စိတ်ကူးယဉ်ကမ္ဘာ

jade mountain st 031 Each Room with Its Infinity Pool: Jade Mountain Resort in St. Lucia

jade mountain st 029 Each Room with Its Infinity Pool: Jade Mountain Resort in St. Lucia

jade mountain st Each Room with Its Infinity Pool: Jade Mountain Resort in St. Lucia

ကမ္ဘာပေါ်က အလှဆုံးနေရာထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ စိတ်ကူးယဉ်ဆန်တဲ့ နေရာလေးကို သွားကြည့်ရအောင်လားနော်။ အဲဒီနေရာလေးဟာ လှပလွန်းလို့ အိပ်မက်မက်နေသလား ထင်ရလောက်အောင် သာယာလွန်း တဲ့ နေရာလေး တစ်ခုပါ။ 

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

ပုံထဲမှာ မြင်ရတဲ့ ရှုခင်းလှလှလေးကို ကြည့်ရှုခံစားရင်း ညစ်နွမ်း ပင်ပန်းနေတဲ့စိတ်တွေကို ပြန်လည် လန်းဆန်း လာအောင် ကုစားပေးနိုင်တဲ့ နေရာလေးကတော့ Jade Mountain Resort (ကျောက်စိမ်းတောင် အပန်းဖြေနားနေရာ) ဘဲဖြစ်ပါတယ်။ အဲဒီ နေရာဟာ အခုမြင်ရတဲ့ ရှုခင်းလေးကို ခံစားကြည့်ရှုလို့ရအောင် တည်ဆောက် ထားတာကတော့ ကရစ်ဘီယံ ပင်လယ်အရှေ့ဘက်ထဲက စိန့်လူစီယာ ကျွန်းကလေးမှာ တည်ရှိတာ ဖြစ်ပါတယ်။ ဟိုတယ်ပိုင်ရှင် Nick Troubetzkoy ဟာ သဘာဝ အလှအပကို တန်ဖိုးထားပြီး အဲဒီ သဘာဝကိုဘဲ ကောင်းကောင်း အသုံးချနိုင်သူ ဖြစ်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

 Resort သို့ ဝင်ရောက်ရာ

မိမိတည်းခိုတဲ့ အခန်းကနေ ပြင်ပ သဘာဝပတ်ဝန်းကျင် ရှုခင်းကို အတားအဆီးမရှိ မြင်တွေ့နိုင်အောင် ဖန်တီးထားပြီး အခန်းတိုင်းမှာ ရေကူးကန် ပါဝင်ပါတယ်။ မိမိတတ်နိုင်တဲ့ ငွေပမာဏ၊ မိမိလိုအပ်တဲ့ ရေကန်အကျယ်အဝန်းကို ရွေးချယ်ပြီး စိတ်ကြိုက်အခန်းကို တည်းခိုနိုင်အောင် စီစဉ်ပေးထားပါတယ်။ အခန်းထဲမှာ ပါဝင်တဲ့ ရေကူးကန်ဟာ အခန်းအနေအထားကိုလိုက်ပြီး ၃၇ ကနေ  ၈၄စတုရန်း မီတာထိ ကျယ်ဝန်းပါတယ်။ အဲဒီ Jade Mountain ဟိုတယ်မှာ တယ်လီဖုန်း၊ ရေဒီယို ၊ တီဗီတွေ လုံးဝ မရှိပါဘူး။ တကယ့်သဘာဝအလှကို သဘာဝကျကျ ခံစားနိုင်ဖို့အတွက် ခေတ်ပေါ် အသုံးအဆောင်တွေကို ထည့်သွင်းမထားဘူးလို့ ဆိုပါတယ်။ အင်တာနက်ကိုတော့ Reception မှာ သုံးလို့ရပြီး ဧည့်သည်တွေ အထူးတောင်းဆိုရင်တော့ အခန်းထဲမှာ သုံးနိုင်အောင် စီစဉ်ပေးပါတယ်တဲ့။ 
 
Jade Mountain ရဲ့ထူးခြားချက်ဟာ အခြားသော ဟိုတယ်များလို နံရံလေးဘက်ပိတ် အခန်းမျိုး မဟုတ်ဘဲ ပင်လယ်ပြင်ဘက်ကို မျက်နှာမူထားတဲ့ အခန်းရဲ့ မျက်နှာစာတိုင်းမှာ မြင်ရတဲ့အတိုင်း ကြည်လင်သန့်စင်ပြီး လှပတဲ့ ရေကူးကန်သာရှိပြီး အခန်းမှနေ ကျယ်ဝန်းလှတဲ့ သဘာဝပတ်ဝန်းကျင်ကို လွတ်လပ်စွာ ကြည့်ရှုနိုင်ဖို့ ထိုဘက်ခြမ်းကိုတော့ အကာအရံများ မရှိဘဲ ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။ အဲဒါကြောင့်မို့လည်း ပင်လယ်ကိုဖြတ်သန်း တိုက်ခတ်လာတဲ့ လေပြေညင်းရဲ့ ပွေ့ဖက်နွေးထွေးမှုကို အပြည့်အဝ ခံစားနိုင်မှာဖြစ်သလို၊ မျက်စိမဆုံးနိုင်အောင် တမျှော်တခေါ် ရှုမောမဆုံး မြင်တွေ့ရတဲ့ ကရစ်ဘီယံ ပင်လယ်နဲ့ တောတောင် သဘာဝရဲ့ အလှကိုလည်း ရင်သပ်ရှုမော စိတ်နှလုံး ချမ်းမြေ့စွာ ခံစားနိုင်မှာ ဖြစ်ပါတယ်။

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing
ပုံမှာ မြင်တွေ့ရသလို သာယာလှပတဲ့ ရေကူးကန်မှာ ရေကူးရင်း ပင်လယ်ကြီးကို အပေါ်စီးကနေ ကြည့်ရှုနိုင်မှာဖြစ်သလို ရှုခင်းလှလှတွေကိုလည်း ခံစားနိုင်မှာဖြစ်ပါတယ်။

jade mountain st 030 Each Room with Its Infinity Pool: Jade Mountain Resort in St. Lucia

Image Hosted by PicturePush - Photo Sharing
 ပင်လယ်ကို ဆီးမြင်နေရတဲ့ စားသောက်ခန်းမ

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

လှပတဲ့ သဲသောင်ပြင် ဖြူလွလွ ကမ်းခြေမှာ အုန်းပင်တွေ ကိုကိုးပင်တွေ စီရီလှပနေပြီးတော့ ကြင်စဦးဇနီး မောင်နှံတွေအတွက် ဟန်းနီးမွန်းထွက်ဖို့ အကောင်းဆုံး နေရာဖြစ်တယ်လို့လည်း ညွှန်းဆိုကြပါတယ်။ မင်္ဂလာပွဲများကိုလည်း အခမ်းနားဆုံး ၊ စိတ်ကူးယဉ်အဆန်ဆုံးဖြစ်အောင်လည်း တာဝန်ယူ ကျင်းပပေးနိုင်တယ်လို့ ဆိုပါတယ်။ ကမ်းစပ်က သဲသောင်ပြင်ပေါ်မှာ စပါယ်ရှယ်ဒင်နာ စားချင်တယ် ဆိုရင်ဖြင့်လည်း ကရစ်ဘီယံ ဒေသထွက် အကောင်းဆုံး အစားအစာများနဲ့ အတူ ဖယောင်းတိုင်မီးလေးနဲ့ ရိုမန်တစ်ဆန်ဆန် စိတ်ကူးယဉ်ချင်စဖွယ် ဝန်ဆောင်မှုကို ပေးဦးမှာ ဖြစ်ပါတယ်။ ကရစ်ဘီယံ ပင်လယ်မှာ ရေကူးချင်သူတွေ၊ ဒိုင်ဗင်ထိုးချင်သူတွေ၊ ရေငုပ်ပြီး ရေအောက်အလှအပကို ခံစားလိုသူတွေ အတွက်လည်း အစီစဉ်များ ရှိပါတယ်။ 

ဧက ၆၀၀လောက် ကျယ်ဝန်းတဲ့ Jade Mountain Resort မှ တည်းခိုခ နှုန်းထား ကတော့ ဈေး သက်သက် သာသာတော့ မဟုတ်ပါဘူး။ တစ်ညကို ဒေါ်လာ ၉၅၀ကနေ ၂၇ဝဝ တန်အထိ ရှိပါတယ်။ (ထီပေါက်ရင်တောင် သွားနိုင်ပါ့မလားမသိ) :P::P

ကမ္ဘာပေါ်က အလှဆုံးနေရာထဲမှာ တစ်ခု အပါအဝင်ဖြစ်ပြီး သဘာဝနဲ့ လူတွေရဲ့ ဖန်တီးမှုတို့ အဆင်ပြေပြေပေါင်းစပ်ထားပြီး စိတ်ကူးယဉ်ကမ္ဘာရယ်လို့ တင်စားကြတဲ့ ကရစ်ဘီယံ ပင်လယ်ထဲက အလှဆုံး နေရာလေးကို ကိုယ်တိုင် မသွားနိုင်သေးပေမဲ့ ဓာတ်ပုံလေးတွေကြည့်ပြီး စိတ်ကူးယဉ်လို့ရအောင် ပုံတွေ များများ တင်လိုက်ပါတယ်နော်။ အားလုံးဘဲ ပျော်ရွှင်ငြိမ်းချမ်းကြပါစေရှင်။

Photos Credit :  http://www.flickr.com/photos/bestofstlucia/page3/

ချဉ်ချဉ်စပ်စပ် ဆန်တိုဖူး

ဒီတစ်ပတ် အားလပ်ရက်မှာ လုပ်စားဖို့ ကျွန်မတို့ ကချင်ပြည်နယ်မှာ စားတတ်ကြတဲ့ ဆန်တိုဖူးလုပ်နည်းလေးကို မျှဝေချင်ပါတယ်ရှင်။ ဆန်နဲ့လုပ်ထားတဲ့ တိုဖူးဟာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က လူတွေ နှစ်သက်စွာ စားသုံးကြတဲ့ အစားအစာဖြစ်ပေမဲ့ အခြား ပြည်နယ်တွေမှာ မတွေ့ရသလောက်ပါဘဲ။ ဆန်တိုဖူးကို ကချင်ပြည်နယ်ကလူတွေတော့ သိပြီးသားဖြစ်မှာပါနော်။  ပြီးခဲ့တဲ့ တစ်ပတ်က လုပ်စားဖြစ်တဲ့အတွက် အဲဒီ ဆန်တိုဖူးလုပ်နည်းကို အားလုံးလည်း သိအောင် ပြောပြချင်ပါတယ်။ ဆန်တိုဖူးလုပ်နည်းဟာ မုန့်လက်ဆောင်းလုပ်နည်းနဲ့ အတူတူဘဲဖြစ်တာမို့ မုန့်လက်ဆောင်းလုပ်စားစဉ်က လုပ်နည်းကို ပြန်ကူးယူပြီး ဖော်ပြမယ်နော်။

ဆန်တိုဖူး လုပ်ဖို့အတွက် အရေးအကြီးဆုံးအချက်က လုပ်မဲ့ဆန်ဟာ ဆန်မာ ဖြစ်ဖို့လိုပါတယ်။ ဆန်ပျော့ဖြစ်ရင် ဘယ်လိုနည်းနဲ့မှ ဆန်တိုဖူးလုပ်လို့ မရပါဘူး။ မနော်ဟရီလို ဆန်အမာစားမျိုးမှ လုပ်လို့ရတယ်လို့ သိရပါတယ်။ မြန်မာပြည်မှာ ရှိရင်တော့ ဆန်ကို အမှုန့်ကြိတ်စက်ကို ပို့ပြီး ကြိတ်ခိုင်းလို့ ရပေမဲ့ ပြည်ပက လူတွေအတွက်တော့ အမှုန့်ကြိတ်ဖို့ ခက်မယ် ထင်ပါတယ်။ ဒီအတွက် မိမိအိမ်မှာရှိတဲ့ Blender လေးနဲ့ဘဲ အဆင်ပြေအောင် လုပ်နိုင်ပါတယ်။ အဓိကက ဆန်မာရနိုင်အောင် ရှာရမှာဖြစ်ပါတယ်။

Image Hosted by PicturePush - Photo Sharing

ပထမဦးဆုံး မုန့်လက်ဆောင်းဖတ် လုပ်မဲ့ဆန်မာကို ရေစိမ်ထားပါတယ်။ မနက်လုပ်မယ်ဆိုရင် ညကတည်းက စိမ်ထားပြီး မနက်ကျ ဆန်ကို ရေစစ်ထားပါတယ်။ ရေစစ်လို့ ခြောက်ပြီဆိုရင် ဆန်ကို Blender ထဲ နည်းနည်းစီထည့်ပြီး ကြိတ်နိုင်ပါပြီ။ ဆန်ချည်းသက်သက် မကြိတ်ဘဲ ရေနည်းနည်းစီ ရောထည့်ပြီးလည်း ကြိတ်နိုင်ပါတယ်။ ဆန်မှုန့်တွေ ရလာရင် အိုးတစ်လုံးထဲမှာ အရည်ဖျော်ပါတယ်။

Image Hosted by PicturePush - Photo Sharing

ကြိတ်ပြီးဆန်မှုန့်များ 

Image Hosted by PicturePush - Photo Sharing
အရည်ဖျော်ထားသည့်ဆန်မှုန့်

Image Hosted by PicturePush - Photo Sharing

ဆန်မှုန့်ဖျော်ထားတာကို ပိတ်ပါးစ၊ ရေစစ်တစ်ခုခုဖြင့် စစ်ပါတယ်.. ရေစစ်ပေါ်တင်ကျန်နေတဲ့ အဖတ်တွေကို Blender ထဲပြန်ထည့်ပြီး ပြန်ကြိတ်ပါမယ်။
 
Image Hosted by PicturePush - Photo Sharing

ဆန်မှုန့်ကို ရေနဲ့ ဖျော်ပြီးနောက် မီးဖိုပေါ်တင်ပြီး ကျိုပေးပါမယ်။ ဆန်မှုန့်နှစ်ရည်ကို ဆန်တိုဖူးဖြစ်အောင် ခဲသွားဖို့အတွက် ထုံးကိုမဖြစ်မနေ ထည့်ဖို့လိုအပ်ပါတယ် မဟုတ်ရင်  ခဲမှာ မဟုတ်လို့ပါ။ ထုံး လက်တစ်ဆစ်လောက်ကို ရေစိမ်ထားပြီး ဆန်မှုန့်ကျိုတဲ့အခါ တစ်ခါတည်း ထည့်လိုက်ပါတယ်။ မီးဖိုပေါ် တင်ထားတုန်းမှာလည်း အောက်မှာ အနည်ထိုင်ပြီး ခဲမသွားအောင် အဆက်မပြတ် မွှေပေးရပါမယ်။ 

Image Hosted by PicturePush - Photo Sharing

ရေခမ်းစပြုလာရင် မီးနည်းနည်းနဲ့ပျစ်လာအောင် ဆက်တိုက်မွှေပေးရပါမယ်

Image Hosted by PicturePush - Photo Sharing

ရေခမ်းသွားပြီး စေးပျစ်နေတဲ့ အနှစ်များရပါပြီ။
Image Hosted by PicturePush - Photo Sharing

ပျစ်နေတဲ့ ဆန်နှစ်ကို ပန်းကန်ပြား(သို့) လင်ဗန်းတစ်ခုခုထဲထည့်ပြီး အအေးခံထားလိုက်ပါတယ်

Image Hosted by PicturePush - Photo Sharing

အချိန် အနည်းငယ်ကြာရင် ကျောက်ကျောကဲ့သို့ ခဲသွားတဲ့ ဆန်တိုဖူးကို ရပါပြီ။ ဒီဆန်တိုဖူးကို လုပ်စားရမဲ့ အဆာပလာတွေကို အောက်မှာ ဖော်ပြပါမယ်ရှင်..

Image Hosted by PicturePush - Photo Sharing

လိုအပ်တဲ့ အဆာပလာတွေက ကြက်သွန်ဖြူ ဆီချက်၊ ငရုပ်သီးမှုန့်ကြော်၊ ဆီတိုဖူးကို ဆီသတ်ပြီး အရည်လေးနဲ့ ချက်ထားပါတယ်။ ကြက်သွန်ဖြူကို ဓားနဲ့ ရိုက်ပြား၊ တောက်တောက်စင်း၊ နံနံပင်ကို စင်းပြီး ၄င်း ကြက်သွန်ဖြူနဲ့ နံနံပင်ကို ရေနဲ့ ဖျော်ထားပါတယ်။ နောက်ထပ် လိုအပ်တာကတော့ အချဉ်ရည်ဖြစ်ပါတယ်။ ကျွန်မတို့ ကချင်ပြည်နယ်မှာတော့ အချဉ်ရည်ကို မက်လင်သီး (သို့) ချဉ်စော်ခါးသီးအခြောက် ၊ မျှစ်တို့ခြောက် ( မျှစ်အချဉ်ခြောက် ) တို့နဲ့ ပြုလုပ်တတ်ကြပြီး အဲဒါတွေ မရှိရင်တော့ ရှာလကာရည်ကို သုံးနိုင်ပါတယ်။

Image Hosted by PicturePush - Photo Sharing
ခဲနေတဲ့ ဆန်တိုဖူးကို လက်သန်းအရွယ် အချောင်းရှည်လေးတွေ လှီးဖြတ်ပါတယ်။

Image Hosted by PicturePush - Photo Sharing

တစ်ပွဲစာ ပြင်ဆင်ထားတဲ့ ဆန်တိုဖူး

Image Hosted by PicturePush - Photo Sharing
အဆာပလာတွေအားလုံး အဆင်သင့်ပြင်ထားပါပြီ

Image Hosted by PicturePush - Photo Sharing
ဆန်တိုဖူးထဲကို ဆား၊ အရသာမှုန့်၊ ဆီတိုဖူးအရည်၊ ကြက်သွန်ဖြူ နံနံပင်အရည်၊ ဆီချက်၊ ချဉ်ချဉ်စပ်စပ်ကြိုက်ရင် ငရုပ်သီးများများ၊ အချဉ်ရည်များများ ထည့်ပြီးရင် စားသုံးရန် အဆင်သင့်ဖြစ်တဲ့ ဆန်တိုဖူးကို ရပါပြီ။

Image Hosted by PicturePush - Photo Sharing
ချဉ်ချဉ်စပ်စပ် ကြိုက်သူများ အကြိုက်တွေ့မဲ့ ဆန်တိုဖူးဖြစ်ပါတယ်။ အချဉ်အစပ်မကြိုက်ရင် သင့်တင့်တဲ့ ပမာဏသာ ထည့်ပြီး စားသုံးနိုင်ပါတယ်

နယ်ပြီး စားသုံးရန် အသင့် ဆန်တိုဖူး

နိုင်ငံခြားမှာနေထိုင်သူများ ဆီတိုဖူးရှာချင်တယ်ဆိုရင် အင်္ဂလိပ်လို Fermented Bean Curd (သို့မဟုတ်) Preserved Bean Curd (သို့မဟုတ် ) Fermented Tofu လို့ရှာရင် တရုတ်ကလာတဲ့ ဆီတိုဖူးပုလင်းကို ရနိုင်မှာဖြစ်ပါတယ်။

အားလုံးအတွက် ပျော်ရွှင်ဖွယ်အားလပ်ရက်ဖြစ်ပြီး အဆင်ပြေစွာ ချက်ပြုတ်စားသောက်နိုင်ကြပါစေရှင်..