 (1)
      • ► Jun 23 (2)
      • ► Jun 22 (1)
      • ► Jun 21 (1)
      • ► Jun 20 (1)
    • ► May (14)
      • ► May 25 (1)
      • ► May 24 (1)
      • ► May 23 (1)
      • ► May 22 (1)
      • ► May 20 (1)
      • ► May 19 (1)
      • ► May 17 (1)
      • ► May 16 (1)
      • ► May 15 (1)
      • ► May 13 (1)
      • ► May 11 (1)
      • ► May 08 (1)
      • ► May 04 (1)
      • ► May 02 (1)
    • ► April (13)
      • ► Apr 29 (1)
      • ► Apr 26 (1)
      • ► Apr 23 (1)
      • ► Apr 21 (1)
      • ► Apr 17 (1)
      • ► Apr 14 (1)
      • ► Apr 12 (1)
      • ► Apr 10 (1)
      • ► Apr 08 (1)
      • ► Apr 07 (1)
      • ► Apr 04 (1)
      • ► Apr 03 (1)
      • ► Apr 01 (1)
    • ► March (16)
      • ► Mar 31 (1)
      • ► Mar 28 (1)
      • ► Mar 27 (1)
      • ► Mar 24 (1)
      • ► Mar 23 (1)
      • ► Mar 20 (1)
      • ► Mar 16 (1)
      • ► Mar 13 (1)
      • ► Mar 12 (1)
      • ► Mar 10 (1)
      • ► Mar 09 (1)
      • ► Mar 06 (1)
      • ► Mar 04 (1)
      • ► Mar 03 (1)
      • ► Mar 02 (1)
      • ► Mar 01 (1)
    • ► February (27)
      • ► Feb 28 (1)
      • ► Feb 27 (2)
      • ► Feb 24 (1)
      • ► Feb 21 (1)
      • ► Feb 20 (2)
      • ► Feb 18 (2)
      • ► Feb 17 (1)
      • ► Feb 16 (1)
      • ► Feb 15 (2)
      • ► Feb 14 (1)
      • ► Feb 13 (1)
      • ► Feb 12 (1)
      • ► Feb 11 (2)
      • ► Feb 09 (1)
      • ► Feb 08 (2)
      • ► Feb 07 (1)
      • ► Feb 06 (1)
      • ► Feb 04 (2)
      • ► Feb 02 (1)
      • ► Feb 01 (1)
    • ► January (28)
      • ► Jan 31 (1)
      • ► Jan 30 (1)
      • ► Jan 29 (1)
      • ► Jan 28 (1)
      • ► Jan 27 (2)
      • ► Jan 26 (1)
      • ► Jan 25 (1)
      • ► Jan 23 (1)
      • ► Jan 22 (1)
      • ► Jan 20 (1)
      • ► Jan 19 (1)
      • ► Jan 17 (2)
      • ► Jan 16 (1)
      • ► Jan 15 (4)
      • ► Jan 14 (9)
  • ► 2009 (13)
    • ► December (13)
      • ► Dec 29 (1)
      • ► Dec 27 (1)
      • ► Dec 25 (1)
      • ► Dec 23 (1)
      • ► Dec 21 (1)
      • ► Dec 19 (1)
      • ► Dec 15 (1)
      • ► Dec 13 (1)
      • ► Dec 11 (1)
      • ► Dec 09 (1)
      • ► Dec 08 (1)
      • ► Dec 06 (1)
      • ► Dec 04 (1)

တစ်ခုခု ပြောခဲ့မလား

ဖတ်စရာများ

  • San Htun's Diary
    ရေဘကျကာ..
  • Cameron.....
    ကလေးဘဝမှတ်ဉာဏ်....
  • ချစ်ကြည်အေး
    ဘဝမှတ်စု ၅
  • TTSweet
    ယနေ့ နံနက်စာ မုန့်ပြားသလက်
  • July Dream
    Something about the protection of UNESCO
  • ဝါခေါင်မိုး
    ချိုမြိန်တဲ့ ၁၆ အရောက် မြန်လွန်းထင်..
  • မြသွေးနီ
    ချစ်ခြင်းသည်သာ တစ်ကမ္ဘာဆိုသော်ငြား
  • ပန်ဒိုရာ
    Blog anniversary
  • အစိမ်းရောင်လွင်ပြင်
    အလှနတ်သမီးလေး မလိခ...
  • THU HNIN SEE
    အသံတိတ်ထားတဲ့ အလွမ်းများ
  • ကျွန်တော့် ဘ၀ဇာတ်ခုံ
    မနေ့ကအမှတ်တရ…..24/2/2019
  • သက်ဝေ
    ဟိုတုန်းက ဒီဇင်ဘာ
  • May Nyane
    အချည်…
  • khin oo may
    april 2018
  • sosegado
    500 miles ကိုခံစားခြင်း
  • အိမ့်ချမ်းမြေ့ ရဲ့သံစဉ်မဲ့အလင်္ကာများ
    ကိုယ့်ရဲ့နံနက်ခင်း
  • နှင်းနဲ့မာယာ
    ဧရာဝတီကို စုန်သော်
  • ညီလင်းသစ်
    နိမ့်သော မြန်မာ့စီးပွားရေးထဲက မြင့်သော သမ္မတအကြံပေး
  • ဝေ(စီးပွားရေးတက္ကသိုလ်)
    သက်တံရောင်တံလျှပ်
  • ~ ဏီလင်းညို ~
    ပူစီ၊ ဘရာနီ၊ မုသာဝါဒနှင့် ကျွန်တော်....
  • စံပယ်ဖြူနု
    အခွဲအခွာ
  • www.nyeinsoeoo.com/
  • နေဘုန်းလတ်
  • သတိုး

Followers

 
© 2009 - 2015 အစိမ်းရောင်လွင်ပြင်.
Web Design | Yangon Restaurants