သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ ဟောမြွက်သံချို လဝါဆို

ဒီနေ့ဟာ ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့ အတွက် အလေးအမြတ်ပြုရာ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ အခါကြီးရက်ကြီး ဖြစ်ပါတယ်။ "သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ ဟောမြွက်သံချို လဝါဆို" ဆိုတဲ့ စာချိုးနဲ့ အညီ ဗုဒ္ဓမြတ်စွာရဲ့ သန္ဓေယူခြင်း၊ တောထွက်တော်မူခြင်း၊ ဓမ္မစကြာတရားဦး ဟောကြားခြင်း စတဲ့ ကြီးကျယ်မြင့်မြတ်တဲ့  အဖြစ်အပျက်ကြီးများ ဖြစ်ပေါ်ခဲ့ရာ လမြတ်ဝါဆို အခါမှာ ဘလောဂ့်မိတ်ဆွေတို့ကို "မှန်ကန်သော အသိဥာဏ်၊ မြတ်သော အကျင့်စရဏ စတဲ့ ဂုဏ်တော်ကိုးပါးတို့နှင့် ပြည့်စုံရာ" မဟာလူသား  သမ္မာသဗ္မုဒ္ဓ ဂေါတမ မြတ်စွာဘုရားရဲ့ ဂုဏ်တော်၊ ကျေးဇူးတော်တို့ကို ရည်မှန်းပြီး စိတ်နှလုံး ကြည်လင်ငြိမ်းချမ်းစွာနဲ့ ဘုရား ဖူးစေလိုတဲ့အတွက် ရှမ်းပြည်နယ် တောင်ကြီးမြို့ကိုရောက်ခဲ့စဉ် တောင်ကြီးမြို့ပေါ်မှာ ဖူးခဲ့ရတဲ့  စေတီတော်များရဲ့ ဓာတ်ပုံများကို ဝေမျှချင်ပါတယ်ရှင်။

တောင်ကြီးမြို့ သီရိပုညဝဍ္ဎန ကုန်းတော်ပေါ်မှာ တည်ထားတဲ့ စူဠာမုနိ လောကချမ်းသာ စေတီတော်ကြီး  ကျန်စစ်သားမင်းကြီး တည်ထား ကိုးကွယ်ခဲ့တဲ့ ပုဂံခေတ်လက်ရာ အာနန္ဒာဘုရားရဲ့ ပုံစံအတိုင်း၊ ရှေးခေတ် အနုပညာ လက်ရာများကိုပါ ထည့်သွင်းဆောက်လုပ်ကာ တောင်ကြီးမြို့တည် နှစ်တစ်ရာပြည့် အထိမ်းအမှတ် အဖြစ်နဲ့လည်း တိုက်ဆိုင်ပြီး  တောင်ကြီးမြို့  သီရိပုညဝဍ္ဎန  ကုန်းတော်ပေါ်မှာ အများပြည်သူ ကောင်းမှုဖြင့် ၁၉၉၄ခုနှစ်တွင် စတင် တည်ထား ကိုးကွယ်ခဲ့ပါတယ်။ စေတီတော်ကြီးကို ဖူးမြင်ရတာ ဟာလည်း ပုဂံအာနန္ဒာဘုရားကို ဖူးမြင်ရသလို စိတ်ထဲ ခံစားမိရပါတယ်။




















ကုန်းတော်ပေါ်ရောက်သည်နှင့် ကြည်ညိုစွာ ဖူးတွေ့ရသည့်  စူဠာမုနိ လောကချမ်းသာ စေတီတော်ကြီး


Image Hosted by PicturePush - Photo Sharing




စေတီကြီးဟာ အတွင်းမှာ လှိုဏ်ပါတဲ့ အမျိုးအစားဖြစ်တာကြောင့် အတွင်းထဲကို ဝင်ရောက် ဖူးမျှော်နိုင်ပါတယ်။

Image Hosted by PicturePush - Photo Sharing

စေတီအတွင်းထဲတွင်ရှိ အာနန္ဒာဘုရားအတွင်းမှ ပုဂံခေတ်လက်ရာနှင့် ပုံစံတူ ကြေးသွန်းရုပ်ပွားတော်

စူဠာမုနိစေတီတော်ကြီးရဲ့ အရွယ်အစား၊ အတိုင်းအတာများမှာ

ဥာဏ်တော်အမြင့်                                 ၁ဝ၈ပေ
အထွတ်စေတီအမြင့်                             ၂၀ပေ
ကွန်းတောင်အမြင့်                               ၂၄ပေ
အာရုံခံတိုက်မအမြင့်                            ၂၆ပေ
အာရုံခံတိုက်မအကျယ်                         ၁၁၃ပေ
လှိုဏ်ပတ်လည်းအရှည် တစ်ဖက်လျှင်        ၈၈ပေ
လှိုဏ်ပတ်လမ်းအကျယ်                         ၉ပေ
ဖိနပ်တော်အလျား                               ၁၁၇ပေ
အထွတ်စေတီ                                    ၁ဆူ
တိုက်မအရံစေတီ                                ၄ဆူ
ကွန်းတောင်အရံစေတီ                         ၄ဆူ
မုခ်ဦးစေတီတော်                                ၈ဆူ စသည်တို့ဖြစ်ပါတယ်။






Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing




Image Hosted by PicturePush - Photo Sharing


မုခ်လေးဘက် အတွင်းများတွင် တစ်ဖက်လျှင် တစ်ဆူစီ တည်ထား ကိုးကွယ်တော်မူသော ကြေးသွန်း ရုပ်ပွားတော် လေးဆူ

Image Hosted by PicturePush - Photo Sharing

စေတီအတွင်း လှိုဏ်ပတ်လမ်း

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

လှိုဏ်ပတ်လမ်း ဘေးတစ်ဖက် တစ်ချက်ရှိ မြတ်စွာဘုရား ဖွားတော်မူခန်း ရုပ်ကြွများ


Image Hosted by PicturePush - Photo Sharing


စေတီတော်အား ထောင့်ဘက်မှ ဖူးမြင်ရသည့် အနေအထား

Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing

ကျယ်ဝန်းသည့် ရင်ပြင်တော်


Image Hosted by PicturePush - Photo Sharing

တောင်ကြီးမြို့ကို ရောက်ချိန်ဟာ ချယ်ရီတွေ ဝေတဲ့ ဖေဖော်ဝါရီလဖြစ်တာကြောင့် ပန်းရောင်အဆင်းနဲ့ ပွင့်ဝေနေတဲ့ ချယ်ရီပင်ကြီးနဲ့အတူ တောင်ကြီးရဲ့ အထိမ်းအမှတ် တောင်ချွန်းကိုမြင်ရတာကလည်း ကြည်နူးစရာကောင်းလှပါတယ်။ 

Image Hosted by PicturePush - Photo Sharing

စေတီရဲ့ ရင်ပြင်တစ်ဖက်ကနေ မျှော်ကြည့်ရင် စိန်ပန်းပြာပွင့်တွေကြားကနေ တောင်ကြီးမြို့ကို ခုလိုလည်း တွေ့မြင်နိုင်ပါတယ်။

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing


ချယ်ရီတွေဝေတဲ့ တောင်ကြီးမြို့

ထမ်ဆမ်းဂူကနေ အပြန် ညနေစောင်းမှာ တောင်ကြီးမြို့ရဲ့ အမြင့်ဆုံးတောင်ပေါ်မှာတည်ထားတဲ့ ရွှေဘုန်းပွင့်စေတီရှိရာ တောင်ထိပ်ပေါ်ကို သွားခဲ့ကြပါတယ်။ တောင်ကြီး မြို့ဝန်းကျင်တစ်ဝိုက်မှာ တောင်တွေ ပေါများလှပြီး တောင်တွေဟာလည်း ထုံးကျောက်တောင်ကြီးတွေဖြစ်တာကို တွေ့ရပါတယ်။


Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing



မြင့်မားလှတဲ့ တောင်ချွန်းပေါ်က ရွှေဘုန်းပွင့်စေတီတော်


Image Hosted by PicturePush - Photo Sharing




ရွှေရောင်ဝင်းဝါ သပ္ပါယ်လှသော ရွှေဘုန်းပွင့်စေတီတော်

Image Hosted by PicturePush - Photo Sharing

တောင်ချွန်းပေါ်မှ မြင်ရသည့်တောင်ကြီးမြို့

Image Hosted by PicturePush - Photo Sharing

ကျနေရောင်အောက်တွင် တောင်၏တစ်ဖက်၌ အင်းလေးကန်ကို မှုန်ပျပျ မြင်တွေ့နိုင်သည်။ 


တောင်ထိပ်ပေါ်မှာ ရှိနေစဉ်မှာဘဲ နေဝင်သွားပြီဖြစ်လို့ စေတီရင်ပြင်ကနေ တောင်ကြီးဝန်းကျင် ရှုခင်းတွေကို ငေးမောနေရာကနေ တောင်ပေါ်ကနေ ပြန်ဆင်းလာခဲ့ကြပါတယ်။ မွေတော်ကက္ကူနဲ့ ပင်းတယ၊ အင်းလေး အကြောင်းများကိုတော့ နောက်များမှ ရေးပါဦးမယ်။ 

အားလုံးသော မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ၊ ကျန်းမာ ချမ်းသာကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ရှင်.. 

ချစ်ခင်လေးစားစွာဖြင့်..


Image Hosted by PicturePush - Photo Sharing




အနီရောင် မဟော်ဂနီ စန္ဒရား

ကျွန်တော်က စိန့်လူးဝစ်မှာရှိတဲ့ စန္ဒရား ကုမ္ပဏီတစ်ခုက အရောင်းဝန်ထမ်းပါ။ ကုမ္ပဏီက ထုတ်လုပ်တဲ့ စန္ဒရားတွေကို မြို့နယ်အနှံ့ လိုက်လံရောင်းချသလို သတင်းစာတွေမှာလည်း ကြော်ငြာထည့်ပြီး ဝယ်လိုသူ ထံက  အမှာစာ ရောက်လာရင် မှာတဲ့ သူတွေဆီကိုလည်း လိုက်ပြီး ပို့ပေးပါတယ်.. စန္ဒရား ကို ကျွန်တော်တို့ရဲ့ ထရပ်ကား အသေးလေးပေါ်တင်ပြီး မှာတဲ့သူရဲ့ အိမ်ကို အိမ်တိုင်ယာရောက် လိုက်ပို့ပေးတာပါ။ မစ်ဇူရီပြည်နယ်ရဲ့ အရှေ့ပိုင်း ဆိုတာ ဝါဂွမ်းကို အမြောက်အမြား စိုက်ကြတဲ့ ဒေသပါ.. အဲဒီဒေသက သတင်းစာ တွေထဲမှာ ကြော်ငြာထည့်ပြီးတိုင်း ပိုစ့်စကတ်လေးတစ်ခု ကျွန်တော်တို့ဆီကို အမြဲတမ်း ရောက်လာ တတ်ပါတယ်.. အဲဒီပေါ်မှာ ရေးထားတဲ့ စာက “ကျေးဇူးပြုပြီး စန္ဒရား အသစ်စက်စက် တစ်လုံးကို ကျွန်မရဲ့ မြေးမလေးအတွက် ပို့ပေးပါ.. အဲဒီ စန္ဒရား အရောင်က  အနီရောင် မဟော်ဂနီသားနဲ့ ဖြစ်ကိုဖြစ်ရမယ်.. တစ်လကို ၁ဝဒေါ်လာနှုန်းနဲ့ တန်ဖိုးကျေသည်အထိ လစဉ် ငွေချေ ပါမယ်.. ”  ဆိုတဲ့ စာတွေကို မသေမသပ်မညီမညာ လက်ရေးတွေနဲ့ ပို့စကတ် တစ်ခုလုံးကို ပြည့်အောင် ထပ်ခါ ထပ်ခါ ရေး ထားပြီး ပိုစ့်စကတ်ရဲ့ အပေါ် မျက်နှာစာတွေမှာပါ ပြည့်အောင် ရေးထားတတ်ပါတယ်။



စဉ်းစားကြည့်ပါဗျာ.. စန္ဒရား အသစ်တစ်လုံးကို တစ်လ ၁၀ဒေါ်လာ ငွေသွင်းမဲ့စနစ်နဲ့ ဘယ်သူကများ အကြွေးရောင်းပေး နိုင်ပါ့မလဲ.. ဘယ်အာမခံ ကုမ္ပဏီကရော ဒီလောက် ငွေလေးကို ကြားဝင်ပြီး အာမခံပေးရဲပါ့မလဲ.. ဒါနဲ့ဘဲ ကျွန်တော်တို့လဲ အဲဒီပိုစ့်ကတ်နဲ့ စာကိစ္စကို လစ်လျှူရှုလိုက်ကြပါတယ်.. ဒါပေမဲ့ ထပ်ခါထပ်ခါ ရောက်လာတဲ့ ပိုစ့်စကတ်ကြောင့် အဲဒီအဖွားအို ဆီကို အရောက်သွားလို့ အခြေအနေကို စုံစမ်းဖို့ ကျွန်တော့်ကို ကုမ္ပဏီက လွတ်လိုက်ပါတယ်။

တမျှော်တခေါ် ၀ါဂွမ်းစိုက်ခင်းကြီးရဲ့ အလယ်မှာရှိတဲ့ အလုပ်သမား တန်းလျားတစ်ခုက အဖွားအို နေထိုင်ရာ အိမ်ခန်းကလေးဆီကို ကျွန်တော်ရောက်သွားတဲ့ အချိန်မှာ မျှော်လင့်တာထက် ကြည့်ကောင်းတဲ့ ရုပ်ရည်ရှိတဲ့ အဖွားကို တွေ့လိုက်ရပါတယ်.. သူတို့ရဲ့ ယာတဲ အိမ်ခန်း တစ်ခုလုံးဟာ ဖုန်မှုန့်တွေနဲ့ ပေကျံနေပြီး အိမ်ထဲမှာလည်း မွေးထားပုံရတဲ့ ကြက်မျိုးစုံကို ပြေးလွှားဆော့ကစားနေတာကို  တွေ့ရပါတယ်.. ကြည့်တာနဲ့တင် သိသာထင်ရှားပါတယ်.. သူမတို့ဟာ ဘယ်အရာကိုမှ အကြွေးနဲ့ ၀ယ်ပြီး ကျေအောင် ပြန်ဆပ်နိုင်မဲ့ပုံ မပေါ်ပါဘူး… ကားမရှိ၊ ဖုန်းမရှိ၊ ၀င်ငွေကောင်းတဲ့ အလုပ် တစ်ခု တစ်လေမှ မရှိတဲ့အပြင် အဖွားအိုရဲ့ ခေါင်းပေါ်က အိမ်အမိုးဟာလည်း အပေါက်အပြဲတွေနဲ့.. အလင်းရောင် တွေကလည်း အမိုးရဲ့ နေရာအနှံ့မှာရှိတဲ့ အပေါက်တွေကနေ  ဖြာကျနေ တာကို တွေ့ရပါရဲ့.. ၁၀နှစ်လောက် အရွယ်ရှိတဲ့ သူ့ရဲ့မြေးမလေးကတော့ ဖိနပ်မပါဘာမပါနဲ့ အဝတ် ကလေး ညစ်နွမ်းနွမ်းကို ၀တ်လို့. ကြက်လေးတွေနဲ့အတူ ဆော့ကစားနေပါရဲ့။

ကျွန်တော်က အဖွားအိုကို  ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ စန္ဒရား အသစ်တစ်လုံးကို  တစ်လကို ၁၀ဒေါ်လာ ငွေချေစနစ်နဲ့ ဘယ်လိုမှ မရောင်းပေးနိုင်ကြောင်း ရှင်းပြပါတယ်.. ဒါကြောင့် ကျွန်တော်တို့ ဆီကို စာတွေ ရေးပို့နေတာကို ရပ်ဖို့ ကျွန်တော်က အလေး အနက် ပြောကြား ပါတယ်.. ပြောပြီးတော့ ကားမောင်းပြီး သူတို့ယာတဲအိမ်ကလေးကနေ ကျွန်တော် ပြန်ထွက်ခဲ့ပေမဲ့ ရင်ထဲမှာတော့ ခံစားချက် တစ်မျိုးနဲ့ ကျွန်တော့စိတ်တွေ နာကျင်လေးလံလို့ နေပါတယ်… သနားစရာ အဖွားအိုရဲ့ ဆန္ဒကို မဖြည့်ဆည်းပေးနိုင်တာ ၀မ်းနည်းဖို့ ကောင်းလှပါတယ်..  အင်း ကျွန်တော်လည်း သနားပေမဲ့ တတ်နိုင်တဲ့ကိစ္စတော့ မဟုတ်ပါဘူးလေ။

ဒါပေမဲ့..  ဇွဲကောင်းလှတဲ့ အဖွားအိုဟာ သူ့ဆန္ဒကို အလျှော့မပေးပါဘူး.. ကျွန်တော်တို့ဆီကို သူ့တောင်းဆိုချက်တွေ ရေးထားတဲ့  ပိုစ့်စကတ်တွေ အမြဲတမ်းဘဲ ပို့နေတုန်းပါ..  ပို့တိုင်းလည်း စာထဲမှာရေးထားတာက အနီရောင် မဟော်ဂနီ စန္ဒရား အသစ်စက်စက်ကိုသာ တောင်းဆိုထားပါတယ်.. စိတ်မကောင်းစရာ တစ်ခုက သူမဟာ တစ်လကို ၁၀ဒေါ်လာပေးချေဖို့ ဘယ်တော့မှ မပျက်ကွက်ပါဘူး ဆိုတာကို ကျိန်တွယ်ပြီး  ကတိပေးထားတာဘဲ ဖြစ်ပါတယ်.. ဒါပေမဲ့ ကုမ္ပဏီ အနေအထားကတော့ သူမကို ရောင်းချဖို့ စိတ်ကူး မရှိခဲ့ပါဘူး… ဒီကိစ္စကို ဘယ်သူကမှ ဂရုမထားတော့သလို ဘယ်သူကမှလည်း အလေးအနက် ရှိမနေကြတော့ပါဘူး.. သို့ပေမဲ့ အဖွားအိုကတော့ ပိုစ့်စကတ်လေးတွေ ပို့မြဲပို့ဆဲပါ။

ဒီလိုနဲ့ နောက် ၃နှစ်အကြာမှာ ကျွန်တော်ဟာ စန္ဒရား ထုတ်လုပ်ရောင်းချတဲ့ ကိုယ်ပိုင်ကုမ္ပဏီလေးတစ်ခုကို ပိုင်ဆိုင်နိုင်ပါပြီ..  ကျွန်တော့ ကုမ္ပဏီရဲ့ စန္ဒရားတွေကို သတင်းစာမှာ ကြော်ငြာတဲ့ အခါမှာတော့ လွန်ခဲ့တဲ့ ၃နှစ်က ကျွန်တော်အလုပ်လုပ်ခဲ့တဲ့ ကုမ္ပဏီမှာ ရောက်လာတဲ့ ပိုစ့်စကတ်လေးအတိုင်း အနီရောင် မဟော်ဂနီ စန္ဒရားကို ပို့ပေးဖို့ တောင်းဆိုတဲ့စာ ရောက်လာပြန်ပါတယ်.. ကျွန်တော်ကရော ဘယ်လိုလုပ် တစ်လ ၁၀ဒေါ်လာနဲ့ စန္ဒရားတစ်လုံးကို ရောင်းပေးနိုင်ပါ့မလဲ.. ဟိုးအရင်ကလိုဘဲ ကျွန်တော်လဲ ဒီစာကိစ္စကို လစ်လျှူရှုထားလိုက်ပါတယ်.. ပိုစ့်စကတ်လေးနဲ့ စာတွေကတော့ အကြိမ်ပေါင်း မြောက်မြားစွာ ရောက်မြဲ ရောက်လာဆဲပါ။

တစ်နေ့မှာတော့ တစ်စုံတစ်ရာရဲ့ တွန်းအားတစ်ခုကြောင့် အဲဒီနေရာလေးကို ကျွန်တော့်ရဲ့ ထရပ်ကား အသေးလေးနဲ့ ရောက်သွားခဲ့ပါတယ်. ကားပေါ်မှာတော့ အနီရောင် မဟော်ဂနီ စန္ဒရားလေးကို တင်လို့ပေါ့… ကျွန်တော်ဟာ အင်မတန်မှ ဆိုးဝါးတဲ့ စီးပွားရေး ဆုံးဖြတ်ချက် တစ်ခုကို ချခဲ့မိပြီဆိုတာ သိပေမဲ့လို့ စန္ဒရားကို သယ်ဆောင်လို့ အဖွားအိုဆီကို ရောက်သွားမိခဲ့ပါပြီ.. ပြီးတော့ အဖွားအိုကို ကျွန်တော်က ရှင်းပြပါတယ်.. ကျွန်တော်ကိုယ်တိုင် အာမခံပြီး စာချုပ်တစ်ခုကို ယူလာပါတယ်.. အဲဒီစာချုပ်မှာ စန္ဒရားကို ကျွန်တော့အနေနဲ့ အကျိုးအမြတ် လုံးဝမယူဘဲ ရောင်းပေးမှာ ဖြစ်ပြီး အဖွားအိုဘက်က တစ်လ၁၀ဒေါ်လာ နှုန်းနဲ့ ၅၂ လ တိတိ ငွေသွင်းဖို့ စတဲ့ အကြောင်းအရာတွေ ပါဝင်ပါတယ်.. အဖွားအိုကလည်း ကျေးဇူးတင်စွာနဲ့ ၀မ်းမြောက်ဝမ်းသာ လက်ခံသဘောတူပါတယ်။

စန္ဒရားကို ကျွန်တော်ကိုယ်တိုင် အဖွားအိုရဲ့ တဲအိမ်မှာ အိမ်အမိုး အပေါက် အနည်းဆုံး ဖြစ်နိုင် မဲ့ နေရာကို ရွေးချယ်ပြီး နေရာ ချပေးခဲ့ပါတယ်.. အဖွားအိုနဲ့ သူရဲ့ မြေးမလေးကို စန္ဒရားပေါ် ကြက်တွေ တက်မဆော့စေဖို့ သတိပေးစကား ပြောခဲ့ပါတယ်.. ကျွန်တော့်စိတ်ထဲမှာ သေချာ သိနေခဲ့တာက ကျွန်တော်ဟာ မသေချာ မရေရာဘဲ အလောင်းအစားတစ်ခုအနေနဲ့ စန္ဒရား အသစ်စက်စက် တစ်လုံးကို အလဟဿ ဖြစ်အောင် လုပ်လိုက်မိပြီ ဆိုတာပါဘဲ။

သို့သော်လည်း ငွေချေတဲ့အချိန်မှာတော့ သဘောတူ ကတိပြုထားတဲ့အတိုင်း အဖွားအိုဘက်က တစ်လမှ မပျက်ကွက်ခဲ့ပါဘူး.. တစ်ချို့လတွေမှာ ၁၀ဒေါ်လာပြည့်ဖို့ ငွေအကြွေစေ့တော်တော်များများ ပါဝင် လာတာကို တွေ့ရပါတယ်.. မယုံနိုင်စရာပါ .. ၅၂လတိတိ မပျက်မကွက် ပေးချေသွားခဲ့တဲ့ အင်မတန် ကတိတည်တဲ့ အရောင်းအ၀ယ်လေးတစ်ခုပါ.. ကျွန်တော် မထင်မှတ် ထားတဲ့ ဖြစ်ရပ်လေးတစ်ခုပါဘဲ.. ဒီလို ငွေအကြေ ချေနိုင်လိမ့်မယ်ဆိုတာ ယုံချင်စရာတောင် မရှိခဲ့ပါဘဲနဲ့.. အဖွားအိုဟာ မဖြစ်ဖြစ်အောင် လုပ်သွားခဲ့ပါပြီ။

နှစ်ပေါင်း ၂၀ ကြာတဲ့အခါမှာတော့ ဒီအဖြစ်အပျက်တွေက ကျွန်တော့ အာရုံမှာ မှေးမှိန် ပျောက်ကွယ် သွားခဲ့ပါပြီ။ တစ်နေ့မှာ ကျွန်တော် မဲမ်ဖစ်ကို စီးပွားရေးကိစ္စတစ်ခုနဲ့ ရောက်သွားခဲ့ပါတယ်။ ကျွန်တော်ဟာ တည်းခိုတဲ့ ဟိုတယ်မှာဘဲ ညစာစားပြီးတော့ ဟိုတယ် ဧည့်ခန်းကြီးထဲက ဘားကောင်တာမှာ ထိုင်ပြီး အပျင်းပြေ တစ်ခုခု သောက်နေတုန်းမှာ အင်မတန်မှ သာယာငြိမ့်ညောင်းပြီး လက်ရာကောင်းလှတဲ့ စန္ဒရားသံလေးတစ်ခုကို ကျွန်တော် ကြားလိုက်ရပါတယ်.. ဘေးဝန်းကျင်ကို လိုက်လံရှာဖွေ ကြည့်မိတဲ့ အခါမှာတော့  ငယ်ရွယ်လှပပြီး ချစ်စရာ မိန်းခလေးတစ်ယောက်ဟာ သိပ်ကိုကောင်းမွန်ပြီး အဆင့် အတန်း မြှင့်လှတဲ့ စန္ဒရားတစ်လုံးကို တီးနေတာ တွေ့လိုက်ရပါတယ်။

စန္ဒရား ၀ါသနာပါတဲ့ ကျွန်တော့်ရဲ့ အသိစိတ်အရ သူမရဲ့ စန္ဒရားလက်သံဟာ အရည် အသွေး ကောင်း မွန် မြှင့်မား လှတာကို အသိအမှတ် မပြုဘဲ မနေနိုင်လောက်အောင် ဖြစ်မိပါတယ်.. ဒါနဲ့ သူကလေးရဲ့ လက်သံကို ကောင်းကောင်းကြားရနိုင်မဲ့ စန္ဒရားခုံနဲ့ အနီးဆုံးဖြစ်တဲ့ စားပွဲကို သောက်လက်စ ခွက်ကလေး လက်ကကိုင်ပြီး ရွေ့လာမိပါတယ်.  ကျွန်တော့်ကို မြင်တွေ့သွားတဲ့ မိန်းမငယ်လေးဟာ ကြည်လင် လှိုက်လှဲစွာ ပြုံးပြတဲ့အတွက် ကျွန်တော် အတော့်ကို အံ့သြသွားမိပါတယ်.. သူမရဲ့ တေးသွားပြီးဆုံးလို့ ခနနားတဲ့အချိန်မှာ မိန်းကလေးဟာ ကျွန်တော့်စားပွဲကို ရောက်လာပါတယ်။

ကောင်မလေးက ကျွန်တော့်ကို  “မင်္ဂလာပါ.. ရှင် ကျွန်မရဲ့အဖွားကို စန္ဒရား ရောင်းပေးခဲ့ဖူးတဲ့သူ ဟုတ်တယ် မဟုတ်လားဟင်?” လို့  နှုတ်ဆက်ရင်းက မေးလိုက်ပါတယ်… ရုတ်တရက်တော့ ကျွန်တော့မှတ်ဥာဏ်က အလုပ်မလုပ်ပါဘူး.. မိန်းခလေး ပြောတာကို နားမလည် တာနဲ့ ပြန်ရှင်းပြ ဖို့ တောင်းဆိုတော့ ကောင်မလေးက လွန်ခဲ့တဲ့ အနှစ်၂၀က အကြောင်း ပြန်ပြောင်း လို့ ပြောပါတော့ တယ်.. ဒီတော့မှ ကျွန်တော် မှတ်မိလိုက်ပါပြီ.  အိုး.. ဘုရားရေ… ဒီကောင်မလေးတဲ့လား.. လွန်ခဲ့တဲ့အနှစ် ၂၀လောက်က ဖိနပ်မပါတဲ့ အ၀တ်ကလေး ညစ်နွမ်းနွမ်းနဲ့ ကောင်မလေးဟာ ဒီလိုလက်သံနဲ့ စန္ဒရားကို တီးခတ်နိုင်သူ ဖြစ်လာခဲ့တယ် တဲ့လား။

ကောင်မလေးက သူမရဲ့ နံမည်က အဲလစ်ဇ် ဖြစ်ကြောင်းနဲ့ သူမငယ်စဉ်က စန္ဒရား သင်တန်း တက်ဖို့ ငွေကြေး မတတ်နိုင်တဲ့ အတွက် သူမရဲ့အဖွားက ရေဒီယို နားထောင်စေပြီး စန္ဒရားကို လေ့ကျင့် ခဲ့ရကြောင်း၊ ပြီးတော့ စန္ဒရား တီးပြခွင့်ရဖို့ အတွက် အိမ်နဲ့ ၂မိုင်ကျော် လောက် ဝေးတဲ့ ဘုရားကျောင်းကို မြေးအဖွား ၂ယောက်သား လမ်းလျှောက်ပြီး သွားခဲ့ရ တာတွေ၊ ထို့နောက် သူမတက်နေတဲ့ကျောင်းက စန္ဒရားတီးပြိုင်ပွဲတွေမှာ စပြီး  ဆုများစွာ ရရှိခဲ့တာတွေ၊ ဂီတနဲ့ပါတ်သက်တဲ့ ကျောင်းတွေမှာ တက်ရောက်ခွင့် ပညာသင်ဆု ရခဲ့တာတွေ၊ နောက်ဆုံး အခု မဲမ်ဖစ်မှာ ရှေ့နေတစ်ယောက်နဲ့ အိမ်ထောင်ကျပြီး အခု တီးနေတဲ့ စန္ဒရားလေးကို သူ့အမျိုးသားက သူမအတွက် လက်ဆောင်ဝယ်ပေးကြောင်း စသဖြင့် ဇာတ်လမ်းစုံ ကို ပြောပြပါတယ်။

ကျွန်တော့်စိတ်ထဲမှာ တစ်စုံတစ်ရာရဲ့ စေ့ဆော်ချက်ကြောင့် သိချင်စိတ်လေးတစ်ခု ဖြစ်လာတာနဲ့ “အဲလစ်ဇ်.....   ဒီနေရာက မှောင်နေတော့ သဲသဲကွဲကွဲ မမြင်ရဘူး.. သမီးရဲ့ စန္ဒရားက ဘာအရောင်လေးလဲ ” လို့မေးလိုက်ပါတယ်။

မဟော်ဂနီ အနီရောင်လေ.. ဦးလေးက ဘာဖြစ်လို့မေးတာလဲဟင်

ကျွန်တော် စကားပြန်မပြောနိုင်လောက်အောင် ဆွံ့အသွားမိတယ်.. ဘာမှကို ပြန်မဖြေနိုင် လိုက်နိုင်ပါဘူး.. လည်ချောင်းတွေဟာ ချက်ခြင်းဘဲ ခြောက်သွေ့ အက်ကွဲ လာတယ်.. ဒီကောင်မလေးဟာ သူ့အဖွား ဖြစ်သူရဲ့ အကြီးမားဆုံး လိုအင်ဆန္ဒ ဖြစ်ခဲ့တဲ့ အနီရောင် မဟော်ဂနီစန္ဒရား အကြောင်း ကောင်းကောင်းသိပါရဲ့လား..  မယုံကြည်နိုင်လောက်အောင် စိတ်အား ထက်သန် ပြင်းပြမှုနဲ့ အကြိမ်ကြိမ် အဖန်ဖန် မလျှော့သော ဇွဲလုံ့နဲ့ သူမလိုချင်တဲ့ အနီရောင် မဟော်ဂနီ စန္ဒရားကို  မရမချင်း စာတွေ အကြိမ်ကြိမ် ရေးပို့ခဲ့တဲ့ သူမအဖွားရဲ့ စိတ်ဆန္ဒ အားကောင်းမှုကို ဒီကလေးမဟာ သိခဲ့ပါရဲ့လား..

ပြီးတော့ ဆင်းရဲနုံချာလှပြီး ဖိနပ်လေးတောင် မစီးနိုင်တဲ့ စုတ်ပြတ် နွမ်းဖတ်နေတဲ့ ကလေးမလေးဟာ လက်ဖျားခါရလောက်အောင် ပြောင်မြောက်ထူးချွန်တဲ့ ပညာရှင် တစ်ယောက်ရဲ့ ဘ၀နဲ့အတူ သိမ်မွေ့လှပတဲ့ မိန်းခလေးတစ်ယောက် ဖြစ်လာအောင် ဘယ်လို တွန်းအားတွေ၊ ခွန်အားတွေနဲ့ များ ဖြစ်တည်လာခဲ့ပါသလဲ.. ကောင်မလေးဟာ သူဘယ်လို တွန်းအားတွေကြောင့် ဒီလိုဖြစ်လာတယ် ဆိုတာ သူမကိုယ်တိုင် သိချင်မှ သိပါလိမ့်မယ်.. ဒါပေမဲ့ ကျွန်တော် သိနေခဲ့တယ်..  သေသေချာချာကို သိနေခဲ့တာပါ.. ဒါဟာ အဖွားအိုရဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒနဲ့ ကြိုးပမ်းချက်ကြောင့်သာ မဟုတ်ခဲ့ရင် ဒီမိန်းခလေးဟာ ဒီလို ထူးချွန်သူတစ်ယောက် ဖြစ်လာဖို့ မလွယ်ကူ ပါဘူး။ စေတနာမေတ္တာ ကြီးမားလှပြီး ဇွဲကောင်းလှတဲ့ အဖွားအိုဟာ ချီးကျူးစရာ ကောင်းလောက်အောင် သူမရဲ့မြေးကို လိုသလို ပုံသွင်းပြီး အောင်မြင်မှု ပန်းတိုင်ကို ရောက်အောင်  သွားနိုင်စေခဲ့တယ်..  အဖွားအိုဟာ သူမမြေးမလေး ခုလို အောင်မြင်နေတာ၊  လူလားမြောက်နေတာကို မြင်တွေ့ခွင့်ရော ရသွားပါရဲ့လား.. အဖွားအိုရဲ့ မမြင်နိုင်တဲ့ မေတ္တတရားကို ကျွန်တော် ကတော့ ကောင်းကောင်းကြီး မြင်တွေ့လိုက်မိပါရဲ့…

နောက်ဆုံးတော့ တဒင်္ဂ ပျောက်ရှသွားတဲ့ ကျွန်တော့ အသံကို ကျွန်တော် ပြန်ရှာတွေ့ပြီး လည်ချောင်းကို တစ်ချက် ရှင်းလိုက်ရင်းက “ ဘာမှတော့ မဟုတ်ပါဘူး.. သိချင်လို့ မေးကြည့်တာပါ” လို့ သူမရဲ့ အမေးကို ပြန်ဖြေလိုက်ရပါတယ်.. “ အဲလစ်ဇ် ကို  ခုလို တွေ့ရတာ ဂုဏ်ယူလိုက်တာကွယ်.. အင်း..  ဦးလေး ခနလောက် အခန်းကို ပြန်လိုက်ဦးမယ်နော်.. ” လို့ပြောပြီး စားပွဲကနေ အမြန် ထလာခဲ့ရပါတယ်.. ဘာလို့လဲဆိုတော့ ယောက်ျားရင့်မာကြီး တစ်ယောက်က လူပုံလည်မှာ မျက်ရည်ကျဖို့ ဆိုတာ ဘယ်လိုမှ မသင့်တော်ဘူး မဟုတ်လား. ဆင်းရဲနွမ်းပါးတဲ့ လူတွေမှာလည်း ဖြစ်ချင်လွန်း အားကြီးတဲ့ ဇွဲနဲ့ လုံ့လစိတ်သာ ခိုင်ခိုင်မာမာ ရှိမယ် ဆိုရင် စိတ်ကူးအိပ်မက်တွေ အမှန် တကယ် ဖြစ်မြောက် လာနိုင်တယ် ဆိုတာ ကျွန်တော် လက်တွေ့ သိလိုက်ရပါပြီ။  

အဖွားအိုတစ်ယောက်ရဲ့ မေတ္တာတရားနဲ့၊ ချီးကျူးဖွယ် စိတ်အားထက်သန်မှု၊ ဇွဲလုံ့လ ကောင်းမှုတို့ကြောင့် မိန်းမငယ်လေးတစ်ယောက်ရဲ့ ရည်မှန်းချက်များ အောင်မြင် အကောင် အထည် ဖော်လာနိုင် ခဲ့တာ လေးစား အားကျဖွယ်ဘဲ မဟုတ်ပါလား။ ဒီမြေးအဖွားတို့လို အလွယ်တကူနဲ့ စိတ်အား မလျှော့ဖို့နဲ့၊ ဘယ်အရာကိုမဆို ဇွဲလုံ့လကောင်းကောင်း၊ စိတ်အား ထက်ထက်သန်သန်နဲ့ လုပ်ဆောင်မယ်ဆိုရင် မဖြစ်နိုင်ဘူးလို့ထင်ရတဲ့  စိတ်ကူးအိပ်မက်တွေ အားလုံး တစ်နေ့နေ့တော့ မလွဲမသွေ ဖြစ်လာနိုင်တယ် ဆိုတဲ့ အသိတရားလေးကို ဖော်ပြနေပါတယ်။


Chicken Soup for the Grandparent's Soul  မှ  Joe Edwards ရဲ့   The  Red Mahogany  Piano ကို ဘာသာပြန် ခံစားရေးဖွဲ့ပါသည်။



Image Hosted by PicturePush - Photo Sharing

ဝတ်ဆင်စရာ ပယင်းရတနာ


ကျောက်မျက်ရတနာထဲမှာ ထည့်သွင်းထားပေမဲ့ တွင်းထွက်ကျောက်မျက်မျိုး မဟုတ်ဘဲ သစ်ပင်ကနေ ဖြစ်လာတဲ့ ပယင်းရဲ့ စိတ်ဝင်စားဖွယ် အကြောင်းတွေကို ရေးချင်ပါတယ်။ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၂၅သန်းကနေ သန်း ၅၀လောက်က ထင်းရှူးမျိုးနွယ် သစ်ပင်ကြီးတွေကနေ ဖြစ်လာတဲ့ သစ်စေးတွေဟာ ကမ္ဘာမြေကြီးရဲ့ အပူချိန်နဲ့ ဖိနှိပ်မှုကနေ နှစ်သန်းပေါင်းများစွာ ကြာတဲ့အချိန်မှာ အသွင်ပြောင်းပြီး ပယင်းအဖြစ် တွေ့ရှိလာရတာ ဖြစ်ပါတယ်။ ရှားရှားပါးပါး နှစ်သန်းပေါင်း ၃၂ဝ သက်တမ်းရှိတဲ့ ပယင်းကိုလည်း တွေ့ရှိခဲ့ရဖူးပါတယ်။ ပယင်းဟာ ကျောက်မျက်ထဲမှာ အပေါ့ပါးဆုံးဖြစ်ပြီး မာခြင်းအဆင့် (၂.၅ ) ရှိကာ သိပ်သည်းဆလည်း ၁.၀၇ သာ ရှိသောကြောင့် အပူချိန်ကို ခံနိုင်ရည်မရှိဘဲ ကြေကွဲ ပျက်စီးလွယ်ပါတယ်။  



Image Hosted by PicturePush - Photo Sharing
သစ်ပင်မှ သစ်စေးထွက်နေပုံ 


( ထိုသစ်စေးများ နှစ်သန်းပေါင်းများစွာ ကြာသည့်အခါ ယခုခေတ်လူများ အသုံးပြုသော ပယင်းကို ရရှိသည်။ )


ပယင်းအစစ်ဟာ အလင်းပေါက်ပြီး ပေါ့ပါးသောကြောင့် ဆားငံရည်မှာ ရေပေါ်ပေါ်နေနိုင်ပါတယ်။ အခြားသော ကျောက်မျက်ရတနာတွေဖြစ်တဲ့ ကျောက်စိမ်း၊ တာကွိုက်ဇ်တို့လို ကျောက်မျက်တွေဟာ အခန်းတွင်း အပူချိန်ထက် အနည်းငယ် အေးသော ဂုဏ်သတ္တိရှိသော်လည်း ပယင်းမှာ လူ့အရေပြားနဲ့ ထိတွေ့ပါက အနည်းငယ် ပူနွေးနေပါတယ်။ အရက်ရဲ့ အရောင်ဖြစ်တဲ့ ဝါရွှေရွှေ အကြည်ရောင်ကို ပယင်းရောင်ရယ်လို့ တင်စားကြတာ တွေ့ဖူးကြပေမဲ့ ပယင်းဟာ နီညိုရောင်၊ လိမ္မော်ရောင်၊ အစိမ်း၊ နှင်းဆီရောင်၊ အဝါ၊ ခရင်မ်ရောင်၊ အဖြူရောင်အထိ အရောင်မျိုးစုံ ရှိတတ်ပြီး ရှားရှားပါးပါး ခရမ်းပြာရောင်ထိ တွေ့ရတတ်ပါတယ်။


Image Hosted by PicturePush - Photo Sharing

အရောင်စုံဖြစ်ပေါ်နေသော ပယင်း

Image Hosted by PicturePush - Photo Sharing

အစိမ်းရောင်ပယင်း


Image Hosted by PicturePush - Photo Sharing

ခရမ်းရောင်ပယင်း


ဘောလ်တစ် ပင်လယ် ကမ်းခြေတစ်လျှောက်မှာ ပေါ့ပါးတဲ့ ပယင်းတွေဟာ  ပင်လယ် ရေလှိုင်းများနဲ့ ကမ်းခြေကို ရောက်ရှိလာတတ်တာကြောင့် ကမ်းစပ် တစ်လျှောက်မှာသော်လည်း ရေတိမ်ပိုင်းမှာ ရေငုပ်ပြီးသော် လည်းကောင်း အလွယ်တကူ ရှာဖွေ တွေ့ရှိနိုင်ပါတယ်။  ကမ်းခြေတစ်လျှောက်မှာတော့ ပုံစံမျိုးစုံ၊ အရောင်မျိုးစုံနဲ့ ပယင်းတွေကို အများအပြား တွေ့ရတတ်ပြီး အပြာရောင် ပယင်းကို အထူးရောင်းဝယ် ဖောက်ကားကြသော်လည်း ၄င်းအပြာရောင် ပယင်းမှာ ဘော်လ်တစ်ဒေသထွက် မဟုတ်ဘဲ ဒိုမီနီကန်က ထွက်တဲ့ ပယင်းသာ ဖြစ်ပါတယ်။  မြန်မာနိုင်ငံမှာတော့ ကချင်ပြည်နယ် ဟူးကောင်း တောင်ကြားဒေသမှာ ပယင်း ထွက်ရှိတာကို တွေ့ရပါတယ်။ မြန်မာအပြင် ပယင်းထွက်တဲ့ အခြားသော နိုင်ငံများမှာ ပိုလန်၊ ရိုးမေးနီးယား၊ ကနေဒါနဲ့ အမေရိကန်တို့ဖြစ်ပါတယ်။ ပယင်းကို ဂရိဘာသာဖြင့် Elektron လို့ ခေါ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ပယင်းကို အဝတ်စ တစ်ခုခုနဲ့ ပွတ်တိုက်တဲ့အခါ လျှပ်စစ်ဓာတ်ဖြစ်ပေါ်လာပြီး သေးငယ်တဲ့ အရာဝတ္ထုများကို ဆွဲငင် နိုင်စွမ်း ရှိလာပါတယ်။

ရှေးခေတ် ကျောက်ခေတ် လူသားများနဲ့ ဂရိ၊ ရောမ စတဲ့ လူမျိုးတွေဟာ ပယင်းဟာ အနာရောဂါ ကင်းရှင်းစေနိုင်တဲ့ အစွမ်းသတ္တိနဲ့ မကောင်းဆိုးဝါး ဘေးဒဏ်များ မကျရောက်အောင် ကာကွယ်နိုင်စွမ်း ရှိတယ်လို့ ယုံကြည်ကြတဲ့အတွက် ပယင်းကို အထွတ်အမြတ်ထား ဝတ်ဆင်ခဲ့ကြပါတယ်။ ပယင်းမှာ ဂေါက်ရောဂါ၊ လည်ချောင်းနာ၊ သွားနာ၊ အစာအိမ်နာ ရောဂါများကိုလည်း ကုစားပေးနိုင်စွမ်း ရှိတယ်လို့ ယုံကြည်ကြပါတယ်။ ရှေးရောမ ကျွန်ခေတ်မှာ ကတည်းက ပယင်းလည်ဆွဲ ခပ်သေးသေးကို ကျန်းမာ သန်စွမ်းတဲ့ ကျွန်တစ်ယောက်ထက်ကို ဈေးပိုပေးပြီး အဆောင်အဖြစ် ဝယ်ယူအသုံးပြုကြပါတယ်။ ပယင်းကို ရေမွှေးများ ဖော်စပ်ရာမှာလည်းကောင်း၊ ဆေးဖော်စပ်ရာမှာသော်လည်းကောင်း အသုံးပြုကြပြီး ပုတီး၊ လည်ဆွဲ၊ လက်ကောက်၊ နားဆွဲ စသည့် လက်ဝတ်တန်ဆာများ၊ ပန်းပုများ အဖြစ်ပါ အသုံးပြုကြပါတယ်။ 



Image Hosted by PicturePush - Photo Sharing





Image Hosted by PicturePush - Photo Sharing






Image Hosted by PicturePush - Photo Sharing

ပယင်း အသုံးအဆောင်ပစ္စည်းများ

Image Hosted by PicturePush - Photo Sharing

ဆင်စွယ်နှင့် ပယင်းလက်ဝတ်ပစ္စည်းများ 

သစ်ပင်ရဲ့ အစေးကနေ ဖြစ်လာတဲ့ ပယင်းထဲမှာ ပယင်းမဖြစ်ခင် သစ်စေး အခြေအနေမှာ စေးကပ်တဲ့ သဘာဝ ရှိတဲ့ သစ်စေးထဲတွင် မတော်တဆ လာရောက် ကပ်ငြိနေသော သစ်ပင်ရဲ့ အစ အနများ၊ သစ်ရွက်များ၊ ပျား၊ လိပ်ပြာ၊ ပုရွက်ဆိတ်၊ ပိတုန်းစသော အကောင်ငယ်လေးများဟာ ရုန်းထွက်မရတော့ဘဲ သစ်စေးနှင့်အတူ နှစ်သန်းပေါင်းများစွာ ကြာသောအခါ  ပယင်းထဲမှ ရုပ်ကြွင်းများအဖြစ်  ပါဝင် နေတတ်ပါတယ်။ အောက်က ပုံတွေဟာ ပြပွဲတစ်ခုမှာ ကျွန်မ ရိုက်ခဲ့တဲ့ အင်းဆက် ရုပ်ကြွင်းပါ ပယင်းဓာတ်ပုံများကို ဖော်ပြလိုက်ပါတယ်။ 





Image Hosted by PicturePush - Photo Sharing

သစ်မြစ်များနဲ့ ယင်ကောင်ပါ ပါဝင်နေသော ပယင်း

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing


ပယင်းကို ဝတ်ဆင် ဆောင်ထားခြင်းအားဖြင့်အတွေးအခေါ် ဥာဏ်ရည်ဥာဏ်သွေးနှင့် စိတ်ကူးကောင်းများ ထက်မြက်စေမည်။ စိတ်ဓာတ်ကို မြှင့်တင်ပေးသော စွမ်းအားရှိသည်။ အတတ်ပညာနှင့် ပတ်သက်သော အောင်မြင်မှု အဆင့် ဆင့်ကို ဖြစ်မြောက် အကျိုးပေးမည် လို့    All Channel   မှာ ဖော်ပြထားတာ တွေ့ရပါတယ်။ 

မြန်မာပြည်တွင်ထွက်ရှိသော ပယင်းမှာ အရည်အသွေးကောင်းပါက တစ်ကျပ်သားလျှင် တစ်သိန်းအထိ ဈေးရနိုင်ပြီး အထက်တွင် ဖော်ပြထားသကဲ့သို့ သစ်ကိုင်းများ အကောင်ဗလောင်များ ပါဝင်ခဲ့ပါက ဈေးပိုရကြောင်း သိရပါတယ်။ ရွှေရောင် ပယင်းမှာ ဈေးကွက်အတွင်း လူကြိုက်များပြီး တိုင်းရင်းသား အချို့တို့မှာလည်း ပယင်းကို ဝတ်ဆင်လေ့ ရှိကြပါတယ်။ တရုတ် လူမျိုးများဟာ သွေးလည်ပတ်မှု ကောင်းစေရန်လည်းကောင်း၊ ကံကောင်းစေရန်လည်းကောင်း ပယင်းကို အဆောင်ကျောက်အဖြစ် နှစ်သက်စွာ ဝတ်ဆင်ကြပါပြီး ပွဲလမ်းသဘင်များတွင် ချမ်းသာကြွယ်ဝသူများက ဂုဏ်သိက္ခာတစ်ရပ်အဖြစ် ပယင်းကို မီးရှို့တတ်ကြပါတယ်။ ပယင်းဟာ အိမ်ထောင်ရှင်များအတွက် လက်ထပ် မင်္ဂလာနှစ်ပတ်လည် ၁၀နှစ်မြောက် အထိန်းအမှတ်လည်း (ပယင်းရတု)  ဖြစ်ပါတယ်။

အားလုံးသော မိတ်ဆွေများ ကြည်လင်ရွှင်လန်း စိတ်အပန်းပြေကြပါစေရှင်.. 


Image Hosted by PicturePush - Photo Sharing

ဝက်နံရိုးမြေအိုးချက်

ဒီတစ်ပတ် အစားအသောက် အကြောင်းမှာတော့ ဝက်နံရိုး မြေအိုးချက်ဟင်းနဲ့ မိတ်ဆက်ပေးပါဦးမယ်ရှင်။ ဝက်နံရိုးတွေကို မြေအိုးထဲမှာ နူးအိနေအောင်ချက်ထားတဲ့ ဟင်းတစ်ခွက်ဟာ အလွန်ကို အရသာ ရှိလှပါ တယ်။ ဝက်နံရိုးကိုချက်ဖို့ ပထမဦးစွာ ရေစင်အောင် ဆေးပြီး ဆား၊ အရသာမှုန့်၊ ပဲငံပြာရည်အကြည်၊ ဟင်းချက်ဝိုင် အနည်းငယ် တို့ဖြင့် နယ်ပြီး၁၅မိနစ်ခန့် ထားထားလိုက်ပါ။ 

Image Hosted by PicturePush - Photo Sharing

ရေဆေး၊ ဆားနယ်၊ အရသာမှုန့်၊ ငံပြာရည်၊ ဟင်းချက်ဝိုင်ထည့်ကာနယ်


Image Hosted by PicturePush - Photo Sharing

ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ နာနတ်ပွင့်၊ ဖာလာစေ့

Image Hosted by PicturePush - Photo Sharing

ကြက်သွန်၊ နာနတ်ပွင့်၊ ဖာလာစေ့တို့ကို ဆီထဲထည့်

Image Hosted by PicturePush - Photo Sharing
အရသာများနယ်ထားတဲ့ နံရိုးကို ထည့်ပါတယ်

Image Hosted by PicturePush - Photo Sharing

ထို့နောက် ပုလင်းနဲ့လာတဲ့  ပဲငပိကို တစ်စွန်းစာ ထည့်ပါတယ်။ ခရမ်းချဉ်သီး ၂လုံးလောက်ကို တောက်တောက်စင်းထည့်ပါတယ်။ ငံပြာရည်အနည်းငယ်ထည့်ပြီး ရေသင့်တင့်သလို ထည့်မွှေပါတယ်။ 


Image Hosted by PicturePush - Photo Sharing

နိုင်ငံခြားရောက်နေသူများ ပဲငပိကိုရှာလိုပါက Chilli bean sauce ဆိုပြီးရှာနိုင်ပါတယ်။

Image Hosted by PicturePush - Photo Sharing

ထို့နောက် နံရိုးများကို မြေအိုးထဲ ပြောင်းထည့်ပါတယ်။ ဆား၊ အရသာမှုန့် လိုသလိုထည့်ပါ၊


Image Hosted by PicturePush - Photo Sharing

ရေများများထည့်ကာ အဖုံးအုပ်ပြီး နံရိုးများ နူးအိလာအောင် တည်ထားလိုက်ပါတယ်

Image Hosted by PicturePush - Photo Sharing

နံရိုးနူးလာရင်ထည့်ဖို့ ဥနီ၊ ဂျူးမြစ်၊ ကြက်သွန်မြိတ် အကြီးမျိုးတို့ကို အသင့်ပြင်ဆင်ထားပါတယ်

Image Hosted by PicturePush - Photo Sharing

နံရိုးနူးလျှင် ဥနီ၊ ကြက်သွန်မြိတ်၊ ဂျုးမြစ်တို့ကို ထည့်လိုက်ပြီး ၅မိနစ်ခန့်ကြာလျှင် အရသာ အပေါ့အငံ လိုအပ်သလိုထည့်ပြီး ချနိုင်ပါပြီ။

Image Hosted by PicturePush - Photo Sharing

မြေအိုးဝက်နံရိုးချက် ရပါပြီ။



အသားထဲထိ အရသာဝင်ကာနူးအိပြီး စားကောင်းလှတဲ့ ဝက်နံရိုး မြေအိုးချက်ဟင်း တစ်ခွက်ပါ။ 



အားလုံးအတွက် ပျော်ရွှင်သော၊ အေးချမ်းသော Weekend ဖြစ်ပါစေရှင်.. 


Image Hosted by PicturePush - Photo Sharing