ပုဇွန်မရမ်းသီးငပိချက်

ဒီနေ့အတွက် ချက်စားဖြစ်တဲ့ ဟင်းတစ်မျိုးကို ပြောပြရမယ်ဆိုရင် ပုဇွန်ဆိတ်သေးသေးလေးတွေကို မရမ်းသီးလေးနဲ့ ငပိချက် ချက်ထားတာ ဖြစ်ပါတယ်။ ပုဇွန်ကြိုက်တဲ့ မချောဟာ ပုဇွန်အကောင်ကြီးကြီးတွေ မဝယ်နိုင်တဲ့အတွက် လယ်ထဲက ရေအိုင်မှာ ကိုယ်တိုင်ဖမ်းပြီး ရလာတဲ့ ပုဇွန်အသေးလေးတွေကို ပုဇွန်အကြီးကြီးတွေအစား စားရတာဖြစ်ပါတယ်။ ဒါကြောင့် ဒီပုဇွန်တွေဟာ ကိုယ်တိုင် ဖမ်းလာတဲ့ ပုဇွန်တွေပါ ( ယုံပေးကြပါ) :P
ချက်နည်းကတော့ ထူးထူးဆန်းဆန်းလဲ မဟုတ်ပါဘူး။ အများသူငှာ ချက်ကြတဲ့ နည်းအတိုင်း ချက်ထားတာပါ။ ဒါပေမဲ့လည်း Facebook ပေါ်မှာလည်း ညီမတစ်ယောက်က မေးထားတာမို့ မထူးဆန်းတဲ့ ချက်နည်းကိုဘဲ အားနာနာနဲ့ ဖော်ပြပါမယ်နော်။


ဒါကတော့ မချောကိုယ်တိုင် ဝယ်ထား အဲလေ ဖမ်းထားတဲ့ ပုဇွန်ဆိတ်လေးတွေပါ။

Image Hosted by PicturePush - Photo Sharing
ဒါကတော့ မရမ်းသီး၊ ကြက်သွန်နီ၊ ဖြူ၊ ငရုပ်သီးစိမ်းတို့ပါ။

Image Hosted by PicturePush - Photo Sharing


ခရမ်းချဉ်သီး ၂လုံးလောက်ကို တောက်တောက်စင်းပါတယ်။

Image Hosted by PicturePush - Photo Sharing
ကြက်သွန်တို့ကို ဆီသတ်ပါတယ်။


Image Hosted by PicturePush - Photo Sharing
ဆနွင်း၊ အရောင်တင်မှုန့်ထည့်ပြီး ခရမ်းချဉ်သီးထည့်လိုက်ပါတယ်။


Image Hosted by PicturePush - Photo Sharing

ထို့နောက် ဆား၊ အရသာမှုန့် ၊ ငံပြာရည်နဲ့ ငပိကို သင့်တော်သလောက်ထည့်ပြီး ပုဇွန်ဆိတ်လေးတွေထည့်ပါတယ်။ ရေအနည်းငယ်ထည့်ပြီး ပုဇွန်ကျက်အောင်ထားလိုက်ပါတယ်

Image Hosted by PicturePush - Photo Sharing
ပုဇွန်ကျက်ခါနီးမှာ မရမ်းသီးများကိုထည့်လိုက်ပါတယ်။ ပုဇွန်ရော မရမ်းသီးရော ကျက်ရင် ဆား၊ အရသာမြည်း လိုတာထပ်ထည့်ပြီး ချလို့ရပါပြီ။

Image Hosted by PicturePush - Photo Sharing

ဟောဒီမှာ ပုဇွန် မရမ်းသီး ငပိချက်ရပါပြီ။



ချဉ်ဖြုံးဖြုံးလေးနဲ့ ထမင်းမြိန်တဲ့ ပုဇွန်မရမ်းသီးငပိချက်ပါ။

အားလုံးအတွက် ပျော်ရွှင်ဖွယ် အားလပ်ရက်ဖြစ်ကြပါစေရှင် ..

Image Hosted by PicturePush - Photo Sharing

ကမ္ဘာပေါ်က အလှဆုံး ရေတံခွန်များ

ကမ္ဘာပေါ်မှာရှိတဲ့ လှပကြီးကျယ်လှသော ရေတံခွန် များစွာတို့အနက် ကမ္ဘာကျော်ပြီး ထင်ရှားတဲ့ ရေတံခွန် အချို့ကို ဖော်ပြချင်ပါတယ်။ 

Angel Falls

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing



ဒီရေတံခွန်က ဗင်နီဇွဲလားနိုင်ငံမှာရှိတဲ့ Angel Falls ပါ။ Canaima အမျိုးသားဥယျာဉ်အတွင်းရှိ  Auyantepui တောင်ရဲ့ အစွန်းကနေ စီးဆင်းဖြာကျနေတာ ဖြစ်ပြီး စုစုပေါင်း အမြင့် ( ၉၇၉ မီတာ) ၃၂၁၂ ပေမြင့်တဲ့ ကမ္ဘာ့အမြင့်ဆုံး ရေတံခွန် တစ်ခုဖြစ်ပါတယ်။ တိမ်တွေထက်ပင် မြင့်မားနေတာမို့ တောင်ရဲ့ ဘေးဝန်းကျင်မှာ တိမ်ပတ်လည် ဝိုင်းနေတာကိုပင် မြင်တွေ့ရတတ်ပါတယ်။
Tugela Falls

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing
Tugela ရေတံခွန်ဟာ တောင်အာဖရိကနိုင်ငံ KwaZulu-Natal ပြည်နယ် ရှိ Royal အမျိုးသားဥယျာဉ် အတွင်းရှိ Drakensberg တောင်ပေါ်မှ စီးဆင်းဖြာကျနေတဲ့ အမြင့်ပေ ၃၁၁၀ ရှိ ကမ္ဘာ့ဒုတိယ အမြင့်ဆုံး ရေတံခွန် ဖြစ်ပါတယ်။

Rhine Falls
Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

Rhine Falls ဟာ ဆွစ်ဇာလန်နိုင်ငံမှာတည်ရှိပြီး ဥရောပမှာ အကြီးဆုံးရေတံခွန်ဖြစ်ပါတယ်။ အကျယ် ပေ ၄၅ဝ ရှိပြီး အမြင့် ၇၅ပေရှိပါတယ်။ Schaffhausenမြို့ အနီးမှာတည်ရှိပြီး ဂျာမဏီနယ်စပ်နဲ့ မိုင်အနည်းငယ် သာ ကွာဝေးပါတယ်။ ဇူးရစ်မြို့ကနေ တစ်နာရီခန့်သာ ကွာဝေးပြီး ဇွစ်ဇာလန်မြောက်ပိုင်းမှာ နိုင်ငံခြားသား ခရီးသွားများကို အဆွဲဆောင်နိုင်ဆုံး နေရာ တစ်ခုလည်း ဖြစ်ပါတယ်။ ရေအလုံးအရင်းနဲ့ စီးဆင်းတဲ့ Rhine ရေတံခွန်ဟာ မြစ်ထဲကို ရေပမာဏ အများဆုံး စီးဆင်းတဲ့ ရေတံခွန်ဖြစ်ပါတယ်။ 
Gocta Falls
Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing
Gocta ရေတံခွန်ဟာ ပီရူးနိုင်ငံရှိ Amazonas ပြည်နယ်မှာရှိပြီး ၂၅၃ဝ ပေမြင့်ကာ ကမ္ဘာ့ ပဉ္စမမြောက် အမြင့်ဆုံး ရေတံခွန် လည်း ဖြစ်ပါတယ်။ ပီရူးအစိုးရရဲ့ ကြိုးပမ်းချက်နဲ့ သိပ်မကြာသေးခင်ကမှ ထင်ရှား ကျော်ကြား လာတဲ့ ရေတံခွန်လဲ ဖြစ်ပါတယ်။ Gocta ရေတံခွန်ဟာ Cocahuayco River မြစ်ထဲကို စီးဝင်ပါတယ်။ ရေတံခွန်နဲ့ အနီးဆုံးဖြစ်တဲ့ Chachapoyas မြို့ဟာ ပင်လယ်ရေမျက်နှာပြင် အထက် ပေပေါင်း ၇၆၀၀ကျော် မြင့်ပါတယ်။ ရေတံခွန်ကို လှမ်းမျှော်ကြည့်ရင် တိမ်ပတ်လည်ဝိုင်းနေတဲ့ ရှုခင်းမျိုး ကိုလည်း မြင်တွေ့နိုင်ပါတယ်။ 
Yosemite Falls

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing
Yosemite ရေတံခွန်ဟာ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်  Yosemite အမျိုးသားဥယျာဉ် အတွင်းမှာ တည်ရှိပါတယ်။ ရေတံခွန် သုံးဆင့်စလုံးရဲ့ အမြင့်ပေဟာ ၂၄၂၅ပေ မြင့်ပြီးတော့ မတူတဲ့ ပုံစံ ၃မျိုးနဲ့ စီးဆင်းနေကာ မြောက် အမေရိကတိုက်မှာတော့ အမြင့်ဆုံး  ရေတံခွန် ဖြစ်ပါတယ်။ Yosemite အမျိုးသားဥယျာဉ်ဟာ နွေဦးရာသီ နှောင်းပိုင်း မှာ Yosemite ရေတံခွန် ကနေ ရေတွေ စီးဆင်းတဲ့အချိန်ဟာ ခရီးသည်တွေ အများဆုံး သွားရောက်ကြတဲ့ အချိန် ဖြစ်ပါတယ်။

Victoria Falls

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

Victoria ရေတံခွန်ဟာ အာဖရိကတိုက်ရှိ ဇန်ဘီယားနိုင်ငံနဲ့ ဇင်ဘာဘွေနှစ်နိုင်ငံကြားရှိ Zambezi မြစ်ပေါ်မှာ တည်ရှိပါတယ်။  Victoria အမျိုးသားဥယျာဉ်မှာရှိပြီး အမြင့်ပေအားဖြင့် ၃၅၀ သာ ရှိသော်လည်း အလွန်ကျယ်ပြန့် ကြီးမားတဲ့ ရေတံခွန် ဖြစ်ပါတယ်။ ရေတံခွန်ရဲ့ အကျယ်ဟာ ၅၇ဝဝ ပေတောင် ကျယ်ဝန်းပါတယ်။ နေရောက်အောင်မှာ သက်တန့်ရောင်စဉ်ဖြာပြီး လှပစွာ စီးဆင်းနေတဲ့ ရေတံခွန် လည်း ဖြစ်ပါတယ်။

Vinnufossen Falls

Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing

Vinnufossen ရေတံခွန်ဟာ နော်ဝေးနိုင်ငံမှာရှိပြီး အမြင့်ပေ ၂၈၂၂ပေ ရှိကာ ဥရောပမှာ အမြင့်ဆုံးရေတံခွန်လည်း ဖြစ်ပါတယ်။ နော်ဝေးနိုင်ငံ Sunndalsøra ရွာကလေးရဲ့ အရှေ့ဖက်မှာ တည်ရှိပြီး  Vinnufjellet တောင်မြင့်ကနေ စီးဆင်းနေခဲ့ပါတယ်။ ပင်မရေတံခွန် ကနေ ရေတံခွန် အသေးပေါင်း ၄ခု လှပစွာ ခွဲဖြာ စီးဆင်း နေပါတယ်။

Iguacu Falls

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing
Iguacu Falls အားလေယာဉ်ပေါ်မှ မြင်ရပုံ
အာဂျင်တီးနားနှင့် ဘရာဇီးနှစ်နိုင်ငံ နယ်စပ်ရှိ  ကြီးမားထင်ရှားလှသော Iguacu Falls ဘရာဇီးနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ၂၅%ကို ထုတ်လုပ် ပေးထားပြီး ကမ္ဘာလှည့်ခရီးသွားများအား အဆွဲဆောင်နိုင် ဆုံးသော ရေတံခွန်တစ်ခုလဲ ဖြစ်ပါတယ်။

Sutherland Falls

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing
Sutherland ရေတံခွန်ဟာ နယူးဇီလန်နိုင်ငံရှိ လူသိများ ထင်ရှားသော ရေတံခွန်ဖြစ်ပါတယ်။ ရေခဲတောင်များမှ စီးကျလာတဲ့ ရေတွေ စုစည်းထားသော ရေကန်ကြီးမှ ဖြာစီး ကျဆင်း လာသော ရေတံခွန်ကြီး တစ်ခုလည်း ဖြစ်ပါတယ်။

Niagara Falls
Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing


Niagara ရေတံခွန်ဟာ အမေရိကန်နှင့် ကနေဒါ နယ်စပ်ကြားရှိ ကမ္ဘာ့အလှဆုံး၊ ကမ္ဘာလှည့် ခရီးသွားများ အသွားများဆုံးသော ရေတံခွန်ဖြစ်ပါတယ်။ Niagara ရေတံခွန်ရယ်လို့ ခေါ်ဆိုကြပေမဲ့ တကယ်တမ်းတော့ ရေတံခွန် သုံးခု ပေါင်းပြီးမှသာ Niagara ဖြစ်လာတာပါ။ ကနေဒါဘက်အခြမ်းမှာ တည်ရှိတဲ့  Horseshoe(မြင်းခွာပုံ)  ရေတံခွန်၊ အမေရိကန်ဘက် အခြမ်းမှာရှိတဲ့ American ရေတံခွန် နဲ့ ရေတံခွန်အငယ် Bridal Veil ရေတံခွန် ၃ခုပေါင်းကို ခေါ်တာ ဖြစ်ပါတယ်။ အမေရိကန် ဘက်က ရေတံခွန်နဲ့ ကနေဒါ ဘက်က ရေတံခွန် နှစ်ခုကြားမှာ Goat (ဆိတ်ကျွန်း) က ခြားထားပါတယ်။

Image Hosted by PicturePush - Photo Sharing
American ရေတံခွန် ၊ Goat (ဆိတ်ကျွန်း)၊ Horseshoe(မြင်းခွာပုံ) ရေတံခွန်


ပုံတွေအားလုံး အင်တာနက်ကရှာဖွေထားတာပါ။ မနက်က ပိုစ့်တင်ပြီးပေမဲ့ ပုံတွေပျောက်သွားလို့ အခု အသစ်ထပ်တင်ဖြစ်တာပါ။


ချစ်သောမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာရွှင်လန်းကြပါစေရှင်..




Image Hosted by PicturePush - Photo Sharing

ဖရုံသခွား အသားညှပ်ကြော်

ဒီရက်ပိုင်း အလုပ်နည်းနည်းရှုပ်တာနဲ့ စာရေးစာဖတ် မလုပ်အားဘူး ဖြစ်နေပါတယ်။ ဒီအတွက် စာ အသစ်တွေ မရေးနိုင်ခင်မှာ ဟင်းချက်နည်းလေးကိုဘဲ ထပ်တင်ပေးပါဦးမယ်နော်။ အဲဒီအတွက် ဟင်းချက်နည်း မကြိုက်သူများ ရှိခဲ့ရင် ခွင့်လွှတ်ပေးကြဖို့ ပန်ကြားချင်ပါတယ်။ အခု ဖော်ပြချင်တဲ့ ဟင်းချက်နည်းက ဖရုံသခွား( Zucchini ) ကို အသားညှပ်ပြီး ကြော်မှာ ဖြစ်ပါတယ်။

Image Hosted by PicturePush - Photo Sharing
ဒီအသီးကတော့ Zucchini  လို့ခေါ်တဲ့ ဖရုံသခွားအရှည်မျိုးပါ။ အတွင်းမှာ ဖရုံသီးနဲ့တူပေမဲ့ အသီးပုံသဏ္ဍာန်က သခွားသီးနဲ့ တူပါတယ်။ ဒါကြောင့် ကျွန်မက ဖရုံသခွားသီးလို့ဘဲ ခေါ်ချင်ပါတယ်။
Image Hosted by PicturePush - Photo Sharing
၎င်းအသီးကို ရေစင်အောင်ဆေးပြီး မထူမပါး လှီးပါမယ်။ လှီးတဲ့အခါမှာ အသီးကို ပြတ်မသွားအောင် ဂရုစိုက်ပြီး နှစ်ချပ်ကို တစ်လွှာရအောင် လှီးပါတယ်။ 

Image Hosted by PicturePush - Photo Sharing

နှစ်ချပ်တစ်လွှာဆိုတာ ဒီလို အနေအထားပါ။ အချပ် နှစ်ခုကို ပြတ်မသွားအောင် လှီးထားတာ ဖြစ်ပါတယ်။

Image Hosted by PicturePush - Photo Sharing

နှစ်ချပ်စီ လှီးထားတဲ့ အသီးတွေ ခုလို အဆင်သင့်ဖြစ်ပါပြီ။

Image Hosted by PicturePush - Photo Sharing
အသီးထဲကို အသားညှပ်ဖို့အတွက် ဝက်သား ( သို့မဟုတ်) ကြက်အသားချည်းကို တောက်တောက်စင်း( ကြိတ်) ပြီး ကြက်သွန်ဖြူ၊နီ၊ ဂျင်းတို့ဖြင့် ရောပါတယ်။ ဆား၊ အရသာမှုန့်၊ ငရုပ်ကောင်းမှုန့် (သို့မဟုတ်) တရုတ်မဆလာ (ရှောက်ကောပါကေား) တို့ထည့်ပြီး နယ်ထားလိုက်ပါတယ်။

Image Hosted by PicturePush - Photo Sharing

ထို့နောက် အသားများကို Zucchini နှစ်ချပ်ကြားကို ညှပ်လိုက်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing
 အသားညှပ်ပြီးသွားတဲ့ Zucchini အလွှာလေးတွေပါ။

Image Hosted by PicturePush - Photo Sharing

ပန်းကန်တစ်ခုထဲမှာ ဂျုံမှုန့် ( အကြော်မှုန့်) ကို ကြက်ဥတစ်လုံးဖောက်ထည့်ပြီး ရေအနည်းငယ်၊ ဆား၊ အရသာမှုန့် တို့ဖြင့် သမအောင် ရောနှယ်ပါမယ်။

Image Hosted by PicturePush - Photo Sharing

 ဖျော်ထားတဲ့ အကြော်မှုန့်များ

Image Hosted by PicturePush - Photo Sharing
အသားညှပ်ထားတဲ့ အသီးလွှာများကို မုန့်နှစ်ဖုံးအောင် လူးပြီး ဆီပူပူမှာ ကြော်ပါတယ်

Image Hosted by PicturePush - Photo Sharing

ရွှေရောင်သန်းလာတဲ့အထိ နှစ်ဖက်ညီအောင် ကြော်ပါတယ်။ 
 
Zucchini အသီး အသားညှပ်ကြော် ရပါပြီ။ 

Image Hosted by PicturePush - Photo Sharing

အကြော်များကို ကြော်ပြီးတာနဲ့ ပူပူနွေးနွေးချက်ခြင်း စားဖို့တော့လိုပါတယ်။ မဟုတ်ရင် ခဏနဲ့ ပျော့သွားပြီး စားမကောင်းဖြစ်တတ်ပါတယ်။ ထမင်းနဲ့စားစား၊ အဆာပြေ စားစား စားလို့ကောင်းတဲ့ Zucchini သီး အသားညှပ်ကြော်ပါ။ ခရမ်းသီးကိုလည်း ခုလိုနည်းနဲ့ ကြော်စားနိုင်ပါတယ်နော်။


အားလုံးသောမိတ်ဆွေများ ကျန်းမာရွှင်လန်းကြပါစေရှင်..